Immune System)ကောင်းဖို့ အတွက်(Vitamins)တွေအစုံအလင်လိုအပ်သလိုတစ်ခြားသောသတ္တုဓါတ်(Minerals)တွေလဲအမျိုးစုံအောင်လိုအပ်နေပါတယ်။

Source from Kelvin A. Power’s Facebook on October 16, 2020
တခါတလေကြရင်မြန်မာလူမျိုးတချို့တွေကတော်တော်လေးကိုနားလည်ရခက်ပါတယ်။လူတိုင်းသိနိုင်တဲ့အသေးအမွားကိစ္စလောက်ကိုလိုက်ပြီးရှင်းပြနေရတာလဲမလွယ်ပါဘူး။အခုလဲပေါက်ကရလာမေးပြန်ပြီ။
ကျွန်တော်တို့ကအခုနောက်ပိုင်း၊အော်ဒါမှာတဲ့လူတိုင်းကို၊(Men and Women Multivitamin)ပုလင်းငယ်လေးတွေကိုအလှူပစ္စည်းအဖြစ်နဲ့ထည့်ပေးခိုင်းပါတယ်။အဲဒီကိစ္စနဲ့ပါတ်သက်ပြီးတချို့လူတွေမေးနေတဲ့မေးခွန်းတွေကတော်တော်လေးကိုစိတ်ပျက်စရာကောင်းလာပါတယ်။
ဘာမေးကြသလဲဆိုတော့၊
(Men and Women Multivitamin)ဆေးထဲမှာ(Vitamin C)နဲ့(Vitamin D)တွေအားလုံးပါဝင်နေပြီးသားဖြစ်နေလို့၊(Vitamin C)နဲ့(Vitamin D)တွေထပ်သောက်စရာမလိုတော့ဘူးမဟုတ်လားလို့မေးလာကြပါတယ်။ဒီလူတွေကိုကျွန်တော်နားလည်ရခက်ပါတယ်။
(Men and Women Multivitamin)ဆေးတစ်လုံးမှာ(Vitamin C = 60mg နဲ့ Vitamin D3= 1000 IU)လေးပဲပါနေပါတယ်။အခုလို(covid)အချိန်မှာ(immune system)ကောင်းဖို့ဆိုတာ၊ရှင်းရှင်းပြောရရင်မသေဖို့ဆိုတာ၊တနေ့ကိုအနည်းဆုံး(Vitamin C=2000mg-3000 mg)အထိလိုအပ်ပါတယ်။(Vitamin D3)ကတနေ့ကိုအနည်းဆုံး(10000 IU)လိုအပ်ပါတယ်။အနည်းဆုံးလိုအပ်တာကိုပြောတာနော်။အဲဒီထက်ပိုပြီးလိုချင်လိုမယ်။လျှော့လို့တော့မရဘူး။ဒါကိုပြောချင်တာ။
(COVID)ကပ်ရောဂါဆိုးကျရောက်နေတဲ့ကာလမှာ(Vitamin D နဲ့ Vitamin C)တွေနဲ့ပါတ်သက်လို့(Mega Dose)တွေ(Very High Dose)တွေလိုအပ်တယ်ဆိုတာအထောက်အထားအမျိုးမျိုးနဲ့ကျွန်တော်အကြိမ်ကြိမ်(Post)တွေရေးသားပေးခဲ့ပြီးပါပြီ။ထပ်ရေးစရာလဲလိုမယ်မထင်တော့ပါဘူး။ဒီအချိန်မှာ(Vitamin D & C high dose)ဟာအသက်ကယ်ဆေးပါပဲ။
