(COVID-19 virus)စွဲကပ်လာပြီဆိုရင်

Source from Kelvin A. Power’s Facebook on March 28, 2020
(COVID-19 virus)စွဲကပ်လာပြီဆိုရင်၊(80%)ရာခိုင်နုှန်းကဘာရောဂါမှမခံစားရပဲနှာစေးချောင်းဆိုးလောက်နဲ့ရောဂါပျောက်ကင်းသွားနိုင်ပေမယ့်ကျန်တဲ့(20%)ရာခိုင်နုှန်းကတော့ဆေးရုံတင်ရပြီးအရေးပေါ်အသက်ရူစက်တွေလိုအပ်နိုင်ပါတယ်။
သူများနိုင်ငံတွေမှာ၊ဆေးဝါးနဲ့အသက်ရူစက်တွေ၊ဆရာဝန်တွေအလုံအလောက်ရှိနေမယ်ဆိုရင်တော့အဲဒီ(20%)ကအကုန်မသေပဲ၊(3%)ကနေ(5%)လောက်အထိပဲသေနိုင်ပါတယ်။သို့သော်ကိုယ့်မြန်မာနိုင်ငံမှာတစ်ပြိုင်တည်းဖြစ်လာလို့လူဦးရေအားလုံးအတွက်ဆေးရုံမှာပစ္စည်းတွေအလုံအလောက်ရှိမနေဘူးဆိုရင်တော့(20%)ထဲကအများစုဟာအသက်ဆုံးရံှုးနိုင်ပါတယ်။
ဒါကြောင့်ဆေးဝါးတွေနဲ့အသက်ရူစက်တွေမပြည့်စုံတဲ့မြန်မာနိုင်ငံမှာကတော့အထက်ကပြောခဲ့တဲ့(20%)စလုံးကိုသေလူတွေအဖြစ်သတ်မှတ်ထားလိုက်ပြီးတော့အဲဒီသေလူ(20%)ထဲကိုယ်ပါမသွားဖို့အထူးကျိုးစားရပါလိမ့်မယ်။
ဒါ့အပြင်အထူးသတိပေးချင်တာကဒီရောဂါကိုမကူးစက်နိုင်အောင်ထိန်းချုပ်ရမယ်ဆိုတာကအစိုးရနဲ့ကျန်းမာရေးဌာနတွေတင်မကပဲလူတိုင်းတစ်ဦးချင်းစီလုပ်ကိုလုပ်ရမယ့်တာဝန်ပါ။သို့သော်ရောဂါကိုထိန်းချုပ်တယ်ဆိုတာပါးစပ်နဲ့ပြောရတာလွယ်သလောက်လက်တွေ့မှာ၊နည်းပညာကောင်းကောင်းနဲ့ပိုက်ဆံအလုံအလောက်မရှိရင်အလွန်ခက်ခဲပါတယ်။
နည်းပညာမှာထိပ်ဆုံးရောက်နေတဲ့အပြင်၊အမေရိကန်ဒေါ်လာသန်းပေါင်းနှစ်သန်း(USD-2T)တောင်သုံးစွဲနိုင်တဲ့အမေရိကန်နိုင်ငံတင်မကပဲ၊အီတလီအပါအဝင်ဥရောပမှာအတိုးတက်ဆုံးနိုင်ငံတွေအများစုတွေတောင်၊ဒီရောဂါကိုမပြန့်ပွားအောင်မထိန်းချုပ်နိုင်ခဲ့ဘူးဆိုတော့၊မြန်မာနိုင်ငံအနေနဲ့သူတို့လိုဒေါ်လာသန်းပေါင်းနှစ်သန်းထက်ပိုလဲထုတ်ပြီးမသုံးစွဲနိုင်သလို၊သူတို့တွေထက်လဲနည်းပညာတွေပိုကောင်းပြီးထိန်းချုပ်မပေးနိုင်ပါဘူး။
မြန်မာနိုင်ငံအနေနဲ့ကိုယ်တတ်နိုင်သလောက်လေးမိုးကြိုးပြစ်နေတာကိုထန်းလက်နဲ့ကာကြည့်နေကြတာပါ။ဒါကြောင့်ဘယ်လိုပဲထန်းလက်နဲ့အသာလေးကာပေးထားပါစေအချိန်တန်ရင်တော့အနှေးနဲ့အမြန်ကူးစက်လာနိုငပါတယ်။အရေးအကြီးဆုံးကသေနိုင်တဲ့(20%)ထဲကိုကိုယ်ရောက်မသွားပဲ၊လွယ်လွယ်နဲ့ရောဂါပျောက်ကင်းသွားမယ့်(80%)ထဲမှာရှိနေအောင်ဘယ်လိုလုပ်ရမလဲဆိုတာလူတိုင်းသိရှိနားလည်နိုင်ဖို့ရေးပေးနေရခြင်းဖြစ်ပါတယ်။
