အပိုင်း(၁၁)။( July 22, 2022)
(Virus)ပိုးဟာကိုယ့်ရဲ့အစာအိမ်အက်ဆစ်ဓါတ်ကိုကျော်ဖြတ်နိုင်တဲ့လှို့ဝှက်နည်းဗျူဟာဆိုတာဘာတွေဖြစ်မလဲ?။
–
ကိုဗစ်(Virus)ဟာအစာအိမ်နဲ့အူလမ်းကြောင်းကိုအဓိကထားပြီးဝင်ရောက်တိုက်ခိုက်တဲ့နေရာမှာသူလိုချင်တဲ့ပန်းတိုင်ကအသက်ရှင်လျှက်အစာအိမ်ရဲ့အက်ဆစ်ဓါတ်ကိုကျော်ဖြတ်နိုင်ပြီး၊အူတွေထဲကိုရောက်ရှိသွားနိုင်ဖို့ပါပဲ။အူတွေထဲကိုရောက်သွားရင်သူ့ကိုထိန်းချုပ်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။
–
အူတွေထဲမှာသူ့ကိုဝိုင်းပြီးထိန်းချုပ်ပေးနိုင်တာဆိုလို့ကိုယ်တိုင်(Acid)ဓါတ်ထုတ်ပေးနိုင်တဲ့အကျိုးပြု(Probiotic)ပိုးမွှားလေးတွေပဲရှိပါတော့တယ်။ဒါပေမယ့်ဒီပိုးတွေဟာလဲအစာအိမ်လောက်တော့ပြင်းထန်တဲ့အက်ဆစ်ဓါတ်မထုတ်နိုင်လို့အပြည့်အဝအကူအညီမပေးနိုင်တော့ပါဘူး။(Probiotics)ကို(Cranberry)နဲ့တွဲထားပေးမယ်ဆိုရင်တော့အနည်းငယ်အက်ဆစ်ဓါတ်ပိုများနိုင်ပါတယ်။ဒါပေမယ့်ဒီလိုအခြေအနေမျိုးအထိအရောက်ခံလို့လုံးဝကိုမဖြစ်နိုင်ပါဘူး။
–
ဒီပိုးကိုဘယ်လိုနည်းနဲ့မှအသက်ရှင်လျှက်နဲ့အစာအိမ်ကိုဖြတ်ကျော်ခွင့်ပြုလို့မရပါဘူး။အစာအိမ်ကိုမကျော်ခင်မှာနိုင်အောင်သတ်ဖို့အထူးလိုအပ်ပါတယ်။အစာမစားထားခင်၊ရေမသောက်ထားခင်မှာ၊အစာအိမ်ရဲ့အက်ဆစ်(pH)တန်ဖိုးဟာ(3.0)အောက်မှာပဲရှိလို့ပြင်းထန်တဲ့(acid)နဲ့တွေ့ရင်(Virus)ပိုးတွေအကုန်သေပါတယ်။
–
လည်ချောင်းမှာကိုဗစ်(Virus)တွေပွားများနေကြတဲ့အချိန်မှာ၊တံတွေးမျိုချလိုက်တိုင်းမှာ(Virus)ပိုးတွေ သန်းနဲ့ချီပြီးအစာအိမ်ထဲကိုအရှင်လတ်လတ်ရောက်ရှိသွားကြပါတယ်။ဒါပေမယ့်တစ်ခုကံကောင်းတာက၊တံတွေးလေးမျိုချလိုက်ရုံနဲ့တော့အစာအိမ်အက်ဆစ်ဓါတ်ဟာသိသိသာသာလျှော့နည်းမသွားနိုင်ပါဘူး။တံတွေးနဲ့မျောပါသွားကြတဲ့(Virus)ပိုးတွေအားလုံးဟာအစာအိမ်အက်ဆစ်ဓါတ်ကြောင့်သေကြေပျက်စီးသွားဖို့များပါတယ်။
–
ဒါပေမယ့်ခက်တာကအစာအိမ်ကို(24)နာရီ(pH)တန်ဖိုး(3.0)အောက်မှာပဲရှိနေအောင်အမြဲတန်းထားလို့မရနိုင်ပါဘူး။အထူးသဖြင့်အစာအိမ်ဆိုတာအစာစားလိုက်ရင်(သို့မဟုတ်)ရေသောက်လိုက်ရင်အစာအိမ်ပြည့်လာပြီးအက်ဆစ်ဓါတ်ဟာသိသိသာသာလျှော့နည်းသွားပါတယ်။
–
(Virus)ပိုးတွေရဲ့အဓိကအကျဆုံးနည်းဗျူဟာကတော့၊ကျွန်တော်တို့အစာစားလိုက်တဲ့အချိန်နဲ့ရေသောက်လိုက်လို့အစာအိမ်အက်ဆစ်ဓါတ်လျှော့နည်းနေစဉ်မှာသန်းပေါင်းများစွာသော(Virus)ပိုးတွေဟာအစာနဲ့ရေကိုအကာအကွယ်ယူ၊အစာကြားမှာပုံးခိုပြီး၊အသက်ရှင်လျှက်နဲ့အစာအိမ်ကိုဖြတ်ကျော်ပြီးအူလမ်းကြောင်းထဲကိုအလွယ်တကူဝင်သွားလို့ရနိုင်ပါတယ်။
–
အစာအိမ်ကိုဖြတ်ကျော်သွားပြီးတဲ့(Virus)တွေကိုကျွန်တော်တို့ဘယ်လိုမှလိုက်သတ်လို့မရနိုင်တော့ပါဘူး။ ဒီတော့ကျွန်တော်တို့ဘာလုပ်ကြမလဲ၊အစာမစားပဲနေလို့ရမလား?။အစာမစားပဲနေလို့ရတယ်ပဲထားပါဦး၊ရေမသောက်ပဲနေလို့တော့မရနိုင်ပါဘူး။
–
