(Japan)ကလာတဲ့(Collagen)တွေဆိုရင်တော့ကောင်းတယ်မဟုတ်လားဆရာ?။ (American Best)ကထုတ်တဲ့(Collagen)နဲ့အတူတူပဲမဟုတ်ဘူးလား?။

Source from Kelvin A. Power’s Facebook on January 14, 2021
(Japan)ကလာတဲ့(Collagen)တွေဆိုရင်တော့ကောင်းတယ်မဟုတ်လားဆရာ?။
(American Best)ကထုတ်တဲ့(Collagen)နဲ့အတူတူပဲမဟုတ်ဘူးလား?။
စသည်ဖြင့်မေးမြန်းတဲ့လူတွေအလွန်များနေကြပါတယ်။
ပထမဆုံးအနေနဲ့ပြောချင်တာကကိုယ်က(Collagen)သောက်တော့မယ်ဆိုရင်၊
နံပါတ်(၁)။သဘာဝကလာတဲ့အရိုင်းဖမ်းငါးတွေကထုတ်လုပ်တဲ့(Wild Caught Fish Collagen)ကိုပထမဦးစားပေးရွေးချယ်သောက်သုံးဖို့လိုအပ်ပါတယ်။
နံပါတ်(၂)။အရိုင်းဖမ်းငါး(Collagen)တွေကိုမရနိုင်ဘူးဆိုရင်တော့သဘာဝအတိုင်းကျွေးပြီးမွေးမြူထားတဲ့ကြက်(Organic Chicken)ကနေထုတ်လုပ်တဲ့(Collagen)တွေကိုလဲသောက်သုံးလို့ရပါတယ်။
နံပါတ် (၃)။အထက်ပါနှစ်မျိုးကိုမရရှိနိုင်တော့ဘူး။နွားကနေလာတဲ့(Collagen)တွေကိုပဲသောက်သုံးရတော့မယ်ဆိုရင်တော့၊သဘာဝမြက်ကျွေးနွား(Grass Fed Cows)တွေကလာတဲ့(Collagen)တွေဖြစ်ဖို့အထူးလိုအပ်ပါတယ်။
အဲဒီ(၃)မျိုးကိုသေချာမရွေးချယ်တတ်ပဲတွေ့ကရာပေါက်ကရ(Collagen)အညံ့စားတွေကိုလိုက်သောက်နေမယ်ဆိုရင်တော့ခင်ဗျားတို့ဝယ်တဲ့(Collagen)တွေဟာခင်ဗျားတို့ကိုကောင်းကျိုးမပေးတော့ပဲရောဂါတွေကိုပိုက်ဆံအကုန်ခံပြီးဝယ်ယူနေသလိုဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။
ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့၊နေ့တိုင်း(GMO)တွေကျွေး၊ဟော်မုန်းတွေတိုက်၊(Antibiotic)ဆေးတွေပေးပြီးမွေးကြတဲ့နွားတွေကရလာတဲ့(Collagen)အပေါစား၊အညံ့စားတွေဆိုတာတစ်ခြားသော(Collagen)အကောင်းစားတွေထက်အဆမတန်ကိုဈေးပေါနေလို့ဈေးကွက်ထဲမှာ(99%)လောက်ရောက်နေလို့ပါပဲ။
အရှင်းရှင်ဆိုတာ၊ခင်ဗျားတို့ဘာရောဂါဖြစ်လာမယ်ဆိုတာကိုထည့်မစဉ်းစားပါဘူး။ဈေးပေါပြီးအမြတ်များများကျန်တာကိုပဲရွေးချယ်ထုတ်ပါတယ်။
တချို့လူတွေက(Collagen)ကောင်းတယ်၊မကောင်းဘူးဆိုတာကိုထုတ်တဲ့နိုင်ငံကိုကြည့်ပြီးတော့ဆုံးဖြတ်တတ်ကြပါတယ်။တစ်ကယ်တော့ထုတ်တဲ့နိုင်ငံနဲ့လဲမဆိုင်ပါဘူး။ဘယ်(sources)ကရတယ်၊ဘယ်လိုမွေးမြုထားတယ်ဆိုတာကသာလျှင်အဓိကကျပါတယ်။ဥပမာပြောရရင်၊မြန်မာပြည်မှာအခုလောလောဆယ်၊ဂျပန်ကထုတ်တဲ့(Collagen)တွေအလွန်ခေတ်စားနေပြန်ပါတယ်။
