Source from Kelvin A. Power’s Facebook on September 16, 2020
(IP-6 & Inositol )
ရိုးရိုး(Capsule)ထက်(14)ဆပိုကောင်းသော(Mega Dose)မကြာမှီ(American Best)မှထုတ်ပေးမည်။
—
IP-6 & Inositol ဆိုတာ(antioxidants)ကဲ့သို့စွမ်းအားအလွန်ထက်မြက်ပါတယ်။အထူးသဖြင့်ကင်ဆာရောဂါသယ်တွေတော်တော်များများသုံးစွဲကြပြီးကောင်းမွန်သောရလဒ်များတွေ့ရှိရပါတယ်။တိရိစ္ဆာန်များတွင်ကင်ဆာရောဂါအမျိုးမျိုးဖြစ်လာရင်လဲဒီဓါတ်ပေါင်းကိုအသုံးပြုကြတာအောင်မြင်နေကြောင်းတွေ့နေရပါတယ်။
—
ဒါကြောင့်မြန်မာပြည်ကကင်ဆာသမားတစ်ချို့ရဲ့တောင်းဆိုချက်အရ(American Best)အနေနဲ့(14)ဆပိုကောင်းသော(Mega Dose)ထုတ်ပေးမှာဖြစ်သော်လည်း၊ကင်ဆာဆေးအဖြစ်တော့ကြေငြာပြီးရောင်းမည်မဟုတ်ပါ။(American Best)အနေနဲ့(NIH)အသိအမှတ်ပြုအလွန်ခိုင်မာသောအထောက်အထားမရှိပဲကင်ဆာပျောက်သည်ဟုမကြေငြာနိုင်ပါ။
—
(USA)တွင်ကင်ဆာပျောက်သည်ဟုဆို၍ဆေးထုတ်ရောင်းပါကအလွန်အန္တရာယ်များပါသည်။ကင်ဆာရောဂါကိုတစ်ကယ်မပျောက်သောဓါးခုတ်၊မီးကင်၊အဆိပ်ကြွေးစသည့်မပျောက်သောနည်းလမ်းများစွာသုံးစွဲပြီးကုသကာစီးပွားဖြစ်ထွန်းနေကြသည့်အရင်းရှင်ဆေးရုံကြီးတွေရဲ့ရန်ပြုတရားစွဲဆိုမှု့ကိုခံရကောင်းခံရနိုင်ပါသည်။
—
အဆိုပါအမျိုးမျိုးသောအကြောင်းများကြောင့်(IP-6 & Inositol)ကိုကင်ဆာရောဂါပျောက်သောဆေးဟုပြော၍မရောင်းပါ။သို့သော်ဤဆေးသည်ခန္ဓာကိုယ်၏စွမ်းအင်ထုတ်လုပ်သုံးစွဲမ့ှုစနစ်၊ဓါတ်တိုးတုန့်ပြန်မှ့ုစနစ်နှင့်ရောဂါခုခံမှ့ုစနစ်တို့ကိုအထူးအထောက်အကူပြု၍၊နာတာရှည် ရောဂါအမျိုးမျိုးမှလည်းကာကွယ်ပေးနိုင်ပါသည်။ကင်ဆာရောဂါသမားများအတွက်ကင်ဆာပျောက်သည်ဟုပြောမရောင်းသော်လည်းကြီးမားသောအထောက်အကူတစ်ခုအဖြစ်အသုံးဝင်ကောင်းဝင်နိုင်ပါသည်။ဒီလောက်ပြောရင်နားလည်သင့်ပါပြီ။
—
(IP-6 & Inositol)အားသုံးစွဲနေသည့်ကင်ဆာသမားများအနေဖြင့်ကောင်းမွန်သောရလဒ်များရရှိသည်ဟုဆိုသော်လည်း။(Low Dose)များတွင်ထူးခြားသောရလဒ်များမတွေ့ရှိရပဲ၊မြင့်မားသော(High Dose)ဖြစ်သည့်(IP-6=5600 mg)နှင့်အထက်(Inositol= 1400 mg)နှင့်အထက်တို့တွင်သာကောင်းသောရလဒ်များတွေ့ရှိနိုင်ပါသည်။
