(COVID-19)ဖြစ်လာရင်ဘယ်လိုလူတွေသေမလဲ?။ ဘယ်လိုလူတွေမသေပဲအသာလေးရောဂါဖြစ်ပြီးပျောက်ကင်းသွားနိုင်မလဲ?။

Source from Kelvin A. Power’s Facebook on March 27, 2020
80%-20% ?
(COVID-19)ဖြစ်လာရင်ဘယ်လိုလူတွေသေမလဲ?။
ဘယ်လိုလူတွေမသေပဲအသာလေးရောဂါဖြစ်ပြီးပျောက်ကင်းသွားနိုင်မလဲ?။
သေမယ့်ထဲကိုယ်မပါအောင်ဘာတွေကြိုတင်ပြီးလုပ်ထားလို့ရနိုင်မလဲ?။
(COVID-19 virus)စွဲကပ်လာပြီဆိုရင်၊(80%)ရာခိုင်နုှန်းကဘာမှကိုရောဂါမခံစားရပဲနဲ့နားစေးချောင်းဆိုးလောက်နဲ့လဲရောဂါပျောက်ကင်းသွားနိုင်ပါတယ်။ကျန်တဲ့(20%)ရာခိုင်နှန်းကတောာ့အဆုတ်တွေထိခိုက်ပျက်စီးသွားပြီးဆေးရုံ၊အရေးပေါ်ရောက်၊အသက်ရူစက်တွေလိုအပ်နိုင်ပါတယ်။
တစ်ကယ်လို့သာကိုယ်ကဆေးရုံတက်ကုရမယ့်(20%)ထဲကိုပါသွားပြီးတော့၊ကိုယ့်တိုင်းပြည်ကလဲခေတ်မှီ၊ကိုယ်ကလဲတိုင်းပြည်အတွက်အလွန်အရေးကြီးတဲ့(VIP)တယောက်ဆိုရင်တော့၊ဆေးရုံမှာကိုယ့်အတွက်ဆေးပစ္စည်းတွေအပြည့်အစုံ၊ကုတင်အဆင်သင့်၊အသက်ရူစက်တွေအဆင်သင်၊အောက်ဆီဂျင်တွေအပြည့်အဝနဲ့ဆေးကုသပေးဖိုဆရာဝန်၊ဆရာဝန်မတွေဝိုင်းပြီးအဆင်သင့်ထိုင်စောင့်ကုသပေးနေမယ်ဆိုရင်တော့၊အဲဒီဆေးရုံရောက်လာတဲ့(20%)အကုန်လုံးတော့မသေနိုင်ပါဘူး။ဆေးရုံရောက်တဲ့(20%)ထဲမှာမှတချို့တွေပဲသေစေနိုင်ပြီးအသေအပျောက်နည်းနိုင်ပါတယ်။
ကိုယ်ကတိုင်းပြည်အတွက်အလွန်အရေးကြီးတဲ့(VIP)လဲမဟုတ်၊ကိုယ့်တိုင်းပြည်ကလဲဆေးပစ္စည်းတွေ၊အသက်ရူစက်တွေအလုံအလောက်မရှိ၊ဆရာဝန်တွေ၊ဆရာမတွေကလဲမစုံညီဘူးဆိုရင်တော့ကိုယ်ကအဲဒီ(20%)ထဲကိုကံဆိုးစွာနဲ့မတော်တဆပါသွားမယ်ဆိုရင်တော့မတွေးရဲစရာပါပဲ။
အထူးသဖြင့်အသက်ရူစက်တွေလုံလောက်အောင်မပေးနိုင်တဲ့မြန်မာနိုင်ငံမှာဆိုရင်လူတိုင်းရောဂါဖြစ်ပြီးဆေးဝါးစက်ပစ္စည်းတွေမလုံမလောက်ဖြစ်နေတဲ့အချိန်အခါမှာကိုယ်ကအဲဒီအဖြစ်ဆိုးမယ့်(20%)ထဲကိုပါသွားပြီဆိုရင်တော့သေလူလို့သာကြိုတင်ပြီးသတ်မှတ်ထားလို့ရနိုင်ပါတယ်။
