Uncategorized

(Mask)တတ်တယ်ဆိုတာကိုယ်ကျိုးမဟုတ်ပါဘူး၊အများအကျိုးအတွက်ပရဟိတလုပ်နေတာပါ။

Source from Kelvin A. Power’s Facebook on April 23, 2020 ရောဂါပိုးဟာလက္ခဏာမပြပဲလူတိုင်းဆီမှာရှိနေနိင်လို့၊လူတိုင်း(Mask)တတ်ထားမယ်ဆိုရင်၊ကိုယ့်ကိုကာကွယ်ပေးရုံတင်မကပဲကိုယ်ဆီကနေသူများတွေကိုမကူးစက်နိုင်ဖို့အလိုလိုကာကွယ်ပြီးသားဖြစ်နေလို့ဒီရောဂါဟာဘယ်လိုမှမပြန့်ပွားနိုင်တော့ပါဘူး။ — သူတပါးကိုဘေးရန်မဖြစ်အောင်ကာကွယ်ပေးတယ်ဆိုဟာအလွန်မွန်မြတ်တဲ့ပရဟိတလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်(Mask)တတ်ထားတယ်ဆိုတာကိုယ့်ကိုယ်ကိုကာကွယ်ထားရုံတင်မကပါဘူး။ကိုယ့်တိုင်းပြည်၊ကိုယ့်လူမျိုး၊ကိုယ့်ပါတ်ဝန်းကျင်၊တစ်ကမ္ဘာလုံးကိုကာကွယ်ပေးနေတဲ့အလွန်မွန်မြတ်တဲ့ပရဟိတလုပ်ငန်းတစ်ခုအလိုလိုဖြစ်သွားပါတယ်။ — တစ်ကယ်လို့သာ၊အစောကြီးကတည်းက၊ပရဟိတစိတ်ဓါတ်နဲ့ကိုယ်ကနေသူများကိုမကူးစက်ရအောင်၊လူတိုင်း(Mask)တတ်ကြမယ်ဆိုရင်၊ဒီရောဂါဟာဒီလောက်အထိဆိုးရွားလာစရာအကြောင်းလုံးဝမရှိပါဘူး။ — ဒါကြောင့်(Mask)တတ်ခြင်းဖြင့်၊သင့်အတွက်သာမကပဲ၊သင့်ပါတ်ဝန်းကျင်ကိုပါကောင်းကျိုးပြုပါ။ — Buddha Said “A jug fills drop by drop. Thousands of candles can be lighted from a single candle, and the life of the candle will not be shortened. Happiness never decreases by being shared.” — To …

(Mask)တတ်တယ်ဆိုတာကိုယ်ကျိုးမဟုတ်ပါဘူး၊အများအကျိုးအတွက်ပရဟိတလုပ်နေတာပါ။ Read More »

(Corona-Virus)ရဲ့(RNA)ပွားများမှု့ကို၊ဘေးထွက်ဆိုးကျိုးမရှိပဲ၊ထိရောက်စွာတားဆီးနိုင်သောသဘာဝပစ္စည်းများ။

Source from Kelvin A. Power’s Facebook on April 21, 2020 ဒီအချိန်မှာတန်ဖိုးမဖြတ်နိုင်တဲ့တွေ့ရှိချက်။(Corona-Virus)ရဲ့(RNA)ပွားများမှု့ကို၊ဘေးထွက်ဆိုးကျိုးမရှိပဲ၊ထိရောက်စွာတားဆီးနိုင်သောသဘာဝပစ္စည်းများ။ — ဒီ(Virus)ဝင်ပြီဆိုတာနဲ့ဒီရောဂါသည်တွေအများစုရဲ့ထူးခြားတဲ့လက္ခဏာတစ်ခုကတော့အနံ့နဲ့အရသာသိပ်မသိဘူးဖြစ်သွားတတ်ကြပါတယ်။အမှန်တစ်ကယ်တော့အဲဒီလက္ခဏာဟာရောဂါကိုပြန်လည်ခုခံရင်းနဲ့ခန္ဓာကိုယ်ထဲက(cells)တွေထဲမှာရှိတဲ့(Zinc) တွေကုန်ခန်းသွားလို့ဖြစ်လာတဲ့(Zinc)ချို့တဲ့နေတဲ့ရောဂါလက္ခဏာတစ်ခုပါပဲ။ — (Zinc)ဟာ(cells)တွေထဲမှာရှိတဲ့(cytoplasm)ထဲမှာ(Virus)မျိုးမပွားနိုင်အောင်(Virus’s RNA)ကိုအပြည့်အဝပိတ်ဆို့တားဆီးပေးနိုင်ပါတယ်။သို့သော်(Zinc ion)ဟာ(Positive Charged)ဖြစ်နေလို့၊တွန်းကန်အားတစ်မျိုးကြောင့်(Cells Membrane)တွေကိုဖြတ်ပြီး(cytoplasm) ထဲကိုလွယ်လွယ်ကူကူမဝင်ရောက်နိုင်ပါဘူး။ — (Zinc ion)တွေကို(cytoplasm)ထဲကိုဝင်ရောက်နိုင်ဖို့ကတော့(Epigallocatechin gallate EGCG)ဓါတ်ပေါင်းနှင့်(Quercetin)ဓါတ်ပေါင်းတို့ကကူညီပြီးသယ်ဆောင်ပေးနိုင်ပါတယ်။(cytoplasm)ထဲမှာ(Zinc)ပမာဏများရင်များလာသလို(Corona Virus)ရဲ့(RNA)ကိုတခြားဓါတုဗေဒဆေးတွေထက်ပိုပြီးထိရောက်စွာပိတ်ဆို့တားဆီးနိုင်ပါတယ်။ — ဒီသဘာဝပစ္စည်းသုံးမျိုး(Zinc, EGCG, Quercetin)တွေဟာဓါတုဗေဒဆေးတွေလိုဘေးထွက်ဆိုးကျိုးမရှိပဲဒီဗိုင်းရပ်စ်ကိုတားဆီးပေးနိုင်ပါတယ်။(Zinc)ကြွယ်ဝတဲ့အစားအသောက်တွေတော့အများကြီးပါ။(EGCG)ကတော့(Green Tea)မှာအဓိကပါဝင်ပြီး။(Quercetin)ကတော့ကြက်သွန်နီအနီရင့်ရောင်မှာအဓိကပါဝင်ပါတယ်။ — ကိုယ်ထင်ရာကိုယ်ရေးနေတာမဟုတ်ပါ။သုတေသနတွေများစွာကိုသေချာအချိန်ပေးလေ့လာပြီးမှအထောက်အထားအခိုင်အမာနဲ့လူတွေအားလုံးကောင်းကျိုးအတွက်ရေးပေးလိုက်တာပါ။အငြင်းမပွားရအောင်၊အောက်မှာအင်္ဂလိပ်လို(References)တွေပေးထားပါတယ်။ဟုတ်မဟုတ်၊မှန်မမှန်ကိုယ်တိုင်သေချာလေ့လာလို့ရပါတယ်။ — အားလုံးဘေးရန်ကင်းရှင်းကြပါစေ။ Kelvin Albert Power — References: https://www.ncbi.nlm.nih.gov/pmc/articles/PMC3299759/ https://sci-hub.tw/…//www.ncbi.nlm.nih.gov/pubmed/25050823 https://www.ncbi.nlm.nih.gov/pmc/articles/PMC2973827/ https://journals.plos.org/plospathogens/article… https://www.healthline.com/nut…/best-foods-high-in-zinc… https://www.healthline.com/nutrition/quercetin… https://www.healthline.com/…/top-10-evidence-based…

