Source from Kelvin A. Power’s Facebook on June 1, 2020
–မေးခွန်း(၁)။(Vitamin C)သောက်ရင်ဘယ်အမျိုးအစားသောက်သင့်ပါသလဲ?။(Acid)လား?။(Non-Acid)လား?။ဘာကြောင့်ပါလဲ။?
–
ဒီနေရာမှာပြောချင်တာကကျွန်တော်တို့(Functional medicine)သမားတွေဆိုတာအရင်းရှင်၊ဆေးကုမ္မဏီကြီးတွေရဲ့လမ်းညွန်ချက်တွေမှာလမ်းဆုံးမသွားပဲ၊မိခင်သဘာဝတရားကိုပိုပြီးအလေးထားဖို့လိုအပ်ပါတယ်။
–
ကျွန်တော်တို့မှာအစစအရာရာတိုင်းကိုဆုံးဖြတ်ဖို့အခြေခံအားဖြင့်မူနှစ်ခုရှိပါတယ်။
နံပါတ်(၁)ကတော့မိခင်သဘာဝကပေးတဲ့သဘောတရားတွေနဲ့ကိုက်ညီမှု့ရှိမရှိ။
နံပါတ်(၂)ကတော့ခိုင်မာပြီးစိတ်ချရတဲ့သုတေသနအထောက်အထားတွေရှိမရှိ။
ဆိုတဲ့နှစ်ချက်ကိုအဓိကထားစဉ်းစားရပါမယ်။
–
(Vitamin C)သောက်ရင်ဘယ်လိုအမျိုးအစားသောက်သင့်ပါသလဲလို့မေးလာရင်၊(Vitamin C)ကိုမိခင်သဘာဝအားဖြင့်ဘယ်လိုအမျိုးအစားတွေအဖြစ်၊ဘယ်လိုအခြေအနေတွေအဖြစ်အများဆုံးတွေ့ရပါသလဲဆိုတာကိုအဓိကထားလေ့လာကြဖို့လိုအပ်ပါတယ်။
–
(Vitamin C)ဆိုတာဟင်းသီးဟင်းရွက်၊သစ်သီးသစ်ဥ၊အသီးအနှံတွေတော်တော်များများတွေမှာအများဆုံးပါဝင်ကြပါတယ်။ဒါပေမဲ့အချဉ်ဓါတ်အရသာများတဲ့(citrus fruits)အုပ်စုအသီးတွေဖြစ်တဲ့၊သံပရာသီး၊သံပုယိုသီး၊ရှောက်သီး၊လိမ္မော်သီးတို့အုပ်စုမှာပိုပြီးအမြောက်အများပါဝင်နေပါတယ်။
–
ဒီနေရာမှာထူးခြားတဲ့အချက်နှစ်ချက်က
–
နံပါတ်(၁)(Vitamin C)ကိုမိခင်သဘာဝမှာ(Ascorbic Acid)အဖြစ်သာအများဆုံးတွေ့ရှိရတဲ့အတွက်(Ascorbic Acid)ဟာမိခင်သဘာဝကပေးတဲ့(Vitamin C)အမျိုးအစားဖြစ်ပါတယ်။
–
နံပါတ်(၂)ပိုပြီးထူးခြားတဲ့အချက်က၊များသောအားဖြင့်၊မိခင်သဘာဝမှာ(Vitamin C)တစ်ခုတည်းသီးသန့်မတွေ့ရှိရပဲ၊(Bioflavonoids)တွေတစ်မျိုးမျိုးနဲ့အမြဲတွဲတွဲပြီး၊ပေါင်းစည်းပြီးတွေ့ရှိရတတ်ပါတယ်။ဒီအချက်ကတော့အထူးသတိထားရမယ့်အချက်ပါ။
–
(Vitamin C)တစ်ခုတည်းကို(Bioflavonoids)မပါပဲသောက်ရင်မိခင်သဘာဝတရားနဲ့မကိုက်ညီလို့ရေရှည်မှာအကျိုးအပြစ်ဘာဖြစ်မယ်ဆိုတာဘယ်သူမှတိတိကျကျမပြောနိုင်ပါဘူး။သို့သော်(Bioflavonoids)နှင့်တွဲသောက်မယ်ဆိုရင်တော့မိခင်သဘာဝတရားနဲ့ကိုက်ညီမျှတနေလို့ဆိုးကျိုးတွေမရှိနိုင်ဘူးဆိုတဲ့အချက်ဟာအလွန်ရှင်းလင်းပြတ်သားပါတယ်။
————————————————
မေးခွန်း(၂)။(Vitamin C)ကိုရေရှည်သောက်ရင်ကျောက်ကပ်ကျောက်တည်ပျက်စီးနိုင်သလား။အစာအိမ်ပျက်စီးနိုင်သလား။အန္တရာယ်ရှိနိုင်သလား။?
