(Vitamin E) သောက်ရင်ကင်ဆာဖြစ်နိုင်တယ်ဆိုတာမှန်ပါသလား

Source from Kelvin A. Power’s Facebook on October 13, 2019
(Vitamin E) က(Prostate Cancer)ခေါ်ဆီးကျိတ်ကင်ဆာကိုဖြစ်စေနိုင်တယ်လို့ရေးထားတဲ့(Post)တခုတွေ့လို့၊(Vitamin E) သောက်ရင်ကင်ဆာဖြစ်နိုင်တယ်ဆိုတာမှန်ပါသလားလို့ကိုချမ်းမြေ့ကကျွန်တော့်ကိုလာမေးထားပါတယ်။
ခွဲခြားပြီးမမေးပဲနဲ့ရောပြီးမေးလာတော့၊ဟုတ်ပါတယ်၊မှန်ပါတယ်၊ဖြစ်နိုင်ပါတယ်လို့ပဲအလွယ်ဖြေရပါလိမ့်မယ်။ချက်ချင်းလဲလှန့်မသွားပါနဲ့၊လောကမှာ(99%)လောက်မှန်နေပြီး(1%)ပဲမှားနေတဲ့အရာတွေကိုအလွယ်တကူဖြေရမယ်ဆိုရင်(99%)ဖက်ကိုလိုက်ပြီးမှန်တယ်လို့အကြမ်းပြင်းဖြေရပါလိမ့်မယ်။(Vitamin E)သောက်ရင်ကင်ဆာဖြစ်နိုင်ပါသလား?လို့မေးရင်မှန်ပါတယ်။ဖြစ်နိုင်ပါတယ်လို့ပဲအရင်ဖြေရပါလိမ့်မယ်။
ဘာကြောင့်ဒီလိုဖြေရသလဲဆိုတော့ကမ္ဘာမှာလူတွေသုံးစွဲနေတဲ့(Vitamin E)ဆိုတာဟာ(99%)က(Synthetic Vitamin E)ခေါ်တဲ့အရင်းရှင်တွေအတုလုပ်ထားတဲ့သဘာဝမဟုတ်ပဲသဘာဝကိုတုပထားတဲ့(Vitamin E)တွေပါပဲ။ချွင်းချက်အဖြစ်မိခင်သဘာဝကနေထုတ်ယူထားတဲ့(Natural vitamin E)ဆိုတာကတော့ဈေးကွက်ထဲမှာ(1%)လောက်ပဲရှိနေပါတော့တယ်။
(Vitamin E) က(Prostate Cancer)ခေါ်ဆီးကျိတ်ကင်ဆာကိုဖြစ်စေနိုင်တယ်လို့ရေးထားတာမှန်ပါသလားလို့ခြုံပြီးမေးရင် (၉၉%)မှန်နေလို့၊ဟုတ်ပါတယ်၊မှန်ပါတယ်လို့ပဲဖြေရပါလိမ့်မယ်။မေးသူကတိတိကျကျ(Natural Vitamin E)ကကင်ဆာဖြစ်သလား၊(synthetic vitamin E)ကင်ဆာဖြစ်သလားဆိုတာခွဲခြားပြီးမေးလာရင်တော့အဖြေကတစ်မျိုးစီဖြစ်သွားပါလိမ့်မယ်။
—-
(Vitamin E)ကင်ဆာဖြစ်တယ်လို့ကြားလိုက်တာနဲ့လန့်မသွားကြပါနဲ့၊ဒီနေရာမှာကင်ဆာဖြစ်စေတယ်ဆိုတဲ့(Vitamin E)ဆိုတာဘယ်(Vitamin E)အမျိုးအစားကိုသုံးပြီးသုသေသနလုပ်ထားသလဲဆိုတာသေသေချာချာသိရှိနိုင်ဖို့၊မှုလပင်ရင်းသုသေသနကိုရှာဖွေပြီးအသေးစိတ်သေချာစွာလေ့လာဖတ်ကြည့်တော့မှတိတိကျကျသိနိုင်ပါတော့မယ်။ကျွန်တော်နဲ့အတူမှုရင်းသုသေသနတွေကိုရှာဖွေလေ့လာကြည့်ကြရအောင်။
ဒီကိစ္စနဲ့ပါတ်သက်ပြီး(Google)မှာသုသေသနတွေကိုရှာကြည့်လိုက်တော့။
(၂)ပထမလင့်က(Vitamin E)ကကင်ဆာဖြစ်စေတယ်လို့တိုက်ရိုက်မရေးပေမဲ့၊ကင်ဆာကိုမကာကွယ်နိုင်ပါဘူး။ “Dietary Supplements Fail to Prevent Prostate Cancer “လို့သွယ်ဝိုက်ပြီးရေးထားတာတခုတွေ့ပါတယ်။ပထမလင့်ကဒီမှာပါ။
