(Zinc)နဲ့(Copper)ကို(Corona Virus)တိုက်ဖျက်ရေးအတွက်ဘယ်လိုအသုံးချလို့ရတယ်ဆိုတာလူတိုင်းနားလည်နိုင်စေဖို့

Source from Kelvin A. Power’s Facebook on November 22, 2020
(Zinc Ionophore & Zinc Finger Motif Antiviral Protein)
ဒီ(Post)ကိုဖတ်သူတိုင်း(Zinc)နဲ့(Copper)ကို(Corona Virus)တိုက်ဖျက်ရေးအတွက်ဘယ်လိုအသုံးချလို့ရတယ်ဆိုတာလူတိုင်းနားလည်နိုင်စေဖို့ဥပမာတွေပေးပြီးသေချာရေးပေးပါမယ်။(Zinc)နဲ့(Copper)ဆိုတာခန္ဓာကိုယ်ရဲ့(Virus)ခုခံမှု့စနစ်အတွက်မရှိမဖြစ်အလွန်ရေးကြီးပါတဲ့သဘာဝကပေးထားတဲ့ဓါတ်တွေဖြစ်ပါတယ်။
ခန္ဓာကိုယ်အတွင်းမှာမပြောပါနှင့်အပြင်မှာတောင်ဘယ်(Virus)ပိုးမျိုးကိုမဆို(Zinc, Copper)တွေနဲ့လုပ်ထားတဲ့သတ္တုမျက်နာပြင်ပစ္စည်းတစ်ခုခုပေါ်မှာတင်ထားလိုက်ရင်ကြာကြာမရှင်သန်နိုင်ပါဘူး။(Zinc)နဲ့(Copper)ကလဲခုခံအားစနစ်အတွက်အလုပ်လုပ်ပုံခြင်းဆင်တူနေလို့?ဒီ(Post)မှာ(Copper)အတွက်သီးသန့်မရေးပေးတော့ပဲ(Zinc)အကြောင်းကိုပဲအလေးထားရေးပေးပါမယ်။
ပထမဆုံးအနေနဲ့(Zinc)အကြောင်းရေးပြီဆိုရင်(Ionophore)ဆိုတဲ့စကားလုံးကိုလဲအဓိပ္ပါယ်ဖွင့်ဖို့လိုအပ်ပါတယ်။(Ionophore)ဓါတ်ပေါင်းတွေဆိုတာ၊(Virus)ပိုးတွေကိုတိုက်ခိုက်ဖျက်ဆီးဖို့(Zinc)လိုအပ်နေတဲ့ဆဲလ်တွေရဲ့အတွင်းပိုင်းကို(Zinc ion)တွေဝင်ရောက်သွားနိုင်အောင်သယ်ဆောင်ပေးနိုင်တဲ့ပို့ဆောင်ရေးယာဉ်တွေသဘောမျိုးပါပဲ။
(Virus)ကာကွယ်ရေးစနစ်အတွက်၊(Ionophore)တခုခုရဲ့အကူအညီမပါပဲ၊(Zinc)တစ်ခုတည်းပေးမယ်ဆိုရင်၊(Zinc)ဟာ(Positive ion)ဖြစ်နေတဲ့အတွက်၊ဆဲလ်တွေရဲ့(lipid membrane)ကိုဖေါက်ထွင်းဖြတ်ကျော်ပြီး၊တစ်ကယ်လိုအပ်နေတဲ့(cytoplasm)ထဲကိုဝင်ရောက်နိုင်ဖို့အလွန်ခက်ခဲတဲ့အတွက်အကျိုးကျေးဇူးအလွန်နည်းပါတယ်။
နောက်တစ်ခုက(Zinc)ဟာခန္ဓာကိုယ်ထဲမှာ(Virus)တွေကိုဘယ်လိုဖျက်ဆီးပြီးတားဆီးပေးနိုင်သလဲဆိုတာကိုတိတိကျကျသိဖို့လိုအပ်နေလို့(Zinc finger motif)အကြောင်းကိုအကြမ်းရေးပေးပါမယ်။
