(Probiotics)(သို့မဟုတ်)အချဉ်ဖတ်။

Source from Kelvin A. Power’s Facebook on September 16, 2019

မြန်မာပြည်မှာကျွန်တော်ကိုယ်တိုင်(Probiotics)တွေဝယ်သောက်မိလို့(ဂလုန်း)မိသွားခဲ့ရဖူးတယ်ဆိုတော့ကျန်တဲ့လူတွေသောက်နေကြတဲ့ဆေးတွေအတွက်ကတော့ကိုယ့်ဟာကိုယ်သာစဉ်းစားကြည့်ကြပေါ့ဗျာ။

တခါတလေလူတွေကပုလင်းလေးတွေ(Comment)မှာလာထောင်ပြပြီးတော့ဆရာရေဒီဆေးတွေသောက်နေပါတယ်၊သောက်သင့်မသောက်သင့်ပြောပေးပါဦးဆိုပြီးတော့လာမေးကြတဲ့လူတွေအများကြီးပဲ။အဲဒါကျွန်တော်ဘယ်လိုဖြေပေးရမလဲ?။ကောင်းပါတယ်သောက်ပါလို့ဖြေလိုက်လို့အဲဒီဆေးတွေက(ကလုန်း)ဆေးဖြစ်နေလို့ရောဂါမသက်သာပဲအန္တရာယ်ဖြစ်သွားရင်ဘယ်သူ့ခေါင်းပေါ်ရောက်လာမလဲ။ဆရာကောင်းတယ်ပြောလို့သောက်မိတာအခုတော့ဒုက္ခရောက်ပြီဆိုရင်ကျွန်တော်ခေါင်းပေါ်ရောက်ပြီ။ဒါကြောင့်ကျေးဇူးပြု၍ဒီဆေးသောက်သင့်သလားဆရာလို့လာပြီးမမေးကြပါနဲ့။ဘယ်လိုမှမဖြေသင့်ပါဘူး။ကိုယ်ထုတ်တဲ့ဆေးကလွဲလို့တခြားဆေးတွေကိုယ်ဘယ်လိုမှအစစ်အတုမသိနိုင်ဘူး။ကိုယ်ထုတ်တဲ့ဆေးတောင်ဓါတ်ပုံကြည့်ယုံနဲ့အစစ်လား၊(ကလုန်းလား)မပြောနိုင်ပါဘူး။ဘယ်သူ့ဆီကဝယ်ထားတာလဲပြောပြတော့မှအစစ်အတုပြောနိုင်တာပါ။

(Probiotics)အကြောင်းဆက်မယ်ဗျာ။ရှင်းရှင်းပြောရရင်မြန်မာတွေကလဲခက်တော့ခက်တယ်ဗျ။တနေ့တနေ့ကြည့်လိုက်ရင်၊ငါက(1 billion probiotics)သောက်တာကွ၊ငါကတော့(10 billion probiotics)မှသောက်တာကွ၊တချို့ကြတော့(30 billion probiotics)မှပေါ့၊တချို့ကြတော့လဲဘယ်သူမှလိုက်မမှီအောင်(50 billion probiotics)သောက်တယ်ပေါ့။ကျွန်တော့်အမြင်ကတော့ဂဏန်းအသေးအကြီးပြိုင်နေတယ်လို့ပဲမြင်ပါတယ်။

ဒီနေရာမှာကျွန်တော်နဲနဲပြောချင်တာက၊(Probiotics)ဆိုတာကသက်ရှိအကျိုးပြုပိုးမွားလေးတွေကိုပြောတာ။ကိုယ်သောက်တဲ့ဆေးပုလင်းအပြင်ဖက်တံဆိပ်မှာ(50 billion probiotics)မကလို့(100 billion probiotics)လို့ပဲရေးထားရေးထား၊သိပ်အရေးမကြီးပါဘူး။အဲဒါကတော့ရေးချင်တာရေးပေးလိုက်လို့ရပါတယ်။အဓိကအရေးကြီးတာကဆေးတောင့်တစ်တောင့်စီထဲမှာ(အသက်)ရှင်နေတဲ့ပိုးမွားဘယ်လောက်ပါနေလဲဆိုတာဘယ်သူမှသေချာမသိပါဘူး။ဘာပိုးမွားမှမပါတဲ့(ကလုန်း)လဲဖြစ်နိုင်သလို။(ကလုန်း)မဟုတ်ရင်တောင်ပိုးမွားလေးတွေအသက်မရှင်ပဲသေနေတဲ့ဆေးတောင့်လေးတွေလဲဖြစ်နိုင်ပါတယ်။

