Source from Kelvin A. Power’s Facebook on January 27, 2020
(coronavirus)နှင့်ပါတ်သက်ပြီး၊အရေးတကြီးလူတိုင်းသိထားဖို့။
အကယ်၍အရေးပေါ်အခြေအနေတရပ်ကိုရောက်လာရင်ဘာတွေသိထားရမလဲ။ဘာတွေလုပ်ဆောင်ရမလဲ?။မြန်မာနိုင်ငံသားအားလုံးအတွက်အကောင်းဆုံးကိုမျှော်လင့်ထားပါတယ်။သို့သော်အားလုံးအဆိုးဆုံးအခြေအနေတရပ်အတွက်လဲကြိုတင်ပြင်ဆင်ထားကြပါစို့။
–
ထူးခြားတဲ့အချက်ကဒီဗိုင်းရပ်စ်ဟာအသံတိတ်လူသတ်သမားဖြစ်နေပါတယ်။လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲကိုကူးစက်ဝင်ရောက်လာပြီဆိုရင်၊တပါတ်လောက်အထိဘာလက္ခဏာမှလဲမပြ၊မဖျားနာပဲနဲ့အကောင်းပကတိနေထိုင်ကောင်းနေပြီးအဲဒီလူကနေတခြားလူပေါင်းများစွာတွေစီကိုဆက်လက်ကူးစက်ပြန့်ပွားနေနိုင်ပါတယ်။
–
တပါတ်ကျော်လောက်ကြာတော့မှထပြီးကိုယ်အပူချိန်တက်၊ဖျားနာ၊နှာစေး၊ချောင်းဆိုး၊ရင်ကြပ်၊အသက်ရူကြပ်တာတွေစဖြစ်လာတော့တာပါပဲ။လက္ခဏာပြတဲ့အချိန်ဟာတခြားလူတွေကိုဒါဇင်နဲ့ချီကူးစက်ပြီးနေပြီး၊တားဆီးဖို့အလွန်နောက်ကျနေပါပြီ။
–
ရောဂါကူးစက်ခံထားရမှန်း၊ရောဂါတခြားလူတွေစီကိုမပြန့်ပွားနိုင်သေးခင်စောစောစီးစီးကြိုတင်မသိနိုင်တာဟာဒီရောဂါရဲ့အဆိုးဆုံးအချက်တစ်ချက်ဖြစ်နေပါတယ်။
–
အားလုံးအထူးသတိထားရမယ့်အချက်က၊(2003)ခုနှစ်တုံးကဖြစ်ခဲ့တဲ့(SARS)ရဲ့အတွေ့အကြုံအရ၊လာမယ့်ဖေဖေါ်ဝါရီလဟာ၊ယခုဖြစ်ပွားနေတဲ့(Wuhan)ကူးစက်ရောဂါအတွက်အမြန်ဆုံးကူးစက်ပြန့်ပွားဖို့အကောင်းဆုံးဆောင်းရာသီလတစ်လဖြစ်နေပါတယ်။
–
ဖေဖေါ်ဝါရီလဟာဆောင်းတွင်းအအေးဆုံးထဲက၊လတစ်လဖြစ်နေလို့၊တုတ်ကွေး(Flu)ရောဂါနဲ့အလားသဏ္ဍန်တူပြီး၊ပိုပြင်းထန်ကူးစက်လွယ်ကူတဲ့ဒီလိုရောဂါပိုးတွေကူးစက်မှု့အလွန်လွယ်ကူနိုင်တဲ့လတစ်လလဲဖြစ်နေပါတယ်။ဆောင်းကုန်လို့နွေရာသီရောက်လာရင်တော့ကူးစက်မှု့လျော့နည်းလာနိုင်ပါတယ်။
–
နောက်ပြဿနာတစ်ခုက၊ဒီ(Wuhan)ကူးစက်ရောဂါလက္ခဏာဟာ၊သာမန်အအေးမိဖျား၊သာမန်တုတ်ကွေးလက္ခဏာတွေနဲ့ဆင်တူနေပြန်ပါတယ်။ဒီလပိုင်းရာသီဥတုကလဲတုတ်ကွေးရာသီနဲ့၊သာမန်အအေးမိပြီးဖျားနာနိုင်တဲ့ရာသီဥတုဖြစ်နေလို့၊လူတစ်ယောက်ဖျားနာနေပြီဆိုရင်၊တုတ်ကွေးမိဖျားတာလား၊သာမန်အအေးမိပြီးရိုးရိုးဖျားတာလား၊ဒီဗိုင်းရပ်စ်ပိုးကူးစက်မှု့ကြောင့်ရောဂါဒဏ်ခံနေရတာလားဆိုတာခွဲခြားပြီးသိဖို့မလွယ်ကူပါဘူး။