(Zinc finger motif)ဆိုတာ(Zinc)အပေါ်မှာမူတည်နေတဲ့(Protein)တမျိုးပါပဲ။သူ့ကို(Zinc Antiviral Protein)သို့မဟုတ်၊အတိုကောက်(ZAP)လို့လဲခေါ်ပါတယ်။ဒီ(Zinc)ပါတဲ့(ZAP)ဟာ(Virus)ပိုးတွေရဲ့(RNA)တွေကိုအလုပ်မလုပ်နိုင်အောင်တွယ်ကပ်ပြီး၊(RNA)အသစ်တွေထပ်ပြီးပုံတူမျိုးပွားတဲ့အဆင့်(RDRP)လို့ခေါ်တဲ့ (Protein)တွေကိုစတင်ထုတ်လုပ်ကြရတဲ့အချိန်မှာ၊ပွားများလို့မရနိုင်အောင်ဖြတ်တောက်ဖျက်ဆီးပြစ်နိုင်ပါတယ်။
ဆိုလိုတာက(RNA Sequence)တွေကိုဖြတ်တောက်ပြုပြင်အစားထိုးချင်တယ်ဆိုရင်(zinc finger proteins)နဲ့ဖြတ်တောက်ပြီးပြန်ပြုပြင်ယူလို့ရတယ်ဆိုတဲ့သဘောမျိုးပါပဲ။ဥပမာပေးရရင်၊ရောင်စုံပုလဲပုတီးကုံးလေးတစ်ကုံးမှာ၊တစ်နေရာရာမှာပုတီးတစ်လုံးရဲ့အရောင်ကိုကိုယ်ကမကြိုက်ဘူးဆိုရင်ဖြတ်ထုတ်ပြစ်ပြီး၊အစားထိုးပြုပြင်ပေးလို့ရတဲ့သဘောမျိုးပါပဲ။အဲဒီပုတီးကုံးလေးကိုဖြတ်ထုတ်ပြစ်ဖို့ကတ်ကြေးတစ်လက်လိုအပ်သလို၊(RNA)တွေကိုဖြတ်ထုတ်နိုင်ဖို့(zinc finger proteins)ကို့အသုံးပြုလို့ရပါတယ်။အဲဒီနည်းပညာကို(zinc finger gene editing (OR) Zinc finger nucleases (ZFNs) Technology)လို့လဲခေါ်ပါတယ်။
(Virus)ပိုးအမျိုးမျိုးတွေဟာ(Cells)တွေရဲ့အတွင်းပိုင်း(Cytoplasm)ထဲကို(receptor)တစ်ခုခုကနေဝင်ရောက်လာပြီး၊(Virus)ပိုးအမျိုးအစားအပေါ်မှာမူတည်ပြီး၊(DNA Virus)အများစုတွေက(Cells nucleus)တွေထဲမှာပွားများသလို(RNA Virus)တွေကတော့၊များသောအားဖြင့်(Cytoplasm)ထဲမှာပွားများကြပါတယ်။
ဥပမာပြောရရင်(COVID-19)ရောဂါကိုဖြစ်ပွားစေတဲ့(SARS COV-2 Virus)တွေဟာ(RNA Virus)အမျိုးအစားတွေဖြစ်တဲ့အတွက်(Cells)တွေရဲ့အတွင်းကို(ACE 2 receptor)တွေကနေတစ်ဆင့်ဝင်ရောက်လားပြီး(Cytoplasm)ထဲမှာမျိုးပွားကြပါတယ်။
ဒီမှာအရေးကြီးတဲ့အချက်တစ်ခုက၊(Virus)ဝင်ရောက်နိုင်တဲ့(ACE 2 receptor)ဆိုတာဟာလဲ၊(Zinc)လိုအပ်တဲ့(Zinc Dependent Receptor)တစ်မျိုးပါပဲ။ဆိုလိုချင်တာက(ACE 2 receptor)တွေဆိုတာခြံဝင်းကျယ်ကြီးတစ်ခုမှာရှိတဲ့ဝင်းတံခါးပေါက်တွေနဲ့တူကြပြီး၊(Zinc)တွေကတော့တံခါးကိုစောင့်ကြပ်ရတဲ့တံခါးစောင့်ဝန်ထမ်းတွေနဲ့တူပါတယ်။
ခြံဝင်းကျယ်ကြီးတစ်ခုထဲမှာခြံတစ်ခါးပေါက်တွေအများကြီးရှိနေကြတယ်ဆိုကြပါစို့။တံခါးပေါက်တစ်ခုခြင်းစီမှာ(Zinc)နဲ့တူတဲ့တံခါးစောင့်တစ်ယောက်စီအမြဲတန်းစောင့်ကြပ်နေဖို့လိုအပ်ပါတယ်။(Zinc)ချို့တဲ့နေရင်တံခါးအစောင့်မရှိတော့ပါဘူး။(ACE 2 Receptor)လို့ခေါ်တဲ့တံခါးပေါက်ကနေဝင်ရောက်လာတဲ့(Protein)အသစ်ထုတ်လုပ်ချင်တဲ့(RNA Protein)တိုင်းကို(Zinc)ကအနီးကပ်စောင့်ကြပ်ပြီး(Cytoplasm)ထဲကိုအတူတကွလိုက်ပါသွားရပါတယ်။
