Melatonin ဆိုတာဟာအိပ်ဆေးလား?

Source from Kelvin A. Power’s Facebook on October 20, 2020
အကျဉ်းချုပ်ကလေးပြောရမယ်ဆိုရင်(Melatonin)ဆိုတာအိပ်ဆေးမဟုတ်ပါဘူး။အဲဒါဆို(Melatonin)သောက်လိုက်ရင်၊မအိပ်ဘူးလား?။လို့မေးရင်တော့၊လိုအပ်ရင်တော့အိပ်ပါတယ်။မလိုအပ်ရင်တော့မအိပ်ပါဘူး။
ဆိုလိုတာက၊တစ်ချို့လူတွေမှာတော့အိပ်ပါတယ်။ဒါပေမယ့်တချို့လူတွေကြတော့မအိပ်ချင်၊မအိပ်ပါဘူး။(Melatonin)ဆိုတာကညအမှောင်ထဲမှာပဲဖြစ်ဖြစ်၊အိပ်ပျော်နေစဉ်မှာဖြစ်ဖြစ်ခန္ဓာကိုယ်ကထုတ်လုပ်ပေးရတဲ့၊ကျန်းမာဖို့အတွက်အလွန်လိုအပ်တဲ့ဟော်မုန်းဓါတ်တစ်မျိုးပါ။ဓါတုဗေဒအိပ်ဆေးတွေနဲ့တော့မတူပါဘူး။
ဓါတုဗေဒအိပ်ဆေးတွေကလိုအပ်တာထက်ပိုသောက်မိရင်အသက်အန္တရာယ်အထိဖြစ်နိုင်ပါတယ်။ဥပမာပြောရရင်၊မိမိကိုယ်ကိုသေကြောင်းကြံစီတဲ့လူတစ်ယောက်ဟာအဆိပ်သောက်နေစရာမလိုပါဘူး။အိပ်ဆေးများများသောက်ရင်လဲသေပါတယ်။အိပ်ပျော်သွားပြီးပြန်မထလာတော့ဘူး။မထသောအိပ်ခြင်းနဲ့ရာသက်ပန်အိပ်စက်သွားကြတာ။(Melatonin)ဆိုတာကတော့အဲဒီလိုဆေးမျိုးမဟုတ်ပါဘူး။များများသောက်မိလဲမသေပါဘူး။
ဆိုလိုတာက(Melatonin)သောက်ထားတိုင်းအိပ်ချင်မှအိပ်မယ်။ခဏလေးပဲအိပ်ချင်အိပ်မယ်။ဒါပေမယ့်အိပ်ရေးဝတယ်။တစ်ခါတစ်လေကြရင်(Melatonin)သောက်ထားပေမယ့်ညပိုင်းနိုးနိုးနေတတ်တယ်။ဒါပေမယ့်အားအင်ပြည့်ဝပြီးအိပ်ရေးဝတယ်။တစ်ကယ်တော့(Melatonin)ဆိုတာအိပ်ဆေးမဟုတ်ပါဘူး၊အိပ်ရေးဝတဲ့ဆေးပါ။နည်းနည်းပဲအိပ်လိုက်ရုံနဲ့လဲအိပ်ရေးဝချင်ဝနေတတ်တာကိုဆိုလိုတာပါ။
နောက်တစ်ခုက၊ဓါတုဗေဒအိပ်ဆေးတွေအလွန်များသွားရင်သေနိုင်ပါတယ်။ဓါတုဗေဒအိပ်ဆေးတွေလွန်သွားရင်အိပ်ပျော်သွားပြီးပြန်မနိုးလာနိုင်တော့ဘူး။(Melatonin)များသွားရင်အိပ်လဲမပျော်တော့ဘူး၊သေလဲမသေပါဘူး။သာမာန်လူတစ်ယောက်ဟာ(Melatonin 10mg)လောက်ဆိုရင်ကောင်းကောင်းအိပ်ရေးဝပါတယ်။အိပ်ပျော်တယ်လို့မဆိုလိုပါဘူး။အိပ်ပျော်ချင်မှပျော်ပါလိမ့်မယ်။အိပ်ရေးဝတယ်လို့ဆိုချင်တာပါ။