မြန်မာအရင်ကလိုအခြေအနေမကောင်းတော့ပါ။(April/14/2020)ရက်နေ့၊7 days Average (Ro)တန်ဖိုး(1.50)ပါ။

Source from Kelvin A. Power’s Facebook on April 14, 2020 မြန်မာအရင်ကလိုအခြေအနေမကောင်းတော့ပါ။စပေါက်ကွဲဖို့ပထမစနက်တန်ဆွဲဖြုတ်လိုက်ကြပါပြီ။ (April/14/2020)ရက်နေ့၊7 days Average (Ro)တန်ဖိုး(1.50)ပါ။ တန်ဖိုးများလေလေကြောက်စရာကောင်းလေလေပါပဲ။ — 7 days Avg R0 တန်ဖိုး <1 ဆိုရင်ရောဂါထိန်းချုပ်နိုင်တယ်။ 7 days Avg R0 တန်ဖိုး <1.5 ဆိုရင်အခြေအနေသိမ်မဆိုး။ 7 days Avg R0 တန်ဖိုး >1.5 ဆိုရင်အခြေအနေစဆိုးလာပြီ။ 7 days Avg R0တန်ဖိုး >2 ဆိုရင်စပေါက်ကွဲတော့မယ်။ 7 days Avg Ro တန်ဖိုး >2.5 ဆိုရင်ပေါက်ကွဲသွားနိုင်ပြီး(EU)နဲ့အမေရိကန်တို့လိုဖြစ်သွားနိုင်တယ်၊သေချာထိန်းကြပါ။ — (April/12/2020)ရက်နေ့၊အထိအခြေအနေသိပ်ကောင်းနေလို့ထိန်းချုပ်နိုင်တယ်ဆိုပြီးကျွန်တော်ဝမ်းသာနေခဲ့ရတယ်ဗျာ။(April,12 )အထိ(R0)တန်ဖိုး(0.95)အထိကျအောင်ထိန်းချုပ်ထားနေနိုင်ရာကနေ(April,13)နဲ့(April,14)မှာ(1.50) ဖြစ်သွားပြီး …

မြန်မာအရင်ကလိုအခြေအနေမကောင်းတော့ပါ။(April/14/2020)ရက်နေ့၊7 days Average (Ro)တန်ဖိုး(1.50)ပါ။ Read More »

