Source from Kelvin A. Power’s Facebook on September 17, 2020
ဒီအတိုင်းဆိုရင်(COVID)ဆိုတာပြေးမလွတ်တော့ဘူး။မကြာမှီရက်ပိုင်းအတွင်းမှာလူတိုင်းကိုကူးစက်လာမှာပါပဲ။
—
အထူးအရေးတကြီးပြောချင်တာက(Vitamin D 70 ng/ml)အထက်ရှိတဲ့လူတွေကတော့ဘာမှဖြစ်မှာမဟုတ်ပါဘူး။အဲဒီအောက်ရောက်နေတဲ့လူတွေအမြန်ဆုံးမြှင့်တင်ပါ။လူအများစုကတော့(30 ng/ml)အောက်မှာပဲရှိနေတတ်ပါတယ်။မမြှင့်တင်ရင်အသက်အန္တရာယ်အထိတောင်ရှိနိုင်ပါတယ်။
—
ရှင်းရှင်းပြောရရင်(Vitamin D)ဆိုတာ(IU)အားဖြင့်သာသောင်းဂဏန်းချီပြီးပြောနေရတာပါ။(gram)အလေးချိန်အားဖြင့်(Micro Gram)လောက်ပဲရှိပါတယ်။(1 Micro Gram)ဆိုတာ(1 Gram)ရဲ့အပုံတစ်သန်းပုံရဲ့တစ်ပုံလောက်ပဲရှိပါတယ်။(Vitamin D)ကိုမပြောပါနှင့်အဆိပ်လို့ခေါ်ကြတဲ့အများသုံးနေတဲ့ပိုးသတ်ဆေးတွေတောင်(Micro Gram)လောက်ပဲနေ့တိုင်းသောက်ရင်မသေနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ပမာဏအားဖြင့်သိပ်နည်းနေလို့ပါပဲ။
—
ဒါကြောင့်အဆိပ်တောင်(Micro Gram)လောက်နဲ့မသေနိုင်တာ၊အဆိပ်မဟုတ်တဲ့(Vitamin D, Microgram)လောက်နဲ့တော့မသေနိုင်ပါဘူး၊စိတ်သာချပါ။(High Dose)သောက်ဖို့ကြောက်နေရင်တော့(Covid)ကခေါ်သွားလိမ့်မယ်။ယုံတာမယုံတာကိုယ့်အပိုင်း၊အသက်ကိုဉာဏ်စောင့်ပါတယ်။ဒီအချိန်(Covid)ကာလမှာတော့အသက်ကို(Vitamin D)စောင့်ပါတယ်။
—
(Vitamin D)နည်းနေတဲ့လူတွေဟာ၊တစ်နေ့ကို(5,000 IU)နေ့စဉ်သောက်ရင်နောက်(၄)လလောက်ကြာတော့မှ(Covid)ကိုအပြည့်အဝကာကွယ်ပေးနိုင်တဲ့ပမာဏရနိုင်ပါလိမ့်မယ်။တစ်နေ့ကို(10,000 IU)နေ့စဉ်သောက်ရင်တော့နောက်(၂)လလောက်ကြာတော့မှ(Covid)ကိုအပြည့်အဝကာကွယ်ပေးနိုင်တဲ့ပမာဏရပါလိမ့်မယ်။
—
ဒါပေမယ့်ခက်တာက(Covid)ကြီးက၊ခင်ဗျားတို့ကိုယ်ခန္ဓာထဲမှာ(Vitamin D)စွမ်းအားပြည့်လာတဲ့အချိန်ရောက်တဲ့အထိကူးစက်မလာသေးပဲ၊စိတ်ရှည်လက်ရှည်နဲ့သုံးလေးလလောက်အထိတော့ထိုင်စောင့်ပေးနေမှာမဟုတ်ပါဘူး။ဒီနေ့လဲရောဂါကူးစက်ဝင်ရောက်လာနိုင်သလို၊မနက်ဖန်နဲ့သဘက်ခါမှာလဲကူးစက်လာနိုင်တဲ့အခြေအနေတခုကိုရောက်နေပါပြီ။ကူးစက်ခံရပြီးတော့မှ(Vitamin D)ကိုပြေးသောက်လို့သိပ်ပြီးအကျိုးအပြည့်အဝမရရှိနိုင်တော့ပါဘူး။နောက်ကျသွားပါလိမ့်မယ်။
