Turn Fat To Energy(120cts)

99,500 Ks

Exp: May, 2026

Availability: In stock

Category:
ဆရာရေးထားတဲ့ Turn Fat to Energy နဲ့ Soluble Fiber အကြောင်းပါ။
(Turn Fat to Energy+ Soluble Fiber)နှစ်မျိုးကိုပေါင်းသောက်ပြီး၊Triglycerides (TG)သိသိသာသာကျလာတဲ့လူတွေရှိသလို၊ပင်ပန်းနွမ်းနယ်နေရာကနေခန္ဓာကိုယ်ရဲ့စွမ်းအင်တွေတိုးပြီးလန်းဆန်း၊တက်ကြွ၊ဖြတ်လတ်လာကြတဲ့လူတွေ၊နေထိုင်ကောင်းလာကြတဲ့လူတွေလဲအများကြီးရှိလာလို့ဒီဆေးနှစ်မျိုးဟာတော်တော်လေးကိုနာမည်ကြီးနေပါတယ်။ဒါပေမဲ့အဲဒီလူတွေကဒီဆေးတွေရဲ့အလုပ်လုပ်ပုံတွေကိုဘာမှ(ဃဂ၊ဏန)သေချာမသိကြလို့အသေးစိတ်ရေးပေးဖို့မေးထားကြပါတယ်။
ကျွန်တော်ကလဲဒီဆေးတွေသာနာမည်ကြီးနေတာ။ဒီဆေးတွေအကြောင်းကိုအသေးစိတ်သေချာရေးပေးဖို့ပျက်ကွက်နေခဲ့ပြီး၊ရောဂါအမျိုးမျိုးတွေအကြောင်းကိုသာအဓိကထားပြီးရေးပေးနေတာပါ။ဒီဆေးတွေအကြောင်းကိုအမှန်အတိုင်းရေးပေးမယ်ဆိုရင်တောင်ကြော်ငြာဝင်ပြီးဈေးဗန်းခင်းနေတာပါဆိုပြီးကဲ့ရဲ့ရှုံ့ချမယ့်လူတွေရှိနေလို့တမင်ကိုမရေးပဲနဲ့ချန်ထားခဲ့တာပါ။
ဒါပေမဲ့တခုတော့ရှင်းအောင်ကြိုတင်ပြောထားချင်ပါတယ်၊(American Best)ကတော့ကြော်ငြာဝင်ပြီးတော့ဈေးဗန်းခင်းရောင်းမှာတော့မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ကိုယ်ထုတ်လိုက်တဲ့ဆေးတွေကနည်းနေပြီးသောက်သုံးသူတွေကသိပ်များနေလို့၊ကိုယ့်လူတွေအတွက်ဆေးတွေမပြတ်ရအောင်တောင်မနည်းကျိုးစားပြီးပို့ပေးနေရပါတယ်။ကိုယ့်ပစ္စည်းတွေက(USA)ကနေတိုက်ရိုက်လာတဲ့အရည်အသွေးတွေစစ်မှန်ပြီးတရုတ်ပစ္စည်း(ကလုန်း)တွေလဲမဟုတ်တဲ့အတွက်ဈေးဗန်းခင်းကြော်ငြာပြီးလဲသိက္ခာကျခံရောင်းနေမှာမဟုတ်ပါဘူး။
(USA, Florida)ကနေပို့ရတာဖြစ်ပြီး၊တိုက်ရိုက်ပို့ဖို့မလွယ်ပဲ၊(New York)ကနေတဆင့်ပြီးခံပို့ရတာဖြစ်လို့တခါတလေကြာတတ်ပါတယ်။ဒါကြောင့်များသောအားဖြင့်ဆေးတွေကပြတ်ပြတ်နေတတ်ပါတယ်။စီးပွားဖြစ်လုပ်ငန်းတစ်ခုအဖြစ်နဲ့ကြီးပွားချမ်းသာရေးလုပ်နေတာမဟုတ်တဲ့အတွက်လူသစ်တွေထပ်ရဖို့မဲဆွယ်ပြီးဈေးဗန်းခင်းရောင်းမှာတော့မဟုတ်ပါဘူး။လူအများဝယ်ဝယ်၊မဝယ်ဝယ်သိပ်ပြီးဂရုမစိုက်ပါဘူး။မဝယ်ရင်လဲပို့ပေးရတာသက်သာတယ်လို့ပဲသတ်မှတ်ပါတယ်။ပစ္စည်းကောင်းပစ္စည်းအစစ်အမှန်တွေကိုစေတနာထားပြီးထုတ်ပေးနေတာဖြစ်လို့ကြီးကျယ်တယ်လို့ဝေဖန်ရင်လဲဝေဖန်နိုင်ပါတယ်။
ကိုယ့်ကိုယုံကြည်သူတွေအတွက်လောက်ငှအောင်ထုတ်နိုင်ပြီးတော့ဒီဆေးတွေနဲ့ကိုယ့်ကိုယုံကြည်နေကြတဲ့လူနည်းစုတွေရဲ့ကျန်းမာရေးကိုအကျိုးပြုနိုင်ရင်ကျေနပ်ပါပြီ။ဆေးတွေဘယ်လောက်ကောင်းသည်ဖြစ်စေ၊ဘယ်လောက်နာမည်ကြီးသည်ဖြစ်စေထောင်သောင်းချီဖြန့်ချီပြီးစီးပွားဖြစ်ထုတ်လုပ်ဖို့အစီအစဉ်မရှိပါဘူး။သိသူဖေါ်စား၊မသိသူကျော်သွားဆိုတဲ့စကားအတိုင်းပါပဲ၊ဉာဏ်ရှိတဲ့လူတွေအတွက်ပဲအကျိုးရှိပါလိမ့်မယ်။
