Source from Kelvin A. Power’s Facebook on October 30, 2020
သမ္မတ(Trump)ကိုယ်တိုင်သုံးပြသွားတဲ့(Remdesivir)ဟာ(COVID)ကိုတစ်ကယ်ပျောက်သလား?။ကောင်းရောကောင်းသလား?။ဆေးစွမ်းရောတစ်ကယ်ထက်သလား?။
—
ဒီမေးခွန်းကိုဖြေဖို့ကနိုင်ငံရေးတွေပါနေတယ်။ကိုယ်ကနိုင်ငံရေးသမားလဲမဟုတ်သလို၊နိုင်ငံရေးလဲစိတ်မဝင်စားဘူးဆိုတော့မဖြေချင်ပါဘူး။ဒါပေမယ့်မဖြေပြန်ရင်လဲ၊လူတွေအမှန်မသိရင်ဒုက္ခရောက်ကုန်ပါလိမ့်မယ်။လူတွေအမှန်သိရအောင်တော့ဖြေရပါဦးမယ်။
—
ဒီဇတ်လမ်းရှင်းပြရမယ်ဆိုရင်နည်းနည်းတော့ရှည်ပါတယ်။လွန်ခဲ့တဲ့(၄)နှစ်လောက်တုံးကအမေရိကန်သမ္မတခေါင်းဝါကြီး(ကိုထရန့်)က၊(Make American Great Again)ဆိုတဲ့ခေါင်းစဉ်တတ်ထားတဲ့ဆိုင်းဘုတ်ကြီးကိုကိုင်ပြီးတက်လာခဲ့တာပေါ့။ဆိုလိုတာကအမေရိကန်နိုင်ငံကိုကမ္ဘာမှာအကြီးမြတ်ဆုံး၊အကောင်းဆုံး၊အချမ်းသာဆုံးဖြစ်အောင်ပြန်လုပ်ပေးပါ့မယ်ဆိုတဲ့ကတိနဲ့ပေါ့။ဒါပေမယ့်လက်တွေ့မှာကြတော့အမေရိကန်ရဲ့ဂုဏ်သိက္ခာဟာ(COVID-19)ကြောင့်မြောင်းထဲရောက်သွားပါတော့တယ်။
—
လူတိုင်းသိနေကြတဲ့အတိုင်းပါပဲ၊(COVID)ကာလမှာအမေရိကန်အဆိုးဆုံး၊အခံရဆုံး၊အမေရိကန်တွေအထိအခိုက်အသေအပျောက်အများဆုံး၊အမေရိကန်ဟာစီမံခန့်ခွဲမှု့အညံ့ဆုံးဆိုတော့၊အမေရိကန်ရဲ့ဂုဏ်သိက္ခာကလဲ(COVID)ကြောင့်နှစ်ပြားမတန်အောင်ပြုတ်ကျသွားပါတော့တယ်။
—
ပိုပြီးဆိုးတဲ့အချက်ကတော့အမေရိကန်ကုမ္မဏီတွေရဲ့(stock share)ဈေးကွက်တွေ(COVID)ကြောင့်ခွေးကျဝက်ကျထိုးကျသွားရလို့စီးပွားရေးလုပ်ငန်းတွေရပ်ဆိုင်းလိုက်ရပြီးစီးပွားရေးတွေအကြီးအကျယ်ထိခိုက်ပျက်စီးကုန်တယ်ဆိုတာလဲလူတိုင်းသိထားပြီးသားပါပဲ။
—
အဆိုးဆုံးနောက်တစ်ခုကတော့အမေရိကန်ကခေါင်းဝါကြီး (ကိုထရန့်)က(COVID)ကြောင့်အမေရိကန်ရဲ့ဂုဏ်သိက္ခာမြောင်းထဲကိုရောက်ပြီး(ဂိန်)နေတဲ့အချိန်မှာ၊ရှရှားကခေါင်းပြောင်ကြီး(ကိုပုတင်)ရဲ့ပွဲလှန့်တုံးဖျာဝင်ခင်းလိုက်တဲ့လုပ်ရပ်ပါပဲ။
—
အားလုံးသိကြတဲ့အတိုင်းပဲလွန်ခဲ့တဲ့လအနည်းငယ်ကရုရှားကခေါင်းပြောင်ကြီး(ကိုပုတင်)ကိုယ်တိုင်ကမ္ဘာပေါ်မှာ(COVID-19)ကာကွယ်ဆေးထုတ်လုပ်နိုင်ပြီလို့အရင်ဆုံးထပြီးကြေငြာလိုက်တာကိုတော့အားလုံးပြန်မှတ်မိကြဦးမှာပါ။
—
ရှင်းရှင်းပြောရမယ်ဆိုရင်ရှရှားက(COVID)ကာကွယ်ဆေးဆိုတာ၊အဆင့်ဆင့်စမ်းသပ်ရမယ့်အဆင့်တွေကိုအားလုံးကျော်ခွပြီး၊အစောတလျှင်အမေရိကန်ထက်ဦးပြီးဈေးကွက်ရယူနိုင်အောင်ထုတ်ချပြစ်လိုက်တာပါပဲ။ဒါပေမယ့်အဲဒီကာကွယ်ဆေးဟာရောဂါတစ်ကယ်ကာကွယ်ပေးနိုင်ပါ့မလား၊ဘေးထွက်ဆိုးကျိုးဘာတွေရှိမလဲဆိုတာကိုတော့ဘယ်သူမှမသိနိုင်၊မပြောနိုင်ပါဘူး။စမ်းသပ်မှု့တွေ၊သုတေသနတွေကို၊အစဉ်အတိုင်းမသွားပဲကျော်ခွလုပ်လိုက်တော့ဘယ်သူကသူ့ဆေးကိုယုံယုံကြည်ကြည်နဲ့ဝယ်သုံးရဲကြဦးမှာလဲ။
