Source from Kelvin A. Power’s Facebook on September 18, 2020
အရေးပေါ်အခြေအနေမြန်မာပြည်။
ဒီ(COVID)ကခပ်ပေါ့ပေါ့လေးတော့မဟုတ်တော့ဘူးဗျ။အခုလဲဝမ်းနည်းစရာ၊သတင်းဆိုးတွေပဲတောက်လျှောက်ကြားနေရပြီ။မကြာခင်မြန်မာတစ်နိုင်ငံလုံးမှာဝမ်းနည်းစရာပိုကောင်းတဲ့သတင်းဆိုးတွေကြီးထပ်ပြီးအကြိမ်ကြိမ်ကြားရဦးမယ်။
—
အဲဒါဘာကြောင့်လဲဆိုတော့နေရောင်ထိရင်အသားမဲသွားမှာအလွန်ကြောက်ကြတဲ့မြန်မာလူမျိုးတွေမှာလူတိုင်းနီးပါး(Vitamin D)ချို့တဲ့နေကြလို့ပါပဲ။(Vitamin D, 70 ng/ml)ထက်များနေကြတဲ့လူဆိုတာလူဦးရေရဲ့(1%)တောင်မရှိဘူး။ဒါကိုနားလည်ဖို့လိုနေပြီ။
—
ငါကတော့လက်မောင်းမှာ(BCG Vaccine) ထိုးထားတာပဲ၊မသေနိုင်ပါဘူးကွာဆိုပြီးတော့ထိုင်စောင့်နေမယ်ဆိုရင်၊ဘာနဲ့သွားတူမလဲဆိုတော့မြို့ရိုးအုတ်တံတိုင်းကြီးတွေ၊ကျုံးကြီးတွေကိုတူးထားတာပဲ၊ရန်သူဝင်လာရင်ခုခံတိုက်ခိုက်ဖို့စစ်အင်အားတွေ၊စစ်သူရဲတွေမလိုပါဘူးကွာဆိုတဲ့ပုံစံဖြစ်သွားနိုင်ပါတယ်။ဘာ(BCG Vaccine)ဆေးပဲထိုးထားပါစေ၊(Vitamin D)တွေ(Vitamin C)တွေချို့တဲ့နေမယ်ဆိုရင်တော့၊အဲဒီလူကိုသိကြားမင်းဆင်းကယ်ရင်တောင်၊မရနိုင်ပါဘူး။
—
အောက်မှာအရေးကြီးတဲ့(Video) တစ်ခုပေးထားပါတယ်။နောက်ထပ်ခိုင်မာတဲ့သုတေသနအထောက်အထား(Links)တွေပါပေးထားပါတယ်။အသေးစိတ်သိချင်ရင်အဲဒီ(Video)ကိုသေချာအစအဆုံးကြည့်ပါ။ပြီးရင်အင်္ဂလိပ်လိုရေးထားတဲ့မူရင်း(Links)တွေကိုသေချာဖတ်ပါ၊လေ့လာပါ။
—
အင်္ဂလိပ်လိုနားထောင်ရတာ၊ဖတ်ရတာအခက်အခဲရှိသူတွေအတွက်ကတော့အဲဒီ(Video)နဲ့ပေးထားတဲ့(Links)တွေရဲ့အနှစ်ချုပ်ကလေးအတိုခြုံးပြီးရေးပေးပါမယ်။ဖေါ်ပြပါ(Video)မှာ(Bradykinin Storm Hypothesis)ကိုအခြေခံပြီး(Vitamin D)အရေးကြီးပုံ(Biochemistry)ကိုရှင်းပြထားပါတယ်။
—
အဲဒီ(Video)ထဲမှာအရေးအကြီးဆုံး(ပထမ)သုတေသနတစ်ခုကတော့၊
(၁။) (large population Israel study: The link between vitamin D deficiency and Covid-19 in a large
population) ဖြစ်ပါတယ်။
References:အသေးစိတ်သိချင်ရင်၊အောက်က(Link)မှာသေချာဝင်ပြီးဖတ်လို့ရပါတယ်။
—