–
တချိ့ုက(Vitamin C)ကိုကျောက်ကပ်ကျောက်တည်ပျက်စီးနိုင်တယ်လို့ို့ို့ယုံကြည်နေကြပါတယ်။
–
ဒါဆိုရင် ကျွန်တော်ကလူတစ်ယောက်ကိုသံပုရာရည်စစ်စစ်၊သကြားမပါပဲ၊တစ်နေ့ကိုလေးငါးခွက်လောက်နေ့တိုင်းဖျော်သောက်ခိုင်းမယ်ဆိုရင်။အဲဒီလူရောဂါတွေဖြစ်ပြီးကျောက်ကပ်မှာကျောက်တည်ပျက်စီးနိုင်မလား။ဒါမှမဟုတ်ရောဂါတွေကင်းလာပြီးတည်နေတဲ့ကျောက်တွေကြေပြီးရှင်းလင်းသွားမလားလို့ခင်ဗျားတို့ကိုပြန်မေးချင်ပါတယ်။
–
ဒီမေးခွန်းကခလေးတွေတောင်မှန်အောင်ဖြေနိုင်ပါတယ်။တစ်ကယ်တော့သံပုရာရည်တစ်နေ့ကိုလေးငါးခွက်လောက်နေ့တိုင်းဖျော်သောက်တဲ့လူဟာကျောက်ကပ်ကျောက်မတည်ပါဘူး၊ရေရှည်မှာတည်နေတဲ့ကျောက်တွေတောင်ကျေစေနိုင်တဲ့အပြင်တခြားရောဂါတွေအားလုံးလဲပျောက်ကင်းကောင်းပျောက်ကင်းသွားစေနိုင်ပါတယ်၊ဘာကြောင့်လဲဆိုတော့သဘာဝအတိုင်းသံပုရာသီးမှာ(ascorbic acid)နဲ့အတူ(Citrus Bioflavonoids)တွေတွဲပြီးပါနေလို့ပါပဲ။
–
(Bioflavonoids)ဆိုတာတစ်ခြားမဟုတ်ပါဘူး၊(Vitamin C High Dose)ရေရှည်သောက်ရင်(side effects)တွေမဖြစ်အောင်ထိန်းသိန်းပေးဖို့မိခင်သဘာဝကတွဲပေးထားလိုက်တဲ့ဓါတ်ပေါင်းတစ်မျိုးပါပဲ။
–
(Vitamin C)နှင့် Bioflavonoids)နှစ်မျိုးကိုအချိုးကျပေါင်းပြီးသောက်လို့ကျောက်ကပ်ကျောက်တည်နိုင်တယ်ဆိုတာဟာ၊သဘာဝတရားကြီးကိုတိုက်ရိုက်ဆန့်ကျင်နေပြီး၊ခိုင်မာတဲ့သုတေသနအထောက်အထားလဲတစ်ခုမှမရှိပါဘူး။ဒါကြောင့်ဒီအဆိုဟာအရင်းရှင်ဆေးကုမ္မဏီကြီးတွေရဲ့လုပ်ဇာတ်ကြီးဖြစ်နေလို့လက်ခံနိုင်စရာအကြောင်းမရှိပါဘူး။
————————–
မေးခွန်း(၃)။(Non-Acid Form)နဲ့(Acid Form)ဘာကွာပါသလဲ?။ဘာကြောင့်မိခင်သဘာဝမှာ(Bioflavonoids)နဲ့တွဲပြီး(Acid Form)ကိုပဲအများဆုံးတွေ့ကြရပါသလဲ။
–
ဒီမေးခွန်းကိုဖြေဖို့ကြတော့ခန္ဓာကိုယ်ရဲ့(Metabolism)နဲ့(Biochemistry)တွေကိုသေချာနားလည်တတ်ကျွမ်းဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့မိခင်သဘာဝကလာတဲ့ပုံစံတူအမျိုးအစား(Ascorbic Acid)ဟာ(Reduced Form)ဖြစ်နေပြီး။ကျန်တဲ့(Minerals)တွေနဲ့ပေါင်းစပ်ထားရင်(Oxidized Form)ဖြစ်သွားပါတယ်။
–
(Redox Theory)အရ(Reduced Form)ဆိုတာက(Ascorbic Acid)ရဲ့ (molecules)တစ်ခုချင်းစီမှာအဆင်သင့်လှူဒါန်းပေးဖို့(electron)တစ်လုံးစီအပို့ရှိနေပြီး၊(Free Radical)တွေကိုချက်ချင်းအီလက်ထရွန်တွေပေးပြီးချေဖျက်ပေးနိုင်တဲ့အစွမ်းသတ္တိအဆင်သင့်ရှိနေပါတယ်။
–
တခြားသော(Oxidized Form)တွေကြတော့သူတို့ကိုယ်တိုင်ကအောက်ဆီဒိုက်ဖြစ်နေတဲ့အတွက်(Free Radical)တွေကိုချက်ခြင်းမခြေဖျက်ပေးနိုင်တဲ့အပြင်၊ခန္ဓာကိုယ်ကမရှိတဲ့(electron)တွေကိုရှာကြံအိတ်စိုက်ပြီး၊သူတို့ကိုအရင်ဆုံးပြန်ပြီး(Reduce Form)ပြန်ရအောင်အရင်ဆုံးပြုပြင်ပေးလိုက်ရပါတယ်။(Reduce)လုပ်ပြီးတော့မှတဖန်ပြန်သုံးလို့ရနိုင်ပါတယ်။
–
ဥပမာပေးရရင်၊အိမ်မှာအလှူရှိလို့၊ထမင်းစားဧည့်သည်တွေလာရင်၊အဆင်သင့်သုတ်ဖို့လက်သုတ်ပုဝါအသစ်တွေလိုနေတာကို၊လက်သုတ်ပဝါသွားဝယ်တဲ့လူကအသစ်ကိုအဆင့်သင့်သုတ်ရုံဝယ်မလာပဲနဲ့၊ဝပ်ရှော့တစ်ခုရှေ့မှာပုံထားတဲ့ဆီဂျီးတွေပေကြံနေတဲ့လက်သုတ်ပုဝါအဟောင်းတွေကိုဝယ်လာခဲ့မိမယ်ဆိုရင်တော့ချက်ချင်းအသုံးပြုလို့မရနိုင်တော့ပါဘူး။
–