(Men and Women Multivitamin)ဆေးတစ်လုံးမှာမှ(Vitamin C = 60 mg နဲ့ Vitamin D3= 1000 IU)တွေနဲ့လုံလောက်ပြီလို့ထင်ရင်တော့ကိုယ့်သဘောပါပဲ၊ကိုယ်ဖြစ်ကိုယ်ခံပဲလေ။ဘာပြောလို့ရနိုင်မှာလဲ။စကားမှနားမထောင်ကြတာ။(Vitamin C= 60mg)နဲ့ (Vitamin D3= 1000 IU)လောက်နဲ့ကတော့ဘာမှတော့ထူးထူးခြားခြားအကျိုးကျေးဇူးရနိုင်မှာမဟုတ်ပါဘူး။သိပ်နည်းလွန်းပါတယ်။
(Men and Women Multivitamin)ကိုလှူပေးနေတယ်ဆိုတာကလဲ(Vitamin D)နဲ့(Vitamin C)နေရာကိုအစားထိုးဖို့၊(Vitamin D နဲ့ C)တွေကိုဖြတ်တောက်ပြစ်ဖို့မဟုတ်ဘူးဆိုတာကိုတော့လူတိုင်းနားလည်ဖို့လိုပါတယ်။
ဒီလိုပြောလိုက်တော့(Men and Women Multivitamin)ဟာအခုလို(COVID)အချိန်မှာခန္ဓာကိုယ်ရဲ့ခုခံအား(Immune System)ကောင်းဖို့ဘာမှအသုံးမဝင်တော့ဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။ဒီလိုအချိန်မျိုးမှာ(Multivitamin)တွေဆိုတာခန္ဓာကိုယ်ရဲ့ခုခံအားကောင်းဖို့အတွက်အလွန်အရေးကြီးနေတယ်ဆိုတာမှန်ပါတယ်။
ဘာကြောင့်လဲဆိုတော့(Immune System)ကောင်းဖို့ အတွက်(Vitamins)တွေအစုံအလင်လိုအပ်သလိုတစ်ခြားသောသတ္တုဓါတ်(Minerals)တွေလဲအမျိုးစုံအောင်လိုအပ်နေပါတယ်။တစ်ကယ်လို့သာကိုယ်မသိတဲ့ဒီဗီတာမင်တမျိုး(သို့မဟုတ်)သတ္တုဓါတ်တွေထဲကတစ်ခုကလေးချို့တဲ့သွားမယ်ဆိုရင်တောင်ခုခံမှု့အားကိုလျော့နည်းပျက်စီးစေနိုင်ပါတယ်။ဒါကြောင့်(Men & Women Multivitamins)ဆေးပုလင်းတွေကိုလိုအပ်နေလို့သာလှူဒါန်းပေးရခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့(Multivitamins)ဆေးပုလင်းတွေဟာ(Vitamin C & D High Dose)တွေနေရာမှာအစားထိုးခိုင်းနေတာမဟုတ်ပါဘူး။(Multivitamins)ရှိနေပြီပဲ၊(Vitamin C နဲ့ D)ဖို့သောက်ဖို့လိုသေးလားလို့မေးလာရင်အရမ်းကိုဖြေရခက်ပါတယ်။မလိုတော့ဘူးလို့ဖြေရင်လဲအဲဒီလူကိုရောဂါကူးစက်လာရင်၊အန္တရာယ်အလွန်ရှိပါတယ်။