ဂျပန်ကထုတ်တဲ့(Collagen)ဆိုပြီးကောင်းမသွားပါဘူး၊ပိုတောင်ဆိုးပါသေးတယ်။သဘာဝငါးကထုတ်တယ်ဆိုရင်တော့ကောင်းချင်ကောင်းနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဂျပန်မှာနွားမွေးမြူရေးကတော်တော်လေးကိုစိတ်ပျက်စရာပိုကောင်းပါတယ်။
နွားကလာတဲ့(Collagen)ဆိုရင်တော့ဂျပန်နွားကအဆိုးဆုံးပါပဲ။ဂျပန်မှာလဲ(95%)ကျော်ဟာ(GMO)တွေကျွေး၊ဟော်မုန်းတွေတိုက်၊(Antibiotic)ဆေးတွေပေးပြီးမွေးမြူရုံတင်ဘယ်ကမှာလဲ၊သကြားလုံးတွေ၊(HFCS)တွေ၊အရက်၊ဘီယာ၊စွန့်ပြစ်ပစ္စည်းတွေ၊ပေါက်ကရတွေအကုန်ကျွေးပြီး၊အဆီတိုး၊အသားတိုးအောင်မွေးမြူနေကြတယ်ဆိုတာကိုလေ့လာသိရှိထားပါတယ်။
(genetically modified organisms)ခေါ်(GMO)ဆိုတာကကျွန်တော်တို့ခန္ဓာကိုယ်ကမသိကျွမ်းထားတဲ့၊အရင်းရှင်တွေဖန်တီးထားတဲ့သဘာဝလွန်ဇီဝပစ္စည်းတွေဖြစ်သလို၊သူတို့ကိုကောင်းကောင်းမွန်မွန်အန္တရာယ်မဖြစ်အောင်ကိုင်တွယ်နိုင်ဖို့လဲ(အင်ဇိုင်း)တွေကျွန်တော်တို့ခန္ဓာကိုယ်ရဲ့မျိုးရီုးဗီဇထဲမှာပါမလာခဲ့ပါဘူး။
ဒါကြောင့်(GMO)အစာတွေကျွေးမွေးထားတဲ့တိရိစ္ဆာန်ကလာတဲ့အရိုး၊အသား၊သားရေတွေကိုကိုယ်ကစားမိရင်၊ကြိုတင်ခန့်မှန်းလို့မရနိုင်လောက်တဲ့ရောဂါဆိုးကျိုးအမျိုးမျိုးတွေကိုလဲခံစားရနိုင်ပါတယ်။
အသားတိုးပြီး၊နို့ပိုထွက်တတ်တဲ့ဟော်မုန်းတွေကျွေးပြီးမွေးမြူရတဲ့ဆိုးကျိုးကတော့၊အဲဒီ(Collagen)တွေကိုသောက်မိတဲ့လူတွေဟာရေရှည်မှာ၊ဟော်မုန်းဓါတ်နဲ့ပါတ်သက်တဲ့ကင်ဆာရောဂါတစ်မျိုးမျိုးကိုကိုယ်ပိုင်အဖြစ်ရလာနိုင်တာပါပဲ။အထူးသဖြင့်အမျိုးသမီးတွေမှာပိုဆိုးတာပေါ့။
ရေရှည်သောက်သုံးမိရင်၊အမျိုးသမီးတွေမှာရင်သားကင်ဆာ၊မျိုးဥအိမ်ကင်ဆာ၊သားအိမ်ကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊အစရှိတဲ့အမျိုးမျိုးသောဟော်မုန်းနဲ့ပါတ်သက်တဲ့ကင်ဆာရောဂါတွေဖြစ်လာနိုင်ပါတယ်။အမျိုးသားတွေမှာကြတော့ဆီးကျိတ်ကင်ဆာ၊ဝှေးစေ့ကင်ဆာတွေဖြစ်လာနိုင်တာပါပဲ။
