Source from Kelvin A. Power’s Facebook on July 29, 2020
D3+K2+Magnesium.
ပထမဦးဆုံး(D3+K2)ကိစ္စကိုအရင်ပြောချင်ပါတယ်။လူတွေတော်တော်များများသိချင်နေကြတဲ့မေးခွန်းနှစ်ခုက၊
—
၁။(D3)နဲ့(K2)တွဲပြီးမသောက်ရင်ဘယ်လိုအန္တရာယ်မျိုးတွေဖြစ်နိုင်သပါလဲ?။
၂။(D3)နဲ့(K2)တွဲသောက်ရင်ကောဘယ်လောက်အကျိုးကျေးဇူးတွေပိုပြီးရရှိနိုင်မလဲ?
ဒီနေ့အားလုံးရှင်းသွားအောင်အဲဒီမေးခွန်းနှစ်ခုကိုကျွန်တော်အမှန်အတိုင်းဖြေပေးပါမယ်။
—
ပြဿနာကဒီလိုဗျ။လူတွေကကျွန်တော့်ကိုလာလာပြီးမေးနေကြတယ်။တချို့ဖြည့်စွတ်စာရောင်းနေကြတဲ့လူတွေဆီကနေ(D3)သွားဝယ်ရင်၊(D3)သောက်ပြီး(K2)မသောက်ဘူးဆိုရင်ဘာအန္တရာယ်ဖြစ်မယ်၊ညာအန္တရာယ်ဖြစ်မယ်ဆိုပြီးတော့ချိန်းခြောက်ပြီး(K2)ပါစပ်ပြီး၊ထည့်ရောင်းနေကြတယ်လို့လာပြောပြကြပါတယ်။ဖြည့်စွတ်စာရောင်းသူအားလုံးကိုတော့မဆိုလိုပါ။ရိုးရိုးသားသားရောင်းနေသူတွေအများကြီးရှိနေပါတယ်။
—
တချို့ဖြည့်စွတ်စာရောင်းသူတွေကဘာပြောလဲဆိုတော့(D3)သက်သက်ကြီးသောက်ပြီး(K2)လုံးဝမသောက်ရင်သွေးကြောတွေထဲမှာထုံးဓါတ်ကယ်လစီယမ်တွေပိတ်ခဲပြီး၊သွေးကြောပိတ်နိုင်တယ်လို့ဆိုကြပြန်ပါတယ်။သူတို့ပြောချင်တာက၊(D3)ကြောင့်(Calcium)တွေကိုပိုပြီးစုတ်ယူမယ်ပေါ့။(K2)မသောက်ရင်(Calcium)တွေကအရိုးထဲကိုရောက်မသွားပဲအသားတွေ၊သွေးကြောတွေ၊နှလုံးကြွက်သားတွေထဲကိုရောက်သွားပြီးသွေးကြောတွေပိတ်နိုင်တာကိုမသိကြဘူးလား၊စာမဖတ်ကြဘူးလား၊ဘာညာနဲ့ဟောက်ကြသေးတယ်ဆိုပဲဗျ။
—
ရှင်းရှင်းပြောရရင်၊(D3)ဆိုတာကဈေးအလွန်ပေါပြီး၊(K2)ဆိုတာကတော့ဈေးအလွန်ကြီးပါတယ်။ဈေးပေါတဲ့ပစ္စည်းကိုရောင်းတာနဲ့စာရင်ဈေးကြီးတဲ့ပစ္စည်းကိုစပ်ပြီးရောင်းလိုက်ရင်ပိုက်ဆံပိုရသလိုအမြတ်လဲပိုကျန်တယ်ဆိုတာကတော့လူတိုင်းသိပြီးသားပါ။(D3)ကို(K2)မပါပဲသောက်ရင်အလွန်အန္တရာယ်ရှိတယ်၊ဘာဖြစ်မယ်၊ညာဖြစ်မယ်လို့ဆိုပြီးပြောရောင်းတော့ငွေပိုရတာပေါ့ဗျာ။ဒါပေမယ့်(American Best)ကတော့အဲဒီလိုအလုပ်မျိုးဘယ်တော့မှမလုပ်ပါဘူး။
—