ဒါကြောင့်လည်ချောင်းမှာအမြဲနိုင်အောင်ပိုးသတ်ပေးကြဖို့အကြိမ်ကြိမ်သတိပေးချင်ပါတယ်။အထူးသဖြင့်အစာစားခါနီးတိုင်းနဲ့ရေသောက်ခါနီးတိုင်းမှာပိုးအရင်သတ်ပေးဖို့(အထူး)လိုအပ်ပါတယ်။လည်ချောင်းမှာပိုးမသတ်မိပဲ၊အစာတစ်ခုခုစားမိရင်၊ရေသောက်မိရင်၊ဒီပိုးကိုဘယ်လိုမှမတားဆီးနိုင်တော့လို့၊ဒီအမှားလေးကိုအမှတ်တမဲ့နဲ့တောင်မလုပ်မိကြဖို့အထူးသတိပေးချင်ပါတယ်။
–
အကောင်းဆုံးကတော့လည်ချောင်းမှာပိုးရှိနေတာကိုကိုယ်ကသိသည်ဖြစ်စေ၊မသိဘူးဖြစ်စေ၊(Covid)ကာလမှာအစာစားခါနီးတိုင်း၊ရေသောက်ခါနီးတိုင်းလည်ချောင်းမှာပိုးသေချာသတ်ပြီးမှစားဖို့၊သောက်ဖို့(အထူး)လိုအပ်ပါတယ်။အထူးသဖြင့်မနက်အိပ်ရာကထထခြင်းအစာမစားခင်၊ရေမသောက်ခင်မှာလည်ချောင်းကပိုးကိုအရင်သတ်ပေးရပါမယ်။
–
လည်ချောင်းမှာပိုးသတ်ပြီးသွားပြီးမှသာလျှင်အစာစားမယ်၊ရေသောက်မယ်ဆိုရင်တော့လည်ချောင်းမှာရှိတဲ့ပိုးအသေတွေသာလျှင်၊အစာ(သို့မဟုတ်)ရေနဲ့အတူမြောပါပြီးအစာအိမ်ထဲကိုရောက်သွားနိုင်ပါလိမ့်မယ်။အစာအိမ်ထဲကိုရောက်သွားတဲ့ပိုးတွေဟာလည်ချောင်းမှာကိုယ်သတ်ထားပြီးသားပိုးအသေတွေဖြစ်နေလို့အစာအိမ်အက်ဆစ်ဓါတ်လျှော့နည်းသွားမှာကိုလဲစိုးရိမ်နေစရာမလိုတော့ပါဘူး။
–
နောက်အရေးအကြီးဆုံးမှာချင်တာကတော့(Covid)ကာလတွေမှာ၊ညအချိန်အိပ်နေရင်းနဲ့မမျှော်လင့်ပဲလည်ချောင်းစပြီးနာချင်သလိုလိုဖြစ်လာတတ်ပါတယ်။အဲဒီလိုဖြစ်လာရင်ချက်ခြင်းထပြီးပိုးသတ်ပြစ်လိုက်ပါ။ဒီအချိန်မှာ(လုံးဝ)မပျင်းပါနှင့်၊မိုးလင်းတဲ့အထိမစောင့်ပါနှင့်။မိုးလင်းမှသတ်မယ်ဆိုတဲ့စိတ်နဲ့ပေပြီးဆက်အိပ်နေမယ်ဆိုရင်ပိုးတွေပွားများဖို့အချိန်တွေအများကြီးရသွားပါလိမ့်မယ်။လည်ချောင်းကို(လုံးဝ)အနာခံ၍မရပါ။အနည်းငယ်လေးမသိမသာနာတယ်ဆိုရင်တောင်ချက်ခြင်းလက်ဦးမှု့အရယူကြပါ။
–
အခုလောက်ဆိုရင်တော့၊စာဖတ်သူတိုင်းဟာဒီပိုးရဲ့သဘာဝလှို့ဝှက်ချက်တွေကိုကောင်းကောင်းနားလည်နေလောက်ပါပြီ။လည်ချောင်းမှာပိုးသတ်ရမယ်ဆိုတာကိုသေချာနားလည်သွားပြီဆိုတော့နောက်အပိုင်းတွေမှာ၊အကောင်းဆုံးနဲ့အထိရောက်ဆုံးဖြစ်မယ့်ပိုးသတ်နည်းတွေကိုရှာကြပါစို့။
–
အားလုံးကျန်းမာ၍၊ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။
Kelvin Albert Power
References:
https://www.ncbi.nlm.nih.gov/pmc/articles/PMC7374651
———————————————
———————————————–
အပိုင်း(၁၂)။( July 22, 2022)
ဒီပိုးဟာဘာနဲ့သတ်ရင်သေမလဲ?။ဘာနဲ့သတ်ရင်အန္တရာယ်အကင်းဆုံးဖြစ်မလဲ?။လူကိုအန္တရာယ်မရှိပဲပိုးသတ်နိုင်တဲ့နည်း၊ဆင်းရဲချမ်းသာမရွေးလူတိုင်းအလွယ်တစ်ကူရရှိနိုင်တဲ့သဘာဝပိုးသတ်ဆေးတွေဟာဘာလဲ?။
–
ကျွန်တော်တို့တွေဟာဒီမေးခွန်းတွေကိုမှန်မှန်ကန်ကန်ဖြေနိုင်ဖို့အတွက်အောက်က(Links)တွေကိုသေချာလေ့လာပြီးသုတေသနတွေလုပ်ကြရပါလိမ့်မယ်။
–
https://www.ncbi.nlm.nih.gov/pmc/articles/PMC7112912/
https://www.researchgate.net/publication/8362562_Inactivation_of_the_coronavirus_that_induces_severe_acute_respiratory_syndrome_SARS-CoV
https://www.ncbi.nlm.nih.gov/pmc/articles/PMC7187162/