(Zinc)ကိုယ်တိုင်အနီးကပ်စောင့်ကြပ်လိုက်ပါပြီး၊(Cytoplasm)ထဲကိုရောက်လာတဲ့(RNA Protein)တွေဆိုတာခန္ဓာကိုယ်အစိတ်အပိုင်းအမျိုးမျိုးတွေကနေရောက်လာကြတဲ့၊ခန္ဓာကိုယ်ရဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေကိုလုပ်ဆောင်နိုင်ဖို့လိုအပ်နေတဲ့အတွက်(messenger RNA)လို့ခေါ်တဲ့(mRNA)တွေလဲဖြစ်နိုင်သလို၊ပြင်ပကဝင်ရောက်လာကြတဲ့အကြမ်းဖက်သမား(Virus)အမျိုးမျိုးတွေရဲ့(Viral RNA)တွေလဲဖြစ်နိုင်ပါတယ်။
ဝင်လာတဲ့(RNA)တွေကို(Zinc)ကစောင့်ကြပ်တာဝန်ယူပေးရတယ်ဆိုတာကလည်း၊မိတ်ဆွေလား၊ရန်သူလား၊လူကောင်းလား၊လူဆိုးလား၊ဆိုတာကိုခွဲခြမ်းစိတ်ဖြာပေးဖို့အပြင်၊မိတ်ဆွေဆိုရင်လက်ခံပေးပြီး၊ရန်သူဆိုရင်ဖျက်ဆီးပြစ်ဖို့ရည်ရွယ်ချက်နဲ့ပါပဲ။
တိတိကျကျပြောရရင်၊ဆဲလ်တွေရဲ့အတွင်းပိုင်းကိုမျိုးပွားဖို့ဝင်ရောက်လာတဲ့မျိုးရိုးဗီဇတစ်ခုခုက(RNA-dependent RNA polymerase)လို့ခေါ်တဲ့(RDRP Protein)တွေကိုစတင်ထုတ်လုပ်ပွားများချိန်မှာသူတို့ရဲ့ထုတ်လုပ်မှု့ကိုကြည့်ပြီး၊ Zinc Finger Antiviral Protein)တွေဟာမိမိခန္ဓာကိုယ်အစိတ်အပိုင်းတွေကပို့လိုက်လို့ရောက်လာတဲ့(RNA)တွေလား၊ပြင်ပကဝင်ရောက်လာတဲ့(Virus)တစ်မျိုးမျိုးရဲ့(Viral RNA)တွေလားဆိုတာကိုမိခင်သဘာဝကပေးထားတဲ့နည်းလမ်းတွေနဲ့ကောင်းကောင်းခွဲခြားပြီးသိရှိနိုင်ပါတယ်။
ရန်သူလားမိတ်ဆွေလားဆိုတာကောင်းကောင်းခွဲခြားသိရှိနိုင်ပြီး၊ကိုယ့်ခန္ဓာကိုယ်ကလာတဲ့(mRNA)တွေဆိုရင်ပွားများခွင့်ပြုပြီး၊ကိုယ့်ခန္ဓာကိုယ်ကမဟုတ်ပဲ၊ပြင်ပ(Virus)တွေရဲ့(RNA)တွေဆိုတာကိုသိလိုက်တာနဲ့ချက်ခြင်းအပိုင်းပိုင်းဖြတ်ပြစ်ပြီးဖျက်ဆီးပြစ်နိုင်ပါတယ်။
သမ္မတ(Trump)အသုံးပြုပြပြီး၊အမေရိကန်ကုမ္မဏီတွေ(stock share)ဈေးကွက်တွေကိုမြင့်တင်ပေးလိုက်တဲ့နေရာမှာသုံးစွဲသွားတဲ့(Remdesivir)ဆိုတဲ့ဆေးဟာလဲ(Virus)တွေရဲ့(RNA)ကို(RDRP)အဆင့်မှာ၊(Zinc Finger Antiviral Protein)တွေရဲ့ပုံစံအတိုင်းပဲဖျက်ဆီးပြစ်နိုင်ပါတယ်။
