(COVID)ကြောင့်ဖျားရင်၊အဖျားကျဆေးဘာသောက်လို့ရပါသလဲ?၊ဘေးထွက်ဆိုးကျိုးဘာတွေရှိပါသလဲ?။

Source from Kelvin A. Power’s Facebook on October 26, 2020
(COVID)ကြောင့်ဖျားရင်၊အဖျားကျဆေးဘာသောက်လို့ရပါသလဲ?၊ဘေးထွက်ဆိုးကျိုးဘာတွေရှိပါသလဲ?။
(COVID)ကြောင့်ဖျားရင်၊အဖျားကျဆေး၊အကိုက်အခဲပျောက်ဆေး၊(Acetaminophen)သို့မဟုတ်(Paracetamol)(500mg)တစ်နေ့ကို(၈)ကြိမ်၊အများဆုံး(4000mg)အထိပဲသောက်လို့ရပါတယ်။သို့သော်(Acetaminophen)သို့မဟုတ်(Paracetamol)ဟာအသဲကို၊ပက်ပက်စက်စက်ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
အသဲအတွက်အဆိပ်ပါပဲ။(Acetaminophen)သို့မဟုတ်(Paracetamol)သုံးစွဲနေသူဟာအရက်နဲ့ဘီယာ(လုံးဝ)မသောက်သုံးသင့်ပါဘူး။အရက်၊ဘီယာနဲ့(Acetaminophen)သို့မဟုတ်(Paracetamol)ကိုတရက်ထဲအတူတူသောက်ရင်အသဲကွဲတတ်ပါတယ်။အလွန်ဆိုးရွားတဲ့ဆိုးကျိုးတွေရရှိပါလိမ့်မယ်။
အသဲကိုမထိခိုက်စေချင်ဘူးဆိုရင်(Acetaminophen)သို့မဟုတ်(Paracetamol)(500mg)သောက်တိုင်း၊(N-acety L cysteine (NAC)600mg)အနည်းဆုံးထည့်ပြီးသောက်ပါ။အဲဒီလိုထည့်သောက်ရင်အသဲအတွက်အလွန်အဆိပ်ပြင်းတဲ့(Acetaminophen)သို့မဟုတ်(Paracetamol)ဟာ(NAC)ရဲ့အကာအကွယ်ပေးမှု့ကြောင့်အသဲကိုအနည်းငယ်လေးတောင်မှထိခိုက်ပျက်စီးမှု့မရှိဘူးဆိုတဲ့သုတေသနတွေရှိနေပါတယ်။
References:
ရုတ်တရက်အသဲအဆိပ်ဖြစ်ပြီးသေရတော့မယ်ဆိုရင်၊ကယ်တင်နိုင်တာကတော့(NAC)ပါပဲ။(Acetaminophen)သို့မဟုတ်(Paracetamol)တွေ(overdose) သောက်ပြီးကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်ကြတဲ့စိတ်ရောဂါသယ်တွေကို၊အဆိပ်ဖြစ်ပြီး(၈)နာရီအတွင်းမှာ(NAC)ကို(IV)လုံလုံလောက်လောက်ပေးနိုင်မယ်ဆိုရင်အဆိပ်ပြေပြီး၊အသက်ပြန်ရှင်နိုင်ပါတယ်။
စကားမစပ်(NAC)ဆိုလို့၊(NAC)ရဲ့သဘာဝကိုပြောရဦးမယ်။(NAC)ရဲ့သဘာဝကိုက(surfur)ပါတဲ့(Amino Acid) တစ်မျိုးဖြစ်နေလို့ပုပ်အဲ့အဲ့အနံ့ရပါတယ်၊ဘဲဥပုပ်နံ့နဲ့ဆင်တူပါတယ်၊ဒါပုံမှန်သဘာဝပါပဲ။ဘဲဥပုပ်နံ့ဆိုတာ(NAC)ရဲ့မူရင်းအနံ့ဖြစ်နေလို့၊မသိရင်မကောင်းတော့ဘူးပုပ်နေပြီလို့ထင်တတ်ပါတယ်။မပုပ်ပါဘူး၊သူ့ရဲ့နဂိုအနံ့ပါ။
တချို့ဗူးတွေမှာအနံ့ပိုပြင်းတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့တစ်ချို့ဗူးထဲမှာ(capsule)တလုံးလုံးပေါက်နေလို့ဘဲဖြစ်ဖြစ်၊(capsule) တချို့ကပွင့်နေလို့၊မလုံလို့ပဲဖြစ်ဖြစ်၊ဆေးမှုန့်တွေထွက်ကျထားလို့ပဲဖြစ်ဖြစ်အနံ့ထွက်ပိုပြင်းနေရတာပါ။
(surfur)ပါလို့အနံ့ရတာဖြစ်ပြီး၊(Glutathione)ထုတ်ပေးနိုင်တယ်ဆိုတဲ့(Amino Acid)ဟာလဲ(surfur) ပါလို့ပါပဲ။ဆိုလိုတာကအဲဒီ(surfur)ပါတဲ့(Amino Acid)က၊သို့မဟုတ်အဲဒီပုပ်အဲ့အဲ့အနံ့ကပဲခင်ဗျားတို့ရဲ့အသဲကိုအဆိပ်မဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့အပြင်တခြားသောရောဂါအမျိုးမျိုးတွေကနေလဲကာကွယ်ပေးနေတာပါ။
ဒညင်းသီးဆားရည်စိမ်နံ့လောက်တော့အနံ့မဆိုးပါဘူး။ဒညင်းသီးဆားရည်စိမ်ကတော့ကျန်းမာရေးအတွက်ဆိုးကျိုးပဲရနိုင်ပါတယ်။ဒါတောင်စားနေကြသေးတာပဲ။(NAC)အနံ့ကအဲဒီလောက်မဆိုးပါဘူး၊ဒါပေမယ့်ကျန်းမာရေးအတွက်တော့တန်ဖိုးမဖြတ်နိုင်ပါဘူး။
အားလုံးကျန်းမာ၍ဘေးရန်ကင်းရှင်းကြပါစေ။
Kelvin Albert Power
Shopping Cart