,

Men’s Prostate Health
( 5 in 1 ) (60 softgels)

79,500 Ks

Exp: Nov, 2029

Out of stock

Categories: ,

5 in 1, Men’s Prostate Health

5 in 1, Men’s Prostate Health တွင်အောက်ပါ ingredients (၅) မျိုးပါ၀င်ပါတယ်၊ ပါ၀င်တဲ့ ingredient တခုခြင်းကိုအသေးစိတ်ရေးထားပေးပါတယ်။

Saw Palmetto Extract 320 mg
*** (standardized to 85% Fatty Acids )

အရွယ်ရောက်ပြီးအမျိုးသားတွေမှာ ဖြစ်လေ့ရှိတဲ့ ဆီးကျိတ်ကို ကြီးထွားစေသည့် ဟော်မုန်းများကို ဟန့်တားပေးနိုင်ပါတယ်။

ဆီးကျိတ်ကြောင့် ဖြစ်တတ်တဲ့ ဆီးသွားရခက်ခြင်း၊ ဆီးခဏခဏ သွားချင်စိတ်ဖြစ်ခြင်း၊ ဆီးလမ်းကြောင်းပိတ်ဆို့မှု့ကြောင့် ဆီးအိမ်မှာ ဆီးကျန်ခြင်း စတဲ့ ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

Saw Palmetto မှာ DHT (Dihydrotestosterone) လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပေါ်မှု့ကို ဟန့်တားနိုင်တဲ့ အာနိသင်ရှိပါတယ်။ DHT ဟာ ဆီးကျိတ် ကြီးထွားမှု့နဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ အချက်တစ်ခုဖြစ်တာကြောင့် ၎င်းကို တားဆီးပေးနိုင်ပါတယ်။

DHT ဟာ အမျိုးသားတွေမှာ ဆံပင်ပါးခြင်း၊ ထိပ်ပြောင်ခြင်းရဲ့ အဓိက တရားခံပါ။ Saw Palmetto က DHT ကို တားဆီးနိုင်တဲ့အတွက် ဆံပင်ကျွတ်တာကို နှေးကွေးစေပြီး ဆံပင်ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

============

Beta-Sitosterol 160 mg ***

Beta-Sitosterol သည် LDL ကိုလက်စထရောကိုလျှော့ချပေးနိုင်ကြောင်း လေ့လာချက်များအရ သိရပါတယ်။

Saw Palmetto ကဲ့သို့ပင် Beta-Sitosterol သည်လည်း ဆီးကျိတ်ကြီးခြင်း၊ ဆီးသွားရခက်ခြင်း၊ ဆီးခဏခဏသွားချင်စိတ်ဖြစ်ခြင်းတို့ကို သက်သာစေနိုင်ပါတယ်။ ဆီးကျိတ်ကို ကြီးထွားစေသည့် ဟော်မုန်းများကို ဟန့်တားပေးနိုင်ပါတယ်။

Beta-Sitosterol သည် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်သည့် အာနိသင်ရှိပြီး၊ ရောဂါပိုးမွှားများကို တိုက်ထုတ်နိုင်စွမ်းရှိပါတယ်။

ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှု့ကို လျှော့ချပေးနိုင်သော ဂုဏ်သတ္တိရှိသည့်အတွက် အဆစ်အမြစ်ရောင်ရမ်းခြင်း ကဲ့သို့သော ရောဂါများအတွက် အထောက်အကူပြုပါတယ်။

=======

Lycopene 10 mg ***

Lycopene သည်အလွန်အစွမ်းထက်သော (Antioxidant) တစ်မျိုးဖြစ်ပါတယ်။

ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များကို ပျက်စီးစေသော Free Radicals များကို တိုက်ထုတ်ပေးပါတယ်။
ခန္ဓာကိုယ် အိုမင်းရင့်ရော်မှု့ကို နှေးကွေးစေပြီး အသားအရေကို ကျန်းမာလှပစေပါတယ်။

နှလုံးသွေးကြောကျဉ်းခြင်းကို ကာကွယ်ပေးပါတယ်။
သွေးပေါင်ချိန်ကို ထိန်းညှိပေးကာ နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။