https://virologyj.biomedcentral.com/articles/10.1186/s12985-020-01418-7
https://www.thelancet.com/journals/lanmic/article/PIIS2666-5247(20)30003-3/fulltext
https://www.ncbi.nlm.nih.gov/pmc/articles/PMC7201869/
https://www.ncbi.nlm.nih.gov/pmc/articles/PMC7361064
https://www.ncbi.nlm.nih.gov/pmc/articles/PMC7374651/
————————————————-
အထက်ပါ(Links)တွေကိုလေ့လာကြည့်ရင်၊
(UV light နဲ့ပိုးသတ်တာ)
(Gamma radiation နဲ့ပိုးသတ်တာ)
(Heat-Temperature နဲ့ပိုးသတ်တာ)
(Acid-pH နဲ့ပိုးသတ်တာ)
(Formaldehyde နဲ့ပိုးသတ်တာ)
(Glutaraldehyde နဲ့ပိုးသတ်တာ)
(Alcohol နဲ့ပိုးသတ်တာ)
(Viral RNA Infectivity ပ နဲ့ပိုးသတ်တာ)
(Detergent နဲ့ပိုးသတ်တာ)
(etc……….)အစရှိသည်ဖြင့်၊ပိုးသတ်နိုင်တဲ့နည်းတွေကအမျိုးစုံနေတာပါပဲ။
–
ဒါပေမယ့်ဘာနဲ့သတ်ရင်သဘာဝတရားနဲ့ကိုက်ညီပြီးအန္တရာယ်အကင်းဆုံးဖြစ်မလဲဆိုတာကိုထည့်စဉ်းစားဖို့ကပိုအရေးကြီးပါတယ်။သဘာဝတရားနဲ့ကိုက်ညီပြီးအန္တရာယ်ကင်းတယ်ပဲထားပါဦး၊ဆင်းရဲ၊ချမ်းသာမရွေး၊ရပ်ကွက်ထဲကသာမာန်လူတန်းစားတွေအတွက်ပါအလွယ်တစ်ကူရရှိနိုင်တဲ့ပစ္စည်းမျိုးဖြစ်နေဖို့လဲလိုလာပြန်တယ်။ဒါကြောင့်ကျွန်တော်ကအဆိုပါလိုအပ်ချက်တွေနဲ့ကိုက်ညီအောင်ပိုးသတ်နည်းအမျိုးမျိုးထဲကအောက်ပါနည်းလမ်းနှစ်မျိုးကိုပဲရွေးချယ်လိုက်ပါတယ်။
–
(၁)။(Heat)သို့မဟုတ်(Temperature)နဲ့ပိုးသတ်မယ်။
(၂)။သဘာဝ(Acid)ဓါတ်ပြင်းတဲ့အစားအသောက်၊သို့မဟုတ်(pH)နိမ့်တဲ့အစားအသောက်နဲ့သတ်မယ်။
–
တစ်ကယ်လို့(Heat)သို့မဟုတ်(Temperature)နဲ့ပိုးသတ်မယ်ဆိုရင်၊ရေနွေးပူပူတစ်ခွက်ပဲလိုအပ်ပါတယ်။ဒါဟာလူတိုင်းလွယ်လွယ်လေးနဲ့ရနိုင်တဲ့အရာပါ။ဒါပေမယ့်ပြစ်စလက်ခ၊ဖြစ်သလိုလုပ်လို့တော့မရပါဘူး။ဘာကြောင့်လဲဆိုတော့ရေနွေးပူဟာအနည်းဆုံးအပူချိန်(160 ံ F)သို့မဟုတ်(71 ံC)လောက်မှာရှိရမှာဖြစ်ပြီး၊ပိုးနဲ့ရေနွေးပူဟာအနည်းဆုံး(5)မိနစ်ကနေပြီးတော့မိနစ်(20)အထိဆက်တိုက်ထိတွေ့နေဖို့တော့လိုပါတယ်။
–
ဒီနေရာမှာပြောချင်တာက၊အပူချိန်(160 ံ F)သို့မဟုတ်(71 ံC)ဆိုတာ၊ရေနွေးဖြူကိုဒီအတိုင်းသောက်လို့မရနိုင်ပါဘူး။ဒီအပူချိန်ဟာအာခေါင်အပူလောင်သွားနိုင်အောင်ကိုအလွန်ပူပါတယ်။ဒီထက်အပူချိန်လျှော့လိုက်ပြန်ရင်လဲပိုးမသေတော့ပါဘူး။ထူးခြားတာတစ်ခုကဒီလောက်အပူချိန်ရှိတဲ့ရေနွေးကိုသောက်လို့ရအောင်လုပ်နိုင်တဲ့မြန်မာ့နည်းမြန်မာ့ဟန်ဆိုတာလဲရှိနေပါတယ်။
–
လူတစ်ယောက်ဟာ၊ရေနွေးအဖြူနဲ့အပူလောင်ခံရရင်အတော်ကိုဆိုးပါတယ်။ဒါပေမယ့်ကံကောင်းစွာနဲ့အဲဒီရေနွေးဟာလက်ဖက်ခြောက်ခတ်ထားတဲ့ရေနွေးဖြစ်နေမယ်ဆိုရင်တော့၊အပူလောင်တာသက်သာသွားပါတယ်။ကျွန်တော်ဆိုလိုချင်တာကအပူချိန်(160 ံ F)သို့မဟုတ်(71 ံC)ရှိတဲ့ရေနွေးကို၊ရေနွေးအဖြူအတိုင်းသောက်ရင်အပူလောင်နိုင်ပေမယ့်၊မြန်မာ့နည်းမြန်မာ့ဟန်နဲ့လက်ဖက်ခြောက်ခတ်သောက်ရင်အပူမလောင်နိုင်တော့ပါဘူး။
–