—
(IP-6 & Inositol)အချိုးအစားအားဖြင်လဲ(4:1)လောက်ပါဝင်ပေါင်းစပ်ဖို့လိုအပ်နေပါသည်။ထိုနှစ်ခုအချိုးကျပေါင်းလိုက်လျှင်(IP-6 +Inositol=7,000 mg)ခန့်ဖြစ်သွားပါလိမ့်မည်။နှစ်ခုပေါင်းသည်သိပ်သည်းဆအလွန်နည်းသောအမှု့န်ဖြစ်၍၊(Density=0.47)ခန့်သာရှိပါသည်။အကြီးဆုံး(Capsule)များနှင့်ဆေးထုတ်လုပ်လျှင်တောင်၊(Capsule)တစ်လုံးတွင်(IP-6 +Inositol)နှစ်ခုပေါင်း(500 mg)ထက်ပိုထည့်၍မရနိုင်ပါ။
—
ဆိုလိုသည်မှာ(Capsules)နှစ်လုံးခန့်သောက်မှသာလျှင်(IP-6=800mg)နှင့် (Inositol=200mg)မျှသာလျှင်ရရှိမည်ဖြစ်ပြီး။နှစ်မျိုးပေါင်း(1000mg)သာရှိပါလိမ့်မည်။တကယ်ထိရောက်စွာရောဂါကုသနိုင်သော(Therapeutic dosage)ရရှိရန်၊(IP-6=5,600mg)နှင့် (Inositol=1,400mg) နှစ်မျိုးပေါင်း(7,000mg)လောက်လိုအပ်မည်ဖြစ်ပြီး၊(Capsule)အရေအတွက်အားဖြင့်တစ်နေ့(၁၄)လုံးခန့်သောက်ရမည်ဖြစ်ပါသည်။
—
အလုံး(၁၂၀)ပါဆေးတစ်ဗူးသည်မြန်မာငွေ(၃သောင်း)ပါတ်ဝန်းကျင်ခန့်ကုန်ကျပြီး၊တစ်ရက်ကို(၁၄)လုံးသောက်ရမည်ဆိုလျှင်(၈)ရက်ကျော်ခန့်ဖြင့်ဆေးကုန်သွားပါလိမ့်မည်။တစ်လကို(၄)ပုလင်းခန့်သောက်ရမယ်ဆိုလျှင်၊ဆင်းရဲချို့တဲ့သူများအတွက်ငွေကြေးမတတ်နိုင်တော့ပါ။ဒါကြောင့်ငွေကြေးချို့တဲ့သူများအတွက်ကုန်ကျစရိတ်သက်သာပြီးထိရောက်အောင်(American Best)မှအထူးထုတ်လုပ်ပေးမည့်အစီအစဉ်ရှိပါသည်။
—
(American Best)မှ(IP-6 & Inositol)အချိုးအစား(4:1)ကိုအမှုန့်အဖြစ်ထုတ်လုပ်ပေးမှာဖြစ်ပါသည်။ပါဝင်သောလဖက်စား(၃)ဇွန်းစာခန့်ရေဖြင့်ဖျော်သောက်လျှင်(7,000mg)ခန့်ဖြစ်ပြီး(Capsules)ပေါင်း(14)လုံးနှင့်ညီမျှပါလိမ့်မည်။လဖက်စား(၃)ဇွန်းကိုတကြိမ်ထဲနှင့်မသောက်ပဲ၊တစ်ဇွန်းစာခန့်စီကို(၃)ကြိမ်ခွဲ၍နေ့စဉ်သောက်စေလိုပါသည်။(American Best)မှထုတ်လုပ်မည့်ပုလင်းကြီးတစ်ပုလင်းတွင်(950ml-မှ-1000ml)အရွယ်ခန့်ဖြစ်ပြီး၊(454g)သို့မဟုတ်တစ်ပေါင်ခန့်(ဆေးမှုန့်)ပါဝင်ပါလိမ့်မည်။
—