—
အရေးအကြီးဆုံးလူတွေအထင်မြင်မှားနေတဲ့အချက်က၊သောက်သမျှ(Vitamins)တွေရာနုန်းပြည့်အကုန်လုံးသွေးထဲကိုရောက်သွားတယ်လို့ထင်နေကြတယ်။တစ်ကယ်လို့သာစားတဲ့အစားအစာတိုင်းကိုရာနှုန်းပြည့်အကုန်လုံးအူကနေစုပ်ယူနိုင်ခဲ့မယ်ဆိုရင်၊ဘယ်သူမှထမင်းစားပြီးရင်အိမ်သာတက်စရာမလိုတော့ပါဘူး။စားသမျှသာအူလမ်းကြောင်းကစုပ်ယူနိုင်မယ်ဆိုရင်၊မစင်စွန့်စရာမှမလိုတော့တာ၊အိမ်တိုင်းမှာအိမ်သာထားစရာလဲမလိုအပ်တော့ဘူး။လောကမှာစားသမျှရာနှုန်းပြည့်အဟာရဖြစ်သွားပြီးအိမ်သာပြန်မတက်ရတဲ့လူမျိုးတစ်ယောက်လောက်မြင်ဖူးကြားဖူးကြရင်ပြောပါ။ကျွန်တော်တော့မမြင်ဖူးဘူး။ကြားတောင်မကြားဖူးပါဘူး။?။
—
ဒီနေရာမှာပြောချင်တာက၊လောကကြီးမှာဘယ်သူမှအစာစားပြီး၊အိမ်သာမသွားရတဲ့လူ၊မစင်မစွန့်ရတဲ့လူဆိုတာမရှိပါဘူး။အဲဒါဘာကြောင့်လဲဆိုတော့အစာအိမ်နဲ့အူလမ်းကြောင်းကစားသမျှအစာတွေအားလုံးရာနှုန်းပြည့်အကုန်မစုပ်ယူနိုင်လို့ပါပဲ။ဒါကြောင့်ဘာ(Vitamins)ပဲသောက်သောက်အကုန်မစုပ်ယူနိုင်ပါဘူး။အလွန်ကျန်းမာပြီးအစာအိမ်နဲ့အူလမ်းကြောင်းကောင်းမွန်နေတဲ့လူတစ်ယောက်ဟာပျမ်းမျှအားဖြင့်(50%)လောက်စုပ်ယူနိုင်ဖို့ဆိုတာတောင်အလွန်ခက်ခဲပါတယ်။
—
ကိုယ်ကမကျန်းမာဘူး၊အစာအိမ်လမ်းကြောင်းလဲမကောင်းဘူးဆိုရင်(20%)လောက်စုပ်ယူဖို့တောင်အနိုင်နိုင်ပါ။တချို့မကျန်းမာသူလူအများစုကတော့(10%)တောင်မစုပ်ယူနိုင်ပါဘူး။ကျန်တဲ့(90%)လောက်ကအိမ်သာကျင်းထဲကိုရောက်သွားကြတာပါဘဲ။ကျွန်တော်ပြောတဲ့အစာအိမ်လမ်းကြောင်းကောင်းပြီးအလွန်ကျန်းမာနေတဲ့လူဆိုတာဒီခေတ်ထဲမှာအသက်(၅၀)ကျော်တန်းလောက်မှာလိုက်ရှာကြည့်လိုက်ပါ။(၁၀)ယောက်ကိုစစ်တန်းကောက်ကြည့်လိုက်လို့တစ်ယောက်တောင်ရှာတွေ့ဖို့မလွယ်ကူလှပါဘူး။
—
