(Hypothesis)ဆိုတာဘာလဲ?။

Source from Kelvin A. Power’s Facebook on February 29, 2020
ဒီမိုကရေစီခေတ်ကြီးမှာလူတိုင်းလူတိုင်းဟာ၊ဘယ်သူ့ကိုမှပုဂ္ဂိုလ်ရေးအရအမုန်းစကားပြောပြီးဆဲဆိုနေတာမဟုတ်ပဲကိုယ့်အမြင်ကိုတင်ပြကြမယ်ဆိုရင်လွတ်လွတ်လပ်လပ်ဖေါ်ပြပိုင်ခွင့်ရှိပါတယ်။ဒါဟာလူ့အခွင့်အရေးတစ်ခုပါပဲ။ကိုယ်မကြိုက်ရင်မဖတ်ပဲကျော်သွားလို့ရပါတယ်။
အုပ်စုဖွဲ့ပြီးယုတ်ယုတ်မာမာ(Report)ဝိုင်းထုကြတယ်ဆိုတဲ့အောက်တန်းကျတဲ့စိတ်ဓါတ်ဟာဆရာဝန်တွေနဲ့ဆေးကျောင်းသားတွေမှာမရှိသင့်ဘူးလို့မြင်ပါတယ်။ဆရာဝန်တွေဆိုတာမြင့်မြတ်တဲ့စိတ်ဓါတ်နဲ့သမားဂုဏ်တွေပြည့်ဝနေရမယ့်ပညာရှင်လူတန်းစားတစ်ရပ်ဖြစ်နေလို့တစ်ချို့လူငယ်တွေမှာဒီလိုအောက်တန်းကျတဲ့စိတ်ဓါတ်တွေရှိနေတာဟာ၊တိုင်းပြည်အနာဂါတ်အတွက်ရင်လေးစရာပါ။
ကျွန်တော့်မှာ(Kelvin Power)အကောင့်နှစ်ခုရှိတာလူတော်တော်များများသိပါတယ်။တစ်ခုက(Report)အထုခံရလို့ကျသွားပါပြီ။ဘယ်သူတွေဦးဆောင်ပြီး(Report)ထုကြတယ်ဆိုတာနာမည်နဲ့တိတိကျကျကျွန်တော်သိပါတယ်။သူတို့တွေရဲ့ဂုဏ်သိက္ခာနဲ့တခြားဆရာဝန်တွေအားလုံးရဲ့ဂုဏ်သိက္ခာကိုငဲ့ကွက်ပြီးနာမည်နဲ့ကျွန်တော်ထုတ်မပြောသေးပါဘူး။
(Hypothesis)ဆိုတာက(Debate Statement)တစ်ခုမဟုတ်သလို(argument)တစ်ခုလဲမဟုတ်ပါဘူး။ (Hypothesis)ဆိုတာတစ်ယောက်နဲ့တစ်ယောက်ဝေဖန်၊ကဲ့ရဲ့၊ဆဲဆို၊အုပ်စုဖွဲ့ပြီးဝိုင်း(Rport)ထုတိုက်ခိုက်ကြဖို့မဟုတ်ဘူးဆိုတာကိုပညာရှင်တွေအားလုံးနားလည်ကြပါတယ်။
မြန်မာပြည်ကဆရာဝန်လေးတွေအားလုံးကိုတိုင်းပြည်မှာပညာအတော်ဆုံးနဲ့ဗဟုသုတအကြွယ်ဝဆုံးလူတန်းစားတစ်ရပ်အဖြစ်ပဲကျွန်တော်မြင်ချင်ပါတယ်။ဖြစ်လဲဖြစ်သင့်ပါတယ်။မြင့်မြတ်တဲ့စိတ်ဓါတ်ပိုင်ရှင်တွေဖြစ်ပြီးသမားဂုဏ်ဆိုတာကိုလဲနားလည်စေချင်ပါတယ်။(Hypothesis)ဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်ကိုဆရာဝန်တစ်ချို့တွေနားမလည်လို့လိုက်ရှင်းပြရတာဟာနိုင်ငံတကာနဲ့နိုင်းယှဉ်ကြည့်လိုက်ရင်တော်တော်လေးကိုသိက္ခာကြတဲ့အလုပ်တစ်ခုပါ။