(Kelvin)ထူထောင်ထားတဲ့(American Best)ဆိုတာ၊တစ်ပြားတချပ်မှမရောင်းရချင်နေပါစေ၊ဘယ်တော့မှမမှန်တာကိုပြောမရောင်းပါဘူး။မှန်တာကိုမှန်တဲ့အတိုင်းပဲပြောရမှာပေါ့ဗျာ။ဘာကြောင့်လဲဆိုတော့(American Best)ကဆေးတွေကိုဝယ်သုံးနေတဲ့လူတွေထဲမှာရောဂါဝေဒနာတွေတစ်ကယ်ခံစားနေလို့အမှန်တကယ်ကိုဆေးတွေလိုအပ်နေပေမယ့်ငွေကြေးမတတ်နိုင်တဲ့လူတန်းစားတွေအများကြီးပါနေကြပါတယ်။ဒီလိုလူတွေကိုစာနာထောက်ထားပြီးငဲ့ညာရပါမယ်။ဒါကြောင့်ဆေးရောင်းရတာ၊မရောင်းရတာကိုဂရုမစိုက်ပဲအမှန်ကိုပဲပြောချင်ပါတယ်။အမှန်ကိုပြောမှသာလူတိုင်းကျန်းမာလာမှာဖြစ်ပါတယ်။
—
ဒါကြောင့်အထက်ပါမေးခွန်းနှစ်ကိုဖြေပေးရရင်၊
၁။(D3)နဲ့(K2)တွဲပြီးမသောက်ရင်ဘယ်လိုမျိုးအန္တရာယ်တွေဖြစ်နိုင်သပါလဲ?။လို့မေးလာရင်(10,000IU)နဲ့အောက်(Micro Grams)ပမာဏလောက်လေးနဲ့တော့ဘာအန္တရာယ်မှမဖြစ်နိုင်ပါဘူးလို့ပဲအမှန်အတိုင်းဖြေချင်ပါတယ်။(Grams)ကိုရာနဲ့ချီပြီးသို့မဟုတ်၊သိန်းနဲ့ချီတဲ့(IU)နေ့စဉ်သောက်ရင်တော့အန္တရယ်ရှိနိုင်ပါတယ်။လူတိုင်းနားလည်အောင်ဥပမာအတိုလေးပေးရရင်၊(D3)တစ်ခုတည်းသောက်လို့အန္တရာယ်ဖြစ်ကြေး၊သွေးကြောတွေပိတ်ပြီးသေကြကြေးဆိုရင်၊နေပူထဲမှာအမြဲတန်းအလုပ်လုပ်နေရတဲ့လူတွေ၊ရွာကလယ်သမားတွေ၊ကောက်စိုက်သမတွေအကုန်လုံးသေကုန်မှာပေါ့၊နေရောင်ခြည်ကနေ(Vitamin D)တွေအမြောက်အများရနေတာပဲမဟုတ်လား။နေရောင်ခြည်မှာ(D3)နဲ့အတူ(K2)တွေတွဲပြီးပါမလာပါဘူး။
—
၂။(D3)နဲ့(K2)တွဲသောက်ရင်ကောဘယ်လောက်အကျိုးကျေးဇူးတွေပိုပြီးရရှိနိုင်မလဲ?ဆိုတဲ့၊ဒီဒုတိယမေးခွန်းကိုမဖြေခင်၊ပထမမေးခွန်းမှာကျွန်တော်ဆိုလိုတာက(K2)ပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေ၊(D3)သောက်လို့ရတယ်လို့ပြောချင်တာဖြစ်ပြီး၊(K2)သည်ဘာမှအသုံးမဝင်ဘူး၊အသုံးမကျဘူးလို့ပြောနေတာမဟုတ်ဘူးဆိုတာကိုတော့ကွဲကွဲပြားပြားနားလည်ထားစေချင်ပါတယ်။(K2)ကနေရနိုင်တဲ့ကောင်းကျိုးတွေအများကြီးရှိပါတယ်။ဒါကြောင့်ကိုယ်ကငွေကြေးတတ်နိုင်လို့(D3+K2)ကိုတွဲပြီးသောက်နိုင်မယ်ဆိုရင်တော့ပိုပြီးကောင်းတဲ့အကျိုးကျေးဇူးများစွာတွေကိုရရှိပါလိမ့်မယ်။
