(Collagen)နဲ့ပါတ်သက်သောမေးခွန်းများကိုဖြေဆိုခြင်း။

Source from Kelvin A. Power’s Facebook on August 15, 2020
(Collagen)နဲ့ပါတ်သက်သောမေးခွန်းများကိုဖြေဆိုခြင်း။
ပထမဆုံးပြောကြားချင်တာက၊စာမရေးဖြစ်တာလဲတစ်ခါ၊တစ်ခါအတော်ကြာသွားတယ်။(American Best)ကိုရောက်လာတဲ့လူနာတွေကလဲတနေ့တနေ့များများလာပြီး၊ရောဂါတွေကလဲအမျိုးစုံလာကြတယ်။ပြင်းထန်တဲ့ရောဂါကြီးတွေအမျိုးမျိုးလဲပါနေကြတယ်။အဲဒီရောဂါတွေကိုအထောက်အကူပြုနိုင်ဖို့လက်ရှိဖြည့်စွက်စာဆေးတွေနဲ့ရေရှည်မှာမလုံလောက်မလွယ်ကူတော့ပါဘူး။အခုရှိနေတဲ့ဆေးတွေအပြင်တခြားပိုပိုကောင်းတဲ့ဆေးအသစ်တွေကိုထပ်ထုတ်နိုင်ဖို့အရေးတကြီးလိုအပ်လာပါတယ်။ဒါကြောင့်ကျွန်တော်ဆေးအသစ်တွေထုတ်နိုင်ဖို့နေ့မအား၊ညမအားသုတေသနတွေလုပ်ပြီးကျိုးစားနေရလို့စာသိပ်မရေးဖြစ်တာကိုနားလည်ပေးကြပါ။
အခုတလောလူတွေမကြာခဏလာလာမေးနေကြတယ်။
၁။(Collagen)သောက်ချင်တယ်။ဘယ်တံဆိပ်သောက်ရမလဲ?။ဘယ်အမျိုးအစားသောက်ရမလဲ?။
၂။(American Best)ကရော(Collagen)မထုတ်ပေးသေးဘူးလား။ဘယ်တော့ထုတ်ပေးမှာလဲ။စသည်ဖြင့်၊စုံလို့ပါပဲ။
အထက်ပါမေးခွန်းတွေကိုမဖြေခင်မှာ(Collagen)ဆိုတာဘာလဲ?။(Collagen)တွေကရောဘယ်(source)ကနေထုတ်ယူရရှိတာလဲ။အမျိုးအစားတွေကကောဘယ်လောက်ရှိပါသလဲ။ဆိုတာတွေကိုနည်းနည်းလေးသိထားဖို့အရင်ရှင်းပြပါရစေ။
၁။(Collagen)ဆိုတာတခြားမဟုတ်ပါဘူး။တိရိစ္ဆာန်တွေဆီကရတဲ့အသားဓါတ်ပရိုတိန်းတစ်မျိုးပါပဲ။ရိုးရိုးအသားကရတဲ့ဓါတ်မဟုတ်ပဲ၊အရိုးနုတွေ၊အရွတ်တွေ၊အရေခွံတွေကနေရတဲ့ပရိုတိန်းတစ်မျိုးပါ။(Amino Acids)အားဖြင့်ပြောရမယ်ဆိုရင်(Glycine, Proline,Alanine…)တွေအများဆုံးပါဝင်ပြီးတခြား(Amino Acids) တွေ၊အနည်းငယ်စီပါဝင်နေတဲ့၊ပရိုတိန်းတစ်မျိုးပါပဲ။