–
နောက်တစ်ချက်က(2003)ခုနှစ်တုံးကဖြစ်ခဲ့တဲ့(SARS)တုံးကလဲတရုတ်အစိုးရကသူ့ရဲ့စီးပွားရေးကိုထိခိုက်မှာစိုးလို့သတင်းအမှောင်ချထားခဲ့ပါတယ်။ဆိုလိုချင်တာကရောဂါကူးစက်သူတွေနဲ့သေဆုံးသူတွေအရေအတွက်ကိုအဆပေါင်းများစွာလျော့ပြီးစာရင်းပြခဲ့ကြတဲ့အလေ့အထလေးရှိခဲ့ဖူးပါတယ်။
–
အခုအချိန်မှာလဲ(2003)တုံးကလိုပဲစာရင်းအမှန်မပြပဲ၊ပွင့်လင်းမြင်သာမှု့အပြည့်အဝရှိနိုင်၊မရှိနိုင်လဲသံသယရှိစရာဖြစ်နေပြန်ပါတယ်။တရုတ်နှစ်သစ်ကူးနဲ့ပါတ်သက်ပြီးခရီးသွားလာမှု့တွေလျော့နည်းသွားပြီးဝင်ငွေထိခိုက်မှာစိုးလို့သတင်းအမှန်မထုတ်ပြန်ဘူးဆိုရင်လဲဖြစ်ချင်ဖြစ်နိုင်ပါတယ်။
–
နောက်ထပ်တွေ့ရှိချက်ကနှာခေါင်းနဲ့ပါးစပ်ကို(Mask)ပိတ်ထားရုံနဲ့မရတော့ပါဘူး။မျက်လုံးကနေလဲကူးစက်ပြန့်ပွားနိုင်ပြန်ပါတယ်။မျက်လုံးမှာလဲရေကူးရာမှာအသုံးပြုတဲ့(swimming goggles glasses)အလုံပိတ်မျက်မှန်ကလေးတွေတပ်ဆင်ရပါမယ်။(Mask)တိုင်းကလဲမကာကွယ်နိုင်ပါဘူး။(N95-Mask)ဖြစ်ရပါမယ်။
–
နောက်တခုဆိုးပြန်တာကရောဂါရှိသူကနှာချေလို့ပဲဖြစ်ဖြစ်၊ချောင်းဆိုးလို့ပဲဖြစ်ဖြစ်။စကားပြော၊အော်ဟစ်၊ငိုယိုလို့ပဲဖြစ်ဖြစ်အပြင်ကိုရောက်ရှိပြန့်န့ှံလာတဲ့ဗိုင်းရပ်ပိုးတွေဟာပါတ်ဝန်းကျင်မှာသေဆုံးမသွားပဲ(၅)ရက်လောက်အထိအသက်ရှင်သန်နေနိုင်ပါသေးတယ်။
–
ဆိုလိုတာကလွန်ခဲ့တဲ့(၅)ရက်အတွင်းကရောဂါရှိတဲ့လူတွေ၊ချောင်းဆိုးနှာချေမိသွားတဲ့နေရာ၊အခန်း၊ခန်းမ(သို့မဟုတ်)ကိုင်မိသွားတဲ့တံခါးလက်ကိုင်တွေ၊တံခါးဘောင်တွေ၊လက်ရန်းတွေ၊ကုလားထိုင်တွေ၊ဓါတ်လှေကားအတက်အဆင်းခလုတ်တွေ၊(Shopping Cart)တွေနဲ့အမျိုးမျိုးသောလူ့အသုံးအဆောင်ပစ္စည်းတွေကိုလဲမိမိကကိုင်မိရင်ကူးစက်နိုင်ပါသေးတယ်။
–
အဆိုးဆုံးအချက်ကတော့ပိုက်ဆံပါပဲ။(USA)မှာတော့များသောအားဖြင့်လူတွေကပိုက်ဆံမသုံးပဲ(Credit Card)တွေပဲသုံးတာများတော့သိပ်မစိုးရိမ်ရပါဘူး။မြန်မာပြည်မှာကပိုက်ဆံစက္ကူတွေကိုင်သုံးတော့အထူးသတိထားကြစေလိုပါတယ်။