—
ကြုံလို့ပြောရဦးမယ်။တချို့လူတွေကလာမေးကြပြန်တယ်။ဖြည့်စွတ်စာရောင်းသူတချို့တွေကပြောကြတယ်။(Glycine)သောက်လိုက်ရင်(NAC)မလိုအပ်တော့ဘူးလို့ပြောပြီး(Glycine)တွေစပ်ရောင်းနေကြပြန်တယ်တဲ့။ဒါလုံးဝမမှန်ပါဘူး။(Cysteine)သို့မဟုတ်(N-Acetylcysteine,NAC)ရဲ့လုပ်ငန်းဆောင်တာတွေမှာ(Glycine)နဲ့သွားပြီးအစားထိုးလို့တော့လုံးဝ(လုံးဝ)မရနိုင်ပါဘူး။ဒီနေရာမှာခန္ဓာကိုယ်မှာ(Glycine)အသုံးမဝင်ဘူးလို့ကျွန်တော်မဆိုလိုပါ၊သူ့နေရာနဲ့သူတော့အသုံးဝင်ပါတယ်။
—
အဲဒီရောင်းသူတွေဟာ(Biochemistry)ကိုတစ်ကယ်နားမလည်တာလဲဖြစ်နိုင်သလို(Glycine)စပ်ရောင်းချင်လို့လဲလိမ်ညာပြောဆိုတာလဲဖြစ်နိုင်ပါတယ်။ဆေးရောင်းသူက(Biochemistry)နားမလည်ပဲမဟုတ်တာတွေပြောလိုက်တော့၊ရောဂါတစ်ကယ်ခံစားနေရတဲ့လူတွေဒုက္ခဖြစ်ကုန်ကြတာပေါ့ဗျာ။ကိုယ့်လုပ်ရပ်ကြောင့်သူတပါးထိခိုက်ပျက်စီးရတယ်ဆိုတာကိုကကောင်းတဲ့လုပ်ရပ်မဟုတ်ပါဘူး။ဖြည့်စွတ်စာတွေကိုရောင်းပေးနေတာကိုတော့ကျေးဇူးတင်ပါတယ်။ဒါပေမယ့်မဟုတ်တာတွေပြောပြီးသူတပါးဒုက္ခရောက်အောင်တော့မလုပ်ကြပါနဲ့ဗျာ။
—
လိုရင်းကိုပြန်ဆက်ကြရအောင်ဗျာ။(D3)ဆိုတာဟာခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်လှပါတယ်။အထူးသဖြင့်ကပ်ရောဂါတွေဆိုက်နေတဲ့(COVID-19)လိုကာလမျိုးမှာလူတိုင်းတစ်ဦးချင်းစီမှာ(D3)တွေအများကြီးလိုအပ်နေပါတယ်။ဈေးကြီးတဲ့(K2)ကိုဝယ်ဖို့ငွေကြေးမတတ်နိုင်သူတွေဟာ၊မရှိမဖြစ်သေရေးရှင်ရေးလိုအပ်နေတဲ့(D3)ကိုပါသောက်လို့မရတော့ဘူးဆိုရင်၊(K2)မပါပဲ(D3)မသောက်သင့်ဘူးလို့ပြောတဲ့ဖြည့်စွတ်စာရောင်းသူတွေရဲ့စကားဟာ၊လူတွေကိုဒုက္ခရောက်စေနိုင်ပါတယ်။
—
ဘာကြောင့်လဲဆိုတော့ခုခံအားစနစ်ဟာ(Vitamin D)မလုံလောက်ရင်ကောင်းကောင်းအလုပ်မလုပ်နိုင်လို့ပါပဲ။ဒီနေရာမှာ(K2)မကောင်းဘူးလို့ကျွန်တော်ပြောနေတာမဟုတ်ပါဘူး။ဆိုလိုချင်တာက(D3)စီကကောင်းကျိုးတွေရဖို့(K2)မရှိမဖြစ်ကြီးတော့မလိုအပ်ပါဘူး။ဒါပေမယ့်(K2)ပါနေရင်လဲအလကားတော့ဖြစ်မသွားပါဘူး။ကိုယ်ကငွေကြေးတတ်နိုင်ရင်(D3+K2)တွဲသောက်ပါ၊ပိုပြီးကောင်းမွန်တဲ့အကျိုးကျေးဇူးတွေရပါမယ်။(K2)မပါပဲ(D3)သောက်လို့အန္တရာယ်မဖြစ်တဲ့အပြင်ကူးစက်ရောဂါတွေကိုကာကွယ်နိုင်တဲ့အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ဒါကိုပြောချင်တာပါ။