(Cellular Forte)နှင့်(Cell Forte)ကုမ္မဏီတို့မှထုတ်လုပ်သော(Capsule)ဆေးတစ်လုံးသည် IP6=400mg)နှင့် (Inositol=100mg)စုစုပေါင်း(500 mg)ခန့်သာပါဝင်သဖြင့်၊(American Best)မှထုတ်လုပ်သောပုလင်းကြီးတစ်ပုလင်းသည်၊(Capsule)အလုံးရေ(908)ခန့်နှင့်ညီမျှပါလိမ့်မည်။
—
တနည်းအားဖြင့်ဆိုရသော်၊(American Best)မှထုတ်လုပ်သောပုလင်းကြီးတစ်ပုလင်းသည်၊၎င်းတို့ထုတ်လုပ်သောဆေးအလုံး(၁၂၀)ပါဆေးရှစ်ပုလင်းနီးပါးနှင့်သော်၎င်း၊အလုံး(၂၄၀)ပါဆေး၊လေးပုလင်းနီးပါးခန့်ပါဝင်ပါလိမ့်မည်။
—
(Cellular Forte)နှင့်(Cell Forte)ကုမ္မဏီတို့မှထုတ်လုပ်သော(Capsule)အလုံး(၂၄၀)ပါဆေး(၄)ပုလင်းတစ်ပုလင်းသည်မြန်မာငွေကျပ်ငါးသောင်းကျော်ကုန်ကျသဖြင့်၊(၄)ပုလင်းစာသည်ကျပ်နစ်သိန်းကျော်ကုန်ကျပါလိမ့်မည်။သို့သော်(American Best)မှအမြတ်အစွန်းကိုအဓိကမထားပဲ၊လူတိုင်းသုံးစွဲနိုင်ရန်ထက်ဝက်ဈေးခန့်ဖြင့်ထုတ်ပေးရန်စီစဉ်ထားပါသည်။
—
ဤဓါတ်ပေါင်းနှစ်မျိုးသည်၊အရသာမဆိုးလှသောဓါတ်ပေါင်းဖြစ်သဖြင့်(Capsule)ဖြင့်ထုတ်လုပ်ရန်မလိုအပ်ပါ။အမှုန့်ဖြင့်ထုတ်ပါကဆေးတစ်ဇွန်းသည်(Capsule)တစ်လုံးထက်(14)ဆသာလွန်မည်ဖြစ်ပြီး၊ကုန်ကျစရိတ်လဲထက်ဝက်မကသက်သာအောင်ထုတ်လုပ်ပေးနိုင်ပါမည်။(American Best)သည်ဈေးသက်သာပြီးပို၍ထိရောက်သောနည်းစနစ်ကိုသာအသုံးပြုထုတ်လုပ်ပေးပါမည်။
—
(IP-6 & Inositol)သည်အစွမ်းအလွန်ထက်မြက်ပါသည်။အထူးသဖြင့်ကင်ဆာရောဂါသယ်များသုံးစွဲကြပြီးကောင်းမွန်သောရလဒ်များတွေ့ရှိရပါသည်။လူများတွင်မကပဲ၊တိရိစ္ဆာန်များတွင်ပါကင်ဆာရောဂါအမျိုးမျိုးနှင့်ပါတ်သက်၍ကောင်းသောရလဒ်များရှိပါသည်။သို့သော်အရင်းရှင်ကြီးစိုးသောခေတ်စနစ်ဖြစ်နေ၍၊ဤဆေးသည်ကင်ဆာရောဂါပျောက်သည်ဟုမည်သူမှရဲရဲဝံ့ဝံ့ထုတ်ဖေါ်မပြောရဲကြပါ။
—
အဆိုပါအရင်းရှင်စနစ်ကြောင့်၊ဤဆေးသည်ကင်ဆာရောဂါပျောက်ကင်းသည်ဟုလည်း(NIH)အသိအမှတ်ပြုခိုင်မာသောအထောက်အထားသုတေသနများလဲမရှိသေးပါ။သို့သော်အခြားကင်ဆာ(ကီမိုအဆိပ်အတောက်)များနှင့်နှိုင်းယှဉ်ကြည့်လျှင်ဤဓါတ်ပေါင်းသည်ဘေးထွက်ဆိုးကျိုးအန္တရာယ်အလွန်ကင်းသောသဘာဝဓါတ်ပေါင်းတမျိုးဖြစ်ပါသည်။
—
(IP-6) ဆိုသည်မှာသဘာဝအစေ့အဆံ၊အခွံတို့မှရရှိသော(Calcium, Magnesium, Phosphrous)အချိုးကျပါဝင်သောဓါတ်ပေါင်းတမျိုးဖြစ်ပြီး(Calcium Magnesium Phytate)ဟုဓါတုဗေဒအမည်အားဖြင့်ခေါ်ဆိုနိုင်ပါသည်။ဘေးထွက်ဆိုးကျိုးမရှိသောသဘာဝပစ္စည်းလဲဖြစ်ပါသည်။
