Sale!

GLA Black Current seed oil (60cts)

29,500 Ks

5,000 Ks OFF

Exp: Mar, 2027

Out of stock

Categories: ,
GLA နဲ့ပါတ်သက်ပြီး Omega 6 နဲ့ GLA အကြောင်းနားမလည်သေးသူများအတွက်ဆရာ Kelvin အရင်ကရေးခဲ့တဲ့ post အဟောင်းကိုပြန်တင်ပေးလိုက်ပါတယ်။
https://www.facebook.com/groups/1369923443161697/permalink/1612772298876809/
အထူးသတိပြုရန်မှာ (Gamma Linoleic Acid, GLA)ခေါ်(Omega-6 )တစ်မျိုးသာလျှင်၊ရောင်ရမ်းမှု့ကိုအထူးထိန်းချုပ်နိုင်သည့်အဆီအမျိုးအစားတစ်ခု ဖြစ်ပြီး၊(GLA)မှလွဲ၍အခြားသော(Omega-6 )အဆီအမျိုးအစားများသည်ရောင်ရမ်းမှု့ကိုအားပေးကြသည်။
American Best မှ GLA (Black Currant Seed Oil)နှင့် (GLA) Evening Primrose Oil ဆိုပြီး(၂)မျိုးထုတ်လုပ်ထားပါတယ်။