—
ဒီနေရာမှာ(D3)တို့(Calcium)တို့နဲ့ပါတ်သက်ပြီးလူအများစုတွေနားမလည်သေးတဲ့အချက်တွေအများကြီးရှိနေပါသေးတယ်။လူတွေက(Calcium)ဆိုတာအရိုးတွေထဲကိုပဲသွားရမယ်။အသားတွေ၊အကြောတွေထဲမှာရှိမနေသင့်ဘူးလို့အထင်မှားနေကြတယ်ဗျ။လက်တွေ့မှာအဲဒီလိုမဟုတ်ပါဘူး။(Biochemistry)ကိုနားလည်သူတွေအားလုံးသိကြပါတယ်။(Calcium)ဆိုတာအရိုးတွေထဲမှာတင်မကပဲကြွက်သားတွေ၊သွေးကြောတွေထဲမှာပါအလုံအလောက်ရှိနေဖို့လိုအပ်လှပါတယ်။ဘာကြောင့်လဲဆိုတော့ကြွက်သားတွေလှုပ်ရှားတဲ့နေရာမှာ(Calcium)ကညစ်အားအတွက်တာဝန်ယူရပြီး၊(Magnesium)ကပြန်လည်ပြေလျှော့ပေးဖို့တာဝန်ယူကြရပါတယ်။
—
(Calcium)နဲ့(Magnesium)အကြားမှာမှန်ကန်စွာ(electron)တွေအပြောင်းအလဲလုပ်နေနိုင်မှသာလျှင်ကြွက်သားတွေလှုပ်ရှားနိုင်သလို၊နှလုံးလဲကောင်းမွန်စွာအလုပ်လုပ်နိုင်ပါလိမ့်မယ်။နှလုံးခုန်နိုင်အောင်နှလုံးကြွက်သားတွေကိုညစ်ပေးရတာက(Calcium)ပါ။ညစ်ထားတဲ့နှလုံးကြွက်သားတွေကိုပြန်လည်ပြီးဖြေလျှော့ပေးရတာကတော့(Magnesium)ပါ။အဲဒီဓတ်နှစ်မျိုးတက်ညီလက်ညီအလုပ်မလုပ်ဘူးဆိုရင်နှလုံးမခုန်နိုင်သလို၊အသက်လဲမရှင်နိုင်ပါဘူး။အဆုတ်တွေလဲအသက်ရူလို့မရနိုင်ပါဘူး။သွားလာလှုပ်ရှားလို့လဲမရနိုင်ပါဘူး။
—
ဒါကြောင့်(Calcium)ဆိုတာအရိုးထဲမှာတင်မကပဲသွေးကြောတွေထဲမှာပါလိုအပ်နေပြန်ပါတယ်။အရိုးထဲမှာ(Calcium)ဓါတ်လျှော့သွားရင်အရိုးကျိုးနိုင်ပေမယ့်အသက်ချက်ချင်းမသေနိုင်ပါဘူး။သို့သော်နှလုံးကြွက်သားတွေထဲမှာ(Calcium)မလုံလောက်ရင်နှလုံးကောင်းကောင်းမခုန်နိုင်သလို၊သွေးထဲမှာ(Calcium)လျှော့နည်းသွားမယ်ဆိုရင်တော့သွေးရဲ့(pH)တန်ဖိုးကိုပုံမှန်မထိန်းသိမ်းနိုင်တော့ပဲ(အက်ဆစ်)ဖက်ရောက်သွားပြီးအသက်အန္တရာယ်အထိအောင်ဖြစ်နိုင်ပါတယ်။
