Source from Kelvin A. Power’s Facebook on February 26, 2020 ကိုရိုနာနှင့်ရွှေမြန်မာ။(အလွန်ထူးခြားဆန်းကြယ်တဲ့တိုက်ဆိုင်မှု့။) (Conoravirus)ဟာကမ္ဘာပေါ်မှာနိုင်ငံပေါင်း(၄၀)ကျော်အထိကူးစက်ပြန့်ပွားနေကြပြီး၊ဒီရောဂါကိုကမ္ဘာ့ကပ်ရောဂါဆိုးကြီးတစ်ခုဖြစ်တဲ့(Pendamic disease)အဖြစ်အမည်တတ်မယ်ဆိုရင်တတ်လို့ရနေပါပြီ။သို့သော်(WHO)က၊ကမ္ဘာ့စီးပွားရေးကိုအကြီးအကျယ်ထိခိုက်ပျက်စီးမှာစိုးရိမ်လို့(Pendamic)လို့နာမည်မတတ်သေးတာကလွဲလို့အမှန်တစ်ကယ်အားဖြင့်တော့ (Pendamic)လို့ခေါ်တဲ့ကမ္ဘာ့ကပ်ရောဂါဆိုးကြီးတစ်ခုအဖြစ်နဲ့ကမ္ဘာကြီးတစ်ခုလုံးကိုခြိမ်းခြောက်နေပြီဆိုတာလူတိုင်းသိနေပါပြီ။ — ထူးထူးခြားခြားအီရန်မှာမထင်မှတ်ထားလောက်အောင်ကိုသေပျောက်နုန်းတွေအလွန်မြင့်မားနေပြီး၊တောင်ကိုရီးယားမှာတော့ရောဂါထိန်းချုပ်လို့မရနိုင်လောက်အောင်ပြန့်ပွားနေပါတယ်။ပိုထူးခြားတာကတရုတ်နဲ့ဘာမှမဆီမဆိုင်၊မပါတ်သက်၊ထိစပ်မှု့လဲမရှိတဲ့အီတလီနိုင်ငံမှာပါအကြီးအကျယ်ကိုကူးစက်ပြန့်ပွားနေပြီး၊ဥရောပနိုင်ငံတွေအားလုံးကိုဒီရောဂါကြီးကအကြီးအကျယ်ကိုခြိမ်းခြောက်နေပါပြီ။ — ဒါပေမဲ့အဲဒါတွေကသိပ်မထူးဆန်းပါဘူး။အထူးဆန်းဆုံးကတော့မြန်မာနိုင်ငံပါပဲ။ကမ္ဘာပေါ်မှာတရုတ်နဲ့ဆက်ဆံမှု့အများဆုံးနဲ့တရုတ်အဝင်အထွက်အများဆုံးနိုင်ငံတစ်ခုဟာမြန်မာနိုင်ငံပါပဲ။လွန်ခဲ့တဲ့နှစ်ကကျွန်တော်မြန်မာပြည်ကိုပြန်ရောက်တော့မန္တလေးကိုရောက်တုံး၊ဦးပိန်တံတားကိုသွားလည်ပါတ်ခဲ့ပါတယ်။ထူးဆန်းတာကဦးပိန်တံတားပေါ်မှာပြည့်နေတဲ့လူတွေအားလုံးထဲက(၇၀)ရာနှုန်းကျော်လောက်ဟာဗမာစကားတစ်လုံးမှမပြောတတ်ကြတဲ့တရုတ်နိုင်ငံပြည်ကြီးသားတွေဖြစ်နေကြပါတယ်။ – ကျွန်တော်ဗမာလိုပြောရင်လဲအဲဒီလူတွေနားမလည်ကြပါဘူး။ကျွန်တော်လဲကိုယ့်ကိုကိုယ်ဦးပိန်တံတားပေါ်ကိုရောက်နေတာလား၊ဒါမှမဟုတ်တရုတ်ပြည်က(ဂရိတ်ဝေါ)တံတိုင်းကြီးပေါ်ကိုများရောက်နေပြီလားဆိုတာဇဝေဇဝါတောင်ဖြစ်နေမိခဲ့ပါတယ်။ဆိုလိုတာကတရုတ်အဝင်အထွက်အများဆုံးတိုင်းပြည်ဆိုတာဟာမြန်မာပြည်ပါပဲ။ — တချို့ကပြောကြတယ်။မြန်မာပြည်မှာသေချာတိုင်းတာနိုင်တဲ့ဆေးပညာဆိုင်ရာကျွမ်းကျင်မှု့တွေမရှိသေးလို့ကိုရိုနာဗိုင်းရပ်ကိုရှာမတွေ့သေးတာနေမှာပါ။တစ်ကယ်တော့ဒီရောဂါဟာလူမသိပဲမြန်မာလူမျိုးတွေမှာဖြစ်ပွားကူးစက်နေမှာကတော့သေချာပါတယ်လို့အမျိုးမျိုးထင်ကြေးတွေပေးနေကြပါတယ်။ကျွန်တော်လဲအရင်တုံးကတော့ဒီအတိုင်းပဲထင်မြင်ယူဆခဲ့ဖူးပါတယ်။အဲဒီတုံးကဇန်နဝါရီလကုန်လောက်တုံးကပါ။ — အခုအခါမှာတော့အစိုးရကျန်းမာရေးဌာနကစစ်ဆေးတွေ့ရှိမှု့မရှိလို့ပဲဖြစ်ဖြစ်၊တမင်ဖုံးဖိထားလို့ပဲဖြစ်ဖြစ်၊ဘယ်လိုပဲဖြစ်ဖြစ်အချိန်အတိုင်းအတာတစ်ခုအထိလောက်အထိပဲဖုံးဖိထားနိုင်ကြမှာပါ။သို့သော်အချိြန်ကာလာရင်တော့အစိုးရကျန်းမာရေးဌာနတွေကရှာဖွေတွေ့ရှိထားသည်ဖြစ်စေ၊ဖုံးကွယ်ထားသည်ဖြစ်စေ၊လူတွေတစ်ကယ်သေပျောက်များလာပြီဆိုရင်တော့ဆက်ပြီးဖုံးဖိလို့မရနိုင်ပါဘူး။ — တရုတ်ပြည်နဲ့လဲတိုက်ရိုက်ထိစပ်နေတဲ့အပြင်၊တရုတ်နဲ့လဲဆက်ဆံမှု့အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေတဲ့မြန်မာနိုင်ငံဟာ၊တစ်ကယ်လို့ဒီကပ်ရောဂါဆိုးကူးစက်ခဲ့မယ်ဆိုရင်ဇန်နဝါရီလမကုန်ခင်လောက်ကတည်းကစပြီးကူးစက်ပြီးနေလောက်ပါပြီ။ — တစ်ကယ်လို့အစိုးရကျန်းမာရေးဌာနကမကျွမ်းကျင်လို့ပဲဖြစ်ဖြစ်၊ခေတ်မှီစက်ပစ္စည်းတွေမရှိလို့ပဲဖြစ်ဖြစ်ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု့ကိုမတိုင်းတာနိုင်ခဲ့ဘူးဆိုရင်တောင်၊တစ်လလောက်အကြာမှာဖြစ်တဲ့ဖေဖေါ်ဝါရီလကုန်မှာဆိုရင်တကယ်လို့ဇန်နဝါရီလကတည်းကလူမသိပဲကူးစက်ခံရတဲ့မြန်မာနိုင်ငံသားတွေရှိနေခဲ့မယ်ဆိုရင်တစ်လအကြာအချိန်ဖြစ်တဲ့အခုလောက်ဆိုရင်အသက်တွေတောင်ဆုံးရံှုးထိခိုက်နေနိုင်ပါပြီ။ – ဒါပေမဲ့ဒီလောက်ပွင့်လင်းမြင်သာတဲ့မီဒီယာခေတ်ကြီးမှာမြန်မာတစ်ယောက်မှဒီဗိုင်းရပ်စ်ကြောင့်သေဆုံးမှု့မရှိတာဟာအလွန်အင်မတန်မှအံ့သြစရာကောင်းလွန်းတဲ့ထူးခြားချက်တစ်ခုပါပဲ။ — အခုဖေဖေါ်ဝါရီလကုန်တော့မယ်။တစ်ကယ်လို့သာမတ်လလယ်လောက်မှမြန်မာပြည်ကိုဒီဗိုင်းရပ်စ်မကူးစက်မပြန့်ပွားလာဘူးဆိုရင်တော့၊ဒီဗိုင်းရပ်စ်ဟာမြန်မာပြည်ကိုကူးစက်ပြန့်ပွားဖို့မလွယ်ကူတော့ပါဘူး။ဒီဗိုင်းရပ်စ်ဟာတစ်ကမ္ဘာလုံးကိုကူးစက်ပြန့်ပွားနေပြီး၊မြန်မာလူမျိုးတွေမှာကြတော့ဘာကြောင့်မကူးစက်မပြန့်ပွားနိုင်သလဲလို့မေးမယ်ဆိုရင်တော့၊ဘယ်သူမှသေသေချာချာတိတိကျကျမသိနိုင်၊မပြောနိုင်ပါဘူး။ — ဒီအလွန်ထူးခြားတဲ့အဖြစ်အပျက်ဘာကြောင့်ဖြစ်ပေါ်ရသလဲလို့မေးမယ်ဆိုရင်၊ဘယ်ဆေးပညာရှင်တွေ၊ဘယ်သိပ္ပံပညာရှင်တွေမှလဲတိတိကျကျပြောနိုင်ဖြေနိုင်မှာမဟုတ်ပါဘူး။(WHO)ကလူတွေကိုသွားမေးရင်လဲဘယ်သူမှမသိနိုင်၊မဖြေနိုင်တဲ့မေးခွန်းတစ်ခုပါပဲ။ — ကမ္ဘာမှာအထူးခြားဆုံးအရာတစ်ခုလိုဖြစ်နေပြီး၊ဒီကိစ္စကိုဘယ်သူကမှသေသေချာချာသုတေသနတွေလုပ်ထားတာတွေမရှိသေးလို့ကျွန်တော်လဲတိတိကျကျတော့မပြောနိုင်၊မသိနိုင်သေးပါဘူး။ဒါပေမဲ့တစ်ကယ်လို့သာမတ်လလယ်လောက်မှာမှမြန်မာပြည်ကိုဒီရောဂါမကူးလာဘူးဆိုရင်တော့ကျွန်တော့်အထင်၊အဖြစ်နိုင်ဆုံးထူးခြားမှု့တစ်ခုက၊မြန်မာလူမျိုးတွေရဲ့သွေးထဲမှာသဘာဝအလျှောက်(Coronavirus)ရောဂါပိုးကိုကာကွယ်ပေးနိုင်တဲ့အလွန်ထူးခြားတဲ့(Anti-body)တစ်မျိုးမျိုးဟာအကြောင်းတခုခုကြောင့်၊အလိုလိုရှိနှင့်နေတယ်လို့ယူဆရမလိုဖြစ်နေပါတယ်။ — ဒီအယူအဆဟာအလွန်ဆန်းကျယ်နေလို့မဖြစ်နိုင်ဘူးလို့ပြောကြမှာပါ။ဒါပေမဲ့ဖြစ်နိုင်ချေလဲအများကြီးရှိနေပါတယ်။ဘာကြောင့်လဲဆိုတော့အခုခောတ်ကမ္ဘာပေါ်မှာတစ်ခြားနိုင်ငံလူမျိုးအများစုတွေရဲ့သွေးတွေထဲမှာမတွေ့ရသလောက်နည်းသွားပြီး၊မြန်မာနိုင်ငံသားအားလုံးနီးပါးရဲ့သွေးတွေထဲမှာသာလျှင်အများဆုံးတွေ့ရတဲ့(Anti-body)သုံးမျိုးထဲကတစ်မျိုးမျိုးကြောင့်လဲဖြစ်ချင်ဖြစ်နိုင်ပါတယ်။အဲဒီ(human antibodies)သုံးမျိုးကတော့(Ede1-C10, Ede2-A11, Ede2-B7)တွေပါပဲ။ – အဆိုပါ(Anti-Body)သုံးမျိုးဟာ(Coronavirus)ကိုကာကွယ်ဖို့အတွက်(Anti-Body)တွေအဖြစ်နဲ့မြန်မာလူမျိုးတွေရဲ့သွေးတွေထဲမှာကြိုတင်ပြီးရှိနေတာတော့မဟုတ်ပါဘူး။နေ့လည်ဖက်မှာပဲထွက်ကိုက်တတ်တဲ့ခြင်ပုန်းတွေကသယ်ဆောင်လာတဲ့ကူးစက်ရောဂါတွေကြောင့်၊မြောင်းပုတ်ရေပုတ်တွေများပြီးခြင်အကိုက်ခံရမှု့များတဲ့မြန်မာလူမျိုးတွေရဲ့ခုခံမှု့စနစ်မှာအလိုလိုရှိနေတာပါပဲ။မြန်မာပြည်မှာနေထိုင်ပြီးခြင်ပုန်းတခါမှအကိုက်မခံရဖူးတဲ့လူဆိုတာမရှိသလောက်ကိုရှားပါတယ်။ — ညစ်ပါတ်စုတ်ပြတ်နေတဲ့မြောင်းပုတ်တွေထဲမှာနေထိုင်ပြန့်ပွားကြပြီး၊နေ့လည်ကြောင်တောင်ထွက်ကိုက်တတ်တဲ့၊ဒီခြင်ပုန်းတွေကြောင့်ဖြစ်ရတဲ့(Dengue)သွေးလွန်တုတ်ကွေးရောဂါမျိုးတွေဟာ၊တခြားတိုးတက်တဲ့နိုင်ငံတွေနဲ့ရာသီဥတုအေးချမ်းတဲ့နိုင်ငံတွေမှာအဖြစ်နည်းသွားပြီဖြစ်သော်လဲ၊ပူပြင်းပြီးမြောင်းပုတ်တွေသိပ်များတဲ့မြန်မာပြည်မှာကတော့အမြဲတန်းကူးစက်ဖြစ်ပွားနေတဲ့ထူးခြားတဲ့အိမ်ရှင်ရောဂါတစ်မျိုးပါပဲ။(Dengue)ရောဂါကိုဖြစ်ပွားစေတဲ့ဗိုင်းရပ်စ်(၄)မျိုးဟာခြင်ပုန်းကိုက်ခံတဲ့မြန်မာနိုင်ငံသားတွေအားလုံးနီးပါးကိုအမြဲကူးစက်ခံနေရပါတယ်။ — အဲဒီဗိုင်းရပ်စ်(၄)မျိုးကတော့(DENV1, DENV2, DENV3, DENV4)တွေပါပဲ။ခြင်ပုန်းအကိုက်ခံရတဲ့လူတိုင်းရဲ့ခန္ဓာကိုယ်မှာဖျားနာသည်ဖြစ်စေ၊မဖျားနာသည်ဖြစ်စေ၊အဲဒီဗိုင်းရပ်စ်လေးမျိုးကတစ်မျိုးမျိုးဖြစ်စေ၊လေးမျိုးလုံးဖြစ်စေ၊သွေးထဲကိုကူးစက်ခြင်းခံရပါတယ်။ဒါကြောင့်မြန်မာနိုင်ငံသားတိုင်းမှာလိုလိုအဲဒီဗိုင်းရပ်စ်လေးမျိုးကိုကာကွယ်ပေးနိုင်တဲ့(Antibody)သုံးမျိုးဖြစ်တဲ့(Ede1-C10, Ede2-A11, Ede2-B7)တွေအမြဲရှိနေတတ်ပါတယ်။ခြင်ပုန်းအကိုက်မခံရတဲ့မြန်မာနိုင်ငံသားတွေဆိုတာအလွန်နည်းလို့လူတိုင်းနှီးပါးမှာဒီ(Antibodies)တွေရှိနေတာဟာမထူးဆန်းပါဘူး။ — ဒီ(Anti …
ကိုရိုနာနှင့်ရွှေမြန်မာ။(အလွန်ထူးခြားဆန်းကြယ်တဲ့တိုက်ဆိုင်မှု့။) Read More »