American Best ကအရင်ထုတ်ခဲ့ဘူးတဲ့ Super Digestive+Enzymeကိုအမြဲမေးနေကြလို့
Super Digestive+Enzyme ထက်ပိုမိုကောင်းမွန်ပြီးအကျိုးများစေမယ့် Ox-Bile+Digestive Enzymes ကိုထုတ်ပေးလိုက်တာဖြစ်ပါတယ်။
–
ဆေးညွှန်း
အစားစားခါနီးမှာ Ox-Bile+Digestive Enzymes (၂)လုံးနဲ့ Apple Cider Vinegar (၂)လုံးတွဲသောက်ပေးပါ။ကျွန်မကတော့အစားစားပြီးမှ Ox-Bile+Digestive Enzymes (၂)လုံးနဲ့ Apple Cider Vinegar (၂)လုံးတွဲသောက်ပါတယ်။တကယ်လို့အစားစားခါနီးမှာ မသောက်တတ်ကြရင်တော့အစားစားပြီးပြီးချင်းမှာသောက်ပေးလို့ရပါတယ်။
======
စာဖတ်တဲ့သူတွေအဆင်ပြေအောင် Ox-Bile+Digestive Enzymes မှာပါဝင်တဲ့ ingredients တွေနဲ့အတူတခုခြင်းစီရဲ့အကျိုးအာနိသင်တွေကိုလည်းအကျဉ်းချုံးပြီးရေးပေးထားတဲ့အတွက်သေချာတော့ဖတ်စေချင်ပါတယ်။
–
Ox-Bile powder
အူလမ်းကြောင်းပိုးဝင်ခြင်း၊ အူအတွင်း သည်းခြေရည် ချို့တဲ့မှု့ တို့အတွက် အထူးကောင်းမွန်စေပါတယ်။ ။ အစာအိမ်ပျက်စီးစေသောရောဂါပိုးမွှားများကို လည်းကာကွယ်ပေးပါတယ်။ အသည်းကိုကာကွယ်ပေးပြီး သဘာဝ သည်းခြေအက်ဆစ်ထုတ်လုပ်မှု့နှင့် သည်းခြေရည်စီးဆင်းမှု့ကိုလည်း ပြန်လည်ကောင်းမွန်စေပါသည်။
–
Pancreatin
ပန်ကရိယ (pancreas) ကောင်းမွန်စွာ အလုပ်မလုပ်တဲ့အခါ မှာဖြစ်ပေါ်လာစေနိုင်တဲ့အစာခြေပြဿနာများ အတွက် လည်းကောင်းမွန်စေပါတယ်။ Pancreatin ကအစာခြေဖျက်ရန်လည်း အထောက်အကူပြုနိုင်တဲ့အတွက် ခန္ဓာကိုယ်မှာ အလုံအလောက်မထုတ်ပေးနိုင်တဲ့အစာခြေအင်ဇိုင်းများကို ကူညီပံ့ပိုးရန်အတွက်သောက်သုံးသင့်ပါတယ် ။
–
Diastase
Diastase ကတော့ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ဗိုက်ပြည့်ခြင်း၊ နှင့် ဗိုက်အောင့်ခြင်းအစာမကြေခြင်းတွေအတွက်အစာချေဖျက်ခြင်းကို ကောင်းမွန်စေပါတယ်။
–
Papain
Papainဆိုတာကတော့ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ နဲ့ပါတ်သက်တဲ့ရောဂါများနဲ့ ဝမ်းချုပ်ခြင်းကိုဖြစ်စေတဲ့ အစာမခြေနိုင်မှု့များအတွက်ကောင်းမွန်စေပါတယ်။ဒါ့အပြင်အစာချေရန်ခက်ခဲသောတိရိစ္ဆာန်အသားများကဲ့သို့သော ပရိုတိန်းအစားအစာများကိုလည်းခန္ဓာကိုယ်ကအလွယ်တကူ ချေဖျက်နိုင်စေရန် လည်းဆောင်ရွက်ပေးနိုင်ပါတယ်။အစာအိမ်အက်ဆစ်နည်းသော သူများနဲ့ အစာကြေရန် ခက်ခဲသော သူများအတွက်အထူးသင့်တော်ပါတယ်။
–
Cellulase
