ဘယ်တော့မှ(Covid)နဲမသေနိုင်တဲ့၊တစ်သက်စာ(Covid)နိုင်နည်း။အပိုင်း(၅)။အပိုင်း(၆)။အပိုင်း(၇)။

အပိုင်း(၅)။( July 19, 2022)

ဒီနည်းကို၊ကျွန်တော်ကိုယ်တိုင်ရောကိုယ်တွေ့စမ်းသပ်ပြီးသွားပြီလား?။

ကျွန်တော်လဲဒီနည်းလမ်းကိုမသိခင်အရင်တုံးက၊ကိုဗစ်ပိုးကိုကြောက်ခဲ့ရတာပါပဲ။အမေရိကန်မှာကိုဗစ်လှိုင်း ပေါင်းများစွာဝင်သွားပါတယ်။အပြင်မကြာခဏမထွက်ရဲခဲ့ဘူး။(Mask)မချွတ်ရဲခဲ့ဘူး။ကိုယ့်(Immune System)ကောင်းအောင်လုပ်ထားရတယ်။ပထမဆုံးလှိုင်းတုံးကအသည်းအသန်ဖျားနာတာမရှိခဲ့ပေမယ့်၊နှာစေးချောင်းဆိုး၊လည်ချောင်းနာတာလောက်တော့ဖြစ်ခဲ့ပါတယ်။ကာကွယ်ဆေးတော့(လုံးဝ)ကိုမထိုးပါဘူး။ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်မထိုးတာပါ။

နောက်တော့သုတေသနတွေလုပ်ရင်းနဲ့ဒီပိုးအကြောင်းကိုကျွန်တော်ကောင်းကောင်းနားလည်သွားပါတယ်။ဒီပိုးဟာဘယ်နေရာမှာအဓိကပွားပြီးအင်အားစုတယ်၊ခန္ဓာကိုယ်ကိုဘယ်လိုတိုက်ခိုက်တယ်၊ဘာတွေကိုကြောက်တယ်၊ဘယ်လိုသတ်ရင်သေတယ်ဆိုတာကို၊ကိုယ်တွေ့အဖြစ်နဲ့ကောင်းကောင်းနားလည်လာပါတော့တယ်။သူ့ကို(Immune System)နဲ့ပေးမတွေ့ခင်အပြတ်ရှင်းနိုင်တဲ့နည်းလမ်းကိုလည်းသိလာပါတယ်။လက်တွေ့စမ်းသပ်ကျင့်သုံးကြည့်တော့လည်းအောင်မြင်ခဲ့ပါတယ်။

စမ်းသပ်တဲ့အနေနဲ့(Delta)မှာစသုံးကြည့်တယ်။နောက်ပြီး(Omicron)မှာလဲသုံးကြည့်တယ်။နောက်ပိုင်းကိုဗစ်အချိန်တွေမှာအပြင်မကြာခဏထွက်တယ်။(Mask)မတပ်ဘူး။ဘာကြောင့်လဲဆိုတော့ပိုးအကူးခံကြည့်ချင်လို့။ပိုးကကူးလာတယ်။အိမ်မှာကိုယ့်နည်းနဲ့ကိုယ်ပိုးသတ်ပြစ်တယ်။နောက်နေ့မှာပိုးမရှိတော့ဘူး။

ဒီလိုပဲအပြင်ထွက်တိုင်းအမြဲတန်းလိုလိုထပ်ပြီးကူးလာပြန်တယ်။ကိုယ့်နည်းနဲ့ကိုယ်သတ်တယ်။ပြန်ပျောက်သွားတယ်။အတော်လေးကြာမှ(Antibody)ရလာတယ်။(Version)အသစ်ဝင်လာရင်(Antibody)ကအလုပ်မလုပ်ပြန်ဘူး။ကိုယ်နည်းကိုယ်ဟန်ပဲပြန်သုံးရပါတယ်။