အထက်ပါသုတေသနရဲ့ထူးခြားချက်က(Vitamin D)နဲ့(Covid 19)ဆက်စပ်ပုံအကြောင်းကိုနေရာဒေသဆေးရုံပေါင်း(၂၀၀)ကျော်မှာပြုလုပ်ထားပြီး။ပါဝင်သူလူပေါင်းငါးသိန်းကျော်နဲ့စမ်းသပ်ပြုလုပ်ထားတာဖြစ်ပါတယ်။
—
လူတွေအများကြီး(ငါးသိန်း)ကျော်ကိုနေရာဒေသပေါင်း(၂၀၀)ကျော်ခွဲပြီးသုတေသနလုပ်ထားလို့ရလာတဲ့အဖြေကဘာလဲဆိုတော့(Vitamin D)ချို့တဲ့မှု့နဲ့(Covid 19)ဖြစ်ပွားမှု့တွေ၊သေပျောက်မှု့တွေဟာသေချာဆက်စပ်မှု့ရှိနေတယ်ဆိုတဲ့အဖြေကိုရလိုက်ပါတယ်။သုတေသနတစ်ခုမှာအရေးအကြီးဆုံးဖြစ်တဲ့၊ (probability of obtaining random results value, P-value)တန်ဖိုးဟာ၊(P<0.001)ဖြစ်နေလို့၊အလွန်ခိုင်မာပြီး၊ယုံကြည်စိတ်ချရပါတယ်။
—
P-value)ဟာ(P<0.001) ဆိုတဲ့အဓိပ္ပါယ်ကအမှားအယွင်းတန်ဖိုးတစ်ထောင်ပုံမှာတစ်ပုံတောင်မရှိဘူးလို့ဆိုလိုတာဖြစ်ပါတယ်။သုတေသနတစ်ခုမှာ၊အမှားယွင်းတန်ဖိုး(5%)ထက်နည်းရင်တောင်အလွန်ခိုင်မာနေပြီဖြစ်လို့၊တစ်ထောင်ပုံတစ်ပုံတောင်မမှားနိုင်တဲ့(P<0.001)လောက်တန်ဖိုးရှိတဲ့သုတေသနဟာအလွန်ခိုင်မာသေချာပါတယ်။
—
(P<0.001) ဆိုတာဟာမတော်တဆတိုက်ဆိုင်မှု့မျိုး(လုံးဝ)မဟုတ်ပါဘူး။ဒီသုတေသနကိုအနှစ်ချုပ်လိုက်ရင်(Vitamin D)ချို့တဲ့သူဟာ(Covid)ဖြစ်ရင်သေနိုင်တယ်။(Vitamin D)တွေလုံလောက်နေရင်မသေနိုင်ဘူး။ဒါအဖြေပါပဲ။အသေးစိတ်သိချင်ရင်(Video)ကိုသေချာကြည့်ပါ။(Link)ကိုသေချာဖတ်ပါ။
—
(၂။)နောက်ထပ်ပိုပြီးအရေးကြီးတဲ့သုတေသနတစ်ခုက(The Journal of Steroid Biochemistry and Molecular Biology)မှာပါတဲ့။
(“Effect of calcifediol treatment and best available therapy versus best available therapy on intensive care unit admission and mortality among patients hospitalized for COVID-19: A pilot randomized clinical study” University hospital setting (Reina Sofia University Hospital, Córdoba Spain.)ဆိုတဲ့စပိန်နိုင်ငံကသုတေသနပါပဲ။
References:အသေးစိတ်သိချင်ရင်၊အောက်က(Link)မှာသေချာဝင်ပြီးဖတ်လို့ရပါတယ်။
—
ဒီဒုတိယသုတေသနကဘာပြောထားသလဲဆိုတော့၊(Covid 19 positive)ဖြစ်တဲ့လူနာပေါင်း(၇၆)ယောက်ကိုမဲနိုက်လူခွဲပြီးအုပ်စုနှစ်စုခွဲလိုက်တယ်။ပထမအုပ်စုမှာလူ(၅၀)ထားပေးတယ်၊နောက်အုပ်စုမှာလူ(၂၆)ယောက်ခွဲလိုက်တယ်။
