Vitamin D3 ကြောင့်ရုတ်တရက်ကြီးဘယ်သူဘယ်ဝါရဲ့သူငယ်ချင်းကျောက်ကပ်ပျက်စီးသွားပါပြီပေါက်ကရရေးထားတဲ့စာလာပြပြီဆရာဘယ်လိုမြင်ပါသလဲ။

Source from Kelvin A. Power’s Facebook on December 30, 2020
Vitamin D3
ကြောင့်ရုတ်တရက်ကြီးဘယ်သူဘယ်ဝါရဲ့သူငယ်ချင်းကျောက်ကပ်ပျက်စီးသွားပါပြီစသည်ဖြင့်လမ်းဘေးဆေးရောင်းတဲ့လူတစ်ယောက်ထင်ရာပေါက်ကရရေးထားတဲ့စာလာပြပြီးဆရာဘယ်လိုမြင်ပါသလဲ၊ဘာညာဆိုပြီးတော့လာမလုပ်ကြပါနှင့်။
ကျွန်တော်အဲဒီလိုသုတေသနအထောက်အထားမရှိတဲ့လမ်းဘေးဈေးသည်တွေရေးတဲ့စာတွေကိုလိုက်ဖြေရှင်းပေးနေဖို့အချိန်မပေးနိုင်သလို၊သူတို့စာတွေကိုဖတ်စရာလဲမလိုအပ်ပါဘူး။သုတေသနအထောက်အထားခိုင်ခိုင်မာမာမရှိပဲရေးထားတဲ့စာတွေကိုကျွန်တော်အချိန်ကုန်ခံပြီးမဖတ်ပါ။
ရေးတဲ့လူတွေကတော့ပေါက်ကရရေးမှာပါပဲ။ခွေးဟောင်တိုင်းသာထကြည့်နေရမယ်ဆိုရင်၊အိပ်ရေးပျက်တာပဲအဖတ်တင်တော့မှာပေါ့။လူဆိုတာအသိဉာဏ်ရှိရတယ်၊အသက်ကိုဉာဏ်စောင့်တာပဲ။အထောက်အထားတိတိကျကျနဲ့ပြပြီးရေးတဲ့လူကိုမယုံပဲ၊စိတ်ထင်ရာပေါက်ကရရေးတဲ့လူကိုယုံကြည်ကြတယ်ဆိုရင်လဲ၊ကိုယ်ဖြစ်ကိုယ်ခံပဲလေ။ဉာဏ်ရှိရင်ပညာတတ်ရင်ဘယ်ဟာမဆိုအမှား၊အမှန်ဆိုတာဆုံးဖြတ်လို့ရပါတယ်။
အောက်ပါသုတေသနကိုဖတ်ကြည့်ရင်၊ သွေးထဲမှာ(Vitamin D 100 ng/ml)အထိအမြဲရှိနေပါစေ၊ကျောက်ကပ်(လုံးဝ၊လုံးဝ)ကျောက်မတည်ဘူးဆိုတာသုတေသနတိတိကျကျရှိနေပါတယ်။
Reference;
25-Hydroxyvitamin D in the range of 20 to 100 ng/mL and Incidence of Kidney Stones
Conclusions. We concluded that a serum 25-hydroxyvitamin D level of 20 to 100 nanograms per milliliter has no significant association with kidney stone incidence.
(Vitamin D3 )ဆိုတာကျောက်ကပ်ရောဂါအတွက်ကောင်းမွန်သက်သာစေနိုင်တယ်ဆိုတာအောက်မှာ(Links)တွေဖတ်ကြည့်လိုက်ပါဦး။
Vitamin D (25(OH)D) in patients with chronic kidney disease stages 2-5
It is common to find low levels of vitamin 25(OH) D in patients with CKD; these can contribute to the appearance of secondary hyperparathyroidism.