နောက်တစ်ခုက၊နွားတွေကမြက်မကျွေးပဲ(GMO)တွေကျွေးမွေးတော့မကျန်းမာတော့ဘူး။မကျန်းမာတော့(Antibiotic)အမျိုးမျိုးတွေပုံမှန်ထိုးပေးပြီးမွေးမြူကြရတယ်။ဒါကြောင့်အဲဒီ(Collagen)တွေကိုသောက်မိတဲ့လူတွေဟာ Antibiotic resistance)တွေဖြစ်လာနိုင်တာပေါ့။
နောက်တစ်ခုက(Antibiotic)တွေကြောင့်ကိုယ့်ရဲ့အစာအိမ်နဲ့အူလမ်းကြောင်းမှာရှိနေတဲ့အကျိုးပြုပိုးမွှားလေးတွေသေဆုံးပျက်စီးသွားနိုင်ပါတယ်။အဲဒီလိုသေဆုံးပျက်စီးကုန်ပြီဆိုရင်တော့၊(Leaky gut)လို့ခေါ်တဲ့အူလမ်းကြောင်းပျက်စီးမှု့ဖြစ်ပေါ်လာတတ်ပါတယ်။
ဒီအကျိုးဆက်ကြောင့်(Immune System)ဟာကစဉ့်ကလျားဖြစ်ပြီးဖေါက်ပြန်သွားနိုင်လို့၊နောက်ဆုံးမှာတော့ကုမရပဲ၊သေရွာပါမဲ့(Autoimmune)ရောဂါအမျိုးမျိုးတွေကိုလဲအဲဒီ(Collagen)တွေကနေအပိုလက်ဆောင်ရလိုက်နိုင်တာပါပဲ။
နောက်ဆိုးတာတစ်ခုက၊ငါးကရတဲ့(Collagen)နဲ့(Organic Chicken)ကရတဲ့(Collagen)တွေကခွဲခြားရတာမခက်လို့ပြဿနာမရှိပေမယ့်၊နွားကလာတဲ့ကော်လဂျင်ဆိုရင်တော့(GMO Fed)လား၊ဒါမှမဟုတ်၊(Grass Fed)လားဆိုတာအလွန်ခွဲခြားရခက်ပါတယ်။
အဆိုးဆုံးကဈေးကွက်ပေါ်မှာကုမ္မဏီတွေရဲ့(80%)ရာခိုင်နှုန်းလောက်က(GMO)တွေ၊ဟော်မုန်းတွေ(Antibiotic)တွေကျွေးပြီးမွေးမြူထားတဲ့၊နွားကလာတဲ့(Collagen)တွေကို(Grass Fed Collagen)တွေဆိုပြီးလိမ်ရောင်းနေကြပါတယ်။(ဂျင်း)မမိအောင်ခွဲခြားတတ်ဖို့အလွန်ခက်ပါတယ်။
စကားမစပ်နောက်တစ်ခုပြောရပါဦးမယ်။နောက်ပိုင်း(American Best)ကထုတ်တဲ့(Collagen)တွေထဲမှာ(Inositol)လို့ခေါ်တဲ့(Vitamin B8)ကိုတမင်ထပ်ထည့်ပေးပြီးထုတ်ပေးထားပါတယ်။ဘာကြောင့်ထပ်ထည့်ပေးရသလဲဆိုတော့ကျွန်တော်တို့ဆက်ဆံနေရတဲ့လူနာတွေတော်တော်များများမှာဒီဓါတ်ပေါင်းချို့တဲ့လို့ဖြစ်ပေါ်ရတဲ့ရောဂါလက္ခဏာတွေအမြဲလိုလိုတွေ့နေရလို့ပါပဲ။
(Inositol)ဆိုတာအရင်တုံးကတော့၊လူတိုင်းမရှိမဖြစ်လိုအပ်တယ်ဆိုပြီးတော့(Vitamin B8)အဖြစ်သတ်မှတ်ထားခဲ့ဖူးပါတယ်။ဒါကြောင့်အရင်တုံးကလူတွေ(Inositol)ကိုအလွန်လိုအပ်တယ်ဆိုပြီးလူတိုင်းသောက်ကြတော့ရောဂါတွေအဖြစ်နည်းပြီးကျန်းမာလာကြတယ်။အဲဒီလိုကျန်းမာတဲ့လူတွေများလာကြတော့ဆေးရုံ၊ဆေးခန်းတွေအရင်းရှင်ဆေးကုမ္မဏီကြီးတွေရဲ့စီးပွားရေးကိုထိခိုက်လာတော့တာပေါ့။ဒါဟာပြဿနာတစ်ခုပါပဲ။
