Forskolin (60 cts)

39,500 Ks

Exp: Nov, 2027

Out of stock

Categories: ,
ဒီနေ့ကတော့ American Best ကအသစ်ထုတ်လုပ်ထားတဲ့ Forskolin အကြောင်းရေးပေးပါမယ်။ Forskolin ရဲ့အကျိုးကျေးဇူးတွေကတော့အများကြီးပဲဖြစ်ပါတယ်။အဲဒီထဲကမှForskolin ဟာအဓိကအနေနဲ့ဘယ်လိုရောဂါတွေအတွက်အကျိုးပြုစေနိုင်တယ်ဆိုတာကို ဖတ်ရလွယ်ကူအောင်အချက်( 23) ချက်ခွဲပြီးရေးပေးထားပါတယ်။
Forskolin ဆိုတာကတော့ Coleus forskohlii အပင်၏အမြစ်မှ ထုတ်ယူထားသော ကမ္ဘာပေါ်တွင်အထူးခြားဆုံးသောသဘာဝဒြပ်ပေါင်းတစ်ခုဖြစ်ပါသည်။
Forskolin သည် adenylate cyclase ခေါ် အင်ဇိုင်းကို(Activate)လုပ်ခြင်းဖြင့် adenosine triphosphate (ATP) ကို Cyclic adenosine monophosphate ခေါ် (c Amp)အဖြစ်သို့ပြောင်းလဲစေပြီး၊ခန္ဓာကိုယ်အတွင်းရှိ(cellular reactions)အမျိုးမျိုးကို ဖြစ်ပေါ်စေပါသည်။
Cyclic adenosine monophosphate (cAMP) ပမာဏတိုးမြှင့်လာခြင်း၏အဓိကအကျိုးသက်ရောက်မှု့တစ်ခုမှာ ခန္ဓာကိုယ်တွင်းရှိ အရေးကြီးသော အချက်ပြမော်လီကျူးတစ်ခုဖြစ်သည့်protein kinase A (PKA) လို့ခေါ်သောအင်ဇိုင်းကို(Activate)လုပ်ခြင်းဖြစ်ပြီး၊ခန္ဓာကိုယ်၏ဇီဝကမ္မဖြစ်စဉ်များစွာနှင့် မျိုးရိုးဗီဇဆိုင်ရာဖြစ်စဉ်မြောက်များစွာတို့ကိုအကောင်းဖက်သို့ပြောင်းလဲပေးနိုင်ပါသည်။
forskolin ၏ cAMP နှင့် PKA တို့၏(signaling pathways ) ပေါ်သို့အကျိုးသက်ရောက်မှု့များကြောင့်အောက်ပါအကျိုးကျေးဇူးများကိုရရှိစေနိုင်ပါသည်။
1. သွေးတိုးသမားများအတွက်သွေးပေါင်ချိန်ချပေးခြင်း။
Forskolin သည် သွေးကြောနံရံများရှိ ကြွက်သားများကို ဖြေလျှော့ပေးခြင်းဖြင့် သွေးဖိအားကို လျှော့ချပေးနိုင်ပါသည်။
2. ပန်းနာရင်ကြပ်သမားများအတွက်အထောက်အကူပြုခြင်း။
Forskolin သည် အသက်ရှူလမ်းကြောင်းအတွင်းပိုင်းရှိ ကြွက်သားများကို ဖြေလျော့ပေးပြီး ရောင်ရမ်းမှု့ကို လျှော့ချပေးခြင်းဖြင့် အသက်ရှူလမ်းကြောင်းများကျယ်ပြန့်လာစေပြီး၊ပန်းနာရင်ကျပ်ရောဂါရှိသူများ အသက်ရှုခြင်းကိုပိုမိုတိုးတက်ကောင်းမွန်လာစေနိုင်ပါသည်။
3. ကိုယ်အလေးချိန်ချပေးခြင်း။
Forskolin သည် သိုလှောင်ထားသော အဆီများကို ချေဖျက်ပေးပြီး ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးခြင်းဖြင့် ကိုယ်အလေးချိန်ကိုလျော့ကျစေနိုင်ပါသည်။
4. နှလုံးကျန်းမာရေးကိုတိုးတက်ကောင်းမွန်လာစေခြင်း။
Forskolin သည် နှလုံးကြွက်သားများကိုဖြေလျှော့ပေးပြီးနှလုံး၏ကျုံ့နိုင်စွမ်းကို တိုးမြင့်စေနိုင်သဖြင့် နှလုံးကျန်းမာရေးကို တိုးတက်စေနိုင်ပါသည်။
5. လေဖြတ်ခြင်းမှလည်းကာကွယ်ပေးခြင်း။
Forskolin သည် သွေးပေါင်ချိန်ကို လျှော့ချပေးသည့်အပြင်နှလုံး၏ကျုံ့နိုင်စွမ်းကို တိုးမြင့်စေနိုင်သဖြင့်သွေးကြောများအတွင်းသွေးခဲပြီးပိတ်ဆို့နိုင်ချေကို လျှော့ချပေးသဖြင့် လေဖြတ်ခြင်းမှလည်းကာကွယ်ပေးနိုင်ပါသည်။
6. ရောင်ရမ်းမှု့ကို လျှော့ချပေးခြင်း။