သဘာဝပိုးသတ်နည်းကိုလေ့လာကျင့်သုံးပြီးအကြိမ်ကြိမ်အောင်မြင်ခဲ့ပြီးတဲ့နောက်ပိုင်းကျွန်တော်ကိုဗစ်ကိုမကြောက်တော့ပါဘူး။အခုဆိုရင်တော့ထမင်းစားရေသောက်ဖြစ်သွားပါပြီ။ကိုဗစ်အသစ်ဘယ်နှစ်လှိုင်းလာလာ၊ဘယ်လောက်(Version)ပြောင်းပြောင်းမကြောက်တော့ပါဘူး။ကာကွယ်ဆေးဆိုတာလဲကျွန်တော့်အတွက်မလိုအပ်တော့ပါဘူး။ကျွန်တော့်မှာနည်းလမ်းကောင်းရှိနေပါပြီ။

စာဖတ်သူတွေကိုကျွန်တော့်လိုကိုဗစ်အချိန်မှာ(Mask)မတပ်ဘဲအပြင်မကြာခဏထွက်ပြီးတမင်ပိုးအကူးခံဖို့သင်ပေးနေတာမဟုတ်ပါဘူး။ကျွန်တော်စမ်းသပ်ဖူးခဲ့တဲ့ကျွန်တော့်အတွေ့အကြုံကိုပဲပြောပြတာပါ။လိုက်တုကြဖို့ပြောနေတာမဟုတ်ပါဘူး။လိုက်လုပ်ရမယ့်အရာလဲမဟုတ်ပါဘူး။

ဒါပေမယ့်အရေးအကြီးဆုံးတစ်ခုတော့မှာချင်ပါတယ်။ကျွန်တော်သင်ပေးမယ့်နည်းလမ်းကသိပ်ကိုရိုးရှင်းပြီးလွယ်ကူပါတယ်။ဒါပေမယ့်သတိ၊ဝိရိယနဲ့ယုံကြည်ချက်တော့ရှိဖို့အထူးလိုအပ်ပါတယ်။ပိုးအကြောင်းနဲ့၊နည်းလမ်းအကြောင်းချက်ခြင်းမရေးပဲဘာကြောင့်(Intro)တွေဝင်ပြီးဒီလောက်စာအရှည်ကြီးကိုလက်ညောင်းခံရေးနေရသလဲဆိုတော့ဒီနည်းလမ်းကိုတန်ဖိုးထားပြီးယုံယုံကြည်ကြည်နဲ့တိတိကျကျလိုက်နာကျင့်သုံးကြဖို့ဖြစ်ပါတယ်။

အကျိုး၊အကြောင်းတွေကိုကိုယ်တိုင်သေချာသိရှိနားလည်မထားဘူးဆိုရင်၊ယုံကြည်မှု့အားနည်းနေပါလိမ့်မယ်။ဒါမှမဟုတ်သိပ်လွယ်တယ်ဆိုပြီးအထင်သေးပေါ့ဆမိပါလိမ့်မယ်။ဒီနည်းလမ်းရဲ့တန်ဖိုးကိုအမှန်တစ်ကယ်နားလည်ပြီးလေးလေးနက်နက်လိုက်နာကျင့်သုံးမှု့မရှိဘူးဆိုရင်နည်းဘယ်လောက်ကောင်းကောင်းအောင်မြင်မှာမဟုတ်ပါဘူး။

နောက်တစ်ခုပြောချင်တာကဒီနည်းဟာကိုဗစ်(Version)တစ်ခုတည်းကိုနိုင်တာမဟုတ်ပါဘူး။(Version)ဘယ်လောက်ပြောင်းပြောင်းနည်းလမ်းမပြောင်းပါဘူး။ကိုဗစ်နေရာမှာတစ်ခြား(လေကနေကူးစက်တတ်တဲ့)ရောဂါပိုးတွေရောက်လာလဲနည်းမပြောင်းပါဘူး။

လောကမှာအသက်လောက်တန်ဖိုးရှိတဲ့အရာဘာမှမရှိပါဘူး။တန်ဖိုးရှိတဲ့အရာတိုင်းဟာလဲဘာမှအလကားမရပါဘူး။ကိုယ့်ဖက်ကဝိရိယအချိန်တွေအနည်းငယ်တော့စိုက်ထုတ်ပေးရပါမယ်။ငွေများများလဲမကုန်၊ဘေးထွက်ဆိုးကျိုးလဲမရှိပဲ၊တစ်သက်လုံးလဲကိုဗစ်ကိုနိုင်တဲ့သဘာဝနည်းကိုသိချင်ရင်တော့စာဖတ်ပျင်းလို့မရပါဘူး။