ဒါပေမယ့်အလွန်အရေးကြီးတဲ့ကွာခြားမှု့က၊မိခင်သဘာဝကပေးတဲ့(Zinc Finger Antiviral Protein)တွေဟာမိမိခန္ဓာကိုယ်အစိတ်အပိုင်းတွေကပို့လိုက်လို့ရောက်လာတဲ့(mRNA)တွေလား၊ပြင်ပကဝင်ရောက်လာတဲ့(Virus)ပိုးတွေရဲ့(Viral RNA)တွေလားဆိုတာမိခင်သဘာဝကပေးထားတဲ့နည်းလမ်းနဲ့ကောင်းကောင်းခွဲခြားသိရှိနိုင်သော်လည်း၊အရင်းရှင်တွေလောဘနဲ့ဖန်တီးပြီး၊မူပိုင်ခွင့်လုပ်ထားတဲ့(Remdesivir)ဆိုတဲ့ဆေးကတော့(RNA)မှန်သမျှအားလုံးကိုမခွဲခြား၊မစိတ်ဖြာနိုင်ပဲ၊အားလုံးကိုဖျက်ဆီးပြစ်လိုက်ပါတော့တယ်။ဒါကြောင့်အသက်ရှင်ဖို့မရှိမဖြစ်လိုအပ်နေတဲ့မိမိခန္ဓာကိုယ်ရဲ့(mRNA)တွေကိုပါဖျက်ဆီးပြစ်နိုင်လို့ဒီဆေးဟာအလွန်ဘေးထွက်ဆိုးကျိုးများနိုင်ပါတယ်။
(Zinc Finger Antiviral Protein)တွေဟာကမ္ဘာဦးအစကတည်းကကျွန်တော်တို့ရဲ့မိခင်သဘာဝတရားကြီးကပေးထားတဲ့(Virus)ကာကွယ်ရေးနည်းစနစ်ဟောင်းတစ်ခုပါပဲ။ယနေ့မှပေါ်လာတဲ့(လူလုပ်)စနစ်သစ်တစ်ခုတော့မဟုတ်ပါဘူး။လူတွေ၊တိရိစ္ဆာန်တွေတင်မကပါဘူး။ဘက်တီးရီးယားပိုးမွှားတွေကိုယ်တိုင်ကလည်း၊သူတို့ကို(Virus)တွေကမတိုက်ခိုက်မဖျက်ဆီးနိုင်အောင်ဒီနည်းလမ်းကိုပဲအဓိကထားအသုံးပြုပြီးကာကွယ်ကြရပါတယ်။ဆိုလိုတာက(Bacteria)အများစုတွေမှာ(Virus)ကိုခုခံနိုင်ဖို့စနစ်တကျတည်ဆောက်ထားတဲ့(Immune Cells)တွေဆိုတာမရှိပါဘူး။
(Virus)ဆိုတာ(Bacteria)တွေထက်အဆပေါင်းများစွာသေးငယ်ပါတယ်။ဥပမာ(Bacteria)ကခွေးတွေလောက်ရှိမယ်ဆိုရင်(Virus)တွေကခွေးသန်းတွေလောက်ပဲရှိပါတယ်။ခွေးတွေကိုတွယ်ကပ်ပြီးခွေးသန်းတွေပွားများတတ်သလို၊(Bacteria)တွေကိုတွယ်ကပ်ပြီးလဲ(Virus)တွေပွားများနိုင်ပါတယ်။ခွေးသန်းတက်ရင်(zinc sulfate)အရည်ဖျော်ပေးပြီးဖျန်းပေးရင်သက်သာသလို၊(Bacteria)တွေဟာသူတို့ကိုယ်သူတို့(Virus)ရန်ကနေကာကွယ်ဖို့(Zinc)ကိုအဓိကထားသုံးနေရပါတယ်။
ဒါပေမယ့်ထူးခြားတာတစ်ခုက၊တချို့သော( Bacteria)တွေဟာ(Virus)ရန်ကနေကာကွယ်ဖို့(Zinc)ကိုအသုံးပြုနိုင်တဲ့အပြင်၊သူတို့ကို(Virus) တွေမတွယ်ကပ်နိုင်အောင်၊သူတို့ပါတ်ဝန်းကျင်မှာ(Acid)ဓါတ်တွေထုတ်လွတ်ထားပေးထားနိုင်တာလဲရှိတတ်ပါတယ်။(Virus)ပိုးတွေဆိုတာပါးလွှာတဲ့အကာအကွယ်လေးပဲရှိတဲ့အပြင်၊(Protein)တွေဖြစ်တဲ့အတွက်(Acid)ဓါတ်ခပ်ပြင်းပြင်းလေးနဲ့ထိတွေ့မိရင်ပျက်စီးတတ်ကြပါတယ်။အကျိုးပြု၊ကောင်းသော(Probiotic Bacteria)တွေဟာများသောအားဖြင့်(acid)ထုတ်လုပ်နိုင်ကြပြီး၊ရောဂါဖြစ်စေသော(Bacteria)အများစုကတော့(Acid)အလွန်ကြောက်တတ်ကြပါတယ်။