ဒါပေမယ့်တစ်ခုသတိထားရမှာက၊အပူချိန်(160 ံ F)သို့မဟုတ်(71 ံC)မှာလက်ဖက်ခြောက်သွားခတ်လို့မရပါဘူး။အဲဒီမှာသွားခတ်ပြီးလက်ဖက်ကျတာထိုင်စောင့်နေမယ်ဆိုရင်အပူချိန်လျှော့နည်းသွားပါလိမ့်မယ်။ရေနွေးပွက်ပွက်ဆူမှာလက်ဖက်ခြောက်ကျကျကလေးခပ်ပါ။ပြီးရင်ဓါတ်ဗူးထဲမှာထည့်ထားပြီး၊အပူချိန်တိုင်းတဲ့ကိရိယာနဲ့တိုင်းပြီး၊အပူချိန်(160 ံ F)သို့မဟုတ်(71 ံC)ထက်မလျှော့သေးတဲ့အချိန်မှာကုန်အောင်သောက်ပေးရပါမယ်။
–
ရေနွေးသောက်နေတဲ့အချိန်ဟာအနည်းဆုံး(5)မိနစ်ကနေ၊အများဆုံး(20)မိနစ်အတွင်းရှိရပါမယ်။ဒါဆိုရင်ရေနွေးနှစ်ခွက်လောက်တော့ကုန်အောက်သောက်ဖို့လိုအပ်ပါလိမ့်မယ်။မနက်အိပ်ရာထတွေမှာ၊အစာစားခါနီးတိုင်းအချိန်တွေမှာရေနွေးပူပူနှစ်ခွက်လောက်အမြဲသောက်ရမှာဖြစ်ပါတယ်။ဒီအတိုင်းဆိုရင်တော့ရေတောင်ထပ်သောက်ဖို့လိုချင်မှလိုပါလိမ့်မယ်။အပူမလောင်အောင်သတိထားဖို့တော့ထပ်ပြီးသတိပေးချင်ပါတယ်။
–
ရေနွေးနဲ့ပိုးသတ်တာဟာလိုအပ်တဲ့အပူချိန်ပြည့်မှီနေဖို့ကတစ်ကြောင်း၊အချိန်အကြာကြီးထိတွေ့နေဖို့လိုကတစ်ကြောင်းဖြစ်နေလို့လက်တွေ့မှာသိပ်ပြီးတော့အဆင်မပြေပါဘူး။သူ့ထက်ပိုကောင်းတာကတော့လိုအပ်တဲ့(pH)တန်ဖိုးပြည့်ဝပြီးအန္တရာယ်မရှိတဲ့(Organic Acid)တစ်မျိုးမျိုးနဲ့သတ်ဖို့ပါပဲ။
–
(Organic Acid)ဆိုတာ(Battery)အိုးတွေထဲထည့်သုံးရတဲ့အက်ဆစ်တွေကိုပြောတာလုံးဝမဟုတ်ပါဘူး။အဲဒီ(Acid)တွေကလူကိုအဆိပ်သင့်ပြီးဒုက္ခဖြစ်စေနိုင်ပါတယ်။ကျွန်တော်ပြောတဲ့(Organic Acid)ဆိုတာကအခာဉ်ဓါတ်အလွန်ပြင်းတဲ့အစားအသောက်တွေ၊ဖြည့်စွက်စာတွေမှာပါဝင်နေတဲ့၊စားလို့ရတဲ့၊အန္တရာယ်မရှိတဲ့(Acid)တွေကိုပြောတာပါ။
–
(Acid)အချဉ်ဓါတ်၊သိပ်ပြင်းတဲ့အစားအသောက်တွေကိုတွေ့ကရာလိုက်စား၊လိုက်သောက်နေလို့တော့မရပြန်ပါဘူး။တိကျတဲ့(pH)တန်ဖိုးတွေနဲ့၊အက်ဆစ်နဲ့ထိတွေ့ဖို့လိုတဲ့အချိန်တွေကိုစနစ်တကျသေချာလေ့လာဖို့တော့လိုအပ်လာပြန်ပါတယ်။နောက်အပိုင်းတွေမှာသေသေချာချာစနစ်တကျ(Organic Acid)တွေနဲ့ပိုးသတ်နည်းကိုထပ်သင်ပေးပါဦးမယ်။
–
အားလုံးကျန်းမာ၍၊ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။
Kelvin Albert Power
——————————————
—————————————–
အပိုင်း(၁၃)။( July 22, 2022)
(Organic Acid)တွေနဲ့လည်ချောင်းမှာသေသေချာချာ၊စနစ်တကျပိုးသတ်နည်း။
–
ဒီပိုးရဲ့သဘောသဘာဝကိုကြည့်ရင်၊ဒီပိုးဟာအက်ဆစ်ဓါတ်ပြင်းထန်မှု့၊(pH)တန်ဖိုး(3.0)အောက်မှာသေပါတယ်။(pH)တန်ဖိုး(3.0)အထက်မှာမသေပါဘူး။(pH)ဆိုတန်ဖိုးဆိုတာ(1 Point)လောက်နည်းသွားတိုင်း၊(Acid)စွမ်းအား(၁၀)ဆတောင်တက်လာပါတယ်။ဥပမာပေးရရင်၊(pH)တန်ဖိုး(2.0)ရှိတဲ့ပစ္စည်းဟာ(3.0)ရှိတဲ့ပစ္စည်းထက်အက်ဆစ်တန်ဖိုး(၁၀)ဆတောင်များပါတယ်။
–
ဒီပိုးကိုစိတ်ချလက်ချ၊သေစေဖို့ဆိုရင်(pH)တန်ဖိုး(3.0)အောက်မှာရှိတဲ့အက်ဆစ်တစ်မျိုးမျိုးနဲ့အနည်းဆုံးအချိန်(4)မိနစ်ခန့်ထိတွေ့ပေးဖို့လိုအပ်ပါတယ်။ဒီနေရာမှာအကောင်းဆုံးကျွန်တော်ရွေးချယ်ထားတာတွေကတော့၊
(၁)Bio Max C ဆေးလုံးငုံခြင်း။ (pH 2.5 to pH 3.0)အတွင်း၊
