Source from Kelvin A. Power’s Facebook on October 7, 2020
ဆေးလှူဒါန်းခြင်းသည်အလွန်မြင့်မြတ်သောအလှူတစ်ခုဖြစ်သည်။
သူတပါးကျန်းမာရေးအတွက်ဆေးလှူဒါန်းတယ်ဆိုတာဗုဒ္ဓဘာသာဝင်တွေအတွက်ပဲမြင့်မြတ်တဲ့အလှူတစ်ခုလို့မဆိုလိုပါဘူး။ဘယ်ဘာသာဝင်ဖြစ်ဖြစ်၊ဘာသာရှိရှိ၊မရှိရှိ၊ဆေးအလှူဆိုတာကောင်းတဲ့အလှူ၊အကျိုးရှိတဲ့အလှူဆိုတာလူတိုင်းနားလည်ပြီးသားပါ။ဘာသာတိုင်းက(God)တိုင်းကလဲ၊ဒီလိုအလှူမျိုးကိုကောင်းချီးပေးပါတယ်။
—
အခုလို(COVID)အချိန်မှာခန္ဓာကိုယ်ရဲ့ခုခံအား(Immune System)ကောင်းဖို့ဆိုတာအလွန်အင်မတန်မှကိုအရေးကြီးနေပါတယ်။ပုံမှာဖေါ်ပြထားတဲ့ဗီတာမင်အစုံအလင်(Multivitamins)တွေနဲ့သတ္တုဓါတ်(Minerals)မျိုးစုံတွေဆိုတာလူတိုင်းမှာမရှိမဖြစ်လိုအပ်နေပါတယ်။ဒီဗီတာမင်တွေနဲ့သတ္တုဓါတ်တွေထဲကတစ်ခုခုချွတ်ယွင်းသွားရင်၊ခုခံမှု့အားကိုလျော့နည်းပျက်စီးစေနိုင်ပါတယ်။ဒီအကြောင်းအချက်ကြောင့်(Men & Women Multivitamins)ဆေးပုလင်းတွေကိုဒီအချိန်မှာလှူဒါန်းပေးဖို့ကျွန်တော်ဆုံးဖြတ်ထားပါတယ်။
—
(COVID19)ဖြစ်လာတော့(American Best)ကအရင်လိုဆေးမလှူနိုင်တော့ပဲရပ်ထားနေရပါတယ်။အခက်အခဲကဘာတွေလဲဆိုတော့၊ဆေးသီးသန့်လှူပေးဖို့ဘယ်သူ့ကိုမှလဲအကူအညီထပ်မတောင်းချင်တော့ဘူး။အရင်လှူပေးနေကြအကိုတစ်ယောက်ကိုလဲအကူအညီထပ်မတောင်းချင်တော့ဘူး။ဘာကြောင့်လဲဆိုတော့၊ဒီရောဂါပိုးကဘယ်သူ့ဆီမှာရှိနေပြီဆိုတာရောဂါလက္ခဏာမပြလို့ဘယ်လိုမှမသိနိုင်တာ။
—
(COVID19)အချိန်မှာဆေးအလှူတွေဖြန့်ဖြူးပေးရတယ်ဆိုတာကလဲလူပေါင်းစုံနဲ့တွေ့ရတာမဟုတ်လား၊မတော်တဆေးလှူရင်းနဲ့တစ်ယောက်ကိုတစ်ယောက်ကူးစက်သွားမယ်ဆိုရင်၊ကောင်းစေချင်လို့၊ကောင်းတာလုပ်နေရင်းနဲ့၊ကောင်းကျိုးမရပဲ၊ဆိုးကျိုးတွေဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်အလှူတွေကိုရပ်တန့်ထားခဲ့ရတာအတော်ကြာနေပါပြီ။
—
ဒါပေမယ့်ဆေးမလှူပဲဒီလိုရေရှည်ရပ်ထားလို့လဲမဖြစ်ပြန်ဘူး၊(Covid)မကူးစက်နိုင်တဲ့နည်းလမ်းတစ်ခုရှာဖွေပြီးပြန်ကိုလှူရတော့မယ်။နောက်တစ်ခုကအရင်တုံးကဆေးလှူရင်ရန်ကုန်တစ်မြို့ထဲပဲအများဆုံးလှူဖြစ်နေတယ်။ကျန်တဲ့နယ်မြို့တွေကလူတွေကြတော့ဆေးအလှူခံနိုင်တဲ့အခွင့်အရေးမရနိုင်ခဲ့ကြပါဘူး။နယ်မြို့တွေအထိလက်လမ်းမှီနိုင်တဲ့နည်းလမ်းသစ်တစ်ခုလဲစဉ်းစားရပါတော့မယ်။
