Probiotic+Cranberry
American Best ကထုတ်လုပ်လိုက်တဲ့ Probiotic ကတော့Probiotic ကိုသီးသန့်ထုတ်လုပ်ထားခြင်းမဟုတ်ဘဲ၊ လူတိုင်းအတွက်အာဟာရဓါတ်မြင့်မားခြင်းနှင့်ဓါတ်တိုးခြင်းတို့အတွက် superfood လို့ခေါ်နေကြတဲ့ Cranberry ကိုပါထည့်သွင်းထုတ်လုပ်ပေးထားပါတယ်။ထုတ်လုပ်တဲ့(Probiotic Strains) တွေကလဲအစာအိမ်အက်ဆစ်ဓါတ်ကိုခံနိုင်တဲ့ပိုးအမျိုးအစားတွေကိုအဓိကထားပြီးထည့်သွင်းထုတ်လုပ်ထားပေးပါတယ်။
—
Cranberry ကိုsuper food လို့လဲခေါ်ကြပါတယ်၊ဘာအတွက်ကြောင့် super food လို့ခေါ်ရတာလဲဆိုတော့ Cranberry ဟာဆီးလမ်းကြောင်းကျန်းမာရေးအတွက်အလွန်အရေးကြီးပါတယ်။
Cranberry သည်အက်ဆစ်ဒြပ်ပေါင်းများစွာပါဝင်သည့်အတွက်၊ထည့်သွင်းထားသော(Probiotic)ပိုးတွေဟာအက်ဆစ်ဓါတ်ကိုခံနိုင်ရည်ရှိသော်လည်း၊မကောင်းသောဘက်တီးရီးယားများကိုမူအက်ဆစ်ဓါတ်ဖြင့်တိုက်ထုတ်ပေးပြီးအစာအိမ်နှင့်အူလမ်းကြောင်းတွင်သာမကပဲဆီးလမ်းကြောင်းရောဂါကူးစက်မှု့ urinary tract infection (UTI) ၏အန္တရာယ်ကိုပါလျှော့ချပေးနိုင်ပါသည်။
—
Cranberry သည်ဆီးလမ်းကြောင်းတွင်အနာနှင့်ဘက်တီးရီးယားများကြီးထွားခြင်းတို့ကိုတားဆီးပေးပြီး၊ ဆီးအားပိုမိုအက်စစ်ဖြစ်စေပြီးဘက်တီးရီးယား / အနာများကိုသက်သာပျောက်ကင်းစေနိုင်ပါသည်။
Cranberry သည် ကောင်းမွန်သော pH အဆင့်ကိုထိန်းသိမ်းပေးနိုင်သလို၊အူကျန်းမာရေးကိုလည်းကောင်းစွာအထောက်အကူဖြစ်စေပါသည်။
Cranberry သည်ပါးစပ်အတွင်းရှိအန္တရာယ်ရှိသောအက်ဆစ်များကိုထိန်းချုပ်ပေးနိုင်သည်။ သွားဖုံးယိုယွင်းခြင်းနှင့်ပါးစပ်ကင်ဆာရောဂါများကိုပင်တားဆီးပေးနိုင်ပါသည်။
Cranberry သည်ကျောက်ကပ်များကိုလည်းမပျက်စီးအောင်ကာကွယ်ပေးနိုင်ပါသည်။
—
Probiotics သည်ခန္ဓာကိုယ်အတွက်စားသုံးလိုက်သောအစားအစာမှအဖိုးတန်အာဟာရဓာတ်များကိုအစာကြေလွယ်စေပြီးဗီတာမင် B12 နှင့်ဗီတာမင်K ကဲ့သို့သောလိုအပ်သောဗီတာမင်များထုတ်လုပ်ရာတွင်အရေးပါသောအခန်းမှပါ ဝင်ကူညီပေးသည်။Probiotics များသည်ခန္ဓာကိုယ်အားကျန်းမာစေပြီးကောင်းမွန်စွာအကျိုးပြုနိုင်သောဘက်တီးရီးယားကောင်းများဖြင့်ပြုလုပ်ထားပါသည်။ စိတ်ဖိစီးမ့ှုများခြင်း၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့အစာတွေကိုစားသုံးခြင်း၊ ဓါတုဆေးဝါးများသုံးစွဲခြင်းတို့ကြောင့်အစာခြေလမ်းကြောင်းမှာကျန်းမာတဲ့ဘက်တီးရီးယားတွေကိုဆုံးရှုံးထိခိုက်စေပြီးမကောင်းသောဘက်တီးရီးယားများလာတတ်ပါတယ်။Probiotic ကိုနေ့စဉ်မှန်မှန်သောက်ပေးခြင်းဖြင့်ဘက်တီးရီးယားကောင်းများ၊များပြားလာသည့်အခါအထက်ပါမကောင်းသည့်ဘက်တီးရီးယားများကိုတိုက်ထုတ်ပေးနိုင်လာပါသည်။
Probiotics သည်အစာခြေစနစ်အတွင်းရှိကောင်းမွန်သောဘက်တီးရီးယားများကိုတိုးပွားစေသည်။
ဝမ်းလျှောရောဂါကိုကာကွယ်ရန်နှင့်ကုသရန်အတွက်လည်း Probiotics ကကူညီပေးနိုင်ပါသည်။
Probiotic ဖြည့်စွက်ဆေးများသည်စိတ်ကျန်းမာရေးအခြေအနေအချို့ကိုလည်းတိုးတက်ကောင်းမွန်စေသလို နှလုံးကျန်းမာရေးကိုလည်းကောင်းမွန်လာစေနိုင်သည်။
Probiotic နှင့် Cranberry တွဲထားသော ဖြည့်စွက်ဆေးသည် premenopausal အမျိုးသမီးများအတွက်ဆီးလမ်းကြောင်းကူးစက်မှု့ကိုသိသိသာသာလျှော့ချနိုင်ပြီးရောဂါကူးစက်မှု့ကာလကိုတိုစေပြီးအန္တရာယ်ရှိသော antibiotic များကိုသောက်သုံးရန်မလိုဘဲသက်သာပျောက်ကင်းစေနိုင်ပါသည်။
Probiotic ပိုးမွားများသည်ခန္ဓာကိုယ်ရောဂါခုခံမှု့စနစ်အတွက်အလွန်အရေးကြီးသောအစိတ်အပိုင်းမှပါဝင်သည့်အပြင်၊(Autoimmune)ရောဂါမဖြစ်ပွားရန်အတွက်လဲအကာအကွယ်ပေးသည့်အပြင်၊ရောဂါဖြစ်ပြီးသူများကိုလည်းကောင်းကျိုးပြုနိုင်ပါသည်။
ဆေးညွှန်း။ ။ မနက်အစားမစားခင် နှင့် ညအိပ်ယာဝင်ခါနီး Probiotic+Cranberry (၂)လုံးစီသောက်ပေးရပါမယ်။
(သို့မဟုတ်)
Apple Cider Vinegar ကိုသောက်နေသူများအနေနဲ့Apple Cider Vinegar(၂)လုံးကိုအစားမစားခင်မှာသောက်ပြီး Probiotic+Cranberry ကိုတော့အစားစားပြီး(၂)နာရီလောက်အကြာမှာသောက်ပေးပါ။(ဘာဖြစ်လို့လဲဆိုတော့အစားစားပြီး(၂)နာရီလောက်အကြာမှာအက်ဆစ်ဓါတ်လျှော့သွားပါတယ်အဲဒီအချိန်သောက်ရင်ပိုအကျိုးထိရောက်ပါတယ်)
–
Ingredients နှင့် သောက်သုံးခြင်းဖြင့်ရရှိမည့်အကျိုးကျေးဇူးများကိုပုံမှာပြထားသောဆေးဘူးတွင်လည်းဖတ်ရှု့လို့ရပါတယ်။