9 in 1 Collagen Complex, Fish + Chicken + Chondroitin (500 g)
–
ဒီနေ့ကတော့ကျွန်မရေးပေးမယ်လို့ပြောထားတဲ့ Fish Collagen နဲ့ Chicken Collagen အပါအဝင်အမျိုးပေါင်း(၇)မျိုးပေါင်းစပ်ထုတ်လုပ်ပေးထားတဲ့ Collagen Complex Fish + Chicken+ Chondroitin အကြောင်းကိုအသေးစိတ်ရေးပေးပါမယ်။
–
အရင်က American Best ကထုတ်ခဲ့တဲ့ Fish Collagen+Inositol+Vit C နေရာမှာပိုမိုကောင်းမွန်တဲ့ Collagen Complex Fish + Chicken+ Chondroitin ကိုအစားထိုးပြီးထုတ်ပေးထားတာပါ။
–
အခုအသစ်ထုတ်ထားတဲ့ Collagen Complex Fish + Chicken+ Chondroitin ဟာ အသားအရည်တမျိုးတည်းကောင်းဖို့အတွက်ထုတ်တာမဟုတ်တော့ပဲအရိုးအဆစ်များကိုက်ခဲနာကျင်နေသူများအတွက်ပါအထူးအထောက်အကူဖြစ်စေဖို့ဆရာက(Formula)အသစ်များနဲ့ ပြောင်းလဲထုတ်ထားပေးတာပါ။
–
အရိုးအဆစ်နဲ့ပတ်သက်ပြီးပြသာနာရှိသူများအနေနဲ့ American Best ကထုတ်လုပ်ထားတဲ့ Triple Joint (OR ) Joint Master တို့နဲ့အတူသောက်သုံးပေးကြရမှာဖြစ်ပါတယ်။
–
American Best ကထုတ်တဲ့ဖြည့်စွက်စာတွေတော်တော်များများကိုဆရာကဝယ်ယူတဲ့သူတွေအနေနဲ့
(၁)ကုန်ကျစားရိတ်သက်သာအောင်
(၂)ရောဂါတွေလည်းအမှန်တကယ်သက်သာပျောက်ကင်းအောင်
(၃)ဆေးအမျိုးပေါင်းမြောက်များစွာတခုခြင်းသောက်စရာမလိုအောင်
တကယ်အကျိုးရှိစေမည့်ingredients တွေကိုစုံစုံလင်လင်ပေါင်းစည်းပြီးထုတ်ပေးထားတာဖြစ်ပါတယ်။
–
လူနာတွေအနေနဲ့ဖြည့်စွက်စာတွေကိုတမျိုးစီဝယ်သောက်နေရရင်ပိုပြီးကုန်ကျပါလိမ့်မယ်။ဒါကြောင့် ဝယ်ယူရာမှာဈေးသက်သာစေဖို့အတွက်တမျိုးစီသီးသန့်မရောင်းပဲ၊အမြဲတမ်းအတတ်နိုင်ဆုံးingredients တော်တော်များများကိုပေါင်းစပ်ပြီးထုတ်ပေးနေတာပါ။ပြီးတော့ American Best ကဖြည့်စွက်စာဆေးတွေမှာဆရာအသုံးပြုတဲ့ ingredients တွေကိုတချို့ဆိုရင်ကြားတောင်မကြားဘူးကြပါဘူး။ဆရာကအကောင်းမွန်ဆုံး ingredients တွေကိုသေချာရွေးချယ်အသုံးပြုပြီးမှထုတ်ပေးထားတာဖြစ်ပါတယ်။
–
အထူးသဖြင့်ဒီ Collagen Complex (Fish + Chicken+ Chondroitin)မှာပါဝင်တဲ့တခြား ingredients တွေကိုအသာထားပြီး အသစ်ထပ်ထည့်ပေးထားတဲ့Trimethylglycine (TMG) နဲ့Chondroitin sulfate တွေကဘယ်လောက်ဈေးပိုကြီးပြီးခန္ဒာကိုယ်အတွက်တန်ဖိုးရှိတယ်ဆိုတာအဲဒီနှစ်မျိုးအကြောင်းတကယ်နားလည်တဲ့သူတွေဆိုရင်သိပါလိမ့်မယ်။
–