(Collagen)ဆိုတာဘယ်ကအဓိကထုတ်ယူကြသလဲဆိုတော့၊အမှန်အတိုင်းမကွယ်မဝှက်ပဲပြောရရင်၊အများအားဖြင့်(USA)ကနေမြန်မာပြည်ကိုရောက်လာတဲ့ဖြည့်စွက်စာ(Collagen)တွေအားလုံးရဲ့(95%)ကျော်ဟာ၊ဘာတံဆိပ်ပဲကပ်ထားကပ်ထား၊ဘယ်လိုပဲရေးထား၊တစ်ကယ်တော့(ဓါတ်ပုံ)ပါအတိုင်းစီးပွားဖြစ်မွေးမြူရေးနွားသားရေကနေထုတ်ယူကြတာပါပဲ။ဒါအမှန်ကိုမကွယ်မဝှက်ပဲချပြလိုက်တာပါ။တခြား(5%)လောက်ကတော့ရေချို၊ရေငံငါးတွေရဲ့အရည်ခွံနဲ့ကြက်ရဲ့ရင်ညွန့်အလည်မှာရှိတဲ့အရိုးနုလေးတွေကနေထုတ်လုပ်ကြပါတယ်။
နွားလို့ပြောလိုက်ရင်၊လူတွေရဲ့မျက်စိထဲမှာ၊သာယာတဲ့တောတန်းလေးနဘေးကစမ်းချောင်းလေးနားမှာရှိနေတဲ့အစိမ်းရောင်မြက်နုခင်းပြင်ကျယ်ကြီးမှာ၊ကျန်းကျန်းမာမာနဲ့နေရောင်လှုံရင်းမြက်စားနေကြတဲ့သတ္တဝါတွေကိုသွားမြင်မိကြပါလိမ့်မယ်။အဲဒါကဟိုးအရင်တုံးကကျွန်တော်တို့တွေရဲ့အဖိုးအဖွားတွေရဲ့လက်ထက်တုံးကနွားတွေမှာရှိခဲ့တဲ့၊သဘာဝဓလေ့ဟောင်းလေးတစ်ခုပါ။အခုခေတ်မှာနွားဆိုတာမြက်မကျွေးတော့ပါဘူး။မြက်ခင်းပြင်ထဲလဲလွှတ်မကျောင်းတော့ပါဘူး။
ဘယ်သူပဲဖြစ်ဖြစ်အမေရိကန်နိုင်ငံမှာနေတဲ့လူတိုင်းဟာ၊လောဘကြီးတဲ့အရင်းရှင်တွေရဲ့စီးပွားဖြစ်နွားမွေးမြူရေးခြံ(Commercial Cattle Feedlots)တစ်ခုလောက်ကိုကိုယ်တိုင်သွားပြီးလေ့လာကြည့်စေချင်ပါတယ်။အဲဒီလိုလေ့လာပြီးတဲ့နေ့မှာအဲဒီလူဟာ၊အမဲသားကိုစားချင်စိတ်မရှိတော့သလို၊နွားနို့ပါမသောက်တော့တဲ့အပြင်၊နွားသားရေကထုတ်တဲ့(Bovine Collagen)ဆိုရင်ပိုတောင်မစားချင်တော့ပါဘူး။ဒါအပိုမပြောပါဘူး၊အမှန်တရားတစ်ခုပါ။
Kelvinကတော့ခပ်ပွင့်ပွင့်လင်းလင်းလေးပဲပြောတတ်လို့ထိခိုက်တဲ့သူရှိရင်ခွင့်လွတ်ပါ။ဘယ်သူ့ကိုမှထိခိုက်အောင်မရည်ရွယ်ပါဘူး၊အများအန္တရာယ်မရှိဖို့အတွက်ဖြစ်နေလို့အမှန်တရားကိုပွင့်ပွင့်လင်းလင်းလေးပဲပြောပြပါရစေ။အမေရိကန်နိုင်ငံကစီးပွားဖြစ်နွားမွေးမြုရေးခြံကလာတဲ့နွားသားရေကနေထုတ်လုပ်တဲ့(Bovine Collagen)ကိုကျွန်တော်ရောကျွန်တော့်အမျိုးသမီးပါမစား၊မသောက်ပါဘူး။ဒါအရှင်းဆုံးပွင့်ပွင့်လင်းလင်းပြောပြတာပါ။ကိုယ်မစားတဲ့အရာကိုလဲသူများကိုဂျင်းထည့်မရောင်းပါဘူး။ကိုယ်တိုင်စားတဲ့၊သုံးတဲ့ဖြည့်စွက်စာဆေးတွေကိုပဲသူများကိုရောင်းပါတယ်။