ကိုဗစ်ပိုးရဲ့သဘောသဘာဝကိုအကျိုးနဲ့အကြောင်း(ဃဂဏန)အရင်နားလည်အောင်သင်ပေးမယ်။ပြီးရင်သဘာဝနည်းနဲ့စနစ်တကျပိုးသတ်နည်းလဲသင်ပေးရမယ်။ဒါကြောင့်စာရှည်ချင်ရှည်ပါမယ်။စာရှည်ပေမယ့်၊နားလည်အောင်အချိန်ပေးပြီးဖတ်ရင်ကိုယ့်အတွက်အကျိုးကျေးဇူးတွေမနည်းပါဘူး။စာဖတ်ပျင်းရင်တော့ဘာအကျိုးမှမရနိုင်ပါဘူး။

နံပါတ်(၁)အနေနဲ့Covid ပိုးရဲ့သဘောသဘာဝ၊အမူအကျင့်ကို(ဃ၊ဂ၊ဏ၊န)သိအောင်သင်ပေးချင်ပါတယ်။
နံပါတ်(၂)အနေနဲ့ကတော့ခန္ဓာကိုယ်ထဲရောက်လာတဲ့ဒီ(Covid)ပိုးကိုသဘာဝအတိုင်းသတ်လို့ရတဲ့စနစ်တကျပိုးသတ်နည်းကိုဆက်ပြီးသင်ပေးပါမယ်။

ဒီပိုးရဲ့သဘောသဘာဝကိုသေချာနားလည်လာပြီး၊ထိရောက်တဲ့သဘာဝနည်းလမ်းကိုယုံယုံကြည်ကြည်နဲ့တန်ဖိုးထားပြီးလိုက်နာကျင့်သုံးကြမယ်ဆိုရင်ကိုယ့်တစ်ယောက်ထဲအတွက်မဟုတ်ပဲကိုယ့်မိသားစုနဲ့ကိုယ့်ပါတ်ဝန်းကျင်တစ်ခုလုံးကိုပါ(Covid)ဘေးကနေရာသက်ပန်ကာကွယ်စောင့်ရှောက်ပေးနိုင်ပါလိမ့်မယ်။

အားလုံးကျန်းမာ၍၊ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။
Kelvin Albert Power

—————————————————————–
အပိုင်း(၆)။( July 19, 2022)

(Covid)ပိုးရဲ့သဘာဝဟာအဆုတ်တစ်ခုတည်းကိုပဲတိုက်ခိုက်နိုင်တာလား။ဒါဆိုရင်(Covid)ပိုးပါတဲ့လေကိုရူမိရင်၊လေထဲမှာပါလာတဲ့(Covid)ပိုးရဲ့ရာခိုင်နှုန်းဘယ်လောက်အဆုတ်ထဲကိုတိုက်ရိုက်ဝင်သွားနိုင်မလဲ?။

ဒီနေရာမှာလူအများသိထားတာက(COVID)ရောဂါကိုဖြစ်ပေါ်စေတဲ့(SARS COV-2 Virus)ဆိုတာအဆုတ်တစ်ခုတည်းကိုပဲတိုက်ခိုက်တယ်လို့ထင်ထားကြပါတယ်။ဒါဟာလုံးဝမမှန်ကန်ပါဘူး။ဘာကြောင့်လဲဆိုတော့၊ဒီပိုးတွယ်ကပ်နိုင်တဲ့(ACE2 Receptor)တွေဆိုတာအဆုတ်တစ်ခုတည်းမှာပဲရှိနေတာမဟုတ်ပါဘူး၊တခြားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေအတော်များများမှာလဲရှိနေပါတယ်။အထူးသဖြင့်လည်ချောင်းမှာလဲရှိပါတယ်။