Collagen Complex Fish + Chicken+ Chondroitin မှာပါဝင်တဲ့ ingredients နဲ့ သူတို့ရဲ့အကျိုးကျေးဇူးတွေကိုအောက်မှာဆက်လေ့လာကြည့်နိုင်ပါတယ်။
–
Collagen Complex Fish + Chicken+ Chondroitin မှာပါဝင်တဲ့ ingredients တွေကတော့
(၁) Hydrolyzed Fish Collagen (from wild caught fish)
–
Wild caught Fish Collagen ဆိုတာကတော့ အကောင်းဆုံး ကော်လာဂျင် တမျိုးဖြစ်ပါတယ်။အကြေးခွံ၊အရေခွံကလာတဲ့အတွက် Type I နဲ့ Type III အမျိုးအစား ကော်လာဂျင်တွေအများစုပါဝင်ပါတယ်။
Wild caught fish Collagen ဟာသဘာဝငါးအရေခွံကလာတာဖြစ်နေလို့ပုံမှန်သောက်ပေးရင်အရေးအကြောင်းများနဲ့အခြားသောအိုမင်းခြင်းလက္ခဏာအချို့ကို နှောင့်နှေးစေနိုင်ပါတယ်။အရေပြားအတွက်အလွန်ကောင်းပါတယ်။
–
Wild caught fish Collagen ဟာအရေပြားကော်လာဂျင်နှင့် အီလက်စတင်ပရိုတင်းအမျှင်များကို ပြုပြင်ပေးပြီး အရေပြားအပြင်ဘက်မျက်နှာပြင် (epidermis) ကို သိသိသာသာ ထူလာစေတဲ့အတွက် အရေးအကြောင်းများ ကိုလျော့နည်းသွားစေပြီး အရေပြားရဲ့ ရေဓာတ်နှင့် တင်းမာမ့ှုကို ဖြည့်ဆည်းပေးနိုင်တဲ့အတွက်လည်းအသားအရေလှပစေပါတယ်။
–
ဒါ့အပြင် Wild caught fish Collagen ဟာ ဆဲလ်များပျက်စီးမှု့ကို ဖြစ်စေသော ဖရီးရယ်ဒီကယ်များကို ကာကွယ်ပေးပါသေးတယ်၊ပြီးတော့ခရမ်းလွန်ရောင်ခြည် (နေရောင်ခြည်) ကြောင့် ဖြစ်ပွားသော oxidative အရေပြားပျက်စီးမ့ှုကို လည်းကာကွယ်ပေးနိုင်ပါသေးတယ်။
=====
(၂) Hydrolyzed Chicken Collagen (from organic chicken)
–
Organic Chicken Collagen ကတော့ Type II အမျိုးအစား ကော်လာဂျင်ဖြစ်ပါတယ်။
Organic Chicken Collagen ဟာအစာခြေခြင်း၊ ကိုယ်ခံစွမ်းအားနှင့် အရေပြားကျန်းမာရေးကိုလည်း အကျိုးပြုနိုင်တဲ့အပြင်၊
ကျန်းမာသော pH အဆင့်ကို ထိန်းသိမ်း ပေးနိုင်ပါတယ်၊ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးပါတယ်။
–
သဘာဝကြက်ရဲ့ရင်ညွန့်မှာရှိတဲ့အရိုးနုလေးကနေထုတ်ယူရတာဖြစ်လို့၊ပိုပြီးကျစ်လစ်သိပ်သည်းပြီး၊များများလဲရဖို့မလွယ်ပါဘူး။အရိုးနုကရတဲ့(Collagen)ဖြစ်နေလို့လူ့ရဲ့အရေပြားတင်မကပဲ၊အရိုးကြားအရွတ်တွေ၊ကိုယ်တွင်းကလီဇာတွေအားလုံးကိုပိုပြီးအကျိုးပြုပါတယ်။
–