အမေရိကန်နွားဆိုတာအရင်တုံးကသာယာတဲ့တောတန်းလေးနဲ့စမ်းချောင်းလေးနားမှာရှိနေတဲ့အစိမ်းရောင်မြက်ခင်းပြင်တွေမှာ၊ကျန်းကျန်းမာမာနဲ့နေရောင်အောက်မှာလွှတ်ကြောင်းထားရတဲ့မြက်စားသတ္တဝါတွေပါ။အခုတော့လောဘအလွန်ကြီးတဲ့အရင်းရှင်တွေဟာဒီနွားတွေကို့မြက်မကြွေးတော့ပါဘူး။အလွန်အန္တရာယ်ရှိတဲ့(GMO)တွေ၊သကြားဓါတ်တွေနဲ့၊တိရိစ္ဆာန်တွေကိုယ်ကထွက်တဲ့စွန့်ပြစ်ပစ္စည်းအသားပုတ်တွေကိုပဲနေ့စဉ်ကြွေးပါတော့တယ်။ဘာကြောင့်လဲဆိုတော့မြက်ထက်ပိုပြီးအကုန်အကျသက်သာလို့။ပိုမြတ်လို့ပါ။ဒါလဲအမှန်တရားပါပဲ။
နေရောင်အောက်ကမြက်ခင်းစိမ်းတွေပေါ်မှာလွှတ်ကြောင်းထားတဲ့နွားတွေကတော့သဘာဝအားဖြင့်အလွန်ကျန်းမာပါတယ်။ဘာရောဂါမှမဖြစ်တတ်ကြပါဘူး။မြက်ခင်းစိမ်းကြီးနဲ့၊မိခင်သဘာဝကရတဲ့အဟာရတန်ဖိုးတွေနဲ့သဘာဝအနှစ်သာရတွေကြောင့်ဒီနွားတွေဟာအလွန်ကျန်းမာနေတော့ဟိုးရှေးရှေးတုံးကတည်းကဘာ(Antiobiotics)ဆေးတွေမှလဲထိုးစရာ၊တိုက်စရာမလိုအပ်ခဲ့ပါဘူး။
ယခုအမေရိကန်အရင်းရှင်ကြီးတွေရဲ့(Commercial Cattle Feedlots)ကနွားတွေကြတော့နွားနဲ့သင့်မြတ်လှတဲ့မြက်စိမ်းတွေကိုလဲစားခွင့်မရှိ၊(GMO)တွေ(Sugar)တွေနဲ့စွန့်ပြစ်အသားပုတ်တွေကိုပဲစားရတော့၊ရောဂါဒဏ်မခံနိုင်တော့ပဲ၊ကူးစက်ရောဂါအမျိုးမျိုးတွေဖြစ်ကြတာပေါ့။ကူးစက်ရောဂါတွေအမျိုးမျိုးဖြစ်ကြတော့၊(Antiobiotics)ဆေးတွေနေ့တိုင်းလိုလိုထိုးပေးနေရတယ်။မကြာမကြာလဲကူးစက်ရောဂါတွေအမျိုးမျိုးဖြစ်ပြီးနေ့တိုင်းသေဆုံးနေကြရတယ်။
အဲဒီသေသွားတဲ့နွားသားရေတွေကိုလဲနွားသားရေထုတ်စက်ရုံတွေကနွားပုတ်တွေကနေလာလာပြီးခွာယူအခြောက်ခံပြီးကုန်ထုတ်လုပ်ကြတယ်။ကျွန်တော်ဘယ်လိုလုပ်ပြီးနွားသားရေကလာတဲ့(Collagen)ကိုစားချင်၊သောက်ချင်စိတ်ရှိတော့မှာလဲ?။အမှန်ကိုပြောပြလိုက်ရင်တော့နည်းနည်းတော့ခါးသွားပါတယ်။ဒါပေမယ့်လူတွေအကျိုးအတွက်ကိုယ်သိတာကိုအမှန်အတိုင်းပြောရပြန်ပါတယ်။
သဘာဝမြက်ခင်းပေါ်မှာကျောင်းထားတဲ့နွားကနို့လဲသိပ်မထွက်ဘူး။အသားတိုးနုန်းလဲနှေးတယ်။နွားမတစ်ကောင်ကနေတစ်ရက်ကိုနို့(၁)ဂါလံလောက်ရအောင်ညှစ်ထုတ်ဖို့မလွယ်ကူလှပါဘူး။အရင်းရှင်တွေလောဘက၊တစ်နေ့ကို(၅)ဂါလံ၊(၁၀)ဂါလံထက်ကိုပိုလိုချင်ကြတယ်။နို့စားနွားမဟုတ်ပဲ၊အသားစားနွားဆိုရင်လဲအသားကိုလဲမြန်မြန်တိုးပွားစေချင်ကြတယ်။ဒါမှနွားသတ်ရုံကိုရက်တိုတိုနဲ့ပို့၊အသားပေါ်လို့ရမှာမဟုတ်လား။