လောကမှာအကြောင်းရှိမှသာလျှင်အကျိုးဆိုတာဖြစ်လာရတာဖြစ်လို့ဒီရောဂါကူးစက်ခံရတဲ့လူတွေဟာအောက်ပါအကြောင်းတရား(၅)ပါးအပေါ်မှာအခြေခံပြီးတစ်ချို့ကသေနိုင်သလို၊တချို့ကဘာမှကိုမဖြစ်လိုက်ပဲရောဂါပျောက်ကင်းသွားစေနိုင်ပါတယ်။
(1) Immunity. ရောဂါခုခံမှု့အားကောင်းမွန်နေစေရန်။
(2) Viral Load (or) infectious dose. ရောဂါပိုးထိတွေ့မှု့တစ်ကြိမ်တစ်ခါထဲနဲ့အကောင်အရေအတွက်မများစေရန်။
(3) Hyperinflammation. အဆုတ်အပါအဝင်ကိုယ်တွင်းအင်္ဂါအားလုံးမှာအတွင်းရောင်ရမ်းမှု့အလွန်အကျွံမဖြစ်စေရန်။
(4) Oxidative Stress အဆုတ်အပါအဝင်ကိုယ်တွင်းအင်္ဂါအားလုံးမှာဓါတ်တိုးမှု့ကြောင့်တိုက်ခိုက်ခံရခြင်းမရှိနေစေရန်။
(5) Time of infection. မဖြစ်မနေလူတိုင်းကိုရောဂါကူးစက်ခံရပြီဆိုရင်တောင်၊ချက်ချင်းကူးစက်မခံရပဲနဲ့ရောဂါကိုထိန်းချုပ်နိုင်ပြီဆိုတဲ့အချိန်ကြမှသာလျှင်နောက်ဆုံးမှ၊သာမဖြစ်မနေမိမိကိုကူးစက်ခံရနိုင်စေရန်။
1.(Immunity) ရောဂါခုခံမှု့အားကောင်းမွန်နေစေရန်။
ခန္ဓာကိုယ်ရဲ့ရောဂါခုခံမှု့စနစ်အလွန်ကောင်းနေမယ်ဆိုရင်ဒီရောဂါဟာနှာစေးချောင်းဆိုးလောက်ကလွဲပြီးဘာမကိုမဖြစ်ပဲပျောက်ကင်းသွားနိုင်ပေမယ့်၊ရောဂါခုခံမှု့စနစ်မကောင်းရင်တော့အသက်ပါသေစေနိုင်ပါတယ်။ဒီနေရာမှာခုခံမှု့စနစ်ကောင်းတယ်ဆိုတာဘာကိုဆိုလိုသလဲဆိုတာကိုတော့သေချာနားလည်ဖို့လိုအပ်ပါတယ်။
ခုခံမှု့စနစ်ကောင်းတယ်ဆိုတာ၊ခုခံမှု့စနစ်ဟာအရမ်းကိုရန်လိုပြီးတော့(overactive immune system)ဖြစ်နေဖို့ကိုပြောတာမဟုတ်ပါဘူး။ပုံမှန်ဖြစ်နေဖို့လိုပါတယ်။အရမ်း(overactive)ဖြစ်နေရင်လဲခန္ဓာကိုယ်ထဲမှာ(cytokine storm)တွေဖြစ်ပြီးအသက်အန္တရာယ်ရှိပါတယ်။
(cytokine storm)ဆိုတာဘာလဲဆိုတော့၊ပထမကတော့(COVID-19)ကအဆုတ်ဆဲလ်တစ်ချို့ကိုစတင်တိုက်ခိုက်ဖျက်ဆီးပြစ်ပါတယ်။အဲဒီပျက်စီးသွားတဲ့ဆဲလ်တွေကထွက်လာတဲ့ပရိုတိန်းဓါတ်တစ်မျိုးဟာ၊ခန္ဓာကိုယ်ရဲ့ခုခံမှု့ဆဲလ်တွေကိုရန်သူ(Virus)တွေကိုပြန်လည်တိုက်ခိုက်ဖို့ထကြွအသက်ဝင်လာစေပါတယ်။အဲဒီအချိန်မှာ(Inflammation)အနည်းငယ်စဖြစ်လာပါတယ်။
(Inflammation)ဖြစ်လာတာနဲ့အတူ(Immune cells)တွေဟာ(Free Radical)တွေထုတ်လုပ်ပြီး(Virus)တွေကိုတိုက်ခိုက်ဖျက်ဆီးပြစ်ပါတယ်။(Virus)တွေလျှော့နည်းသွားသည်နှင့်အမျှခန္ဓာကိုယ်က(Inflammation)ကိုပြန်လည်လျော့နည်းစေဖို့(Inti-inflammatory)ဓါတ်ပေါင်းတွေနဲ့ပြန်ဖြေဖျောက်ရပါတယ်။ကျန်နေတဲ့(Free Radical)တွေကိုလဲ(Antioxidants)တွေနဲ့ပြန်လည်ထိန်းသိမ်းပေးရပါတယ်။