သက်ရှိလူသားများဟာcellulose ကို မချေဖျက်နိုင်တဲ့အတွက် ခန္ဓာကိုယ်အတွင်းလိုအပ်သော beta-glucose ကိုရရှိရန်အတွက် cellulase ကို သောက်သုံးရန်လိုအပ်ပါတယ်။ cellulose ဆိုတာကတော့အစာချေရန်ခက်ခဲစေတဲ့ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ မှာ တွေ့ရတဲ့ အမျှင်ဓာတ်တစ်မျိုးဖြစ်ပါတယ်။ လူတွေက cellulose ကို မချေဖျက်နိုင်ပါဘူး။ ဒါပေမယ့်အမျှင်ဓာတ်လိုချင်လို့ စားသုံးကြရပါတယ်။ အမျှင်ဓာတ်က အစာခြေစနစ်ကို အူလမ်းကြောင်းတစ်လျှောက် ရွေ့လျားစေပြီး ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တဲ့အတွက်ဖြစ်ပါတယ်။
–
အဲဒီအမျှင်ဓါတ်ကိုအူမကြီးထဲရောက်ရင် Probiotic Bacterias တွေကချေဖျက်ပေးပြီးရောင်ရမ်းမူ့မဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့ခန္ဓာကိုယ်အတွက်အကျိုးပြုဓါတ်ပေါင်းတွေထွက်လာပါတယ်။အမျှင်ဓါတ်တွေကိုခန္ဓာကိုယ်ထဲကအကျိုးပြု Probiotic Bacterias တွေအလွယ်တစ်ကူချေဖျက်နိုင် အောင် Cellulase ကအကူအညီပေးနိုင်ပါတယ်။
–
Cellulase ကိုနေ့စဉ်မှန်မှန်သောက်သုံးပေးခြင်းဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းတွင် ကာဗိုဟိုက်ဒရိတ် ကို လျော့နည်းစေပြီး သင့်လျော်သော ကိုလက်စထရောနှင့် သင့်လျော်သော သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းသိမ်းပေးနိုင်ပါတယ်။
ဒါ့ကြောင့် cellulase အင်ဇိုင်းများဟာ လူ့ခန္ဓာကိုယ်အတွက် အလွန်အသုံးဝင်ပါတယ်။ ပထမအဆင့်အနေနဲ့ cellulose ကို beta-glucose အဖြစ်သို့ပြောင်းလဲခြင်းဖြင့်သကြားဓာတ်အဆင့်ကိုထိန်းချုပ်ထားနိုင်ပါတယ်။ဒါ့အပြင် ကိုလက်စထရောကိုလည်း လျှော့ချနိုင်တဲ့အတွက်ကိုလက်စထရောအဆင့်ကိုလည်း ထိန်းသိမ်းထားနိုင်ပါမယ်။
Cellulase ရဲ့နောက်ထပ်အကျိုးကျေးဇူးတခုကတော့ဆဲလ်အမြှေးပါးများမှ အဆိပ်ဖြစ်စေသောဓာတုပစ္စည်းများ၊ ဖရီးရယ်ဒီကယ်များနှင့် အခြားအန္တရာယ်ရှိသောအရာများကိုလည်း ဖယ်ရှားပေးနိုင်ခြင်းဖြစ်ပါတယ်။
–
Bromelain
Bromelain ကလည်းအစာချေဖျက်ရာမှာ အကူညီပေးနိုင်ပြီး အန္တရာယ်ရှိတဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေရန်ကို လည်းကာကွယ်ပေးနိုင်ပါတယ်။ရောင်ရမ်းတဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါရှိသူတွေကိုလည်း ရောင်ရမ်းမ့ှုကို လျှော့ချပေးနိုင်ပါတယ်။
အဲဒါကြောင့်အစာအိမ်နာခြင်းနှင့် အစာခြေလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများကို သက်သာစေရန်အတွက်လည်း Bromelain ကအလွန်အရေးကြီးပြန်ပါတယ်။
–
Betaine HCI
Betaine HCI ကတော့ အစာအိမ်အက်ဆစ်နည်းတဲ့သူများအတွက် အစာခြေစနစ်ကိုအထူး ကောင်းမွန်စေပါသည်။
ဘာဖြစ်လို့လဲဆိုတော့ hydrochloric acid လို့ခေါ်တဲ့ အစာအိမ်အက်ဆစ်ကို တိုးလာစေနိုင်တဲ့အတွက်ဖြစ်ပါတယ်။
Ox Bile +
Digestive Enzymes
(90 cts)
89,500 Ks
Exp: Dec 2028
Availability: In stock