(Corona-Virus)ရဲ့(RNA)ပွားများမှု့ကို၊ဘေးထွက်ဆိုးကျိုးမရှိပဲ၊ထိရောက်စွာတားဆီးနိုင်သောသဘာဝပစ္စည်းများ။

Source from Kelvin A. Power’s Facebook on April 21, 2020
ဒီအချိန်မှာတန်ဖိုးမဖြတ်နိုင်တဲ့တွေ့ရှိချက်။(Corona-Virus)ရဲ့(RNA)ပွားများမှု့ကို၊ဘေးထွက်ဆိုးကျိုးမရှိပဲ၊ထိရောက်စွာတားဆီးနိုင်သောသဘာဝပစ္စည်းများ။
ဒီ(Virus)ဝင်ပြီဆိုတာနဲ့ဒီရောဂါသည်တွေအများစုရဲ့ထူးခြားတဲ့လက္ခဏာတစ်ခုကတော့အနံ့နဲ့အရသာသိပ်မသိဘူးဖြစ်သွားတတ်ကြပါတယ်။အမှန်တစ်ကယ်တော့အဲဒီလက္ခဏာဟာရောဂါကိုပြန်လည်ခုခံရင်းနဲ့ခန္ဓာကိုယ်ထဲက(cells)တွေထဲမှာရှိတဲ့(Zinc) တွေကုန်ခန်းသွားလို့ဖြစ်လာတဲ့(Zinc)ချို့တဲ့နေတဲ့ရောဂါလက္ခဏာတစ်ခုပါပဲ။
(Zinc)ဟာ(cells)တွေထဲမှာရှိတဲ့(cytoplasm)ထဲမှာ(Virus)မျိုးမပွားနိုင်အောင်(Virus’s RNA)ကိုအပြည့်အဝပိတ်ဆို့တားဆီးပေးနိုင်ပါတယ်။သို့သော်(Zinc ion)ဟာ(Positive Charged)ဖြစ်နေလို့၊တွန်းကန်အားတစ်မျိုးကြောင့်(Cells Membrane)တွေကိုဖြတ်ပြီး(cytoplasm) ထဲကိုလွယ်လွယ်ကူကူမဝင်ရောက်နိုင်ပါဘူး။
(Zinc ion)တွေကို(cytoplasm)ထဲကိုဝင်ရောက်နိုင်ဖို့ကတော့(Epigallocatechin gallate EGCG)ဓါတ်ပေါင်းနှင့်(Quercetin)ဓါတ်ပေါင်းတို့ကကူညီပြီးသယ်ဆောင်ပေးနိုင်ပါတယ်။(cytoplasm)ထဲမှာ(Zinc)ပမာဏများရင်များလာသလို(Corona Virus)ရဲ့(RNA)ကိုတခြားဓါတုဗေဒဆေးတွေထက်ပိုပြီးထိရောက်စွာပိတ်ဆို့တားဆီးနိုင်ပါတယ်။
ဒီသဘာဝပစ္စည်းသုံးမျိုး(Zinc, EGCG, Quercetin)တွေဟာဓါတုဗေဒဆေးတွေလိုဘေးထွက်ဆိုးကျိုးမရှိပဲဒီဗိုင်းရပ်စ်ကိုတားဆီးပေးနိုင်ပါတယ်။(Zinc)ကြွယ်ဝတဲ့အစားအသောက်တွေတော့အများကြီးပါ။(EGCG)ကတော့(Green Tea)မှာအဓိကပါဝင်ပြီး။(Quercetin)ကတော့ကြက်သွန်နီအနီရင့်ရောင်မှာအဓိကပါဝင်ပါတယ်။
ကိုယ်ထင်ရာကိုယ်ရေးနေတာမဟုတ်ပါ။သုတေသနတွေများစွာကိုသေချာအချိန်ပေးလေ့လာပြီးမှအထောက်အထားအခိုင်အမာနဲ့လူတွေအားလုံးကောင်းကျိုးအတွက်ရေးပေးလိုက်တာပါ။အငြင်းမပွားရအောင်၊အောက်မှာအင်္ဂလိပ်လို(References)တွေပေးထားပါတယ်။ဟုတ်မဟုတ်၊မှန်မမှန်ကိုယ်တိုင်သေချာလေ့လာလို့ရပါတယ်။
အားလုံးဘေးရန်ကင်းရှင်းကြပါစေ။
Kelvin Albert Power
References:
Shopping Cart