တစ်ကယ်လို့သာပြန်ပြီးမထိန်းသိမ်းပေးနိုင်ဘူးဆိုရင်၊အဆုတ်နဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုဗိုင်းရပ်စ်ကဖျက်ဆီးပြစ်တာကနည်းနည်း(Inflammation)နှင့်(Free radicals)တွေကဖျက်ဆီးတာကများများဖြစ်လာပြီး၊ဗိုင်းရပ်စ်ကိုယ်တိုင်ဖျက်ဆီးနိုင်တာထက်ကိုအဆပေါင်းများစွာပိုပြီးတော့ပျက်စီးစေနိုင်ပါတော့တယ်။
ဥပမာပေးရရင်၊မြို့ထဲကိုသူပုန်တွေလေးငါးယောက်လောက်ဝင်လာလို့စစ်တပ်ကပြန်ပြစ်တယ်ဆိုရင်ကြောက်အားလှန့်အားနဲ့မဲမဲမြင်ရာလိုက်ပြစ်နေလို့မရပါဘူး။အဲဒီလိုလိုက်ပြစ်နေရင်တစ်မြို့လုံးပျက်စီးသွားနိုင်ပါတယ်။စစ်တပ်မှာစစ်ပညာ၊နည်းဗြူဟာဆိုတာရှိရပါတယ်။စနစ်တကျတုံ့ပြန်တတ်ရပါတယ်။
တစ်ကယ်လို့သာသူပုန်တွေကတော့အကုန်သေကုန်ပြီ၊စစ်တပ်ကတပ်လှန့်သွားပြီး၊မဲမဲမြင်ရာအရပ်ရှစ်မျက်နာကိုတစ်ညလုံးလက်နက်ကြီးတွေနဲ့လျှောက်ပြစ်နေမယ်ဆိုရင်တော့မနက်လင်းလာတာနဲ့တစ်မြိုလုံးမီးလောင်ပြာကျသွားပါလိမ့်မယ်။ဒီနေရာမှာမြို့ကိုဖျက်ဆီးလိုက်သူတွေဟာသူပုန်မဟုတ်တော့ပဲစစ်တပ်ဖြစ်သွားပါလိမ့်မယ်။နိုင်ငံရေးမပါ၊ဥပမာသာလျှင်ဖြစ်ပါသည်။
ဒီဥပမာလိုပါပဲ၊ခန္ဓာကိုယ်ရဲ့ခုခံမှု့စနစ်ဟာအလွန်ရန်လို (Overactive)ဖြစ်တိုင်းလဲမရပါဘူး။စနစ်ကျတဲ့ခုခံမှု့ဖြစ်ရပါမယ်။လက်တွေ့ဖြစ်နေတာက၊အဆုတ်ကို(Virus)တွေဖျက်ဆီးတာကနည်းနည်း၊(Immune System)နဲ့အတူ(Inflammation)နှင့်(Free radicals)တွေကဖျက်ဆီးတာကများများဖြစ်လာပြီးအဆုတ်ဆဲလ်တွေအားလုံးပျက်စီးသွားပြီးအဆုတ်ထဲသွေးရည်ကြည်တွေဝင်ရောက်ပိတ်ဆို့လာပါတယ်။ဒါကြောင့်အသက်ရူလို့မရတော့ပဲတစ်ကိုယ်လုံးကအင်္ဂါအစိတ်အပိုင်းတွေမှာအောက်ဆီဂျင်တွေပြတ်လာပါတော့တယ်။
နောက်တဆင့်မှာတော့၊(Inflammation)ဖြစ်ပေါ်စေတဲ့(cytokine storm)တွေနှင့်(Oxidative Stress)ဖြစ်ပေါ်စေတဲ့(Free radicals)တွေဟာသွေးကြောတွေကနေတစ်ဆင့်တစ်ကိုယ်လုံးကိုပျံနှံ့သွားပြီးတော့၊သွေးကြောနံရံတွေကိုပါဖျက်ဆီးပြီးသွေးကြောတွေကိုပေါက်ပြဲယိုစိမ့်စေပါတော့တယ်။
သွေးကြောတွေအားလုံးထဲမှာ(cytokine storm)ကြောင့်(systemic inflammation)တွေဖြစ်ပြီးတော့(Septic Shock)ရသွားပါတော့တယ်။(Septic Shock)နောက်ပိုင်းမှာအဆုတ်ထဲသွေးရည်ကြည်တွေဝင်လာလို့(ARDS)ထပ်ရပါတယ်။
