Conjugated Linoleic Acid
(CLA ) ဆိုတာကဘာလဲဆိုတော့သဘာဝအားဖြင့်၊သဘာဝမြက်စားနွားများရဲ့နို့ထွက်ပစ္စည်းများမှရသော၊အဆီတမျိုးဖြစ်ပါတယ်။အဲဒီပုံစံအတိုင်းတစ်ထပ်တည်း၊ (Safflower Oil)ကနေပြန်ပြီးထုတ်ယူရရှိတာဖြစ်ပါတယ်။
CLA ရဲ့ကောင်းမွန်တဲ့အကျိုးကျေးဇူးကတော့ကြွက်သားတွေကိုလုံးဝမကျစေဘဲကောင်းမွန်စွာထိန်းသိမ်းထားနိုင်ပြီးခန္ဒာကိုယ်အတွင်းမှာဒုက္ခပေးနေတဲ့မကောင်းတဲ့အဆီတွေကိုကျစေမှာဘဲဖြစ်ပါတယ်၊အထူးသဖြင့်ကိုယ်ခန္ဒာကျစ်လစ်လာစေပါတယ်။(ဒီနေရာမှာပြောချင်တာကခန္ဒာကိုယ်ကိုဒုက္ခပေးနိုင်တဲ့ပိန်ဆေးတွေလိုချက်ခြင်းကြီးပိန်ကျသွားမှာတော့မဟုတ်ပါဘူး၊ခန္ဒာကိုယ်ကျန်းမာရေးကိုဒုက္ခပေးသောမကောင်းတဲ့အဆီတွေအရင်ဖယ်ကျစေပြီးမှကျန်းမာပြီးခန္ဒာကိုယ်ကျစ်လစ်လာမှာဖြစ်ပါတယ်)
inflammationကိုဆန့်ကျင်နိုင်တဲ့ဂုဏ်သတ္တိများကြောင့်ကိုယ်ခံအားစနစ်ကိုပိုမိုကောင်းမွန်သောနည်းလမ်းများဖြင့်လည်ပတ်စေပြီးမှခန္ဓာကိုယ်အားကူးစက်ရောဂါများမကျရောက်နိုင်အောင်လည်းကူညီပေးနိုင်ပါတယ်။
သုတေသနများအရ CLA သည်အင်ဆူလင်ကိုပိုမိုထိရောက်စွာကူညီနိုင်သဖြင့်Type 2 Diabetes ကိုလည်းကောင်းမွန်စွာထိန်းချုပ်ပေးနိုင်သောအဟာရဖြည့်စွက်စာဖြစ်ပါတယ်။
CLA ဖြည့်စွက်ဆေးတစ်ခုတည်းအနေနဲ့ကတော့ဆီးချိုရောဂါဖြစ်ပွားမှု့ကိုတားဆီးနိုင်မှာတော့မဟုတ်ပါဘူး၊တဘက်ကလဲအစားအသောက်ကိုတော့အထူးသတိပြုပြီးစားသောက်နေထိုင်သွားပါကသွေးသကြားဓာတ်ကိုကောင်းစွာထိန်းချုပ်နိုင်ပြီးအမျိုးအစား (၂) ဆီးချိုရောဂါသည်များအတွက်အကျိုးရရှိမှာဖြစ်ပါတယ်။
ဒါ့အပြင်CLA သည်ခန္ဓာကိုယ်၏ကယ်လစီယမ်ကိုစုပ်ယူနိုင်စွမ်းမြှင့်တင်ပေးနိုင်တဲ့အတွက်အရိုးများကိုကျိုးပဲ့စေသောအရိုးပွရောဂါများကိုလည်းကာကွယ်ပေးနိုင်ပါတယ်။
CLA သည်နှလုံးကျန်းမာရေးကိုလည်းတိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ သုတေသနများအရCLA သည်နှလုံးရောဂါနှင့်လေဖြတ်ခြင်းကဲ့သို့သောပြင်းထန်သောကျန်းမာရေးအခြေအနေများနှင့်ဆက်နွှယ်နေသောသွေးကြောများပေါ်ရှိအဆီလွှာစုဆောင်းခြင်းကိုလည်းဖယ်ရှားပေးနိုင်ပါတယ်။
နှလုံးကျန်းမာရေးအပေါ် CLAသောက်ခြင်းကြောင့် အကျိုးသက်ရောက်မှု့သည်အသည်း၏လုပ်ဆောင်မှု့ကိုလည်းတိုးတက်စေနိုင်သည့်အချက်နှင့်သက်ဆိုင်မှု့ရှိနေပြန်ပါတယ်။ အသည်းသည်အဆီကိုပိုမိုထိရောက်သောနည်းဖြင့် metabolize လုပ်နိုင်သောကြောင့် plaque buildup ကိုတားဆီးနိုင်ခြင်းဖြစ်ပါတယ်။