Organic Chicken Collagen မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်များဟာ အူမကြီး၊အစာအိမ်နှင့် အူလမ်းကြောင်းတစ်ခုလုံးကို စည်းထားသော တစ်ရှူးများကို တည်ဆောက်ပေးသောကြောင့် ထိုကော်လာဂျင်ကို ဖြည့်စွက်စားခြင်းဖြင့် ကျန်းမာသော အစာခြေစနစ်ကို ထောက်ပံ့ပေးနိုင်ပါသည်။အူလမ်းကြောင်းကျန်းမာစေခြင်းဖြင့် အစာဓာတ်မတည့်ခြင်း၊ စွမ်းအင်နည်းခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ သိုင်းရွိုက်ရောဂါ၊ autoimmune ရောဂါမျုားကိုလည်းသက်သာစေနိုင်ပါတယ်။
=======
မှတ်ချက်။ ။တကယ်လို့ (Type I) နဲ့ (Type III) နှစ်မျိုးပဲသောက်ချင်ရင်တော့ American Best ကထုတ်ထားတဲ့ Grass Fed Collagen ကိုလဲသောက်လို့ရပါတယ်။
=============================
(၃) Glycine (from strecker amino acid synthesis)
Glycine ဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ antioxidant glutathione ပေါင်းစပ်မှု့အတွက် မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ်များထဲမှ တစ်ခုဖြစ်တဲ့အတွက်ကျန်းမာရေးကို အလွန်အထောက်အကူပြုပါတယ်။ နှစ်ခြိုက်စွာလည်းအိပ်ပျော်စေပါတယ်။အရက်သောက်ခြင်းကြောင့်ဖြစ်ပေါ်သော အသည်းပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
=============================
(၄) Vitamin C
–
Vitamin C ရဲ့အကျိုးကျေးဇူးတွေကတော့အထူးရေးပေးစရာမလိုတော့ပါဘူး၊အားလုံးသိထားပြီးဖြစ်ပါတယ်။(Vitamin C ကိုCollagenအတွက်လိုအပ်သလောက်ပဲထည့်ပေးထားတာပါ၊တနေ့တာလိုအပ်ချက်မဟုတ်ပါဘူး။တနေ့တာလိုအပ်ချက်အတိုင်းထည့်ရင်ချဉ်လွန်းလို့ဘယ်သူမှမသောက်နိုင်ပါဘူး)
=================================
(၅) Inositol
–
Inositol ကတော့ထိတ်လန့်တုန်လှုပ်တတ်ခြင်း၊ စိတ်ဓာတ်ကျခြင်း ကဲ့သို့သောစိတ်ပိုင်းဆိုင်ရာအခြေအနေများနဲ့ပါတ်သက်တာများကိုကာကွယ်ပေးနိုင်ပါတယ်။
ပြီးတော့Inositol ဟာ serotonin နှင့် dopamine ကဲ့သို့သော စိတ်ခံစားချက်များကို ထိခိုက်စေသည့် ဦးနှောက်အတွင်းရှိ အရေးကြီးသောဓာတုပစ္စည်းများကိုလည်းဟန်ချက်ညီစေရန်လည်း ကူညီပေးနိုင်ပါတယ်။ခိုင်မာတဲ့သုတေသနတွေအရ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ်နဲ့ အတင်းအကြပ်လုပ်တတ်တဲ့ ရောဂါရှိသူတွေ ရဲ့ ဦးနှောက်ထဲမှာ inositol ပမာဏ နည်းပါးတာကို တွေ့ရှိကြောင်းစမ်းသပ်တွေ့ရှိရပါတယ်၊အဲဒါဆိုတော့ Inositol ကလည်းဘယ်လောက်အရေးကြီးတယ်ဆိုတာသိနိုင်ပါတယ်၊ ဒါ့အပြင် အမျိုးသမီးငယ်များဓမ္မတာမမှန်ခြင်းကိုလည်းပုံမှန်ဖြစ်စေပါတယ်။ (Inositol ဟာအရွယ်သုံးပါးလုံးအတွက်အထူးသင့်တော်ပါတယ်)