—
အဲဒီတော့(ကိုပုတင်)ကသူ့သမီးကိုချကျွေးပြလိုက်တယ်။သူပြောချင်တာက၊ငါ့ဆေးဘယ်လောက်ကောင်းသလဲဆိုတာငါ့သမီးကိုတောင်ငါရင်းရဲတယ်ပေါ့။ကာကွယ်ဆေးကအန္တရာယ်ရှိမယ်ဆိုရင်ဘယ်သူကကိုယ့်သမီးကိုစပြီးဆေးပေးရဲမှာလဲဆိုတဲ့သဘောပေ့ါ။ကိုယ့်သမီးကိုဆေးပေးကြည့်တော့၊(COVID Antibody)တွေရလာပါတယ်၊ဘာညာဆိုပြီးအကွက်ရိုက်လိုက်တော့၊ရုရှားဆေးကမ္ဘာကျော်သွားပါလေရော။ရှရှားစီကကာကွယ်ဆေးဝယ်ချင်ကြတဲ့နိုင်ငံတွေကလဲအများကြီးဖြစ်လာပြီး၊ရုရှားကုမ္မဏီတွေရဲ့(stock share)ဈေးကလဲမိုးပေါ်ထောင်တက်သွားတော့တာပေါ့။ရုရှားကအော်ဒါတွေရပြီး၊လက်မလည်အောင်ဆေးတွေထုတ်ရောင်းရတော့မယ်မဟုတ်ဘူးလား။
—
ရုရှားက(ကိုပုတင်)ရဲ့သမီးရင်းပြီး၊အကွက်ကျော်ရိုက်သွားတဲ့ကိစ္စကိုလုံးဝမကျေနပ်တာကတော့အမေရိကန်က(ကိုထရန့်)၊ဘယ်ကျေနပ်မှာလဲ၊ခင်ဗျားတို့ပဲစဉ်းစားကြည့်လေ၊အမေရိကန်နဲ့ရုရှားဆိုတာကတစ်သက်လုံးပြိုင်လာကြတဲ့ပြိုင်ဖက်တွေမဟုတ်ဘူးလား။
—
(ကိုထရန့်)က(Make American Great Again)ဆိုတဲ့ဆိုင်းဘုတ်ကြီးကိုင်တက်လာတယ်။(ကိုပုတင်)ကိုယ့်သမီးကိုချပြီးစမ်းပြလိုက်လို့တစ်ကယ်လက်တွေ့ဖြစ်သွားတာကသူ့ဆိုင်းဘုတ်နဲ့ပြောင်းပြန်(Make Russia Great Again)ဖြစ်သွားတယ်။ဒီလိုဆိုတော့လဲအမေရိကန်ကခေါင်းဝါကြီးကအဲဒီနေ့ကစပြီးအိပ်မပျော်စားမဝင်တော့ဘူးလေ။ဘယ်အိပ်ပျော်စားဝင်နိုင်မှာလဲ၊ခေါင်းဝါကြီးခေါင်းကို၊ခေါင်းပြောင်ကြီးပိတ်ကန်တာခံလိုက်ရတာမဟုတ်ဘူးလား။
—
အမေရိကန်ရွေးကောက်ပွဲကလဲနီးလာပြီလေ၊အမေရိကန်ကုမ္မဏီတွေရဲ့(Stock Share)ဈေးပြန်တက်လာအောင်မလုပ်နိုင်ရင်(ကိုထရန့်)မြွေဖမ်းပြီလေ။တစ်ဖက်ကလဲပြိုင်ဖက်(ကိုဂျိုးဗိုက်တန်)ကလာလာပြီး(ကိုထရန့်)အသုံးမကျလို့(COVID)မှာလူတွေအများဆုံးသေတယ်၊အမေရိကန်စီးပွားရေးတွေထိခိုက်၊အမေရိကန်(Stock Share)ဈေးတွေကျတယ်၊ဘာညာလာထောက်ပြပြီလေ။
—
သမ္မတကိုထရန့်ကလဲငပိန်းမှမဟုတ်တာ၊စီးပွားရေးသမားပဲ၊စကားစစ်ထိုးပွဲတွေလုပ်နေရင်းနဲ့(COVID Positive)ဆိုပြီးထလုပ်ပါလေရော။သူကလဲလူလယ်ဆိုတော့၊တစ်ချက်ခုတ်နှစ်ချက်ပြတ်၊ပထမတစ်ချက်ကစကားစစ်ထိုးပွဲတွေကိုရှောင်ချင်တာ၊အချိန်ယူချင်တာ၊နောက်တစ်ခုက(ကိုပူတင်)ကိုပြန်နှက်ချင်တာ။မင်းကတော့မင်းသမီးကိုသုံးပြီး၊ရုရှားအတွက်စီးပွားရေးအကျိုးအမြတ်တွေယူသွားတယ်ဆိုတော့ငါကလဲ၊ငါကိုယ်တိုင်ရင်းပြီးစီးပွားရေးအကျိုးအမြတ်ပြန်ထုတ်ပြမယ်ပေါ့။