ဒါကြောင့်နို့စားနွားမတွေနို့များများထွက်အောင်နဲ့အသားစားနွားတွေအသားတွေများများတိုးအောင်၊တိုးပွားဟော်မုန်းဆေးတွေနေ့တိုင်းတိုက်ကျွေးထိုးပေးကြတော့တာပေါ့။အဲဒီဟော်မုန်းဓါတ်ကြောင့်နို့တွေလဲပိုထွက်လာတယ်။အသားတွေလဲပိုတိုးတယ်။ဆဲလ်တွေကိုပုံမှန်မဟုတ်တဲ့နည်းနဲ့လောဘတကြီးအမြန်ပွားယူရတာဖြစ်လို့၊လူတွေစားမိရင်ကင်ဆာရောဂါတွေအကြီးအကျယ်ဖြစ်ပါတော့တယ်။
ဒါပေမယ့်အရင်းရှင်တွေကဘယ်သူကင်ဆာဖြစ်ဖြစ်ဂရုမစိုက်ပါဘူး။ပိုတောင်ကြိုက်သေးတယ်။ဘာကြောင့်လဲဆိုတော့ပိုက်ဆံဈေးကြီးပေးရပြီး၊ရောဂါတကယ်မပျောက်တဲ့ကင်ဆာကုထုံးတွေနဲ့ကုသနေတဲ့ဆေးရုံတွေကိုလဲသူတို့တွေပဲပိုင်တာ၊သူတို့တွေပဲရှယ်ယာအများဆုံးထည့်ထားကြတာလေ။ဒီဖက်ကအသားရောင်း၊နို့ရောင်း၊နွားသားရေတွေရောင်းပြီးရင်၊လူတွေရောဂါတွေဖြစ်ပြီးရင်သူတို့ဆေးရုံတွေစီကိုရောက်၊သူတို့ဆေးရုံတွေစီကိုရောက်ကြတော့ဆေးကုခငွေတွေကိုအဆမတန်၊မတရားထပ်တောင်း။ရယ်စား၊ငိုစား၊နှစ်ခါတောင်စားရတယ်မဟုတ်ဘူးလား။
နွားမတွေကိုနို့ညှစ်ရင်လဲ၊လူနဲ့ညင်ညင်သာသာမညှစ်ကြဘူး။နွားနို့များများရအောင်စက်အားနဲ့အတင်းဖိညှစ်တယ်။အရမ်းဖိညှစ်တော့၊နို့အုံအနာဒဏ်ရာတွေဖြစ်တယ်။သွေးတွေပါနွားနို့တွေထဲကျလာတယ်။အနာပျောက်အောင်(Antiobiotics)ဆေးတွေထိုးပြန်တယ်။နွားနို့မှာ၊နွားသွေးတွေလဲပါလာတော့ပြန်စစ်ထုတ်တယ်။ဓါတုဗေဒဆေးတွေနဲ့သွေးရောင်၊သွေးညှီနံ့တွေဖျောက်လိုက်ပြီးစားသုံးသူတွေဆီပို့ရောင်းချတယ်။နို့မှာ(Antiobiotics)ဆေးတွေပါမယ်။ဆဲလ်တွေကိုပုံမှန်မဟုတ်တဲ့နည်းနဲ့တိုးပွားစေပြီးကင်ဆာဖြစ်စေနိုင်တဲ့ဟော်မုန်းဓါတ်တွေပါမယ်။