Forskolin သည် အမျိုးမျိုးသော နာတာရှည်ရောဂါများ ဖြစ်ပေါ်စေရန်အဓိကအကြောင်းအရင်းဖြစ်သော ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှု့ကို လျှော့ချပေးနိုင်ပါသည်။
7. မျက်စိရေတိမ်မဖြစ်စေရန်အကာအကွယ်ပေးခြင်း။
Forskolin သည် ရေတိမ်ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းဖြစ်သည့် မျက်စိအတွင်းဖိအား Intraocular pressure ကိုလျှော့ချပေးနိုင်ပါသည်။
8. ဦးနှောက်၏မှတ်ဉာဏ်နှင့်အသိဉာဏ်ကိုဖွံ့ဖြိုးတိုးတက်စေနိုင်ခြင်း။
Forskolin သည် ဦးနှောက်သို့ သွေးစီးဆင်းမှု့ကို တိုးမြှင့်ပေးခြင်းဖြင့် ဦးနှောက်ကိုအထူးကျန်းမာသန်စွမ်းစေပြီး၊ ဦးနှောက်၏မှတ်ဉာဏ်နှင့် အသိဉာဏ်ဆိုင်ရာ လုပ်ဆောင်ချက်များကို တိုးတက်ကောင်းမွန်စေနိုင်ပါသည်။
9. အရိုးသိပ်သည်းဆကိုတိုးမြင့်စေနိုင်ခြင်း။
Forskolin သည် အရိုးဖွဲ့သန်မာအောင်ဖွဲ့စည်းသည့်ဆဲလ်များ၏ လုပ်ဆောင်ချက်ကို အားပေးကူညီပြီးပေးပြီး၊အရိုးဖျော်ချသည့်ဆဲလ်များ၏ လုပ်ဆောင်မှု့ကိုလျှော့ချပေးခြင်းဖြင့် အရိုးသိပ်သည်းဆကို မြှင့်တင်ပေးနိုင်ပါသည်။
10. ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးခြင်း။
forskolin သည် ကင်ဆာဆဲလ်များ ကြီးထွားမှု့နှင့် ပြန့်ပွားမှု့ကို ဟန့်တားခြင်းဖြင့် ကင်ဆာရောဂါကို ဆန့်ကျင်သည့် ဂုဏ်သတ္တိများ ရှိသည်။
11. ခုခံအားစနစ်ကို မြှင့်တင်ပေးခြင်း။
Forskolin သည် သွေးဖြူဥများ ထုတ်လုပ်မှု့ကို တိုးမြှင့်ပေးပြီး။ (Immune cells)များ၏ လုပ်ဆောင်ချက်များကိုမှန်ကန်စေသဖြင့်ခန္ဓာကိုယ်၏ခုခံအားစနစ်ကိုအထူးကောင်းမွန်စေနိုင်ပါသည်။
12. (Autoimmunes)ရောဂါသယ်များကိုအထောက်အကူပြုခြင်း။
ရောင်ရမ်းမှု့ကိုလျှော့ချပေးပြီး၊(Immune cells)များ၏ လုပ်ဆောင်ချက်များကိုမှန်ကန်စေသဖြင့်(Autoimmunes)ရောဂါသယ်များအတွက်သိသိသာသာအကျိုးပြုသည်။အထူးသဖြင့်(autoimmune thyroid disorders)သမားများအတွက်အထူးအထောက်အကူပြုပါသည်။
13. (Insulin Resistance)ကိုလျှော့ချပေးပြီး၊ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့နည်းစေနိုင်ပါသည်။
Forskolin သည် Insulin sensitivity ကိုတိုးတက်ကောင်းမွန်စေနိုင်ရုံတင်မကပဲဆဲလ်များ၏(Glucose)သုံးစွဲမှု့ကိုတိုးတက်စေခြင်းဖြင့်သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးပြီး ဆီးချိုရောဂါနှင့် အခြားသော (Metabolic Disease)များဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။
14. အသဲကျန်းမာရေးကိုကောင်းမွန်စေခြင်း။
(Liver Insulin Resistance)ကိုလျှော့ချပေးတဲ့အပြင်၊အသဲထဲရှိအဆီများကိုခြေဖျက်ပြစ်ပြီးစွမ်းအင်အဖြစ်သို့ပြောင်းလဲသုံးစွဲမှု့ကိုတိုးမြင့်ပေးနိုင်သဖြင့်၊အသဲအဆီမဖုံးရန်နှင့်၊အသဲကျန်းမာရေးကိုပါအထောက်အကူပြုပါသည်။
15. အရေပြားကျန်းမာပြီးအရွယ်တင်နုပျိုစေခြင်း။