—
မကြာပါဘူး။သမ္မတ(ထရန့်)ကလဲအမေရိကန်ကထုတ်တဲ့(Remdesivir)ကိုသောက်ပြလိုက်ပြီး(COVID)ရောဂါကနေသက်သာပျောက်ကင်းသွားပါတယ်ဆိုပြီးလုပ်ပါလေရော၊အဲဒီလိုလုပ်လိုက်တော့ကမ္ဘာမှာဟိုးလေးတကြော်ဖြစ်ပြီး၊အမေရိကန်ကုမ္မဏီတွေရဲ့(stock share)ဈေးကွက်တွေနေ့ခြင်းညခြင်းပြန်ထိုးတက်လာပါလေရော။
—
ဒါလဲစဉ်းစားစရာပါပဲ၊အမေရိကန်နိုင်ငံမှာသမ္မတတွေများစွာအဆက်ဆက်အုပ်ချုပ်လာခဲ့တာ၊ဘယ်သမ္မတကမှဖျားရင်ဘာဆေးသောက်ပါတယ်။နှာဈေးချောင်းဆိုးရင်ဘာဆေးတွေသုံးပါတယ်။ဝမ်းသွားရင်ဘာဆေးသောက်ပါတယ်၊စသည်ဖြင့်ဘယ်သူကအသေးစိတ်တိတိကျကျကြီးလူသိရှင်ကြားထုတ်ပြောတယ်ဆိုတာအစဉ်အလာမရှိပါဘူး။သမ္မတ(ထရန့်)ကြမှသူနေမကောင်းလို့ဘာဆေးတွေသုံးရတယ်ဆိုတာကိုတိတိကျကျလူမသိသိအောင်မီဒီယာတွေသုံးပြီး(ကိုယ့်အမေရိကန်ထုတ်တဲ့)ဆေးကိုသုံးပြပြီး၊ကြော်ငြာဝင်ရိုက်သွားတယ်မဟုတ်ဘူးလား။
—
ဒါပေမယ့်သမ္မတထရန့်(COVID Positive)တစ်ကယ်ဖြစ်တာလား၊မဖြစ်ဘူးလား၊(Remdesivir)ကိုတစ်ကယ်သုံးခဲ့တာလား၊မသုံးဘူးလား၊(Remdesivir)သုံးလိုက်လို့သက်သာသွားတာလား၊တခြားဆေးတွေကြောင့်သက်သာသွားတာလား၊ဆိုတာကတော့သူနဲ့သူရဲ့ဆရာဝန်နှစ်ယောက်ပဲသေချာသိနိုင်ပါတယ်။လူအများစုကတော့သူတို့ပြောတဲ့အတိုင်းသာယုံကြည်လိုက်ရတာ၊မှန်တယ်မမှန်ဘူးဆိုတာဘယ်လိုမှအတတ်မပြောနိုင်ပါဘူး။အမေရိကန်ဆိုတာကလဲအရင်ကတည်းကိုကကိုယ့်နိုင်ငံရဲ့အကျိုးစီးပွားအတွက်ဆိုရင်ပရိယယ်မာယာသုံးပြီးလိမ်ညာနေကြပဲလေ၊ဒါအဆန်းတော့မဟုတ်ပါဘူး။
—
ဒါပေမယ့်ဘာပဲဖြစ်ဖြစ်သမ္မတထရန့်(Remdesivir)ကိုကိုယ်တိုင်သုံးပြလိုက်တာဟာ၊အမေရိကန်ကုမ္မဏီတွေအတွက်(stock share)ဈေးကွက်တွေပြန်တက်လာလို့၊အမေရိကန်အတွက်ကောင်းကောင်းအကျိုးအမြတ်တော့ရလိုက်ပါတယ်။အမှန်ကတော့သမ္မတထရန့်ပြောခဲ့တဲ့(Make American Great Again)ဆိုတဲ့ပေါ်လစီအဟောင်းအတိုင်း(COVID)နဲ့ (Remdesivir)ကိုအသုံးချပြီးအမေရိကန်ရဲ့အကျိုးစီးပွားအတွက်အကွက်ဆင်လိုက်တာပါပဲ။အသစ်အဆန်းတော့မဟုတ်ပါဘူး။
—
ဒါပေမယ့်ကမ္ဘာကတော့မသိရှာကြဘူး၊သမ္မတထရန့်သုံးပြလိုက်တဲ့(Remdesivir)ကို(COVID)ရောဂါအတွက်အမေရိကန်ကထုတ်လိုက်တဲ့ဆေးအသစ်ထင်ပြီးအကြီးအကျယ်မှာယူပြီးသုံးစွဲကြတော့တာပေါ့။သမ္မတထရန့်ဆိုတာကကမ္ဘာပေါ်မှာနာမည်အကြီးဆုံးလူတိုင်းသိတဲ့ဆယ်လီတစ်ယောက်ပဲလေ။ဆယ်လီနဲ့ပစ္စည်းကြော်ငြာတော့ပစ္စည်းပေါက်တာပေါ့။
—