—
အုပ်စုနှစ်စုလုံးကလူနာ(၇၆)ယောက်လုံးကိုထုံးစံအတိုင်းဆေးရုံမှာ(hydroxychloroquine နှင့် azithromycin)ဆိုတဲ့ဆေးတွေကိုညီတူညီမျှပေးပြီးကုကြည့်တယ်။သို့သော်လူ(၅၀)ရှိတဲ့အုပ်စုကိုကျတော့(Vitamin D)ပေးပြီး၊ကျန်တဲ့လူ(၂၆)ယောက်ကိုကြတော့(Vitamin D)လုံးဝမပေးပဲကုကြည့်တယ်။
—
ရက်သတ္တပါတ်အနည်းငယ်အတွင်းမှာအဖြေကဘာရသလဲဆိုတော့၊(Vitamin D)လုံးဝမပေးပဲကုကြည့်တဲ့လူ(၂၆)ယောက်ထဲကနေ(၁၃)ယောက်တိတိ၊ရောဂါအခြေအနေတွေအရမ်းဆိုးလာလို့(ICU)ကိုပို့လိုက်ရတယ်။အဲဒီ(ICU)ပို့ခံရတဲ့ကံဆိုးသူ(၁၃)ယောက်ထဲက(၂)ယောက်ကတော့အသက်ပြန်ပါမလာတော့ဘူး။(၁၃)ယောက်မှ(၁၁)ယောက်ပဲအသက်ပြန်ပါလာတယ်။အသေးစိတ်သိချင်ရင်(Link)ပေးထားတယ်၊အင်္ဂလိပ်လိုဖတ်ကြည့်လိုက်ပါ။
—
ဆိုလိုတာက(Vitamin D)လုံးဝမပေးပဲကုကြည့်တဲ့လူ(၂၆)ယောက်ထဲကနေ(50%)ဟာအခြေအနေဆိုးလာလို့(ICU)ကိုပို့လိုက်ရတယ်။(၂၆)ယောက်အုပ်စုမှာ(၂)ယောက်သေတယ်ဆိုတော့၊သေပျောက်နှုန်းတွက်ကြည့်လိုက်တော့(8%)နီးပါးဖြစ်သွားတာပေါ့ဗျာ။
—
(Vitamin D High Dose)ပေးပြီးကုတဲ့အယောက်(၅၀)ထဲမှာတစ်ယောက်ပဲ(ICU)ရောက်တယ်။(Vitamin D)အလုံအလောက်ရအဲဒီလူတစ်ယောက်က(ICU)မှာမသေပဲ၊မကြာခင်ပြန်နေကောင်းသွားတယ်။ဒီလိုဆိုတော့လူ(၅၀)ပါတဲ့အုပ်စုထဲကတစ်ယောက်မှမသေဘူးပေါ့။ဒီတော့သေပျောက်နုန်းက(0%)ပဲရှိပါတယ်။
—
အဲဒီ(Reina Sofia University Hospital, Córdoba Spain.)စပိန်သုတေသနကိုကြည့်မယ်ဆိုရင်၊(Vitamin D)လုံလောက်အောင်ရရှိတဲ့လူတွေကတော့သေပျောက်နုန်း(0%)ဖြစ်သွားပြီးလူ(၅၀)မှာတစ်ယောက်တောင်မသေလိုက်ပါဘူး။ရာနှုန်းပြည့်ရောဂါသက်သာပျောက်ကင်းသွားပါတယ်။
—
အခြားတစ်ဖက်မှာ၊(Vitamin D)မရလိုက်ရှာတဲ့ကံဆိုးသူ(၂၆)ယောက်မှာတော့(၂)ယောက်သေဆုံးသွားရပါတယ်။ဒါကြောင့်(8%)နီးပါးသေပျောက်နှုန်းရှိပါတယ်။ဒါဟာအလွန်ရှင်းပါတယ်။(P-value)ဟာ(P<0.001)လောက်ပဲရှိလို့ဒီသုတေသနမျိုးဟာအလွန်ခိုင်မာသေချာပါတယ်။အမှားအယွင်းတန်ဖိုးတစ်ထောင်ပုံမှာတစ်ပုံတောင်မရှိနိုင်ပါဘူးလို့ဆိုလိုတာဖြစ်ပါတယ်။
—