Forskolin သည် ကော်လာဂျင်ထုတ်လုပ်မှု့ကို တိုးမြင့်စေပြီး ရောင်ရမ်းမှု့ကို လျှော့ချပေးတဲ့အပြင်အရေပြားအား ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးသဖြင့် အရေပြားကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပြီးအရွယ်တင်နုပျိုအောင် အထောက်အကူပြုနိုင်ပါသည်။
16. အမျိုးသမီးများရာသီသွေးဆင်းချိန်တွင်နာကျင်ကိုက်ခဲမှု့ကိုလျှော့ချပေးနိုင်ခြင်း။
Forskolin သည် သားအိမ်အတွင်းရှိ ကြွက်သားများကို ပြေလျော့စေခြင်းဖြင့် ရာသီလာချိန်တွင်အောင့်ခြင်းနှင့်နာကျင်ကိုက်ခဲခြင်းကိုလည်းလျှော့ချပေးနိုင်ပါသည်။
17. အားကစားနှင့်လေ့ကျင့်ခန်းစွမ်းဆောင်ရည်ကိုမြင့်တင်ပေးခြင်း။
Forskolin သည် ခန္ဓာကိုယ်တွင်း စွမ်းအင်ရရှိမှု့နှင့် ကြွက်သားများဆီသို့ သွေးစီးဆင်းမှု့ကို ပိုမိုကောင်းမွန်စေခြင်းဖြင့်အားကစားနှင်လေ့ကျင့်ခန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါသည်။
18. အမျိုးသားများအတွက်အဆီကိုလျှော့ချပေးပြီးကြွက်သားဖြင့်အစားထိုးပေးခြင်း။
(Gyn)ကစားသောအမျိုးသားများအတွက်လေ့ကျင့်ခန်းစွမ်းဆောင်ရည်ကိုမြင့်တင်ပေးသည့်အပြင်အဆီကိုဖျော်ချပေးကာစွမ်းအင်အဖြစ်သုံးစွဲစေပြီး၊အဆီနေရာတွင်အစားထိုးကြွက်သားများကြီးထွားနိုင်ရန်လိုအပ်သောဟော်မုန်းဓါတ်များကိုတိုးမြင့်ပေးနိုင်သဖြင့်၊ခန္ဓာကိုလှပလိုသော(Body builder)သမားများအတွက်အထူးသင့်လျှော်ပါသည်။
19. အစာခြေစနစ်ကိုအထောက်အကူပြုခြင်း။
Forskolin သည် အစာခြေအင်ဇိုင်းများ ထုတ်လုပ်မှု့ကို တိုးမြင့်ပေးနိုင်ပြီး အူအတွင်းရောင်ရမ်းမှု့ကို လျှော့ချပေးခြင်းဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေပါသည်။
20. ထိခိုက်ဒဏ်ရာများနှင့် နာကျင်မှု့ကို လျှော့ချပေးခြင်း။
Forskolin သည် အချို့သောထိခိုက်ဒဏ်ရာမှရရှိသည့်ရောင်ရမ်းမှု့ဆိုင်ရာ ဒြပ်ပေါင်းများ ထုတ်လုပ်မှု့ကို ဟန့်တားခြင်းဖြင့် ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှု့နှင့် နာကျင်မှု့ကို လျှော့ချပေးနိုင်ပါသည်။
21. အသက်ရှုလမ်းကြောင်းကိုအထူးကောင်းမွန်စေခြင်း။
Forskolin သည်အသက်ရှုလမ်းကြောင်းအတွင်းရှိ ချောမွေ့သော ကြွက်သားများကို ပြေလျော့စေပြီး အဆုတ်စွမ်းရည်ကို မြှင့်တင်ပေးခြင်းဖြင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စေရန် အထောက်အကူပြုပေးနိုင်ပါသည်။
22. စိတ်ရောဂါနှင့်စိတ်ဖိစီးမှု့များမှကာကွယ်ပေးခြင်း။
သူတေသနများအရ forskolin သည် ဦးနှောက်အတွင်းရှိ အချို့သော neurotransmitters အဆင့်ဆင့်ကို တိုးမြှင့်စေခြင်းဖြင့် စိတ်အာရုံခံစားချက်ကို တိုးတက်ကောင်းမွန်စေပြီး စိတ်ကျရောဂါနှင့်စိတ်ဖိစီးမှု့များကို လျှော့ချပေးနိုင်ပါသည်။
23. အိုမင်းရင့်ရော်မှု့ကို ဆန့်ကျင်သောအကျိုးသက်ရောက်မှု့များရှိခြင်း။
Forskolin သည် အရေပြားရှိ collagen နှင့် elastin ပြိုကွဲမှု့ကို အားပေးသောအင်ဇိုင်းများ ထုတ်လုပ်မှု့ကို လျှော့ချခြင်းဖြင့် အိုမင်းရင့်ရော်မှု့ကို ဆန့်ကျင်သည့် နုပျိုတက်ကြွစေနိုင်သောအကျိုးသက်ရောက်မှု့များကိုဖြစ်ပေါ်စေနိုင်ပါသည်။
Shopping Cart