အလွန်ကြောက်စရာကောင်းသောကူးစက်မှု့လမ်းကြောင်းအသစ်

Source from Kelvin A. Power’s Facebook on April 12, 2020 အလွန်ကြောက်စရာကောင်းသောကူးစက်မှု့လမ်းကြောင်းအသစ်။ ဆရာဝန်တွေ၊ဆေးရုံဝန်ထမ်းတွေအထူးသတိထားရန်။လူတိုင်းသေချာနားလည်လာအောင်စာဆုံးအောင်ဖတ်ကြပါ။(Video)ကိုလဲသေချာနားလည်အောင်ကြည့်ကြပါ။ပြီးတော့အချိန်နောက်မကျသွားခင်၊တတ်အားတရွေ့မြန်မြန်ဖြန့်ဝေပေးကြပါ။ကျွန်တော့်အနေနဲ့ရှေ့တန်းမှာတိုက်နေတဲ့ဆရာဝန်တွေ၊သူနာပြုတွေနဲ့ဆေးရုံဝန်ထမ်းတွေကိုလုံးဝအဆုံးအရှုံးမခံနိုင်ပါဘူး။ — အရင်တုံးက(CCP Virus)ဟာလမ်းကြောင်းနှစ်ခုကနေပဲကူးစက်တယ်လို့သိထားကြပါတယ်။ (၁)ထိတွေ့မှု့မှကူးစက်ခြင်း။ ပိုးရှိနေတဲ့အရာဝတ္တုတစ်ခုခုကိုနှာခေါင်း၊ပါးစပ်နဲ့ထိမိမယ်။(သို့မဟုတ်)အဲဒီအရာဝတ္တုကိုလက်နဲ့အရင်ထိမိကိုင်မိမယ်။နောက်ပြီးတော့အဲဒီလက်ကိုပါးစပ်နဲ့နားခေါင်းကိုပြန်ကိုင်မိမယ်။ — (၂) (droplets)အကြီးစားတွေကနေကူးစက်ခြင်း။ ရောဂါရှိသူကနှာချေ၊ချောင်းဆိုးရာကထွက်လာတဲ့(droplets)အကြီးစားတွေကိုတိုက်ရိုက်ရူမိလို့ရောဂါကူးစက်မယ်။ဒါမှမဟုတ် (droplets)တွေထိထားတဲ့အရာဝတ္တုကိုလက်နဲ့ကိုင်မိ၊ရူမိရာကနေကူးစက်မယ်။ — အစတုံးကတော့အထက်ပါလမ်းကြောင်းနှစ်ခုကိုပဲသိထားကြတယ်။အထက်ပါလမ်းကြောင်းနှစ်ခုကိုသိပြီးတိတိကျကျလိုက်နာနေရဲ့သားနဲ့ဒီရောဂါဟာအကြီးအကျယ်ကိုပြန့်ပွားသွားရပါတယ်။ဒါကြောင့်အခုထပ်သိလာရတဲ့တတိယလမ်းကြောင်းကပိုပြီးတော့အရေးကြီးပြီးကြောက်စရာကောင်းပါတယ်။ဒီတတိယလမ်းကြောင်းကြောင့်အကြီးအကျယ်ထိန်းချုပ်မရအောင်ပြန့်ပွားသွားရတာပါ။နောက်တွေ့ရှိတဲ့နံပါတ်(၃)လမ်းကြောင်းကတော့— — (၃) (aerosol transmission from micro-droplets)ပါပဲ။ ဂျပန်သုတေသနတစ်ခုက၊ရောဂါရှိသူကနှာချေ၊ချောင်းဆိုးလိုက်ရင်(droplets)ကြီးတွေတင်မကပဲ၊ရေငွေ့လိုမျိုးအလွန်သေးငယ်တဲ့(micro-droplets)ကလေးတွေပါပေါ်ထွက်လာတယ်လို့သိရှိရပါတယ်။နာချေ၊ချောင်းဆိုးရုံတင်မကပဲသာမန်စကားကျယ်ကျယ်ပြောရင်တောင်မှ(micro-droplets)တွေထွက်ပေါ်လာတယ်ဆိုတာနောက်ဆုံးတွေ့ရှိလာပါပြီ။ဒီ(micro-droplets)တွေဟာလေထဲမှာနာရီပေါင်းများစွာနေနိုင်လို့လေထဲကနေကူးစက်နိုင်မှု့(aerosol transmission)လို့ခေါ်ဆိုရခြင်းဖြစ်ပါတယ်။ — လေထဲကနေကူးစက်နိုင်တဲ့ရောဂါဆိုတာအလွန်ကြောက်စရာကောင်းပါတယ်။ပေးထားတဲ့(Video)မှာဂျပန်နိုင်ငံကရတဲ့သုတေသနကိုသေချာဆုံးအောင်ကြည့်ပါ။ဘယ်လိုကူးစက်တယ်ဆိုတာသေချာနားလည်ဖို့လိုပါတယ်။ဗီဒီယိုမှာပြထားသလိုလူ(၁၀)ယောက်ရပ်နေတဲ့အခန်းထဲမှာအစွန်ဆုံးမှာရှိနေတဲ့ရောဂါရှိသူတစ်ယောက်ကနေချောင်းကလေးတစ်ချက်ဆိုးလိုက်ပါတယ်။သူဆိုးတဲ့ချောင်းကနေ(droplets)စုစုပေါင်းတစ်သိန်းကျော်လောက်ထွက်လာပြီးအမျိုးအစားနှစ်မျိုးကွဲထွက်သွားပါတယ်။ — တစ်သိန်းကျော်လောက်ထွက်လာတဲ့(droplets)နှစ်မျိုးထဲကအကြီးစားတွေကို(အပြာရောင်+အစိမ်းရောင်)နဲ့ပြထားပြီး။အဲဒီအကြီးစား(droplets)တွေကကြမ်းပြင်ပေါ်ကို(၂)မိနစ်အတွင်းမှပြုတ်ကျသွားပါတယ်။(World Harmful Organization)ကတော့(droplets)အကြီးစားတစ်မျိုးတည်းထွက်လာတယ်ထင်ပြီး၊အလေးကြီးတွေဆိုတော့အောက်ကိုခဏလေးနဲ့ကျသွားမယ်၊လေထဲကနေလဲမကူးစက်နိုင်ဘူး၊ဒါကြောင့်(Mask)လဲမလိုအပ်ဘူးလို့နမော်နမဲ့ပြောဆိုခဲ့ပါတယ်။ — ဒါပေမယ့်တကယ့်လက်တွေ့မှာကြတော့(droplets)နှစ်မျိုးတောင်ထွက်လာပါတယ်။ရေငွေ့ကဲ့သို့အလွန်သေးငယ်တဲ့(micro-droplets)လေးတွေဟာလေထဲမှာအပူချိန်များရင်များသလိုပိုပြီးတော့အချိန်အကြာကြီးနေနိုင်ပါတယ်။အပူချိန်များရင်ရေငွေ့ပိုပြီးပြန်နိုင်တယ်ဆိုတာအားလုံးသိကြမှာပါ။ဒါကြောင့်အမေရိကန်မှာအပူဆုံးဖြစ်တဲ့တောင်ဖက်အကျဆုံးမာယာမီမြို့ဟာ၊ဖလော်ရီဒါပြည်နယ်ရဲ့အများဆုံးကူးစက်ခံရတဲ့နေရာဖြစ်နေတာလူတိုင်းသတိထားမိကြမှာပါ။ — အစောက(Video)ကိုပြန်ကြည့်လိုက်ရင်လူဆယ်ယောက်ရှိတဲ့အလုံပိတ်အခန်းထဲမှာ(micro-droplets)လေးတွေကိုအနီရောင်အခိုးအငွေ့တွေနဲ့ပြသထားပါတယ်။နောက်တစ်ကြိမ်မှာ(micro-droplets)တစ်မျိုးထဲကိုပဲအချိန်ပေါ်မူတည်ပြီးတစ်ခန်းလုံးသို့ကူးစက်ပြန့်နှံ့သွားပုံကိုပြသထားပါတယ်။ — ဒီသုတေသနတွေ့ရှိချက်အရ၊ရေငွေ့ကဲ့သို့အလွန်သေးငယ်ပြီးအရမ်းပေါ့တဲ့အနီရောင်ပြထားတဲ့(micro-droplets)လေးတွေဟာပေါ့ပါးလို့အောက်ကိုခဏလေးနဲ့ကျမသွားပဲလေထဲမှာနာရီနဲ့ချီပြီးနေနိုင်ပါတယ်။အခန်းရဲ့အပူချိန်အပေါ်မှာမူတည်ပြီးပိုပြီးတောင်ကြာနိုင်ပါတယ်။ဆိုလိုတာကရောဂါရှိသူလူတစ်ယောက်ကအခန်းတစ်ခန်းထဲမှာချောင်းဆိုးပြီးနာရီအနည်းငယ်အကြာမှာနောက်လူတစ်ယောက်ရောက်လာပြီးအဲဒီလေကိုရူရိုက်မိရင်တောင်(aerosol transmission)အနေနဲ့လေထဲကနေရောဂါကူးစက်နိုင်ပါတယ်။ — မြန်မာပြည်ကတချို့လူတွေကစာသေချာမဖတ်၊သုတေသနသေချာမလုပ်ပဲ၊(WHO)စကားအတိုင်းလေထဲကနေမကူးစက်နိုင်ဘူးလို့ဆက်ပြီးရေးနေ၊ပြောနေကြတာဟာလူတွေကိုသတင်းမှားနဲ့သတ်နေကြတာပါပဲ။အဲဒီလိုသတင်းမှားတွေကိုယုံမိပြီးအသက်ဆုံးရံှုးသွားရတဲ့လူတွေမနည်းတော့ပါဘူး။ — ဒါဆို၊ဘာလုပ်ကြရင်ကောင်းမလဲ?။ ဂျပန်သုတေသနကအရေးကြီးတာတစ်ခုထပ်ပြီးပြောပါသေးတယ်။အဲဒီလို(aerosol transmission)အနေနဲ့လေထဲကနေကူးစက်နိုင်တာဟာအလုံပိတ်အခန်းတွေပါပဲတဲ့။အထူးသဖြင့်(Aircon;)အခန်းတွေကိုဆိုလိုခြင်းဖြစ်ပါတယ်။(Aircon;)စက်ဟာအခန်းထဲကလေတွေကိုလှုပ်ရှားနေအောင်မွှေနှောက်ပြစ်ပါတယ်။(Aircon;)စက်တွေမှာ(Filter)တွေတော့ပါကြပါတယ်။ဒါပေမယ့်အဲဒီ(Filter)တွေဆိုတာဒီပိုးတွေထက်အဆပေါင်းများစွာကြီးတဲ့ဖုန်မှုန့်၊အမှိုက်တွေကိုသာစစ်ထုတ်ပေးနိုင်ပြီး။ဒီပိုးကိုတားဆီးစစ်ထုတ်နိုင်ဖို့ဒီဇိုင်းလုပ်ထားတာတွေမဟုတ်ပါဘူး။ — လေထဲကနေကူးစက်မခံရချင်ရင်အခန်းမှာ(Aircon;)စက်တွေတပ်မထားပဲ။ပြတင်းပေါက်တွေဖွင့်ထားတဲ့အခန်း။ပန်ကာတွေနဲ့လေစုတ်ထုတ်ထားပြီးလေဝင်လေထွက်ကောင်းအောင်ပြုလုပ်ထားတဲ့အခန်းတွေဖြစ်ရပါလိမ့်မယ်။(air ventilation)ကောင်းတဲ့အခန်းဖြစ်ရပါမယ်။ဒီနေရာမှာအရေးကြီးပြောစရာတစ်ခုကမြန်မာနိုင်ငံကအိမ်တွေတော်တော်များများဟာ(Aircon;)မသုံးပဲပြတင်းပေါက်တွေဖွင့်ထားတတ်လို့လေဝင်လေထွက်အလွန်ကောင်းပါတယ်။ဒါကြောင့်(Aircon;)တွေအသုံးများပြီးလေဝင်လေထွက်မကောင်းတဲ့ခေတ်မှီနိုင်ငံကြီးတွေမှာသာရောဂါကူးစက်မှု့နှန်းမြန်ဆန်ပြီး၊မြန်မာပြည်မှာကူးစက်မှု့နှန်းနှေးကွေးနေရခြင်းအကြောင်းတစ်ခုဖြစ်ပါတယ်။ — …