—
အရင်ကတော့ကိုပြည်ဟိန်းထက်တစ်ယောက်ထဲမနိုင်မနင်းဖြစ်နေတော့၊အလှူကိစ္စအတွက်လဲသူ့ကိုမခိုင်းချင်ဘူး။အခုမသန္တာဆွေကဝင်ရောက်ပြီးလုပ်အားပေးတယ်ဆိုတော့နှစ်ယောက်ဖြစ်သွားပြီ၊အဲဒီလိုလူနှစ်ယောက်ဖြစ်သွားပြီဆိုတဲ့အကျိုးကတော့အလှူလုပ်ငန်းတွေပြန်စလို့ရသွားတာပေါ့။ဒီအကျိုးကျေးဇူးဟာဝင်ရောက်လုပ်အားပေးသူတင်မကပဲလူတိုင်းအတွက်အကျိုးကျေးဇူးရတော့မှာပါ။
—
အခြေအနေတစ်ရပ်ကြောင့်၊အရင်ကလိုလူတစ်ဦးချင်းတွေ့ဆုံပြီးဆေးလှူရတဲ့နည်းလမ်းကိုမသုံးတော့ပဲ၊လူခြင်းလဲတွေ့စရာမလိုတဲ့နည်း၊တစ်ယောက်ခြင်းစီကိုလဲအရင်ကလို(Group)ထဲမှာစာရင်းကောက်ပေးနေစရာမလိုတော့ပဲအသံတိတ်နည်းနဲ့အလှူဖြစ်မြောက်စေမယ့်နည်းအသစ်တစ်ခုနဲ့ပဲလှူရပါတော့မယ်။အဓိကလိုချင်တာကကိုယ်လှူတဲ့ဆေးကလိုအပ်သူတွေကိုကောင်းကျိုးပြုနိုင်ဖို့ပဲလေ၊လှူတယ်ဆိုတာလူသိစရာမှမလိုတာ၊အသံတိတ်လှူလဲအလှူဖြစ်တာပဲမဟုတ်လား?။
—
နောက်တစ်ခုက၊ဒီအလှူတွေအတွက်၊အလှူရှင်တွေဆိုတာကလဲတစ်ခြားလူတွေမဟုတ်ပါဘူး။(American Best)မှာအမြဲဆေးဝယ်သုံးနေတဲ့(customers)တွေဖြစ်နေကြတဲ့(ဝယ်ယူသူ)ခင်ဗျားတို့တွေပါပဲ။ဘာကြောင့်ဒီလိုဆိုရသလဲဆိုတော့ခင်ဗျားတို့တွေဆီကရတဲ့အမြတ်အစွန်းရဲ့၊တချို့တဝက်ကိုပြန်ပြီးဖဲ့လှူတာမဟုတ်ဘူးလား?။ခင်ဗျားတို့ဆီကရတဲ့အမြတ်အစွန်းမပါပဲကျွန်တော်တစ်ယောက်ထဲအိပ်စိုက်လှူမယ်ဆိုရင်ရေရှည်ဘယ်လိုရပ်တည်နိုင်မှာလဲ။
—
အဓိကပြောချင်တာက(American Best)မှာဆေးဝယ်နေသူတွေဟာ၊အဓိကအလှူရှင်တွေဖြစ်နေကြပါတယ်။ဒါကြောင့်ခင်ဗျားတို့ကိုအကူအညီတစ်ခုတောင်းချင်ပါတယ်။(အကူအညီတောင်းတော့မယ်ဆိုတော့အားလုံးက၊ဆရာကတော့၊ငါတို့ကိုအလှူများခံတော့မလား၊ဒါမှမဟုတ်ငါတို့မအားရတဲ့ကြားထဲက၊မလုပ်ပေးနိုင်တာတခုခုခိုင်းဦးမလားဆိုပြီးတော့လန့်ကုန်ကြပါဦးမယ်။)မလန့်ကြပါနဲ့အလှူငွေလဲမကောက်ခံပါဘူး။မလုပ်နိုင်တဲ့အပန်းကြီးတဲ့ကိစ္စလဲမခိုင်းပါဘူး။ခင်ဗျားတို့တွေကိုကုသိုလ်တွေအပြည့်အဝရအောင်ပေးချင်တဲ့စေတနာစိတ်နဲ့ဒီလိုအကူအညီတောင်းခံတာပါပဲ။