—-
(1)ဒုတိယလင့်ကကြတော့(Vitamin E)က(postage Cancer)ဖြစ်စေနိုင်တယ်လို့“Prostate Cancer Risk from Vitamin E Supplements”ရေးထားတဲ့လင့်ကိုတွေ့ရပါတယ်။ဒုတိယလင့်ကဒီမှာပါ။
—-
ခက်နေတာကဒီလင့်နှစ်ခုစလုံးကတော့မူလပင်ရင်းရေသောက်မြစ်(Original Research)မဟုတ်ပြန်ပါဘူး။သူတို့နှစ်ခုစလုံးကတခြား(Research)ဖြစ်တဲ့(Selenium and Vitamin E Cancer Prevention Trial, SELECT)ကိုအခြေပြုထားပြန်ပါတယ်။
ဒီတော့ကျွန်တော်တို့အလုပ်ကမှုလပင်ရင်းရေသောက်မြစ်၊ဘယ်သုသေသနကိုအခြေခံပြီးရေးထားသလဲဆိုတာကိုရှာဖွေတွေ့ရှိသွားပါပြီ။ပင်ရင်းမှုလရေသောက်မြစ်(OriginaL Research)မှုလသုသေသလင့်ကဒီမှာပါ။
—–
အထက်ပါမှုရင်းလင့်ကိုအစအဆုံးအသေးစိတ်သေချာလေ့လာဖတ်ရှုလိုက်တော့၊နေရာတော်တော်များများမှာ(DL-Alpha-Tocopherol)လား(D-Alpha-Tocopherol)လားဆိုတာကိုသေချာမရေးပဲနဲ့(D)နဲ့(DL)ကိုအသာလေးဖြုတ်ထားပြီး(Alpha-Tocopherol)လို့ပဲမကွဲမပြားရေးထားတာတွေတွေ့နေရပါတယ်။ဒါပေမဲ့စေ့စေ့စပ်စပ်သေသေချာချာလေ့လာကြည်လိုက့်တော့၊(Tabel)တခုမှသူတို့သုံးစွဲပြီး၊စမ်းသပ်ထားတဲ့(Vitamin E)ဟာ(Synthetic Vitamin E, DL-Alpha-Tocopherol )ဖြစ်နေတာကိုရှာဖွေတွေ့ရှိလိုက်ရပါတယ်။
ဒီပို့မှာတွဲတင်ထားတဲ့ပုံကမှုရင်းသုသေသနကနေ(SS)ရိုက်ယူထားတဲ့ဇယားတစ်ခုပါ။ အဲဒီဇယားမှာ(DL-Alpha-Tocopherol)ဆိုတာကိုသေချာရှာဖွေတွေ့ရှိလိုက်ရပါတယ်။ပုံမှာကျွန်တော်မင်နီဝိုင်းပေးထားပါတယ်။
ဒါဆိုသဘာဝမဟုတ်တဲ့လူလုပ်တဲ့(Vitamin E)ဟာ၊ကင်ဆာရောဂါကိုဖြစ်စေနိုင်တယ်ဆိုတာယုတတ္တိဗေဒနဲ့လဲညီညွတ်သလို၊သုသေသနကလဲ(synthetic Vitamin E= DL-Alpha-Tocopherol)နဲ့သုသေသနလုပ်ခဲ့ကြတယ်ဆိုတာပုံမှာပါတဲ့ဇယားအရသေချာသိလိုက်ရတော့လက်ခံကြရပါလိမ့်မယ်။
ဒါကြောင့်(synthetic Vitamin E= DL-Alpha-Tocopherol)ဟာကင်ဆာရောဂါကိုဖြစ်နိုင်တယ်ဆိုတာမှန်ကန်နိုင်သလိုယုတ္တိဗေဒလဲကျလို့ကျွန်တော်ဘာမှငြင်းစရာမရှိပါဘူး။
ဒါပေမဲ့စာဖတ်သူတွေကကျွန်တော့်ကိုနောက်မေးခွန်းတခုအနေနဲ့၊ဒါဆိုမိခင်သဘာဝကပေးတဲ့(Natural Vitamin E)ကကောကင်ဆာကိုမဖြစ်စေနိုင်ဘူးလားလို့ကျွန်တေ့်ကိုထပ်မေးမယ်ဆိုရင်တော့ကျွန်တော်မဖြေပေးတော့ပါဘူး။ဖြေစရာလဲမလိုပါဘူး။ခင်ဗျာတို့ကိုယ်တိုင်ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားကြည့်ကြပါ။