Lycopene သည် အမျိုးသားများတွင် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု့နှုန်းကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားပျက်စီးမှု့ကို လျှော့ချပေးပါတယ်။
နေလောင်ကွက်များ သက်သာစေပြီး အရေပြားကင်ဆာမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

မျက်စိအတွင်းတိမ် ဖြစ်ပွားမှုနှုန်းကို လျှော့ချပေးပါတယ်။
အသက်အရွယ်ကြောင့် macular degeneration ခံစားရခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဦးနှောက်ဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး အယ်လ်ဇိုင်းမားရောဂါကဲ့သို့သော အာရုံကြောဆိုင်ရာ ရောဂါများမှ ကာကွယ်ပေးနိုင်ပါတယ်။

အရိုးပါးခြင်း၊ အရိုးပွခြင်းတို့ကို ကာကွယ်ပေးနိုင်ကာ အရိုးသိပ်သည်းဆကို မြှင့်တင်ပေးနိုင်ပါတယ်။

Zinc (as Zinc Sulfate Monohydrate) 15 mg 136%

Zinc သည်ကိုယ်ခံအားစနစ်မှအစ အရေပြား၊ ဟော်မုန်းအဆုံး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ များစွာအတွက် မရှိမဖြစ်လိုအပ်သောသတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။

ကိုယ်ခံအားစနစ် မြှင့်တင်ပေးပါတယ်။

ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့ အဆီဓာတ်တွေကို ချေဖျက်ရာမှာ အရေးပါပါတယ်။

အနာကျက်မြန်စေပြီး အရေပြားရောင်ရမ်းမှုကို သက်သာစေပါတယ်။

ဟော်မုန်းထုတ်လုပ်မှု့ကိုထိန်းညှိပေးနိုင်ပါတယ်။

မျက်စိအတွင်းတိမ် ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

Zinc သည် အရသာနဲ့ အနံ့ခံတွေကို ထိန်းသိမ်းပေးတဲ့ အင်ဇိုင်းတွေအတွက် အဓိကကျပါတယ်။ သွပ်ဓာတ်ချို့တဲ့ရင် အရသာနဲ့ အနံ့ပျောက်တတ်ပါတယ်။

Copper (as Copper Gluconate) 2 mg 222%

Copper သည် ဦးနှောက်၊ ကိုယ်ခံအားစနစ်၊ အရိုးနှင့် အားအင်ထုတ်လုပ်မှုအတွက် မရှိမဖြစ် သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။

ဦးနှောက်ဖွံ့ဖြိုးမှုနှင့် လုပ်ဆောင်ချက်အတွက် အရေးပါပါတယ်။
အာရုံကြောဆဲလ်များကို ကာကွယ်ပေးပြီး အယ်လ်ဇိုင်းမားရောဂါကဲ့သို့သော အာရုံကြောဆိုင်ရာ ရောဂါများမှ ကာကွယ်ပေးနိုင်ပါတယ်။

ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားဆဲလ်တွေ ဖွံ့ဖြိုးမှုအတွက် အထူးအရေးပါပါတယ်။
ရောဂါပိုးမွှားများကို တိုက်ထုတ်နိုင်စွမ်း မြင့်မားစေပါတယ်။

ဆဲလ်ထဲမှာ စွမ်းအင်ထုတ်လုပ်မှု့အတွက် မရှိမဖြစ်ပါ၊သံဓာတ်စုပ်ယူမှုကို ကူညီပေးပြီး ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်ပို့ဆောင်ရေးအတွက် အထောက်အကူပြုပါတယ်။

Collagen နှင့် Elastin ထုတ်လုပ်မှု့အတွက် အဓိကကျပါတယ်။
အရိုးသိပ်သည်းဆကို ထိန်းသိမ်းပေးပြီး အရိုးပွရောဂါမှ ကာကွယ်ပေးနိုင်ပါတယ်။

ဆဲလ်ပျက်စီးမှု့ကို ကာကွယ်ပေးပြီး နှလုံးရောဂါနှင့် ကင်ဆာရောဂါများမှ ကာကွယ်ပေးနိုင်ပါတယ်။

မှတ်ဉာဏ်ချို့ယွင်းမှုကို နှေးကွေးစေနိုင်ပါတယ်။

Shopping Cart