ဘာကြောင့်လဲဆိုတော့အမေရိကန်မှာ(Hypothesis)ဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်ကိုမူလတန်းကလေးတွေကအစအားလုံးနားလည်နေကြပါတယ်။အမေရိကန်မှာမှမဟုတ်ပါဘူး၊ဒီခေတ်မှာမြန်မာပြည်ကဆရာဝန်မဟုတ်တဲ့သာမှန်လူတော်တော်များများတောင်ဒီစကားလုံးရဲ့အဓိပ္ပါယ်ကိုကောင်းကောင်းနားလည်နေကြပါပြီ။
ပညာရှင်တစ်ယောက်ကထူးခြားပြီးလူတွေအားလုံးအတွက်အကျိုးရှိနိုင်တဲ့အကြောင်းအရာတစ်ခုခုကို(Hypothesis)တစ်ခုအနေနဲ့ချပေးလိုက်တယ်ဆိုတဲ့အဓိပ္ပါယ်က၊အဲဒီအကြောင်းအရာဟုတ်မဟုတ်၊မှန်မမှန်တစ်ခြားစိတ်ဝင်စားတဲ့ပညာရှင်တွေကဝိုင်းဝန်းပြီးသုတေသနလုပ်ကြည့်ကြဖို့၊အဖြေရှာကြည့်ကြဖို့အကြံပြုတိုက်တွန်းလိုက်တဲ့သဘောပါ။ကိုယ်ကစိတ်မဝင်စားရင်အသာလေးကျော်သွားလို့ရပါတယ်။
စိတ်ဝင်စားပြီးကိုယ်တိုင်သုတေသနလုပ်ကြည့်လိုက်မယ်ဆိုရင်ရလာတဲ့အဖြေဟာချပေးထားတဲ့(Hypothesis)နဲ့တိုက်ဆိုင်မှု့ရှိချင်ရှိမယ်၊မရှိချင်မရှိပါဘူး။တိုက်ဆိုင်မှု့ရှိရင်ယူထားပြီးမတိုက်ဆိုင်ရင်ပါယ်ပြစ်လိုက်လို့ရပါတယ်။ဘာမှသုတေသနမလုပ်ပဲ(Hypothesis)ချပေးတဲ့လူကိုဝိုင်းဆဲတာတို့၊(report)ဝိုင်းထုတာတို့ကတော့တော်တော်လေးကိုအောက်တန်းကျတဲ့စိတ်ဓါတ်ဖြစ်မနေဘူးလား?။အထူးသဖြင့်ပြည်သူကိုအကျိုးပြုမယ့်ဆရာဝန်တွေနဲ့ဆေးကျောင်းသားတွေမှာဒီလိုစိတ်ဓါတ်မျိုးရှိသင့်ရဲ့လား?။
(Hypothesis)ဆိုတာပိုပြီးနားလည်အောင်ဥပမာတစ်ခုပေးရရင်၊သစ်ပင်တွေနဲ့၊သစ်ဥသစ်ဖုတွေအကြောင်းဘာမှမသိနားမလည်ထားတဲ့သူငယ်ချင်းသုံးလေးယောက်တောထဲကိုသစ်ဥသစ်ဖုအရှာထွက်ကြတယ်။ပထမဆုံးလူတစ်ယောက်ကသစ်ပင်တပင်ကိုလက်ညှိးထိုးပြပြီး၊ဒီသစ်ပင်ကိုတူးကြည့်လိုက်ရင်သစ်ဥတစ်မျိုးမျိုးရချင်ရနိုင်မယ်လို့သူထင်တာတစ်ခုကိုပြောလိုက်ရင်၊တစ်ခြားသူငယ်ချင်းတွေကသူပြောတာကိုစိတ်မဝင်စားဘူးဆိုရင်ကျော်သွားလို့ရပါတယ်။
သူပြောတာကိုစိတ်ဝင်စားတယ်ဆိုရင်တော့ဟုတ်မဟုတ်သူပြတဲ့အပင်အောက်ကမြေကြီးကိုတူးဖေါ်ကြည့်လို့လဲရပါတယ်။သူထင်သလိုသစ်ဥတွေရှိချင်လဲရှိနေမယ်။မရှိချင်လဲမရှိနေပါဘူး။ဒါပေမဲ့တူးကြည့်ချင်းအားဖြင့်တော့မှန်ကန်တဲ့အဖြေတစ်ခုတော့သေချာပေါက်ရလာပါလိမ့်မယ်။