သွေးကြောတွေမှာပွကား၊ယိုစိမ့်မှု့ကြောင့်(vessel dilation)တွေဖြစ်လာပြီး၊သွေးပေါင်ချိန်ကျဆင်းသွားပါတော့တယ်။ဒါကြောင့်လိုအပ်တဲ့သွေးပေါင်ပြန်တက်လာဖို့အတွက်နှလုံးအခုန်မြန်လာရပါတော့တယ်။နှလုံးခုန်မြန်လာပေမယ့်သွေးကြောတွေပေါက်ပြဲကုန်ပြီးသွေးတွေဘေးကိုယိုစီးထွက်ကုန်လို့(vessel resistance)တွေထိုးကျနေလို့ဘယ်လိုမှသွေးပေါင်ပြန်တက်မလာနိုင်တော့ပါဘူး။
အဆုတ်ထဲမှာရေဝင်နေလို့အောက်ဆီဂျင်မရတဲ့အပြင်သွေးဖိအားပြုတ်ကျသွားလို့နှလုံးကအောက်ဆီဂျင်မရပနဲ့၊နှလုံးခုန်နုှန်းအဆပေါင်းများစွာတက်လာပြီးကျိုးစားအလုပ်လုပ်ရတော့၊နှလုံးကြွက်သားတွေအောက်ဆီဂျင်ပြတ်သွားပြီးသေဆုံးကုန်ပါတော့တယ်။ကျန်တဲ့ဦးနှောက်အပါအဝင်ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလဲ(vessel dilation)ကြောင့်သွေးစီးဆင်းမှု့အလုံအလောက်မရတဲ့အပြင်အဆုတ်ထဲရေတွေပြည့်နေလို့အောက်ဆီဂျင်လဲပြတ်သွားပါတော့တယ်။
(cytokine storm)ကြောင့်(systemic inflammation)တွေဖြစ်ပြီးတော့အဆင့်ဆင့်(Septic Shock)ရ(vessel dilation)တွေဖြစ်(ARDS)ဖြစ်၊အဆုတ်ရေဝင်ပျက်စီး၊နှလုံးခုန်အလွန်မြန်၊အောက်ဆီဂျင်ပြတ်နဲ့အဆင့်ဆင့်ဖြစ်သွားတာနောက်ဆုံးရလဒ်ကတော့(Multiple organs failure)ပါပဲ။
(hyperinflammation)နဲ့(Oxidative Stress)ကနေစလိုက်တာဟာ၊နောက်ဆုံးမှာ၊တစ်ကိုယ်လုံးမှာရှိနေတဲ့အင်္ဂါအစိတ်အပိုင်းတွေအားလုံးပျက်စီးသွားပြီးတော့လူနာသေပါတယ်။(Multiple organs failure)ဖြစ်သွားပြီဆိုတဲ့အချိန်မှာဆရာဝန်တွေ၊ဆေးရုံတွေမပြောပါနဲ့သကြားမင်းဆင်းကယ်ရင်တောင်အသက်ရှင်ဖို့မဖြစ်နိုင်တော့ပါဘူး။
(COVID-19)နဲ့သေတဲ့ရောဂါသယ်တွေအားလုံးနည်းပါးဟာ(COVID-19)ပိုးကသတ်ပြစ်လိုက်တာမဟုတ်ပဲ၊(Overactive Immune System)ကြောင့်ဖြစ်တဲ့(Cytokine Storm)ကြောင့်ထပ်ဆင့်ဖြစ်ပေါ်လာတဲ့(hyperinflammation)နဲ့(Oxidative Stress)တွေကသတ်လိုက်တာတွေချည်းပါပဲ။ဒီနှစ်ခုလုံးဝမပါပဲနဲ့အဆုတ်လုံးဝမပျက်စီးနိုင်သလို(ARDS)မဖြစ်နိုင်လို့မသေနိုင်ပါဘူး။
နောက်ဆုံးပြောချင်တာက တစ်ကယ်တော့(Virus)ကသတ်နေတာမဟုတ်ပဲ။(Inflammation)နဲ့(Oxidative Stress)ကသတ်လိုက်တာပါ။ဒါကြောင့်(Immune System)ကောင်းရုံနှင့်မပြီးပဲ၊(hyperinflammation)နဲ့(Oxidative Stress)တွေမများဖို့လဲအလွန်အရေးကြီးနေပါတယ်။
(2) Viral Load (or) infectious dose. ရောဂါပိုးထိတွေ့မှု့တစ်ကြိမ်တစ်ခါထဲနဲ့အကောင်အရေအတွက်မများစေရန်။