အခုက GLA (Black Currant Seed Oil) အကြောင်းကိုဖေါ်ပြပေးသွားမှာဖြစ်ပါတယ်။ (GLA) Evening Primrose Oil အကြောင်းဖတ်ချင်ရင်တော့ https://americanbest.uswp-admin/post.php?post=1393&action=edit မှာဖတ်ရှု့နိုင်ကြပါတယ်။
(Omega 3, EPA, DHA)နှင့်တွဲဖက်၍
GLA (Black Currant Seed Oil)သည်အလွန်စွမ်းအားထက်မြက်သောရောင်ရမ်းမှု့ကိုအထူးထိန်းချုပ်နိုင်သည့်အဆီတစ်မျိုးဟုဆိုသော်လဲ(Omega 3, EPA, DHA)နှင့်တွဲ၍သုံးမှသာလျှင်ဖြစ်နိုင်ပါသည်။GLA (Black Currant Seed Oil)သည်မရှိမဖြစ်လိုအပ်သော(Essential Fatty Acids)အမျိုးအစားတခုဖြစ်ပြီး၊၎င်းကိုခန္ဓာကိုယ်မှသဘာဝအတိုင်းထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့်အစာသို့မဟုတ်ဖြည့်စွက်စာများမှတစ်ဆင့်စားသုံးရန်လိုအပ်ပါသည်။
GLA (Black Currant Seed Oil) သည်မကောင်းသောကော်လက်စထရော (LDL)ကိုလျော့ချစေပြီးကောင်းသောကော်လက်စထရော (HDL) ကိုမြင့်တက်လာစေနိုင်ပါသည်။နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်နိုင်ချေများကိုလျှော့ချပေးနိုင်ပြီးသွေးဖိအားကိုထိန်းချုပ်ပေးနိုင်သည်။
GLA (Black Currant Seed Oil) သည်သွေးကြောများသွေးခဲခြင်းကိုနှေးကွေးစေသည်။
GLA (Black Currant Seed Oil)သည်နှလုံးခုန်မမှန်ခြင်းကိုလည်းကာကွယ်ပေးသည်။
GLA (Black Currant Seed Oil)သည်အဆစ်အမြစ်ရောင်ရမ်းခြင်းကဲ့သို့နာတာရှည်ဖြစ်ပေါ်စေသောရောင်ရမ်းခြင်းကိုလည်းပျောက်ကင်းစေနိုင်ပါသည်။RAရောဂါလက္ခဏာများကိုလည်းသက်သာလာစေနိုင်ပါသည်။ကြွက်သားများနှင့်အဆစ်များ၌နာကျင်ခြင်း၊ရောင်ရမ်းခြင်းများကိုသက်သာလာစေနိုင်ပါသည်။
GLA (Black Currant Seed Oil)သည်အရေပြားများယားယံခြင်း၊နာတာရှည်အရေပြားနှင့်ပါတ်သက်ပြီးဖြစ်ပေါ်တတ်သောရောဂါများပျောက်ကင်းသက်သာစေနိုင်ပါသည်။
GLA (Black Currant Seed Oil)သည်ခန္ဒာကိုယ်အတွင်းရောင်ရမ်းခြင်းနှင့်ရောဂါကူးစက်နိုင်ခြင်းတို့ကိုထိန်းချုပ် ပေးနိုင်ပါသည်။
GLA (Black Currant Seed Oil) တွင် မရှိမဖြစ်လိုအပ်သော(Essential Fatty Acids)ပါဝင်မ့ှုမြင့်မားသဖြင့်ကျန်းမာရေးနှင့်ညီညွတ်သောအဆီဓာတ်နည်းပါးခြင်းကြောင့်မျက်ရည်များကျ ပြီးမျက်စိကိုခြောက်သွေ့စေ သောမျက်စိဝေဒနာရှင်များကိုလည်းသက်သာစေနိုင်ပါသည်။
• ကွန်ပျူတာ၊ဖုံးများကိုအချိန်ကြာမြင့်စွာအသုံးပြုခြင်းကြောင့်အမြင်အာရုံပင်ပန်းနွမ်းနယ်မှု့ကိုခံစားရခြင်း၊မျက်စိကြွက်သားများတင်းကျပ်ခြင်း၊အမြင်အာရုံမှုန်ဝါးခြင်းနှင့်ခေါင်းကိုက်ခြင်းများကိုလည်းသက်သာလာစေနိုင်ပါသည်။
GLA (Black Currant Seed Oil)သည်ဆံပင်ခြောက်သွေ့မှု့နှင့်ဆံပင်ပါးလွှာမှု့ကိုကာကွယ်ပေးနိုင်ပြီး၊ဆံပင်များခိုင်ခံ့သန်စွမ်းလာစေနိုင်ပါသည်။ အသားအရေများကိုလည်းစိုပြေ၊ကြည်လင်လာစေပါသည်။
GLA (Black Currant Seed Oil)တွင် antioxidants အများအပြားပါရှိသောကြောင့်အိုမင်းရင့်ရော်ခြင်းကိုလည်းနှေးကွေးစေနိုင်ပါသည်။
GLA (Black Currant Seed Oil) သည် PMS (premenstrual syndrome) လက္ခဏာများကိုသက်သာစေနိုင်ပြီးစိတ်အလိုမကျခြင်း၊စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ညဘက်ချွေးထွက်ခြင်းများကိုလည်းထိန်းချုပ်ကာကွယ်ပေးနိုင်ပါသည်။
• အသက်ကြီးလာသည်နှင့်အမျှဦးဏှောက်သည်မှတ်ဉာဏ်ကိုထိခိုက်လာစေပြီး၊မှတ်ဉာဏ်ဆိုင်ရာပြသာနာများဖြစ်စေနိုင်ပါသည်။
GLA (Black Currant Seed Oil)သည်မှတ်ဉာဏ်နှင့်အာရုံစူးစိုက်မှု့ှုတို့ကိုလည်းတိုးတက်ကောင်းမွန်လာစေနိုင်ပါသည်။
GLA (Black Currant Seed Oil) တွင်ပါဝင်သည့် ALA (Omega-3) နှင့် GLA (Omega-6) တို့သည်စိတ်ကျန်းမာရေးအတွက်အလွန်ကောင်းမွန်ပြီး ADHD၊ စိတ်ကျရောဂါ၊ စိတ်ဖောက်ပြန်မ့ှု၊ ပါကင်ဆန်ရောဂါနှင့်အခြား ဦး ဏှောက်နှင့်ပါတ်သက်သည့်ရောဂါလက္ခဏာများကိုသက်သာလာစေပါသည်။
GLA (Black Currant Seed Oil)ကဲ့သို့သောဖြည့်စွက်ဆေးကိုစားသုံးခြင်းသည်ကင်ဆာကဲ့သို့သောရောဂါများ၏တိုးပွားမှု့များကိုလည်းနှေးကွေးစေနိုင်ပါသည်။
သုတေသနပြုချက်များအရ GLA (Black Currant Seed Oil) တွင် antoxyanin polyphenols ပါဝင်သော antioxidant နှင့် anti-carcinogenic ကျန်းမာရေးအကျိုးကျေးဇူးများသည်ရင်သားကင်ဆာဆဲလ်များနှင့် endometrial (သားအိမ်) ကင်ဆာတို့၏ကြီးထွားမှု့ကိုဟန့်တားနိုင်ကြောင်းဖော်ပြထားသည်။ ကင်ဆာကာကွယ်တားဆီးရေးနှင့်ကင်ဆာဆဲလ်ကြီးထွားမ့ှုကိုထိန်းချုပ်ရန်ထိရောက်သောလေ့လာမ့ှုများဖြစ်ကြသည်။
—–
GLA (Black Currant Seed Oil)ကို Omega 3 Fish Oil နှင့်အတူတွဲသောက်ပါကပိုပြီးအကျိုးကျေးဇူးရရှိစေသည့်အတွက်အမြဲတွဲသောက်ပေးရပါမယ်။
ဆေးညွှန်း။ ။
GLA (Black Currant Seed Oil)ကို Omega 3 Fish Oil နှင့်အတူ (1:2) အတိုင်းသောက်ပေးရပါမယ်။
GLA (Black Currant Seed Oil) ကိုမနက်(၁)လုံး၊နေ့လည်(၁)လုံး၊ညနေ(၁)လုံး နှင့်အတူOmega 3 Fish Oil ကိုမနက်(၂)လုံး၊နေ့လည်(၂)လုံး၊ညနေ(၂)လုံး နှင့်တွဲသောက်ပေးရပါမယ်။
ရှောင်ရန် ။ ။
ခွဲစိတ်ကုသရန်ရှိပါက၊ ရက်သတ္တပတ် ၂ ပတ် ကြိုတင်ပြီး GLA (Black Currant Seed Oil) ကိုမသောက်ရပါ။ အတက်ရောဂါရှိသူများမသောက်ရပါ။ ကိုယ်ဝန်ယူရန်အစီအစဉ်ရှိပါက GLA (Black Currant Seed Oil) ကိုဆရာဝန်နှင့်တိုင်ပင်ပြီးမှသောက်သုံးသင့်ပါတယ်။

Ingredients နှင့် သောက်သုံးခြင်းဖြင့်ရရှိမည့်အကျိုးကျေးဇူးများကိုပုံမှာပြထားသောဆေးဘူးတွင်လည်းဖတ်ရှု့လို့ရပါတယ်။

Shopping Cart