ဒါကြောင့်ဒီ(Virus)ပိုးဟာအဆုတ်ကိုတိုက်ခိုက်နိုင်သလို၊တခြားအင်္ဂါအစိတ်အပိုင်းတွေကိုလဲတိုက်ခိုက်နိုင်ပါတယ်။ဒီ(Virus)ဟာအဓိကစစ်ကြောင်းကြီးနှစ်ခုခွဲပြီးအသက်ရူလမ်းကြောင်းအပြင်၊အစာအိမ်နဲ့အူလမ်းကြောင်းကိုပါဝင်ရောက်ပြီးတိုက်ခိုက်နိုင်ပါတယ်။(COVID)ရောဂါသယ်တွေမှာအစာအိမ်နဲ့အူလမ်းကြောင်းကိုတိုက်ခိုက်ခံရလို့ဗိုက်နာတာတွေ၊ဝမ်းသွားတာတွေဖြစ်လာပြီဆိုရင်ပိုပြီးအန္တရာယ်ပိုများပါတယ်။

အထက်ပါမေးခွန်းတွေကိုဖြေဖို့အရင်ဆုံးကျွန်တော်တိုရဲ့မိခင်သဘာဝတရားကကျွန်တော်တို့တွေရဲ့အဆုတ်ကိုသဘာဝအားဖြင့်ဘယ်လိုအကာအကွယ်ပေးထားတယ်ဆိုတာနားလည်ထားဖို့တော့လိုအပ်ပါတယ်။လူ့ခန္ဓာကိုယ်မှာအဆုတ်ဆိုတာ၊ရောဂါပိုးအနည်းငယ်လောက်လွယ်လွယ်နဲ့ဝင်လာပြီးဒုက္ခအလွယ်တကူပေးနိုင်တဲ့အင်္ဂါတစ်ခုတော့မဟုတ်ပါဘူး။

ကျွန်တော်တို့လူတွေအပြင်တိရိစ္ဆာန်တွေဟာကမ္ဘာဦးအချိန်ကတည်းစလို့အခုအချိန်အထိအဆုတ်နဲ့အသက်ရူလာခဲ့ကြတာပါ။လေထဲမှာပိုးမွှားအမျိုးအစားပေါင်းသန်းနဲ့ချီရှိနေပါတယ်။ပိုးမွှားတွေကင်းစင်နေတဲ့လေကိုပဲအမြဲတန်းရွေးရူဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူး။လေကောင်းလေသန့်ရှိသလို၊ပိုးမွှားတွေများစွာပါဝင်နေတဲ့လေတွေကိုလဲအမြဲရူနေရတာပါပဲ။

ပိုးမွှားတွေပါတဲ့လေကိုရူမိလိုက်တာနဲ့ပါလာတဲ့ရောဂါပိုးတွေအားလုံးအဆုတ်ထဲကိုတိုက်ရိုက်ရောက်သွားကြေးဆိုရင်၊ဒီခေတ်မှာအဆုတ်နဲ့အသက်ရူကြရတဲ့လူသားတွေရော၊တိရိစ္ဆာန်တွေရော၊တစ်ယောက်၊တစ်ကောင်မှအသက်ရှင်သန်မနေနိုင်တော့ပါဘူး။ဒီနေရာမှာလူတွေကိုအဓိကပြောချင်တာကလောကမှာကျန်းမာချင်တယ်၊အသက်ရှည်ချင်တယ်ဆိုရင်ဘယ်တော့မှသဘာဝတရားကိုပြစ်ပါယ်ထားလို့မရနိုင်ပါဘူး။နေရာတိုင်းမှာသဘာဝဓမ္မကျအောင်စဉ်းစားကြရပါမယ်။

ကျွန်တော်တို့အဆုတ်ထဲမှာမိခင်သဘာဝကပေးထားတဲ့ရောဂါကာကွယ်မှု့စနစ်ကောင်းတွေလူတိုင်းမှာရှိနေပါတယ်။မတော်တဆရူမိလို့လေထဲမှာပါလာတဲ့ဘယ်ပိုးမျိုးမဆို၊ကျွန်တော်တို့အဆုတ်ထဲကိုအကုန်လုံးရောက်မသွားနိုင်ပါဘူး။အလွန်ဆုံးရောက်နိုင်တော့မှ(1%)ထက်မပိုနိုင်ပါဘူး။