ရောဂါကတော့တစ်ကမ္ဘာလုံးကိုလူကြီးလူငယ်၊ဆင်းရဲချမ်းသာ၊ယောင်္ကျားမိန်းမ၊ရာထူးအာဏာ၊အဆင့်အတန်း၊လူမျိုး၊ဘာသာမရွေးလူတိုင်းကိုအနှေးနဲ့အမြန်ကူးလာနိုင်တာပါပဲ။
အထူးသဖြင့်မြန်မာနိုင်ငံလိုအသက်ရူစက်တွေဆေးဝါးပစ္စည်းတွေမရှိတဲ့နေရာကိုရောဂါကူးလာခဲ့ပြီဆိုရင်၊ကိုယ်ကသေနိုင်တဲ့(20%)ရာခိုင်နုန်းအုပ်စုထဲပါမသွားပဲ၊နှာစေးချောင်းဆိုးလောက်လေးသာဖြစ်ပြီးအေးအေးဆေးဆေးအသာလေးရောဂါပျောက်သွားမယ့်(80%)အုပ်စုထဲမှာကျန်ရှိနေဖို့တော့အထူးလိုအပ်လှပါတယ်။
ကိုယ်ကအသက်ရူစက်တွေဆေးဝါးပစ္စည်းတွေမပြည့်စုံလို့သေနိုင်တယ့့််(20%)ထဲကိုရောက်သွားမလား၊ရောဂါကူးစက်ခံရပေမယ့်နှာစေးချောင်းဆိုးလောက်နဲ့အသာလေး၊ပျောက်သွားမယ့်(80%)အဖွဲ့ထဲကိုရောက်သွားမလားဆိုတာကတော့၊(COVID-19 Virus)ကနေပြီးမဲနိုက်ပြီးဆုံးဖြတ်ပေးမှာမဟုတ်သလို၊သေမင်းကိုယ်တိုင်ရောက်လာပြီးသူလိုချင်တဲ့လူတွေကိုနံကြားထောက်ရွေးချယ်ထုတ်သွားမှာလဲမဟုတ်ပါဘူး။ဆရာဝန်တွေ၊ဆရာမတွေ၊ဆေးရုံတွေ၊အစိုးရတွေကလဲမဲနိုက်ပြီးရွေးချယ်ခွဲခြားပေးနိုင်တာမဟုတ်ပါဘူး။ဘယ်သူကသာရွေးချယ်ရမယ်လို့ထင်မြင်ကြပါသလဲ?။
သေနိုင်တဲ့(20%)ရာခိုင်နုန်းထဲကိုလိုက်သွားမလား၊နှာစေးချောင်းဆိုးလောက်နဲ့အသာလေး၊ပျောက်သွားမယ့်(80%)ရာခိုင်နုန်းထဲမှာနေခဲ့ကြမလားဆိုတာကတော့ကိုယ်တိုင်မျက်စိမှိတ်ပြီး၊မျက်ကန်းရွေးနည်းနဲ့ရွေးချယ်ရမယ့်လမ်းကြောင်းပါ။သေမလား၊အသာလေးပျောက်သွားမလားဆိုတာကိုယ်တိုင်ရွေးချယ်ကြရမှာပါ။ဒီလိုရွေးချယ်တဲ့နေရာမှာလူတိုင်းအတွက်မျက်စိမှိတ်ပြီးမရွေးချယ်ကြပဲနဲ့၊ပညာဉာဏ်မျက်စိကလေးဖွင့်ထားပြီးတော့လမ်းမှန်ဖက်ကိုရွေးချယ်တတ်ဖို့တော့သင်ကြားပေးထားချင်ပါတယ်။
ကျွန်တော့်စကားကိုယုံတာမယုံတာကတော့ကိုယ့်အပိုင်းပါ။လမ်းမှားရင်လဲ(အမှား)ထဲလိုက်သွားကြပေါ့။ယုံကြည်တဲ့လူတွေအတွက်လမ်းမှားမလိုက်မိပဲ(လမ်းမှန်)ထဲမှာကျန်နေဖို့အတွက်လမ်းမှားမလိုက်မိဖို့ရွေးချယ်နည်း(၅)နည်းကိုသင်ပေးလိုက်ပါမယ်။