–
လွန်ခဲ့တဲ့ငါးရက်အတွင်းကရောဂါရှိသူကိုင်ထားခဲ့တဲ့ပိုက်ဆံစက္ကူကိုမိမိကကိုင်မိရင်တောင်ကူးစက်နိုင်ပါတယ်။ပိုက်ဆံကိုင်ရင်လက်အိတ်အမြဲစွတ်ပြီးမှကိုင်ကြရပါမယ်။ဒါကြောင့်လက်ကိုမကြာခဏဆေးကြောစေလိုပါတယ်။
–
တစ်ကယ်တော့လက်အရေပြားကိုဖေါက်ဝင်ပြီးကူးစက်တာတော့မဟုတ်ပါဘူး။အရေးအကြီးဆုံးသော့ချက်ကမျက်နှာ၊နှာခေါင်း၊ပါးစပ်တွေကိုလက်နဲ့လုံးဝ၊လုံးဝမထိမိ၊မကိုင်မိဖို့ပါပဲ။
–
နှာခေါင်းကနေဗိုင်းရပ်စ်ကိုရှူမိရင်ရှူမိ၊မရှူမိရင်လဲတခုခုကိုလက်နဲ့ထိတွေ့မှု့ကြောင့်လက်မှာပိုင်းရပ်စ်ပိုးတွေကပ်နေတတ်ပါတယ်။မျက်နှာ၊နှာခေါင်း၊ပါးစပ်တွေကိုလက်နဲ့ထိတွေ့မိလိုက်ရင်အဆုတ်ထဲကိုတိုက်ရိုက်ရောက်လာကြတော့တာပါပဲ။
–
စအိုကနေလဲကူးစက်နိုင်လို့ရောဂါကူးစက်ထားသူတွေထိုင်သွားတဲ့ဖင်ထိုင်ခုံကိုထိုင်မိရင်လဲကူးစက်တတ်ပါသေးတယ်။ဘတ်စ်ကားစီးသူတွေ၊တက္ကစီစီးတဲ့လူတွေ၊မစီးမဖြစ်ထိုင်စီးရမယ်ဆိုရင်တော့၊တခါသုံးပလတ်စတစ်အခင်းခပ်ထူထူနဲ့ခင်းပြီးမှထိုင်စီးကြပါ။
–
ရောဂါကိုတိုက်ရိုက်ကုသနည်းမရှိသလို၊ရောဂါပျောက်တဲ့ဆေးလဲမရှိသေးပါဘူး။ပိုးသတ်ဆေးလဲမရှိပါဘူး။ကာကွယ်ဆေးလဲမပေါ်သေးပါဘူး။အကောင်းဆုံးကာကွယ်နည်းကတော့မိမိကိုရောဂါအကူးစက်မခံရအောင်အထူးဂရုစိုက်ဖို့နဲ့မိမိရဲ့ခုခံမှု့စနစ်(Immune System)အားကောင်းနေဖို့ပဲလိုအပ်ပါတယ်။(virus)တွေဖြစ်နေလို့ဘယ်(Antibiotic)နဲ့မှသတ်လို့မရနိုင်ပါဘူး။
–
ဆရာဝန်တွေဆေးရုံတွေရဲ့အဓိကတာဝန်ကဒီပိုးတွေမပြန့်ပွား၊မကူးစက်နိုင်အောင်ကိုင်တွယ်ဖို့တော့အဓိကအနေနဲ့လိုအပ်ပါတယ်။ကူးစက်ခံရလို့လူနာဆေးရုံရောက်သွားရင်ဆရာဝန်တွေကလဲဘာမှကုပေးနိုင်မှာမဟုတ်ပါဘူး။
–
တခြားလူတွေကိုထပ်ပြီးမကူးစက်အောင်သီးသန့်၊ခွဲခြားကန့်သတ်ထားမယ်။အသက်ရှူကြပ်ရင်အောက်ဆီဂျင်စက်တပ်ဆင်ပေးမယ်။ကိုယ်ထဲရေဓါတ်လျော့နည်းလာရင်(Electrolyte)တွေသွင်းပေးမယ်။ဒါပဲလုပ်ပေးနိုင်ပါတယ်။
–
အရေးအကြီးဆုံးအချက်ကဗိုင်းရပ်စ်ရဲ့အကျိုးဆက်တစ်ခုကြောင့်အဆုတ်လေပြွန်တွေထဲမှာရေတွေနဲ့ပြည့်သွားပြီးအသက်ရှူလို့မရပဲ၊အသက်ရှူရပ်ပြီးသေကြရတာပါ။ဒီရောဂါပိုးတစ်မျိုးတည်းကပဲဒီလိုအခြေအနေမျိုးဖြစ်ပေါ်စေနိုင်တာတော့မဟုတ်ပါဘူး။
