Donations

Source from Kelvin Power’s Facebook on August 29, 2019

ကျွန်တော်လှူဒါန်းပို့ပေးလိုက်သောဆေးပစ္စည်းများအနက်မှ(Vitamin D3) အကြောင်းကိုနဲနဲလေးပြောချင်ပါတယ်။

ကျွန်တော်တို့ရဲ့(D3)ဟာအရည်အသွေးပြည့်မှီပါတယ်။ကျွန်တော်တို့ (Vitamin D3)ကိုသောက်လိုက်တာနဲ့မကြာမှီရက်ပိုင်းအတွင်းမှာသွေးထဲက(vitamin d level 25 hydroxy)တန်ဖိုးသိသိသာသာတိုးတက်ပြောင်းလဲလာနိုင်ပါတယ်။

တစ်ပုလင်းကိုအလုံး(၃၀)ပါဝင်ပြီးတစ်လုံးကို(5,000IU)ပါ။တစ်နေ့တစ်လုံး(5000IU)သောက်ရင်တစ်လစာပါ။(10,000IU)လဲလိုအပ်ရင်လိုအပ်သလိုသောက်လို့ရပါတယ်။

ဗူးစုစုပေါင်း(50)ဗူးပဲလှူဒါန်းထားနိုင်သေးလို့၊ဆင်းရဲနွမ်းပါးသည့်သက်ကြီးရွယ်အို(၆၀)ကျော်များနှင့်ရဟန်းသံဃာ၊သီလရှင်များကိုဦးစားပေးဖို့မေတ္တာရပ်ခံတောင်းပန်အပ်ပါတယ်။
—–
လှူဒါန်းလိုက်သောဆေးများမြန်မာပြည်သို့ရောက်ရှိသွားပါက(https://www.facebook.com/groups/1369923443161697/) (Group)ထဲတွင်ကြေငြာပေးပါမည်။ထို(Group)ထဲတွင်ဆက်သွယ်၍စာရင်းပေးရန်နှင့်လာရောက်ထုတ်ယူရန်ဖုံးနံပါတ်လဲစီစဉ်ပေးပါမည်။

Vitamin D ဟာလူတိုင်းလိုလိုမှာချို့တဲ့နေတာများပါတယ်။Vitamin D3 ဟာကျန်းမာရေးအတွက်အကျိုးများလို့လူတိုင်းနီးပါးသောက်စေချင်လို့အရင်ကတည်းက
(Vitamin D ၏ထူးခြားသောအကျိုးကျေးဇူး(၁၆)ခု)
ဆိုပြီးပို့စ်ရေးထားပေးခဲ့ဖူးပါတယ်။
သေချာသွားပြီးဖတ်ကြည့်ကြပါ။လင့်ကဒီမှာပါ။
https://www.facebook.com/kelvin…/posts/116607732948976

Kelvin Albert Power
(Nutrition Specialist, Florida, USA)

Shopping Cart