ယေဘူယျအားဖြင်အသက်ကြီးသူတွေမှာ(inflammation)နဲ့(Oxidative Stress)တွေများနေတတ်ပြီးအသက်ငယ်သူတွေမှာတော့နည်းနေတတ်ပါတယ်။ဒါကြောင့်အသက်ကြီးသူတွေအသေအပျောက်များပြီး၊အသက်အရွယ်ငယ်သူတွေအသေအပျောက်နည်းနေလို့ဒီရောဂါရဲ့သေပျောက်မှု့ဟာအသက်အရွယ်အပေါ်မှာပဲမူတည်နေတယ်လို့တော့လှေနှံဓါးထစ်လွဲလွဲမှားမှားမမှတ်ယူမိကြပါစေနှင့်။
ရောဂါပိုးကလူနာအသက်ဘယ်လောက်ရှိပြီလဲဆိုတာတိတိကျကျ၊မသိထားသလိုမှတ်ပုံတင်ထဲကမွေးသက္ကရာဇ်ကိုတောင်းကြည့်ပြီးမှသေသင့်မသေသင့်ဆုံးဖြတ်ပေးနေတာလဲမဟုတ်ပါဘူး။(Immune System)ကောင်းတယ်မကောင်းဘူးဆိုတာ(Immune System)တစ်ခုတည်းတင်မကပဲလူနာရဲ့(Inflammation)နှင့်(Oxidative Stress)တွေနဲ့လဲဆိုင်နေပြန်ပါတယ်။
(COVID-19)ကြောင့်အင်္ဂလန်မှာကျန်းကျန်းမာမာနဲ့(21)နှစ်သမီးသေပါတယ်။(USA, New Orleans)မှာဆိုရင်(17)နှစ်သားလဲသေပါတယ်။ဆိုလိုတာကအသက်အရွယ်ငယ်ရင်မသေနိုင်ပါဘူး၊ကြီးရင်တော့သေနိုင်တယ်လို့မဆိုနိုင်ပါဘူး။ယေဘူယျအနေနဲ့မှန်နေပေမယ့်တိတိကျကျတော့မမှန်ပါဘူး၊ချွင်းချက်တွေရှိနေပါတယ်။
ဒီနေရာမှာ(Inflammation)နှင့်(Oxidative Stress)ကအရေးကြီးသလို(Viral Load (or) infectious dose )ကလဲအလွန်အရေးကြီးပြန်ပါတယ်။ဆိုလိုတာကလူတိုင်းလူတိုင်းမှာခုခံမှု့အားနှင့်ကျန်းမာရေးအခြေအနေတွေကွဲပြားခြားနားနေလို့ဗိုင်းရပ်ပိုးဝင်လာမှု့အနည်းအများကိုခံနိုင်ရာ်ရှိမှု့တွေနဲ့တုံ့ပြန်မှု့တွေလဲတိတိကျကျမတူညီနေနိုင်ပါဘူး။
(Viral Load (or) infectious dose)ဆိုတာကတစ်ကြိမ်တည်းနဲ့ဗိုင်းရပ်စ်အကောင်ရေဘယ်လောက်အကူးစက်ခံရရင်ဒုက္ခဖြစ်နိုင်သလဲဆိုတာကိုဆိုလိုချင်တာပါ။(Immune System)ဘယ်လောက်ကောင်းကောင်း၊အရွယ်ဘယ်လောက်ငယ်ငယ်၊ဘယ်လောက်ကျန်းမာနေပါစေ၊(Viral Load)များရင်လဲသေစေနိုင်ပါတယ်။
ဆိုလိုတာက(မောင်ဖြူ)ဆိုတဲ့လူတစ်ယောက်ရဲ့(Immune System)ဟာဗိုင်းရပ်စ်အကောင်ရေ(တစ်ရာ)ကူးစက်ခံရတာကိုကောင်းကောင်းခံနိုင်ပေမယ့်၊အကောင်ရေ(တစ်ထောင်)ကိုတစ်ကြိမ်ထဲကူးစက်ခံလိုက်ရရင်တော့မောင်ဖြူသေနိုင်ပါတယ်။
လူတိုင်းမှာ(TRIM-56)ပရိုတိန်းတစ်မျိုးရှိနေလို့ဒီရောဂါကိုအတော်အသင့်လူတိုင်းခုခံနိုင်ပါတယ်။ရောဂါအသစ်တစ်မျိုးဖြစ်နေလို့လူတိုင်းလုံးဝမခုခံနိုင်ဘူးဆိုတဲ့အဆိုဟာမမှန်ကန်ပါဘူး။ဒါပေမယ့်ဘယ်သူကဘယ်လောက်အတိုင်းအတာပမာဏအထိခုခံနိုင်သလဲဆိုတာကတော့ကွဲပြားခြားနားနေနိုင်ပါတယ်။ဒါကြောင့်(Viral Load)မများဖို့ဆိုတာအလွန်အရေးကြီးပါတယ်။