အလွန်ကြောက်စရာကောင်းသောကူးစက်မှု့လမ်းကြောင်းအသစ် Read More »

အဆုတ်ကိုဒုက္ခပေးတဲ့ဗိုင်းရပ်စ်ပိုးအမျိုးမျိုးကိုသူ့လောက်နိုင်တာဘာမှကိုမရှိဘူး။

Source from Kelvin A. Power’s Facebook on April 11, 2020 အကောင်းဆုံးကတော့ဒီအသီးပဲ။(ပုံစံကမရမ်းသီးလိုလို၊ဇီးသီးလိုလို၊ခပ်ရှည်ရှည်၊ဒါပေမယ့်လိမ္မော်သီးတစ်မျိုးပဲ)အခွံခွာစားလို့မရဘူး။အခွံပါစားကိုစားရတယ်။ခွာမရဘူး။မြန်မာလိုနာမည်မခေါ်တတ်ဘူး။ဒီအသီးသာလုံလုံလောက်လောက်ရရင်(Wuhan Virus)ကြောင့်မသေနိုင်တော့ဘူး။အဲဒါလက်တွေ့၊ကိုယ်တွေ့ပါ။လူငါးသိန်းလောက်သေခဲ့ရတဲ့(2009 H1N1 Pandemic)ကတည်းကစပြီးကိုယ်တွေ့သိခဲ့ရတဲ့အတွေ့အကြုံပါ။(2009 H1N1 Pandemic)မှာတုံးကဒီအသီးနဲ့ပဲကျွန်တော်အသက်ရှင်ခဲ့ရတာ။လူတွေကိုကျွန်တော်အသက်ပြန်ကယ်လာခဲ့တာလဲမနည်းတော့ဘူး။ရေဆေးပြီးအလုံးလိုက်အခွံပါဝါးစား။များများစားရင်ဘယ်လောက်ရောဂါဆိုးဆိုးခဏလေးသက်သာလာတာပါပဲ။အဆုတ်ကိုဒုက္ခပေးတဲ့ဗိုင်းရပ်စ်ပိုးအမျိုးမျိုးကိုသူ့လောက်နိုင်တာဘာမှကိုမရှိဘူး။သူမရှိလို့လိမ္မော်သီးနဲ့အခွံစားခိုင်းနေရတာ။ယုံချင်ယုံ၊မယုံချင်နေ၊ကိုယ်ဖြစ်ကိုယ်ခံပဲ။ Kelvin Albert Power

