Donations

Source from Kelvin A. Power’s on Facebook on November 14, 2020
(COVID)အရေးပေါ်အလှူပစ္စည်းများ(Customs)အသိမ်းခံလိုက်ရသလားမသိ၊သတင်းသေချာမရ၊ပျောက်ဆုံးနေ။
ပစ္စည်းပို့ပေးတဲ့(Agent)ကအရေးပေါ်(COVID)အတွက်မြန်မာပြည်ကို(USA)ကပို့လိုက်တဲ့မရှိမဖြစ်လိုအပ်တဲ့ဆေးဝါးတွေအကုန်လုံး(Customs)ကသိမ်းပြစ်တယ်လို့အရင်တစ်ခေါက်ဆက်သွယ်တုံးကပြောပြပါတယ်။
အသိမ်းခံလိုက်ရတဲ့ပစ္စည်းတွေထဲမှာ(American Best)ကပစ္စည်းတွေပါသွားသလား၊မပါသွားဘူးလားဘာမှသေချာမသိရသေးပါ။လောလောဆယ်နောက်ဆုံးအခြေအနေကတော့၊ပစ္စည်းပို့ပေးတဲ့(Agent)ကိုဖုံးခေါ်၍မရ၊ဖုံးမကိုင်တော့ပါ။ဒါကြောင့်ရက်အနည်းငယ်စောင့်ကြည့်ပြီး၊ပစ္စည်းပို့ပေးတဲ့(Agent)ကိုအဆက်အသွယ်ပြန်ရပြီးတော့အဖြေအတိအကျသိရတော့မှပြန်ပြောပေးပါမယ်။
သိမ်းပြစ်တဲ့ပစ္စည်းတွေကိုမကြာခင်ခိုးကြောင်ခိုးဝက်နဲ့ဈေးကွက်မှာပြန်ထုတ်ရောင်းတတ်တဲ့(Customs)တချို့တွေရဲ့အကျင့်ဆိုးလေးတွေကလဲ၊ဦးနေဝင်းနှင့်စစ်အစိုးရလက်ထက်ကနေစပြီးအခုအချိန်အထိမပြောင်းလဲသေးပါ။ပြောင်းလဲသင့်နေပါပြီ။(Customs အားလုံးကိုတော့မဆိုလိုပါ၊နေရာတိုင်းမှာလူကောင်းလူဆိုး၊နှစ်မျိုးရှိနေပါသည်။)
ကျွန်တော်တို့မြန်မာပြည်ကိုပို့လိုက်တဲ့အရေးပေါ်အလှူပစ္စည်း(Vitamin D)တွေနဲ့၊အခြားအလှူပစ္စည်း(Men & Women Multivitamins)တွေအများဆုံးပါသွားတဲ့အသုတ်ဟာပို့လိုက်တာတစ်လနီးပါးတောင်ကြာသွားခဲ့ပါပြီ၊မြန်မာပြည်က(Customs)သိမ်းပြစ်သလား၊ဘယ်ရောက်နေလဲဆိုတာဘာမှသေချာတိတိကျကျမသိရသေးပါ။
ဒါပေမယ့်တစ်ခုတော့ရှိပါတယ်။(American Best)ပစ္စည်းတွေကိုသိမ်းပိုက်ပြီးသူခိုးဈေးနဲ့ဈေးမှာပြန်ရောင်းတယ်ကြားရရင်တော့အထုတ်၊အထည်နဲ့လက်ပူးလက်ကြပ်မိမှာပါပဲ။ဘာကြောင့်လဲဆိုတော့(American Best)ပစ္စည်းတွေကိုအပြင်မှာဘယ်သူ့ကိုမှရောင်းခွင့်ပြုမထားပါ။ခိုးရောင်းနေတာတွေ့ရင်ချက်ခြင်းသတင်းပို့ကြပါ။အဲဒီကနေကွင်းဆက်လိုက်ရင်(CCustoms)အမျိုးတွေအကုန်ရှာတွေ့မှာပါပဲ။
နောက်ထပ်(USA)မှမြန်မာပြည်သို့ပို့ထားတဲ့ပစ္စည်းအသစ်တွေကိုလည်း၊ပစ္စည်းပို့ပေးတဲ့(Agent)ကဆက်လက်ပို့ဆောင်မှု့မပြုတော့ပဲခေတ္တရပ်တန့်ထားပါသည်။ဘယ်တော့မှပြန်၍ပို့ပေးမည်ကိုလဲတိတိကျကျမသိရသေးပါ။
ပစ္စည်းပို့ပေးတဲ့(Agent)ကအသိမ်းခံလိုက်ရတဲ့ပစ္စည်းတွေထဲမှာ(American Best)ပစ္စည်းတွေပါသွားသလား၊(COVID)အရေးပေါ်အလှူပစ္စည်းတွေအားလုံး(Customs)စာမိသွားသလားဆိုတာတိတိကျကျသေချာမသိရသေးပေမယ့်၊လောလောဆယ်အလှူပစ္စည်းတွေလက်ထဲမှာလုံးဝမကျန်ရှိတော့ပါ။
အလှူပစ္စည်းများနှင့်အတူ(Fish Collagen)များလဲပါသွားပါသည်။ပစ္စည်းပို့ပေးတဲ့(Agent)ကလဲဘာမှတိတိကျကျအဖြေမပေးနိုင်သေးလို့အခြားအရေးကြီးဆေးအမျိုးမျိုးလဲသတင်းပျောက်နေပါသည်။
လောလောဆယ်အခက်အခဲကလက်ရှိမြန်မာပြည်တွင်ရှိနေသောပစ္စည်းများအားလုံးခေတ္တပြတ်တောက်သွားနိုင်ပါသည်။ထို့ကြောင့်(Fish Collagen)များကိုစောင့်၍(Order)မှာထားသူများမစောင့်ကြပါနှင့်၊အဲဒါကိုစောင့်နေရင်တခြားအရေးကြီးတဲ့ပစ္စည်းတွေပါကိုယ်မရလိုက်ဘူးဖြစ်နိုင်ပါတယ်။
နောက်တစ်ခုက၊အခုနောက်ထပ်ပို့တဲ့ပစ္စည်းတွေမှာ၊အလှူပစ္စည်းတွေကိုမထည့်ပေးနိုင်တော့တာကိုအားလုံးခွင့်လွတ်နားလည်ပေးကြပါခင်ဗျား။နောက်ထပ်အသစ်ပို့လိုက်တဲ့အလှူပစ္စည်းတွေအားလုံးဘယ်ရောက်သွားပြီလဲမသိပျောက်ဆုံးနေပါသည်။
ထပ်မံဖြည့်စွတ်ခြင်း။(Customs)နဲ့ပြဿနာတက်တယ်ဆိုတာကျွန်တော်တစ်ယောက်တည်းမဟုတ်ပါဘူး။ကျွန်တော့်ပစ္စည်းတွေက(7 boxes)လောက်ပဲဆိုတော့အနည်းငယ်လေးပါ။ကျွန်တော်ပို့တဲ့(Agent)နဲ့ပို့ထားတဲ့၊တခြားလူတွေရဲ့ပစ္စည်းတွေက(boxes)ပေါင်းရာချီပါလိမ့်မယ်။ကိုယ့်တစ်ယောက်တည်းငြိတာတော့မဟုတ်ပါဘူး။လောလောဆယ်တော့(Agent)ကအကြောင်းပြန်တာကိုပဲစောင့်နေရပါတယ်။
အားလုံးကျန်းမာ၍ဘေးရန်ကင်းရှင်းကြပါစေ။
Kelvin Albert Power
Shopping Cart