ဒီဆေးတွေအကြောင်းကိုအသေးစိတ်သေချာသိချင်လို့မေးလာကြတဲ့လူတွေသိပ်များလာတော့၊ဆေးကြော်ငြာရောင်းနေတယ်ဆိုပြီးအလကားနေကဲ့ရဲ့ရှုတ်ချဝေဖန်နေမယ့်အဆိုးမြင်ဝါဒီသမားတွေရဲ့ဝေဖန်မှု့ကိုဂရုစိုက်ထည့်သွင်းစဉ်းစားမနေတော့ပဲ၊ကိုယ့်ကိုယုံကြည်ပြီးလိုက်နာနေကြတဲ့လူတွေရဲ့အကျိုးစီးပွားကိုသာအဓိကထားပြီးဒီဆေးတွေအကြောင်းရေးပေးပါတော့မယ်။
ဝေဖန်တာ၊မဝေဖန်တာထက်၊ကိုယ့်ကိုယုံကြည်အားကိုးနေတဲ့လူတွေရောဂါကင်းပြီးကျန်းမာအသက်ရှည်ဖို့ကပိုပြီးအရေးကြီးနေပါတယ်။အပိုတွေမဟုတ်တာတွေကိုဇာတ်လမ်းဆင်ပြီးရေးနေတာမဟုတ်ပဲ၊သိပ္ပံနည်းကျသုသေသနတွေအထောက်အထားတွေကိုခိုင်ခိုင်မာမာအခြေခံထားပြီး၊လူတိုင်းကျန်းမာရေးအတွက်အကျိုးပြုမယ့်အမှန်တရားဆောင်းပါးတွေကိုရေးပေးနေတာဖြစ်လို့ဘယ်သူတွေထိုင်ပြီးအတင်းချချဂရုစိုက်နေမှာမဟုတ်တော့ဘူး။ညာဏ်ရှိတဲ့လူတွေအတွက်ပဲအကျိုးရှိပါလိမ့်မယ်။
ပထမဦးစွာခန္ဒာကိုယ်အတွင်းပိုင်းကအန္တရာယ်ရှိတဲ့အဆီတွေကို၊အဆီမှစွမ်းအင်အဖြစ်သို့ပြောင်းလဲပြီးအသုံးပြုနိုင်တဲ့(Turn Fat to Energy)ဆိုတဲ့ဆေးအကြောင်းကိုအရင်ရေးပေးပါမယ်။
(Turn Fat to Energy)ဆိုတဲ့ဆေးဟာဝိတ်ကျဆေးလား၊ပိန်ဆေးလားလို့မေးရင်တော့ဖြေရခက်ပါတယ်။ဝိတ်မကျဘူးလားဆိုတော့လဲ…ကျပါတယ်။ဒါပေမဲ့ဝိတ်ကျဆေးလား၊ပိန်ဆေးလားလို့မေးပြန်တော့…မဟုတ်ပြန်ပါဘူး။ဝိတ်တော့ကျတယ်၊ပိန်ဆေး၊ဝိတ်ကျဆေးတော့မဟုတ်ပြန်ဘူးဆိုတော့မျက်စိလည်သွားနိုင်လို့သေချာပြန်ရှင်းပြပါ့မယ်။
သိပ်ဝနေပြီးဝိတ်ကျမှသာကျန်းမာမယ်(သို့မဟုတ်)ကျန်းမာဖို့အတွက်ဝိတ်ကျဖို့လိုအပ်နေတယ်ဆိုတဲ့လူတွေအတွက်တော့ရေရှည်မှာဝိတ်ကျပါတယ်။ဒါပေမဲ့သာမာန်(မပိန်မဝ)အနေတော်လူတွေနဲ့နဂိုကတည်းက(ပိန်ပြီးသား)လူတွေအတွက်ကျတော့ဝိတ်မလိုအပ်ပဲနဲ့ထပ်ပြီးမကျတော့ပါဘူး။ဒီလိုလူတွေအတွက်တော့ဝိတ်ထပ်မကျစေပေမဲ့အတွင်းအင်္ဂါအစိတ်အပိုင်းတွေနဲ့သွေးတွင်းမှာရှိနေတဲ့၊အလွန်အန္တရာယ်ပေးနိုင်တဲ့အဆီတွေကိုတော့ချပေးနိုင်ပါတယ်။ဆိုလိုတာကလူကိုပိန်စေတဲ့ဆေးမဟုတ်ပဲ၊အန္တရာယ်ရှိတဲ့အဆီတွေ၊ကျန်းမာရေးကိုထိခိုက်စေမယ့်အဆီတွေကိုသာရွေးချယ်ပြီးချပေးတဲ့ဆေးမျိုးပါ။
မိမိအမြဲအသက်ရှင်သန်နေနိုင်အောင်ခန္ဒာကိုယ်ရဲ့နေ့စဉ်ပုံမုန်ဖြစ်တည်မှု့တွေကိုရုတ်တရက်ပြောင်းလဲမသွားနိုင်အောင်အမြဲထိန်းညှိ၊ထိန်းချုပ်ပေးနေတဲ့ဟိုမီယိုစတက်တစ်(Homeostatic)လို့ခေါ်တဲ့အလွန်အရေးကြီးတဲ့စနစ်တစ်ခုခန္ဒာကိုယ်မှာရှိနေပါတယ်။