သူ့ကိုအရင်သေချာစင်ကြယ်အောင်လျှော်ဖွတ်၊အခြောက်ခံပြီးမှဧည့့််သည်တွေကိုပေးလို့ရပါတယ်။ဒီလိုပေးခြင်းဟာမသင့်လျော်သလို၊မအားတာကတစ်ကြောင်း၊လျှော်ဖွတ်၊အခြောက်ခံရမယ့်အချိန်ကြောင့်တစ်ကြောင်းလက်သုတ်ပဝါတွေဟာအလှူပြီးဆုံးမသွားခင်မှာအသုံးပြုနိုင်တော့မှာမဟုတ်တော့ပါဘူး။
–
ဒီအတိုင်းပါပဲ။ကျန်းမာရေးချို့တဲ့ပြီး(electron)တွေအသဲအသန်လိုအပ်နေတဲ့အချိန်မှာ(Vitamin C)ကိုသောက်လိုက်မိတယ်၊သောက်လိုက်မိတဲ့(Vitamin C)ကိုယ်တိုင်က(Oxidized Form)ဖြစ်နေတော့၊သူ့ဆီကအီလက်ထရွန်ကိုမရနိုင်ပဲ၊လောလောဆယ်ကိုယ်ကမရှိရတဲ့ကြားထဲကနေအိတ်စိုက်ပြီးသူ့ကိုအရင်ထုတ်ပေးထားလိုက်ရပါတယ်။
–
သူ့ဆီကပြန်မရတော့ဘူးတော့မဟုတ်ပါဘူး။နောက်ဆုံးရောဂါကျွမ်းသွားပြီးအသုံးမဝင်တော့တဲ့အချိန်ကြရင်တော့သူ့ဆီကပြန်ယူလို့ရပါတယ်။ကျားကြောက်လို့ရှင်ကြီးကိုး၊ရှင်ကြီးကျားထက်ဆိုး၊ဆိုတာဒါမျိုးကိုပြောတာပါ။
–
(Non-acid Form)တွေဟာ(Ascorbic Acid)နဲ့(Mineral)တစ်မျိုးမျိုးပေါင်းထားတာဖြစ်ပါတယ်။ပေါင်းထားတဲ့ဓါတ်ပေါင်းနှစ်မျိုးဟာအပြင်ဖက်ဆုံးမှာရှိနေတဲ့(electron)တစ်လုံးတည်းကိုရှယ်ယာလုပ်ပြီးမျှသုံးနေခဲ့ရတာဖြစ်ပါတယ်။
–
ခန္ဓာကိုယ်ထဲမှာလိုအပ်လာလို့နှစ်မျိုးပေါင်းကနေတစ်မျိုးစီအဖြစ်ပြန်လည်ခွဲထုတ်မှု့(redox reaction)ဖြစ်ပေါ်လာတဲ့အခါမှာ၊ပြန်ခွဲထုတ်လိုက်လို့သီးခြားထွက်ပေါ်လာတဲ့သီးသန့်မော်လီကျူးနှစ်ခုထဲက၊တစ်ခုခုမှာ(electron)အလိုပြနေပြီး(Free Radical Ion)တစ်ခုဖြစ်သွားပါတယ်။ဒါဟာအန္တရာယ်ပါပဲ။
–
ဥပမာအားဖြင့်၊ပြည်နယ်နှစ်ခုရှိတဲ့တိုင်းပြည်တစ်ပြည်မှာလျှပ်စစ်ဓါတ်အားပေးစက်ရုံတစ်ရုံတည်းရှိနေတယ်ဆိုကြပါစို့၊ပြည်နယ်နှစ်ခုကိုခွဲထုတ်လိုက်ပြီးသီးခြားနိုင်ငံသစ်တွေထူထောင်ကြမယ်ဆိုရင်၊ခွဲထွက်သွားတဲ့ပြည်နယ်တစ်ခုတည်းဖက်ကိုလျှပ်စစ်ဓါတ်အားပေးစက်ရုံပါသွားပါလိမ့်မယ်။လျှပ်စစ်ဓါတ်အားလုံးဝမရရှိနိုင်တော့တဲ့ကျန်တိုင်းပြည်အသစ်တစ်ခုဟာလောလောဆယ်အခြေအနေမှာဒုက္ခဖြစ်သွားနိုင်ပါတယ်။
–
ဒီလိုပါပဲ၊နဂိုကတစ်ခုတည်းနဲ့မျှသုံးနေခဲ့ရတဲ့အပြင်ဖက်(electron)တစ်လုံးဟာ၊ခွဲထွက်စဉ်မှာ(Mineral)တစ်ခုခုဖက်ကိုပါသွားရင်(Ascorbic Acid)ဖက်ကအီလက်ထရွန်မရလိုက်လို့(Oxidizide)ဖြစ်သွားပါတယ်။ပြန်လည်မပြုပြင်ပဲချက်ခြင်းအသုံးမဝင်တော့ပါဘူး။
–
တစ်ကယ်လို့(Ascorbic Acid)ဖက်(electron)ကိုပါသွားရင်၊ကျန်တဲ့(Mineral)ဓါတ်ပေါင်းတခုခုဖက်ကအီလက်ထရွန်လျော့နည်းသွားလို့(Oxidizide)ဖြစ်သွားပါတယ်။ဆိုလိုတာကအဆိုပါဓါတ်စင်၊ဓါတ်ပေါင်းတစ်ခုခုဟာ(free radical ion)တစ်ခုဖြစ်သွားပါတော့တယ်။
–
ဒီနေရာမှာ အဲဒီ(Mineral)ဓါတ်စင်၊ဓါတ်ပေါင်းဟာ(Calcium, Magnesium, Potassium, Sodium)တစ်ခုခုဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ဘာဖြစ်ဖြစ်အရေးမကြီးပါဘူး။
–
အရေးကြီးတာကဖြစ်ပေါ်လာတဲ့အဲဒီအီလက်ထရွန်အလိုပြနေတဲ့(Free Radical ion)ကိုချက်ချင်းအီလက်ထရွန်တွေပြန်ပြီးဖြည့်ဆည်းမပေးနိုင်ဘူးဆိုရင်၊အရိုးတွေ၊ကျောက်ကပ်တွေ၊သွေးကြောတွေ။အဆစ်အမြစ်တွေထဲမှာ၊တွယ်ကပ်ဖျက်ဆီးပြစ်ပြီးဒုက္ခပေးနိုင်ပါတယ်။
——————-
မေးခွန်း(၄)။(Acid)ဓါတ်ဟာအစာအိမ်ရောဂါကိုစတင်ဖြစ်ပေါ်စေနိုင်ပါသလား?။
–
တချို့က(Ascorbic Acid)ဟာအစာအိမ်ရောဂါကိုဖြစ်ပွားစေနိုင်ပြီး။အစာအိမ်ပျက်စီးစေနိုင်တယ်လို့ယုံကြည်ထားကြပါတယ်။အဲဒါဟာစာသေချာမဖတ်ခဲ့လို့၊သုတေသနသေချာမလုပ်လို့အလိမ်ခံလိုက်ရတာပါပဲ။
–