ရှေ့ဆုံးကလူကဒီအပင်အောက်မှာသစ်ဥတစ်မျိုးမျိုးရှိချင်ရှိနိုင်တယ်လို့ပြောတာကို၊နောက်ကလူတွေကဒီကောင်စောက်ရူးပါ၊စောက်ပေါပါ၊အလကားကောင်၊ဒီကောင့်ကိုဝိုင်းဆော်ကြကွာ၊ဆိုပြီးအုပ်စုဖွဲ့ပြီးဝိုင်းတိုက်ခိုက်ကြရမယ့်သဘောသဘာဝမျိုးမဖြစ်သင့်ပါဘူး။အဲဒီလိုအပြုအမူတွေဆိုတာဦးနှောက်ကောင်းနေတဲ့လူကောင်းတွေလုပ်လေ့မရှိပါဘူး။
ကမ္ဘာပေါ်မှာ၊လူသားအကျိုးပြုတဲ့သိပ္ပံဆိုင်ရာနည်းပညာ၊သီအိုရီအသစ်တွေကိုပညာရှင်တွေအမျိုးမျိုးကရှာဖွေတွေ့ရှိခဲ့ကြလို့ကမ္ဘာကြီးတိုးတက်နေရတာပါ။အဲဒါတွေအားလုံးကပညာရှင်တစ်ယောက်တည်းကလုပ်ခဲ့တာမဟုတ်ပဲအားလုံး၊တစ်ယောက်နဲ့တစ်ယောက်လက်ဆင့်ကမ်းပြီးတစ်ဆင့်ပြီးတစ်ဆင့်၊တိုးတက်အောင်ပူးပေါင်းပြီးကျိုးစားသုတေသနလုပ်လာခဲ့လို့ရလာတဲ့စည်းလုံးညီညွတ်မှု့ရဲ့ရလဒ်တစ်ခုပါ။
ပထမတစ်ယောက်က၊လူသားတွေအတွက်အကျိုးရှိနိုင်မယ့် (Hypothesis)တစ်ခုကိုချပြလိုက်တာကိုနောက်လူတွေကမှန်မမှန်သေချာလက်တွေ့သုတေသနတွေလုပ်ကြည့်လို့မှန်တယ်ဆိုရင်သီအိုရီတစ်ခုဖြစ်လာပါတယ်။မမှန်ရင်ပါယ်လိုက်ကြပါတယ်။မြန်မာလူငယ်တွေပညာရှင်တွေကိုဒီလိုပဲဖြစ်စေချင်တာပါ။ဒီနေရာမှာဆဲဆိုပြီးအကောင့်(Report)ဝိုင်းထုတယ်ဆိုတာ၊ကမ္ဘာမှာဘယ်နိုင်ငံ၊ဘယ်လူမျိုးတွေမှမလုပ်ပါဘူး။မြန်မာလူမျိုးတွေပဲလုပ်ပါတယ်။ဆရာဝန်တွေလုပ်တာဟာပိုပြီးရှက်စရာကောင်းပါတယ်။
တရုတ်နဲ့အနီးစပ်ဆုံးဆက်ဆံမှု့ရှိနေတဲ့မြန်မာနိုင်ငံကိုရောဂါမကူးစက်နိုင်သေးတာဟာအလွန်ထူးခြားနေလို့ြ့မန်မာလူမျိုးတွေရဲ့သွေးတွေထဲမှာ(Dengue)ကလာတဲ့(Anti Bodies)တွေများရှိနေလို့(COVID-19)ကိုတိုက်တိုက်ဆိုင်ဆိုင်သွားပြီးကာကွယ်ပေးနေတာများလားဆိုတဲ့(Hypothesis)တစ်ခုကိုကျွန်တော်ကချပေးလိုက်တာပါ။
ဒီထူးခြားနေတဲ့ကိစ္စကိုစိတ်ဝင်စားရင်ဟုတ်မဟုတ်မြန်မာပညာရှင်တွေ၊ဆရာဝန်တွေအားလုံးတစ်ညီတစ်ညွတ်တည်းဝိုင်းပြီးသုတေသနလုပ်သင့်တယ်ဆိုတဲ့အကြောင်းအကြံပြုလိုက်တာပါ။လူငယ်တွေဆိုတာဒီလိုပဲဖြစ်သင့်ပါတယ်။ဒါမှနိုင်ငံနဲ့လူမျိုးအတွက်အကျိုးရှိမှာပါ။ကိုယ်ကစိတ်မဝင်စားရင်တော့ကျော်သွားလို့ရပါတယ်။