(၂)သံပုရာသီးဝါးစားခြင်း။ (pH 3.0)ခန့်၊
–
(Bio Max C)နဲ့လည်ချောင်းမှာပိုးသတ်မယ်ဆိုရင်ကိုပုံမှန်ဆေးသောက်သလိုရေနဲ့မျောချပြီးသောက်လို့လုံးဝမရပါဘူး။ (Bio Max C)တစ်လုံးကိုအကုန်လုံးအရည်ပျော်သွားတဲ့အထိချိုချဉ်ငုံပေးသလိုငုံပေးပြီးစုပ်စားပေးရပါမယ်။(Bio Max C)ဆိုတာပိုးနဲ့တိုက်ရိုက်ထိရင်ပိုးသေအောင်ကို(pH)တန်ဖိုး(2.5)လောက်ရအောင်တမင်ထုတ်လုပ်ထားတာဖြစ်လို့အရမ်းကိုချဉ်ပါတယ်။
–
အကြာကြီးငုံထားရင်အချဉ်ဓါတ်ပြင်းလွန်းလို့အာခေါင်စားတတ်ပါတယ်။ဒါကြောင့်ကြာကြာမငုံနိုင်ရင်၊မကြာခဏထုတ်လိုက်ပြန်ငုံလိုက်လုပ်ပေးပါ။သိပ်ချဉ်လို့ချိုချဉ်လိုစုပ်မစားနိုင်ရင်အမှုန့်ကြိတ်ချေပြီးသကြားနည်းနည်းနဲ့ရောလျှက်ပါ။ဆားနဲ့မရောပါနှင့်(pH)တန်ဖိုးပြောင်းသွားရင်အစွမ်းမထက်တော့ပါဘူး။
–
လည်ချောင်းကိုအဓိကခြေကုပ်ယူပြီးပွားနေတတ်တဲ့ပိုးမျိုးတွေကို(Bio Max C )ကိုချိုချဉ်ငုံသလိုငုံပြီးပိုးသတ်ပေးပါ။အထူးသဖြင့်မနက်အိပ်ယာထတာနဲ့ရေမသောက်ခင်၊အစာမစားခင်အချိန်တိုင်းမှာ(Bio Max C)နဲ့ပိုးသတ်ပေးပါ။ဆိုလိုတာက၊မနက်၊နေ့လည်၊ည၊စသည်ဖြင့်အစာမစားခင်တိုင်း၊ရေမသောက်ခင်တိုင်းမှာပိုးသတ်ပေးပါ။
–
(Bio Max C)မှာ(pH)တန်ဖိုး(2.5)နဲ့(3.0)အကြားမှာရှိပါတယ်။ကမ္ဘာပေါ်မှာဘယ်လို(Virus)ပိုးမျိုးမဆိုအဲဒီ(pH)တန်ဖိုးရှိတဲ့(acid)ဓါတ်နဲ့ထိရင်သေပါတယ်။ပြီးတော့(Bio Max C)မှာပိုးသေစေနိုင်တဲ့(Citrus Bioflavonoids)တွေလဲအများကြီးထည့်ထားပြီးသားပါ။
–
(Bio Max C)ငုံပြီးသွားရင်၊ပိုးတွေသေကုန်ပါပြီ။ဒီအချိန်မှာရေသောက်ရင်၊ထမင်းစားရင်၊ပိုးတွေအစာအိမ်ထဲကိုရောက်သွားနိုင်တယ်ဆိုပေမယ့်အရှင်ထက်၊အသေတွေရောက်သွားကြတာများပါလိမ့်မယ်။အစာအိမ်ထဲကိုမတော်တစ်ဆရောက်သွားတဲ့ပြီးမသေပဲကျန်နိုင်တဲ့လက်ကျန်ပိုးတွေကိုပါသေစေချင်ရင်တော့(Apple Cider Vinegar)ဆေးတောင့်သုံးလေးတောင့်ကိုရေအနည်းငယ်လေးနဲ့မကြာခဏသောက်ပေးပါ။ဒါမှမဟုတ်(Bio Mac C)ကိုတစ်လုံးပြီးတစ်လုံးမကြာခဏငုံပေးပါ။
–
(Bio Max C)ဆေးကြော်ငြာနေတာမဟုတ်ပါဘူး။(Bio Max C)မရှိဘူးဆိုရင်လဲ၊သူ့နေရာမှာသံပုရာသီးတစ်လုံးကိုအစိတ်ကလေးတွေစိတ်ပြီးငုံထား၊ဝါးစားပေးလို့ရပါတယ်။(သံပုရာသီးကိုရေနဲ့ဖျော်သောက်လို့တော့မရပါ။ဒီအတိုင်းဝါးစားပေးရပါမယ်။အခွံ့ပါဝါးစားပေးရပါမယ်။သံပုရာသီးအစိမ်း(Lime)ထက်စာရင်၊အဝါ(Lemon)ကပိုကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့၊အဝါ(Lemon)က၊အစိမ်း(Lime)ထက်အခွံပိုပြီးနူးညံ့လို့အခွံပါစားဖို့ပိုပြီးလွယ်ကူပါတယ်။အစိမ်းထက်လဲပိုပြီးချဉ်ပါတယ်။အခွံမစားလို့တော့မရပါဘူး။အခွံက(Bio Max C)မှာပါတဲ့(Citrus Bioflavonoids)ဖြစ်နေပါတယ်။
–