အရင်းရှင်ခေတ်ကြီးမှာဆေးပညာဆိုတာအရင်းရှင်ဆေးကုမ္မဏီကြီးတွေစီးပွားဖြစ်အသုံးချဖို့လက်ကိုင်တုတ်ကလေးတစ်ချောင်းဖြစ်နေပါပြီ။
–
ဒီခေတ်ဆေးကုမ္မဏီကြီးတွေရဲ့(Anti- Acid)ဆေးဝါးတွေအမျိုးမျိုးထုတ်လုပ်ရောင်းချတဲ့လုပ်ငန်းဟာ၊ဒေါ်လာဘီလီယံနဲ့ချီရင်းနှီးမြုတ်နှံမှု့တွေရှိနေကြပြီးကမ္ဘာပေါ်မှာအမြတ်အစွန်းအလွန်များတဲ့လုပ်ငန်းကြီးတစ်ခုဖြစ်လာပါတယ်။
–
ဒါလဲရှင်းပါတယ်။အစာအိမ်ဟာအက်ဆစ်ကြောင့်ပျက်စီးနိုင်တယ်။အက်ဆစ်ဓါတ်ကြောင့်အစာအိမ်ရောဂါဖြစ်တယ်ဆိုတဲ့အယူအဆအမှားကြီးတွေကိုခေတ်ပေါ်ဆရာဝန်တွေ၊ဆေးဝါးကုသနေသူတွေကို၊လူတွေဆီကိုမီဒီညာတွေသုံးပြီး၊(ဂျင်း)ဝါဒဖြန့်ဝေပေးနိုင်တော့မှ(Anti- Acid)ဆေးဝါးကုမ္မဏီတွေပိုပြိးတော့စီးပွားဖြစ်တွက်ချေကိုက်မှာဖြစ်ပါတယ်။
–
အရာရာတိုင်းမှာမိခင်သဘာဝတရားကိုစံထားပြီးပြန်ကြည့်ကြပါ။သဘာဝတရားကိုပြန်ကြည့်ရင်၊ကမ္ဘာဦးကတည်းက၊လူနဲ့တိရိစ္ဆာန်တွေအားလုံးရဲ့အစာအိမ်တွေထဲမှာအက်ဆစ်ဓါတ်အလွန်ပြင်းထန်လာခဲ့ကြတာဟာနှစ်ပေါင်းသန်းနဲ့ချီလာခဲ့ပါပြီ။ဒါဟာမိခင်သဘာဝကပေးထားတဲ့အလွန်အရေးကြီးတဲ့ရောဂါကာကွယ်မှု့စနစ်ပါ။
–
လူဆိုတာမီးကိုရှာဖွေမတွေ့ခင်ကတည်းကအသားတွေကိုအစိမ်းစားလာခဲ့ကြတာပါ။ရေခဲသေတ္တာလဲမရှိသေးလို့အသားတွေဟာပုတ်ချင်လဲပုတ်နေပါလိမ့်မယ်။အလွန်ပြင်းထန်တဲ့အစာအိမ်အက်ဆစ်ဓါတ်ဟာလူနဲ့တိရိစ္ဆာန်တွေကိုအစာမှရောဂါအမျိုးမျိုးကူးစက်မှု့တွေကနေမျိုးမတုန်းသွားအောင်အကာအကွယ်ပေးခဲ့တာဟာခေတ်အဆက်ဆက်ပါပဲ။
–
တစ်ကယ်လို့သာ(အစာအိမ်သည်အက်ဆစ်ကြောင့်ပျက်စီးစေနိုင်တယ်)ဆိုတာမှန်ခဲ့ရင်၊အက်ဆစ်ဓါတ်ပြေစေနိုင်တဲ့အရင်းရှင်ကြီးတွေရဲ့(Anti-Acid)ဆေးဝါးတွေမပေါ်ခင်ကလူတွေတိရိစ္ဆာန်တွေအစာအိမ်ပျက်စီးကုန်ကြပြီးမျိုးတုန်းသွားစေနိုင်ပါတယ်။ဘာကြောင့်မျိုးမတုံးသွားရတာလဲ?။
—
နောက်တစ်ခုက၊ယခုလက်ရှိအစာအိမ်အက်ဆစ်ဓါတ်အလွန်ပြင်းထန်ပြီး(Anti-Acid)ဆေးတွေမသောက်သုံးတဲ့အသားစားတောရိုင်းတိရိစ္ဆာန်တွေမှာဘာကြောင့်အစာအိမ်ရောဂါမဖြစ်ကြရတာလဲ?။ဒီမေးခွန်းနစ်ခုကိုဖြေကြည့်လိုက်ပါ။
–
သဘာဝတရားဆိုတာညာလို့မရပါဘူး။ဘယ်တောရိုင်းတိရိစ္ဆာန်ကမှလူတွေလိုမိုက်မဲပြီး(Anti- Acid)မသောက်ပါဘူး။ကမ္ဘာဦးတုံးကလူတွေကလဲ(Anti- Acid)တွေမသောက်ခဲ့ကြပါဘူး။အစာအိမ်ရောဂါဖြစ်ရတဲ့တရားခံဟာ(Anti- Acid)ဆေးတွေကြောင့်ပါပဲ။
–
နှစ်ပေါင်းသန်းနဲ့ချီပြီးအစာအိမ်ကိုအကာအကွယ်ပေးလာခဲ့တဲ့ဒီအက်ဆစ်ဓါတ်ဟာ၊မနေ့တစ်နေ့ကမှလာပြီး(anti-acid)တွေများများရောင်းချင်တဲ့အရင်းရှင်ဆေးကုမ္မဏီကြီးတွေက(အက်ဆစ်ကြောင့်အစာအိမ်ရောဂါတွေဖြစ်တယ်)ဆိုတာဟာသဘာဝတရားနဲ့ဆန့်ကျင်နေပါတယ်။
–
တိတိကျကျပြောရရင်၊သဘာဝကပေးတဲ့(Stomach acid)ဟာကျန်းမာနေဖို့အတွက်(pH)တန်ဖိုး(1.0)ကနေ(1.5)လောက်အထိပြင်းထန်နေဖို့လိုအပ်ပါတယ်။(Ascorbic Acid)ကိုရေများများနှင့်ဖျော်သောက်လိုက်ရင်(pH)တန်ဖိုးဟာ(3.0)ပဲရှိတဲ့အတွက်အစာအိမ်ထဲမှာရှိသင့်ရှိထိုက်တဲ့အက်ဆစ်ဓါတ်ထက်အဆပေါင်း(၁၀၀)လောက်ပိုအားပျော့ပါတယ်။(pH)တန်ဖိုး(3.0)နဲ့(1.0)ဟာအဆတစ်ရာတိတိပြင်းအားကွာပါတယ်။
–
(anti-acid)ဆေးတွေဟာရေရှည်မှာအစာအိမ်ကိုအက်ဆစ်ဓါတ်လုံးဝအဝင်မခံနိုင်၊အထိမခံနိုင်လောက်အောင်ကိုပျက်စီးသွားစေနိုင်ပါတယ်။အက်ဆစ်ဓါတ်နည်းသွားရင်(h-pylori)ခေါ်တဲ့ပိုးတွေပေါက်ပွားလာပါတော့တယ်။
–