မြန်မာပြည်မှာကြော်ငြာပစ္စည်းတွေကိုကြော်ငြာရင်နံမည်ကြီးမင်းသမီးမင်းသားတွေနဲ့ကြော်ငြာရတာမဟုတ်ဘူးလား(Remdesivir)ကိုသမ္မတထရန့်နဲ့ကြော်ငြာလိုက်တာလဲ၊အဲဒီသဘောနဲ့တထပ်တည်းပါပဲ။(Remdesivir) ရဲ့ဈေးကလဲမပေါဘူးလေ။ဈေးအလွန်ကြီးပါတယ်၊ရုရှားကကိုပုတင်က(COVID)ကာကွယ်ဆေးကိုအောက်ဈေးနဲ့ကြော်ငြာထားတော့ရုရှားကာကွယ်ဆေးနဲ့ယှဉ်လိုက်တော့၊အမေရိကန်လုပ်(Remdesivir)ကဈေးကွက်နဲ့အကျိုးအမြတ်ကိုပြန်ရယူနိုင်ဖို့သမင်ဆယ်လှမ်းကျားတစ်လှမ်းပေါ့ဗျာ။
—
တစ်ကယ်တော့(Remdesivir)ဆေးကအသစ်မဟုတ်ပါဘူး။လွန်ခဲ့တဲ့(၁၁)နှစ်လောက်ကတည်းကပေါ်နေတာပါ။သုံးမရလို့နှစ်ပေါင်းများစွာချောင်ထိုးထားတဲ့ဆေးအဟောင်းအစုတ်ကြီးပါ။အစတုံးက(Ebola)အတွက်ထုတ်ထားတာပါ။(Ebola)မှာပထမဆုံးစစမ်းတယ်၊မအောင်မြင်ဘူး။(SARS)ပိုးနဲ့စမ်းကြည့်တော့လဲအဆင်မပြေပြန်ဘူး။(MERS)ပိုးနဲ့စမ်းကြည့်တော့လဲအလုပ်မဖြစ်ပြန်ဘူး။
—
(COVID-19)ကာလမှာလဲ(Control Group)မပါပဲနဲ့(Gilead)ကုမ္မဏီက၊ (Chicago)တက္ကသိုလ်နဲ့ပေါင်းပြီးကမ္ဘာကိုအရင်ကတစ်ကြိမ်(COVID)နဲ့ပါတ်သက်ပြီးဒီဆေးနဲ့ဂျင်းထည့်ကြည့်ခဲ့ဖူးသေးတယ်။မအောင်မြင်ခဲ့ဘူး။အခုတဖန်နောက်ဆုံးမှာတော့အမေရိကန်သမ္မတ(ထရန့်)ကိုယ်တိုင်(မော်ဒယ်)လုပ်ပြီးသူကိုယ်တိုင်သုံးပြလိုက်တယ်၊သူကိုယ်တိုင်သောက်ပြလိုက်ပြီး(COVID)ပျောက်သွားသလိုလိုထလုပ်လိုက်တော့မှအကြီးအကျယ်ကိုကမ္ဘာကျော်ပြီးအောင်မြင်သွားရတာပါ။
—
ဒီကိစ္စတခြားလူတွေသေချာမသိပေမယ့်ရုရှားက(ကိုပုတင်)ကတော့သေချာသိမှာပါ။ဘာကြောင့်လဲဆိုတော့မြွေမြွေခြင်းတော့ခြေမြင်ကြတယ်လေ။သမ္မတထရန့်သုံးသွားတဲ့အကွက်ကလဲအကွက်သစ်မှမဟုတ်တာ၊ပူတင်အရင်ကသုံးသွားတဲ့အကွက်ဟောင်းပဲလေ။ပူတင်အကွက်နဲ့ပဲပူတင်ကိုပြန်နှက်ပြသွားတာ။
—
တစ်ခုပဲကွာတယ်။ပူတင်ကသမီးကိုချရင်းပြီးရုရှားနိုင်ငံအကျိုးစီးပွားအတွက်လုပ်ပြလိုက်တယ်။သမ္မတထရန့်ကတော့တိုင်းပြည်ကိုပိုချစ်ပြတယ်။သူကိုယ်တိုင်စွန့်လွတ်စွန့်စားပြီးအမေရိကန်ရဲ့အကျိုးစီးပွားအတွက်ရင်းနှီးလိုက်တယ်။ဒါလေးပဲကွာပါတယ်။
—
(Remdesivir)အလုပ်လုပ်ပုံ(Biochemistry)ကတော့(Virus)ပိုးရဲ့(RNA replication step)မှာ(ATP)ပေါင်းမယ့်နေရာမှာ(Remdesivir-TP,)အနေနဲ့၊ပေါင်းလိုက်၊(Block)လိုက်တဲ့သဘောပါပဲ။ဒါပေမယ့်အဆိုးဆုံးက(Remdesivir)ဟာ(Virus)ပိုးရဲ့(RNA)နဲ့ခန္ဓာကိုယ်မှာအရေးကြီးတဲ့(Protein)ဓါတ်အမျိုးမျိုးတွေထုတ်လုပ်ဖို့လိုအပ်တဲ့(mRNA)ကိုခွဲခြားမသိနိုင်ဘူး။
—