မကြာခင်ကြုံတွေ့ရနိုင်တဲ့(ဝူဟန်)ဗိုင်းရပ်စ်ရောဂါအခြေအနေများ။

Source from Kelvin A. Power’s Facebook on April 10, 2020 – အုပ်စု(၁)။ ပထမစ၊စချင်းမှာ၊လည်ချောင်းမှာမရှင်းပဲတစ်ခုခုခံနေသလိုလို၊ယားနေသလိုလိုခံစားရမယ်။နောက်ပြီးချောင်းလေးတစ်ချက်နှစ်ချက်လောက်ဟန့်မယ်။ခုခံမှု့လဲအားကောင်း၊ယောင်ရမ်းမှု့လဲမရှိဘူးဆိုရင်တော့နေ့တိုင်းလည်ချောင်းမရှင်းသလိုလို၊ချောင်းနဲနဲဟန့်သလိုလို၊အဲဒီသလိုလိုအဆင့်ကနေတက်မလာတော့ပဲ၊ခန္ဓာကိုယ်က(Antibody)တွေအပြည့်အဝထုတ်ပေးနိုင်သည်အထိ၊(၁၅)ရက်ကနေ(၂၅)ရက်အထိကြာနိုင်တယ်။အများဆုံးတစ်လခွဲအထိလဲကြာချင်ကြာနိုင်ပါတယ်။အဲဒီကြာနေတဲ့အချိန်မှာကိုယ်ကသာအကြီးအကျယ်မဖြစ်ပေမယ့်၊သူတစ်ပါးကိုကူးစက်သွားနိုင်သလိုကူးစက်ခံရသူတွေဟာခုခံအားနည်းသူ၊ကျန်းမာရေးမကောင်းသူတွေဆိုရင်တော့အသက်အန္တရာယ်အထိကိုထိခိုက်နိုင်ပါတယ်။ဒီအချိန်မှာ(ကူးစက်ခံနေရတဲ့လူနာမှန်းမသိသာပဲ၊လူကောင်းအတိုင်းဖြစ်နေလို့)သူများကိုမကူးနိုင်အောင်ကိုယ့်အသိစိတ်လေးနဲ့(Quarantine)လုပ်သင့်တယ်။ — အုပ်စု(၂)။ ခုခံမှု့အားမကောင်း၊သို့သော်ဖြည့်စွက်စာဆေး(၃)မျိုးစလုံးလောက်လောက်စုံစုံလင်လင်ရှိနေတယ်ဆိုရင်တော့၊လည်ချောင်းနည်းနည်းနာမယ်။ကိုယ်နည်းနည်းပူလာမယ်၊ချောင်းနည်းနည်းဆိုးမယ်။(Bio Zinc C, NAC-plus, D3)တွေကို(High Dose)သောက်လိုက်ရင်ပျောက်သွားမယ်။(၃-၄)နာရီလောက်၊ဆေးနည်းနည်းခြားသွားရင်ပြန်ပြန်ပြီးဖြစ်လာမယ်။အဲဒီအတိုင်းပြန်ဖြစ်လာလိုက်၊ဆေးသောက်ရင်ပျောက်သွားလိုက်နဲ့(၁၅)ရက်ကနေ(၂၅)ရက်အထိကြာနိုင်တယ်။ဒါကြောင့်(၂)နာရီ(၃)နာရီခြားတစ်ခါလောက်ဆေးပုံမှန်သောက်နေရင်တော့၊လူကောင်းပကတိဖြစ်နေမယ်။ဆေးဖြတ်လိုက်ရင်ချက်ချင်းတော့ပြန်မဖျားပေမယ့်၊လည်ချောင်းနာလာပြီးချောင်းပြန်ဆိုးလာမယ်၊။(Antibody)တွေအပြည့်အဝထုတ်ပေးနိုင်သည်အထိ (၁၅)ရက်ကနေ(၂၅)ရက်အထိဆက်တိုက်(၂)နာရီ(၃)နာရီခြားတစ်ခါလောက်ဆေးတွေကိုပုံမှန်သောက်ပေးနေမယ်ဆိုရင်တော့အကောင်းပကတိဖြစ်နေမယ်။ဒီအချိန်မှာ(ကူးစက်ခံနေရတဲ့လူနာမှန်းမသိသာပဲ၊လူကောင်းအတိုင်းဖြစ်နေလို့)သူများကိုမကူးနိုင်အောင်ကိုယ့်အသိစိတ်လေးနဲ့(Quarantine)လုပ်သင့်တယ်။ — အုပ်စု(၃)။ ခုခံအားမကောင်းဘူး၊ဘာဖြည့်စွက်စာဆေးမှလဲမရှိဘူးဆိုရင်တော့၊ပထမတစ်ရက်နှစ်ရက်လည်ချောင်းနည်းနည်းနာမယ်။ကိုယ်နည်းနည်းပူလာမယ်၊ချောင်းနည်းနည်းဆိုးမယ်။နောက်ရက်တွေမှာအဖျားကျချင်ကျမယ်မကျချင်မကျဘူး။ချောင်းကဆက်တိုက်ပိုပိုဆိုးလာမယ်။လည်ပင်းကလဲခြောက်ပြီးကွဲနေသလိုခံစားရမယ်။လေချဉ်တက်ပြီးဗိုက်နာချင်နာလာမယ်။မနာချင်မနာဘူး၊ဝမ်းသွားချင်သွားမယ်၊မသွားချင်မသွားဘူး။လျှာကအရသာမသိဖြစ်နိုင်တယ်။နှာခေါင်းကအနံ့မရဖြစ်လာနိုင်တယ်။အနည်းဆုံး(၅)ရက်ကနေ(၁၀)ရက်အတွင်းအသက်ရူကြပ်ချင်ရင်ကြပ်လာမယ်။မကြပ်ချင်မကြပ်ဘူး၊အသက်ရူသိပ်ကြပ်လာရင်ဆေးရုံသွားရမယ်။အသက်ရူမကြပ်ရင်သွားစရာမလိုဘူး။အသက်ရူကြပ်လာလို့ဆေးရုံသွားရရင်အောက်ဆီဂျင်လိုချင်လိုမယ်။အသက်ရူစက်လိုတဲ့အဆင့်ရောက်ချင်မှရောက်မယ်။(Antibody)တွေအပြည့်အဝထုတ်ပေးနိုင်သည်အထိ(၁၅)ရက်ကနေ(၂၅)ရက်အထိဆက်တိုက်ဖျားနာ၊ချောင်းဆိုး၊အသက်ရူကြပ်နေနိုင်တယ်။ဒီအချိန်မှာကူးစက်ခံနေရတဲ့လူနာမှန်းရောဂါလက္ခဏာသိသာနေလို့(Quarantine)လုပ်ခံထားရမှာတော့သေချာတယ်။ — အုပ်စု(၄)။ ခုခံအားမကောင်းဘူး၊ယောင်ယမ်းမှု့နဲ့ပါတ်သက်တဲ့နာတာရှည်ရောဂါ၊နှလုံး၊သွေးတိုး၊ဆီးချို၊ကျောက်ကပ်၊အသဲ၊အော်တိုအင်မြူး၊စသည်ဖြင့်တစ်ခုခုရှိနေမယ်။ဘာဖြည့်စွက်စာဆေးမှလဲလက်ထဲမှာမရှိနေဘူးဆိုရင်တော့ပထမတစ်ရက်နှစ်ရက်လည်ချောင်းနည်းနည်းနာမယ်။ကိုယ်နည်းနည်းပူလာလာမယ်၊ချောင်းနည်းနည်းဆိုးမယ်။ဖျားမယ်၊နောက်ရက်တွေမှာအဖျားကျချင်မှကျမယ်။ချောင်းကဆက်တိုက်ပိုပိုဆိုးလာမယ်။လည်ပင်းကလဲခြောက်ပြီးကွဲနေသလိုခံစားရမယ်။လေချဉ်တက်ပြီးဗိုက်နာချင်နာလာမယ်။ဝမ်းသွားချင်သွားမယ်။လျှာကအရသာမသိဖြစ်မယ်။နှာခေါင်းကအနံ့မရဖြစ်မယ်။(၅)ရက်လောက်မှာအသက်ရူကြပ်လာမယ်၊ဆေးရုံသွားကိုသွားရမယ်၊အောက်ဆီဂျင်လိုနိုင်တယ်။အောက်ဆီဂျင်နဲ့မှမရရင်အသက်ရူစက်လိုလာမယ်။(ICU)ရောက်ချင်ရောက်မယ်။(Antibody)တွေအပြည့်အဝထုတ်ပေးနိုင်တဲ့(၁၅)ရက်ကနေ(၂၅)ရက်အထိအသက်ရှင်ပြီးခံချင်မှခံမယ်။ခံရင်တော့(Antibody)တွေအပြည့်အဝထုတ်ပေးနိုင်လို့ပြန်ကောင်းလာဖို့အခွင့်အလမ်းရှိတယ်။ဆေးရုံအပေါ်မှာမူတည်နေပြီ။ဒီကြားထဲတခုခုလွဲချော်သွားရင်အသက်အန္တရာယ်ရှိနိုင်တယ်။ — ကိုယ်နဲ့ကိုယ့်ပါတ်ဝန်းကျင်လူနာတွေမှာကြုံတွေ့ရတဲ့လက်တွေ့အတွေ့အကြုံများကိုမျှဝေခြင်းသာလျှင်ဖြစ်ပါသည်။ဖြည့်စွက်စာဆေးကြော်ငြာနေတာမဟုတ်ပါ။ကြော်ငြာစရာလဲမလိုပါ၊ဆေးတွေကရှိတဲ့လူနဲ့တင်မလောက်လို့တောင်ကုန်နေပြီဖြစ်ပါသည်။ကြော်ငြာပြီးရောင်းစရာလည်းလုံးဝမလိုအပ်ပါ။ — တကယ်လို့(Bio Zinc C, NAC-plus, D3)သုံးမျိုးပြည့်စုံအောင်မရှိပါကလိမ္မော်ခွံများများစားပေးပါ။အသီးပါစားလို့ရပါသည်။အသီးသည်(Vitamin C)နှင့်(Electrolyte)များပါရှိပါသည်။သို့သော်အခွံကပို၍အရေးကြီးပါသည်။အခွံမှာပါသော(Bioflavonoid)တစ်မျိုးကသာလျှင်ပိုးကိုထိန်းချုပ်ပေးနိုင်ပါသည်။ရောဂါကူးစက်ခံရပါကလိမ္မော်ခွံများနိုင်သလောက်များများစားနိုင်ပါသည်၊အဆိပ်မဖြစ်ပါ။ — ဒီဗိုင်းရပ်စ်ကိုသတ်နိုင်တာ(Citrus Fruits)တွေရဲ့အခွံတွေမှာပါသော(Bioflavonoid)သာလျှင်ရှိပါသည်။လိမ္မော်၊သံပုရာ၊သံပုယို၊ကျွဲကောခွံအကုန်ရပါသည်။သို့သော်သံပုရာ၊သံပုယို၊ခွံမှာအရသာခါးသဖြင့်များများမစားနိုင်ပါ။လိမ္မော်ခွံမှာမူအရသာမဆိုးလှသဖြင့်များစွာစားလို့ရနိုင်ပါသည်။ — ဘယ်လိုပဲကာကွယ်ထားပါစေ။ဒီဗိုင်းရပ်စ်ရဲ့ထူးခြားတဲ့သဘောသဘာဝအလျှောက်လူတိုင်းကိုအနှေးနင့်အမြန်တော့ကူးစက်လာပါမည်မှာသေချာလှပါသည်။အုပ်စု(၁)နဲ့(၂)သမားများဟာအလွန်ကံကောင်းပါသည်။အုပ်စု(၁)နဲ့(၂)မှာသာလျှင်ဖြစ်သင့်ပါသည်။အလွန်ဆုံးအဆိုးဆုံးအုပ်စု(၃)ပေါ့။အုပ်စု(၄)ကိုတော့မရောက်သင့်ပါ။ဘယ်သူ့ကိုမှလဲအုပ်စု(၄)ကိုမရောက်စေလိုပါ။ — (Bio Zinc C, NAC-plus, D3)သုံးမျိုးလုံလုံလောက်လောက်လက်ထဲမှာရှိထားပြီးသူများဘာမှမစိုးရိမ်ကြပါနှင့်။လက်တွေ့အစွမ်းထက်ပါသည်။မရှိသူများအတွက်တော့စိတ်မကောင်းပါ၊စုံလင်လုံလောက်အောင်ထပ်ရောင်းပေးရန်လဲဆေးမကျန်ရှိတော့ပါ။အစောကြီးကတည်းကကြိုတင်၍ပြောထားပြီးသားဖြစ်ပါသည်။အခုမှတော့ဘာမှလုပ်မပေးနိုင်တော့ပါ။အခုမှလုပ်နိုင်တာဆိုလို့(လိမ္မော်သီးခွံ)များများသာဆောင်ထားကြပါ။ — (Mask)များတတ်သင့်သည်။(N95)ကတော့(95%)ကာကွယ်နိုင်ပါသည်။သို့သော်ဘယ်(Mask)မှ(100%)အပြည့်အဝမကာကွယ်ပေးနိုင်ပါ။ရိုးရိုး(Mask)မတတ်ခင်(Mask)အတွင်းတွင်လိမ္မော်ခွံဖြင့်ညှစ်ထားလိုက်လျှင်လိမ္မော်ခွံအနံ့က(Mask)အတွင်းသို့ဝင်ရောက်လာသောပိုးများကိုသေစေနိုင်၊(လျှော့နည်း)စေနိုင်ပါသည်။ကျွန်တော့်စကားကိုမယုံလဲမတတ်နိုင်ပါ။မှန်တယ်၊မမှန်ဘူးဆိုတာဗိုင်းရပ်စ်ပိုးကသာအဆုံးအဖြတ်ပေးပါလိမ့်မည်။ — အားလုံးဘေးရန်ကင်းရှင်းကြပါစေ။ Kelvin Albert Power …

