Sale!

Bilberry Extract (120cts)

24,500 Ks

5,000 Ks OFF

Exp: Nov, 2026

Out of stock

Categories: ,
Bilberry ဆိုတာကတော့ Antioxidants များမြင့်မားစွာပါဝင်သောသဘာဝအသီးတမျိုးဖြစ်ပါတယ်။
(ဒီနေရာမှာ Antioxidants လို့ကြားလိုက်တာနဲ့ဒါသောက်ရင် Super Antioxidants သောက်စရာမလိုဘူးလားလို့မေးကြပါလိမ့်မယ်တခါထဲဖြေထားပေးပါမယ်။
Antioxidants ဆိုတာအမျိုးပေါင်းမြောက်များစွာရှိပါတယ်၊ Antioxidants တိုင်းကခန္ဒာကိုယ်အတွက်အရေးကြီးပါတယ်။ Antioxidants တစ်မျိုးတည်းနဲ့(Free Radical)အားလုံးကိုနိုင်တယ်ဆိုတာမရှိပါဘူး။ Antioxidants ဆိုတာအမျိုးစုံလေပိုကောင်းလေပါပဲ။
ဒါကြောင့် Super Antioxidants သောက်နေတဲ့လူတွေက Super Antioxidants ကို
ပဲဆက်သောက်ရပါမယ်။ အထူးသဖြင့်ရောဂါရှိနေသူများ(လုံးဝ)ဖြတ်လို့မရအောင်ကို Super Antioxidants ကအစွမ်းထက်ပါတယ်။
(*****Super Antioxidants ဘယ်လောက်အရေးကြီးတဲ့အကြောင်းနောက်မှထပ်ရေးပေးပါမယ်)
အခုကတော့ Bilberry Extract အကြောင်းဆက်ရေးပေးပါမယ်။ Bilberry Extract ကိုနေ့စဉ်ပုံမှန်သောက်သုံးပေးပါကအောက်ပါအကျိုးကျေးဇူးများကိုရရှိလာနိုင်စေမှာဖြစ်ပါတယ်။
Bilberry Extract မှာ antioxidants များမြင့်မားစွာပါဝင်တဲ့အတွက်ခန္ဒာကိုယ်ပျက်စီးမှု့ကိုဖြစ်ပေါ်စေသောရောဂါများမှကာကွယ်ပေးနိုင်ပါသည်။ သွေးလှည့်ပါတ်မှု့ကိုပိုမိုကောင်းမွန်စေတဲ့အတွက်သွေးကြောများကိုလည်းသန်မာလာစေပါတယ်။ဆဲလ်များပျက်စီးမှု့ကိုလည်းကာကွယ်တားဆီးပေးနိုင်ပါတယ်။သွေးထဲရှိဂလူးကို့စ်ပမာဏကိုလည်းလျှော့ချပေးနိုင်ပါတယ်။နှလုံးကျန်းမာရေးကိုလည်းတိုးတက်ကောင်းမွန်လာစေနိုင်ပါတယ်။ ခန္ဒာကိုယ်ရောင်ရမ်းခြင်းကိုလည်းလျှော့ချပေးနိုင်ပါတယ်။
ဒါ့အပြင် Bilberry ဟာအ မြင်လွှာဆိုင်ရာရောဂါ (မြင်လွှာပျက်စီးခြင်း) အတွက်အလွန်ကောင်းပါတယ်။ Bilberry သည် အသက်အရွယ်နှင့်ဆိုင်သော၊မျက်စိနှင့်ပါတ်သက်သော macular ယိုယွင်းခြင်းကိုတိုးတက်ကောင်းမွန်လာစေသလိုမဖြစ်လာအောင်လဲကြိုတင်ကာကွယ်ပေးပါတယ်။ အတွင်းတိမ်ကိုလည်း အကာအကွယ်ပေးနိုင်ပါသေးတယ်။
**မျက်လုံး၏ကျန်းမာရေးကိုတိုးတက်လာစေပါတယ်၊ **အထူးသဖြင့်အမြင်အာရုံကိုကိုတိုးတက်လာစေနိုင်ပါတယ်။
American Best ကထုတ်တဲ့ Bilberry Extract မှာပါဝင်တဲ့ ingredients တွေကတော့ Bilberry တမျိုးတည်းမဟုတ်ပဲတခြားမျက်စိအတွက်အားကောင်းစေတဲ့ antioxidants နှစ်မျိုးဖြစ်တဲ့ Lutein နဲ့ Zeaxanthin တွေကိုပါထည့်သွင်းထုတ်လုပ်ပေးထားပါတယ်။
Lutein ဆိုတာကတော့မျက်လုံးအတွင်း ရောင်ရမ်းမ့ှုကို လျှော့ချပေးနိုင်ပြီး ဖရီးရယ်ဒီကယ်များကို တိုက်ထုတ်ပေးပြီးဓာတ်တိုးဆန့်ကျင်သော စိတ်ဖိစီးမှု့ကို လျှော့ချပေးတဲ့အတွက်အမြင်အာရုံကို ကြည်လင်လာစေပါတယ်။
Zeaxanthin ဆိုတာကလည်း အစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများ ရှိပြီး အသက်အရွယ်နှင့် ဆက်နွှယ်သော macular degeneration၊ glaucoma နှင့် အတွင်းတိမ် ဖြစ်နိုင်ခြေကို လျှော့ချပေး နိုင်တဲ့အတွက်မျက်စိကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိစေပါတယ်။
ဆေးညွှန်း။။။ လူကြီးတနေ့(၃)လုံးကိုအစားစားခါနီးသောက်ပေးပါ။
ကလေးများကိုလည်းအသက်(၁၀)နှစ်နှင့်အထက်မှစပြီးတနေ့(၃)လုံးတိုက်ပေးပါ၊ငယ်စဉ်ထဲကပုံမှန်တိုက်ပေးလို့ရှိရင်ကြီးလာတဲ့အခါမှာမျက်စိနဲ့ပါတ်သက်တဲ့ပြဿနာတွေကိုလျှော့ချပေးနိုင်ပါတယ်။
Shopping Cart