ဒီပိုးကြောင့်အစာအိမ်ရောဂါဖြစ်ပွားစေနိုင်ပါတယ်။(anti-acid)ဆေးတွေမှာရင်းနှီးမြုတ်နှံထားကြတဲ့ေဆေးကုမ္မဏီကြီးတွေရဲ့(ဂျင်း)မိပြီး၊(anti-acid)တွေစသောက်တဲ့လူဟာဘိန်းစွဲသလိုဖြစ်လာပါတယ်။မသောက်ရရင်ဗိုက်ကနေလို့မရတော့ပါဘူး။တဖြေးဖြေးတိုးပြီးသောက်ရပါတော့တယ်။
–
တစ်ကယ်တော့လူအများစုဟာအရင်းရှင်တွေရဲ့နွားတွေလိုနဖားကြိုးအထိုးခံလိုက်ရတာပါပဲ။ကိုယ့်ကိုရောဂါအားလုံးကနေကာကွယ်ပေးနေတဲ့အစာအိမ်ကို၊အက်ဆစ်ဓါတ်လျှော့နည်းပြီး၊ပျက်စီးသွားအောင်ကိုယ်ကပဲ(anti-acid)ဆေးတွေသောက်ပြီးမိုက်မဲစွာလုပ်လိုက်မိရင်၊ရောဂါပေါင်းများစွာဝင်လာတော့တာပါပဲ။
–
နှဖါးကြိုးအထိုးခံထားလိုက်ရတော့ကိုယ်ရှာသမျှငွေတွေအားလုံးဟာကိုယ့်မိသားစုကိုမကျွေးမွေးရတော့ပဲ၊နောက်ဆက်တွဲဖြစ်လာတဲ့ရောဂါဆိုးတွေကြောင့်ဆေးရုံ၊ဆေးခန်းတွေ၊အရင်းရှင်တွေကိုတသက်လုံးထိုင်ပေးနေရတော့တာပါပဲ။
–
(anti-acid)ဆေးကနေစလိုက်တဲ့နောက်ဆုံးအကျိုးရလဒ်အားဖြင့်လူတွေရောဂါများများပိုဖြစ်လေလေ၊အရင်းရှင်ဆေးကုမ္မဏီကြီးတွေပိုပြီးတော့တွက်ခြေကိုက်လေလေပါပဲ။
–
ဒါပေမဲ့ချွင်းချက်တစ်ခုတော့ရှိပါတယ်၊အက်ဆစ်ဓါတ်ဟာမူလက၊အစာအိမ်ရောဂါရှိနှင့်နေပြီးအစာအိမ်မှာအနာရှိသူတွေ၊အတွက်ကတော့အန္တရာယ်ရှိနိုင်လို့ယာယီအားဖြင်သတိထားဖို့လိုအပ်ပါတယ်။အစာအိမ်မှာအနာရှိရင်(Ascorbic Acid)ကိုသောက်ချင်ရင်တောင်(Soluble Fiber)များများ၊ရေများများနှင့်တွဲဖက်၍သောက်သင့်ပါတယ်။အနာမြန်မြန်ပျောက်ချင်ရင်၊သို့မဟုတ်အနာသစ်မဖြစ်စေချင်ရင်(Riboflavin high dose)ပါတဲ့(Super B Complex)နဲ့လဲတွဲဖက်သောက်လို့ရပါတယ်။
–
ကျွန်တော်ဆိုလိုချင်တာကအစာအိမ်ရောဂါဆိုတာဟာအက်ဆစ်ဓါတ်ကြောင့်အစပြုဖြစ်ပွားခဲ့တာမဟုတ်ဘူးဆိုတာမှန်ပေမဲ့၊အစာအိမ်ထဲမှာအနာဖြစ်နေပြီးသားဆိုရင်တော့တစ်မျိုးတစ်ဖုံစဉ်းစားရပါမယ်။
–
တစ်ကယ်တော့အစာအိမ်ရောဂါဘာကြောင့်အစပြုဖြစ်ပေါ်လာရသလဲဆိုရင်အစာအိမ်ထဲမှာအက်ဆစ်ဓါတ်တွေအလုံအလောက်မထုတ်နိုင်ပဲလျှော့နည်းသွားလို့ပါပဲ။အက်ဆစ်ဓါတ်လျော့နည်းသွားတာကိုဘယ်လိုသိလဲဆိုရင်လေချဉ်တက်တာဟာအက်ဆစ်ဓါတ်လျော့နည်းနေတဲ့လက္ခဏာပါပဲ။အဲဒါကိုခေတ်နောက်ပြန်ဆွဲနေတဲ့ဆရာဝန်တစ်ချို့က၊အက်ဆစ်ဓါတ်များလို့ဆိုပြီးပြောင်းပြန်အဓိပ္ပါယ်ပြန်တတ်ကြပါတယ်။
–
အက်ဆစ်(pH)မပြည့်ရင်လည်ချောင်းနဲ့အစာအိမ်ကြားမှာရှိတဲ့(ဘား)ကမပိတ်နိုင်လို့လေချဉ်တွေတက်လာရပါတယ်။အဲဒီအချိန်မှာအက်ဆစ်တစ်မျိုးဖြစ်တဲ့(Apple Cider Vinegar Capsules)တွေသောက်လိုက်ရင်(pH)ပြည့်သွားပြီးဘားပြန်ပိတ်သွားပြီးအစာအိမ်ဟာအစာကောင်းကောင်းခြေဖျက်နိုင်ပါတော့တယ်။
—
သို့သော်အရင်းရှင်ကြီးတွေရဲ့ဆေးကုမ္မဏီကြီးတွေကအက်ဆစ်ဓါတ်နည်းလို့တက်တဲ့လေချဉ်ကိုအက်ဆစ်ဓါတ်များလို့ဖြစ်တာဆိုပြီးတော့၊ဒီလိုအခြေအနေဖြစ်လာရင်အက်ဆစ်ဓါတ်ပြေစေနိုင်တဲ့(anti-acid)ဆေးတွေပေးဖို့ဆရာဝန်တွေကိုညွန်ကြားသင်ထားပေးကြပါတယ်။
—
တစ်ကယ်လို့ဆရာဝန်တွေညွန်ကြားချက်အတိုင်း၊(Anti-Acid)တစ်ခုခုသောက်လိုက်ရင်အစာအိမ်ဟာရှိနေတဲ့အစာတွေကိုမချေဖျက်ပေးနိုင်တော့ပဲအောက်က(ဘား)ကိုဖွင့်ချပေးလိုက်ပြီး၊မကြေညက်တဲ့အစာတွေကိုအူလမ်းကြောင်းထဲကိုလွှတ်ထုတ်ပေးလိုက်ပါတော့တယ်။ရောဂါတွေအားလုံးအဲဒီကနေစဖြစ်တာပါပဲ။
—
နာတာရှည်ရောဂါတော်တော်များများဟာ၊အစာမကြေရာကနေ၊အဟာရကောင်းကောင်းမစုပ်ယူနိုင်ရာကနေ၊ပြင်ပပိုးမွားတွေအက်ဆစ်ကြောင့်မသေပဲအူလမ်းကြောင်းထဲမှာပေါက်ပွားရာကနေ၊စားထားတဲ့အသားတွေအူထဲမှာပုတ်သိုးရာကနေစဖြစ်ကြတာပါပဲ။ဒီအကြောင်းတရားကြောင့်စဖြစ်ရတဲ့နာတာရှည်ေရောဂါတွေဟာ(Anti-Acid)တွေသောက်နေကြတဲ့ဆရာဝန်တွေကိုယ်တိုင်နှင့်သူတို့မိသားစုတွေမှာပါအဓိကအများဆုံးဖြစ်နေကြရတာပါ။