ဒီစနစ်ကခန္ဒာကိုယ်အပူချိန်၊သွေးပေါင်ချိန်၊သွေးရဲ့(PH)တန်ဖိုး၊သွေးထဲမှာရှိတဲ့(electrolytes)ပမာဏ၊ခန္ဒာကိုယ်ရဲ့အလေးချိန်(bodyweight)၊သွေးရဲ့(Glucose)ပါဝင်မှ့ုအနည်းအများနဲ့၊ဓါတ်တိုး၊ဓါတ်လျှော့တုံ့ပြန်မှု့ (Redox activity)စသည်တွေကိုချက်ချင်းရုတ်တရက်ပြောင်းလဲမသွားနိုင်အောင်ထိန်းချုပ်ပေးထားရပါတယ်။
ဒီကနေ့ခေတ်မြန်မာပြည်မှာရောင်းနေတဲ့ပိန်ဆေးတွေ၊ဝိတ်ကျဆေးတွေဆိုတာကများသောအားဖြင့်ဓါတုဗေဒအဆိပ်အတောက်(Chemical toxins)တွေနဲ့ဖေါ်စပ်ထားလို့ရေရှည်မှာတကယ်ဝိတ်မကျတဲ့အပြင်ခန္ဓာကိုယ်ကိုအဆိပ်အတောက်တွေနဲ့(Oxidative Stress)တွေကိုပါဖြစ်ပေါ်စေနိုင်ပြီး၊ အအိပ်တွေပျက်၊အစားတွေပျက်၊ပင်ပန်းနွမ်းနယ်၊အားအင်ချိနဲ့လာကာကျန်းမာရေးကိုထိခိုက်စေပြီး၊ရောဂါခုခံမှု့အင်အားတွေကျဆင်းလာကာ၊ရောဂါပေါင်းစုံကိုလဲဝင်ရောက်လာစေနိုင်ပါတယ်။
ဟိုမီယိုစတက်တစ်(Homeostatic)လို့ခေါ်တဲ့ရုတ်တရက်မပြောင်းလဲသွားနိုင်အောင်ထိန်းချုပ်ပေးထားရတဲ့စနစ်အောက်မှာခန္ဒာကိုယ်ရဲ့အလေးချိန်(bodyweight)ဆိုတာကလဲအဓိကနေရာကပါဝင်နေတာဖြစ်လို့ရုတ်တရက်ဝိတ်ကျသွားခြင်းဆိုတာဟာ(Homeostatic)စနစ်ကြီးကိုထိခိုက်ပျက်စီးသွားစေခြင်းဖြစ်လို့၊ရေရှည်မှာ(Basil Metabolic Rate, BMR)ကိုပါပြုတ်ကျသွားစေပြီးမကြာခင်မှာပြန်ပြီးဝိတ်တက်လာစေမယ့်အပြင်၊ပိန်ဆေးတွေ၊ဝိတ်ကျဆေးတွေမှာပါတဲ့(chemical toxins)တွေနဲ့ဆေးကြောင့်ဖြစ်တဲ့(Oxidative Stress)တွေကြောင့်ရေရှည်မှာကျန်းမာရေးကိုထိခိုက်ပျက်စီးစေနိုင်၊ရောဂါအမျိုးမျိုးကိုရရှိစေနိုင်လို့အကြီးအကျယ်ကိုအန္တရာယ်ရှိပါတယ်။
ဒါကြောင့်(Turn Fat to Energy)ဆေးဆိုတာ၊ကျန်းမာရေးအတွက်လိုအပ်ရင်ဝိတ်ကျစေနိုင်တယ်ဆိုတာတော့မှန်ပေမဲ့၊(chemical toxins)တွေနဲ့ (Oxidative Stress)တွေဖြစ်ပေါ်စေတဲ့ခန္ဒာကိုယ်ရဲ့ဟိုမီယိုစတက်(Homeostatic)စနစ်ကိုပျက်စီးစေတတ်တဲ့တခြားပိန်ဆေး၊ဝိတ်ကျဆေးတွေနဲ့တော့လုံးဝမတူညီပဲတိုက်ရိုက်ကြီးကိုဆန့်ကျင်နေပါတယ်။
ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့(Turn Fat to Energy)ဆေးဟာ၊ခန္ဓာကိုယ်ရဲ့စွမ်းအင်ပြည့်ပြည့်ဝဝ၊မှန်မှန်ကန်ကန်သုံးစွဲနိုင်မှု့အတွက်အလွန်အရေးကြီးတဲ့(Body Thermogenic Energy & Basil Metabolic Rate, BMR)တွေကိုမြင့်တင်ပေးနိုင်ဖို့ရည်ရွယ်ဦးတည်ပြီးဖေါ်စပ်ထားတဲ့ဆေးဖြစ်နေလို့ပါပဲ။(Biochemistry)ကိုနားမလည်တဲ့လူတွေအတွက်မျက်စိလည်မသွားရအောင်နည်းနည်းပြန်ပြီးရှင်းပြပေးပါဦးမယ်။