အဲဒီလိုခွဲခြားမသိတော့ခန္ဓာကိုယ်အတွက်အလွန်အရေးကြီးတဲ့(protein synthesis)တွေကိုဖျက်ဆီးပြစ်တော့တာပေါ့။လောလောဆယ်တော့ကျောက်ကပ်တို့အသဲတို့ကိုအကြီးအကျယ်ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ရေရှည်မှာတစ်ခြားမမြင်နိုင်တဲ့နောက်ထပ်ဆိုးကျိုးတွေဘယ်လောက်အထိဖြစ်ဦးမလဲဆိုတာကိုတော့ဘယ်သူမှသေချာမပြောနိုင်သေးပါဘူး။အလွန်ကြောက်စရာကောင်းတဲ့ဆေးတစ်မျိုးပါပဲ။
နောက်တစ်ခုက၊ဒီ(Remdesivir)ထုတ်တဲ့(Gilead Sciences)ကုမ္မဏီကနဂိုကတည်းကအကျင့်စာရိတ္တကောင်းတဲ့ကုမ္မဏီလဲမဟုတ်ပါဘူး။အရမ်းကိုကောက်ကျစ်ယုတ်မာတဲ့အရင်းရှင်ဆေးကုမ္မဏီတစ်ခုပါပဲ။
—
အစတုံးက(HIV)ရောဂါသယ်တွေအတွက်(Tenofovir disoproxil fumarate)(TDF)လို့ခေါ်တဲ့ဓါတ်ပေါင်းကို(2001) မှာ(Viread)ဆိုပြီးနာမည်တပ်ပြီးထုတ်ပါတယ်။ပိုကောင်းပြီးအန္တရာယ်ကင်းတဲ့(TAF)ခေါ်တခြားဆေးတစ်မျိုးကိုလက်ထဲမှာရှာဖွေတွေ့ရှိထားခဲ့ပါလျှက်နဲ့အသာလေးဖွက်ထားလိုက်ပြီး၊အန္တရာယ်ရှိတဲ့ပထမဆေးကိုပဲမူပိုင်ခွင့်သက်တန်းကုန်တဲ့အထိ၊လူတွေကိုအန္တရာယ်အဖြစ်ခံစောင့်ထုတ်ပြီးပိုက်ဆံကောင်းကောင်းယူသွားခဲ့ဖူးပါတယ်။
—
အဲဒီပထမဆေးကြောင့်လူတွေကျောက်ကပ်တွေပျက်စီး၊အရိုးတွေဆွေး၊ကင်ဆာတွေအမျိုးမျိုးဖြစ်ပြီးသေကြပါတယ်။ဒါပေမဲ့ဒီဆေးကြောင့်(Gilead Sciences)ကုမ္မဏီဟာဒေါ်လာဘီလျံှနဲ့ချီပြီးမူပိုင်ခွင့်သက်တန်းကုန်တဲ့အထိအမြတ်တွေအကြီးအကျယ်ရလိုက်ပါတယ်။ရောဂါသယ်တွေကတော့ဓါးစာခံဖြစ်ကြရရှာတာပေါ့ဗျာ။အခုလဲ(Remdesivir)နဲ့လူတွေကိုဒုက္ခပေးစီးပွားရှာဖို့ထပ်လုပ်ပြန်ပြီ။(COVID)ရောဂါသည်တချို့တွေဓါးစာခံဖြစ်ကြရဦးမယ်။
—
တစ်ကယ်တော့(Virus)ရဲ့(RNA replication step)ကိုဖျက်ဆီးပြစ်နိုင်တယ်ဆိုတာ၊(Remdesivir)တစ်ခုတည်းတော့မဟုတ်ပါဘူး။သဘာဝတရားမှာလဲ(Virus)ကာကွယ်ရေးစနစ်ဆိုတာရှိပါတယ်။အန္တရာယ်အလွန်ကင်းပြီး၊မိခင်သဘာဝကလာတဲ့(Zinc)နဲ့(Copper)လဲဖျက်ဆီးပြစ်နိုင်တာပါပဲ။ဒါပေမယ့်သူတို့ကြီးတော့မရဘူးဗျ။(Ionophore)တစ်မျိုးမျိုးနဲ့တွဲပေးမှရနိုင်တာပါ။
—
(Zinc)နဲ့(Copper)နှစ်မျိုးကိုဆဲလ်တွေအထဲဝင်ရောက်ပြီး(Virus)ရဲ့(RNA replication step)ကိုဖျက်ဆီးပြစ်နိုင်ဖို့သဘာဝဓါတ်ပေါင်းနှစ်မျိုးဖြစ်တဲ့၊(Quercetin and Epigallocatechingallate EGCG)ကိုအချိုးကျတွဲစပ်ပေးရင်၊ဆဲလ်တွေရဲ့(cytoplasm)တွေထဲကို(metal ions)တွေဝင်ရောက်နိုင်အောင်(Ionophore)တွေအဖြစ်လုပ်ဆောင်ပေးနိုင်လို့၊(Virus)ရဲ့(RNA replication step)ကိုကောင်းကောင်းဖျက်ဆီးပြစ်နိုင်တာပါပဲ။
—