မောင်မဲဆိုတဲ့လူတစ်ယောက်ရဲ့(Immune System)ဟာဗိုင်းရပ်စ်အကောင်ရေ(တစ်ထောင်)ကိုအကူးစက်ခံနိုင်သူဖြစ်နေရင်အကောင်ရေ(ထောင့်ငါးရာ)ကိုတစ်ကြိမ်ထဲမိရင်သေနိုင်ပါတယ်။သို့သော်အကောင်ရေ(ထောင့်ငါးရာ)ကိုတစ်ကြိမ်တည်းမမိပဲနဲ့တစ်ကြိမ်ကိုအကောင်(တစ်ရာစီ)ကို(၁၅)ကြိမ်လောက်ရက်ပေါင်းများစွာခြားခြားပြီးခွဲမိရင်တော့မသေနိုင်ပါဘူး။ပထမတစ်ကြိမ်မှာအကောင်ရေအနည်းငယ်လေးမိလိုက်ရင်၊နောက်ရက်တွေမှာဒုတိယအကြိမ်အတွက်(TRIM-56)ပရိုတိန်းတွေပိုပိုပြီးထုတ်လုပ်လာနိုင်လို့ခုခံနိုင်ဖို့ခုခံအားတွေပိုပိုပြီးမြင့်တက်လာနိုင်ပါတယ်။ကာကွယ်ဆေးအလုပ်လုပ်တယ်ဆိုတာကလဲဒီလိုသဘောသဘာဝကိုအခြေခံထားတာပါပဲ။
အနှစ်ချုပ်ပြောရရင်ပထမတစ်ကြိမ်ထဲနဲ့အကောင်ရေမြောက်များစွာကူးစက်ခံရရင်တော့ဘယ်လောက်ကျန်းမာပြီးခုခံမှု့အားကောင်းနေပါစေသေနိုင်ပါတယ်။တစ်ကြိမ်ကိုနည်းနည်းစီခွဲခွဲပြီးရက်ခြားပြီးတော့အကြိမ်ပေါင်းများစွာခွဲပြီးမိလာရင်တော့မသေနိုင်ပါဘူး။ဒီလိုတစ်ကြိမ်တည်းနဲ့အကောင်ရေဘယ်လောက်မိတယ်ဆိုတဲ့သဘောတရားကို(Viral Load)လို့လဲခေါ်ပါတယ်။
ဒါကြောင့်(Viral Load)ဆိုတာဟာအလွန်အရေးကြီးပြီး၊မများဖို့တော့လိုအပ်ပါတယ်။ဆိုလိုတဲ့အဓိပ္ပါယ်ကဗိုင်းရပ်စ်လုံးဝကူးစက်မလာအောင်တော့ဘယ်လိုမှကာကွယ်လို့မရနိုင်ပါဘူး။(N95 Mask)တွေလဲရာနှုန်းပြည့်မကာကွယ်ပေးနိုင်ပါဘူး။ဘယ်(PPE)ပစ္စည်းတွေမှလဲရာနှုန်းပြည့်အကာအကွယ်မပေးနိုင်ပါဘူး။ဘာနဲ့ပဲကာကွယ်ထားပါစေ၊နည်းနည်းတော့ဝင်လာမှာပါပဲ။ကာကွယ်ရေးပစ္စည်းတွေဟာရာနှုန်းပြည့်ကာကွယ်မပေးနိုင်သော်လဲ၊ဝင်လာမယ့်အကောင်ရေ(Viral Load)ကိုတော့သိသိသာသာကြီးကိုလျှော့နည်းစေနိုင်ပါတယ်။
တစ်ချို့လူတွေက(N95)မှမရရင်တစ်ခြား(Mask)တွေဘာမှမတတ်ကြပါနဲ့အလကားပါပဲ၊ဘာမှအကာအကွယ်မပေးနိုင်ပါဘူး၊မထူးပါဘူးလို့ပြောဆိုနေကြပါတယ်။အဲဒီစကားကိုလိုက်နားယောင်ပြီး(Mask)မတတ်ရင်ကိုယ်ပဲခံရပါလိမ့်မယ်။တစ်ကယ်တော့ရိုးရိုး(Mask)တွေမပြောပါနဲ့၊(N95)လဲရာနုန်းပြည့်တော့မကာကွယ်ပေးနိုင်ပါဘူး။သို့သော်(Viral Load)ကိုတော့သိသိသာသာကိုလျှော့နည်းစေနိုင်ပါတယ်။