—
(Inositol)ဆိုသည်မှာလဲ(Vitamin)ဟုမသတ်မှတ်ထားသေးသော်လည်း(Vitamin B8)ဟုလူအများတင်စားခေါ်ဝေါ်ကြရသော၊ရေတွင်ပျော်ဝင်နိုင်သည့်(Vitamin B)ကဲ့သို့စွမ်းအားထက်မြက်သော(coenzyme)တစ်မျိုးဖြစ်ပါသည်။ (Inositol)သည်လဲဘေးထွက်ဆိုးကျိုးမရှိပါ။
—
အစွမ်းအလွန်ထက်မြက်သော(IP-6 & Inositol)အတွဲသည်(အရင်းရှင်စနစ်၊အကြောင်းအမျိုးမျိုးကြောင့်)ကင်ဆာရောဂါကိုတစ်ကယ်ပျောက်ကင်းအောင်ကုသနိုင်သည်ဟုဆိုသောခိုင်မာသည့်သုတေသနများသေချာမရှိသေးသော်လည်း၊ကင်ဆာရောဂါကာကွယ်လိုသူ၊ပျောက်ကင်းလိုသူတို့အတွက်စမ်းသပ်သုံးစွဲခြင်းအားဖြင့်မည်သည့်ဘေးထွက်ဆိုးကျိုးမှမရရှိနိုင်ပါ။
—
ဤဆေးကိုသုံးစွဲကြည့်၍ကင်ဆာရောဂါပျောက်လျှင်အမြတ်ဖြစ်ပြီး၊မပျောက်လျှင်လည်းအရံှုးမရှိသည့်အပြင်၊ခန္ဓာကိုယ်၏ခုခံမှု့စနစ်ကိုအထူးကောင်းမွန်စေပြီးအခြားသောရောဂါအမျိုးမျိုးမှကာကွယ်ပေးနိုင်ပါသည်။ဘေးထွက်ဆိုးကျိုးမရှိသည့်အတွက်၊ကင်ဆာပျောက်သည်ဖြစ်စေ၊မပျောက်ဘူးဖြစ်စေသုံးစွဲ၍နစ်နာဆုံးရံှုးမှု့တော့မရှိနိုင်ပါ။အမျိုးမျိုးသောအခြားအကျိုးအမြတ်လဲရရှိနိုင်ပါသည်။
—
အားလုံးကျန်းမာ၍ဘေးရန်ကင်းရှင်းကြပါစေ။
Kelvin Albert Power
–
မှတ်ချက်။ ။ IP- 6 & INOSITOL ကိုဆေးဘူးမှာရေးထားတဲ့ဆေးညွှန်းအတိုင်းအတိအကျသောက်ပေးပါ(IP- 6 & INOSITOL ကိုအစာစားပြီးတနာရီခန့်ခွာပြီးမှရေတဖန်ခွက်အပြည့်နဲ့သီးသန့်ဖျော်သောက်ပေးပါ။
(Insitol)ကတော့ရေမှာပျော်ဝင်နိုင်ပါတယ်။(IP6=Phytic acid)ဆိုတာရေမှာပျော်ဝင်တဲ့ဓါတ်ပေါင်းမျိုးမဟုတ်ပါ။ (Ip6)ဆိုတာ(Phytic acid) ဖြစ်ပါတယ်။ဘယ်တော့မှရေမှာမပျော်ဝင်ပါဘူး။ဘယ်လောက်စောင့်စောင့်မပျော်ဝင်ပါ။
—
အဲဒီလိုဖျော်ထားပြီးသားကိုအနည်တွေမကျန်အောင်ဇွန်းနဲ့မွှေပေးပြီးဒီအတိုင်းသောက်ချရမှာဖြစ်တယ်။အစာအိမ်အက်ဆစ်ဓါတ်နဲ့တွေ့တော့မှပျော်ဝင်နိုင်မှာဖြစ်ပါတယ်။အဓိကကတော့ရောဂါပျောက်ဖို့ဆိုတော့ရေမှာပျော်ဝင်တာမပျော်ဝင်တာကအဓိကမဟုတ်ပါဘူး၊ဆေးညွှန်းအတိုင်းတိကျသေချာစွာသောက်ပေးပါ။