ဆိုလိုတာက၊ယေဘူယျအားဖြင့်သာမာန်လူတစ်ယောက်စုပ်ယူနိုင်စွမ်းအားဟာ(20%)ထက်ပိုဖို့မလွယ်ကူပါဘူး။အဲဒါလေးကိုတော့လူတိုင်းကိုနားလည်ထားစေချင်ပါတယ်။လူတွေအားလုံးထင်ထားတာကလူတိုင်းတစ်ရက်ကို(D3 10,000 IU)သောက်လိုက်ရင်(10,000)လုံးသွေးထဲကိုရောက်သွားမယ်လို့ထင်နေကြတယ်။အများစုကတော့အလွန်ဆုံးရောက်မှ(2000 IU)လောက်ပါပဲ။ထမင်းစားပြီးအိမ်သာလုံးဝတက်စရာမလိုတဲ့လူမျိုးတစ်ယောက်လောက်ပရှိနေရင်တော့သောက်ထားသမျှရာနုန်းပြည့်သွေးထဲကိုရောက်ချင်ရောက်နိုင်ပါတယ်။
—
ဒါကြောင့်(D3 5000 IU)သိ့ုမဟုတ်(10000 IU)သောက်တဲ့လူဟာ(COVID)ကိုကာကွယ်ခုခံနိုင်တဲ့ပမာဏအတိုင်းအတာတစ်ခုရဖို့က(၂)လကနေ(၄)လအထိကြာသွားပါလိမ့်မယ်။ခင်ဗျားတို့ရဲ့(Covid)ကြီးက၊ရောဂါကူးစက်မလာသေးပဲ၊သုံးလေးလလောက်အထိတော့ထိုင်စောင့်ပေးနေမှာမဟုတ်ပါဘူး။ဒီနေ့လဲရောဂါကူးစက်ဝင်ရောက်လာနိုင်သလို၊မနက်ဖန်လဲဖျားနာလာနိုင်ပါတယ်။ဒါကိုသေချာရှင်းရှင်းလင်းလင်းနားလည်ဖို့လိုအပ်နေပါတယ်။
—
ဒါကြောင့်သွေးထဲမှာ(Vitamin D)နည်းနေတဲ့လူတွေဟာ၊ဒီနေ့ကစပြီး၊(Vitamin D3)တစ်နေ့ကို( 30,000 IU)သုံးသောင်း၊ကိုနေ့စဉ်(5)ရက်ဆက်တိုက်သောက်ပါ။(၆)ရက်မြောက်သောနေ့ကြမှနေ့စဉ်(10,000 IU)ကိုပြန်လျှော့ချလိုက်ပါ။မတော်တဆ(COVID)အကူးစက်ခံရလို့(Positive)ဖြစ်ပြီးဖျားနာလာရင်လဲတစ်ရက်ကို(30,000 IU)ပြန်မြှင့်တင်ပြီးနေ့စဉ်သောက်ပေးပါ။(Covid)ရောဂါ(ဖျားနာမှု့)ပျောက်သွားရင်တော့(10,000 IU)ပြန်လျှော့သောက်လို့ရပါတယ်။ဒီလိုအရေးပေါ်အချိန်မှာ(5000 IU)ဆိုတာဘာမှအသုံးမဝင်တော့ပါ။
—
သွေးထဲမှာ(Vitamin D)နည်းနေတဲ့လူတွေဟာ၊အခုချက်ခြင်း(၅)ရက်အတွင်း(Covid)မကူးစက်ခံရခင်မှာ၊သွေးထဲကို(Vitamin D)တစ်သိန်းခွဲ(IU)ချက်ခြင်းအရေးပေါ်ကြိုတင်ပြီးထည့်ထားဖို့လိုအပ်ပါတယ်။တစ်နေ့သုံးသောင်းနှုန်းနဲ့ငါးရက်ထည့်ရင်လဲရသလို၊တစ်နေ့ငါးသောင်းနှုန်းနဲ့သုံးရက်ထည့်ရင်လဲရတာပါပဲ။ဘယ်လိုပဲထည့်ထည့်၊ငါးရက်အတွင်းမှာအနည်းဆုံးတစ်သိန်းခွဲလောက်ထည့်မထားနိုင်ရင်တော့(Covid)ကြောင့်ကံဆိုးသူတွေစာရင်းထဲမှာပါချင်ပါသွားနိုင်ပါတယ်။
—