သံပုရာသီးတွေဟာ(pH)တန်ဖိုး(3.0)ပါတ်ပါတ်လည်မှာအပေါ်နဲ့အောက်၊အနည်းငယ်သာအပြောင်းအလဲရှိနိုင်ပါတယ်။(Bio Max C)လောက်အက်ဆစ်ဓါတ်မပြင်းပေမယ့်၊ပိုးသေနိုင်လို့၊(Bio Max C)မရှိရင်တော့သူ့အစားသံပုရာသီးတွေကိုသုံးလို့ရပါတယ်။နှစ်မျိုးလုံးသင့်လျှော်သလိုတွဲသုံးလို့လည်းရပါတယ်။မြန်မာပြည်မှာ(Lemon) မရနိုင်ရင်တော့(Lime)ပဲသုံးကြပါ။ ပြည်ပမှာနေထိုင်သူတွေကတော့(Lemon)ကိုသုံးကြပါ။(Lemon)သို့မဟုတ်(Lime)ကိုအစိတ်အသေးလေးတွေစိတ်ပြီးတနေကုန်ဝါးစားပါ၊အရည်ကိုတစ်ဖြည်းဖြည်းချင်းမျိုချပေးပါ။
–
ဒီနေရာမှာခလေးတွေရဲ့လည်ချောင်းကိုဘယ်လိုပိုးသတ်ပေးရမလဲ၊ခလေးတွေကအချဉ်မကြိုက်လို့(Bio Max C)လဲငုံခိုင်းလို့မရ၊သံပုရာသီးတွေကြွေးရင်လဲအဆင်မပြေ၊ရေနွေးပူပူလဲတိုက်လို့လဲမရဆိုတော့အကောင်းဆုံးကတော့ကျွန်တော်တို့ကုမ္မဏီကထုတ်ထားတဲ့(Cranberry)တွေအများကြီးထည့်ထားပေးတဲ့(Children Gummy)တွေပါပဲ။ကိုဗစ်အချိန်မှာ(Children Gummy + Cranberry)တွေကိုခလေးတွေကိုတစ်ရက်ကို(၃)လုံးကနေ(၆)လုံးအထိလိုအပ်ရင်လိုအပ်သလိုငုံခိုင်းလို့ရပါတယ်။
–
(Children Gummy + Cranberry)ဟာခလေးတွေအတွက်လုပ်ထားတယ်ဆိုပေမယ့်အချဉ်ဓါတ်သိပ်ပြင်းပါတယ်။ခလေးတွေသိပ်ပြီးအရသာမကြိုက်ပါဘူး။လူကြီးတွေလဲငုံပေးလို့ရပါတယ်။ခလေးဆေးတွေကိုလူကြီးသောက်လို့အန္တရာယ်မရှိပါဘူး။(Multivitamins နဲ့ Minerals)တွေပါပြီးသားဖြစ်နေလို့ပိုတောင်ကောင်းပါတယ်။လူကြီးဆိုရင်တော့တစ်ရက်ကို(၆)လုံးကနေ(၁၂)လုံးအထိလိုအပ်ရင်လိုအပ်သလိုငုံပေးလို့ရပါတယ်။
–
နောက်တစ်ခုကောင်းတာက(Cranberry)ဆိုတာကအစာအိမ်ကိုကျော်သွားပြီးအူတွေထဲအထိတောင်အက်ဆစ်ဓါတ်ဆက်ပြီးပေးနိုင်တဲ့အတွက်၊အူတွေထဲအထိမှာတောင်(probiotics)ပိုးမွှားတွေနဲ့တွဲပြီးအလုပ်လုပ်ပေးနိုင်လို့ဒီနေရာမှာကိုယ့်အတွက်အလွန်အသုံးဝင်တဲ့နောက်ထပ်ခြံစည်းရိုးအရံအတားတစ်ခုထပ်ပိုလာပါတယ်။သူကအူလမ်းကြောင်းထဲတင်မကပဲကျောက်ကပ်နဲ့ဆီးလမ်းကြောင်းထဲအထိပါပိုးသတ်ပေးနိုင်တဲ့ထူးခြားတဲ့(Organic Acid)တစ်မျိုးဖြစ်ပါတယ်။သဘာဝ(Cranberry)အသီးတွေကိုလဲစားပေးလို့ရပါတယ်။
–
ဒီလောက်ဆိုရင်လည်ချောင်းမှာပိုးသတ်တဲ့နည်းတွေလဲသိပါပြီ။ဒါပေမယ့်မတော်တစ်ဆသတိလက်လွတ်ဖြစ်သွားတဲ့အချိန်တွေမှာဒီပိုးဟာ၊အူထဲတွေကိုရောက်သွားတာတို့၊သွေးထဲအထိရောက်သွားတာတို့ဆိုရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့အရေးပေါ်အရံအတားအနေနဲ့လဲသိရှိနားလည်ထားဖို့လိုအပ်လာပြန်ပါတယ်။ဒီအကြောင်းကိုနောက်အပိုင်းတွေမှာဆက်ရေးပေးပါမယ်။
–
အားလုံးကျန်းမာ၍၊ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။
Kelvin Albert Power
——————————-
———————————
အပိုင်း(၁၄)နိဂုံး။( July 22, 2022)
မတော်တစ်ဆသတိလက်လွတ်ဖြစ်သွားလို့လည်ချောင်းမှာပိုးမသတ်နိုင်ပဲ၊ဒီပိုးဟာအူထဲတွေကိုရောက်သွားပြီ၊သွေးထဲအထိရောက်သွားပြီဆိုရင်ကောဘယ်လိုလုပ်ကြမလဲ?။
–
လည်ချောင်းမှာပိုးသတ်ပြစ်နိုင်ရင်တော့စိတ်အချရဆုံးပါပဲ။ဒါပေမယ့်မတော်တစ်ဆလက်လွတ်သွားပြီဆိုရင်တော့အစာအိမ်မှာသတ်ဖို့လိုအပ်ပါတယ်။အစာစားထားသည်ဖြစ်စေ၊ရေသောက်ထားသည်ဖြစ်စေ၊မစားမသောက်ထားသည်ဖြစ်စေ၊အစာအိမ်အက်ဆစ်ဓါတ်(3.0)အောက်မှာအမြဲရှိနေအောင်လုပ်ထားဖို့အထူးလိုအပ်ပါတယ်။