ဆိုလိုတာက(Sugar)သို့မဟုတ်ကာဗိုဟိုက်ဒရိတ်(Carbohydrate)တခုထဲကိုခန္ဓာကိုယ်ကအဓိကထားပြီးစွမ်းအင်အတွက်အလွန်အကျွံအမြဲသုံးစွဲနေမယ်ဆိုရင်ရေရှည်မှာအင်ဆူလင်ခုခံမှု့(Insulin Resistant)လို့ခေါ်တဲ့ခုခံမှ့ုတစ်ခုဖြစ်ပေါ်လာပြီး၊အဲဒီခုခံမှု့ကပဲအဆီတွေကိုထပ်ပြီးသုံးစွဲခွင့်မရအောင်၊ကာဗိုဟိုက်ဒရိတ်တခုတည်းကိုပဲသုံးစွဲနိုင်အောင်ပိတ်ပင်တားဆီးလာပါတော့တယ်။ကာဗိုဟိုက်ဒရိတ်အလွန်အကျွံသုံးစွဲလို့အင်ဆူလင်ခုခံမှ့ုဖြစ်၊အင်ဆူလင်ခုခံမ့ှုဖြစ်လို့ကာဗိုဟိုက်ဒရိတ်ကိုပိုပိုပြီးသုံးစွဲဆိုပြီး၊အဆိုးပေါ်အဆိုးဆင့်၊အဆိုးသံသရာလည်ပါတ်သွားတော့(Postive feedback loop)တစ်ခုဖြစ်ပေါ်လာပြီးတစ်နေ့ထက်တစ်နေ့ပိုပိုပြီးဆိုးဝါးလာပါတော့တယ်။
(Insulin Resistant)ကြောင့်သွေးထဲမှာအင်ဆူလင်တွေအလွန်များလာပြီး၊(Hyperinsulinemia)လို့ခေါ်တဲ့အခြေအနေကိုရောက်ရှိလာကာ၊အင်ဆူလင်ရဲ့သဘောသဘာဝလုပ်ငန်းတာဝန်ကိုကအဆီကိုစွမ်းအင်အဖြစ်သုံးစွဲမှု့ကိုပိတ်ပင်တားမြစ်ပြစ်ပြီး၊သကြားသုံးစွဲမှု့ကိုသာတိုးမြင့်လှုံ့ဆော်ပေးတဲ့ဟော်မုန်းဖြစ်နေလို့၊သွေးထဲမှာအဆီ(TG)တွေကိုသယ်ဆောင်လာတဲ့(VLDL particles)တွေဟာလိုအပ်နေတဲ့နေရာတွေမှာသယ်ဆောင်ယူလာတဲ့အဆီတွေကိုချပေးခွင့်မရကြတော့ပဲ၊အင်ဆူလင်ရဲ့ပိတ်ပင်တားမြစ်ခြင်းကိုခံရပါတော့တယ်။
အင်ဆူလင်ဆိုတာကအဆီတွေကိုစွမ်းအင်အဖြစ်ဖျော်ချသုံးစွဲခွင့်မပြုတဲ့အပြင်၊အဆီအသစ်တွေကိုသကြားကနေများစွာထပ်ပြီးထုတ်လုပ်စေကာ၊ရှိတဲ့အဆီတွေနဲ့စုပေါင်းပြီးခန္ဓာကိုယ်ရဲ့အင်္ဂါအစိတ်အပိုင်းတွေအားလုံးမှာထပ်ပြီးသိုလှောင်သိမ်းဆည်းထားနိုင်ဖို့အားပေးလုပ်ဆောင်တတ်တဲ့(Anabolic Hormones)ဟော်မုန်းဓါတ်တစ်မျိုးဖြစ်နေတယ်။
ဒါကြောင့်အင်ဆူလင်ခုခံမ့ှုကြောင့်သွေးထဲမှာအင်ဆူလင်တွေများလာပြီး၊အဆီ(TG)တွေတက်လာပါတော့တယ်။များသောအားဖြင့်ယနေ့ခေတ်လူတွေရဲ့(TG)တွေဟာအောက်ဆီဒိုက်ဖြစ်ပြီးပျက်စီးလွယ်တဲ့(PUFA-Omega6)အမျိုးအစားတွေသာအဓိကပါဝင်နေလို့(lipid peroxidation change reaction)ဆိုတဲ့မရပ်မနားတောမီးလိုဆက်တိုက်ကူးစက်ပျက်စီးတတ်တဲ့(အောက်ဆီဒိုက်)ပျက်စီးမ့ှုမျိုးဖြစ်ပေါ်လာစေပါတော့တယ်။
(lipid peroxidation change reaction)ဆိုတာ၊အဆီမော်လီကျူးတွေအကြားမှာတောမီးကူးစက်လောင်သလို၊တခုကနေတခုချိတ်ဆက်ကူးစက်ပြီးပြန့်ပွားတတ်တဲ့အလွန်ဆိုးဝါးလှတဲ့အစဉ်အတန်းလိုက်တောက်လျှောက်ထိခိုက်ပျက်စီးမှ့ုမျိုးဖြစ်နေလို့အလွန်ဆိုးကျိုးများပြီး၊နှလုံးရောဂါ၊သွေးတိုးရောဂါ၊ဆီးချိုရောဂါ၊နှလုံးသွေးကြောကျဉ်းရောဂါ၊ဦးနှောက်သွေးကြောအဆီပိတ်ရောဂါ၊အသဲအဆီဖုံးရောဂါ၊လေဖြတ်ရောဂါ၊အော်တိုအင်မြူးရောဂါ၊ကင်ဆာရောဂါစသည်တို့ကိုဖြစ်ပေါ်လာစေနိုင်ပါတယ်။