အဲတာကိုဆေးကုမ္မဏီကြီးတွေကစီးပွားပြန်ကောင်းလာအောင်၊မည်သို့မည်ပုံလုပ်လိုက်သည်မသိ၊အရင်းရှင်တွေမျက်လှည့်ပြလိုက်ကြတာ၊(Inositol)ဟာအလိုလိုနေရင်းနဲ့(Vitamin B8)မဟုတ်တော့ဘူး၊သောက်ဖို့လဲမလိုအပ်တော့ဘူးဆိုပြီးတော့နောက်ပိုင်းဖြစ်သွားပါလေရော။
ဒါပေမယ့်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကတေ့ာအရင်းရှင်ဆေးကုမ္မဏီကြီးတွေ(B8)ကနေပါယ်ဖျက်၊ဖြုတ်ချပြစ်လိုက်တဲ့(Inositol)ကိုလူတွေကျန်းမာဖို့အတွက်ပြန်ပြီးသုံးစွဲပါရစေ။နောက်ပြီး(Vitamin B8)လို့ပဲနာမည်ဟောင်းလေးကိုဆက်ခေါ်ပါရစေ။
(Vitamin B8)ရဲ့ကောင်းကျိုးတွေကတော့များလွန်းလို့ပြောမကုန်နိုင်ပါဘူး။အထူးသဖြင့်၊(Glucose & Insulin Metabolism)တွေမှာအထူးအထောက်အကူပြုလို့၊(Insulin Resistance)ကိုလျှော့နည်းစေပါတယ်။(Inositol)ဟာကျား/မ၊နှစ်မျိုးလုံးကိုဟော်မုန်းဓါတ်ဖေါက်ပြန်မှု့ကနေကာကွယ်ပေးပြီးဟော်မုန်းဓါတ်မှန်ကန်စေပါတယ်။
အမျိုးသားတွေကိုဒူလာအစရှိတဲ့ရောဂါတွေမဖြစ်အောင်၊ကျန်းမာပြီးမျိုးအောင်ဖို့ဆောင်ရွက်ပေးနိုင်သလို၊အမျိုးသမီးတွေကိုလဲမီးယပ်နဲ့ပါတ်သက်တဲ့ရောဂါတွေနဲ့မမျိုးဥနဲ့ပါတ်သက်တဲ့ရောဂါတွေမဖြစ်အောင်အကာအကွယ်ပေးပါတယ်။
အထူးသဖြင့်မမျိုးဥအိမ်မှာရေအိပ်တွေ၊အဖုအကြိတ်တွေမဖြစ်အောင်အကာအကွယ်ပေးနိုင်ပါတယ်။ဒီခေတ်အမျိုးသမီးတွေတော်တော်များများရဲ့မျိုးဥအိမ်တွေမှာရေအိတ်တွေ၊အဖုအကြိတ်တွေရှိနေတတ်ကြပါတယ်။အဲဒါဟာကြာကြာထားရင်ပိုပြီးရှုပ်ထွေးလာပြီး၊အန္တရာယ်ရှိလာနိုင်ပါတယ်။
ဒီလိုဖြစ်တဲ့လူတွေအလွန်များနေလို့၊ဒီရောဂါကိုလဲကာကွယ်နိုင်အောင်ကျွန်တော်တို့(Collagen)ထဲမှာ(inositol)တွေကိုလိုအပ်လို့သာတမင်ထည့်ထုတ်ရတာပါ။အမျိုးသမီးတွေအတွက်အလွန်ကိုအကျိုးများတဲ့ဓါတ်ပေါင်းပါပဲ။ဒါပေမယ့်အမျိုးသမီးတွေတင်မကပါဘူး၊အထက်မှာပြောထားတဲ့အတိုင်းအမျိုးသားတွေအတွက်လဲလိုအပ်တာပါပဲ။
(Collagen)မသောက်နဲ့လို့မပြောပါဘူး။သဘာဝကျတဲ့(Collagen)တွေကိုသာရွေးချယ်သောက်တတ်ဖို့အကြိမ်ကြိမ်ပြောထားပြီးပါပြီ။မြန်မာစကားပုံရှိတယ်မဟုတ်လား။(အစားမတော်တလုတ်၊အသွားမတော်တလှမ်း)ဆိုတာ။