အထဲကပိုးမွားလေးတွေကသေသွားပြီဆိုရင်အပြင်မှာ(200 billion probiotics)လို့ရေးထားလဲဘာမှသုံးစားလို့မရတော့ပါဘူး။(Exp: Date)ပါတာကတော့မှန်ပါတယ်။ဒါပေမဲ့များသောအားဖြင့်ကတော့ပိုးမွားလေးတွေဟာ(Exp: Date)ကုန်တဲ့အထိကိုအသက်ရှင်မနေတတ်ကြပါဘူး။မြန်မာပြည်လိုလူတိုင်း(air-con)မသုံးနိုင်တဲ့တိုင်းပြည်၊သုံးနိုင်တယ်ပဲထားဦးမီးပုံမှန်မလာတဲ့တိုင်းပြည်မှာဆိုရင်၊အလွန်ပူပြင်းတဲ့ရာသီဥတုကြောင့်(Probiotics)ဆေးတွေမြန်မြန်တောင်သက်တမ်းကုန်ပျက်စီးလွယ်ပါသေးတယ်။တချို့(probiotics)ထုတ်လုပ်သူတွေဟာ(Lab)ထဲမှာစမ်းသပ်တဲ့အချိန်မှာသာသူတို့ပြောသလောက်ရှိချင်ရှိနေမှာပေါ့။ပုလင်းသွတ်ပြီးရောင်းတဲ့ဆိုင်တွေကိုပို့လိုက်တဲ့အချိန်ကြတော့ပိုးမွားတွေကတဝက်လောက်သေကုန်ပြီ။မြန်မာပြည်ရောက်၊ရာသီဥတုကလဲပူပြင်းနဲ့ဆို၊ကြာရှည်ခံရမယ့်သက်တမ်းတဝက်မကျိုးခင်မှာကိုအကုန်သေကုန်ပါလေရော။

မသေပဲနည်းနည်းပါးပါးကျန်တယ်ထားဦး။အစာအိမ်ထဲရောက်ရင်အလွန်ပြင်းတဲ့အစာအိမ်အက်ဆစ်ဓါတ်နဲ့တွေ့ပြီးတချို့တွေထပ်ပြီးသေကြပါတယ်။ရှင်းရှင်းပြောရရင်တော့လိုအပ်တဲ့နေရာဖြစ်တဲ့အူမကြီးဆီကိုအသက်ရှင်ရက်နဲ့(Probiotics)တွေရောက်သွားဖို့ဆိုတာတော်တော်ကိုမလွယ်လှပါဘူး။ပိုက်ဆံပေါလို့၊ဖြုန်းတီးချင်လို့(probiotics)တွေသူ့ထက်ငါ၊အပြိုင်အဆိုင်ဝယ်သောက်နေကြတဲ့လူတွေကတော့သောက်ပေါ့ဗျာဘာမှမပြောလိုပါဘူး။ကိုယ့်ပိုက်ဆံနဲ့ကိုယ်သောက်တာပဲလေ။

ဒါပေမဲ့မရှိဆင်းရဲသားတွေအတွက်ကြတော့(Probiotics)ဆေးတွေဈေးကြီးပေးဝယ်သောက်နေမယ့်အစား၊တခြားပိုပြီးထိရောက်တဲ့နည်းလမ်းတွေရှိပါသေးတယ်။ကိုယ်တိုင်နွားနို့စစ်စစ်ရှာပြီးဒိန်ချဉ်စစ်စစ်အိမ်မှာတည်ပြီးစားပါ။ချဉ်လေကောင်းလေပါပဲ။သကြားတော့ထည့်မစားကြပါနဲ့။အစပိုင်းမှာတော့ချဉ်တော့မစားနိုင်ဘူးပေါ့။အကျင့်ဖြစ်လာတော့အဲဒီချဉ်တာကိုပဲပိုပိုပြီးကြိုက်လာပါလေရော။နောက်တော့အချိုကိုမကြိုက်တော့တာ။

နောက်တနည်းကတော့ဟင်းသီးဟင်းရွက်တွေဝယ်၊သန့်ရှင်းအောင်ရေသေချာဆေးကြောပြီးတော့၊အိုးတွေဖန်ပုလင်းတွေထဲမှာအချဉ်ဖတ်တည်ပြီးတော့စားကြပါ။(probiotics)ဆေးတွေထက်အကျိုးကျေးဇူးအဆပေါင်းများစွာပိုရဖို့သေချာပါတယ်။အသက်ရှင်မနေတော့ပဲသေနေတဲ့(probiotics)ဆေးတွေ၊တရုတ်ပြည်ကလာတဲ့(ကလုန်း)ဆေးတွေကိုသောက်မိတာနဲ့စာရင်၊ကိုယ်တိုင်အိမ်မှာလုပ်တဲ့ဒိန်ချဉ်နဲ့ဟင်းသီးဟင်းရွက်ချဉ်ဖတ်အိုးတွေကပိုပြီးတော့တန်ဖိုးရှိပါတယ်။