–
အစာအိမ်ထဲမှာအက်ဆစ်ဓါတ်လျှော့နည်းသွားတော့(H.pylori)ပိုးတွေပွားများလာပါတော့တယ်။အဲဒီပိုးတွေကအစာအိမ်နံရံတွေကိုတိုက်ခိုက်ဖျက်ဆီးပြစ်ပါတယ်။ဒါကြောင့်အစာအိမ်မှာအနာတွေစဖြစ်လာပါတယ်။ရောဂါရဲ့အစဟာ(H.pylori)ပိုးတွေကြောင့်ဖြစ်ပြီး၊ဒီပိုးတွေဟာအက်ဆစ်ဓါတ်လျှော့နည်းလို့ဖြစ်လာကြရတာပါ။
–
အစာအိမ်မှာအနာတွေဖြစ်လာပြီဆိုရင်တော့(Acid)ဓါတ်တွေကိုယာယီအားဖြင့်တော့ခေတ္တခဏရှောင်ကြဉ်သင့်ပါတယ်။သို့မဟုတ်(Ascorbic Acid)ကိုသောက်ချင်ရင်တောင်(Soluble Fiber)များများ၊ရေများများနှင့်တွဲဖက်၍ (Riboflavin high dose)ပါတဲ့(Super B Complex)နဲ့လဲတွဲဖက်သောက်လို့ရပါတယ်။
———-
မေးခွန်း(၅)။ဒါဆိုရင်အစာအိမ်ရောဂါဘာကြောင့်ဖြစ်လာရတာလဲ။သဘာဝတရားအရ(Vitamin C, Ascorbic Acid)ဟာအစာအိမ်ရောဂါမဖြစ်စေနိုင်ဘူး၊အစာအိမ်ကိုမပျက်စီးနိုင်ဘူးဆိုတာကတော့ဟုတ်ပါပြီ။ဒါပေမဲ့ဒီသဘာဝတရားကမှန်ပါတယ်ဆိုတာကိုသက်သေပြဖို့၊သုတေသနအထောက်အထားခိုင်ခိုင်မာမာရှိပါသလား?။
–
ဒီလိုမေးလာခဲ့မယ်ဆိုရင်၊အစာအိမ်ရောဂါဘာကြောင့်ဖြစ်ပေါ်လာရသလဲဆိုတာကိုအရင်ဆန်းစစ်ကြည့်ဖို့လိုအပ်လာလာပါတယ်။
–
လွန်ခဲ့တဲ့(15)နှစ်(2005)ခုနှစ်ဟာဆေးပညာလောကကြီးတစ်ခုလုံးအတွက်အလွန်ကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။
–
တချိန်တုံးကဆေးပညာရှင်တွေအားလုံးဟာ၊အစာအိမ်ရောဂါဟာ၊အပူအစပ်တွေစားလို့၊အစာအိမ်အက်ဆစ်ဓါတ်တွေများလို့စတင်ဖြစ်ပေါ်လာရတယ်လို့လွဲမှားစွာယုံကြည်ခဲ့ကြဖူးပါတယ်။(2005)မှာရရှိခဲ့တဲ့ဆေးပညာနိုဘယ်ဆုဟာဒီအချက်တွေလုံးဝကိုလွဲမှားနေတယ်ဆိုတာကိုသက်သေခိုင်ခိုင်မာမာနဲ့ထောက်ပြလိုက်တာပါပဲ။
–
အစာအိမ်ရောဂါဟာအက်ဆစ်ဓါတ်တွေ၊အပူအစပ်တွေစားလို့မဟုတ်ပဲ(Helicobacter pylori)ပိုးကြောင့်ဖြစ်တယ်ဆိုတာကိုရှာဖွေတွေ့ရှိခဲ့တဲ့(Australia)နိုင်ငံသား(Drs. Barry Marshall)နဲ့ (Robin Warren of Perth)တို့ဟာ(2005)ခုနှစ်မှာနိုဘယ်ဆုကြီးကိုဆွတ်ခူးရရှိခဲ့ကြပါတယ်။
References:
https://badgut.org/…/a-…/nobel-prize-for-h-pylori-discovery/
–
(2005)နိုဘယ်ဆုကပြောလိုက်တဲ့အလွန်ခိုင်မာတဲ့အထောက်အထားကြောင့်၊အစာအိမ်ရောဂါစဖြစ်ရတဲ့အဓိကတရားခံဟာအက်ဆစ်ဓါတ်(လုံးဝ)မဟုတ်တော့ပဲ၊(H-pylori)ပိုးကြောင့်ဖြစ်ရတယ်ဆိုတာကိုအငြင်းပွားနေဖို့လိုမယ်မထင်တော့ပါဘူး။
–
ဒီတွေ့ရှိချက်အရဆိုရင်(Helicobacter pylori)ပိုးတွေကိုထိန်းချုပ်နိုင်မယ်ဆိုရင်အစာအိမ်ရောဂါဆိုတာဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ဒီပုဂ္ဂိုလ်ကြီးတွေကို အလွန်ကိုဂုဏ်ယူဝမ်းမြောက်၊ကျေးဇူးတင်စရာကောင်းလှပါတယ်။
–
တစ်ကယ်လို့အခုခေတ်ဆရာဝန်တစ်ယောက်ဟာအစာအိမ်ရောဂါဟာအက်ဆစ်ဓါတ်ကြောင့်ဖြစ်တယ်လို့ပြောဆိုလာမယ်ဆိုရင်အဲဒီဆရာဝန်ရဲ့၊အသိဉာဏ်ဗဟုသုတတွေဟာ(၁၅)နစ်လောက်ခေတ်နောက်ကျနေပါပြီ၊သုံးမရတော့ပါဘူး။ကွန်ပြူတာအအိုအဟောင်းကြီးတစ်လုံးလို(Update)တွေအများကြီးလုပ်ဖို့လိုအပ်နေပါပြီ။အဲဒီလိုလူမျိုးကိုတွေ့ရင်စာဖတ်ပါလို့ပဲအကြံပေးလိုက်ချင်ပါတယ်။
————–
မေးခွန်း(၆)။ဒါဆိုရင်အလွန်အရေးကြီးတဲ့မေးခွန်းတစ်ခုက၊(Vitamin C)ဖြစ်တဲ့ (ascorbic acid)ဟာအစာအိမ်ရောဂါဖြစ်စေတဲ့အဓိကတရားခံဖြစ်တဲ့(Helicobacter pylori)ပိုးတွေကိုဘယ်လိုအကျိုးသက်ရောက်မှု့ရှိစေနိုင်ပါသလဲ?။