(Collagen)မသောက်ရလို့ဘာမှဖြစ်မသွားပါဘူး။ဒါပေမယ့်ကိုယ်သောက်တဲ့(Collagen)ကမကောင်းရင်၊ရေရှည်မှာဟော်မုန်းနဲ့ပါတ်သက်တဲ့ကင်ဆာအမျိုမျိုးအပြင်၊ခုခံမှု့အားကစဉ့်ကလျားပျက်စီးသွားတဲ့(Auto Immune)ရောဂါအမျိုးမျိုးပါရရှိနိုင်ပါတယ်။
ရာနှုန်းပြည့်ရောဂါဖြစ်မယ်လို့မပြောပါဘူး။ဖြစ်နိုင်ခြေများတယ်လို့ပဲပြောတာပါ။ကျွန်တော်ပြောတာကိုယုံတာ၊မယုံတာကတော့ခင်ဗျားတို့အပိုင်းပါပဲ။ခင်ဗျားတို့ခန္ဓာကိုယ်ကိုခင်ဗျားတို့ပဲပိုင်တာပါ။
ကျွန်တော်တို့(American Best)အနေနဲ့အရည်အသွေးကောင်းမွန်တဲ့(collagen)တွေကိုထုတ်ပေးနေတယ်ဆိုတာကလဲ၊အမြတ်ရလို့တော့မဟုတ်ပါဘူး။(Collagen)အလွန်သောက်ချင်ကြတဲ့ကိုယ့်(Family)တွေဒုက္ခမရောက်ရအောင်အရှုံးခံပြီးထုတ်ပေးနေတာပါ။
အခုအချိန်မှာ၊ဆောင်းတွင်းရောက်လာတော့(Alaska)မှာငါးဖမ်းသင်္ဘောတွေမထွက်ကြတော့ပါဘူး။ဒါကြောင့်(Wild caught fish collagen)တွေလိုသလောက်မရတော့တဲ့အပြင်၊ဈေးတွေလဲတက်ကုန်ပါတယ်။ဈေးတွေတက်လို့အရှုံးခံထုတ်နေရတယ်ဆိုတော့ကျွန်တော်တို့လဲများများမထုတ်ပေးနိုင်သေးပါဘူး။တချို့ကြတော့၊စောင့်ရတာစိတ်မရှည်ကြဘူးဗျ။ကျွန်တော်တို့လဲအများကြီးထုတ်ပေးချင်တာပေါ့။
ပစ္စည်းကောင်းဆိုတာလိုချင်တိုင်းရတာမှမဟုတ်တာ။သူများတွေလို(GMO)နွားကထုတ်တဲ့(Collagen)အညံ့စားလိုချင်တယ်ဆိုရင်တော့လိုသလောက်ပို့ပေးလို့ရပါတယ်။အဲဒီအပေါစားကတော့အမြတ်တွေလဲအများကြီးကျန်ပါတယ်။အရည်အသွေးကောင်းတဲ့(Collagen)ကြတော့လိုသလောက်မရနိုင်သလို၊အမြတ်လဲမကျန်ပါဘူး။ကိုယ်ကစိတ်မရှည်ဘူး။မစောင့်နိုင်ဘူးဆိုရင်လဲကိုယ့်သဘောပါပဲ။ကြိုက်တဲ့နေရာကနေဝယ်သောက်ကြပါ။
ကော်လဂျင်နဲ့ပါတ်သက်ပြီးမေးခွန်းတွေဖြေရှင်းနေရတာ၊ရေးသားနေရတာအကြိမ်ကြိမ်ရှိနေပါပြီ။နောက်ထပ်မရေးချင်တော့ပါဘူး။အလွန်လူမုန်းများတဲ့အလုပ်ပါ။အခုလဲဂျပန်(collagen)ရောင်းတဲ့လူတွေဝိုင်းဆဲကြဦးမယ်ဆိုတာသိနေပါတယ်။ကိုယ့်ရဲ့(Family)တွေဒုက္ခမရောက်စေချင်လို့သာရေးရတာပါ။
ဘယ်သူ့ကိုမှစီးပွားရေးထိခိုက်ဖို့မရည်ရွယ်ပါဘူး။သူတို့ဆီကဈေးကွက်ကိုလဲလုယူနေတာမဟုတ်ပါဘူး။ဈေးကွက်လုယူဖို့နေနေသာသာ၊ကိုယ့်ပစ္စည်းကိုလိုချင်တဲ့လူတွေအားလုံးစောင့်ပြီးလုဝယ်နေကြလို့လောက်ငှအောင်မပေးနိုင်သေးဘူးဆိုတာလူတိုင်းအသိပါပဲ။