(Melatonin 10 mg)လောက်နဲ့အိပ်ရေးဝတဲ့လူဟာ(အဆပေါင်းငါးဆယ်)ဖြစ်တဲ့(500 mg)သောက်မိရင်လဲမသေပါဘူး။ (500 mg)သောက်မိရင်တချို့သောကင်ဆာရောဂါတွေကိုသက်သာစေနိုင်ပါတယ်။ကင်ဆာတိုင်းပျောက်မယ်လို့တော့မဆိုလိုပါဘူး။ဒါပေမယ့်ကင်ဆာသမားတော်တော်များများဟာ(Melatonin= 500 mg)လောက်သောက်လိုက်ရင်ကောင်းကျိုးတွေရနေကြရတာတော်တော်များများရှိနေပါတယ်။
(Melatonin)ဆိုတာညအိပ်ပျော်နေချိန်မှာခန္ဓာကိုယ်အတွက်ကောင်းမွန်အောင်လုပ်ဆောင်ပေးတဲ့ဟော်မုန်းဓါတ်တစ်မျိုးဖြစ်သလို၊ခန္ဓာကိုယ်ကိုအဆိပ်ဖြေပေးတဲ့အပြင်ရောဂါအမျိုးမျိုးကနေကုသပေးနိုင်တဲ့(Antioxidant, Anti-inflammatory)ဓါတ်ပေါင်းတမျိုးဆိုရင်လဲမမှားပါဘူး။ (Reactive Oxygen Species, ROS)နဲ့(Reactive Nitrogen Species, RNS)တွေကိုကောင်းကောင်းဖြေပေးနိုင်ပါတယ်။
အနှစ်ချုပ်ပြောရရင်(Melatonin)ဆိုတာအိပ်ဆေးမဟုတ်ပါဘူး။အိပ်ရေးဝတဲ့ဆေးပါ။နဲနဲသောက်ရင်ကောင်းကောင်းအိပ်ပျော်ပြီးအိပ်ရေးဝပါတယ်။များသွားရင်တော့အိပ်ကောင်းကောင်းမပျော်တော့ပါဘူး။ဒါပေမယ့်အိပ်မပျော်လဲအိပ်ရေးဝပါတယ်။အလွန်အကျွံ့သောက်မိရင်တော့မအိပ်ပါဘူး။ကင်ဆာဆဲတွေကိုတော့သေနိုင်ပါတယ်။လူတော့မသေပါဘူး။
တစ်ကယ်တော့(Melatonin)ဆိုတာညပိုင်းမှာခန္ဓာကိုယ်ကိုစောင့်ရှောက်ပြုပြင်တတ်တဲ့အကောင်းဆုံး(Antioxidant)နဲ့(anti-inflammatory)ဓါတ်ပေါင်းတစ်မျိုးပါပဲ။လမိုက်ညရဲ့သူရဲကောင်းပေါ့ဗျာ။(COVID)အတွက်လဲသူရဲကောင်းပါပဲ။ခန္ဓာကိုယ်ရဲ့ခုခံမှု့စနစ်ကောင်းဖို့ဆိုတာအိပ်ရေးဝနေဖို့အထူးလိုအပ်တာပေါ့။အိပ်ပျော်သည်ဖြစ်စေ၊မပျော်သည်ဖြစ်စေအိပ်ရေးဝတယ်ဆိုတဲ့ဆေးဟာ၊ရောဂါခုခံမှု့စွမ်းအားကိုတိုးမြင့်စေတယ်ဆိုတဲ့သဘောတရားဟာသဘာဝကြနေပြီးသားဖြစ်နေလို့အထွေအထူးရှင်းပြနေဖို့လိုမယ်မထင်ပါဘူး။
လူတိုင်းအတွက်အိပ်ပျော်သည်ဖြစ်စေ၊မပျော်သည်ဖြစ်စေ၊အိပ်ရေးဝပြီးလန်းဆန်းစေဖို့အကောင်းဆုံး(Dosage)ကတော့(10mg)လောက်ဖြစ်ပါလိမ့်မယ်။ဒီလောက်ဆိုရင်(Melatonin)အကြောင်းကိုအတော်လေးတီးမိ၊ခေါက်မိ၊နားလည်လောက်ပါပြီ။
အားလုံးကျန်းမာ၍ဘေးရန်ကင်းရှင်းကြပါစေ။
Kelvin Albert Power
Shopping Cart