ကျန်တဲ့အများစုကတော့အဆုတ်ထဲကိုချက်ခြင်းတိုက်ရိုက်မဝင်ရောက်နိုင်ပဲလည်ချောင်းနဲ့လေပြွန်တွေမှာကပ်ညှိပြီးကျန်ခဲ့ရတာပါပဲ။လည်ချောင်းမှာအဆပေါင်းများစွာပွားများပြီးတော့မှအသက်ရူသွင်းတိုင်းမှာအဆုတ်ထဲကိုထပ်ဝင်ဖို့အကြိမ်ကြိမ်ပြန်ပြီးကျိုးစားကြရပါတယ်။

ဥပမာပေးရရင်(Covid)ပိုးပါတဲ့လေကိုတစ်ကြိမ်တစ်ခါလောက်ရူမိလို့လေထဲမှာပိုးကောင်ရေ(၁၀၀၀)ပါလာရင်၊အဲဒီတစ်ထောင်ထဲက(၁၀)ကောင်လောက်တောင်အဆုတ်ထဲကိုရောက်ဖို့မလွယ်ပါဘူး။အရမ်းကိုခက်ခဲတဲ့လမ်းခရီးပါ။

ကျွန်တော်ဒီလိုပြောတာကိုစာဖတ်နေတဲ့လူတွေယုံချင်မှယုံကြပါလိမ့်မယ်။ဒါဆိုရင်နောက်အပိုင်းမှာ၊အသက်ရူလမ်းကြောင်းနဲ့အဆုတ်လေပြွန်တွေရဲ့အတွင်းပိုင်းမှာသဘာဝတရားကပေးထားတဲ့ပိုးမွှားကာကွယ်မှု့စနစ်ကိုဆက်ပြီးလေ့လာကြည့်ကြပါစို့။

အားလုံးကျန်းမာ၍၊ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။
Kelvin Albert Power
References:
https://www.ncbi.nlm.nih.gov/pmc/articles/PMC7482763/
https://www.ncbi.nlm.nih.gov/pmc/articles/PMC4048736/
————————————————————————

အပိုင်း(၇)။( July 19, 2022)

အဆုတ်နဲ့အသက်ရူလမ်းကြောင်းကိုသဘာဝတရားကဘယ်လိုကာကွယ်ပေးထားသလဲ?။ဘယ်အချိန်ဟာရန်သူကိုလက်ဦးမှု့ရယူရမယ့်အချိန်လဲ?။
အသက်ရူလမ်းကြောင်းကလေပြွန်တွေဟာ၊ကြီးရာကနေအဆင့်ဆင့်ခွဲထွက်ပြီးဆံချည်မျှင်လောက်အထိသေးငယ်သွားကြပါတယ်။အဆုတ်လေပြွန်တွေဆိုတာကွေ့ကောက်ပြီးသစ်ပင်အမြစ်တွေလိုခွဲဖြာထွက်သွားရင်း နောက်ဆုံးမှာဆံချည်မျှင်လောက်ပဲကျန်ပါတော့တယ်။ပြီးတော့မှအလွန်သေးငယ်တဲ့အဆုတ်လေအိပ်ကလေးတွေစီကိုရောက်ကြတာပါ။

ဆံချည်မျှင်လောက်အထိသေးငယ်သွားသောအဆုတ်လေပြွန်များ။

ကြီးမားတဲ့လေပြွန်အကြီးတွေကအစပြုလို့ကောက်ကွေ့ပြီးဆံချည်မျှင်လောက်အထိခွဲထွက်ပြီးသေးငယ်သွားတဲ့လေပြွန်လေးတွေအထိ၊သူတို့ရဲ့အတွင်းပါတ်ပါတ်လည်နံရံမှာ(mucous membrane)တွေအမြဲရှိနေပါတယ်။

(mucous membrane)တွေဆိုတာဝင်လာတဲ့အမှိုက်သရိုက်တွေ၊(Bacteria)တွေ၊(Virus)တွေကိုကပ်ညှိနေအောင်ဖမ်းကပ်ထားဖို့အတွက်ပြုလုပ်ထားတဲ့အတွင်းဖက်နံရံတွေမှာ(ကော်စေး)ကဲ့သို့စေးကပ်တဲ့ချွဲသလိပ်တွေအမြဲတမ်းရှိနေတဲ့ပိုးမွှားထောင်ချောက်တွေပါပဲ။ယင်ကောင်တွေကိုဖမ်းတဲ့ကော်စေးထောင်ချောက်နဲ့တူပါတယ်။