ထပ်လိုပါသေးတယ်လို့လွယ်လွယ်ဖြေပေးရင်လဲ၊ဆေးရောင်းချင်လို့မဟုတ်တာပြောနေတယ်လို့စွပ်စွဲကြဦးမယ်။ဒီလိုစွပ်စွဲကြမှာသိလို့တစ်ခုတော့ကြိုပြောထားလိုက်မယ်။ဒီ(Vitamin C နဲ့ D)တွေဆိုတာကျွန်တော်တို့(American Best)တစ်ဦးတည်းထိုင်ရောင်းနေတာမဟုတ်ပါဘူး။နေရာတိုင်းမှာလဲဝယ်လို့ရသလို၊လူတိုင်းလဲတတ်နိုင်ပါတယ်။လမ်းဘေးဆေးဆိုင်တိုင်းမှာလဲရှိပါတယ်။(Vitamin C)နဲ့(Vitamin D)ဆိုတာကမ္ဘာပေါ်မှာဈေးအပေါဆုံး(Vitamins)နှစ်မျိုးပါ။(Multivitamins)တွေကတောင်သူ့ထက်ပိုပြီးဈေးကြီးနိုင်ပါသေးတယ်။
တခါတလေကြတော့လဲလူတွေကအသက်ကိုမနှမြောကြဘူး၊ပိုက်ဆံကိုပိုပြီးနှမြောတတ်ကြပါတယ်။ဒီဈေးအပေါဆုံးပစ္စည်းတွေနဲ့တောင်ကိုယ့်ကိုယ်ကိုမသဒ္ဒါဘူးဆိုရင်တော့ကျွန်တော်လဲဘာမှမပြောလိုတော့ပါဘူး။ကြိုက်သလိုဆုံးဖြတ်ကြပါ၊ကိုယ်ဖြစ်ကိုယ်ခံပါပဲ။ဒါပေမယ့်တစ်ခုတော့ပြောချင်ပါတယ်။ပိုက်ဆံဆိုတာပြန်ရှာလို့ရပါတယ်။အသက်ဆိုတာကတော့အစားထိုးပြန်မရနိုင်ပါဘူး။
အနစ်ချုပ်ပြောချင်တာက၊ကျွန်တော်တို့(Multivitamins)တွေလှူပေးနေတယ်ဆိုတာ(Immune System)ကောင်းဖို အတွက်မရှိမဖြစ်လိုအပ်တဲ့(Vitamins)တစ်မျိုးမျိုးနဲ့သတ္တုဓါတ်(Minerals)တမျိုးမျိုး၊ချို့တဲ့မှာစိုးလို့ဖြစ်ပါတယ်။ ဒီ(Multivitamin)တွေဟာခင်ဗျားတို့သောက်နေကြတဲ့(Vitamin C & Vitamin D High Dose)တွေမှာလုံးဝ(လုံးဝ)ကိုအစားထိုးလို့မရပါဘူးဆိုတာကိုပြောချင်ပါတယ်။
နောက်ဆိုကိုယ်ပိုင်ဉာဏ်နဲ့အကျိုးသင့်အကြောင်းသင့်စဉ်းစားကြပါ။ဟိုဟာသောက်နေတာပဲ၊ဒီဟာလိုသေးသလားဆိုတဲ့မေးခွန်းမျိုးတွေထပ်ပြီးတော့မမေးကြပါနဲ့။(Multivitamin)ရထားလို့၊ဒါနဲ့တင်လုံလောက်ပြီ(Vitamin C & Vitamin D)တွေမလိုတော့ဘူးလို့ထင်နေရင်လဲကြိုက်သလိုသာဆုံးဖြတ်ပါ။ကိုယ်ဖြစ်ကိုယ်ခံပါပဲ။
လူအများစုကိုတော့မပြောလိုပါဘူး။အဲဒီလိုကပ်သတ်ပြီးလာမေးတတ်ကြတဲ့လူတချို့ကိုပဲဦးတည်ပြောချင်တာပါ။လူအများစုကတော့နားလည်ပြီးသားပါ။
အားလုံးကျန်းမာ၍ဘေးရန်ကင်းရှင်းကြပါစေ။
Kelvin Albert Power

1 thought on “Immune System)ကောင်းဖို့ အတွက်(Vitamins)တွေအစုံအလင်လိုအပ်သလိုတစ်ခြားသောသတ္တုဓါတ်(Minerals)တွေလဲအမျိုးစုံအောင်လိုအပ်နေပါတယ်။”

  1. အသက်၁၆နှစ် ဆိုရင်ဒီအား​ဆေး​သောက်လို့ရလား

Comments are closed.

Shopping Cart