ဒါဆိုကျွန်တော်မေးချင်ပါတယ်။ခင်ဗျားတို့ရော(Covid)ရောဂါဖြစ်လာရင်ဘယ်အုပ်စုထဲမှာပါသွားချင်ပါသလဲ၊(ICU)ရောက်ပြီးခက်ခက်ခဲခဲအသက်လုရပြီး(၈%)သေသွားတဲ့(၂၆)ယောက်အုပ်စုအထဲမှာကိုယ်ပါသွားချင်ပါသလား။ဒါမှမဟုတ်အေးအေးသာသာနဲ့ရောဂါပျောက်ကင်းသွားတဲ့၊စေပျောက်သူတစ်ယောက်မှမရှိတဲ့၊(၅၀)ယောက်အုပ်စုထဲမှာပါချင်ပါသလား?။
—
ရှင်းရှင်းပြောရရင်(၈%)သေရမယ့်အုပ်စုထဲမှာနေချင်လား?။(0%)တစ်ယောက်တလေမှမသေနိုင်တဲ့အုပ်စုထဲမှာပါချင်သလား?။အဲဒါကိုဆေးရုံကခွဲတန်းချပေးမှာမဟုတ်ပါဘူး၊ခင်ဗျားတို့ကိုယ်တိုင်ကိုယ်သွားမဲ့လမ်းကိုကိုယ်တိုင်ရွေးချယ်ကြရမှာပါ။
—
(Vitamin D)ကို(High dose)သောက်ရမှာကြောက်နေတယ်ဆိုရင်သေမယ့်(8%)မှာခင်ဗျားအလိုလိုပါသွားပြီ။ (Vitamin D)ကို(High dose)သောက်ရမှာမကြောက်ဘူးဆိုရင်တော့ခင်ဗျားသေပျောက်နှုန်း(0%)ရာခိုင်နုန်းအုပ်စုဝင်ဖြစ်သွားပြီ။(Vitamin D High dose)ဆိုတာတစ်ရက်(5000 IU)ကိုမဆိုလိုဘူး။တစ်ရက်ကိုအနည်းဆုံး(10,000 IU)ကအစပြုလို့(30,000 IU)အထိကိုဆိုလိုတာ။
—
ဒါကြောင့်သွေးထဲမှာ(Vitamin D)နည်းနေတဲ့လူတွေဟာ၊ဒီနေ့ကစပြီး၊(Vitamin D3)တစ်နေ့ကို( 30,000 IU)သုံးသောင်း၊ကိုနေ့စဉ်(5)ရက်ဆက်တိုက်သောက်ပါ။(၆)ရက်မြောက်သောနေ့ကြမှနေ့စဉ်(10,000 IU)ကိုပြန်လျှော့ချလိုက်ပါ။မတော်တဆ(COVID)အကူးစက်ခံရလို့(Positive)ဖြစ်ပြီးဖျားနာလာရင်လဲတစ်ရက်ကို(30,000 IU)ပြန်မြှင့်တင်ပြီးနေ့စဉ်သောက်ပေးပါ။(Covid)ရောဂါ(ဖျားနာမှု့)ပျောက်သွားရင်တော့(10,000 IU)ပြန်လျှော့သောက်လို့ရပါတယ်။ဒီလိုအရေးပေါ်အချိန်မှာ(5000 IU)ဆိုတာဘာမှအသုံးမဝင်တော့ပါဘူး။ထည့်ကိုမတွက်နေပါနဲ့တော့။
—
ဒါဆိုမေးစရာရှိလာတယ်။ဟုတ်ပြီဆရာ(Kelvin)ခင်ဗျားကတစ်ရက်ကိုသုံးသောင်း(IU)နှုန်းနဲ့ငါးရက်ဆက်တိုက်သောက်ခိုင်းတယ်ဆိုတော့(၅)ရက်အတွင်းမှာတင်တစ်သိန်းခွဲ(IU)ဖြစ်နေပြီ၊များမနေဘူးလား၊။အဲဒီလောက်သောက်မှရတဲ့သုတေသနအထောက်အထားဘာရှိပါသလဲ?။လို့မေးစရာမလိုလာဘူးလား။မေးပါ။အဖြေကအောက်မှာပေးထားပါတယ်။
—
ဒီမေးခွန်းကိုဖြေဖို့၊အဆိုပါ(Spain)သုတေသနမှာသုံးထားတဲ့(Vitamin D)ဟာဘာအမျိုးအစားလဲ?။နေ့စဉ်ဘယ်လောက်ပမာဏတောင်ပေးထားသလဲ?။ဆိုတာဆက်ပြီးလေ့လာကြည့်ကြရအောင်။