ဒါကြောင့်ကျွန်တော့်အနေနဲ့ကတော့လူတိုင်းကို(Mask)တတ်စေချင်ပါတယ်။(Mask)ဝယ်မရရင်ရင်လဲလက်ကိုင်ပဝါလေးကိုထောင့်စွန်းကနေနှစ်ထပ်ခေါက်ပြီးမျက်နှာမှာစီးထားစေချင်ပါတယ်။(N95)တောင်အပြည့်အဝမကာကွယ်ပေးနိုင်တာဒီလက်ကိုင်ပုဝါလေးကဘယ်လိုမှအပြည့်အဝမကာကွယ်ပေးနိုင်ပါဘူးလို့စောဒကတက်ရင်တော့မှန်ပါတယ်။သို့သော်အလွန်အရေးကြီးတယ်ဆိုတဲ့(Viral Load)ကိုတော့ဒီဘာမဟုတ်တဲ့လက်ကိုင်ပုဝါလေးကကောင်းကောင်းကိုလျှော့နည်းစေနိုင်ပါတယ်။
ဥပမာပေးရရင်၊ရောဂါရှိတဲ့လူကကိုယ့်မျက်နာတည့်တည့်ကိုချောင်းလာဆိုးထည့်လိုက်မိပြီဆိုရင်၊ကိုယ်ကမျက်နာမှာဘာမှတတ်မထားဘူးဆိုရင်ဗိုင်းရပ်စ်အကောင်ရေ(တစ်သောင်း)တစ်ခါတည်းကူးစက်ခံရနိုင်တယ်ဆိုကြပါစို့၊ဘာမှအသုံးမဝင်ဘူးလို့ထင်ထားတဲ့လက်ကိုင်ပုဝါလေးကိုနှာခေါင်းနဲ့ပါးစပ်မှာစီးထားလိုက်ရင်ကူးစက်ခံရတာခြင်းအတူတူအကောင်ရေ(တစ်ထောင်)လောက်ပဲကူးစက်ခံရပါလိမ့်မယ်။
ဒီနေရာမှာဘာမှအသုံးမဝင်ဘူးလို့ဆိုတဲ့လက်ကိုင်ပဝါလေးဟာအကောင်ရေ(ကိုးထောင်)ကိုလျှော့နည်းသွားစေနိုင်ပါတယ်။ဒီအကောင်ရေကိုးထောင်ဟာရောဂါကူးပြီးသေမလား၊ရောဂါခဏလေးပြန်ပျောက်ကင်းသွားပြီးအသက်ရှင်နိုင်မလားဆိုတာကိုတော့ကောင်းကောင်းအဆုံးအဖြတ်ပေးနိုင်ပါတယ်။ဒါကြောင့်ဘာမှတတ်မထားတာနဲ့စာရင်အိမ်မှာရှိတဲ့အဝတ်တစ်ခုခုကို(Mask)လုပ်ပြီးတော့တတ်သင့်ပါတယ်။
နောက်တစ်ခုကတော့လက်ကိုမကြာခဏဆေးဖို့နဲ့၊အပြင်သွားရင်လက်ကိုတစ်ခါသုံးရာဘာ(သို့)ပလတ်စတစ်လက်အိပ်တွေသေချာစွတ်ဖို့ပါပဲ။အနှစ်ချုပ်ပြောချင်တာကဗိုင်းရပ်စ်တစ်ကောင်မှကူးစက်မခံရအောင်နေနိုင်ရင်အကောင်းဆုံးပဲဆိုတာကတော့သီအိုရီအရမှန်နေပေမယ့်၊လက်တွေ့မှာကြတော့ဘယ်လိုမှကိုမဖြစ်နိုင်ပါဘူး။လက်တွေ့ဖြစ်နိုင်တဲ့နည်းလမ်းကတော့ကူးစက်လာရင်တောင်တစ်ခါတည်းနဲ့အကောင်ရေများများဝင်မလာနိုင်ဖို့ပါပဲ။
(3) Hyperinflammation. အဆုတ်အပါအဝင်ကိုယ်တွင်းအင်္ဂါအားလုံးမှာအတွင်းရောင်ရမ်းမှု့အလွန်အကျွံမဖြစ်စေရန်။
(4) Oxidative Stress အဆုတ်အပါအဝင်ကိုယ်တွင်းအင်္ဂါအားလုံးမှာဓါတ်တိုးမှု့ကြောင့်တိုက်ခိုက်ခံရခြင်းမရှိစေရန်။
နောက်တစ်ခုကသေသွားတဲ့လူတွေကိုကြည့်လိုက်ရင်(COVID-19)ကြောင့်သေတာမဟုတ်ပဲ။(Inflammation & Oxidative Stress)တွေကြောင့်သေတာတွေပါပဲ။ဘယ်လောက်ခုခံအားကောင်းကောင်း(Inflammation & Oxidative Stress)ဖြစ်ရင်သေစေနိုင်ပါတယ်။ဒါတွေမဖြစ်အောင်ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာနောက်ပိုင်းမှာအသေးစိတ်ထပ်ရေးပေးပါဦးမယ်။ဒီနှစ်မျိုးအကြောင်းကအကျယ်အသေးစိတ်ရေးရမှာဖြစ်လို့ဒီစာမှာထည့်ရေးလိုက်ရင်စာအလွန်ရှည်သွားလို့စာရှည်ကြောက်သူတွေဖတ်မှာမဟုတ်တော့ပါဘူး။ဒီတော့ကျော်ပြစ်လိုက်ပြီးရှေ့ဆက်သွားကြရအောင်။