မိခင်သဘာဝကပေးတဲ့(Natural Vitamin E= D-Alpha-Tocopherol)ဆိုတာကျန်းမာတယ်ဆိုတဲ့အစားအသောက်တိုင်းမှာလဲသဘာဝအရပါဝင်နေပြန်တယ်။အထူးသဖြင့်အဆီဓါတ်ကြွယ်ဝတဲ့အသီးအနှံ၊အစီ၊အဆန်တွေမှာပါနေတဲ့အဆီတွေ(အောက်ဆီဒိုက်)ဖြစ်ပြီးပျက်စီးမသွားနိုင်အောင်မိခင်သဘာဝကထည့်ပေးထားတဲ့သဘာဝရောဂါကာကွယ်မှုစနှစ်တခုလဲဖြစ်နေပြန်ပါတယ်။
နောက်တခုကသဘာဝအားဖြင့်ကမ္ဘာမှာအဓိကအကျဆုံးအဆီမှာပျော်ဝင်နိုင်တဲ့(အန်တိုင်အောက်ဆီဒိုက်)လဲဖြစ်နေပြန်ပါတယ်။အသက်ရှင်သန်ဖို့အတွက်လဲမရှိမဖြစ်လိုအပ်တဲ့(ဗီတာမင်)တမျိုးလဲဖြစ်နေပြန်ပါတယ်။
ဆိုလိုတာက၊သဘာဝကပေးတဲ့(Natural Vitamin E)ဆိုတာကမ္ဘာဦးကတည်းကမရှိခဲ့ရင်၊လူတွေနဲ့တိရိစ္ဆာန်တွေကို(Natural Vitamin E)ကရောဂါတွေအန္တရာယ်တွေကနေအကာအကွယ်မပေးခဲ့ရင်၊လူသားတွေမပြောပါနဲ့နို့တိုက်သတတ္တဝါတွေတောင်တစ်ကောင်တလေမှကမ္ဘာပေါ်မှာအသက်ရှင်သန်နေထိုင်၊ကျန်နေနိုင်တော့မှာမဟုတ်ပါဘူး။လူတွေရောတိရိစ္ဆာန်တွေအားလုံးရောမျိုးပြုတ်သွားတာကြာပါပြီ။
ဥပမာပြောရရင်၊အောင်ဆီဂျင်တွေ၊ရေတွေမရှိရင်လူတွေနဲ့တိရိစ္ဆာန်တွေကမ္ဘာမြေပြင်ပေါ်မှာအသက်မရှင်နေနိုင်သလိုပါပဲ။(ဗီတာမင်တွေ)နဲ့(အန်တိုင်အောက်ဆီဒိုက်တွေ)မရှိရင်လဲဘယ်သူမှအသက်မရှင်သန်နေနိုင်ပါဘူး။(Natural Vitamin E)ဆိုတာကမ္ဘာပေါ်မှာနို့တိုက်သတ္တဝါတွေရှင်သန်နေထိုင်နိုင်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့(ဗီတာမင်)ဆိုရင်လဲဟုတ်ပါတယ်၊မရှိမဖြစ်လိုအပ်တဲ့(အန်တိုင်အောက်ဆီဒိုက်)ဆိုရင်လဲဟုတ်နေပြန်ပါတယ်။ဒါကြောင့်ကျွန်တော်ကလဲစာဖတ်သူတွေကိုမေးခွန်းတွေပြန်မေးပါရစေ။
မိခင်သဘာဝကလာတဲ့(vitamin E)ဆိုတာကျွန်တော်တို့ကိုကင်ဆာရောဂါတွေ၊ဆိုးကျိုးတွေကိုဖြစ်စေနိုင်မလား?။ကမ္ဘာပေါ်မှာနို့တိုက်သတတ္တဝါတွေရေရှည်အသက်ရှင်သန်နိုင်အောင်ကာကွယ်ပေးမလား?။ကမ္ဘာဦးကတည်းကသာ(Natural Vitamin E)သာမရှိခဲ့ဘူးဆိုရင်ကျွန်တော်လဲသက်ရှိထင်ရှားရှိနေပြီး၊ဒီလိုစာတွေရေးနေနိုင်မလား?။ခင်ဗျာတို့ကောအသက်ရှင်သန်နေထိုင်နိုင်နေပြီးကျွန်တော်ရေးတဲ့စာတွေကိုထိုင်ဖတ်နေနိုင်မလား?ဆိုတာကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားပြီးပြန်ဖြေကြည့်ကြပါ။