—-
ဒါပေမယ့်ချွင်းချက်တစ်ခုတော့ရှိပါတယ်။(coronavirus)တွေရဲ့(genomes RNA)တွေဆိုတာ(Virus)တွေထဲမှာအကြီးဆုံးဖြစ်ပြီး၊(27kb to 31.5 kb)တောင်ရှိပါတယ်။ဆိုလိုတာက(Remdesivir)သို့မဟုတ်(Zinc Finger Antiviral Protein)ကသူ့တို့ရဲ့(RNA)တွေကိုမှားယွင်း၊ပျက်စီးသွားအောင်ဖျက်ဆီးပြစ်တယ်ဆိုဦးတော့၊(coronavirus)အမျိုးအစားမှာအမှားအမှန်ကိုပြန်လည်စစ်ဆေးနိုင်ပြီး၊သူ့ကိုယ်သူပြန်လည်ပြုပြင်ပေးနိုင်တဲ့(error correction code)တွေ(genomes)မှာအများကြီးပါဝင်လို့(Remdesivir)တမျိုးတည်းအလုပ်မလုပ်နိုင်သလို(Zinc)တမျိုးတည်းလဲဒီပိုးကိုထိထိရောက်ရောက်ထိန်းချုပ်နိုင်ဖို့မလွယ်ကူပါဘူး။
သို့သော်မိခင်သဘာဝဆိုတာအလွန်အံသြဖွယ်ကောင်းပါတယ်။ပြတ်တောက်ပျက်စီးသွားတဲ့(Viral RNA)အပိုင်းအစတွေကိုပြန်ပြီးပြုပြင်လို့မရနိုင်အောင်အဆုံးစွန်အထိမွမွကြေနေအောင်အပြီးတိုင်နောက်တဆင့်၊ထပ်ပြီးဖျက်ဆီးပြစ်နိုင်တဲ့မိခင်သဘာဝကပေးထားတဲ့ဓါတ်ပေါင်းတစ်မျိုးရှိနေပါသေးတယ်။
အဲဒီဓါတ်ပေါင်းဆိုတာတစ်ခြားမဟုတ်ပါဘူး။သဘာဝတိရိစ္ဆာန်မွေးကင်းစလေးတွေ၊မွေးဖွားခါစ(Immune System)မဖွံဖြိုးခင်ကာလအခိုက်အတန့်လေးမှာမိခင်ကသားငယ်ကိုသဘာဝအလျောက်ပေးထားတဲ့အဝါရောင်အဆင်းရှိတဲ့ဓါတ်ပေါင်းတစ်ခုပါပဲ။ဒီဓါတ်ပေါင်းဟာမိခင်ကရတဲ့သဘာဝဓါတ်ပေါင်းဖြစ်နေလို့၊လူအထင်မကြီးပေမယ့်အလွန်အစွမ်းထက်မြက်ပါတယ်။
သဘာဝတိရိစ္ဆာန်မွေးကင်းစလေးတွေ၊မွေးဖွားခါစမှာမိခင်ကပေးတဲ့သဘာဝ(Virus)ကာကွယ်ရေးဓါတ်ပေါင်းတစ်ခုအကြောင်းကို(မိခင်ကပေးတဲ့အဝါရောင်သူရဲကောင်း)ဆိုပြီးဆောင်းပါးတစ်ခုထပ်ရေးပေးပါဦးမယ်။ဒီအချက်ကိုအခြေခံပြီးတော့(American Best)ကနောက်ထပ်အသစ်ထုတ်လုပ်လိုက်တဲ့(Natural Immune Complex Version2)ထဲမှာအဲဒီဓါတ်ပေါင်းကိုသေချာထည့်သွင်းပြီး၊ထုတ်လုပ်ထားပေးပါတယ်။