(၅)ရက်အတွင်း၊အနည်းဆုံးတစ်သိန်းခွဲအရင်ထည့်ပြီးပြီဆိုတော့မှ၊တစ်နေ့ကို(10,000 IU)ပြန်လျှော့ချလိုက်ပါ။အဲဒီလုပ်ငန်းစဉ်က(အခု)ဒီကနေ့စလုပ်ရမှာပါ၊မနက်ဖန်အတွက်၊နောက်တပါတ်အတွက်၊နောက်လမှစလုပ်ဖို့အတွက်ကြိုရေးပေးနေတာမဟုတ်ပါဘူး။(Covid)မကူးလာခင်အပြီးပြတ်ကြိုတင်လုပ်ထားရမယ့်အလုပ်ဖြစ်ပါသည်။(Covid)ကအဝေးကြီးမှာမဟုတ်ဘူး။ခင်ဗျားတို့အားလုံးရဲ့အိမ်ခေါင်းရင်းနဲ့၊ခြေရင်းမှာရောက်နေပါပြီ။(အခုချက်ခြင်း)လဲကူးစက်လာနိုင်တာပါပဲ။
—
(Vitamin D High Dose)သောက်ခိုင်းလို့ဆိုပြီးလာဆဲဆိုဖေါင်းထုလဲဂရုမစိုက်ပါဘူး။ကိုယ်ဖြစ်ကိုယ်ခံ၊အသက်ဉာဏ်စောင့်ပါတယ်။လာဖေါင်းထုတဲ့လူကိုလဲ(Vitamin D)ကြောင့်သေတယ်၊ရှင်တယ်ကွဲပြားသွားနိုင်တဲ့အဖြေကို(Covid)ကပဲလက်တွေ့အဆုံးအဖြတ်ပေးပါလိမ့်မယ်။စောင့်ကြည့်လိုက်ပါ။လူတိုင်းကြုံရမယ့်အတွေ့အကြုံပါပဲ။ဘယ်သူမှရှောင်လွဲလို့လဲမရနိုင်ပါဘူး။
—
ဒီအခြေအနေဟာသေရေးရှင်ရေးအခြေအနေကိုရောက်နေပြီဆိုတာအားလုံးနားလည်ဖို့လိုပါတယ်။ Kelvin က Covid နဲ့(USA, Florida)မှာအကြာကြီးတွေ့ထိဖြတ်သန်းလာခဲ့ရတာဆိုတော့ပိုပြီးသိပါတယ်။ (Vitamin D High Dose)သောက်ခိုင်းလို့လာဆဲဆိုဖေါင်းထုရင်နောင်ဘဝမှနောင်တရကြပါလိမ့်မယ်။
—
ယုံရင်အကျိုးရမယ်၊မယုံလို့ဆဲရင်လဲကိုယ်ဖြစ်ကိုယ်ခံပါပဲ။(Covid)ကတော့မယုံမိလို့(D3)မသောက်ပဲ၊ဆဲဆိုမိတာပါဆိုပြီးတောင်းပန်တဲ့သူကိုလဲခွင့်လွတ်မှာမဟုတ်ပဲသေရွာကိုခေါ်သွားမှာပါပဲ။ဆဲဆဲ၊ဖေါင်းထုထု၊ဂရုမစိုက်ပဲ၊လူတွေအကြောင်းမဲ့အသက်မဆုံးရံှုးကြရအောင်၊အမှန်တရားကိုတော့အဆဲဆိုခံပြီးရေးရမှာပါပဲ။အမှန်တရားကိုသိရက်နဲ့မပြောဘူး၊မရေးဘူးဆိုရင်တော့လူလိမ်နဲ့အတူတူပါပဲ။
—
အသက်ကိုဉာဏ်စောင့်တယ်ဆိုတာအမြဲတန်းမှန်ပါတယ်။ဒါပေမယ့်(Covid)ကာလအပိုင်းအခြားမှာတော့အသက်ကို(Vitamin D) လဲစောင့်ပါတယ်။ဒါကြောင့်၊မိုးကုတ်ဆရာတော်ဘုရားကြီးစကားနဲ့ပြောရရင်၊အသေမဦးခင်ဉာဏ်ဦးဖို့လိုအပ်သလို၊အသေမဦးခင်(D)ဦးဖို့လဲလိုအပ်နေပါတယ်။
—