Vitamin E နှစ်မျိုးရှိပါတယ်။မိခင်သဘာဝကပေးတဲ့(D)အမျိုးအစားနဲ့။အရင်းရှင်တွေလောဘကြီးပြီးဈေးပေါပေါနဲ့ရလို့ဓါတ်ခွဲခန်းမှာဖန်တီးထားတဲ့(DL)အမျိုးအစားပါ။မိခင်သဘာဝကလူသားတွေကိုကောင်းကျိုးပြုမလား။လောဘကြီးတဲ့အရင်းရှင်တွေကကောင်းကျိုးပြုမလားဆိုတာ၊သေချာစဉ်းစားဆုံးဖြတ်ကြပါ။
နိဂုံးချုပ်ပြောရရင်၊(Vitamin E)အကြောင်းမေးရင်သေချာခွဲခြားပြီးတော့မေးစေချင်ပါတယ်။
(၁)အရင်းရှင်တွေဖန်တီးထားတဲ့၊အတုဖြစ်တဲ့(Synthetic Vitamin E)ဖြစ်တဲ့(DL)အမျိူးအစား(DL-Alpha-Tocopherol)အမျိုးအစားဟာကင်ဆာဖြစ်နိုငတယ်ဆိုတာကိုလက်ခံသလားလို့မေးရင်၊ဟုတ်ပါတယ်။သုသေသနလဲရှိနေလို့လက်ခံရပါမယ်လို့ဖြေဆိုရပါလိမ့်မယ်။
ဒီလိုမှမဟုတ်ပဲ၊ကမ္ဘာဦးကတည်းကဘိုးစဉ်ဘောင်ဆက်လူတွေတိရိစ္ဆာန်တွေစားသုံးလာတဲ့မိခင်သဘာဝကပေးတဲ့(Natural Vitamin E)ဖြစ်တဲ့(D)အမျိူးအစား(D-Alpha-Tocopherol)ဟာကင်ဆာရောဂါကိုဖြစ်စေနိုင်သလားလို့မေးရင်တော့ကျွန်တော်ဖြေနေစရာမလိုတော့ပါဘူး။ခင်ဗျာတို့အဖေ၊အမေ၊အဖိုး၊အဖွား၊ဘိုး၊ဘေး၊ဘီ၊ဘင်တွေကိုသာသွားမေးကြည့်ကြတော့ဗျာ။
Kelvin A Power
——————-
မှတ်ချက်။သဘာဝကလာတဲ့(D)အမျိုးအစား(Vitamin E)ဟာ(ဗီတာမင်)လဲဖြစ်(အန်တိုင်အောက်ဆီဒိုက်)လဲဖြစ်လို့သူမရှိရင်အသက်မရှင်နိုင်ပါဘူး။သူမရှိရင်အောက်ဆီဒိုက်ဖြစ်လို့ရောဂါမျိုးစုံလဲရရှိနိုင်ပါတယ်။သဘာဝနဲ့မတူပဲ၊အရင်းရှင်တွေလုပ်လုပ်ထားတဲ့(Vitamin E)ကတော့ကောင်းမယ်ဆိုးမယ်ဆိုတာကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားကြပေါ့ဗျာ။
Vitamin E ဝယ်သောက်မယ်ဆိုရင်ပုလင်းမှာ(D-Alpha-Tocopherol)လို့ရေးထားရင်သဘာဝထောပါတ်သီးတို့၊အာမွန်စေ့တို့၊ပဲပုတ်စေ့တို့ကနေထုတ်တာဖြစ်လို့ကမ္ဘာဦးကတည်းကစားလာတဲ့မိခင်သဘာဝကပေးတဲ့( Natural Vitamin E)အမျိုးအစားဖြစ်နေလို့အန္တရယ်မရှိပါဘူး။
သို့သော်ပုလင်းမှာ(DL-Alpha-Tocopherol)လို့ရေးထားရင်တော့၊ဓါတုဗေဒဓါတ်ခွဲခန်းမှာလုပ်ယူတဲ့၊သဘာဝနဲ့မတူညီတဲ့(Synthetic Vitamin E)ဖြစ်နေလို့မသောက်သင့်ပါဘူး။အန္တရာယ်လဲရှိနိုင်ပါတယ်။ဆီးကျိတ်ကင်ဆာလဲဖြစ်ချင်ဖြစ်နိုင်ပါတယ်။
(D)နဲ့(DL)ပဲကွာပါတယ်။ကျန်တဲ့နာမည်ကအတူတူပါပဲ။
Shopping Cart