မကြာခင်ကြုံတွေ့ရနိုင်တဲ့(ဝူဟန်)ဗိုင်းရပ်စ်ရောဂါအခြေအနေများ။ Read More »

မရှက်ကြပါနှင့်၊မလှောင်ကြပါနှင့်။(Mask)တတ်ကြပါ။

Source from Kelvin A. Power’s Facebook on April 7, 2020 ဗိုင်းရပ်စ်ဟာ(တစ်မီတာ)အထိပဲရောက်နိုင်တယ်၊(Mask)တွေမတတ်ကြပါနဲ့လို့(WHO) ကတစ်ချိန်ကပြောခဲ့ဖူးပါတယ်။အခုကြတော့အမေရိကန်သုတေသနပညာရှင်တွေက၊ချောင်းဆိုးရင်(၆မီတာ)အထိတောင်ရောက်နိုင်ပြီး၊နာချေရင်တော့(၈မီတာ)အထိရောက်နိုင်တယ်တယ်လို့အမှန်အတိုင်းရှာဖွေတွေ့ရှိသွားကြပါပြီ။(၈မီတာ)၊(၂၄)ပေအထိလေထဲကိုရောက်နိုင်တဲ့ဗိုင်းရပ်စ်ကို(Mask)မတတ်ပဲနဲ့ဘယ်လိုကာကွယ်နိုင်မှာလဲ? — အခုကမ္ဘာကြီးမှာဒီရောဂါပြန့်နှံ့သွားတာဟာ(WHO)ရဲ့တစ်မီတာအထိပဲရောက်တယ်(Mask)တတ်စရာမလိုဘူးဆိုတဲ့သတင်းမှားကြောင့်သာလျှင်ဖြစ်ပါတယ်။ရောဂါပြန့်ပွားရတဲ့တရားခံဟာ(WHO)ပါပဲ။သေချာတိတိကျကျသိချင်ရင်အောက်က(Video)ကိုဆုံးအောင်ကြည့်ကြပါ။(၂)မိနစ်ကျော်ပဲကြာပါတယ်။ဘေမကုန်ပါဘူး။ — မရှက်ကြပါနှင့်၊မလှောင်ကြပါနှင့်။(Mask)တတ်ကြပါ။(Mask)မရှိရင်အဝတ်တော့စည်းကြပါ။ကိုယ့်ကိုကိုယ်ကာကွယ်သလို၊သူတပါးကိုလဲကာကွယ်ပေးရာကျပါတယ်။ဒါဟာအများကောင်းကျိုး၊ကိုယ့်ကောင်းကျိုး၊နှစ်မျိုးပါ။ အားလုံးဘေးကင်းကြပါစေ။ Kelvin Albert Power – မှတ်ချက်။အောက်က(Video)ကိုလူတိုင်းသေချာဆုံးအောင်ကြည့်ကြပါ။နှစ်မိနစ်ကျော်ပဲကြာလို့ဘေသိပ်မကုန်ပါဘူး၊အကျိုးအလွန်ရှိပါတယ်။ https://www.facebook.com/kelvin.power.1675/videos/220876509188764

Home Made PPE

Source from Kelvin A. Power’s Facebook on April 3, 2020 Home Made PPE တရုတ်ဆိုတဲ့လူမျိုးက၊မဖြစ်ဘူးဆိုတာမရှိစေရဘူး။မရရအောင်တော့လုပ်တယ်။ဒါလဲ(PPE)တစ်မျိုးပဲလေ။အဓိကကတော့ရောဂါမကူးဖို့ပဲမဟုတ်ဘူးလား။တရုတ်ဆိုတာမဖြစ်ဖြစ်အောင်လုပ်တတ်တဲ့အကျင့်ရှိလို့တိုင်းပြည်ခဏလေးနဲ့တိုးတက်လာတာ။ဒါရီစရာမဟုတ်ဘူး။မျက်နာပြောင်ကြီးနဲ့သွားတာနဲ့စာရင်အများကြီးလုံခြုံစိတ်ချရတယ်မဟုတ်ဘူးလား။ချစ်တာမုန်းတာကတစ်ပိုင်း၊အတုယူသင့်ရင်တော့ယူရမှာပဲလေ

Mask တပ်ကြပါ။

Source from Kelvin A. Power’s Facebook on April 3, 2020 အီတလီနဲ့ကိုရီးယား၊တရုတ်ဘာကွာလဲသိလား?။ တစ်ခုပဲကွာတယ်၊ကျန်တာအတူတူပဲ။ ကိုးရီးယား၊တရုတ်ကမျက်နာပြောင်မတိုက်ဘူး။အီတလီကမျက်နာပြောင်တိုက်တယ်။ အခု(USA)နဲ့စပိန်ကလဲမျက်နာပြောင်လိုက်တိုက်နေကြပြီ။ဒုက္ခရောက်တော့မယ်။ မျက်နာပြောင်မတိုက်ပါနဲ့ဆိုလို့(Mask)ရှိစရာမလိုဘူး။ဈေးတွေမတန်တဆပေးပြီးလဲတစ်ခါသုံး(Mask) တွေဝယ်စရာမလိုဘူး။ပုဆိုးတစ်ထည်(သို့မဟုတ်)လက်ကိုင်ပဝါတစ်ထည်ရှိရင်ရပြီ။ —- အနောက်တိုင်းအရင်းရှင်တွေနဲ့(WHO)ပြောတဲ့(Mask)မလိုဘူးဆိုတာကိုမယုံပါနှင့်။အဲဒါမြန်မြန်သေအောင်၊မြန်မြန်ကိစ္စပြီးသွားအောင်၊ပြည်သူတွေကိုချကြွေးပြစ်နေတာ။ဒါမှသူတို့စီးပွားရေးမြန်မြန်ပြန်ပြီးဦးမော့လာနိုင်မှာ။ — ကိုယ်ကမြန်မြန်မသေချင်ရင်၊သူများထက်ကိုယ်အရင်မသေချင်ရင်၊ဘယ်တော့မှမျက်နာပြောင်တိုက်ပြီးအပြင်မထွက်ကြပါနှင့်။(Mask)တွေဝယ်မရဘူးဈေးကြီးတယ်၊ဘာညာလာမလုပ်နဲ့။ — အဝတ်တော့လူတိုင်းမှာရှိတယ်၊အဝတ်စည်းပါ။ဘာမှမရှိရင်၊ရှိတဲ့ဟာတခုခုရှာတတ်။(Mask)မရှိလို့မတတ်ဘူးဆိုတာမရှိစေရဘူး။အရေးကြီးတာကပါးစပ်နဲ့နာခေါင်းရှေ့မှာတစ်ခုခုကာထားရင်ပြီးရော။မရှိရှိတာရှာတတ်ကြတယ်။ယုံချင်ယုံ၊မယုံချင်နေ၊ကိုယ်ဖြစ်ကိုယ်ခံပဲ။ — Kelvin Albert Power