–
တခြားပိုးမွားတွေကူးစက်မှုဖြစ်ရင်လဲ(Infection)အကြီးအကျယ်ဖြစ်တဲ့အချိန်မှာ၊ခန္ဓာကိုယ်ရဲ့(Immune System)နဲ့အကြီးအကျယ်တိုက်ခိုက်၊တိုက်ပွဲတွေဖြစ်ပြီးသွေးဆိပ်တက်တဲ့(sepsis)အခြေအနေမျိုးဖြစ်ပေါ်လာတတ်ပါတယ်။
–
(sepsis)ဖြစ်နေလို့မှမကုတတ်ရင်သွေးကြောတွေပိတ်ဆို့သွားတဲ့(septic shock)ရသွားပါတယ်။(septic shock)ရနေလို့မှဘာမှလုပ်မပေးနိုင်ဘူးဆိုရင်အဆုတ်ဆဲလ်တွေအားလုံးပျက်စီးသွားပြီးလေပြွန်တွေဟာရေတွေနြဲ့ပည့်သွားပြီးအသက်မရှူနိုင်တော့တဲ့(ARDS)အဆင့်ကိုရောက်ပါတယ်။(ARDS)အဆင့်မှာပြန်ကောင်းနိုင်ဖို့အလွန်ခက်ခဲသွားပါပြီ။
–
(ARDS, Acute Respiratory Distress Syndrome)ဆိုတာဟာအဆုတ်ပျက်စီးသွားပြီးအဆုတ်လေပြွန်တွေရေတွေနဲ့ပြည့်သွားလို့အသက်မရှူနိုင်တော့တဲ့အဆင့်ကိုဆိုလိုတာပါ။တနည်းပြောရရင်အဆုတ်အပါအဝင်၊ကျောက်ကပ်၊အသဲ၊နှလုံး၊ဦးနှောက်အစရှိတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဟာအောက်ဆီဂျင်မရနိုင်တော့လို့ပျက်စီးသွားပြီးအသက်ဆုံးရှုံးရတာပါ။
–
ဗိုင်းရပ်ကိုမသတ်နိုင်ပေမဲ့၊(ARDS)ဆိုတဲ့အဆုတ်ထဲကိုရေတွေပြည့်သွားတဲ့အခြေအနေတစ်ခုကြောင့်သာလျင်အသက်ဆုံးရှုံးရတယ်ဆိုတာကိုသိထားလိုက်ရင်၊ခုခံမှု့စနစ်ကရောဂါပိုးကိုထိန်းချုပ်လို့မရနိုင်ခင်အခိုက်အတန့်မှာလူနာကို(ARDS)အခြေအနေကိုမရောက်နိုင်အောင်ကူညီကုသပေးဖို့ကတော့အထူးလိုအပ်ပါတယ်။
–
ဗိုင်းရပ်ဘယ်လောက်ဆိုးနေပါစေ၊နောက်ဆုံးလူနာဟာ(ARDS)လို့ခေါ်တဲ့(Acute Respiratory Distress Syndrome)ကြောင့်သာလျင်သေရတယ်ဆိုတာဟာအလွန်အရေးကြီးလှတဲ့အချက်ပါပဲ။ဗိုင်းရပ်ကိုပိုးသတ်ဆေးနဲ့သတ်လို့မရပေမဲ့ခုခံမှုစနစ်(Immune System)ကရောဂါပိုးသတ်ဖို့ကျိုးစားနေချိန်မှာ၊လူနာကို(septic shock)မရနိုင်အောင်(ARDS)အဆင့်မရောက်ရှိနိုင်အောင်ကာကွယ်ပေးထားနိုင်ရင်တော့အသက်ကယ်တင်နိုင်ပါလိမ့်မယ်။
–