(FDA)ကလဲအရင်းရှင်တွေပိုက်ဆံယူပြီးတိရိစ္ဆာန်ကိုပါးစပ်ကနေအစာကျွေးလိုက်တာနဲ့ကိုယ်ကနေဆေးထိုးထည့်လိုက်တာဟာနွားနို့ထဲတိုက်ရိုက်ထည့်တာမဟုတ်တဲ့အတွက်သိြပ်ပီးဆိုးကျိုးသက်ရောက်မှု့ရှိမှာမဟုတ်ဘူးလို့ဂျင်းထည့်ပြန်တယ်။ပါးစပ်ကအစာအဖြစ်စားထားတဲ့ဓါတ်ပစ္စည်းတွေဟာနို့ထဲအထိကိုသက်ရောက်မှု့ရှိမရှိသိချင်ရင်ကိုယ်တိုင်ခလေးနို့တိုက်နေတဲ့မိခင်ကိုခလေးနဲ့မတည့်တဲ့အစာတွေကျွေးကြည့်လိုက်ရင်သိနိုင်ပါတယ်။မိခင်နို့ကိုပြန်စို့တဲ့ကလေးဆီကိုအားလုံးပြန်ရောက်ပြီးခလေးဒုက္ခဖြစ်ပါတယ်။။မိခင်ငရုတ်သီးတွေသိပ်စားရင်လဲခလေးဗိုက်နာတတ်ပါသလို၊မိခင်အတက်စာတွေစားရင်ခလေးအိပ်ငိုက်တတ်တာပါပဲ။ဒါလဲရှင်းပါတယ်။
ဒါကြောင့်(Collagen)သောက်မယ်ဆိုရင်တံဆိပ်ကအရေးမကြီးပါဘူး။တံဆိပ်ကရေးချင်ရာရေးလို့ရပါတယ်။ဘယ်ကလာသလဲဆိုတဲ့(source)ကအလွန်အရေးကြီးပါတယ်။များသောအားဖြင့်(95%)လောက်ကနွားသားရေကနေလာတာဖြစ်လို့၊ဘယ်လိုနွားမျိုးကလာသလဲဆိုတာပိုပြီးတော့သိဖို့လိုအပ်ပါတယ်။ပုံမှာပြထားတဲ့အတိုင်းအလွန်ရွံရှာစက်ဆုတ်စရာကောင်းပြီးအန္တရာယ်ကြီးလှတဲ့၊နေ့စဉ်ရောဂါတွေအမျိုးမျိုးဖြစ်ပြီးအမြဲသေကြေနေကြတဲ့၊(Antiobiotics)ဆေးတွေနဲ့အသက်ဆက်ထားရပြီးဟော်မုန်းဆေးတွေနေ့တိုင်းအထိုးခံနေရတဲ့အမေရိကန်အရင်းရှင်ကြီးတွေရဲ့(Commercial Cattle Feedlots)တွေကနေလာတဲ့(Collagen)လား?။
တချို့(Collagen)ဖြည့်စွက်စာ(5%)လောက်ကတော့ရေချို၊ရေငံငါးတွေရဲ့အရည်ခွံကရတာနဲ့ကြက်တွေရဲ့ရင်ညွန့်တည့်တည့်အရိုးနုလေးကနေရတာလဲရှိပါတယ်။ငါးကလာတယ်ဆိုရင်ရေချိုရေငံအရိုင်းဖမ်းငါး(Wild Caught) တွေလား၊ဒါမှမဟုတ်(Antibiotics)တွေဟော်မုန်းတွေသုံးတဲ့မွေးမြူရေးငါးတွေလားဆိုတာသိဖို့လိုအပ်သလို၊ကြက်ကလာတယ်ဆိုရင်လဲ၊ဘာကြက်တွေလဲ၊ကြက်ရိုင်း၊တောကြက်တော့မရှိပါဘူး။မွေးမြူရေးကြက်ဆိုရင်(organic)သို့မဟုတ်(Antibiotics)တွေဟော်မုန်းတွေမသုံးတဲ့ကြက်တွေလားသိဖို့လိုအပ်ပါတယ်။
Collagen ကိုအဓိကအားဖြင့်(Type 1, Type 2, Type 3, Type 4, Type 5)လို့ခွဲခြားထားပေမယ့်၊လူ့ခန္ဓာကိုယ်မှာ (Type 1,80%)လောက်နဲ့(Type 3, 10%)လောက၊(Type 2)ကတော့(5%)လောက်လိုအပ်ပြီး၊ကျန်တဲ့( Type 4, Type 5)နှစ်ခုပေါင်းကတော့အနည်းငယ်လောက်ပဲလိုအပ်ပါတယ်။