ဒီဖြစ်စဉ်ဟာ(Carbohydrate metabolism)သို့မဟုတ်(Sugar, Glucose, Fructose metabolism)(insulin resistant နှင့် oxidative Stress)စတာတွေနဲ့အဓိကပါတ်သက်နေလို့၊(Carbohydrate metabolism)ကိုလျှော့ချပေးပြီး၊ခန္ဒာကိုယ်ရဲ့မလိုအပ်ပဲသွေးကြောတွေထဲမှာရှိနေတဲ့(TG)ခေါ်အဆီတမျိုးနဲ့ကိုယ်တွင်းကလီဇာအင်္ဂါအစိတ်အပိုင်းတွေမှာကပ်နေတဲ့အန္တရာယ်အလွန်ကြီးလှတဲ့(Visceral fat )ခေါ်အဆီဆိုး၊အဆီညစ်တွေအောက်ဆီတိုက်ဖြစ်ပြီးပျက်စီးသွားပြီးမိမိကိုအန္တရာယ်မပေးနိုင်ခင်၊အမြန်ဖျော်ချဖျက်ဆီးပြစ်ပြီးစွမ်းအင်အဖြစ်ပြောင်းလဲသုံးစွဲပြစ်နိုင်ဖို့အတွက်(Fat metabolism)လို့ခေါ်တဲ့ ဖြစ်စဉ်တခုစတင်ဖြစ်ပေါ်အသက်ဝင်လာအောင်(Turn Fat to Energy)ဆေးကိုဓါတုဗေဒမသုံးပဲ၊သဘာဝဆေးဝါးဓါတ်ပေါင်းအမျိုးမျိုးတွေကိုပေါင်းစပ်ပြီးဖေါ်စပ်ထားတာဖြစ်ပါတယ်။
(Turn Fat to Energy)ဆိုသည့်အတိုင်း(Body’s visceral Fat & triglyceride)ကနေ(Thermogenic Energy) ကိုဖြစ်ပေါ်စေလို့်ပိန်ဆေးလို့ခေါ်ရင်မှားတော့မမှားပေမဲ့မမှန်ပြန်ပါဘူး။ဘာကြောင့်လဲဆိုတော့ ရေရှည်မှာဝတဲ့လူတွေအတွက်ပိန်အောင်လုပ်ပေးနိုင်တယ်ဆိုတာမှန်ပေမဲ့၊မဝတဲ့လူတွေပိန်ပြီးသားလူတွေကိုတော့ထပ်ပြီးတော့ပိုမပိန်စေနိုင်ပါဘူး။ခန္ဒာကိုယ်ရဲ့အန္တရာယ်ကြီးလှတဲ့သွေးကြောအတွင်းနဲ့၊အတွင်းကလီဇာတွေမှာကပ်နေတဲ့အဆီဆိုးတွေကိုဖျော်ချပြစ်ပြီးစွမ်းအင်အဖြစ်ပြောင်းလဲပေးနိုင်လို့ပိန်ဆေးလို့ခေါ်မည့်အစားအဆီကျပြီးရောဂါကင်းစေတဲ့ဆေးလို့ခေါ်ရင်ပိုပြီးမှန်ကန်ပါလိမ့်မယ်။ဒါကြောင့်ဝသည်ဖြစ်စေ၊ပိန်သည်ဖြစ်စေ၊မပိန်မဝဖြစ်စေ၊ဒီဆေးကိုလူတိုင်းသုံးစွဲနိုင်သလို၊သုံးစွဲရင်လဲသိသိသာသာအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။
(Turn Fat to Energy)ဟာအထက်မှာရေးခဲ့ပြီးတဲ့အတိုင်းပဲတခြားသောပိန်ဆေးတွေ၊ဝိတ်ကျဆေးတွေလိုအအိပ်တွေပျက်၊အစားတွေပျက်၊ပင်ပန်းနွမ်းနယ်၊အားအင်ချိနဲ့လာကာကျန်းမာရေးကိုထိခိုက်လာစေပြီး၊ခုခံမ့ှုအားကိုကျဆင်းသွားစေကာရောဂါအမျိုးမျိုးဝင်ရောက်လာစေနိုင်တဲ့ဆေးတွေလိုမဟုတ်ပဲပြောင်းပြန်အကျိုးသက်ရောက်မ့ှုကိုသာဖြစ်ပေါ်စေနိုင်ပါတယ်။
ပြောင်းပြန်အကျိုးသက်ရောက်မ့ှုဆိုတာကသူ့ကိုသုံးစွဲလိုက်တာနဲ့မကြာခင်မှာပင်ပန်းနွမ်းနည်နေရာကနေအားယုတ်မှု့၊မရှိတော့ပဲငယ်ငယ်တုံးကလိုခန္ဓာကိုယ်ရဲ့စွမ်းအင်တွေတိုးလာပြီး၊လန်းဆန်းတက်ကြွ၊ဖြတ်လတ်လာကြတဲ့လူတွေ၊နေထိုင်ကောင်းလာကြတဲ့လူတွေလက်တွေ့မှာအများကြီးရှိနေကြပါတယ်။ဆိုးရွားပြီးခန္ဓာကိုယ်မှာဒုက္ခပေးနေတဲ့အန္တရာယ်များလှတဲ့(Body’s visceral Fat)နဲ့ (triglyceride)အဆီဆိုးတွေကိုဖျော်ချဖျက်ဆီးပြစ်ပေးရုံတင်မကပဲ၊မိမိခန္ဓာကိုယ်အတွက်အကျိုးပြုမဲ့စွမ်းအင်အဖြစ်ပါပြောင်းလဲသုံးစွဲနိုင်တာဟာအလွန်အကျိုးကျေးဇူးများလှတဲ့တစ်ချက်ခုတ်နှစ်ချက်ပြတ်စေတဲ့သဘောတရားတစ်ခုဖြစ်နေတယ်ဆိုတာကိုလူတိုင်းနားလည်လွယ်လို့အကျယ်ချဲ့ပြီးရှင်းပြဖို့လိုမယ်မထင်ပါဘူး။