ဒီကိစ္စကိုမကျေနပ်ဘူးလက်မခံနိုင်ဘူးဆိုရင်လဲသုတေသနတွေအရင်လုပ်ကြည့်လိုက်ပါ။သုတေသနလုပ်ကြည့်လို့မကိုက်ညီဘူး၊ငြင်းချက်ထုတ်ချင်တယ်ဆိုရင်အထောက်အထားတွေနဲ့ခိုင်ခိုင်မာမာ(Reference)တွေပြပြီးငြင်းပါ။အဲဒီလိုမလုပ်ပဲတစ်ယောက်နဲ့တစ်ယောက်(Mention)တွေလုပ်၊စစ်ကူတွေခေါ်ပီးတော့၊ဆဲဆို၊အုပ်စုဖွဲ့ကြပြီးကျွန်တော့်အကောင့်တွေကို(Report)ထုတိုက်ခိုက်ကြတယ်ဆိုတာဟာပညာရှင်မပီသတဲ့အပြင်၊ယောင်္ကျားပါမပီသတဲ့သိမ်ဖျင်းတဲ့လုပ်ရပ်တစ်ခုပါ။ဆရာဝန်ငယ်တွေအားလုံးကိုမဆိုလိုပါဘူး၊လုပ်တဲ့လူကိုယ့်ဟာကိုယ်သိမှာပါ။
နာမည်ရှေ့က(Dr)ဆိုတာလူတစ်ဦးတစ်ယောက်ထဲကိုကိုယ်စားပြုနေတာမဟုတ်ပဲဂုဏ်သရေရှိတဲ့ပညာရှင်လူတန်းစားတစ်ရပ်လုံးကိုကိုယ်စားပြုနေတာဖြစ်နေလို့ဆရာဝန်တွေပညာရှင်တွေဆိုတာသာမာန်လူတစ်ယောက်ထက်ပိုပြီးဆင်ခြင်၊ဂုဏ်သိက္ခာစောင့်ထိန်းရပါတယ်။နာမည်ရှေ့မှာအများပိုင်တဲ့(Dr)တပ်ပြီး၊ပြည်သူ့အကျိုးပြုအကောင့်တွေကိုခိုးကြောင်ခိုးဝှက်(Report)ထုဖျက်ဆီးပြစ်နေတာဟာတစ်ခြားသမားဂုဏ်မြောက်တဲ့ဆရာဝန်တွေအားလုံးရဲ့ဂုဏ်သိက္ခာကိုပါထိခိုက်စေနိုင်ပါတယ်။
—-
တကယ့်ပညာရှင်အစစ်၊သမားဂုဏ်မြောက်တဲ့ဆရာဝန်ဆိုတာဘယ်လိုလူမျိုးလဲဆိုတာကျွန်တော်ဥပမာတစ်ခုယှာဉ်ပြပါ့မယ်။ကိုမောင်မောင်ဦးရဲ့(Post)ကိုအောက်ကလင့်မှာဖတ်ကြည့်လိုက်ကြပါ။
ကျွန်တော်ရေးတဲ့(Hypothesis)ကိုသူဖတ်လိုက်ရပါတယ်။သူစိတ်မဝင်စားဘူးဆိုရင်ကျော်သွားလို့ရပါတယ်။သူစိတ်ဝင်စားတယ်ဆိုရင်တော့သူကိုယ်တိုင်ဟုတ်မဟုတ်သုတေသနလုပ်ကြည့်လို့ရပါတယ်။သူကစိတ်ဝင်စားသွားတော့(မြတ်စွာဘုရားဟောကာလမသုတ်အတိုင်း)သူကိုယ်တိုင်သုတေသနလုပ်ကြည်လိုက်တော့တိုက်ဆိုင်မှု့အဖြေတစ်ခုရလာပါတယ်။
ဘာတိုက်ဆိုင်မှု့လဲဆိုတော့ကျွန်တော့်ရဲ့(Hypothesis)အတိုင်းပါပဲကမ္ဘာပေါ်မှာ(Dengue)ခေါ်တဲ့သွေးလွန်တုတ်ကွေးအဖြစ်များတဲ့တိုင်းပြည်တိုင်းမှာ(COVID-19)ကူးစက်မှု့နည်းပြီး၊(dengue)တုတ်ကွေးအဖြစ်နည်းတဲ့တိုင်းပြည်တွေမှာ(COVID-19)ကူးစက်မှု့တွေများနေတာကိုတွေ့ရှိလိုက်ရပါတယ်။