—
ဘာကြောင့်လဲဆိုတော့သွေးထဲမှာ(pH)တန်ဖိုးတိကျမှု့ဟာအလွန်အရေးကြီးပါတယ်။(pH) တန်ဖိုးဟာတိတိကျကျ(7.35 to 7.45)ကြားမှရှိနေမှသာကျန်းမာနိုင်ပါတယ်။အလွယ်မှတ်ရရင်(7.40)ရဲ့အထက်နဲ့အောက်( +0.05,-0.05)လောက်ပဲအမှားခံပါတယ်။မတော်တဆ၊သွေးထဲမှာရှိနေတဲ့(pH)တန်ဖိုးထိုးကျပြီး(Acid)ဖြစ်သွားရင်အသက်အန္တရယ်တောင်ရှိနိုင်ပါတယ်။ဒါပေမယ့်ဒီလိုကိစ္စမျိုးကဖြစ်ခဲပါတယ်။ဘာကြောင့်လဲဆိုတော့သွေးထဲမှာ(pH)တန်ဖိုးတည်ငြိမ်နေအောင်ထိန်းချုပ်ပေးတဲ့တာဝန်ကို(Calcium)ကအဓိကလုပ်ဆောင်ပေးနေလို့ပါပဲ။
—
(pH)အက်ဆစ်ဖြစ်မသွားအောင်(Magnesium, Calcium နဲ့ Potassium)တွေလိုအပ်ပါတယ်။သွေးထဲမှာ(pH)ကအက်ဆစ်ဖက်ရောက်တာနဲ့ခန္ဓာကိုယ်က၊ချက်ခင်းအချိန်မဆိုင်းပဲအရိုးတွေထဲမှာသိုလှောင်ထားတဲ့(Calcium)တွေကိုဖျော်ချပြစ်ပြီး၊(Calcium)ဓါတ်စွမ်းအားနဲ့(pH)တန်ဖိုးကိုချက်ခြင်းပြန်လည်ထိန်းသိမ်းပေးရပါတယ်။ဒါမှအသက်ဆက်လက်ရှင်သန်နိုင်မှာဖြစ်ပါတယ်။(Magnesium, နဲ့ Potassium)ဟာအရေးပေါ်အချိန်မှာချက်ခြင်းအများကြီးမရနိုင်ပေမယ့်၊အရိုးတွေထဲမှာရှိနေတဲ့(Calcium)ကတော့ချက်ချင်းရနိုင်လို့အသက်ကယ်တင်နိုင်ပါတယ်။ဒါပေမယ့်ကောင်းတဲ့ဖြစ်စဉ်မဟုတ်ပါဘူး။
—
(pH)ကျသွားလို့အရိုးထဲမှာ(Calcium)တွေကိုအရေးပေါ်ဆွဲသုံးလိုက်ရပေမယ့်၊အစားအသောက်တွေထဲက(Magnesium, Calcium နဲ့ Potassium)တွေကိုအလုံအလောက်ရတဲ့အခါမှ၊အရိုးကနေယူသုံးလိုက်ရတဲ့(Calcium)တွေကိုနေရာတကျပြန်ပြီးမထားနိုင်တော့ပါဘူး။တွေ့ရာနေရာမှာစုပုံပြီးထားလိုက်ရပါတယ်။ဒါကြောင့်မို့မလိုအပ်တဲ့နေရာတွေမှာ၊အရိုးကျီးပေါင်းတက်တာတို့၊သွေးကြောတွေ၊နှလုံးတွေ၊ကျောက်ကပ်တွေ၊အတွင်းဂလီဇာတွေမှာကပ်ကျန်နေပြီးဒုက္ခပေးတတ်တာပါပဲ။ဆိုလိုတာကအရိုးကျီးပေါင်းတက်တာတို့၊ကိုယ်အင်္ဂါတွေရဲ့အပျော့စားတစ်ရူးတွေမှာ(Calcification)ဖြစ်ကုန်ကြရတဲ့အကြောင်းရင်းတစ်မျိုးပါပဲ။
—