ဝိတ်တက်ပြီးပိန်ချင်လို့၊ဝိတ်ကျချင်လို့ဒီဆေးကိုသုံးစွဲမယ်ဆိုရင်လဲသုံးစွဲလို့တော့ရပါတယ်။ဒါပေမဲ့တစ်ခုပြောချင်တာကဝိတ်တက်ပြီးဝနေလို့အပြင်ပန်းကြည့်မကောင်းတာကအရေးသိပ်မကြီးလှပါဘူး။သို့သော်အတွင်းပိုင်းမှာရှိတဲ့အဆီတွေကသာအောက်ဆီတိုက်ဖြစ်ပျက်စီးနိုင်ပြီးသွေးကြောတွေမှာပိတ်ဆို့ကာမိမိကိုယ်အတွင်းပိုင်းအင်္ဂါအစိတ်အပိုင်းတွေကိုဆုံးရှူံးပျက်စီးစေပြီးမိမိကိုယ်ရောဂါရစေမယ့်အခြေအနေကတော့ပိုပြီးအရေးကြီးနေပါတယ်။
ဆိုလိုတာကခန္ဒာကိုယ်အပြင်ဖက်ခြေတွေလက်တွေကအပြင်ပန်းကြည့်လို့မကောင်းရုံကလွဲလို့အတွင်းအင်္ဂါအစိတ်အပိုင်းတွေမှာကပ်နေတဲ့အဆီတွေနဲ့သွေးကြောတွေထဲမှာရှိနေတဲ့အဆီတွေလောက်ကြောက်စရာမကောင်းပါဘူး။အထူးသဖြင့်နှလုံး၊ကျောက်ကပ်စတဲ့ကလီဇာတွေမှာတွယ်ကပ်နေတဲ့အဆီ၊သွေးကြောတွေထဲမှာရှိနေတဲ့အဆီ(blood triglycerides)နှင့်အသဲမှာဖုံးနေတဲ့အဆီ(Fatty Liver)တွေဆိုတာကတော့ကြောက်စရာအကောင်းဆုံးပါပဲ။ဝိတ်တက်လာတာကကြည့်မကောင်းတာကလွဲလို့လူကိုမသေစေနိုင်ပါဘူး။သို့သော်ဒီလိုသွေးကြောတွေနဲ့အတွင်းအင်္ဂါအစိတ်အပိုင်းတွေမှာရှိနေတဲ့အဆီတွေကတော့တကယ့်ကိုအသက်အန္တရာယ်ပေးနိုင်ပါတယ်။
ဆိုလိုတာကဒီဆေးကိုဝိတ်ကျစေချင်လို့သောက်ရင်၊သောက်လို့ရပေမဲ့ချက်ချင်းတော့ဝိတ်ကျသွားဖို့မမျော်လင့်ကြပါနဲ့။ဒီဆေးကကိုယ်တွေ၊လက်တွေကအဆီတွေကိုချက်ချင်းတော့ချပေးမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီဆေးဟာ(chemical toxins)တွေမပါသလို(Oxidative Stress)တွေကိုဖြစ်ပေါ်စေပြီးဟိုမီယိုစတက်(Homeostatic)စနစ်ကိုပျက်စီးစေတတ်တဲ့ပိန်ဆေး၊ဝိတ်ကျဆေးမျိုးမဟုတ်တဲ့အတွက်ချက်ချင်းတော့ဝိတ်အမြန်ကြီးမကျစေနိုင်ပါဘူး။သို့သော်ဝတဲ့လူတွေအတွက်ကျန်းမာအောင်အရင်လုပ်ပေးပြီး၊ကျန်းမာပြီးတော့မှရေရှည်မှာတဖြေးဖြေးခြင်းတော့ဝိတ်ကျလာပါလိမ့်မယ်။
—-
ပထမဆုံးအနေနဲ့သွေးကြောတွေထဲမှာရှိနေတဲ့(blood triglycerides)လို့ခေါ်တဲ့သွေးကြောအတွင်းကအဆီတွေကိုအရင်ရှင်းလင်းပေးပါလိမ့်မယ်။ဒုတိယအနေနဲ့နစ်ပေါင်းများစွာတွယ်ကပ်လာတဲ့အသဲကအဆီတွေ၊နှလုံးကအဆီတွေနဲ့တခြားသောကလီဇာအတွင်းပိုင်းအင်္ဂါတွေမှာတွယ်ကပ်နေပြီးအန္တရာယ်ကပေးနိင်တဲ့အဆီတွေကိုထပ်ပြီးရှင်းပြစ်ပါလိမ့်မယ်။အဲဒီအဆီတွေကုန်တော့မှနောက်ဆုံးအနေနဲ့ကိုယ်တွေလက်တွေမှာအကြည့်ရရုပ်ဆိုးပြီး၊ဝိတ်တက်အောင်လုပ်နေတဲ့အဆီတွေကိုတဖြေးဖြေးချင်းချပေးမှာပါ။ကျန်းမာဖို့ကပထမဖြစ်ပြီးဝိတ်ကျဖို့ကဒုတိယဖြစ်နေတာကြောင့်၊ဝိတ်ကျပြီးလှချင်သူတွေအသုံးပြုနိုင်တာမှန်ပေမဲ့ဝိတ်ကျဖို့ကနောက်ဆုံးဖြစ်နေလို့အချိန်တော့ပေးရပါလိမ့်မယ်။
