Source from Kelvin A. Power’s Facebook on October 10, 2020
(COVID-19)စပိန်သုတေသနနှင့်(Bradykinin Storm)အကြောင်း။
—
(Vitamin D High Dose)ကြောင့်၊(COVID-19) သေပျောက်နှုန်း(0%)အထိကျဆင်းသွားရတဲ့စပိန်သုတေသနအကြောင်းကိုတနိုင်ငံလုံး(လူတိုင်း)မသိရင်အပြစ်မဲ့တဲ့အသက်တွေထပ်ပြီးရာထောင်ချီဆုံးရံှုးကြရဦးမယ်။လူတိုင်းသိအောင်လုပ်ကြဖို့လဲလိုအပ်နေပြီ။
—
(The Journal of Steroid Biochemistry and Molecular Biology)မှာပါတဲ့(Reina Sofia University Hospital, Córdoba Spain)ကလုပ်တဲ့၊စပိန်နိုင်ငံရဲ့(COVID-19)သုတေသနကိုအကျာဉ်းချုပ်ကလေးပဲပြောပါမယ်။အသေးစိတ်သိချင်ရင်ကိုယ်တိုင်သွားဖတ်လိုက်ကြပါ။အောက်မှာ(Link)ပေးထားပါတယ်။
—
အကျဉ်းချုပ်ပြောရရင်၊စပိန်နိုင်ငံကဆေးရုံတစ်ခုမှာ(COVID-19)ဖြစ်နေတဲ့လူနာတွေကိုအုပ်စုနှစ်စုခွဲပြီးဆေးကုကြတယ်။ပထမအုပ်စုကို(Vitamin D)လုံးဝမပေးပဲဆေးကုကြည့်တယ်။
—
နောက်အုပ်စုကို(Cholecalciferol Vitamin D3 =106,400 IU/day)နဲ့အားခြင်းညီမျှတဲ့၊(Active form 25OHD, calcifediol)ကိုနေ့စဉ်(၃)ရက်ဆက်တိုက်ပေးပြီးကုတယ်။ကျန်ရက်တွေမှာ(D3= 53,200 IU/day)နဲ့ညီမျှတဲ့(25OHD calcifediol)ကိုဆက်ပေးပြီးကုပါတယ်။တစ်ပါတ်အတွင်းမှာလူနာတစ်ယောက်စီကို(Vitamin D3) ငါးသိန်း၊သုံးသောင်းနှစ်ထောင်(IU)နဲ့ညီမျှတဲ့(calcifediol)ပေးပြီးကုပါတယ်။
—
သူတို့ပေးတဲ့(Vitamin D)ဟာအပြင်းစား(Active form 25OHD, calcifediol)ဆိုတာကျွန်တော်တို့(Supplement)တွေမှာသုံးထားတဲ့(Vitamin D3, cholecalciferol)ထက်(၅)ဆတိတိပိုပြီးပြင်းအားရှိတယ်ဆိုတာ၊အောက်မှာ(Link)ပေးထားတဲ့စာအုပ်ရဲ့စာမျက်နာ(၂၅၅)အောက်နားလေးမှာတိတိကျကျဖေါ်ပြပေးထားပါတယ်။
References: https://www.nap.edu/download/5776
—
အဖြေကဘာရလာသလဲဆိုတော့ပထမအပါတ်မှာတင်(Vitamin D3)ငါးသိန်းကျော်(IU)နဲ့ညီမျှတဲ့(Active form calcifediol)ပေးပြီးကုသလိုက်တဲ့အုပ်စုမှာတစ်ယောက်မှမသေဘူး။အားလုံးအသက်ရှင်ပါတယ်။
—
ဒါကြောင့်(Vitamin D3)တစ်ပါတ်အတွင်း(IU)ငါးသိန်းကျော်ပေးလိုက်တဲ့အုပ်စုရဲ့သေပျောက်နှုန်းဟာ(0%)ရာခိုင်နှုန်းပဲရှိတယ်။အခြားတစ်ဖက်က(Vitamin D)လုံးဝမပေးထားတဲ့အုပ်စုမှာကြတော့သေပျောက်နှုန်း(8%)နီးပါလောက်ရှိပြီး၊လူနာတချို့တွေအသက်ဆုံးရံှုးခဲ့ကြရပါတယ်။
—