(Cells)တွေရဲ့အတွင်းပိုင်းကိုသွေးထဲကနေ(Virus)ဝင်ရောက်နိုင်တဲ့ခြံတံခါးဝနဲ့တူတဲ့(ACE 2 receptor)တွေဆိုတာဟာ(Zinc dependent receptor)တွေဖြစ်နေလို့(Zinc)အလုံအလောက်စောင့်ကြပ်ထားရပါတယ်။တစ်ကယ်လို့သာ(Zinc)ချို့တဲ့ခဲ့မယ်ဆိုရင်၊ခြံတံခါးတွေအမြောက်အများပွင့်နေပြီးခြံစောင့်တွေမရှိတော့တဲ့အိမ်ကြီးတစ်အိမ်နဲ့တူသွားပါတော့တယ်။ဝင်လာတဲ့(Virus)ပိုးတွေကိုဘယ်သူမှလိုက်လံစောင့်ကြပ်ဖျက်ဆီးမပေးနိုင်တော့လို့အစောင့်အကြပ်အတားအဆီးမရှိ(Virus)ပိုးတွေပွားချင်သလောက်လွတ်လွတ်လပ်လပ်ပွားများခွင့်ပြုထားတဲ့သဘောမျိုးပါပဲ။
(COVID-19)ကိုဖြစ်စေတဲ့(SARS COV-2 Virus)တွေဝင်လာရင်(Zinc)တွေပုံမှန်လိုအပ်ချက်ထက်အများကြီးပိုပြီးလိုအပ်လာပါတယ်။(COVID)ရောဂါရပြီဆိုတာနဲ့လူနာဟာချက်ခြင်း(Zinc)တွေချို့တဲ့သွားတတ်ပါတယ်။(Zinc)ဟာအနံ့နဲ့အရသာကိုသိဖို့အဓိကလုပ်ဆောင်ရတဲ့ဓါတ်ပေါင်းတစ်ခုဖြစ်နေလို့(Zinc)ချို့တဲ့ရင်အနံ့နဲ့အရသာပျောက်သွားတတ်ပါတယ်။
(COVID)လူနာမဟုတ်တဲ့၊ပုံမှန်လူတစ်ယောက်တောင်(Zinc)ချို့တဲ့နေရင်အနံ့အရသာကိုသိရှိခံစားနိုင်မှု့လျော့နည်းသွားတတ်ပါတယ်။သောက်ရေထဲမှာ(zinc sulfate)အနည်းငယ်ထည့်ဖျော်ထားပြီး၊လူတွေကိုသောက်ခိုင်းကြည့်လိုက်ရင်၊(zinc)အလွန်ချို့တဲ့သူတွေအတွက်ဘာအရသာမှမရှိပါဘူး။ရိုးရိုးဘာမှမထည့်ထားတဲ့သောက်ရေလိုပါပဲ။(Zinc)အနည်းငယ်လေးပဲချို့တဲ့ကြတဲ့သူတွေအတွက်ကတော့အရသာမသိမသာလေးသိရှိနိုင်ပါတယ်။(Zinc)လုံလုံလောက်လောက်ရှိတဲ့လူတွေကြတော့အဲဒီရေကိုသောက်လို့မရနိုင်လောက်အောင်ကိုအရသာဆိုးဝါးလှပါတယ်။
ဆိုလိုတာကလူတစ်ယောက်ဟာ(Zinc)ချို့တဲ့သလား၊မချို့တဲ့ဘူးလားဆိုတာသိချင်ရင်(zinc sulfate)ပျော်ရည်နဲ့ရေတစ်ပုလင်းတည်းကိုလူသုံးယောက်ခွဲတိုက်ပြီးစမ်းသပ်လို့ရပါတယ်။သောက်ကြည့်သူတွေဟာ(Zinc)ချို့တဲ့မှု့၊လုံလောက်မှု့အပေါ်မှာမူတည်ပြီးတော့အရသာခံစားမှု့ချင်းသိသိသာသာကွဲပြားကြပါတယ်။
ဒါကြောင့်(Zinc)ဟာခန္ဓာကိုယ်အနံ့အရသာသိဖို့အတွက်အလွန်လိုအပ်လှပါတယ်။(COVID)ဖြစ်တဲ့လူတိုင်းတော့အနံ့အရသာမပျောက်ပါဘူး။(COVID)ဖြစ်တာခြင်းအတူတူ(Zinc)ချို့တဲ့သူကပိုပြီးအနံ့၊အရသာပျောက်တတ်ကြပါတယ်။(COVID)ကာလမှာ(Zinc)ချို့တဲ့နေတဲ့လူတွေအတွက်မိခင်သဘာဝကပေးထားတဲ့(Virus)ကာကွယ်နည်းတစ်ခုဆုံးရံှုးသွားပြီဖြစ်လို့အလွန်အန္တရာယ်များပါတယ်။