(probiotics)ဆိုတာဆေးတွေသောက်လိုက်မှရတာမဟုတ်ပါဘူး။ကမ္ဘာဦးကတည်းကစလို့မိဘအဖိုးအဖွားတွေလက်ထက်အထိအချဉ်ဖတ်စိမ်စားလာခဲ့ကြတာနှစ်ပေါင်းပြန်ရေတွက်ရင်မနည်းတော့ပါဘူး။အခုကြမှသာ(probiotics)ဆေးအပြိုင်သောက်နေကြတာပါ။ချဉ်ဖတ်စိမ်စားတာကပိုသေချာပါတယ်။ဒါပေမဲ့သန့်ရှင်းဖိုေ့တာ့လိုပါတယ်။မသန့်ရှင်းရင်တော့ဝမ်းပျက်ဝမ်းလျှောဖြစ်ပါမယ်။

ဘယ်လိုဟင်းသီးဟင်းရွက်မျိုးတွေကိုအချဉ်တည်ရင်(probiotics)တွေရမလဲလို့မေးရင်တော့အဖြေကလွယ်လွယ်လေးပါ။မည်သည့်ဟင်းသီးဟင်းရွက်မဆို(Soluble Fiber)ကြွယ်ဝတဲ့ဟင်းသီးဟင်းရွက်အားလုံးအချဉ်တယ်လို့ရပါတယ်။(probiotics)ပိုးတွေဆိုတာကကိုယ်ထည့်ပေးစရာမလိုပါဘူး။
(Soluble Fiber)ကိုအချဉ်ဖေါက်(Fermentation)လုပ်လိုက်ရင်သူ့ဟာသူ(သန္ဒေတစ)ကနေဖြစ်လာတာပါပဲ။အပြင်ကထည့်ပေးစရာမလိုပါဘူး။(Soluble Fiber)ကိုအချဉ်ဖေါက်(Fermentation)လုပ်တိုင်း(probiotics)တွေအလိုလိုဖြစ်လာတာပါပဲ။အချိန်မရှိလို့၊နေရာမရှိလို့ချဉ်ဖတ်အိုးတွေမတည်စားနိုင်ရင်တောင်၊(Soluble Fiber)ကိုစားပေးလိုက်ရုံနဲ့၊အူမကြီးထဲမှာအချဉ်ဖေါက်မှု့(Fermentation)အလိုလိုဖြစ်ပြီတော့ကောင်းမွန်တဲ့(probiotics)ပိုးမွားလေးတွေပေါက်ပွားလာတာပါပဲ။အစားအသောက်ထဲမှာ(Soluble Fiber)ပါတဲ့အစားအသောက်ကိုများများစားပေးတဲ့လူ(သို့)(Soluble Fiber)ဖြည့်စွက်စာစားတဲ့လူတွေဟာ(probiotics)ဆေးတွေသီးသန့်ဝယ်သောက်စရာလိုမယ်မထင်ပါဘူး။

အနှစ်ချုပ်ပြောချင်တာကတော့အသက်ရှင်မနေတော့ပဲသေနေတဲ့(probiotics)ဆေးတွေနဲ့တရုတ်ပြည်ကလာတဲ့ (ကလုန်း)ဆေးတွေကိုသောက်မိတာနဲ့စာရင်၊လူတိုင်းလူတိုင်းအိုးတွေဖန်ပုလင်းတွေထဲမှာဟင်းသီးဟင်းရွက်တွေကိုအချဉ်ဖတ်တည်ပြီးတော့စားတာကပိုပြီးအကျိုးရှိပါတယ်။အိုးတွေဖန်ပုလင်းတွေထဲမှာအချဉ်ဖတ်မတည်နိုင်ရင်တောင်(Soluble Fiber)စားပြီးအူမကြီးထဲမှာ(probiotics)တွေပေါက်ပွားအောင်မွေးမြူရေးလုပ်လို့ရပါတယ်။အားလုံးကိုကျွန်တော့်လို (probiotics)(ကလုန်း)စာမမိစေချင်လို့ကိုယ်တိုင်အချဉ်ဖတ်တည်စားကြပါလို့တိုက်တွန်းနိုးဆော်ပါရစေ။
Kelvin A Power

Shopping Cart