—-
Vitamin D in Chronic Kidney Disease and Dialysis Patients
Effects of Vitamin D2 Supplementation on Vitamin D3 Metabolism in Health and CKD
Role of Vitamin D in Uremic Vascular Calcification
Vitamin D (25(OH)D) in patients with chronic kidney disease stages 2-5
အထက်ပါသုတေသနတွေကိုဖတ်ကြည့်ရင်ကျောက်ကပ်ကျန်းမာရေးအတွက်၊(Vitamin D)ဟာဘယ်လောက်အရေးကြီးတယ်။(Vitamin D)ချို့တဲ့ရင်ကျောက်ကပ်ထိခိုက်ပျက်စီးနိုင်တယ်ဆိုတာသိရမယ်။
အရပ်စကားတွေနဲ့လက်တွေသုတေသနအထောက်အထားတွေယှဉ်ပြပေးထားပြီး။ခင်ဗျာတို့ကြိုက်တဲ့ဖက်ယုံလို့ရတယ်။အရပ်စကားယုံတယ်၊သုတေသနတွေမယုံဘူးဆိုရင်လဲကိုယ်ဖြစ်ကိုယ်ခံပဲ။
ဘာသုတေသနအထောက်အထားမှမရှိပဲနဲ့(Vitamin D)ကြောင့်ကျောက်ကပ်ပျက်စီးတယ်လို့ရမ်းပြောနေတဲ့လူတွေကိုပြောချင်တာကတော့။အဲဒီလူတွေကိုကျွန်တော်သိပ်ကိုသနားပါတယ်။စာများများဖတ်ပါလို့ပဲပြောချင်ပါတယ်။
(Vitamin D)ဆိုတာလူအများသိထားတာက(Calcium)စုပ်ယူတဲ့နေရာမှာအထောက်အကူပြုတယ်၊အရိုးသန်မာစေတယ်ဆိုတာကလွဲပြီးဘာမှပိုမသိကြဘူး။အဲဒီလောက်အသိနဲ့တော့ဘာမှသုံးစားလို့မရဘူး။ကျွန်တော်တို့(Biochemists)တွေသိထားတာကြတော့အဲဒီထက်အဆပေါင်းများစွာပိုပြီးနက်ရှိုင်းတယ်။
(Vitamin D)ဆိုတာကျောက်ကပ်ကအစပြုပြီး၊အသဲ၊အဆုတ်၊နှလုံးနှင့်သွေးလည်ပါတ်မှု့စနစ်ကြီးကိုထိန်းချုပ်နိုင်တဲ့(Renin Angiotensin System)ကြီးတစ်ခုလုံးကိုထိန်းချုပ်ထားနိုင်တယ်။(COVID-19)နဲ့လူတွေသေနေတယ်ဆိုတာ(Renin Angiotensin System)ကြီးပျက်စီးသွားလို့သေကြရတာ။(Vitamin D)ချို့တဲ့နေတဲ့(COVID)လူနာဟာ(Renin Angiotensin System)ကြီးကိုပုံမှန်လည်ပါတ်အောင်မထိန်းသိမ်းနိုင်တော့ဘူး။
(Renin Angiotensin System)ကြီးကိုမထိန်းသိန်းနိုင်တော့ရင်(Cytokine storm)ဖြစ်တယ်။ပြီးရင်(Bradykinin storm)ဖြစ်တယ်။ပြီးရင်ကိုယ်တွင်းအင်္ဂါအားလုံးပျက်စီးပြီးသေရတယ်။ဘယ်သူမှအသက်မကယ်ပေးနိုင်ဘူး။(Vitamin D)နေရာမှာဘာမှအစားထိုးလို့မရဘူး။သေတာပဲ။