–
ဒီမေးခွန်းကိုမှန်အောင်ဖြေကြားပေးနိုင်ဖို့၊အမေရိကန်အစိုးရရဲ့(NIH.GOV)မှာတင်ထားတဲ့သုတေသနတစ်ခုကိုလေ့လာကြည့်ကြရအောင်။
“Current clinical data of H. pylori-infected gastritis suggested a typical example of vitamin C concentration-function relationship among less vitamin C intake, low ascorbic acid concentrations in gastric juice and plasma, and relevant pathological outcomes of gastric diseases. H. pylori eradication had an inverse association with vitamin C concentrations in gastric juice and plasma. In contrast, oral ascorbic acid supplement with or without standard antibiotic treatment on H. pylori eradication yielded controversial data. The route of vitamin C administration, orally or intravenously, is critical for plasma ascorbate concentration with two orders of magnitude difference. Intravenous vitamin C also termed pharmacological ascorbate could achieve 25 ~ 30 mmol/L and form a high concentration of H2O2 as a pro-oxidant drug, which has been extensively used to treat and prevent many disorders like various cancers and other diseases. With all these knowledge and research progress, it is worthwhile to include pharmacologic ascorbate with or without standard antibiotic treatment on H. pylori eradication, especially for H. pylori with antibiotic resistances”
—
တိတိကျကျရေးထားပါတယ်။ကိုယ်တိုင်အင်္ဂလိပ်လိုဖတ်ကြည့်လိုက်ပါ။ “H. pylori-infected gastritis suggested a typical example of vitamin C concentration-function relationship among less vitamin C intake, low ascorbic acid concentrations in gastric juice and plasma”တဲ့။(ascorbic acid)စားသုံးမှ့ုလျှော့နည်းနေလို့၊ဒါမှမဟုတ်အစာအိမ်ကထွက်တဲ့အရည်တွေနဲ့သွေးထဲမှာ(vitamin C)အလုံအလောက်မရှိလို့(H. pylori)ပိုးတွေပေါက်ပွားပြီးအစာအိမ်ရောဂါစဖြစ်ရပါတယ်တဲ့။
–
(ascorbic acid)ကြောင့်အစာအိမ်ဖြစ်သလား၊(ascorbic acid)ဟာအစာအိမ်ရောဂါကိုကာကွယ်ပေးနိုင်သလား၊ဆိုတာဒီခိုင်မာတဲ့သုတေသနတစ်ခုကိုလေ့လာကြည့်ရင်အလွန်ရှင်းလင်းပြတ်သားပါတယ်။လူဆိုတာသူများအပြောမှာလမ်းဆုံးပြီးအလိမ်မခံရဖို့အရေးကြီးပါတယ်။
—
ဆက်ဖတ်ကြရအောင်။“relevant pathological outcomes of gastric diseases. H. pylori eradication had an inverse association with vitamin C concentrations in gastric juice and plasma”ဘာတဲ့?။
–
အစာအိမ်ရောဂါဖြစ်ပွားနိုင်တဲ့နုန်းဟာသွေးထဲနဲ့၊အစာခြေရည်ထဲမှာရှိနေတဲ့(ascorbic acid)ပမာဏအနည်းအများနဲ့ပြောင်းပြန်ဆက်စပ်မှု့ရှိနေပါတယ်တဲ့။ဘာကိုဆိုလိုသလဲဆိုတော့(Vitamin C)အစားနည်းရင်အစာအိမ်ဖြစ်နိုင်တဲ့နုန်းများမယ်။(Vitamin C)အစားများရင်အစာအိမ်မဖြစ်နိုင်တော့ဘူး။ဒါကြောင့်သူများပြောတာမယုံပဲစာဖတ်ဖို့တိုက်တွန်းနေရတာပါ။
–