—
ဆိုလိုချင်တာကခင်ဗျားတို့တွေဆေးဝယ်လိုက်လို့ရလာတဲ့အမြတ်အစွန်းကနေပြန်လှူနေတာဖြစ်လို့၊ခင်ဗျားတို့တွေရဲ့ကိုယ်ပိုင်အလှူဝတ္တုပစ္စည်းတွေဆိုရင်လဲမမှားပါဘူး။ခင်ဗျားတို့တွေရဲ့ကိုယ်ပိုင်အလှူဝတ္တုပစ္စည်းတွေကိုပိုင်ရှင်တွေဖြစ်ကြတဲ့ခင်ဗျားတို့ကိုယ်တိုင်လက်နဲ့ကိုင်ပြီး၊အလိုရှိတဲ့နေရာ၊အလိုရှိတဲ့သူတွေဆီကိုကိုယ်တိုင်ပြန်ပြီးလှူစေချင်ပါတယ်။ဥစ္စာရှင်ကိုယ်တိုင်လက်နဲ့ထိတွေ့ပြီးပြန်လှူတာကတော့(ကာယကံ၊ဝစီကံ၊မနောကံ)ဆိုတဲ့ကံကြီးသုံးပါးစလုံးစုံညီနေအောင်ပါဝင်သွားပြီဆိုတော့၊သူများလှူပေးတာနဲ့စာရင်ပိုပြီးကုသိုလ်တန်ဖိုးအဆပေါင်းများစွာကြီးမားသွားနိုင်ပါတယ်။
—
ကျွန်တော်လုပ်ချင်တဲ့အစီအစဉ်က၊လူခြင်းလဲတွေ့စရာမလို၊ရန်ကုန်တစ်မြို့ထဲလဲမဟုတ်တော့ပဲ၊နယ်မြို့တွေကိုပါစုံစေ့အောင်ရောက်နိုင်တဲ့နည်းနဲ့လှူပေးချင်ပါတယ်။အဲဒီအစီအစဉ်ကဘယ်လိုလဲဆိုတော့(American Best)ကနေဆေးမှာဝယ်ယူသူတွေကိုအလှူပစ္စည်းတွေ(အချိုးကျ)ထည့်ပေးလိုက်ချင်လို့ပါပဲ။ခင်ဗျားတို့ဝယ်တဲ့ပစ္စည်းတွေနဲ့အတူကျွန်တော်လှူချင်တဲ့ပစ္စည်းတွေပါထည့်ပေးပါရစေ။ထည့်ပေးခွင့်ပြုပါ။
—
ဒီအလှူပစ္စည်းတွေကိုခင်ဗျားတို့ကနေတဆင့်ကြိုက်တဲ့လူတွေကိုပြန်လှူပါ။ဘယ်လိုလူမျိုးကိုလူရမယ်ဆိုတာကျွန်တော်ဘာမှမသတ်မှတ်ထားပါဘူး။ကိုယ့်မိဘတွေ၊မောင်နှမတွေ၊ဆွေမျိုးသားချင်းတွေလိုအပ်ရင်လဲလှူလို့ရပါတယ်။သူငယ်ချင်းမိတ်ဆွေတွေကိုပြန်လှူချင်လဲရပါတယ်။ဘာမှမတော်စပ်၊မသိကျွမ်းတဲ့မရှိဆင်းရဲသူ၊လိုအပ်မည့်သူတွေကိုပြန်လှူချင်လဲရပါတယ်။ဘယ်သူတွေကိုလှူရင်ပိုပြီးကုသိုလ်ရမယ်။အဲဒီလိုလူတွေအတွက်အကျိုးကျေးဇူးရှိမယ်ဆိုတာကတော့ခင်ဗျားတို့အလှူရှင်တွေကိုယ်တိုင်၊ကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်ကြပါ။
—