================================
(၆) Trimethylglycine (TMG) (from organic beet root)(TMG ဆိုတာ Glycine ထက်ဈေးပိုကြီးပြီးမကြားဘူးတဲ့သူတွေများပါမယ်)
–
Betaine – betaine anhydrous (သို့မဟုတ်) trimethylglycine (TMG) ဆိုတာကတော့ မီသိုင်းအုပ်စုသုံးမျိုးပါဝင်သော glycine ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ TMG သည် ခန္ဓာကိုယ်အတွင်းရှိ အခြားသော လုပ်ငန်းစဉ်များအတွက် မီသိုင်းအုပ်စုများ (–CH3) ကို လှူဒါန်းတဲ့ နို့တိုက်သတ္တဝါဆဲလ်တိုင်းတွင် ဖြစ်ပေါ်သည့် (Methylation)လုပ်ငန်းတွင် အရေးကြီးသော cofactor တစ်ခုဖြစ်ပါတယ်။
–
TMG(Trimethyl+glycine)ဆိုတာဟာရိုးရိုး Glycine ထက်ပိုပြီးကောင်းမွန်တဲ့ Glycine အမျိုးအစားပါပဲ။(methyl)ဆိုတာဆဲလ်တွေမှာ(DNA)တွေမပျက်စီးဖို့အထိတောင်ကာကွယ်ပေးနိုင်ပါတယ်။(Methylation)ဆိုတာ(DNA)အထိတောင်ပြုပြင်ပေးနိုင်ပါတယ်။ Glycine ရိုးရိုးနဲ့မတူပဲ။ Glycine ကို Methyl သုံးလုံးပါအပိုထည့်ပေးထားတာဟာတစ်ချက်ခုတ်(၃)ချက်ပြတ်တဲ့သဘောဖြစ်နေလို့ဥပမာပေးရရင်(သားရွှေအိုးထမ်းလာတာကိုမြင်ချင်ပါတယ်)ဆိုတဲ့သဘောမျိုးပါပဲ။
–
TMG ကိုနေ့စဉ်ပုံမှန်သောက်သုံးပေးပါက နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ခြင်း၊ GYM ကစားသူများအတွက်လည်းစွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း ကျန်းမာသော အင်ဆူလင်ပမာဏကို မြှင့်တင်ပေးခြင်းစိတ်ဓာတ်ကျခြင်းတို့ကို ကာကွယ်ပေးခြင်း နှင့်ပင်ပန်းနွမ်းနယ်မှု့များကိုလည်းလျှော့ချပေးနိုင်ပါတယ်။
–
နှလုံးနှင့်အသည်းရဲ့လုပ်ဆောင်ချက်၊ ဆဲလ်မျိုးပွားခြင်းနှင့် ကာနီတင်းထုတ်လုပ်ရန် ကူညီပေးခြင်းဖြင့် နှလုံးနှင့်အသည်းကျန်းမာရေးကိုလည်းအထူးကောင်းမွန်စေနိုင်ပါတယ်။
–
TMG ဟာ mitochondrial အမြှေးပါးကို တိုးတက်ကောင်းမွန်စေပြီး ဆဲလ်များကို oxidative stress နှင့် inflammation တို့မှကာကွယ်ပေးပါတယ်၊ဒါ့အပြင် အလွန်အန္တရာယ်ရှိပြီး၊ရောင်းရမ်းမှု့ကိုဖြစ်ပေါ်စေတဲ့ ခန္ဓာကိုယ်မှ homocysteine ဟုခေါ်သော ဓါတ်ပေါင်းကို ချေဖျက်ရာတွင်လည်း အဓိကအစွမ်းအထက်ဆုံးပစ္စည်းဖြစ်နေပြန်ပါတယ်။
===============================
(၇) Chondroitin sulfate
–