ဒီရောဂါမကူးစက်လာအောင်တော့ဘယ်ကာကွယ်ဆေးမှထိုးပေးလို့မရသလို၊ဘယ်လိုမှတားဆီးလို့မရနိုင်ပါဘူး။အနှေးနဲ့အမြန်တော့ကူးစက်လာပါလိမ့်မယ်။တစ်ခုသိထားရမှာကရောဂါကူးစက်လာရင်သေနိုင်တဲ့(20%)ထဲကိုကိုယ်ရောက်မသွားပဲ၊အသာလေးဘာမှမဖြစ်လိုက်ပဲနဲ့ရောဂါပျောက်ကင်းသွားမယ့်(80%)ထဲမှာကိုယ်ကျန်နေရအောင်အောက်ပါအချက်(၅)ချက်ကိုသချာနားလည်ထားဖို့တော့လိုအပ်နေပါတယ်။
(1) Immunity ကောင်းဖို့။
(2) Viral Load မများဖို့။
(3) Inflammation မဖြစ်ဖို့။
(4) Oxidative Stress မရှိနေဖို့။
(5) Time of infection အချိန်အခါသင့်ဖို့။
1.(Immunity)ကောင်းရင်ဒီရောဂါက၊နှာဈေးချောင်းဆိုးလောက်ကလွဲပြီးဘာမကိုမဖြစ်ပါဘူး။(Immunity)မကောင်းရင်တော့အသက်ပါသေစေနိုင်ပါတယ်။
2.ဘယ်လောက်(Immune system)ကောင်းကောင်း၊ဘယ်လောက်အသက်ငယ်ပါစေ၊ဘယ်လောက်ကျန်းမာသန်စွမ်းနေပါစေ၊(Viral Load)များများမိလာရင်တော့သေစေနိုင်ပါတယ်။
(Viral Load)များများမမိလာဘူးဆိုရင်တော့တော်ရုံတန်ရုံခုခံမှု့(Immune system)လောက်နဲ့လဲမသေနိုင်သလို၊အသက်ကြီးပြီးသိပ်မကျန်းမာရင်တောင်မသေနိုင်ပါဘူး။
3.(Inflammation)မဖြစ်ဘူးဆိုရင်လဲ၊အဆုတ်လုံးဝမပျက်စီးနိုင်သလိုသေနိုင်စရာအကြောင်းလဲလုံးဝကိုမရှိပါဘူး။(Inflammation)ဖြစ်သွားရင်တော့အဆုတ်ကအစပြုပြီးကိုယ်အင်္ဂါအစိတ်အပိုင်းတွေအားလုံးပျက်စီးသွားလို့သေစေနိုင်ပါတယ်။
4.(Oxidative Stress)မဖြစ်ရင်လဲသေဖို့မလွယ်ပြန်ပါဘူး။(Oxidative Stress)ကြောင့်သာပိုပြီးတော့(Inflammation)တွေထပ်ဖြစ်ရတာပါ။(Oxidative Stress)များနေပြီဆိုရင်တော့သေစေနိုင်ပါတယ်။
5.(Time of infection) ကိုယ်ရောဂါကူးစက်ခံရတဲ့အချိန်ဟာ၊ဆေးရုံမှာကိုယ့်လိုရောဂါကူးစက်တဲ့လူတွေအလွန်နည်းနေတဲ့အချိန်အခါမှာဆိုရင်ကိုယ့်အတွက်ကုတင်တွေအသက်ရူစက်တွေ၊ဆေးဝါးတွေ၊ဆရာဝန်၊ဆရာမတွေအပြည့်အစုံရှိနေတဲ့အတွက်ကိုယ်ရောဂါဖြစ်လာရင်သေဖို့ခက်ခဲပါတယ်။