–
ထမင်းစားတဲ့အခါတိုင်း၊အစားမစားမှီ(၁၀)မိနစ်အလိုမှာ(Apple Cider Vinegar 625 mg Capsules)သုံးလေးလုံးခန့်ကိုရေအနည်းငယ်ဖြင့်သောက်ပေးပါ။ရေအများကြီးမသောက်ပါနှင့်။(Apple Cider Vinegar Capsules)တွေကိုတစ်နေ့လုံးမကြာခဏသောက်ပေးနေရင်လဲအစာအိမ်ထဲမှာပိုးတွေသေနိုင်ရုံကလွဲလို့အန္တရာယ်မရှိနိုင်ပါဘူး။(Bio Max C)ကိုမကြာခဏငုံပေး၊သောက်ပေးလို့လဲရပါတယ်။
—
(Apple Cider Vinegar)အရည်ကိုလဲသောက်လို့တော့ရပါတယ်။ဒါပေမယ့်အရည်ထက်(Capsules)တွေကိုရေနည်းနည်းလေးနဲ့သောက်မယ်ဆိုရင်လိုအပ်သလိုအလျှော့အတင်းလုပ်နိုင်လို့အက်ဆစ်ဓါတ်ပိုပြီးရနိုင်ပါတယ်။(Covid)အချိန်မှာအစာအိမ်အက်ဆစ်ဓါတ်လျှော့နည်းစေနိုင်တဲ့(Anti-acid)ဆေးတွေကိုတော့ရှောင်သင့်ပါတယ်။
—
နောက်တစ်ခုကတော့ပိုးတွေအူထဲရောက်သွားရင်နောက်ဆုံးခံတပ်ကလူ့အကျိုးပြု(probiotics)ပိုးမွှားတွေပါပဲ။ဒီပိုးမွှားတွေကသူ့ရဲ့ပါတ်ဝန်းကျင်မှာသဘာဝအက်ဆစ်ဓါတ်တစ်မျိုးမျိုးထုတ်ပေးပြီး(Virus)တွေကိုအထိုက်အလျှောက်လျှော့ချပေးနိုင်ပါတယ်။ဒီနေရာမှာ(Creanberry)နဲ့(probiotics)တွဲထားရင်တော့ပိုပြီးတော့ကောင်းမွန်တဲ့အတွဲဖြစ်ပါတယ်။
–
နောက်ဆုံးသွေးထဲကိုရောက်သွားရင်တော့ဒီပိုးကိုသတ်ပေးနိုင်တဲ့တာကတော့(Immune System)ပဲကျန်ရှိပါတော့တယ်။ဒီအချိန်မှာကိုယ်ကသူ့ကိုလုံးဝမကူညီနိုင်ဘူးဆိုတာတော့မဟုတ်ပါဘူး၊ဘေးကနေပြီးအထောက်အကူတော့ပေးနိုင်ပါသေးတယ်။(Virus)ပိုးကိုကိုယ်တိုင်ဝင်သတ်ပေးလို့မရနိုင်တော့ဘူးဆိုတာမှန်ပေမယ့်ဘေးကနေကူညီပြီးလုပ်ဆောင်ပေးနိုင်တာ(၃)ချက်ရှိနေပါသေးတယ်။
–
(၁)Immune System ကောင်းစေတဲ့(Vitamins)တွေ၊(minerals)တွေနဲ့အဟာရတန်ဖိုးတွေဖြည့်ဆည်းပေးနိုင်ပါတယ်။
–
(၂) ခန္ဓာကိုယ်(inflammation)မဖြစ်အောင်၊(inflammation)မဖြစ်အောင်ကာကွယ်ပေးတဲ့ဆေးဝါး၊ဖြည့်စွက်စာ၊အဟာရတွေဖြည့်ဆည်းပေးလို့ရနိုင်ပါတယ်။
–
(၃) ခန္ဓာကိုယ်(oxidative Stress)မဖြစ်အောင်(Antioxidants)အမျိုးမျိုးကိုလည်းဖြည့်ဆည်းပေးလို့ရနိုင်ပါတယ်။
–
ဒီနေရာမှာဆေးကြော်ငြာနေတာမဟုတ်တော့၊ဘာဖြည့်စွက်စာတွေကိုဘယ်လောက်တောင်မဖြစ်မနေသောက်ရမယ်လို့မရေးချင်ပါဘူး။ခန္ဓာကိုယ်ကိုကောင်းကျိုးပြုမယ့်ဖြည့်စွတ်စာတွေ၊(Vitamins)နဲ့(Minerals)တွေကိုကိုယ်တတ်နိုင်သလောက်သာသောက်ပါ။အထူးသဖြင့်ဈေးလဲအလွန်ချိုတဲ့(Vitamin D3) ကတော့မရှိမဖြစ်အထူးလိုအပ်ပါတယ်။
–
ဘာဖြည့်စွက်စာတွေသောက်ရမယ်လို့မရေးချင်ပါဘူး။ခန္ဓာကိုယ်ကျန်းမာရေးအတွက်အထောက်အကူပြုမယ့်ဖြည့်စွတ်စာအားလုံးကို၊ကိုယ်တတ်နိုင်သလောက်သောက်သင့်ပါတယ်။နောက်ပြီးတော့(inflammation)ကိုသက်သာပျောက်ကင်းစေတဲ့ဖြည့်စွက်စာတွေနဲ့(oxidative Stress)မဖြစ်ရအောင်(Antioxidant)အမျိုးမျိုးတွေကိုစနစ်တကျသေချာသောက်ဖို့လိုအပ်ပါတယ်။
–