မလိုအပ်တဲ့နေရာ၊အန္တရယ်ဖြစ်နိုင်တဲ့နေရာတွေမှာ(Calcification)ဖြစ်ရတဲ့အကြောင်းအရင်းဟာအစားအသောက်ဖြည့်စွတ်စာထဲကပါလာတဲ့(Calcium)ကြောင့်မဟုတ်ပဲသွေးရဲ့(pH)တန်ဖိုးကျလို့၊သို့မဟုတ်(Magnesium, Calcium နဲ့ Potassium)တွေချို့တဲ့လို့စဖြစ်လာရခြင်းဖြစ်ပါတယ်။
—
နောက်တစ်ခုကခန္ဓာကိုယ်မှာအလွန်အရေးကြီးတဲ့ဓါတ်ကူပစ္စည်း၊(hydrogen peroxide molecules to water and oxygen)ကိုပြောင်းပေးနိုင်တဲ့(Catalase)ဆိုတဲ့(Enzyme)တွေရှိနေပါသေးတယ်။(Catalase)ဆိုတဲ့(Enzyme)တွေကလွဲလို့တစ်ခြား(Antioxidants) တွေအားလုံးဟာဓါတ်ပြုမှုတွေမှာကိုယ်တိုင်ပါဝင်၊ဝင်ရောက်ပြီး၊မိမိတို့ရဲ့(electron)တွေကိုပေးလှူရပြီး(Free Radical)တွေကိုအဆိပ်ဖြေရလို့တစ်ကြိမ်သုံးပြီးရင်၊ကိုယ်တိုင်အောက်ဆီဒိုက်ဖြစ်သွားရပါတယ်။နောက်တစ်ခါအဆိပ်ထပ်ဖြေဖို့အီလက်ထရွန်တစ်ခြားနေရာကနေရှာပြီးပြန်ဖြည့်ပေးရပါတယ်။ပြန်မဖြည့်ပေးနိုင်ရင်နောက်တစ်ကြိမ်သုံးလို့မရနိုင်တော့ပါဘူး။တစ်ခါပြစ်ပြီးရင်အကြိမ်ကြိမ်ရမ်းပြန်ထောင်းထည့်ရတဲ့ရှေးကသုံးတဲ့(တူမီးသေနတ်)တွေလိုပါပဲ။
—
ဓါတ်ကူပစ္စည်း(Catalase)တွေကြတော့အဲဒီလိုမဟုတ်ပါဘူး။ဓါတ်ပြုမှုကိုမိမိကိုယ်တိုင်မပါဝင်ပဲဘေးကနေဖိအားပေးပြီးဖြစ်ပေါ်စေနိုင်လို့၊မိမိမှာ(အီလက်ထရွန်)အရံှုးအမြတ်မရှိပါဘူး။အရံှုးအမြတ်မရှိတော့ဘာမှကုန်မသွားလို့ပြန်ဖြည့်စရာလဲမလိုအပ်ပါဘူး။မိမိအနေနဲ့(အီလက်ထရွန်)အိပ်စိုက်စရာမလိုပဲ၊ဓါတ်ပြုမှုတွေအကြိမ်ပေါင်းသန်းနဲ့ချီကိုအရင်းမစိုက်ပဲ၊အချိန်တိုအတွင်းမှာဖြစ်ပေါ်အောင်ဖန်တီးပေးနိုင်ပါတယ်။ဒါကြောင့်လေဆာသေနတ်နဲ့တူပါတယ်။လေဆာသေနတ်ဆိုတာရမ်းပြန်ထောင်းစရာမလိုပဲ၊ကျည်ဆံပြန်ထည့်စရာမလိုပဲအကြိမ်ပေါင်းများစွာပြစ်လို့ရပါတယ်။
—
ဥပမာပြောရရင်၊အလောင်းကစားလက်ဝှေ့ပွဲတစ်ခုကိုကိုယ်တိုင်ဝင်ထိုးရသူဟာ၊ရံှုးသည်ဖြစ်စေ၊နိုင်သည်ဖြစ်စေ၊အကြိမ်ကြိမ်မနားပဲပွဲဆက်တွေရာထောင်ချီဆက်မထိုးနိုင်ကြပါဘူး။သို့သော်လက်ဝှေ့ပွဲမှာကိုယ်တိုင်ပါဝင်မှုမရှိပဲလက်ဝှေ့ပွဲဖြစ်မြောက်အောင်ဘေးကနေထိုးသူတွေရှာပေး၊လောင်းသူတွေရှာပေးပြီးပွဲစားလုပ်ပေးတဲ့သူကတော