ဆက်ဖတ်ကြပါဦးစို့ “In contrast, oral ascorbic acid supplement with or without standard antibiotic treatment on H. pylori eradication yielded controversial data” ပြီးတော့ “which has been extensively used to treat and prevent many disorders like various cancers and other diseases. ဘာပြောထားလဲ?။
–
(ascorbic acid)ဟာ(antibiotic)ပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေအစာအိမ်ရောဂါအပြင်၊ကင်ဆာရောဂါတွေအပါအဝင်တခြားသောရောဂါအမျိုးမျိုးတွေကိုပါကုသနိုင်ပါတယ်တဲ့။
–
နောက်ဆုံးထပ်ပြောသွားပါသေးတယ်။
“With all these knowledge and research progress, it is worthwhile to include pharmacologic ascorbate with or without standard antibiotic treatment on H. pylori eradication, especially for H. pylori with antibiotic resistance.”ဘာပြောထားလဲ?။အစာအိမ်ကိုဖြစ်ပေါ်စေတဲ့(H. pylori)ပိုးဟာကုသနေတဲ့ပိုးသတ်ဆေးတွေအားလုံးမတိုးတော့ပဲခံနိုင်ရည်ရှိ(antibiotic resistances)ဖြစ်သွားပြီး၊ဆေးပြီးသွားရင်တောင်ပိုးသတ်ဆေးပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေ၊ပိုးသတ်ဆေးမတိုးတော့တဲ့အစာအိမ်ရောဂါပိုးတွေကို(ascorbic acid)နဲ့ကုသနေတဲ့သုတေသနတွေရှိနေပါတယ်တဲ့။
–
ဘယ်မလဲ(ascorbic acid)ဟာအစာအိမ်ရောဂါကိုဖြစ်ပေါ်စေတယ်ဆိုတာ?။ဘယ်မလဲ(Vitamin C)ကြောင့်အစာအိမ်ပျက်စီးစေတယ်ဆိုတာ?။အဲဒီအယူအဆတွေ(၁၅)နှစ်လောက်နောက်ကျသွားပြီးသုံးမရတော့ဘူး။တချို့အတိတ်မှာကျန်နေခဲ့တဲ့၊ဆရာဝန်တွေလဲ(Update)လုပ်သင့်ပြီ။
–
ဒါကြောင့်မြန်မာအားလုံးစာဖတ်ပါ၊အင်္ဂလိပ်လိုတိုက်ရိုက်ဖတ်နိုင်အောင်ကျိုးစားကြပါ။အင်္ဂလိပ်လိုသုတေသနလုပ်နိုင်အောင်ကျိုးစားကြပါလို့တိုက်တွန်းနေရတာပါ။မြန်မာလိုရေးထားတဲ့စာတွေကတော့(ဂျင်း)တွေပဲများနေပါတယ်။မြန်မာလူမျိုးတွေက(fact)ရေးတာနည်းပါတယ်။
–
အနှစ်ချုပ်ပြောရရင်(ascorbic acid)ဟာ(Bioflavonoid)နဲ့တွဲထားမယ်ဆိုရင်မိခင်သဘာဝကပေးထားတဲ့ပုံစံအတိုင်းတိတိကျကျဖြစ်နေလို့၊အန္တရာယ်မရှိနိုင်ပါဘူး။
–
ဒီနေရာမှာအထူးပြောချင်တာက၊ဘယ်အရာမဆိုအရေးကြုံလာရင်၊မိခင်သဘာဝကပြောတဲ့စကားလား၊ပထွေးဆေးကုမ္မဏီတွေကပြောတဲ့စကားလားဆိုတာခွဲခြားသိနိုင်ကြပါစေ။အမေကျော်ပြီးပထွေးလွမ်းမိရင်သမီးငယ်လေးဘဝပျက်ပါလိမ့်မယ်။ဒီလောက်ဆိုရှင်းပါတယ်။
–
မေးခွန်း(၇)။(Bio Zinc C)ဆိုတာဘာလဲ?ဘာအတွက်ကောင်းတာလဲ၊အဲဒါသောက်ရင်(Vitamin C) ထပ်သောက်ဖို့လိုပါသလား?။စသဖြင့်မေးခွန်းများမေးလာကြပြန်ပါတယ်။
–
ဒီနေ့တော့(Bio Zinc C)အကြောင်းကိုထပ်မရေးပေးတော့ပါဘူး။အရင်ကရေးထားတာရှိပါတယ်၊ရှာဖတ်ပါ။အလွန်အစွမ်းထက်မြက်ပြီးရောင်းမလောက်ဖြစ်နေတဲ့(Bio Zinc C)အကြောင်းကိုအမှန်အတိုင်းထပ်ရေးရင်မကြာခင်အဲဒီဆေးတွေပြတ်သွားပါလိမ့်မယ်။ဆေးပြတ်သွားရင်တကယ့်ရောဂါသယ်တွေအတွက်အခက်အခဲဖြစ်ကုန်ပါလိမ့်မယ်။ဒါကြောင့်ဒီနေရာမှာတင်ရပ်လိုက်ကြပါစို့။
—
အောက်ဆုံးမှာ(References)တွေပေးထားပါတယ်။(References)တွေမဖတ်ပဲ၊(Myanmar Fact check)က(False News, Misleading)လာလုပ်ရင်တော့အရင်တစ်ခေါက်(Vitamin D)နဲ့(COVID -19 Post)တုံးကလိုထပ်ပြီးပညာပေးခြင်းခံရပါလိမ့်မယ်။
—
အားလုံးကျန်းမာပြီးကပ်ရောဂါဘေးကင်းဝေးကြပါစေ။
–
Kelvin Albert Power
—
References:
https://www.jmptonline.org/…/S0161-4754(99)70005-9/fulltext…