(Zinc)နဲ့(Copper)ကတော့(Virus)ပိုးနဲ့ခန္ဓာကိုယ်မှာအရေးကြီးတဲ့(Protein)ဓါတ်အမျိုးမျိုးတွေထုတ်လုပ်ဖို့လိုအပ်တဲ့(mRNA)ကိုကောင်းကောင်းခွဲခြားပြီးသိနိုင်ပါတယ်။ဒါကလဲကမ္ဘာဦးကတည်းကမိခင်သဘာဝတရားကပေးထားတဲ့၊ဆဲလ်တွေရဲ့သဘာဝ(Virus)ကာကွယ်တိုက်ဖျက်ရေးစနစ်ဟောင်းပါပဲ၊အခုမှပေါ်လာတဲ့နည်းအသစ်မဟုတ်ပါဘူး။
—
အဲဒီအကြောင်းတွေကိုနောက်မှအသေးစိတ်ရေးပေးပါမယ်။သဘာဝကလာတဲ့(Zinc Ionophore)တွေအကြောင်းကိုကြိုပြီးသိထားချင်ရင်တော့အောက်ကသုတေသန(Link)မှာကိုယ်တိုင်သွားဖတ်ကြည့်လိုက်ပါ။
—
အနှစ်ချုပ်ပြောရရင်(Remdesivir)ဟာ(COVID)ကိုတစ်ကယ်ပျောက်တယ်ဆိုတဲ့အထောက်အထားခိုင်ခိုင်မာမာသေချာမရှိပါဘူး။ကလိန်ကကျစ်လုပ်ထားတဲ့သုတေသနတွေတော့ရှိနေပါတယ်။ရုရှားက(ကိုပုတင်)ကသူ့သမီးကိုကာကွယ်ဆေးထိုးပြပြီးုရုရှားကောင်းစားရေးလုပ်သွားတယ်။အဲဒါကိုမကျေနပ်လို့အမေရိကန်သမ္မတကြီးကလဲ၊သုံးမရလို့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကချောင်ထိုးထားတဲ့ဆေးအဟောင်း၊ကြီး(Remdesivir)ကိုကိုယ်တိုင်သုံးပြပြီးတော့အမေရိကန်နိုင်ငံရဲ့အကျိုးစီးပွားအတွက်လုပ်သွားတာပါပဲ။
—
ဒါလဲမဆန်းပါဘူး။အမေရိကန်ရဲ့(stock share)ဈေးတွေပြန်တက်တော့မှအမေရိကန်စီးပွားရေးပြန်ကောင်းလာနိုင်မှာမဟုတ်လား?။စီးပွားရေးတွေပြန်ကောင်းလာတော့မှ(Make American Great Again)ဆိုတဲ့ဆိုင်းဘုတ်ပြန်ထောင်ပြီးမဲဆွယ်လို့ရမယ်လေ။အဲဒီလိုပြန်ထောင်လို့ရတော့မှသမ္မတထရန့်ဒုတိယအကြိမ်ရွေးကောက်ပွဲပြန်နိုင်ဦးမယ်မဟုတ်လား?။
—
နိုင်ငံခြားသားတွေကတော့၊သူတို့နိုင်ငံကောင်းစားရေးအတွက်လုပ်မှာပဲလေ၊နိုင်ငံတကာကဂျင်းထည့်ပြီးတစ်ခုခုလုပ်လိုက်တိုင်းအမြဲဂျင်းမိနေတာကတော့မြန်မာလူမျိုးတွေပါပဲ။မြန်မာဆိုတာကတော့ကမ္ဘာ့ဂျင်းစိုက်ခင်းကြီးပါပဲ။တကမ္ဘာလုံးကမြန်မာပြည်မှာအခုမှဂျင်းလာစိုက်ကြတာမဟုတ်ပါဘူး။ဟိုးရှေးရှေးဘဝေသဏီ၊ကုန်းဘောင်မင်းဆက်တွေလက်ထက်ကတည်းကမျက်နှာဖြူအင်္ဂလိပ်ကြီးတွေမြန်မာနိုင်ငံကိုဂျင်းလာစိုက်နေကြပါပဲ။အခုလဲ၊အမေရိကန်ဂျင်းထည့်လဲခံရတယ်။ရုရှားဂျင်းထည့်လဲခံရတာပါပဲ။တရုတ်နဲ့ကုလားဆိုရင်မြန်မာကိုတစ်သက်လုံးဂျင်းထည့်လာတာရိုးနေပြီ။
—
ခံရမှာပေါ့၊အရိုးခံစိတ်ဓါတ်နဲ့ရိုးသားကြတာကိုး။မြန်မာလူမျိုးဆိုတာကတော့အရိုးခံစိတ်ကလေးကိုအခြေခံထားပြီးရိုးရိုးသားသားစဉ်းစားတတ်ကြတယ်။ကိုရိုးသားသလိုသူများလဲရိုးသားမှာပဲလို့ထင်ထားတတ်ကြတယ်။(၂၁)ရာစုနှစ်နိုင်ငံရေးမှာနိုင်ငံကြီးတွေဟာ၊အရိုးခံစိတ်ဓါတ်ထားပြီးရိုးသားနေတယ်ဆိုတာမရှိကြတော့ပါဘူး။နိုင်ငံကြီးတွေဖြစ်လေ၊မရိုးသားလေပါပဲ။နိုင်ငံခြားသားတစ်ယောက်ယောက်ကကိုယ့်မြန်မာနိုင်ငံကိုချစ်ပြပြီ၊စေတနာထားပြီဆိုရင်တော့သတိထားဖို့လိုနေပြီ။အဲဒါဂျင်းထည့်ခံရတော့မယ်။ဘယ်နိုင်ငံခြားသားကမှ၊သူတို့အတွက်အကျိုးအမြတ်မရှိပဲနဲ့မြန်မာနိုင်ငံကိုလာပြီးမချစ်ဘူး။သမီးပျိုလေးကိုပထွေးက၊အမေရင်းထက်ပိုပြီးချစ်ပြနေပြီဆိုရင်တော့—စဉ်းစားပေါ့။