့၊ဘေးကနေပြီးအရင်းမစိုက်ပဲလက်ဝှေ့ပွဲဖြစ်မြောက်အောင်၊အလောင်းကစားဖြစ်မြောင်အောင်၊လောင်းသူ၊ထိုးသူနှစ်ယောက်ကိုထိပ်တိုက်တွေ့ပေးလိုက်ရုံနဲ့ပွဲခရနေတဲ့အတွက်ဘယ်သူနိုင်နိုင်သူမရံှုးတဲ့အပြင်ပွဲခပုံမှန်ရနေပြီးမနားတန်းနေ့စဉ်ရက်ဆက်လဲပွဲစားအလုပ်ကိုလုပ်နေနိုင်ပါတယ်။
—
ဒီသဘောအတိုင်းပါပဲ။(Antioxidants)တွေအားလုံးဟာ၊ဓါတ်ပြုမှုတွေမှာကိုယ်တိုင်ပါဝင်ပြီး၊(အီလက်ထရွန်)တွေကိုအိတ်စိုက်ပေးလှူရလို့(Oxidation)ကြောင့်ကိုယ်တိုင်ပျက်စီးသွားကြပါတယ်။(Catalase)တွေကတော့ဓါတ်ပြုမှုတွေမှာကိုယ်တိုင်မပါဝင်၊(အီလက်ထရွန်)တွေလဲအိမ်မစိုက်ရပဲနဲ့ပွဲဖြစ်သွားအောင်၊ဘေးကနေထိုင်မြောက်ပေးနေရုံနဲ့တော့ဘယ်တော့မှချက်ခြင်းကြီးပျက်စီးမသွားပဲ၊ဓါတ်ပြုမှု့တွေကိုအကြိမ်ပေါင်းသန်းနဲ့ချီကိုတစ်ခဏအတွင်းမှာတင်ဖြစ်ပေါ်စေနိုင်လို့(Antioxidants)တွေထက်တောင်ပိုပြီးအရေးကြီးနေပါတယ်။
—
ဒါကြောင့်အဲဒီ(Catalase)တွေအလုံအလောက်မရှိရင်လဲအသက်မရှင်နိုင်ပါဘူး။အဲဒီ(Catalase)တွေအလုံအလောက်ထုတ်ပေးနိုင်ဖို့သွေးထဲမှာအလွန်တိကျတဲ့(pH)တန်ဖိုးလိုအပ်သလို၊(Vitamin D3)နဲ့(Calcium)ဟာလဲမရှိမဖြစ်ကိုလိုအပ်လှပါတယ်။(Catalase)တွေအလုပ်မလုပ်နိုင်လောက်အောင်(pH)တန်ဖိုးကျဆင်းသွားခြင်းကြောင့်ရရှိမယ့်ဆိုးကျိုးကမနည်းလှပါဘူး။ဒါကြောင့်မို့ (Calcium+D3)သို့မဟုတ်(Bone Master)ဟာအရိုးအတွက်တင်မကပဲ၊သွေးရဲ့(pH)မကျအောင်ထိန်းပေးနိုင်ဖို့နဲ့(Catalase)တွေထုတ်ပေးနိုင်အောင်(Formula)ပြုဖေါ်စပ်ထားလို့အလွန်အကျိုးကျေးဇူးများပါတယ်။ရမ်းပြောတာမဟုတ်ပါသုသေသနတွေရှိပါတယ်။ဒီမှာလင့်ပါ။ https://www.ncbi.nlm.nih.gov/pmc/articles/PMC6260496/
—
ဒါဆိုရင်မေးစရာရှိလာပါတယ်။(Calcium)ဟာသွေးကြောတွေထဲမှာရော၊နှလုံးတွေ၊ကြွက်သားတေထဲမှာရောမရှိမဖြစ်လိုအပ်နေတယ်ဆိုရင်၊ဘာကြောင့်သွေးကြောတွေထဲမှာနဲ့ကျောက်ကပ်၊နှလုံးအစရှိတဲ့အပျော့စားတစ်ရူးတွေထဲမှာဘာကြောင့်ကျောက်တွေတည်ပြီးပိတ်ဆို့ရတာလဲဆိုပြီးမေးစရာရှိပါသလိုဘယ်လိုမပိတ်