လိုအပ်တဲ့အဟာရတွေ၊ဖြည့်စွတ်စာတွေကိုပြည့်ပြည့်စုံစုံဖြည့်ဆည်းထားပေးမယ်ဆိုရင်တော့၊ကျွန်တော်တို့ရဲ့(Immune System)ဟာဒီပိုးကိုမတွန်းလှန်၊မတိုက်ထုတ်နိုင်စရာအကြောင်းမရှိပါဘူး။အထူးပြောချင်တာကတော့၊ကျန်းမာစေတဲ့ဖြည့်စွက်စာအားလုံးဟာအထောက်အကူပြုပါလိမ့်မယ်။
–
ဒါတင်မကပါဘူး၊ကျန်းမာစေတဲ့အစားအစာတွေအားလုံးလဲအထောက်အကူပြုပါလိမ့်မယ်။ဒါတင်မကသေးပါဘူး၊ကျန်းမာအောင်နေထိုင်ဖို့၊ကျန်းမာအောင်ပြုမူဖို့။ဒေါသထွက်တဲ့ကိစ္စတွေ၊အိပ်ရေးပျက်တဲ့ကိစ္စတွေအတတ်နိုင်ဆုံရှောင်ဖို့၊စိတ်ဖိစီးမှု့တွေတတ်နိုင်သလောက်လျော့ချဖို့လဲလိုအပ်ပါသေးတယ်။
–
အနှစ်ချုပ်ပြောချင်တာကတော့၊ကိုယ်သောက်နေတဲ့ဖြည့်စွက်စာတွေကိုလဲတတ်နိုင်သလောက်ဆက်သောက်ပါ၊ဖြတ်မပြစ်ကြပါနှင့်။စိတ်ချမ်းသာအောင်နေပြီး၊အိပ်ရေးလဲဝအောင်အိပ်ပါ။ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားပြီးကျန်းမာရေးနှင့်ညီညွတ်အောင်နေထိုင်ကျင့်သုံးပါ။အထူးသဖြင့်လည်ချောင်းမှာ၊သတိဝိရိယကပ်ထားပါ။ဒီပိုးကိုလည်ချောင်းမှာအမြဲလက်ဦးမှု့အရယူပါ။
–
ဒီနေ့တော့ဒီလောက်ပါပဲ။စာအရှည်ကြီးတွေကိုမဖတ်ချင်တဲ့လူတွေအတွက်၊အချိန်ရရင်အနှစ်ချုပ်အနေနဲ့၊ရေးခဲ့ပြီးတဲ့ဆောင်းပါးအပိုင်းဆက်တွေ(၁)ကနေ(၁၄)အထိ၊အားလုံးကိုတစ်ပိုင်းတည်းစုပေါင်းပြီး၊တိုတိုနဲ့လိုရင်းချုပ်ပြီးထပ်ရေးပေးပါဦးမယ်။ဒီလိုရေးပေးထားမယ်ဆိုရင်၊နောက်ပိုင်းမှာကိုယ်မေ့သွားလို့၊ပြန်ပြီးသိချင်၊ဖတ်ချင်တယ်ဆိုရင်၊အပိုင်းအားလုံးကိုအစအဆုံးပြန်ဖတ်နေစရာမလိုတော့ပဲ၊အနှစ်ချုပ်လေးကိုသာပြန်ဖတ်လိုက်ရုံနဲ့အားလုံးဦးခေါင်းထဲပြန်ရောက်လာနိုင်အောင်ဆိုတဲ့စေတနာနဲ့အနှစ်ချုပ်ထပ်ရေးပေးမှာဖြစ်ပါတယ်။
–
အားလုံးကျန်းမာ၍၊ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။
Kelvin Albert Power
References:
https://www.ncbi.nlm.nih.gov/pmc/articles/PMC7374651
https://www.researchgate.net/publication/8362562_Inactivation_of_the_coronavirus_that_induces_severe_acute_respiratory_syndrome_SARS-CoV
——————————————–
ဆရာရဲ့အနှစ်ချုပ်ကို စောင့်မျှော်နေပါတယ်ဆရာ
ဆရာ အသက်ရှည်ကျန်းမာပါစေ
ဂွမ်းကိုဆီထိသွားသလိုပါပဲ ဆရာ ၊ ဒယ်လ်တာနဲ့
အိုမီခရွန်မှာတုန်းက လဘက်ခြောက်နဲ့သံပုရာသီး
လေးစိတ်စိပ်ပြီး ဓါတ်ဘူးထဲထည့် ရေအစားအမြဲ
သောက်ခဲ့ပါတယ်၊သွေးတိုးချင် နှလုံးအားနည်းနေ
တာတောင် အဆင်ပြေသွားတာကိုယ်တွေ့ပါပဲ၊
ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။
Thank you so much.
Deeply appreciate for your sharing.
ကျေးဇူးအများကြီးတင်ပါတယ်ရှင်
ဆရာတို့မိသားစုအားလုံးလည်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့အမြဲပြည့်စုံပါစေရှင်
အလွန်တန်ဘိုးရှိတဲ့အသိပညာတွေ ရေးပေးတဲ့အတွက်၊ အထူးကျေးဇူးတင်ပါတယ်။
ကာကွယ်ဆေးကိုမယုံကြည်လို့ တခါမှမထိုးခဲ့ဘူး စည်းကမ်းနဲ့နေ supplement တွေနဲ့ နေခဲ့ပေမဲ့ လန့်နေရတာပေါ့ ဆရာ့စာတွေဖတ်ပီးအခုတော့အားရှိသွားပီး လိုက်နာနေပါတယ် ကျေးဇူး အထူးတင်ရှိပါတယ်