—
အမေရိကန်လဲမယုံရသလို၊ရုရှား၊တရုတ်၊ကုလားလဲမယုံရပါဘူး။သမ္မတထရွန့်ဟာ(Remdesivir)ကိုအသုံးပြုပြီး(Make American Great Again)လုပ်သွားတာ၊သူ့နိုင်ငံသူ့အကျိုးစီးပွားရေးအတွက်ဆိုတာတော့မှန်ပါတယ်။အဲဒီအတွက်တော့အပြစ်မဆိုချင်ပါဘူး။ဒါပေမယ့်အဲဒီလိုလုပ်ရပ်ဟာဆင်းရဲတဲ့တိုင်းပြည်တွေက(COVID)ရောဂါကူးစက်ခံရတဲ့အပြစ်မဲ့လူတန်းစားတွေကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။
—
အမေရိကန်နိုင်ငံအကျိုးစီးပွားတစ်ခုအတွက်နဲ့ဆင်းရဲတဲ့နိုင်ငံငယ်လေးတွေက၊အပြစ်မဲ့တဲ့(COVID)လူနာတွေဓါးစားခံဖြစ်သွားတာကိုတော့ကျွန်တော်မနှစ်သက်ပါဘူး။ဒါကြောင့်ကျွန်တော်ကိုယ်တိုင်အရင်ရွေးကောက်ပွဲတုံးကသမ္မတ(ထရွန့်)ကိုထောက်ခံမဲပေးခဲ့ဖူးပေမယ့်၊အခုလာမယ့်ရွေးကောက်ပွဲမှာတော့ဘယ်ပါတီကိုမှမဲမပေးတော့ဘူးလို့ဆုံးဖြတ်ထားပါတယ်။သမ္မတ(Trump)ရဲ့(Remdesivir)ကိုခုတုံးလုပ်၊ကမ္ဘာကိုဂျင်းထည့်လိုက်ပြီး၊နိုင်ငံရေးအမြတ်တွေထုတ်လိုက်တာကိုမကြိုက်တော့လို့စိတ်ပြောင်းသွားတာပါပဲ။
—
ရှင်းရှင်းပြောရရင်၊သဘာဝကရတဲ့(Vitamin D)ဆိုတာ(COVID-19)အတွက်(Remdesivir)ထက်အပြန်တစ်ရာမကပိုသာသလို၊ဘေးထွက်ဆိုးကျိုးလဲမရှိပါဘူး။ဈေးနှုန်းကလဲအလွန်ပေါပါတယ်။လူတိုင်းလဲလွယ်လွယ်ကူကူရနိုင်တာပါပဲ။ဒါပေမယ့်ဘယ်နိုင်ငံရေးသမားကမှ(Vitamin D)ကောင်းတယ်လို့အရေးတယူလုပ်ပြီးစကားထဲထည့်မပြောကြပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့အကျိုးအမြတ်မှမရှိတာ။နိုင်ငံရေးသမားတွေဆိုတာကိုယ့်ပါတီအတွက်အကျိုးအမြတ်မရှိရင်ဘာမှကိုမလုပ်ပါဘူး။
—
အခုလဲစဉ်းစားကြည့်လိုက်ပါ။(Vitamin D)ကောင်းပါတယ်ပြောလို့၊အမေရိကန်(stock share)ဈေးကွက်တွေတက်လာစရာအကြောင်းမရှိသလို၊(Vitamin D)ကြောင့်သမ္မတထရန့်ရဲ့ပါတီလဲမဲထပ်နိုင်စရာအကြောင်းမရှိပါဘူး။(Vitamin D)ကောင်းပါတယ်ပြောလို့ အမေရိကန်အတွက်ဘာအကျိုးစီးပွားမှဖြစ်မလာနိုင်သလိုသမ္မတထရန့်ပါတီမဲအောင်နိုင်ရေးအတွက်လဲအကျိုးအမြတ်မရှိနိုင်ဘူး။
—
ဒါကြောင့်(Remdesivir)ဟာ(COVID)ပျောက်သလိုလိုလုပ်လိုက်တာပေါ့။အဲဒီလိုထလုပ်လိုက်တော့၊