အခုလောလောဆယ်တော့(D)အရင်ဖြည့်ထားလိုက်ပါ။ပြီးရင်(C )ထပ်ဖြည့်ဖို့လဲလိုအပ်ပါလိမ့်မယ်။ (C)အတွက်သီးသန့်ထပ်ရေးပေးပါမယ်။မရေးပေးခင်ကြိုပြောချင်တာက၊(Vitamin C)လဲတစ်နေ့ကို(1000 mg)သုံးကြိမ်လောက်ခွဲပြီး၊စုစုပေါင်း(3000 mg)လောက်(ယခု)ဒီကနေ့စတင်ပြီးဖြည့်တင်းထားဖို့အရေးပေါ်လိုအပ်နေပါတယ်။
—
ခပ်ကြမ်းကြမ်း၊ခပ်ပြတ်ပြတ်လေးရေးမှနားလည်လိုက်နာကြမှာဖြစ်လို့၊အမုန်းခံပြီးရေးရပါတယ်။ဒါပေမယ့်ဘယ်လိုပဲရေးရေးဒီစာရေးရတဲ့ရည်ရွယ်ချက်ကတော့၊အားလုံးကို(Covid)ဘေးကင်းဝေးစေလိုသောဆန္ဒကြောင့်ပါပဲ။
—
Kelvin Albert Power
—
မှတ်ချက်။COVID ကာလမှာ(D3)သောက်ပြီး(D3)လွန်သွားလို့၊အဆိပ်ဖြစ်ပြီးသေတဲ့လူတစ်ယောက်ပြနိုင်ရင်၊ကျွန်တော်က(D3)ချို့တဲ့လို့သေတဲ့လူအယောက်(၁၀၀)ပြန်ပြပေးမယ်။ရှင်းရှင်းလေး။
References:
—
Perspective: improving vitamin D status in the management of COVID-19
—
COVID-19 and vitamin D—Is there a link and an opportunity for intervention?
—
The role of vitamin D in the prevention of coronavirus disease 2019 infection and mortality
—
Mechanism of the inflammatory response in associated comorbidities in COVID-19
—
Enhancing immunity in viral infections, with special emphasis on COVID-19: A review
—
First Data to be Published on COVID-19 Severity and Vitamin D Levels
—
Vitamin D levels appear to play a role in COVID-19 mortality rates
—
—
—
Study: Vitamin D supplementation a key factor in COVID-19 severity
—
Vitamin D Determines Severity in COVID-19: Researchers Urge Government to Change Advice
—
The role of Vitamin D in the prevention of Coronavirus Disease 2019 infection and mortality
—
COVID-19 and vitamin D: SoCal doctor explains the connection
—
Perspective: improving vitamin D status in the management of COVID-19
—
Vitamin D levels appear to play a role in COVID-19 mortality rates
—