အလှူပစ္စည်းပို့ပေးတယ်ဆိုတာကလဲအနည်းအများတော့ကန့်သတ်မှု့ရှိပါမယ်။ဘာလိုချင်တယ်၊ဘယ်လောက်လိုချင်တယ်ဆိုတာကိုဘယ်သူမှတော့တောင်းပိုင်ခွင့်မရှိပါဘူး။ဘာကြောင့်လဲဆိုတော့တချို့အခွင့်အရေးသမားတွေကဆေးလေးတစ်ပုလင်းလောက်ဝယ်ပြီး၊အလှူပစ္စည်းတွေအများကြီးလိုချင်တာတို့၊ဟိုဟာမလိုချင်ဘူး။ဒီဟာလိုချင်တယ်စသည်ဖြင့်ဂျီးများတာတို့၊စောဒကတက်တာတို့ဖြစ်လာရင်၊အလှူပစ္စည်းထည့်ပေးရတဲ့သူလဲစိတ်ဆင်းရဲရမယ်။ကုသိုလ်ကလဲအလိုလိုအကုသိုလ်ဖြစ်သွားပါလိမ့်မယ်ဆိုတာနားလည်စေချင်ပါတယ်။
—
ဘယ်သူ့ကိုဘာတွေထည့်လှူပေးရမယ်။ဘယ်လောက်ထည့်ပေးရမယ်တိုတာ၊ကိုပြည်ဟိန်းထက်မှာဆုံးဖြတ်ပိုင်ခွင့်မရှိသလို၊ကျွန်တော်ကလဲမျက်နှာလိုက်ပြီးတော့ဆုံးဖြတ်ပေးမှာမဟုတ်ပါဘူး။လူအများနဲ့ဆက်ဆံရတဲ့ကိစ္စဖြစ်လို့ကျွန်တော်ကိုယ်တိုင်ထုတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတစ်ခုထားရပါမယ်။ဒါမှသာတရားမျှတပြီး၊အလှူရှင်တွေလဲစိတ်ကျေနပ်ဝမ်းသာမှာဖြစ်ပါတယ်။
—
အဓိကထားပြီးထပ်ပြောချင်တာက၊ဒီပစ္စည်းတွေရဲ့အလှူရှင်အစစ်တွေဟာ(American Best)ကဆေးပစ္စည်းတွေဝယ်ယူနေကြတဲ့(ဝယ်ယူသူ)တွေသာဖြစ်ပါတယ်။သူတို့ဝယ်တဲ့ငွေပမာဏထဲကအမြတ်အစွန်းကို၊တစ်ချို့တစ်ဝက်ပြန်ဖဲ့ပြီးလှူရတာဖြစ်ပါတယ်။သူတို့တွေဆီကရတဲ့ငွေကြေးပမာဏနဲ့ဒီအလှူပြန်ပြီးစီစဉ်ပေးရတာဖြစ်လို့ငွေကြေးပမာဏများများဝယ်ယူသူတွေကိုအလှူပစ္စည်းတွေပိုထည့်ပေးပြီး၊ငွေကြေးပမာဏနည်းနည်းပဲဝယ်ယူသူတွေကိုကျတော့အလှူပစ္စည်းတွေကိုလျှော့ထည့်ပေးမှသာလျှင်တရားမျှတပြီးသဘာဝကျပါလိမ့်မယ်။
—
ဥပမာပြောရရင်၊(customer)တစ်ယောက်က(ငါးသောင်းကျပ်)ဖိုးဝယ်ယူတယ်ဆိုကြပါစို့။သူ့ငါးသောင်းထဲကအမြတ်တန်ဖိုး(၁)တန်ဖိုးရှိတဲ့ပစ္စည်းတွေကိုပြန်ပြီးလှူဒါန်းပေးရမယ်ဆိုရင်၊တခြားလူတစ်ယောက်ကပထမလူရဲ့ဆယ်ဆ(ငါးသိန်းကျပ်)ဖိုးဝယ်တယ်ဆိုရင်၊အလှူထဲမှာပါဝင်တဲ့သူ့ငွေရဲ့အချိုးအစားကများသွားလို့(၁၀) တန်ဖိုးရှိတဲ့ပစ္စည်းတွေကိုပြန်ပြီးလှူဒါန်းပေးရပါမယ်။ဒါမှတရားမျှတမှာဖြစ်ပါတယ်။
—
ဆေးလေးတစ်ပုလင်း၊နှစ်ပုလင်းလောက်ဝယ်ပြီး၊အလှူပစ္စည်းတွေအများကြီးတောင်းလို့မရသလို၊ဆေးတွေအများကြီးဝယ်ရင်လဲမတောင်းပဲနဲ့လဲအလှူပစ္စည်းတွေပိုပြီးထည့်ပေးဖို့ကျွန်တော်တို့မှာတာဝန်ဝတ္တရားရှိနေပါတယ်။သူတို့ဆီကရတဲ့ငွေပမာဏရဲ့အမြတ်အစွန်းအပေါ်မှာမူတည်ပြီးသူတို့တွေကိုပြန်လှူစေနိုင်ဖို့ပစ္စည်းတွေစီစဉ်ပေးရတာဖြစ်လို့ဝယ်တဲ့ငွေပမာဏအနည်းအများအပေါ်မူတည်ပြီးလှူပေးရတဲ့ပစ္စည်းအရေအတွက်ကွာခြားနိုင်ပါတယ်။ဒီလိုလုပ်မှသာလျှင်တရားမျှတမှာဖြစ်ပါတယ်။