(P-value, P<0.001)ပဲရှိပါတယ်။(99.9%)ရာခိုင်နှုန်းကျော်ယုံကြည်စိတ်ချရပြီးအမှားအယွင်းတန်ဖိုး(0.1%)ထက်ပိုနည်းပါတယ်။တနည်းအားဖြင့်တစ်ထောင်ပုံမှာတစ်ပုံလောက်တောင်မမှားနိုင်ပါဘူး။
—
အဲဒီသုတေသနက(Vitamin D)ဟာ(COVID-19)ရောဂါမကူးစက်အောင်ကာကွယ်ပေးနိုင်တယ်လို့မဆိုထားသလို၊(Vitamin D)ဟာ(COVID)ကာကွယ်ဆေးလို့လဲပြောမထားပါဘူး။ကျွန်တော်ကလဲ(Vitamin D)ဟာ (Covid)ကာကွယ်ဆေးလို့တစ်ခါမှမပြောခဲ့ဖူးပါဘူး။
—
စပိန်သုတေသနရဲ့အဖြေကရှင်းရှင်းလေးပါ။(Vitamin D Mega Dose)တစ်ပါတ်လောက်ပေးပြီး(COVID)လူနာတွေကိုကုသလိုက်တာ၊တစ်ယောက်မှမသေဘူး။သေပျောက်နှုန်း(0%)နဲ့အားလုံးအသက်ရှင်သွားတယ်။(Vitamin D)မပေးတဲ့အုပ်စုက(8%)နီးပါးလောက်သေတယ်။
—
ကျွန်တော်ဆိုလိုချင်တာကမြန်မာပြည်မှာလဲ၊(Vitamin D Mega Dose)ကိုအရေးပေါ်(ရေတို)ပေးပြီးကုသမယ်ဆိုရင်သေပျောက်နှုန်းသိသိသာသာလျှော့နည်းသွားနိုင်ပါလိမ့်မယ်။(P<0.001)ဖြစ်နေတဲ့အတွက်မှန်ကန်ဖို့(99.9%)ရာခိုင်နှုန်းကျော်လောက်ယုံကြည်စိတ်ချလို့ရတယ်။(Vitamin D)သည်(COVID)ရောဂါမကူးစက်အောင်ကာကွယ်ပေးတဲ့ကာကွယ်ဆေးလို့ကျွန်တော်လုံးဝမဆိုလိုပါ၊မပြောခဲ့ဖူးပါ။
—
ကျွန်တော်က(Vitamin D)ချို့တဲ့တယ်ဆိုတဲ့လူတွေကိုတစ်ရက်ကိုသုံးသောင်း(IU)၊ငါးရက်ပဲသောက်ခိုင်းလိုက်တာ၊တသက်လုံးသောက်ခိုင်းနေတာမဟုတ်ဘူး။(Vitamin D)ချို့တဲ့တယ်ဆိုတဲ့လူတွေကိုတစ်ရက်ကိုသုံးသောင်း(IU)၊ငါးရက်ဆက်သောက်လိုက်ရုံနဲ့တော့ဘယ်လိုမှမသေနိုင်သလို၊ဘာအန္တရယ်လဲမဖြစ်နိုင်ဘူး။ဘာကြောင့်အန္တရာယ်မဖြစ်သလဲဆိုရင်၊ရေတိုဖြစ်နေလို့၊တစ်သက်လုံး(30000 IU)နေ့စဉ်သောက်ခိုင်းတာမှမဟုတ်တာ။
—
ဒါပေမဲ့အလွန်အရေးကြီးတာတစ်ခုတော့ရှိတယ်။(Vitamin D)ချို့တဲ့လူတွေဟာ(D3)သုံးသောင်း(IU)ကိုငါးရက်လောက် (ရေတို)သောက်လိုက်လို့မသေနိုင်ပေမယ့်၊(COVID)ကြောင့်တော့သေချင်သေသွားနိုင်တယ်ဆိုတာကိုတော့မေ့မထားကြပါနှင့်၊(COVID)ဆိုတာလူတန်းစား၊အသက်အရွယ်မရွေးဘူး။သေရေးရှင်ရေးအခြေအနေမှာ၊အခြေအနေအပေါ်မူတည်ပြီးပဲစဉ်းစားရတာပဲ။အခြေအနေနဲ့အချိန်အခါကိုနားမလည်ပဲပုံသေတွက်နေတဲ့လူတွေဆိုတာလူပိန်းတွေပါပဲ။
—