(က)ငါးအရည်ခွံ့ကနေရတဲ့(Fish Collagen)မှာလူတွေ(80%)လောက်လိုအပ်နေတဲ့(Type 1, အများဆုံးပါဝင်ပြီး။ကျန်တဲ့လေးမျိုးအနည်းငယ်စီသာပါဝင်ပါတယ်။
(ခ)ကြက်ရင်ညွန့်အရိုးနု(Chicken Collagen)မှာကတော့(Type 2, အများဆုံးပါဝင်ပြီး၊ကျန်တာတွေအနည်းငယ်စီသာပါဝင်ပါတယ်။
(ဂ)နွားသားရေကနေရတဲ့(Bovine Collagen)မှာကတော့(Type 3 နဲ့ Type 1)များစွာရောနောပါဝင်နေပြီး၊အခြားသုံးမျိုးအနည်းငယ်စီသာပါဝင်ပါတယ်။
(Collagen Type)လေးမျိုးကတော့ဒီနေရာမှာသိပ်အရေးမကြီးလှပါဘူး။တစ်ကယ်တော့ဘယ်ကရသလဲဆိုတဲ့(source)ကပိုပြီးတော့အရေးကြီးပါတယ်
ချွင်းချက်။ရွံရှာစက်ဆုတ်စရာကောင်းပြီးအန္တရာယ်ကြီးလှတဲ့နွားသားရေကထုတ်လုပ်တဲ့(Collagen)ဆိုတာဟာ၊ယခုအမေရိကန်အရင်းရှင်ကြီးတွေရဲ့(Commercial Cattle Feedlots)ကနွားတွေကိုသာဆိုလိုခြင်းဖြစ်ပြီး၊သဘာဝအတိုင်းအပြင်မှာ(pasture raised)အနေနဲ့လွှတ်ကြောင်းထားပြီး(organic grass)တွေကိုလွတ်လွတ်လပ်လပ်စားခွင့်ပြုထားတဲ့၊သဘာဝအတိုင်းကျန်းမာနေလို့(Antibiotics)တွေပေးစရာမလိုသလို၊ဟော်မုန်းဆေးတွေလဲမတိုက်၊မကျွေးရတဲ့(Organic Grass Fed Farm)ကနွားကောင်းနွားသန့်တွေကိုမဆိုလိုပါဘူး။
တကယ်လို့ကိုယ့်ရဲ့(Collagen)ဟာနွားသားရေကလာတာဖြစ်နေပေမယ့်၊နွားအမျိုးအစားက(organic grass fed, pasture raised)ဆိုရင်စားသုံးလို့ရပါတယ်၊အန္တရာယ်မရှိပါဘူး။ကြက်ကရတဲ့ပစ္စည်းဆိုရင်တော့(organic)သို့မဟုတ်(Antibiotics)တွေဟော်မုန်းတွေမသုံးဘူးဆိုရင်စားသုံးပါ။ငါးကရတယ်ဆိုရင်တော့အရိုင်းဖမ်းငါး(Wild Caught Fish)ကရတဲ့(Collagen)ဆိုရင်စားသုံးပါ။
ဒါပေမယ့်(Collagen)တွေမှာ(Mercury, Lead)အစရှိတဲ့(Heavy Metal)တွေစစ်ထုတ်ထားပြီးသားလား၊မစစ်ထုတ်ရသေးဘူးလားဆိုတာကလဲအရေးကြီးပြန်ပါတယ်။မစစ်ထုတ်ထားရင်ဦးနှောက်နှင့်အာရုံကြောစနစ်ကိုထိခိုက်စေနိုင်ပါတယ်။
၂။(American Best)ကရော(Collagen)မထုတ်ပေးသေးဘူးးလား။ဘယ်တော့ထုတ်ပေးမှာလဲ။ဆိုတဲ့မေးခွန်းကိုဖြေရမယ်ဆိုရင်တော့——-။