—
နောက်တစ်ခုက(USA)ကနေမြန်မာပြည်ကိုပစ္စည်းပို့ရာမှာတခါတလေမှာအခက်အခဲလေးတွေရှိတတ်သလို၊ကြန့်ကြာတတ်ပြီးပစ္စည်းတွေလဲပြတ်လေ့ရှိပါတယ်။ဒါကြောင့်အလှူပစ္စည်းတွေလဲမကြာခဏပြတ်လတ်နိုင်ပါတယ်။အလှူပစ္စည်းတွေပြတ်နေချိန်မှာတော့ဘယ်သူ့ကိုမှထည့်သွင်းပြီးလှူဒါန်းပေးနိုင်မှာမဟုတ်ပါဘူး။ပြီးတော့ဘယ်လိုအမျိုးအစားအလှူပစ္စည်းတွေရောက်လာမယ်ဆိုတာကလဲဘာမှကိုအာမခံပြီးကြိုတင်မပြောနိုင်ပါဘူး။ဒါကြောင့်အလှူပစ္စည်းပြတ်နေလို့ထည့်မပေးနိုင်တဲ့အခါတွေမှာလဲနားလည်ခွင့်လွတ်ပေးကြဖို့ကြိုတင်တောင်းပန်ထားပါရစေ။
—
နောက်တခုက၊ဂျီးများနေမယ်၊ဟိုဟာမလိုချင်ဘူး။ဒီဟာမလိုချင်ဘူးလုပ်နေရင်တော့အားလုံးကိုစိတ်အနှောင့်အယှက်ဖြစ်စေပါမယ်။ရှိနေတဲ့အလှူပစ္စည်းတွေထဲကအဆင်ပြေအောင်ထည့်လှူပေးရမှာဖြစ်လို့ဂျီးများတာတွေကိုလက်မခံပါ။ကုသိုလ်လိုချင်လို့လုပ်တဲ့အလုပ်တွေဟာ၊လောဘကြောင့်အကုသိုလ်တွေဖြစ်မသွားစေချင်ပါ။ဒါကြောင့်ကိုပြည်ဟိန်းထက်ကို၊ဒီဟာမလိုချင်ဘူး။ဟိုဟာရချင်တယ်ဆိုပြီးသွားဈေးဆစ်ပိုင်ခွင့်မရှိပါဘူး။
—
အရင်ကထုတ်ပိုးပြီးသား၊ပို့ပြီးသားပစ္စည်းတွေမှာတော့အလှူပစ္စည်းတွေချက်ခြင်းထည့်ပေးဖို့မဖြစ်နိုင်ရင်တောင်၊မကြာခင်မှာပဲပို့တဲ့အထုတ်သစ်တွေနဲ့အော်ဒါအသစ်တွေမှာအလှူပစ္စည်းတွေပါဝင်ထည့်သွင်းပေးနိုင်ဖို့ကျိုးစားပေးပါမယ်။
—
ကိုယ့်ဆေးတွေဝယ်လို့ရတဲ့အမြတ်အစွန်းကနေဖြစ်လာတဲ့၊အလှူပစ္စည်းတွေကိုမိမိတို့ကိုယ်တိုင်လက်နဲ့ကိုင်ဆောင်ပြီး(ကာယကံ၊ဝစီကံ၊မနောကံ)ဟူသောစေတနာ(၃)တန်ပြဌာန်းပြီးအကျိုးရှိမည့်သူများအတွက်ပြန်လည်လှူဒါန်းနိုင်ကြပါစေ၊ဒီအလှူကြောင့်တူသောအကျိုးကျေးဇူးတွေရရှိနိုင်ကြပါစေ။ဤအလှူအကျိုးကြောင့်၊အားလုံးကျန်းမာ၍ဘေးရန်ကင်းရှင်းကြပါစေ၊အသက်ရှည်ကြပါစေ။ကပ်ရောဂါဘေးကင်းဝေးကြပါစေ။ကိုယ်မလှူနိုင်လို့သာဓုခေါ်သူများလဲတူသောအကျိုးကိုရရှိကြပါစေ။
—
Kelvin Albert Power