Sale!

Anti-Inflammatory Oil
(150cts)

59,500 Ks

10,000 Ks Off

Exp: Dec, 2026

Availability: In stock

Categories: ,

ဒီနေ့ကတော့ Anti-Inflammatory Oil အကြောင်းရှင်းပြပေးပါမယ်။

Evening Primrose Oil (သို့မဟုတ်) Black Currant Seed Oil (၁)လုံး နဲ့ Fish Oil (၂)လုံးကိုတနေ့(၃)ကြိမ်သောက်နေသူများအနေနဲ့ Anti-Inflammatory Oil ကိုထပ်သောက်စရာလိုပါသလားလို့မေးနေကြတဲ့သူတွေအတွက်ပြောပြပေးပါမယ်။
======
Evening Primrose Oil (သို့မဟုတ်) Black Currant Seed Oil (၁)လုံး နဲ့ Fish Oil (၂)လုံးကိုတနေ့(၃)ကြိမ်သောက်နေသူများအနေနဲ့ Anti-Inflammatory Oil ကိုထပ်သောက်စရာမလိုတော့ပါဘူး။
======
တချို့လူနာတွေကဆေးညွှန်းအတိုင်းအတိအကျသောက်ပါတယ်၊တချို့ကတော့ဖြည့်စွက်စာသောက်တယ်ဆိုရုံဘဲဆေးအညွှန်းအတိအကျမလိုက်နာပါဘူး။(ဒီနေရာမှာထပ်ပြောချင်တာကဆေးညွှန်းအတိုင်းသောက်တဲ့သူတွေကခံစားနေရတဲ့ရောဂါတွေသိသာစွာသက်သာကောင်းမွန်လာကြပါတယ်၊တချို့သောဆေးညွှန်းအတိုင်းမသောက်တဲ့သူတွေကတော့သူများတွေရောဂါသက်သာပျောက်ကင်းနေတဲ့အချိန်မှာဖြစ်နေတဲ့ရောဂါမသက်သာဘဲ၊ကြာလာရင်တော့ဘယ်ဖြည့်စွက်စာဆေးမှလည်းတိုးတော့မှာမဟုတ်တော့ပါဘူး)။
=====
ကျွန်မဆေးညွှန်းရေးပေးတဲ့အခါမှာလိုအပ်တဲ့အခြေအနေပေါ်မူတည်ပြီး Evening Primrose Oil (သို့မဟုတ်) Black Currant Seed Oil (၁)လုံး နဲ့ Fish Oil (၂)လုံးကိုတနေ့(၃)ကြိမ်တွဲသောက်ခိုင်းပါတယ်၊တချို့ကိုလည်း Anti-Inflammatory Oil (၃)လုံးကို(၃)ကြိမ်သောက်ခိုင်းပါတယ်၊ အဲဒီမှာ ပထမအတွဲကတမျိုးစီကို post တွေတင်ထားတော့အများစုနားလည်ပြီးဖြစ်ပေမယ့် Anti-Inflammatory Oil အကြောင်းကတော့တခါမှpostမတင်ဘူးသေးတဲ့အတွက်အခုရှင်းပြပေးမှာဖြစ်ပါတယ်။

အဲဒီတော့Evening Primrose Oil (သို့မဟုတ်) Black Currant Seed Oil (၁)လုံး နဲ့ Fish Oil (၂)လုံးကိုတနေ့(၃)ကြိမ်သောက်လို့ရသလိုSuper Oil for Chronic Inflammation (၃)လုံးကို(၃)ကြိမ်သောက်လို့ရပါတယ်၊အကျိုးအာနိသင်ချင်းအတူတူပါဘဲ၊အဆင်ပြေတာကိုရွေးချယ်သောက်သုံးနိုင်ပါတယ်။

Anti-Inflammatory Oil မှာ
Fish Oil= 1200mg
Organic Flaxseed Oil= 1200mg
Evening Primrose Oil= 1200mg
(၃)မျိုးပါဝင်ပေါင်းစပ်ထားပြီးအထူးသဖြင့်

အဲဒီမှာပါ၀င်တဲ့ Organic Flaxseed Oil အကြောင်းအနည်းငယ်ရှင်းပြပေးပါမယ်။
Organic Flaxseed Oilမှာ Anti-inflammatory ဂုဏ်သတ္တိများစွာရှိပါတယ်။
Organic Flaxseed Oil မှာပါဝင်တဲ့ Omega-3 fatty acids ဆိုတာနှလုံးနှင့်သွေးလည်ပတ်မှု့စနစ်အတွက်အဓိကအထောက်အကူပေးပါတယ်၊အထူးသဖြင့် inflammation လျှော့ချရန်လည်းအထောက်အကူပြုသောကြောင့်ခန္ဓာကိုယ်အတွင်းOmega-3 fatty acids များပိုမိုဝင်ရောက်လာသဖြင့်သွေးများကောင်းစွာစီးဆင်းစေရန်သွေးကြောများကိုပွင့်လာစေတဲ့အတွက်နှလုံးရောဂါနဲ့လေဖြတ်ခြင်းနှစ်ခုလုံးကိုတားဆီးဖို့ကူညီပေးပါတယ်။
ထို့အပြင် Organic Flaxseed Oil သည်သွေးဖိအားကိုလျှော့ချခြင်းနှင့်သွေးလွှတ်ကြောများ၏ elasticity တိုးမြှင့်စေခြင်းဖြင့်နှလုံးကျန်းမာရေးကိုလည်းတိုးတက်ကောင်းမွန်စေနိုင်ပါတယ်။
Organic Flaxseed Oil သည်ကင်ဆာဆဲလ်ကြီးထွားမှု့ကိုလည်းလျှော့ချပေးနိုင်ပါသည်။
Organic Flaxseed Oil သည်အရေပြားပေါ်မှာဖြစ်တတ်သောအနီကွက်များ၊ ရောင်ရမ်းခြင်းနှင့်ယားခြင်းကဲ့သို့သောလက္ခဏာများကိုလျှော့ချပေးနိုင်ပြီးအရေပြားကိုချောမွေ့လာစေနိုင်ပါသည်။
=====
ကျန်(၂)မျိုးဖြစ်တဲ့ Fish Oil အကြောင်းနဲ့ Evening Primrose Oil အကြောင်းတွေကတော့သီးသန့်တင်ထားပေးတာတွေရှိတဲ့အတွက်ထပ်မရေးတော့ပါဘူး။အောက်မှာလင့်ခ်တွေပေးထားပါတယ်။

https://americanbest.uswp-admin/post.php?post=1434&action=edit

https://americanbest.uswp-admin/post.php?post=1393&action=edit

 

 

Shopping Cart