(၁) အမေရိကန်ရဲ့(stock share)ဈေးကွက်တွေတက်လာတယ်။
(၂) အမေရိကန်ရဲ့(stock share)ဈေးကွက်တွေတက်လာခြင်းဟာသမ္မတထရန့်ရဲ့ပါတီနောက်တစ်ကြိမ်ထပ်နိုင်ဖို့လဲအသာစီးရလာနိုင်တယ်။
(၃)နောက်ဆုံးပြောချင်တာကတော့၊သမ္မတကိုယ်တိုင်(Remdesivir)သုံးပြလိုက်တယ်ဆိုတာတစ်ခြားမဟုတ်ပါဘူး၊သမ္မတထရန့်ရဲ့(Make American Great Again)ဆိုတဲ့သူ့ရဲ့ပေါ်လစီအဟောင်းအတိုင်းဆက်သွားနေတာပါပဲ။
—
ကျွန်တော်က(Democrat)လဲမဟုတ်သလို၊(Republican)လဲမဟုတ်ဘူး။နိုင်ငံရေးလဲဘက်မလိုက်ဘူး။ဒါပေမယ့်လူတွေရဲ့ကျန်းမာရေးကိုထိခိုက်စေပြီး၊အန္တရာယ်ဖြစ်လာနိုင်တဲ့ကိစ္စ၊တစ်ကယ်မစွမ်းတဲ့ဆေးကိုစွမ်းသလိုလိုလုပ်ပြီး၊ဆေးပညာကိုခုတုံးလုပ်ပြီးနိုင်ငံရေးအမြတ်ထုတ်တဲ့ကိစ္စကြတော့အပြစ်မဲ့(COVID)လူနာတွေဟာဓါးစာခံဖြစ်သွားလို့သမ္မတ(ထရန့်)ကိုဝေဖန်နေရတာဖြစ်ပါတယ်။
—
အဓိကပြောချင်တာကအမေရိကန်တွေရုရှားထက်အသာစီးရနိုင်အောင်၊ရုရှားဈေးကွက်တွေကိုပြန်ရယူနိုင်အောင်နိုင်ငံရေးကစားလိုက်တဲ့(Remdesivir)ဆေးကို၊မြန်မာလူမျိုးတွေဟာ(COVID)တစ်ကယ်ပျောက်တယ်လို့အမှားယုံစားမိပြီး၊(COVID)ပျောက်ဆေး(Remdesivir)ရှိနေပြီပဲ၊ငါတို့ကြောက်စရာမလိုတော့ပါဘူးကွာဆိုပြီးတော့(Remdesivir)ယုံပြီးတော့ဆူးပုံမနင်းမိကြဖို့တော့လိုအပ်ပါတယ်။အဲဒီလိုယုံကြည်မိရင်တော့အားလုံးဒုက္ခရောက်ကုန်ပါလိမ့်မယ်။
—
(Remdesivir)ဆိုတာ(COVID-19)မပေါ်လာခင်ကတာ်းကရှိနေတဲ့ဆေးပါ၊အခုမှရတဲ့ဆေးအသစ်မှမဟုတ်ပါဘူး။ဒီဆေးသာတစ်ကယ်ကောင်းတယ်၊အစွမ်းထက်တယ်ဆိုရင်အမေရိကန်တစ်ယောက်မှ(COVID)နဲ့သေစရာအကြောင်းမရှိပါဘူး။လက်တွေ့မှာ(Remdesivir)ကိုလက်ဝယ်ကိုင်ဆောင်ထားတဲ့အမေရိကန်တွေ(COVID)ကြောင့်အသေအပျောက်အများဆုံးပဲမဟုတ်ဘူးလား။အမေရိကန်တွေကတော့သောက်သောက်လဲသေနေပြီး(Remdesivir)က(COVID)ပျောက်တယ်ဆိုတာတော့သဘာဝကျတယ်မကျဘူးဆိုတာကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားကြည့်ကြပေါ့ဗျာ။
—
မေးခွန်းတွေကိုပြန်ဖြေရရင်၊(Remdesivir)ဆိုတာ(COVID-19)ပျောက်မပျောက်တော့ကျွန်တော်မသိဘူးဗျ။ကောင်းတာတော့တော်တော်လေးကိုကောင်းပါတယ်။ဒါမေမယ့်တခြားလူတွေအတွက်တော့မဟုတ်ဘူးဗျ။သမ္မတထရန့်နဲ့အမေရိကန်နိုင်ငံရဲ့အကျိုးစီးပွားအတွက်ပဲကောင်းတာပါ။ဆေးစွမ်းလဲတစ်ကယ်ထက်ပါတယ်။ရောဂါပျောက်အောင်အစွမ်းထက်တာတော့မဟုတ်ဘူးဗျ။အမေရိကန်စီးပွားရေးအတွက်အစွမ်းထက်တဲ့ဆေးတစ်ခုပါပဲ။
—
အားလုံးကျန်းမာ၍၊ကပ်ရောဂါဘေးနှင့်(အလိမ်အညာ)ဘေးမှကင်းဝေးကြပါစေ။ဉာဏ်ပညာရှိကြပါစေ။
Kelvin Albert Power