အဆုတ်လေပြွန်အတွင်းနံရံတွေမှာရှိနေတဲ့စေးကပ်တဲ့(mucous membrane)

 

ကွေ့ကောက်ပြီး၊ဆံချည်မျှင်လောက်အထိသေးငယ်သွားတဲ့လေပြွန်တွေရဲ့အတွင်းနံရံတွေမှာစေးကပ်နေတဲ့ကော်စေးတွေအမြဲရှိနေတယ်ဆိုရင်။အဲဒီနံရံတွေကိုမထိမိ၊မပွတ်တိုက်မိပဲဘယ်အရာဝတ္တုမှလွတ်လွတ်လပ်လပ်ဝင်ရောက်သွားဖို့မလွယ်ပါဘူး။အလွန်ခက်ခဲပါတယ်။ဥပမာအားဖြင့်အမှုံအမွှားပေါင်း(၁၀၀၀)ဝင်လာပြီဆိုရင်နံရံတွေနဲ့မထိမိပဲလုံးဝလွတ်သွားဖို့ဆိုတာ(၁၀)မှုံလောက်တောင်ရှိဖို့မလွယ်ပါဘူး။

အသက်ရူလမ်းကြောင်းကဝင်လာတဲ့ပိုးမွှားတွေဟာလေပြွန်လေးတွေရဲ့အတွင်းနံရံတွေမှာရှိတဲ့စေးကပ်တဲ့ချွဲသလိပ်တွေနဲ့ထိမိသွားရင်၊ကပ်ညှိသွားပြီးအထဲကိုဆက်ပြီးမဝင်ရောက်နိုင်တော့ပါဘူး၊အဲဒီအစေးတွေမှာနှစ်မြုပ်သွားပြီးအဖမ်းခံလိုက်ရပါတယ်။ပြီးတော့မှ၊ချောင်းဆိုး၊နှာချေ၊ချွဲခတ်တဲ့နည်းတွေနဲ့ဖမ်းထားတဲ့ပိုးမွှားတွေနဲ့ဖုန်မှုန့်တွေကိုလေအားပြင်းပြင်းနဲ့အပြင်ဖက်ကိုမှုတ်ထုတ်ပြစ်လိုက်တာဟာအဆုတ်ရဲ့ပထမဦးဆုံးသောသဘာဝကာကွယ်ရေးစနစ်ပါပဲ။

ဒါတင်ဘယ်ကဦးမှာလဲ ခန္ဓာကိုယ်မှာအဆုတ်ဆိုတာ(Immune Cells)ဆဲလ်တွေအထူထပ်ဆုံးစောင့်ကြပ်နေတဲ့အင်္ဂါတစ်ခုပါ။အဆုတ်ထဲမှာရှိနေတဲ့လေအိတ်ငယ်လေးတွေတစ်ခုခြင်းစီအတွင်းမှာ၊အသက်ရူရင်ပါလာတဲ့ရောဂါပိုးတွေကိုတိုက်ခိုက်ဖျက်ဆီးပြစ်နိုင်ဖို့(Immune Cells)အမျိုးမျိုးတွေကလဲစနစ်တကျထူထူထပ်ထပ်အဆင်သင့်ရှိနေပါတယ်။

ဒီအချက်တွေကြောင့်အသက်ရူလိုက်တာနဲ့ပါလာတဲ့ရောဂါပိုးတွေအကုန်လုံးဟာတိုက်ရိုက်အဆုတ်ထဲကိုဘယ်လိုမှမရောက်ရှိနိုင်ပါဘူး။အများစုကတော့လည်ချောင်းနဲ့၊ချွဲပြစ်စေးကပ်တဲ့(mucous membrane)တွေထဲမှာကပ်ကျန်ရစ်ခဲ့ပါတယ်။