ကျွန်တော့်ကိုဘလိုင်းကြီးလာထောက်ခံရေးနေတာမဟုတ်ပါဘူး။ကျွန်တော်ပြောတာမှားတယ်ဆိုရင်လဲသူကမှားပါတယ်လို့အထောက်အထားတွေနဲ့တိတိကျကျထောက်ပြမှာပါပဲ။အထောက်ထားခိုင်လုံတဲ့သုတေသနတွေသေချာလုပ်ပြီးမှပြောတာဖြစ်လို့ကျွန်တော့်ရဲ့ (Hypothesis)ကိုထောက်ခံသည်ဖြစ်စေ၊ဆန့်ကျင်သည်ဖြစ်စေကျွန်တော်လက်ခံရပါမယ်။လက်ခံရုံတင်နဲ့မပြီးသေးပါဘူး။ကျွန်တော့်(Hypothesis)ကိုအချိန်ကုန်ခံပြီးသုတေသနတွေလုပ်ပေးတဲ့အတွက်ကျေးဇူးလဲတင်ရပါမယ်။
သူ့ဆောင်းပါးမှာရေးထားတာကိုလဲဖတ်ကြည့်လိုက်ကြပါ။စာပုဒ်တိုင်းမှာသုတေသနလုပ်ထားတဲ့(Reference)လင့်တွေအကုန်ပါနေပါတယ်။လက်လွတ်စပါယ်ကိုယ်ထင်ရာကိုယ်ဝေဖန်ရေးနေတာမဟုတ်ပါဘူး။ကျွန်တော့်ရဲ့(Hypothesis)တစ်ခုကိုသူစိတ်ဝင်စားသွားလို့သေချာသုတေသနလုပ်ကြည့်လိုက်ပြီးပြည်သူတွေကိုအထောက်အထား(References)တွေနဲ့တင်ပြပေးထားပါတယ်။ဒါမှပညာရှင်ပါ၊ဒါမှသမားဂုဏ်နဲ့ပြည့်စုံတဲ့ဆရာဝန်တစ်ယောက်ပါ။နောက်ပေါက်ဆရာဝန်တွေကိုဒီလိုစိတ်ဓါတ်မျိုးကိုပဲအတုယူစေချင်ပါတယ်။
ပညာရှင်တွေဆိုတာဒီလိုတစ်ယောက်နဲ့တစ်ယောက်လက်တွဲပြီးအလုပ်လုပ်နေကြရတာသဘာဝပါ။ကျွန်တော့်ရဲ့(Hypothesis)ကိုတစ်ခြားပညာရှင်တစ်ယောက်ကစိတ်ဝင်တစား၊အချိန်ပေးပြီးသုတေသနလုပ်ပေးတယ်ဆိုတာအလွန်အကျိုးများတဲ့ပူးပေါင်းဆောင်ရွက်မှု့တစ်ခုပါပဲ။ဒီသဘာဝကိုနောက်ပေါက်ဆရာဝန်ငယ်တွေအတွက်အတုယူစေချင်ပါတယ်။
ဒါနဲ့မပြီးသေးပါဘူး။ကိုမောင်မောင်ဦးပို့စ်ကိုသေချာပြန်ဖတ်ကြည့်လိုက်ပါဦး။တခြားသူတွေအတွက်ကိုမောင်မောင်ဦးက(Dengue Vaccine ကရောစွမ်းမလား)ဆိုတဲ့(Hypothesis)တစ်ခုပြန်ချပေးထားပါတယ်။တစ်လုံးထဲဆိုပေမဲ့အဓိပ္ပါယ်ကအလွန်လေးနက်ပါတယ်။
ဒီအဓိပ္ပါယ်ကိုကျွန်တော်နားလည်လိုက်တာကကျွန်တော်တို့တွေထင်ထားသလို(Dengue virus)ကြောင့်ဖြစ်တဲ့(anti bodies)တွေဟာ(COVID-19)ကိုကာကွယ်ပေးနိုင်ခဲ့မယ်ဆိုရင်၊ဒီတိုက်ဆိုင်မှု့တစ်ခုကြောင့်(Dengue Vaccine) ဟာကမ္ဘာပေါ်ကသန်းနဲ့ချီတဲ့လူတွေရဲ့အသက်တွေကိုများကယ်တင်ပေးနိုင်မလားလို့ဆိုတဲ့လေးနက်တဲ့အဓိပ္ပါယ်ကိုဆောင်နေပါတယ်။