အကျိုးကျေုးဇူးအပြည့်အဝရရှိဖို့(Turn Fat to Energy)တစ်မျိုးတည်းနဲ့လဲမလုံလောက်နိုင်ပါဘူး။(Turn Fat to Energy)ကသွေးကြောအတွင်းပိုင်းနဲ့၊အသဲ၊နှလုံး၊ကလီဇာတွေမှာရှိနေတဲ့အဆီတွေကိုစတင်ပြီးရှင်းပေးနေတဲ့အချိန်မှာအသဲကနောက်ထပ်အဆီအသစ်တွေကိုသကြားဓါတ်တွေကနေထပ်ထုတ်လုပ်ပြီးခန္ဓာကိုယ်အစိတ်အပိုင်းတွေစီမှာထပ်ပြီးမသိုလှောင်၊မသိမ်းဆည်းနိုင်ဖို့၊အစာအိမ်နဲ့အူလမ်းကြောင်းကနေ(Carbohydrate)စုပ်ယူမ့ှုအမြန်နုန်းကိုနှေးသွားအောင်ထိန်းသိန်းပေးပြီး၊အင်ဆူလင်(Insulin )ဟော်မုန်းကိုရုတ်တရက်ပုံမှန်ထက်ပိုပြီးဆောင့်မတက်ရအောင်ထိန်းချုပ်ပေးနိုင်ဖို့(Soluble Fiber)နဲ့တွဲစပ်ပြီးသောက်ပေးဖို့တော့လိုအပ်ပါတယ်။
သို့မှသာတစ်ဖက်မှာ(Turn Fat to Energy)ကသွေးကြောထဲကအဆီတွေနဲ့၊အသဲ၊နှလုံး၊ကလီဇာတွေမှာရှိနေတဲ့အဆီတွေကို စွမ်းအင်အဖြစ်အမြန်ဆုံးပြောင်းလဲပြီးလောင်ကျွမ်းနိုင်ဖို့ရှင်းလင်းပေးနေတဲ့အချိန်မှာ။အခြားတဖက်ကလဲ(Soluble Fiber)ကကူညီပြီးနောက်ထပ်အသဲထဲမှာ(Glucose)ကနေအဆီအသစ်တွေထပ်မထုတ်လုပ်၊မသိုလှောင်၊မသိမ်းဆီးနိုင်အောင်သွေးထဲမှာ(Glucose)နှင့်အင်ဆူလင်ပမာဏကိုလိုအပ်တာထက်ပိုမများသွားစေနိုင်ဖို့အူလမ်းကြောင်းကစုပ်ယူနိုင်မ့ှုနုန်းကိုထိန်းချုပ်ပေးရပြန်ပါတယ်။(Soluble Fiber)အကြောင်းအသေးစိတ်သိနိုင်အောင်လို့အောက်က(link)မှာသွားပြီးဖတ်ကြည့်ပါ။
နောက်ဆုံးနဲ့အဓိကအရေးအကြီးဆုံးအချက်က(Turn Fat to Energy + Soluble Fiber )ကိုတွဲသောက်နေတဲ့အချိန်မှာကာဗိုဟိုက်ဒရိတ်လို့ခေါ်တဲ့(carbohydrate) ကစီဓါတ်၊သကြားဓါတ်နှင့်(Fructose)ရှောင်နိုင်သလောက်ရှောင်ပါ။ကာဗိုဟိုက်ဒရိတ်သာရှောင်ဖို့လိုပေမဲ့အဆီတွေကိုတော့ပုံမှန်စားလို့ရပါသည်။ဒါပေမဲ့ကောင်းတဲ့အဆီ(extra virgin olive oil, virgin coconut oil, grass-fed butter, MCT)တွေကိုတော့ရွေးချယ်ပြီးစားစေချင်ပါတယ်။(PUFA, Polyunsaturated fatty acid, Omega-6)အိုမီဂါ(၆)အမျိုးအစားဆီတွေကိုတော့မစားပါနှင့်။ဟင်းသီးဟင်းရွက်များများစားပါ။အသားငါးစားပါ။မိခင်သဘာဝကရတဲ့သဘာဝအစားအစာနဲ့ဖြည့်စွက်စာတွေစားသောက်ပါ။အရင်းရှင်တွေစီးပွားဖြစ်ထုတ်လုပ်ထားတဲ့ဓါတုဗေဒပါတဲ့အစားအသောက်တွေရှောင်ကြဉ်ပါ။ကျန်းမာရေးလေ့ကျင်ခန်းတွေလုပ်နိုင်ရင်တော့အကောင်းဆုံးဖြစ်ပါတယ်။(Fasting)သို့မဟုတ်(အချိုရေရှောင်ပြီးရေတစ်ခုပဲသောက်တဲ့)ဥပုသ်ကိုတော့ရနိုင်ရင်ရနိုင်သလောက်မဖြစ်မနေလုပ်ပေးပါ။
ဒီဆေးနှစ်မျိုးဟာ(Insulin Resistant)ကိုလဲလျော့နည်းစေနိုင်လို့(Type2)ဆီးချိုသမားတွေအတွက်လဲအထူးအထောက်အကူပြုနိုင်ပါတယ်။
Kelvin Albert Power
————————————————————–