(Zinc)ဆိုတာခန္ဓာကိုယ်အတွက်နဲ့(Cells)တွေအတွင်းက(Virus)ကာကွယ်ရေးအတွက်မရှိမဖြစ်အလွန်လိုအပ်တဲ့သက်စောင့်ဓါတ်တစ်မျိုးပါပဲ။ဒါပေမယ့်(Zinc)နဲ့ပါတ်သက်ပြီးအဆိုးတွေလဲရှိပါတယ်။(Zinc)သိပ်များရင်၊(Zinc)ကြောင့်(Copper)ချို့တဲ့တတ်ပါတယ်။(Copper)ဆိုတာကလဲ(Zinc)လိုအစွမ်းထက်မြက်ပြီးအထောက်အကူပြုနိုင်ပါတယ်။ဒီအချက်ကြောင့်(Natural Immune Complex Version-2))ဆေးသစ်မှာ၊(Version 1)တုံးကနဲ့မတူပဲ(Zinc)နှင့်(C opper)ကိုအချိုးကျထည့်သွင်းထုတ်လုပ်ပေးထားရခြင်းဖြစ်ပါတယ်။
နောက်တစ်ခုကသောက်တဲ့(Zinc)ဟာပုံစံမမှန်ရင်လဲအကျိုးကျေးဇူးမရနိုင်ပဲဘေးထွက်ဆိုးကျိုးပဲရပါမယ်။အရင်းရှင်ဆေးကုမ္မဏီကြီးတွေဂျင်းထည့်ထားတဲ့၊အခုလူတွေအများဆုံးသောက်နေကြတဲ့နာမည်အကြီးဆုံး၊လူသုံးအများဆုံး(Zinc)တစ်မျိုးဟာခန္ဓာကိုယ်ကိုဘာမှကောင်းကျိုးမပြုနိုင်ပဲဝင်လာသမျှကျောက်ကပ်ကနေတဆင့်ဆီးထဲကိုပြန်လည်စွန့်ထုတ်ပြစ်နေရလို့၊ရေရှည်မှာကျောက်ကပ်ကိုတောင်ဒုက္ခပေးနိုင်ပါတယ်။
ဒါပေမယ့်အဲဒီဆိုးဝါးတဲ့(Zinc)အမျိုးအစားကိုကျွန်တော်တို့(American Best)ရဲ့ဘယ်ဆေးမှာမှထည့်မသုံးထားပါဘူး၊စိတ်မပူကြပါနှင့်။အဲဒါဘာအမျိုးအစားလဲဆိုတာအငြင်းပွားမ့ှုအတိုက်အခံတွေရှိနေလို့အခုမပြောသေးပါဘူး။နောက်အပိုင်းကြမှဘယ်လို(Zinc)အမျိုးအစားတွေကသာထိရောက်အသုံးဝင်ပြီး၊ဘယ်လို(Zinc)အမျိုးအစားကအသုံးမဝင်ဘူး၊အန္တရာယ်တောင်ရှိနိုင်တယ်ဆိုတာအထောက်အထားနဲ့သေချာထောက်ပြပြီးရေးပေးပါဦးမယ်။
နောက်ထပ်ပြဿနာတစ်ခုကသွေးထဲမှာ(Zinc)ရှိနေရုံနဲ့တော့(Virus)ရန်ကနေအပြည့်အဝ၊မကာကွယ်မတိုက်ထုတ်ပေးနိုင်ပါဘူး။(Zinc ions)တွေဟာ(Positive charged 2+)တွေဖြစ်နေလို့၊(Virus)ရန်ကိုကာကွယ်ပေးနိုင်ဖို့သွေးထဲကနေ(cells)တွေရဲ့(cytoplasm)တွေထဲကိုလွယ်လွယ်ကူကူနဲ့မဝင်ရောက်နိုင်ကြပါဘူး။ခန္ဓာကိုယ်ကဒီ(Zinc)တွေကိုဆဲလ်တွေထဲရောက်အောင်သယ်ဆောင်ပေးဖို့တခြား(Protein)တွေ(သို့မဟုတ်)ဓါတ်ပေါင်းတွေလိုအပ်ပါသေးတယ်။