–
အဲဒီ(Spain)သုတေသနမှာသုံးသွားတဲ့(Vitamin D)ဟာအပြင်းစား(Active form 25OHD, calcifediol)ဖြစ်ပါတယ်။ကျွန်တော်တို့သောက်နေကြတဲ့(Supplement)တွေမှာသုံးထားတဲ့(Vitamin D)ကတော့(Cholecalciferol, Vitamin D3)အပျော့စားဖြစ်ပါတယ်။ဒီနှစ်ခုဘယ်လိုကွာခြားသလဲ၊ပြင်းအားဘယ်လောက်တောင်ကွာခြားပါသလဲ?။
—
အဲဒီမေးခွန်းကိုဖြေနိုင်ဖို့ကစာမျက်နာ(450)နီးပါးလောက်ရှိတဲ့အောက်ပါစာအုပ်ကိုခက်ခက်ခဲခဲရှာဖတ်ရပါတယ်။
From the book of “Dietary Reference Intakes for Calcium, Phosphorus, Magnesium, Vitamin D, and Fluoride” Page 255.
—
အဲဒီစာအုပ်ရဲ့၊စာမျက်နာ(၂၅၅)ရဲ့အောက်နားလေးမှာသေချာရေးထားပေးပါတယ်။
(1 IU of vitamin D is defined as the activity of 0.025 μg of cholecalciferol in bioassays with rats and chicks. Thus, the biological activity of 1 μg of vitamin D is 40 IU. The activity of 25(OH)D is 5 times morepotent than cholecalciferol; thus, 1 IU = 0.005 μg 25(OH)
Page 255, References: https://www.nap.edu/download/5776
—
စာအုပ်ရဲ့စာမျက်နာ(၂၅၅)အောက်ဆုံးနားမှာ၊သုတေသနမှာသုံးသွားတဲ့(Calcifediol 40 IU)ဟာကျွန်တော်တို့သောက်နေတဲ့(Cholecalciferol Vitamin D3, 200 IU)နဲ့ညီမျှပါတယ်။ဆိုလိုတာကသုတေသနမှာသုံးသွားတဲ့(Vitamin D)ဟာကျွန်တော်တို့သောက်နေတဲ့(Vitamin D3)ထက်(၅)ဆလောက်ကိုအားပိုပြင်းပါတယ်။
—
အထက်ပါသုတေသနမှာ(Vitamin D active form)ဘယ်လောက်သုံးထားသလဲဆိုတာပြန်ကြည့်ကြရအောင်၊
(Eligible patients were allocated at a 2 calcifediol:1 no calcifediol ratio through electronic randomization on the day of admission to take oral calcifediol (0.532 mg), or not. Patients in the calcifediol treatment group continued with oral calcifediol (0.266 mg) on day 3 and 7, and then weekly until discharge or ICU admission. Outcomes of effectiveness included rate of ICU admission and deaths.)လို့သေချာဖေါ်ပြထားပါတယ်။
—