(mucous membrane)တွေထဲမှာအဖမ်းခံလိုက်ရတဲ့ပိုးမွှားတွေကတော့ခန္ဓာကိုယ်ကိုဒုက္ခမပေးနိုင်တော့ပေမယ့်၊လမ်းဆုံလမ်းခွဖြစ်နေတဲ့လည်ချောင်းမှာကပ်ကျန်နေတဲ့ပိုးတွေဟာလည်ချောင်းမှာရှိတဲ့ကိုယ့်ရဲ့ဆဲလ်တွေကိုအပိုင်ဝင်စီးပြီး(Host Cells)တွေအဖြစ်အသုံးချပြီးတော့၊အင်အားအဆမတန်တိုးချဲ့ပွားများနိုင်ပြီး၊အင်အားများလာတဲ့အခါမှာခန္ဓာကိုယ်ကိုအဓိကလမ်းကြောင်းကြီးနှစ်ခုခွဲပြီးတိုက်ခိုက်ပါတော့တယ်။

ဒါကြောင့်လေထဲကနေ(Virus)ပိုးတစ်မျိုးမျိုးကူးစက်လာပြီဆိုရင်၊ပထမဦးဆုံးလည်ပင်းမှာယားယံတာမျိုး၊တစ်စို့တစ်စို့ဖြစ်နေတာမျိုး၊တစ်ခုခုခံနေသလိုမျိုး၊လည်ချောင်းမရှင်းတာမျိုး၊အသံပြောင်းသွားတာမျိုး၊လည်ပင်းနာတာမျိုးစသည်ဖြင့်တစ်ခုမဟုတ်တစ်ခုလက္ခဏာပြတတ်ကြပါတယ်။လက္ခဏာသိသာတာနဲ့၊မသိသာတာပဲကွာခြားပါတယ်။

ရောဂါအကူးခံရတဲ့လူတိုင်းနီးပါးရဲ့လည်ချောင်းမှာသိသိသာသာ(သို့မဟုတ်)မသိမသာလက္ခဏာတစ်ခုခုတော့သေချာပေါက်ပြပါတယ်။အရေးအကြီးဆုံးအချက်ကတော့ကိုယ့်လည်ချောင်းမှာသတိအမြဲကပ်ထားပြီး၊ပိုးဝင်လာတာကိုချက်ခြင်းသိဖို့နဲ့ချက်ခြင်းရန်သူကိုလက်ဦးမှု့ရယူရမယ့်အချိန်ဖြစ်ပါတယ်။ဒီအချိန်ဟာအရေးအကြီးဆုံးအချိန်ပါ။နောက်ကျသွားလို့တော့မရပါဘူး။သတိမမူမိလိုက်လို့ကျော်သွားလို့လဲမရပါဘူး။ဒီအချိန်ဟာသိပ်အရေးကြီးပါတယ်။

လည်ချောင်းသတိ၊  အမြဲရှိက၊

ရန်သူဝင်သိ၊  လက်ဦး၏သို့၊

ကိုယ်ဗစ်မပူ၊  ငါလိုလူဖို့၊

ရောဂါကင်းကြောင်း၊  နည်းလမ်းကောင်းတည်း။

အားလုံးကျန်းမာ၍၊ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။
Kelvin Albert Power
References:
https://www.ncbi.nlm.nih.gov/pmc/articles/PMC7482763/
https://www.ncbi.nlm.nih.gov/pmc/articles/PMC4048736/


မကြာမှီဆက်ရန်လာမည်။

4 thoughts on “ဘယ်တော့မှ(Covid)နဲမသေနိုင်တဲ့၊တစ်သက်စာ(Covid)နိုင်နည်း။အပိုင်း(၅)။အပိုင်း(၆)။အပိုင်း(၇)။”

  1. အသက်နဲ့ထပ်တူ တန်ဘိုးရှိတဲ့ အသိ ဥာဏ် ပညာ
    နဲ့ ဗဟုသုတစာတွေပါလို့တင်စားချင်ပါတယ် ၊
    ၂ နှစ်ခွဲလောက်အတွင်းမှာမဖတ်မိတဲ့ဆရာ့စာတွေ
    မရှိခဲ့ပါ၊ကျေးဇူးအများကြီးတင်ပါတယ် ဆရာ ။

    1. အဖိုးတန်ကျန်းမာရေးဗဟုသုတအတွက် ကျေးဇူးအများကြီးတင်ပါတယ်ဆရာ

  2. Hnin Hla Yamin

    ကျန်းမာရေးအသိပညာပေးနေတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်

Comments are closed.

Shopping Cart