Bio Zinc C 1000 mg (၂) လုံးနဲ့၊Zinc 1000mg (၂) လုံး၊လုံးဝမတူဘူးနော်။

Source from Kelvin A. Power’s Facebook on April 1, 2020 ပို့စ်တစ်ခုမှာပြန်ရေးထားတာတွေ့လိုက်လို့လန့်သွားတယ်။အားလုံးကိုသတိပေးချင်တာက၊ Bio Zinc C 1000 mg ၂လုံးနဲ့၊ Zinc 1000mg ၂လုံး၊လုံးဝမတူဘူးနော်။ — Zinc 1000mg ၂လုံးသောက်ရင်အားလုံးအဆိပ်ဖြစ်ကုန်မယ်။ Bio Zinc C ဆိုတာလေးမျိုးပေါင်းစပ်ထားတာ။ — Bio Zinc C တစ်လုံးမှာ (1)Vitamin C 1000 mg (2) Zinc 5.5 mg (3) Citrus Bioflavonoids 50 mg (4) Rose Hips 10 mg — Bio Zinc C …

Bio Zinc C 1000 mg (၂) လုံးနဲ့၊Zinc 1000mg (၂) လုံး၊လုံးဝမတူဘူးနော်။ Read More »

ကျန်းမာသန်စွမ်းသူတွေလဲသေကုန်ပြီ၊(Virus)ကများ(mutation)ဖြစ်သွားပြီလား?။

Source from Kelvin A. Power’s Facebook on March 31, 2020 ကျန်းမာသန်စွမ်းသူတွေလဲသေကုန်ပြီ၊(Virus)ကများ(mutation)ဖြစ်သွားပြီလား?။ — အမေရိကန်ပြည်ထောင်စု၊ဖလော်ရီဒါပြည်နယ်၊မာယာမီမြို့က၊အသက်(၄၀)အရွယ်၊ကျန်းကျန်းမာမာ၊သန်သန်စွမ်းစွမ်း၊လူသန်ကြီး(Israel Carrera)ဆိုသူလူတစ်ယောက်လဲ(COVID-19)ကြောင့်သေဆုံးသွားခဲ့ရပါတယ်။သ့ူ့မှာဘာရောဂါအခံမှမရှိပါဘူးတဲ့။ — ဆေးရုံကဆေးဝါးတွေနဲ့အသက်ရူစက်ပစ္စည်းတွေမလုံလောက်လို့လဲမဟုတ်ပါဘူး။ဆေးရုံရောက်ပြီးဆရာဝန်တွေ၊ဆရာဝန်မတွေဝိုင်းရံပြီး၊အသက်ရူစက်ပစ္စည်းတွေ၊အောက်ဆီဂျင်တွေအလုံအလောက်နဲ့ကမ္ဘာမှာအဆင့်အမြင့်ဆုံး၊အမေရိကန်အနောက်တိုင်းဆေးပညာတွေနဲ့အစွမ်းကုန်ကုသပေးခဲ့ရက်သားနဲ့သူသေဆုံးသွားရတာပါ။ — ဘာကြောင့်သေလဲသိပါသလား?။အဲဒါကို(Inflammation)လို့ခေါ်ပါတယ်။ဘယ်လောက်ကျန်းမာသန်စွမ်းနေပါစေ၊အတွင်းမှာ(Inflammation)ဖြစ်နေရင်ဘာလက္ခဏာမှမပြပါဘူး။ရောဂါဖြစ်လာတော့ဘယ်လောက်ပဲသန်စွမ်းနေပါစေ၊ဘယ်လောက်ပဲခေတ်မှီတိုးတက်တဲ့အနောက်တိုင်းဆေးပညာနဲ့၊ဘယ်လိုပဲကုသပေးနိုင်ပါစေ၊သေတာပါပဲ။ — (Inflammation)ဆိုတာဘာပါလိမ့်?။(Inflammation)လို့ပြောလိုက်ရင်ဆရာဝန်တော်တော်များများက(anti-inflammatory drug)တွေဖြစ်တဲ့(Steroid)တွေနဲ့(NSAID)တွေကိုမျက်စိထဲသွားပြီးမြင်မိကြတတ်ပါတယ်။တချို့တွေက(IL-6 Blocker)တွေကိုသွားအားကိုးနေမိကြပါတယ်။ — ဒီနေရာမှာပြောချင်တာက(Inflammation)ဆိုတာကို(anti-inflammatory drug)တွေနဲ့တားဆီးပေးတယ်ဆိုတာဟာ၊ယာယီသဘောသာဖြစ်လို့ဘာမှအသုံးမဝင်လှပါဘူး။ကျွန်တော်တို့တစ်ကယ်လိုချင်တာကယာယီ(anti-inflammatory)သဘောမဟုတ်ပါဘူး။အခြေခံကျကျဖြေရှင်းပေးနိုင်တဲ့(Resolution of Inflammation)သာလျှင်ဖြစ်ပါတယ်။ — (Resolution of Inflammation)ဆိုတာအလွန်လေးနက်တဲ့သဘောသဘာဝတစ်ခုပါ။ဒီသဘောသဘာဝကိုပေးစွမ်းနိုင်တဲ့ဓါတုဗေဒဆေးဝါး(drug)ဆိုတာကမ္ဘာမှာမရှိသေးပါဘူး။နောက်လဲဘယ်တော့မှရှိလာမှာမဟုတ်ပါဘူး။မိခင်သဘာဝတရားကပဲရရှိနိုင်တဲ့အနှစ်သာရတစ်ခုပါ။ — ဒီခေတ်မှာဆရာဝန်တွေကိုယ်တိုင်တောင်နာတာရှည်ရောဂါတွေကိုခံစားနေရတာဟာ(anti-inflammatory)ဆိုတဲ့သေးသိမ်တဲ့သဘောတရားတစ်ခုနဲ့၊(Resolution of Inflammation)ဆိုတဲ့အလွန်နက်နဲတဲ့သဘောတရားနှစ်ခုလုံးဝမတူဘူးဆိုတာကိုသေချာကွဲကွဲပြားပြားမသိလို့ပါပဲ။သိရင်နာတာရှည်ရောဂါတွေဆိုတာမဖြစ်လာတော့ပါဘူး။ — နားလည်အောင်ဥပမာပေးရရင်၊(anti-inflammatory drug)တွေဆိုတဲ့သဘောဟာသူပုန်နဲ့အစိုးရစစ်တပ်တွေကြားမှာယာယီအပြစ်အခတ်ရပ်စဲရေးစာချုပ်တစ်စောင်နဲ့သွားတူနေပါတယ်။ဒါပေမယ့်ကျွန်တော်တို့တစ်ကယ်လိုချင်တာကယာယီအပြစ်အခတ်ရပ်စဲရေးစာချုပ်တစ်စောင်မဟုတ်ပါဘူး။အခြေခံကျပြီးခိုင်မာတည်တန့်တဲ့ပြည်တွင်းငြိမ်းချမ်းရေးအနှစ်သာရပါ။ — ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ၊နှစ်ဦးခေတ္တသဘောတူထားတဲ့အလံဖြူစာချုပ်တစ်စောင်မဟုတ်ပါဘူး။ဖွဲ့စည်းပုံအခြေခံဥပဒေမှာအခြေပြုထည့်သွင်းပြီးရေးဆွဲထားရတဲ့ငြိမ်းချမ်းရေးဖေါ်ဆောင်မှု့အခြေခံဥပဒေတစ်ခုပါ။ဖွဲ့စည်းပုံအခြေခံဥပဒေကနေဆင်းသက်လာရတဲ့အခြေခံကျပြီးခိုင်မာတည်တန့်တဲ့ငြိမ်းချမ်းရေးအနှစ်သာရအစစ်ပါ။နိုင်ငံရေးပြောနေတာ(လုံးဝ)မဟုတ်ပါဘူး။လူတိုင်းနားလည်လွယ်အောင်ဥပမာပေးနေတာပါ။ — (Resolution of Inflammation)ဆိုတာဟာလဲဒီသဘောမျိုးပါပဲ။(Inflammation)ကို(Drug)တွေနဲ့ယာယီကလေး၊အလံဖြူထောင်ပြပြီးအပြစ်အခတ်ရပ်စဲထားတာမဟုတ်ပဲ၊ခန္ဓာကိုယ်အတွင်းမှာရှိနေတဲ့ဆဲလ်တွေအားလုံးတစ်ခုချင်းဆီကနေဆင်းသက်လာတဲ့မိခင်သဘာဝကပေးတဲ့အခြေခံကျလှတဲ့သဘောဝသဘောတရားတစ်ခုကိုသာဆိုလိုခြင်းဖြစ်ပါတယ်။အဲဒီသဘာဝသဘောတရားကိုဘယ်ဓါတုဗေဒဆေးတွေနဲ့မှဖန်တီးယူလို့မရရှိနိုင်ပါဘူး။မိခင်သဘာဝကနေပဲရရှိနိုင်ပါတယ်။ — မာယာမီမြို့က၊ကျန်းမာသန်စွမ်းတဲ့လူသန်ကြီးသေတာဟာ(Virus)တွေ(mutation)ဖြစ်သွားလို့တော့မဟုတ်ပါဘူး။(Inflammation)ကြောင့်သေရတာပါ။ဆေးပညာတွေဘယ်လောက်ခေတ်မှီတိုးတက်နေပါစေ(Inflammation)ဆိုတာကိုဘယ်(Drug)နဲ့မှတားဆီးလို့မရနိုင်လို့လူ့အသက်တွေကို(သဘာဝတရားကိုဘေးဖယ်ထားပြီးတော့)ဘယ်လိုမှကယ်တင်မပေးနိုင်ပါဘူး။ — အနှစ်ချုပ်ပြောရရင်၊လူတိုင်းတစ်သက်လုံးကျန်းမာပြီးအသက်ရှည်နေဖို့၊နာတာရှည်ရောဂါတွေအားလုံးမဖြစ်နိုင်ဖို့၊ကူးစက်ရောဂါတွေနဲ့မသေနိုင်ဖို့အတွက်ကျွန်တော်တို့တစ်ကယ်လိုအပ်နေတာဟာဆေးကုမ္မဏီတွေကထုတ်ပေးတဲ့(anti-inflammatory drug)တွေလုံးဝမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့မိခင်သဘာဝတရားတစ်ခုတည်းကပဲရရှိနိုင်တဲ့(Resolution of Inflammation)သဘောသဘာဝတစ်ခုပါ။အဲဒါကို(Drug)တွေကနေမရနိုင်ပဲသဘာဝကပေးတဲ့(Nutrition)တွေကနေသာရရှိနိုင်ပါတယ်။ — လူသားအားလုံးဘေးကင်းကြပါစေ။ Kelvin Albert …