(Turn Fat to Energy)ဆေးညွန်း။
(Turn Fat to Energy)ကိုပုံမှန်အားဖြင့်တစ်နေ့ကိုနှစ်ကြိမ်၊တကြိမ်ကိုတစ်လုံး၊မနက်၊နေ့လည်၊ နှစ်ကြိမ်ခွဲပြီးမနက်ပိုင်းနဲ့နေ့လည်ပိုင်းတွေမှာအစာစားခါနီး(၁၀-၁၅)မိနစ်လောက်အလိုမှာသောက်သုံးရပါမည်။ဒီနည်းကစုစုပေါင်းတစ်ရက်(၂)လုံးဖြစ်နေပါမည်။
ပိုထိရောက်ချင်ရင်တော့၊အကျင့်ရလာတော့မှ၊တစ်နေ့ကိုနှစ်ကြိမ်၊တကြိမ်ကိုနှစ်လုံး၊မနက်၊နေ့လည်၊ နှစ်ကြိမ်ခွဲပြီးမနက်ပိုင်းနဲ့နေ့လည်ပိုင်းတွေမှာအစာစားခါနီး(၁၀-၁၅)မိနစ်လောက်အလိုမှာသောက်သုံးရပါမည်။ဒီနည်းကစုစုပေါင်းတစ်ရက်(၄)လုံးဖြစ်နေပါမည်။
သို့သော်ဒီဆေးကအာနိသင်ပြင်းပြီး(Green Tea)နှင့်(Guarana)မှလာသောသဘာဝ၊ကဖိန်းဓါတ်တွေပါလို့တချို့လူတွေမှာအကျင့်မရှိရင်အစပိုင်းရင်တုန်တတ်သဖြင့်စသောက်သောက်ခြင်းမှာတော့တနေ့ကိုတလုံးကနေစသောက်သင့်ပါသည်လေးငါးရက်လောက်ကြာပြီးတော့မှတဖြေးဖြေးချင်းတစ်ရက်(၂)လုံး၊(၃)လုံး၊(၄)လုံးအထိတိုး၍သောက်နိုင်ပါသည်။အများဆုံးတစ်နေ့ကို(၄)လုံးထက်ပိုမသောက်ပါနှင့်။(၄)လုံးကိုလဲတကြိမ်ထဲပေါင်းပြီးမသောက်ပါနှင့်၊အနည်းဆုံးနှစ်ကြိမ်ခွဲပြီး၊တကြိမ်နဲ့တကြီမ်အနည်းဆုံး(၄)နာရီကျော်လောက်ခြားပြီးမှခွဲသောက်ပါ။ဒီဆေးကိုညနေပိုင်း(၅)နာရီကျော်လျှင်မသောက်ပါနှင့်၊သောက်ပါကစွမ်းအင်တွေပြည့်ကာတက်ကြွနေပြီးတစ်ညလုံးအိပ်မပျော်ပဲနေတတ်ပါတယ်။(၁)အစာစားပြီးမသောက်ရ၊(Hoodia Gordonii)ပါ၍ရင်ပြည့်ရင်ကယ်ဖြစ်တတ်ပါသည်။အစာမစားခင်(စားခါနည်း)သောက်ရပါမည်။
——————-
(Soluble Fiber)အတွက်ဆေးညွန်း။
(Soluble Fiber)ကိုထမင်းစားခါနှီး(၁၀-၁၅)မိနစ်လောက်အလိုမှာရေများများနှင့်သောက်သုံးရပါမည်။
(၁)ထမင်းနဲနဲပဲစားမည်ဆိုလျှင်(Soluble Fiber=3g)သို့မဟုတ်(6)လုံးကိုအနည်းဆုံးရေတဖန်ခွက်အပြည့်ဖြင့်သောက်ရပါမည်။
(၂)ထမင်းပုံမှန်စားမည်ဆိုလျှင်(Soluble Fiber=5g)သို့မဟုတ်(10)လုံးကိုအနည်းဆုံးရေတဖန်ခွက်ခွဲအပြည့်ဖြင့်သောက်ရပါမည်။
(၃)ထမင်းများများစားမည်ဆိုလျှင်(Soluble Fiber=7g)သို့မဟုတ်(14)လုံးကိုအနည်းဆုံးရေနှစ်ဖန်ခွက်ခွဲအပြည့်ဖြင့်သောက်ရပါမည်။
——
(Soluble Fiber)ကိုတစ်နေ့ဘယ်နှစ်ကြိမ်သတ်မှတ်မထားပါ။တစ်ရက်အစာ(၃)ကြိမ်စားလျှင်(၃)ကြိမ်သောက်ပါ။အစာ(၂)ကြိမ်ပဲစားလျှင်(၂)ကြိမ်သာသောက်ပါ။ရေများများသောက်ပေးရန်အရေးကြီးပါသည်။(Soluble Fiber)ကိုသုံးစွဲနေချိန်ရေအသောက်နည်းပါက(Dehydration)ဖြစ်ပြီးဝမ်းချုပ်တတ်ပါသည်။
ဒီဆေးတွေသုံးနေတဲ့အချိန်မှာပိုပြီးထိရောက်ဖို့သကြားနဲ့အချိုဓါတ်၊အချိုရည်ဖျော်ရေတွေကိုမစား၊မသောက်ပဲရှောင်နိုင်ဖို့၊ကာဗိုဟိုက်ဒရိတ်တွေလျော့စားနိုင်ဖို့လဲအလွန်အရေးကြီးပါသည်။
Shopping Cart