ကျွန်တော်တို့အကောင်းဆုံး(Collagen)အမျိုးအစားတစ်ခုထုတ်ပေးဖို့သုတေသနတွေလုပ်ပြီးကျိုးစားနေပါတယ်။(American Best)အနေနဲ့အရည်အသွေးနိမ့်တဲ့(Collagen)တွေကို၊ဘယ်သူအန္တရာယ်ဖြစ်ဖြစ်၊ရောင်းရရင်ပြီးရော၊ပိုက်ဆံရရင်ပြီးရောဆိုပြီးတော့သူများတွေလိုရောင်းတန်းအပေါစားကုန်ကြမ်းနဲ့ထုတ်မှာတော့မဟုတ်ပါဘူး။လက်ဖက်ကောင်းစားချင်ရင်၊ပလောင်တောင်တက်နှေးရပါလိမ့်မယ်။
တကယ်လို့သာ၊
(၁)နွားသားရေကနေထုတ်မယ်ဆိုရင်(organic grass fed, pasture raised)နွားကနေပဲထုတ်မှာပါ။
(၂)ကြက်ကနေထုတ်မယ်ဆိုရင်လဲ၊(organic)သို့မဟုတ်(Antibiotics)တွေဟော်မုန်းတွေမသုံးတဲ့ကြက်ကနေပဲထုတ်မှာပါ။
(၃)အကောင်းဆုံးကတော့၊ငါးကနေထုတ်ချင်ပါတယ်။ငါးကလဲ(Antibiotics)တွေဟော်မုန်းတွေ သုံးထားတဲ့မွေးမြူရေးငါးမဟုတ်ပဲ၊(Wild Caught Fish)အရိုင်းဖမ်းငါးဖြစ်ဖို့လိုအပပါတယ်။
(၄)နောက်ပြီးတော့ကျွန်တော်တို့ထုတ်တဲ့(Collagen)မှာ(Mercury, Lead)အစရှိတဲ့(Heavy Metal)တွေစစ်ထုတ်ထားပြီးသားဖြစ်ဖို့လဲလိုအပ်ပါတယ်။
လက်ဖက်ကောင်းစားချင်ရင်၊ပလောင်တောင်တက်နှေးရမယ်ဆိုသလို၊အကောင်းဆုံး၊အထိရောက်ဆုံး၊အကျိုးအရှိဆုံး၊အန္တရာယ်အကင်းဆုံး(Collagen)ကိုစားသုံးချင်ရင်တော့(American Best)ကိုအချိန်နည်းနည်းပေးရပါလိမ့်မယ်။(Quality)အကောင်းဆုံးဖြစ်အောင်ကုန်ကြမ်းကောင်းကိုသေသေချာချာရှာရမှာဖြစ်သလိုသုတေသနတွေကိုလဲမနားတန်း၊မအားတန်းသေချာလုပ်ပြီးကျိုးစားနေပါတယ်။မကြာခင်မှာ(Quality)အကောင်းဆုံးဖြစ်အောင်နဲ့ဈေးသင့်တော်စွာဖြန့်ဖြူးပေးနိုင်အောင်လဲကျိုးစားပေးပါမယ့်။အချိန်နည်းနည်းလေးတော့ထပ်စောင့်ပေးပါ။
အားလုံးကျန်းမာ၍ဘေးရန်ကင်းကြပါစေ၊နောက်ပြီးတော့
အရင်းရှင်တွေရဲ့ဂျင်းလဲမမိကြပါစေနှင့်။
Kelvin Albert Power
သဘာဝသမားတော်။
—————
References:
အရင်းရှင်တွေရဲ့(Commercial Cattle Feedlots)ကနွားတွေကျွေးမွေးပုံ၊နို့ညစ်ပုံ၊ကျန်းမာရေးချို့တဲ့ပြီး၊သေရင်အရေခွံနွာယူပုံ၊ဗီဒီယိုများ။
Shopping Cart