ဆိုလိုတာက(Vitamin D active form)မပေးရမယ့်လူတွေကိုလုံးဝမပေးပါဘူး။ပေးရမယ့်လူတွေကိုတော့ပထမ(၃)ရက်ဆက်တိုက်(calcifediol)တစ်ရက်ကို(0.532 mg)ပေးပါတယ်။(532 microgram)ပေါ့။နောက်(၄)ရက်မှာကြတော့တစ်ရက်ကို(0.266 mg)ပေးပါတယ်။(266 microgram)ပေါ့။အဲဒီလိုပထ(၇)ရက်ဆက်တိုက်ပေးထားပြီးနောက်ပိုင်းတစ်ပါတ်တစ်ကြိမ်ပဲပေးပါတော့တယ်လို့တိတိကျကျရေးသားဖေါ်ပြထားပါတယ်။
—
ရိုးရိုး(D3)မပေးပဲ(၅)ဆပိုပြင်းတဲ့(Vitamin D active form calcifediol)ကိုပေးတယ်ဆိုတော့၊(microgram)တန်ဖိုးတွေကို(IU)ပြောင်းပြီး၊ငါးနဲ့မြောက်ကြည့်မယ်ဆိုရင်ခင်ဗျားတို့သောက်နေတဲ့(Cholecalciferol D3)ဘယ်လောက်(IU)နဲ့ညီမျှတယ်ဆိုတာကိုတိတိကျကျတွက်ယူလို့ရပါတယ်။
—
အဲဒီပမာဏကိုခင်ဗျားတို့နေ့စဉ်သောက်နေတဲ့(Cholecalciferol D3)ပမာဏအရပြောရမယ်ဆိုရင်၊
ပထမ(၃)ရက်ဆက်တိုက်မှာတစ်ရက်ကို(D3=106,400 IU)၊တစ်သိန်းနဲ့ခြောက်ထောင့်လေးရာ(IU)ပေးရပါတယ်။
အဲဒီအတိုင်း(၃)ရက်ဆက်တိုက်ပေးပြီးရင်၊နောက်ရက်တွေမှာ(D3= 53,200 IU)ငါးသောင်းသုံးထောင့်နှစ်ရာ(IU)ပေးပြီးဆေးကုသရပါတယ်။
–
(106,400 IU)သုံးရက်ဆက်တိုက်နဲ့၊(53200 IU)ထပ်ပြီးလေးရက်ပေါင်းလိုက်ရင်၊လူနာတစ်ယောက်ကို(၇)ရက်အတွင်းမှာ၊(D3= 532,000 IU)ဖြစ်သွားပါတော့တယ်။တစ်ပါတ်အတွင်းမှာလူနာတစ်ယောက်စီကို(Vitamin D3) ငါးသိန်း၊သုံးသောင်းနှစ်ထောင်(IU)လောက်ပေးလိုက်လို့၊လူနာငါးဆယ်လုံးတစ်ယောက်မှမသေပဲအသက်ပြန်ရှင်လာရပါတယ်။
—
ဒါဆိုခင်ဗျားတို့ကိုကျွန်တော်ပြန်မေးစရာရှိလာပါတယ်။ကျွန်တော်ခင်ဗျားတို့ကို(၅)ရက်အတွင်း(D3)တစ်သိန်းခွဲ(IU)သောက်ပါလို့ပြောတာများတယ်လို့ထင်ပါသလား?။မများပါဘူး၊နည်းတောင်နည်းနေပါတယ်။များတယ်လို့ထင်ရင်မသောက်ပါနဲ့၊ကိုယ်ဖြစ်ကိုယ်ခံပါပဲ။
—
ဒါကြောင့်ပညာမဲ့စွာနဲ့ဆဲဆိုဝေဖန်နေမယ့်အစား၊အောက်မှာပြထားတဲ့၊သုတေသန(Links)တွေကိုသေချာစွာလေ့လာပါ။ကိုယ်တိုင်ဆုံးဖြတ်ပါ။တပါတ်အတွင်း(Vitamin D)ငါးသိန်းကျော်(IU)ပေးပြီး(COVID)ကိုကုသရင်တစ်ယောက်မှမသေပဲရာနှုန်းပြည့်အောင်မြင်တယ်ဆိုတာအလကားမဟုတ်ပါဘူး၊လက်တွေ့ခိုင်မာတဲ့သုတေသနတွေအများကြီးရှိနေပါပြီ။ဒါအလွန်ရှင်းပါတယ်။