ဆို့အောင်ကာကွယ်ရမလဲ၊ပိတ်ပြီးသားတွေပြန်ကောင်းလာအောင်ဘယ်လိုလုပ်လို့ရသလဲဆိုတာမေးစရာရှိလာပါတယ်။ဒီအဖြေဟာအလွန်အရေးကြီးပါတယ်။ဒီအဖြေကိုသိရင်ရောဂါအမျိုးအစားပေါင်းရာနဲ့ချီကိုကာကွယ်နိုင်သလိုကုသလို့လဲရနိုင်ပါတယ်။ဒါပေမယ့်ဒီအကြောင်းကအရှည်ကြီးရေးရမှာဖြစ်ပြီးဒီကနေ့စာရှည်သွားလို့ဆက်မရေးသင့်တော့ပါဘူး။နောက်မှပဲဆက်ရေးပေးပါတော့မယ်။
—
အခုအဓိကပြောချင်တဲ့ကောက်နုတ်ချက်က၊(calcium)ဆိုတာရန်သူမဟုတ်ပါဘူး။မိတ်ဆွေဖြစ်ပါတယ်။(calcium)နဲ့(Magnesium)မမျှတရင်အသက်မရှင်နိုင်ဘူးဆိုတာရယ်။(D3)သက်သက်(K2)မပါပဲသောက်ရင်လဲဘာမှအန္တရယ်မဖြစ်ဘူး၊အကျိုးမယုတ်ဘူးဆိုတာရယ်။(K2)ပါတွဲသောက်မယ်ဆိုရင်လဲပိုပြီးကောင်းမွန်တဲ့ကောင်းကျိုးတွေရနိုင်တယ်ဆိုတာရယ်၊(D3+K2)နဲ့အတူ(Magnesium)ပါတွဲသောက်နိုင်မယ်ဆိုရင်တော့ကောင်းကျိုးရလဒ်ကအတိုင်းထက်အလွန်ဆိုဖွယ်ရာမရှိဘူးဆိုတာရယ်၊(Calcium)နဲ့(D3)တွဲသောက်ရင်(pH)အက်ဆစ်ဖက်မရောက်နိုင်လို့ကျောက်မတည်တဲ့အပြင်၊အရေးအကြီးဆုံး(Catalase)ကိုပါထုတ်ပေးရာမှာအထောက်အကူပြုနိုင်လို့အကျိုးမယုတ်ဘူးဆိုတာရယ်ကိုလူတိုင်းနားလည်မယ်ဆိုရင်ဒီစာရေးရကျိုးနပ်ပါပြီ။
—
များသောအားဖြင့်(D3)ပြည့်ဝသူဟာအစာထဲကနေ(Calcium)ကိုကောင်းကောင်းစုတ်ယူနိုင်ပေမယ့်၊(Magnesiun)ဟာအလွန်ချို့တဲ့တတ်ပါတယ်။ဒါကြောင့်(D3+K2+Magnesium)အတွဲဟာအလွန်သင့်မြတ်တဲ့တွဲဖက်တစ်ခုပါပဲ။ဒီသုံးမျိုးပေါင်းရင်ဖိုခနောက်ဆိုင်ထားသလိုအလွန်အကျိုးများလှပါတယ်။ဒါပေမယ့်မပေါင်းနိုင်ပဲမိမိငွေကြေးတတ်နိုင်တဲ့တစ်မျိုးမျိုးကိုခွဲဝယ်သောက်ရင်လဲအန္တရယ်တော့မရှိပါဘူး။
—
အားလုံးဘေးကင်း၍ကျန်းမာကြပါစေ။
—
Kelvin Albert Power
(သဘာဝသမားတော်)
References:
ကျေးဇူး အများကြီးတင်ပါတယ်ရှင်
D3,k2,Mg အမြဲသောက်နေရတယ် hypo ကြောင့်ရင်တုန်တတ် ကြွက်လဲတက်တတ်
ကြီးပေါင်းကလဲရှိ
Ca ကိုေသါက် သင့် ရှောင်သင့် မသိဘူးဖြစ်နေတာ
ခုမှဘဲ သိရတာကျေးဇူးပါဆရာ
စာတွေလဲအမြဲဖတ် AB ကဆေးတွေလဲ သောက်နေပါတယ်
Brita လဲဝယ် သုံးနေတယ်