တချို့သောဆရာဝန်တွေပြောနေကြသလို၊အရေးပေါ်(covid)ကာလ(ရေတို) လေးမှာအဲဒီသုံးသောင်း(IU)ကိုငါးရက်လေးသောက်ခိုင်းလိုက်တာနဲ့အန္တရာယ်ရှိတယ်ဆိုရင်၊(Vitamin D)သုံးသောင်း(IU)ကိုငါးရက်လောက်သောက်လိုက်လို့သေသွားတဲ့လူကမ္ဘာမှာရှိရင်တစ်ယောက်လောက်ပြပါ။ဒါပေမယ့်(Vitamin D)ချို့တဲ့နေလို့(COVID)ကြောင့်သေပျောက်ရတယ်ဆိုတဲ့လူတွေကကတော့ထောင်သောင်းချီပြီးရှိနေတယ်ဆိုတာအထောက်အထားတွေနဲ့ပြန်ပြလို့ရပါတယ်။
—
အခုလူတွေထပ်သိလာရတာက၊(COVID)ကြောင့်သေရတဲ့လူတွေဆိုတာ၊(Bradykinin Storm)ကြောင့်သေနေကြရတာပါ၊အဆုတ်ထဲမှာ(Hyaluronic Acid)ကြောင့်အလွန်ပြစ်ချွဲတဲ့(Jelly)လိုအရည်ပြစ်တွေပိတ်ပြီးသေကြရတာ။
—
(Hyaluronic Acid)ဆိုတာအရည်ပြားတွေ၊အရိုးအဆစ်တွေမှာ(Collagen)တွေတည်ဆောက်ရင်သုံးရတဲ့ကော်လိုချွဲပြစ်စေတဲ့ဓါတ်တမျိုးဖြစ်ပြီးသူ့အနားမှာရေဓါတ်တွေကိုသူ့ရဲ့အလေးချိန်ထက်အဆပေါင်း(တစ်ထောင်)လောက်အထိကိုစုပ်ယူ၍ချွဲပြစ်၊ပြစ်ခဲသွားအောင်ပြုလုပ်လိုက်ပြီး၊ရေရှည်ထိန်းသိမ်းထားနိုင်တယ်၊ဒါကြောင့်အဆုတ်ထဲမှာရေဝင်ပြီး၊သူကပြစ်ခဲသွားအောင်စုပ်ယူထိန်းသိမ်းထားလို့ပြန်မထွက်နိုင်တော့ဘူး။ ၊ရေဓါတ်ကိုစုပ်ယူထိန်းသိမ်းနိုင်လို့အသားအရည်ခြောက်ကပ်နေသူတွေအတွက်လဲသူ့ကို(Skin Care)တွေမှာအဓိကထားပြီးထည့်သုံးကြတယ်။
—
(Hyaluronic Acid)ရဲ့အရည်ပြစ်တွေဟာအဆုတ်လေအိပ်ငယ်လေးတွေထဲမှာပိတ်ပြီဆိုရင်ဘာမှလုပ်လို့မရတော့ဘူး၊သေပြီ။ရေတွေဝင်ပြီးပြစ်ခဲပြီးပိတ်သွားပြီ၊(Hyaluronic Acid)ကအဆုတ်ရဲ့လေအိပ်ငယ်တွေထဲမှာ၊ရေတွေကိုပြန်မထွက်နိုင်အောင်ကော်လိုစေးကပ်စေပြီးထိန်းသိမ်းပြစ်လိုက်ပြီ။အသက်ရူစက်တွေလဲဘာမှကိုမတတ်နိုင်တော့ဘူး။ဒီချွဲပြစ်နေတဲ့အရည်ထုကြီးကိုဖြတ်ပြီးအောက်ဆီဂျင်ဝင်လို့မရသလို၊ကာဗွန်ဒိုင်အောက်ဆိုက်လဲထွက်လို့မရနိုင်တော့ဘူး။အဲဒီအရည်ပြစ်ကလဲထုတ်ပြစ်လို့မရသလို၊ဘာအသက်ရူစက်မှလဲမတတ်နိုင်တော့ဘူး။
—
ဒီလိုအခြေအနေမျိုးကိုလူတန်းစားမရွေး၊အရွယ်မရွေးဖြစ်နိုင်ပါတယ်။သွေးထဲမှာ(Vitamin D)လုံလောက်အောင်ရှိတဲ့သူတွေမှာ၊ဒီလိုအခြေအနေမျိုးကိုဖြစ်ပေါ်စေရတဲ့အကြောင်းတရားဖြတ်တဲ့(Bradykinin Storm Hypothesis) ဖြစ်စဉ်ကိုမဖြစ်ပေါ်စေဖို့အတွက်(Renin Angiotensin System)လို့ခေါ်တဲ့(RAS)စနစ်ကို(Vitamin D)ကထိန်းချုပ်ပေးတာဖြစ်နိုင်တယ်လို့(Biochemistry)နည်းအရပညာရှင်တွေကထုတ်ပြောနေကြပါပြီ။
—