အချိန်တန်ရင်ခုခံမှု့စနစ်ကရောဂါပိုးကိုသတ်ဖို့သင့်တော်တဲ့(antibody)တွေထုတ်လုပ်ပေးနိုင်ပြီးရောဂါပိုးတွေကိုအနိုင်ရသွားမှာဆိုတာသေချာပေမဲ့၊ဘယ်လောက်ကြာမယ်ဆိုတာကိုတော့မပြောနိုင်ပါဘူး။ခုခံမှု့စနစ်ကရောဂါပိုးတွေကိုမသတ်နိုင်ခင်မှာလူနာက(ARDS)အဆင့်ကိုရောက်သွားပြီးအသက်ဆုံးရူံးနိုင်ပါတယ်။
—
ဒါကြောင့်ဒီရောဂါကူးစက်ခံရတဲ့လူနာအရေးပေါ်ဆေးရုံကိုရောက်လာရင်လူနာကိုဆရာဝန်တွေကအောက်ဆီဂျင်လေးပေးထားပြီး၊ကုသလို့မရမယ့်အတူတူထိုင်စောင့်ကြည့်နေမဲ့အစား၊လူနာကို(septic shock)မရအောင်၊(ARDS)အဆင့်အထိရောက်မသွားရအောင်ကာကွယ်ပေးနိုင်ဖို့တော့အထူးလိုအပ်လှပါတယ်။
–
(septic)အဆင့်မှာ၊(septic shock)မရအောင်၊(ARDS)အဆင့်အထိရောက်မသွားရအောင်(Ascorbic Acid, Hydrocortisone, Thiamine)ကိုပေါင်းပြီး (IV)ပေးရတဲ့(HAT Therapy)နဲ့ထိန်းချုပ်လို့ရပါတယ်။
–
သို့သော်(IV)ပေးတာနောက်ကျမသွားဖို့တော့လိုအပ်ပါတယ်။(ARDS)အဆင့်ထိမရောက်အောင်ကာကွယ်ပေးထားခြင်းအားဖြင့်(Body Immune System)ကရောဂါပိုးတွေကိုအချိန်တန်ရင်ပြန်လည်တိုက်ခိုက်ရှင်းလင်းနိုင်လာပါလိမ့်မယ်။
–
အမေရိကန်နိုင်ငံမှာတော့(Dr. Paul E. Marik)ကသူ့ဆေးရုံမှာ(HAT Therapy)ကိုလက်တွေ့အောင်မြင်စွာအသုံးပြုနေပါတယ်။ကုန်ကျစရိတ်အလွန်သက်သာပြီးအလွန်ထိရောက်တဲ့နည်းလမ်းဖြစ်နေလို့မြန်မာပြည်သူတွေရဲ့အသက်တွေကိုအချိန်မီကယ်တင်နိုင်အောင်လူတိုင်းနားလည်ထားဖို့်တင်ပြရခြင်းဖြစ်ပါတယ်။
–
ကျွန်တော်ဆိုလိုတာက(coronavirus)ရောဂါပိုးကို(HAT Therapy)နဲ့ပိုးသတ်ပြီးကုသလို့ရနိုင်တယ်လို့ို့လုံးဝ၊လုံးဝမဆိုလိုပါဘူး။ပိုးကိုသတ်လို့မရသလို၊ပိုးကိုသတ်ဖို့တာဝန်ကလဲ၊ခုခံမှုစနစ်(Immune System)ရဲ့အလုပ်သာလျှင်ဖြစ်ပါတယ်။
–
(HAT Therapy)ဆိုတာက(septic)အဆင့်ကနေ (ARDS)အဆင့်အထိမရောက်နိုင်အောင်ထိန်းချုပ်ပေးနိုင်တဲ့အလွန်ထိရောက်တဲ့(protocol)တစ်ခုပါပဲ။ဒီလိုထိန်းချုပ်ပေးနိုင်ခဲ့မယ်ဆိုရင်လူနာဟာလွယ်လွယ်နဲ့မသေနိုင်တော့ပါဘူး။(coronavirus)ရောဂါကိုတိုက်ရိုက်ကုသလို့မရပေမဲ့သွယ်ဝိုက်ပြီးအထောက်အကူပြုကုသပေးနိုင်တဲ့သဘောပါပဲ။
–
Standard ICU care (Dosage)တွေကတော့