ပုံမာနမူနာပြထားတဲ့တံဆိပ်ကိုလဲတိုက်ခိုက်ဝေဖန်နေတာမဟုတ်ပါဘူး။ဒီနေရာမှာဘယ်တံဆိပ်ကိုမှမဝေဖန်ပါဘူး။ဘာတံဆိပ်ပဲဖြစ်ဖြစ်ကိုယ်သောက်တဲ့(Collagen)ဟာသန့်ရှင်းပြီး၊ကိုယ့်အတွက်အန္တရာယ်ကင်းတဲ့(Source)တွေကနေလာတဲ့ပစ္စည်းကောင်းတွေဖြစ်ဖို့ပဲလိုအပ်ပါတယ်။တံဆိပ်တို့၊ဘယ်နိုင်ငံလုပ်တို့ကသိပ်အရေးမကြီးပါဘူး။
ခင်ဗျားတို့အားလုံးကျန်းမာချင်ကြလို့(Collagen)တွေပိုက်ဆံအကုန်အကျခံပြီးသောက်ကြတာမဟုတ်ဘူးလား?။ကိုယ်ကျန်းမာချင်လို့သောက်လိုက်တဲ့(Collagen)တွေဟာမကျန်းမာပဲ၊သေရာပါရောဂါဆိုးတွေပါထပ်ရလိုက်မယ်ဆိုရင်တော့နှစ်ခါရှုံးတာဖြစ်နေလို့အလွန်နစ်နာပါတယ်။ဒါကြောင့်အရည်အသွေးကောင်းရွေးချယ်တတ်ဖို့အမုန်းခံရေးနေရတာပါ။
နောက်ဆုံးပြောချင်တာကတော့ကျွန်တော်တို့ထုတ်တဲ့(Wild Caught Fish Collagen)နဲ့၊တစ်ခြားလူတွေဈေးကွက်ပေါ်မှာတင်ရောင်းနေကြတဲ့(GMO Fed)နွားတွေကရတဲ့(Collagen)ဟာအတူတူပါပဲ၊ဘာမှမထူးပါဘူးလို့ယုံကြည်ယူဆတဲ့သူတွေများနေမယ်ဆိုရင်တော့ကျွန်တော်တို့လဲအရှုံးခံပြီးဆက်ထုတ်ပေးနေဖို့လိုမယ်မထင်ပါဘူး။အပိုအလုပ်ပါပဲ။
စေတနာလား၊အသပြာလားဆိုတာ၊ပညာရှိသူတွေမှသာခွဲခြားနားလည်နိုင်ပါတယ်။ကျွန်တော်ပြောတာကိုယုံတာမယုံတာကတော့ကိုယ့်အပိုင်း၊ကိုယ်ဖြစ်ကိုယ်ခံပါပဲ။ဒီလို(Post)မျိုးတွေကိုလဲအမုန်းခံပြီးအကြိမ်ကြိမ်ထပ်မရေးချင်တော့ပါဘူး။ဒီလောက်ဆိုရင်တော့အားလုံးနားလည်သင့်ပါပြီ။
Kelvin Albert Power

1 thought on “(Japan)ကလာတဲ့(Collagen)တွေဆိုရင်တော့ကောင်းတယ်မဟုတ်လားဆရာ?။ (American Best)ကထုတ်တဲ့(Collagen)နဲ့အတူတူပဲမဟုတ်ဘူးလား?။”

  1. ကော်လဂျင်ကို အရင်က ဘယ်အချိန်သောက်ရမယ်မှန်းမသိခဲ့ဘူး ။ ဆရာမပြောပြပေးခဲ့လို့ မနက်‌စောစော အစားမရှိချိန် ၊ ညအိပ်ရာဝင် အစားမရှိချိန်သောက်တာမှာ ညဘက်အချိန်မှ ကော ််််််််််််််််််််််််််််််််််််််််််််််််လဂျင်မှာ Vit C ပါ လို့လားမသိ ၊ အိပ်မပျော်ဖြစ်နေရတယ်ဆရာ ။ ညဘက်အိပ်ရာဝင်ခါနီးဆက်သောက်သင့်မသောက်သင့် ‌‌ညွှန်းကြားပေးပါအုံးဆရာ

Comments are closed.

Shopping Cart