Donations

Source from Kelvin A. Power’s Facebook on September 29, 2019

လှူမဲ့ဆေးတွေ(USA)ကနေမြန်မာပြည်ကိုဒီတပါတ်ရောက်လာပါပြီ။အခုတကြိမ်မှာလည်းဆေးနှစ်မျိုးကိုထပ်ပြီးလှူဒါန်းသွားမှာဖြစ်ပါတယ်။ဒီနေ့ပဲ(Group)ထဲမှာမကြာခင်ကြေငြာပေးပါမယ်။အမှန်တကယ်လိုအပ်နေသောရဟန်းသံဃာ၊သီလရှင်များ၊ဆင်းရဲနွမ်းပါးသောသက်ကြီးရွယ်အိုများ၊၊ဒုက္ခရောက်နေသူများကိုမေတ္တာထား၍ဦးစားပေးကြပါရန်မေတ္တာရပ်ခံပါတယ်။

လှူခဲ့တဲ့နောက်ဆုံးတစ်ခေါက်ကလွဲပြီး၊အရင်အခေါက်အလှူတွေမှာတုံးကအလှူလာခံတဲ့ပုဂ္ဂိုလ်တွေထဲမှာ မကျန်းမာတဲ့သက်ကြီးရွယ်အိုတွေ၊ရဟန်းသံဃာတွေ၊သီလရှင်တွေ၊ဆင်းရဲသားတွေ၊ဆွံ့အနားမကြားမသန်စွမ်းသူတွေ၊မိမိထက်ပိုပြီးလိုအပ်နေတဲ့လူတွေအတွက်မရလိုက်မှာစိုးလို့မိမိအလှူမခံပဲရှောင်ပေးလိုက်တဲ့လူတွေ၊မိမိရတာတွေကိုပိုလိုအပ်တဲ့လူတွေကိုတဆင့်ပြန်လှူပေးကြတဲ့လူတွေဆိုပြီးတော့ပရဟိတစိတ်ဓါတ်မြင့်မြတ်တဲ့လူပေါင်းစုံကိုတွေ့နေရတော့ရင်ထဲမှာအရမ်းကိုပီတိဖြစ်ပြီးဝမ်းသာကြည်နူးဂုဏ်ယူလို့မဆုံးခဲ့ပါဘူး။

အားလုံးနေကောင်းကျန်းမာအသက်ရှည်ကြပြီး၊အများအကျိုးသယ်ပိုးနိုင်ကြပါစေ။

Kelvin Albert Power

Shopping Cart