Chondroitin sulfate ကတော့ အဆစ်များကို ခိုအောင်းစေသော တွယ်ဆက်တစ်ရှူးဖြစ်သည့် Hyaline အရိုးနုကို ဖွဲ့စည်းရာတွင် ကူညီပေးသော ခန္ဓာကိုယ်အတွင်းရှိ ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ အရိုးအဆစ်ရောင်ရောဂါ အတွက်လည်းအရမ်းကိုကောင်းမွန်ပါတယ်။
–
Chondroitin sulfate ဟာ အရိုးအဆစ်များရောင်ရမ်းမှု့ နှင့် နာကျင်မှု့များကို လည်းလျော့ပါးသက်သာစေပါတယ်။ ဘယ်လောက်တောင်ကောင်းသလဲဆိုရင် chondroitin sulfate ဟာ ကျဉ်းမြောင်းစေတဲ့အဆစ်များ ရောင်ရမ်းခြင်း ကိုလျှော့ချပေးနိုင်ပါတယ်။ အရိုးနုအဆစ်ရောင်ခြင်းကိုသက်သာစေရုံမကပဲ၊အဲဒီလိုအရိုးနုအဆစ်ရောင်ခြင်းနှင့် ဆက်စပ်နေသော အရိုးနုများကိုလည်း နှေးကွေးစေပြီး သန်မာသောအရိုးနုများကြီးထွားမှု့ ကိုအားပေးပြန်ပါတယ်။
–
လူူခန္ဒာကိုယ်မှာအရိုးနုကို ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်လုပ်ထားပေမယ့် အချိန်ကြာလာတာနဲ့အမျှ အရိုးတွေဟာ ယိုယွင်းလာပြီး ရွေ့လျားဖို့ ခက်ခဲပြီး နာကျင်စေတဲ့အပြင် အရိုးတွေကိုလည်း တွဲကျလာစေပါတယ်၊ Chondroitin sulfate ကအဆစ်အတွင်းပိုင်းရှိ အရိုးနုများ ပျက်စီးခြင်းမှ နှေးကွေးအောင် လည်း ဆောင်ရွက်ပေးနိုင်ပါသေးတယ်။
(Chondroitin sulfate အကြောင်းအသေးစိတ်ရေးလို့မကုန်နိုင်တော့လို့အကျဉ်းချုံးရေးပေးထားတာပါ၊အရိုးအဆစ်အတွက်အရမ်းကောင်းလွန်းလို့ဆရာကထည့်ပြီးထုတ်ထားပေးတာပါ။)
–
ဒီနေရာမှာတလက်စတည်း Triple Joint Health အကြောင်းပါအနည်းငယ်ထည့်ရေးထားပါတယ်။
Triple Joint Health မှာပါဝင်တဲ့ ingredients တွေကတော့ Glucosamine (HCL), hyaluronic acid နှင့် MSM တို့ပါဝင်ပါတယ်။
–
အပေါ်မှာရေးပေးထားတဲ့အတိုင်း Triple Joint Health နဲ့တွဲသောက်ပေးနိုင်ရင်တော့ Collagen Complex Fish + Chicken+ Chondroitin မှာပါဝင်တဲ့ ingredients နဲ့ Triple Joint Health မှာပါဝင်တဲ့ Glucosamine (HCL), hyaluronic acid နှင့် MSM တို့ပေါင်းစပ်လိုက်ရင်တော့အရိုးအဆစ်အတွက်အထူးပြောနေစရာမလိုအောင်ကိုကောင်းမွန်ပါတယ်၊အဲ့ဒီ(၂)မျိုးပေါင်းသောက်ပေးခြင်းဖြင့် အဆစ်များကို ကူရှင်ရန်နှင့် ခန္ဒာကိုယ်မှကာကွယ်ရန် လိုအပ်နေသော အရိုးနုများကို ခန္ဒာကိုယ်မှ ထုတ်လုပ်ပေးနိုင်ရုံသာမကပဲ ကျန်းမာသောအရိုးအဆစ်လုပ်ဆောင်ချက်များကိုလည်း အထူးကိုပံ့ပိုးကူညီပေးနိုင်ပါတယ်။တွဲဘက်ပြီးနေ့စဉ်မှန်မှန်တော့သောက်ပေးရပါမယ်။