ဒါပေမယ့်၊ကိုယ်ရောဂါဖြစ်နေတဲ့အချိန်ဟာလူတိုင်းရောဂါဖြစ်နေပြီးဆေးရုံမှာ၊အသက်ရူစက်တွေဆေးဝါးတွေဘာမှအလုံအလောက်မရှိ၊ကုတင်အပိုမရှိ၊ဆေးတွေကုန်နေတဲ့အချိန်ဆိုရင်တော့ပိုပြီးတော့အသေလွယ်တတ်ပါတယ်။
ဥပမာပြောရရင်၊အခုရောဂါသယ်လာတဲ့နိုင်ငံခြားပြန်တွေကိုကြည့်လိုက်ပါ။ရောဂါကအခုမှအစအနေနဲ့သူတို့ကမျိုးစေ့သယ်ဆောင်လာပေးတဲ့လူတွေဆိုတော့၊သူတို့ရောဂါပိုဆိုးလာရင်ကျန်တဲ့လူတွေကို၊သူတို့ကနေကူးစက်ခံရမှာကြောက်လို့၊ဆေးရုံတွေ၊ဆရာဝန်တွေက၊ဆေးတွေ၊စက်ပစ္စည်းတွေပြည့်ပြည့်စုံစုံနဲ့သေသေချာချာကိုကုသပေးနိုင်ပါတယ်။ဒီလူတွေကတော့တကယ့်ကံထူးရှင်တွေပါပဲ။
ဒါပေမယ့်ကိုယ့်အလှည့်ကြတော့တပြည်လုံးအတိုင်းအတာနဲ့ရောဂါတွေကူးစက်ပေါက်ကွဲလာပြီးမြန်မာနိုင်ငံသားတွေထောင်သောင်းချီပြီးရောဂါဖြစ်ပွားလာနေပြီဆိုရင်တော့၊ဘယ်ဆေးရုံကမှကိုယ့်ကိုနိုင်ငံခြားပြန်ရောဂါသယ်ဆောင်လာပေးသူတွေလောက်တော့ဂရုတစိုက်နဲ့ဆေးကုသပေးနိုင်မှာမဟုတ်တော့ပါဘူး။
အဲဒီအထက်ပါအချက်(၅)ချက်နဲ့ညီညွတ်အောင်နေထိုင်စားသောက်ကျင့်သုံးနေထိုင်နိုင်မယ်ဆိုရင်တော့၊သေနိုင်တဲ့(20%)မှာကိုယ်မပါနိုင်တော့ပဲ၊ဘာမှမဖြစ်ပဲနဲ့၊မသိမသာလေးရောဂါပျောက်ကင်းသွားမယ့်(80%)ထဲမှာသာကိုယ်ပါသွားပါလိမ့်မယ်။ဒါဟာကိုယ်တိုင်နားလည်ပြီးဆုံးဖြတ်ရွေးချယ်ရမှာဖြစ်ပါတယ်။
ကိုယ့်အတွက်ဘယ်သူကမှလာပြီးှရွေးချယ်ပေးလို့မရနိုင်ပါဘူး။အဲဒီအချက်(၅)ချက်နဲ့ညီအောင်ဘယ်လိုနေထိုင်ကျင့်ကြံ၊စားသောက်ရမယ်ဆိုတာကိုကျွန်တော့်ရဲ့(Followers)တွေအားလုံးအတွက်မကြာခင်မှာထပ်ရေးပေးပါဦးမယ်။အခုတော့စာရှည်တာကိုမဖတ်ချင်ကြတဲ့လူတွေများနေလို့လူတိုင်းဖတ်ချင်ပြီးအကျိုးများရအောင်၊ခဏနားလိုက်ပါဦးမယ်။
အားလုံးဘေးကင်းကြပါစေ။
Kelvin Albert Power
Shopping Cart