ဘာပဲပြောပြော(COVID-19)ဆိုတာက၊မြန်မာနိုင်ငံကိုသာမကူးစက်နိုင်သေးတာပါ။အမေရိကန်အပါအဝင်တစ်ကမ္ဘာလုံးကသွေးပျက်နေအောင်ကိုကြောက်လှန့်နေကြရတဲ့ရောဂါပါ။ဒီနေရာမှာမြန်မာတွေရဲ့သွေးထဲမှာ(anti bodies)တွေလူတော်တော်များများမှာရှိနေပြီးသားဆိုတော့၊မြန်မာတွေကိုဘေးဖယ်ထားလို့ရရင်တောင်မှ၊တခြားနိုင်ငံကြီးတွေမှာအဲဒီ(Anti Body)တွေသွေးထဲမှာမရှိကြသေးပါဘူး။ဒါကြောင့်သူတို့တွေကို(Dengue Vaccine)ထိုးပေးလိုက်ရင်အထောက်အကူပြုပေးနိုင်မလားဆိုတဲ့(Hypothesis)ဟာအလွန်အဓိပ္ပါယ်ရှိပါတယ်။
အဲဒီမေးခွန်းကိုကျွန်တော်ကတော့မဖြေနိုင်သေးပါဘူး။ဘာကြောင့်လဲဆိုတော့(Dengue Viruses )ကလေးမျိုးရှိပါတယ်။အဲဒီလေးမျိုးထဲကဘယ်ဗိုင်းရပ်စ်တစ်မျိုးရဲ့(Anti Body)က(COVID-19)ကိုကာကွယ်နိုင်မလဲဆိုတာလဲသေချာမသိပါဘူး။ဒါတွေကိုသေချာသိနိုင်ဖို့အချိန်တွေပေးပြီးသုတေသနတွေအများကြီးလုပ်ဖို့လိုအပ်နေပါတယ်။
ဒီ(Dengue Vaccine)ဟာ(COVID-19)ကိုကာကွယ်နိုင်မလားဆိုတဲ့(Hypothesis)ကတော့တခြားနိုင်ငံကြီးတွေကဆေးပညာရှင်တွေအတွက်စိတ်ဝင်စားစရာကောင်းသလိုသုတေနလုပ်ကြည့်ဖို့လဲအလွန်သင့်လျှော်ပါတယ်။ဒါပေမဲ့ချမ်းသာပြီးတိုးတက်နေတဲ့နိုင်ငံကြီးတွေကဆင်းရဲပြီးမတိုးတက်တဲ့မြန်မာနိုင်ငံလိုနိုင်ငံငယ်ကလေးကဆရာဝန်တစ်ယောက်ရဲ့ (Hypothesis)ကိုဂရုစိုက်စရာမလိုပါဘူးကွာဆိုပြီးတော့အထင်သေးပြီးစိတ်မဝင်စားဘူး၊ကျော်သွားမယ်ဆိုရင်တော့သူတို့တွေပဲဒုက္ခရောက်ကြရမှာပါ။
ဘာပဲပြောပြောဒီ(Hypothesis)လေးတစ်ခုကိုလျော့မတွက်ကြပဲပညာရှင်တွေသေချာသုတေသနလုပ်မယ်ဆိုရင်(Dengue Vaccine)ဟာတစ်ကမ္ဘာလုံးကလူတွေသန်းပေါင်းများစွာရဲ့အသက်ကိုကယ်တင်ပေးကောင်းပေးနိုင်ပါလိမ့်မယ်။ဒီတိုက်ဆိုင်မှု့ဟာအလွန်ဖြစ်ခဲပေမယ့်၊မဖြစ်နိုင်ဘူးလို့တော့မပြောနိုင်ပါဘူး။
Kelvin Albert Power
Shopping Cart