ဒီအချက်ကြောင့်(VitaminD)များနေတဲ့လူတွေဟာရောဂါပြင်းထန်မှု့နဲ့သေပျောက်နှုန်းတွေနည်းနေရတယ်ဆိုတဲ့ဆက်စပ်မှု့တွေကိုတွေ့ရှိနေရခြင်းဖြစ်ပါတယ်။(Bradykinin Storm Hypothesis)အရ(Vitamin D )ဟာ(renin angiotensin system)ကိုထိန်းချုပ်ပေးနိုင်လို့သာလျှင်၊စပိန်သုတေသနမှ(Vitamin D High Dose)ပေးလိုက်တဲ့လူတွေဟာတစ်ယောက်မှအသက်မသေပဲပြန်လည်ကောင်းမွန်လာခဲ့ရပါတယ်ဆိုတဲ့အထောက်အထားက၊အမှန်ဖြစ်နေလို့ငြင်းလို့မရပါဘူး။။
—
(Bradykinin Storm)အကြောင်းကိုတော့နောက်အချိန်ရမှနားလည်အောင်ရှင်းပြပါမယ်။အခုသိချင်ရင်တော့(Biochemistry)ကိုပြန်ဖတ်၊ပြန်လေ့လာကြည့်ပါ။အခုအလွယ်မှတ်ရမှာက(Vitamin D)သည်(Bradykinin Storm)ရဲ့အရင်းအမြစ်တစ်ခုဖြစ်တဲ့(renin angiotensin system)လို့ခေါ်တဲ့(RAS)စနစ်ကို(Biochemistry)နည်းအရထိန်းချုပ်ပေးနိုင်တယ်လို့သိရင်လုံလောက်ပါပြီ။နောက်ပိုင်းမှာ(Bradykinin Storm)ကိုထိန်းချုပ်ပေးနိုင်တဲ့အထောက်အကူဖြစ်တဲ့(Ionophore Zinc)အကြောင်းပါအချိန်ရရင်ထပ်ရေးပေးပါဦးမယ်။
—
အနှစ်ချုပ်ပြောရရင်(Vitamin D)သည်(COVID)မကူးစက်အောင်ကာကွယ်ပေးမယ့်ကာကွယ်ဆေးတော့မဟုတ်ဘူး။ဒါပေမယ့်သေချာတာကတော့(COVID)ကြောင့်သေပျောက်နှုန်းကိုအများကြီးလျှော့နည်းသွားစေနိုင်တယ်ဆိုတဲ့ခိုင်မာတဲ့သုတေသနတွေရှိနေပြီ။တနည်းပြောရရင်(Vitamin D)သွေးထဲမှာလုံလုံလောက်လောက်ရှိနေရင်(COVID)နဲ့သေဖို့ရာခိုင်နှုန်းအလွန်နည်းတယ်။နည်းတာကမှ(0%)မဟုတ်ရင်တောင်၊သုညနားကပ်နေအောင်ကိုနည်းတယ်။ယုံတာမယုံတာကိုယ့်အပိုင်းပါ၊ကိုယ်ဖြစ်ကိုယ်ခံပါပဲ။
—
နောက်ပြီး(Bradykinin Storm Hypothesis)ကိုမယုံကြည်ဘူးဆိုရင်လဲရတယ်။(Vitamin D)ရဲ့သုတေသနတွေကိုမယုံချင်ဘူးဆိုရင်လဲရတယ်။တစ်ခုပြောချင်တာက(ကိုယ်ဗစ်ကတော့၊ကိုယ်ဖြစ်ကိုယ်ခံပါပဲ)။မနာလိုလို့ဝေဖန်တိုက်ခိုက်တဲ့လူတွေကိုလဲဂရုစိုက်မနေတော့ဘူး၊အလုပ်ပျက်တယ်။လူဆိုတာရင့်ကျက်လာလေလေ၊ဂရုမစိုက်တတ်တော့လေလေပါပဲ။
—
မရင့်ကျက်ခင်ကလက်တုံ့ပြန်ချေပခဲ့ရင်တောင်၊ရင့်ကျက်လာပြီဆိုရင်ဂရုကိုမစိုက်တော့တာ။ဘာကြောင့်လဲဆိုတော့အမှိုက်တွေကိုလိုက်ရှင်းနေမယ့့််အစား၊ကိုယ်ယုံကြည်ရာကိုယ့်လမ်းကိုတစိုက်မတ်မတ်ဆက်လျှောက်နေမယ်ဆိုရင်၊မဟုတ်တဲ့နေရာတွေမှာအချိန်မကုန်တော့ပဲ၊တစ်ကယ်လိုအပ်နေတဲ့လူအများအတွက်ပိုပြီးအကျိုးရှိနိုင်တယ်ဆိုတာပိုပြီးနားလည်လာပြီ။တစ်ကယ်တော့လောကမှာဂရုမစိုက်ခြင်းနည်းပညာဆိုတာအကောင်းဆုံးနဲ့အထိရောက်ဆုံးလက်နက်ပါပဲ။
—
အားလုံးဘေးရန်ကင်းကွာ၍ကျန်းမာကြပါစေ။
Kelvin Albert Power