—
နောက်ဆုံးမှာချင်တာက၊ခပ်ရှင်းရှင်းနဲ့ခပ်ကြမ်းကြမ်းပဲပြောပါမယ်။ဒါမှနားထောင်မှာဖြစ်ပါတယ်။(COVID)ရောဂါဆိုးကြီးကြောင့်မိမိရဲ့မိသားစုမှာဝမ်းနည်းစရာကောင်းတဲ့အဖြစ်ဆိုးကြီးတွေမကြုံချင်ဘူးဆိုရင်၊ပြန်ပြီးအစားထိုးယူလို့မရနိုင်တဲ့မိသားစုဝင်တစ်ယောက်ယောက်မဆုံးရံှုးချင်ဘူးဆိုရင်၊ပြင်ယူလို့မရတဲ့နောင်တတွေနဲ့ဘဝကိုအဆုံးမသတ်ချင်ဘူးဆိုရင်၊(Vitamin D)ကိုတပါတ်အတွင်းမှာ(High Dose)သောက်ဖို့မကြောက်ကြပါနှင့်။
—
(Vitamin D High Dose)ကိုအရေးပေါ်ယာယီသောက်လို့မသေနိုင်ပါဘူး။မသောက်ရင်တော့(Covid)ကြောင့်သေချင်သေနိုင်ပါတယ်။ဒါအရှင်းဆုံးပြောတာပါ။မြန်မာပြည်မှာဝမ်းနည်းစရာကောင်းတဲ့သတင်းဆိုးတွေထပ်ထပ်ပြီးအကြိမ်ကြိမ်မကြားချင်လို့အမုန်းခံ၊အဆဲအဆိုခံပြီးပြောနေရတာဖြစ်ပါတယ်။ယုံတာမယုံတာ၊လိုက်နာတာမနာတာကတော့ခင်ဗျားတို့အပိုင်းပါပဲ။
—
သုတေသနနဲ့လဲအတိအကျပြထားပြီးပြီ။ကိုယ်တိုင်လဲအင်္ဂလိပ်လိုသွားဖတ်လေ့လာကြည့်လို့ရတယ်။(video)လဲကြည့်လို့ရတယ်။ဒါကိုလာဆဲပြီးဖေါင်းထုနေမယ်ဆိုရင်တော့၊အဲဒီလူဟာစာမတတ်ဘူးဆိုတာအလွန်သေချာပါတယ်။စာမတတ်တဲ့လူရဲ့ပြောစကားကိုနားယောင်မိတဲ့လူတွေကတော့ပိုပြီး(ပိန်း)သွားပါပြီ။ဒီကိစ္စလာပြီးဝေဖန်ဆဲဆိုတဲ့လူတွေအတွက်ကတော့ကိုယ်ဖြစ်ကိုယ်ခံပါပဲ။(Covid)ကတော့လူရွေးမှာမဟုတ်ပါဘူး။
—
ဒီနေ့တော့ဒီလောက်ပါပဲ။အောက်ကသုတေသနတွေကိုသေချာဖတ်ပါ။သုတေသနတွေသေချာမဖတ်ပဲ(Myanmar Fact Check)လိုလာလုပ်ရင်တော့အရှက်ကွဲသွားပါမယ်။(Myanmar Fact Check)လုပ်ရပ်ဟာအလွန်အောက်တန်းကျပြီး၊ရှက်စရာလဲကောင်းပါတယ်။(Vitamin D)ချို့တဲ့လို့လူတွေသေရပြီဆိုရင်တော့(Myanmar fact Check)ရဲ့တာဝန်ပါပဲ။အဲဒီတာဝန်ကြွေးကိုတစ်နေ့ပြန်လည်ပေးဆပ်ရပါမယ်။
—
စာများများဖတ်ကြပါ။အထူးသဖြင့်သုတေသနတွေကိုသေချာလေ့လာပါ။ဘာမှမလေ့လာပဲထိုင်ကြောက်နေလို့တော့ဘေးမကင်းသွားနိုင်ပါဘူး။ပေးထားတဲ့(Link)တွေသေချာမဖတ်ပဲဝေဖန်ရင်တော့(Myanmar Fact Check)လိုပညာကောင်းကောင်းပြန်ပေးခြင်းခံရပါမယ်။
—
Kelvin Albert Power
———————-
References:
–
https://www.facebook.com/kelvin.power.1675/videos/332088764734204