Intravenous vitamin C total of 6000mg/day, 1500mg q6hr x4d or until ICU discharge
–
Hydrocortisone total of 200mg/day, 50mg q6hr x7d or until ICU discharge followed by a taper over 3d
Intravenous thiamine(B1) total of 400mg/day, 200mg q12hr x4d or until ICU discharge
–
ဆရာဝန်တွေနဲ့ဆေးပညာရှင်တွေအားလုံး (Dose)တွေကိုဘယ်လိုပေးရမလဲဆိုတာကိုတိတိကျကျပိုသိချင်ရင်တော့အောက်ကသုတေသနလင့်တွေကိုသေချာအသေးစိတ်လေ့လာဖတ်ရှုပြီးဆုံးဖြတ်ကြဖို့အကြံပြုလိုပါတယ်။
–
Reference:
–
ဒီ(Post)ကိုရေးသားရခြင်းဟာ၊အရေးပေါ်အခြေအနေတစ်ရပ်မှာ၊မြန်မာနိုင်ငံသားအားလုံးရဲ့အသက်ကိုထိရောက်စွာလက်တွေ့ကယ်တင်ပေးနိုင်မယ့်အဖိုးတန(protocol)တစ်ခုကိုဆေးပညာရှင်တွေ၊ဆရာဝန်တွေ၊ဆေးရုံကြီးတွေ၊အစိုးရကျန်းမာရေးဌာနတွေရဲ့လက်ထဲကိုရောက်ရှိဖို့အထူးရည်ရွယ်မျော်လင့်ထားပါတယ်။
—
ဒီရောဂါဟာမြန်မာပြည်ကိုရောက်နေပြီလားမရောက်သေးဘူးလားဆိုတာကိုတော့စစ်ဆေးမှုနည်းပညာအားနည်းနေလို့သေချာမပြောနိုင်ပါဘူး။သို့သော်အရမ်းကြီးတော့မစိုးရိမ်ကြပါနှင့်၊စိုးရိမ်ကြဖို့ချိန်းခြောက်နေတာလဲမဟုတ်ပါဘူး။
–
အကောင်းဆုံးကိုမျှော်လင့်ထားပေမဲ့၊အဆိုးဆုံးအခြေအနေတရပ်အတွက်လဲကြိုတင်ပြင်ဆင်ထားကြဖို့တော့အထူးလိုအပ်လှပါတယ်။ဆင်းရဲချို့တဲ့နေတဲ့နိုင်ငံငယ်လေးတစ်ခုဖြစ်နေလို့မြန်မာပြည်သူတွေအတွက်ကျွန်တော်အလွန်စိတ်ပူနေမိပါတယ်။အားလုံးအထူးဂရုစိုက်ကြပါ။လုံးဝမပေါ့ဆကြပါနှင့်။
–
အနှစ်ချုပ်ထပ်ပြောရရင်၊ဗိုင်းရပ်စ်ကိုတိုက်ရိုက်သတ်ဖြတ်လို့မရနိုင်ပေမဲ့၊လူနာကို(septic)အဆင့်ကနေ (ARDS)အဆင့်အထိရောက်မသွားနိုင်အောင်တားဆီးပေးခြင်းနည်းလမ်းဟာ၊မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးရဲ့အသက်လောက်အရေးကြီးနေလို့၊မြန်မာနိုင်ငံပြည်သူအားလုံးရဲ့အကျိုးကိုမျော်ကိုးပြီးတင်ပြလိုက်ရခြင်းဖြစ်ပါတယ်။
–
အသက်ကယ်နိုင်မဲ့နည်းလမ်းဖြစ်နေလို့၊ဒီပို့စ်ကိုလူတိုင်းဖတ်စေလိုပါတယ်။အားလုံးအကျိုးအတွက်လဲလူတိုင်းပြန်လည်မျှဝေပေးစေလိုပါတယ်။
—
Kelvin Albert Power
————–
References:
–
–