(Vitamin D)ဆိုတာကျောက်ကပ်ရဲ့သွေးကြောကိုချဲ့ပေးပြီး၊ကျောက်ကပ်ရဲ့(Renin)အင်ဇိုင်းကိုထိန်းချုပ်ပေးနိုင်တယ်။ကျောက်ကပ်ကိုလဲကျန်းမာစေနိုင်တယ်။အဆုတ်က(ACE-2 Receptors)တွေကိုလဲတိုးပွားစေပြီးအဆုတ်ကိုကာကွယ်ပေးတယ်။(Angiotensin -2)ကနေ(Angiotensin 1-7)ကိုပြောင်းပေးနိုင်လို့၊ (Renin Angiotensin System)ကိုထိန်းချုပ်ပေးနိုင်ပြီး(COVID)လူနာတွေကိုအသက်ကယ်တင်ပေးနိုင်တယ်။
ကျောက်တည်တယ်ဆိုတာအဓိကအကြောင်းနှစ်ချက်ရှိတယ်။(Calcium)စားတိုင်း(Vitamin D3)သောက်တိုင်းကျောက်တည်တာမဟုတ်ဘူး။အဲဒီနှစ်မျိုးချို့တဲ့နေတဲ့လူတွေမှာပိုပြီးကျောက်တည်ပါတယ်။
ကျောက်တည်တယ်ဆိုတာနှစ်ချက်ရှိတယ်။
(၁) မကြာခဏ(Blood pH)တန်ဖိုးအက်ဆစ်ဖက်ကိုရောက်သွားလို့။
(၂) (Citric Acid, Malic Acid, Hydroxycitric acid)အစရှိတဲ့ကျောက်တွေကိုဖျော်ချပေးနိုင်တဲ့၊ကျောက်တည်မှု့ကိုကာကွယ်ပေးနိုင်တဲ့၊အဲဒီသဘာဝပစ္စည်းသုံးမျိုးချို့တဲ့လို့။မလုံလောက်လို့၊ဒါပဲ။
ကျောက်ကပ်ကျောက်မတည်စေချင်ဘူးဆိုရင်-
(၁) Blood pH အက်ဆစ်ဖက်ကိုမရောက်အောင်နေ၊အက်ဆစ်မဖြစ်စေချင်ရင်(Magnesium, Calcium, Potassium)တွေမချို့တဲ့အောင်နေ။
(၂) Citric Acid အများဆုံးပါတဲ့ရှောက်သီး၊သံပရာ၊လိမ္မော်၊ကျွဲကောမျိုးနွယ်ဝင်အသီးတွေများများစား။
Malic Acid, အများဆုံးပါတဲ့ပန်းသီးစိမ်း၊ပင်စိမ်းသီး၊ချဉ်စော်ကားသီးမျိုးနွယ်ဝင်တွေများများစားပေး။
Hydroxycitric acid ပါတဲ့မြန်မာတို့ရဲ့ချဉ်ပေါင်ရွက်၊ချည်ပေါင်သီးတွေနေ့တိုင်းစားပေး၊မြန့်မာ့ရိုးရာမပျက်စေနှင့်။
အဲဒီအချက်တွေကိုလိုက်နာရင်ဘိလပ်မြေနဲ့ရေဖျော်ပြီးလောင်းချတောင်ကျောက်မတည်ဘူး။လွယ်လွယ်လေး။
နောက်ဆို(Biochemistry)နားမလည်တဲ့လမ်းဘေးဈေးသည်တွေရေးတဲ့စာကိုလာပြပြီးဆရာရေ၊ထဖြေရှင်းပါဦးလို့လာမလုပ်ကြပါနှင့်။ကျွန်တော်ခွေးဟောင်တိုင်းထမကြည့်ချင်ဘူး၊အိပ်ရေးပျက်တယ်။
ကိုယ်တိုင်အပေါ်မှာပေးထားတဲ့သုတေသနတွေကိုသေချာဖတ်ကြပါ။သူများပြောတိုင်းယုံတတ်တဲ့၊ပညာမဲ့မျိုး၊လူမိုက်တွေမဖြစ်ကြပါစေနှင့်။
Kelvin Albert Power
Shopping Cart