(5) Time of infection. မဖြစ်မနေလူတိုင်းကိုရောဂါကူးစက်ခံရပြီဆိုရင်တောင်၊ချက်ချင်းကူးစက်မခံရပဲနဲ့ရောဂါကိုထိန်းချုပ်နိုင်ပြီဆိုတဲ့အချိန်ကြမှာသာလျှင်နောက်ဆုံးမှသာမဖြစ်မနေမိမိကိုကူးစက်ခံရနိုင်စေရန်။
ကျွန်တော်ဆိုလိုချင်တာက၊ဘယ်မှာပဲနေနေ၊ဒီကမ္ဘာမြေပြင်ပေါ်မှာနေနေသရွေ့ကတော့ဒီပိုးဟာကိုယ့်ကိုယ်ထဲကိုအနှေးနဲ့အမြန်ဝင်ရောက်လာမှာကတော့မလွဲဧကန်အမှန်ပါပဲ။
သို့သော်တကြိမ်ထဲနဲ့(Viral Load)အကောင်ရေအများကြီးဝင်လာမယ်ဆိုရင်တော့၊ကျန်းမာနေပြီး၊ခုခံအားကောင်းသူဖြစ်ပါစေအသက်သေစေနိုင်ပါတယ်။
ကူးစက်ခံလာရတာချင်းအတူတူ၊တကြိမ်ထဲနဲ့အများကြီးကူးစက်မခံရပဲနဲ့နည်းနည်းခြင်းစီခွဲပြီးအကြိမ်များစွာကူးစက်ခံရရင်တော့ကာကွယ်ဆေးထိုးလိုက်သလို(TRIM-56)ပရိုတိန်းတွေများများထုတ်လုပ်နိုင်ဖို့အချိန်ရသွားလို့၊တဖြေးဖြေးနဲ့(Immunity)ရရှိလာနိုင်ပြီးရောဂါပြီးသွားနိုင်ပါတယ်။
ဒါကြောင့်၊ဗိုင်းရပ်စ်ပိုးလုံးဝမဝင်အောင်မကာကွယ်နိုင်သည့်တိုင်အောင်၊တစ်ပြိုင်တည်းနဲ့များများဝင်မလာနိုင်အောင်တော့ကာကွယ်ကြရပါမယ်။ကိုယ့်ကိုကူးစက်လာတာတောင်ချက်ချင်း(Viral Load)များများမကူးစက်နိုင်အောင်၊အစပိုင်းမှာအကောင်ရေနည်းနိုင်သလောက်နည်းအောင်ကျိုးစားရမယ့်အပြင်၊ကိုယ့်ကိုကူးစက်ခံလာရတဲ့အချိန်ဟာလဲလူတွေအများကြီးဖြစ်နေတဲ့ရောဂါပေါက်ကွဲချိန်မှာမဟုတ်တော့ပဲ၊ရောဂါကိုပြန်လည်ထိန်းချုပ်ကုသလို့ရနိုင်လာတဲ့နောက်ကျတဲ့အချိန်ဖြစ်အောင်ကျိုးစားရပါမယ်။
ဆိုလိုတာကမလွဲတာမရှောင်တာလို့လူတိုင်းကူးစက်ခံရတော့မယ်ဆိုရင်တောင်ကိုယ့်ကိုနောက်ဆုံးမှကူးစက်နိုင်အောင်နဲ့တစ်ကြိမ်ထဲနဲ့အများကြီးမကူးစက်လာနိုင်အောင်ကျိုးစားရပါမယ်။
စာရှည်သွားလို့ဒီနေ့တော့ဒီလောက်ပါပဲ၊မကြာခင်မှာ
(3) Hyperinflammation. အဆုတ်အပါအဝင်ကိုယ်တွင်းအင်္ဂါအားလုံးမှာအတွင်းရောင်ရမ်းမှု့အလွန်အကျွံမဖြစ်စေရန်။
(4) Oxidative Stress အဆုတ်အပါအဝင်ကိုယ်တွင်းအင်္ဂါအားလုံးမှာဓါတ်တိုးမှု့ကြောင့်တိုက်ခိုက်ခံရခြင်းမရှိနေစေရန်။
ကျန်တဲ့အချက်နှစ်ချက်ကိုအသေးစိတ်ရေးပေးပါဦးမယ်။
အားလုံးဘေးကင်းကြပါစေ။
Kelvin Albert Power
Shopping Cart