(Virus)ကာကွယ်ပေးဖို့(Zinc)တွေကို(cells)တွေရဲ့(cytoplasm)တွေထဲကိုလုံလောက်အောင်အမြန်ဆုံးသယ်ဆောင်ပေးနိုင်တဲ့ပစ္စည်းတွေကိုတော့(zinc ionophore)တွေလို့ခေါ်ပါတယ်။(zinc ionophore)တွေမပါပဲ(Zinc)ကြီးသက်သက်သောက်ခိုင်းလိုက်ရင်အကျိုး(လုံးဝ)မရှိဘူးလို့တော့မဆိုလိုပါဘူး။ အကျိုးကျေးဇူးနည်းပါတယ်၊။ဒါကြောင့်(Zinc)ကို(ionophore)တစ်မျိုးမျိုးနဲ့တွဲပေးရင်တော့အဆပေါင်းများစွာပိုပြီးမြန်ဆန်ထိရောက်အကျိုးကျေးဇူးရရှိနိုင်ပါတယ်။
ဥပမာပေးရရင်၊စစ်တိုက်ဖို့စစ်သားတွေကိုယ့်မှာအလုံအလောက်ရှိပေမယ့်။အဲဒီစစ်သားတွေကိုစစ်မြေပြင်အရောက်သယ်ယူပို့ဆောင်ပေးဖို့(Truck)ကားကြီးတွေမရှိပဲတစ်ယောက်ချင်းစီကုန်းကြောင်းလျှောက်သွားခိုင်းမယ်ဆိုရင်၊စစ်မြေပြင်တော့အနှေးနဲ့အမြန်ရောက်သွားမှာဖြစ်ပေမယ့်အကျိုးကျေးဇူးအလွန်နည်းပါတယ်။စစ်သားတွေကိုစစ်မြေပြင်ကိုချက်ခြင်းအမြန်ရောက်နိုင်ဖို့(Truck)ကားကြီးတွေနဲ့အပြည့်တင်ဆောင်ပြီးစစ်မြေပြင်မှာချပေးနိုင်မယ်ဆိုရင်တော့ပိုပြီးအကျိုးကျေးဇူးများပါလိမ့်မယ်။
(Zinc)ဆိုတာစစ်တိုက်မယ့်စစ်သားတွေနဲ့သဘောခြင်းတူညီပြီး၊(zinc ionophore)ဓါတ်ပေါင်းတွေဆိုတာစစ်သားတွေကိုစစ်မြေပြင်အရောက်သယ်ဆောင်ပေးနိုင်တဲ့(Truck)ကားကြီးတွေနဲ့တူညီနေပါတယ်။
ဓါတုဗေဒဆေးတွေအဖြစ်ဖေါ်စပ်ထားတဲ့(zinc ionophore )ဓါတ်ပေါင်းတွေဆိုတာ
(Hydroxychloroquine, Chloroquine, Clioquinol, Diiodohydroxyquinoline, Dithiocarbamates, etc…)စသည်ဖြင့်အမျိုးမျိုးရှိပါတယ်။ဓါတုဗေဒ(zinc ionophore )ဓါတ်ပေါင်းတွေဟာဘေးထွက်ဆိုးကျိုးအလွန်များပါတယ်။
သို့သော်မိခင်သဘာဝကပေးတဲ့(zinc ionophore )ဓါတ်ပေါင်းတွေကတော့ဘေးထွက်ဆိုးကျိုးနည်း၊အန္တရာယ်ကင်းပြီး၊(Virus)ကာကွယ်ရေးလုပ်ငန်းတွေမှာအလွန်ထိရောက်ပါတယ်။အဲဒီဓါတ်ပေါင်းတွေထဲမှာအဓိကအကျဆုံးနဲ့အထိရောက်ဆုံးနှစ်မျိုးကတော့(Epigallocatechin gallate)ခေါ်(EGCG)နှင့်၊(Quercetin)ပါပဲ။ဒီအချက်ကိုအခြေခံပြီး(Natural Immune Complex Version2))မှာအကောင်းဆုံးသောသဘာဝ(Zinc ionophore)ဓါတ်ပေါင်းတစ်မျိုးကို(Zinc, Copper)တို့နဲ့တွဲပြီးထည့်သွင်းဖေါ်စပ်ပေးထားရခြင်းဖြစ်ပါတယ်။
မိခင်သဘာဝကလာတဲ့(zinc ionophore )ဓါတ်ပေါင်းတွေအကြောင်းကိုသေချာအသေးစိတ်သိချင်ရင်၊ကိုယ်တိုင်လေ့လာနိုင်ဖို့အောက်မှာ(Link)ပေးထားပါတယ်။
အားလုံးကျန်းမာ၍ဘေးရန်ကင်းကြပါစေ။
Kelvin Albert Power
References:
Shopping Cart