ကျန်းမာသန်စွမ်းသူတွေလဲသေကုန်ပြီ၊(Virus)ကများ(mutation)ဖြစ်သွားပြီလား?။ Read More »

ကိုရိုနာနှင့်ကြောင်ရွှေဝါ။

Source from Kelvin A. Power’s Facebook on March 30, 2020 ကိုရိုနာနှင့်ကြောင်ရွှေဝါ။ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရပ်မှန်၊ကြောင်ကပေးသောအရေးကြီးတဲ့သင်ခန်းစာတစ်ခုဟာလူတွေကို၊ကိုရိုနာဘေးကနေကယ်တင်ပေးနိုင်တေ့ာမလား?။လက်တွေ့အတွေ့အကြုံနှင့်ခိုင်မှာသောသုတေသနကိုအခြေခံ၍ရေးခြင်းဖြစ်သည်။(April fools)လုံးဝမဟုတ်ပါ။ဒီလိုသေရေးရှင်ရေးအချိန်အခါမျိုးမှာလုံးဝမနှောက်မပြောင်ကြပါနှင့်။ — ကိုရိုနာဗိုင်းရပ်စ်ဆိုတာဟာအစတုံးက(SARS)တို့(MERS)တို့မှာလဲဖြစ်ခဲ့ဖူးပေမယ့်လူသိနည်းနေပြီး၊တရုတ်ပြည်က(ဝူဟန်)စဖြစ်လာတော့မှလူသိများလာကြရတာပါ။ — အထူးသဖြင့်(ကိုရိုနာဗိုင်းရပ်စ်)ရောဂါတွေဆိုတာအရင်တုံးကတည်းကမြန်မာပြည်အပါအဝင်၊တစ်ကမ္ဘာလုံးကကြောင်လေးတွေမှာအမြဲတန်းလိုလိုအိမ်ရှင်ရောဂါတစ်မျိုးအဖြစ်နဲ့ရာသီမရွေးဖြစ်ပေါ်နေခဲ့တယ်ဆိုတာကိုဘယ်သူမှသတိထားမိခဲ့ပုံမရပါဘူး။ — ကြောင်တွေမှာအမြဲဖြစ်နေကြတဲ့(Feline coronavirus)လို့ခေါ်တဲ့(FCoV)ဗိုင်းရပ်စ်တစ်မျိုးဟာ၊လူတွေကို(လုံးဝ)ဒုက္ခမပေးနိုင်တာကလွဲလို့၊လူတွေမှာဖြစ်ဖူးတဲ့(SARS, MERS, COVID-19)တွေလိုပဲ(Coronaviridae)မျိုးနွယ်ဝင်တွေဖြစ်ကြပြီး၊(single-stranded enveloped, positive RNA viruses)အမျိုးအစားတွေဖြစ်နေတဲ့အပြင်၊မျိုးရိုးဗီဇ(viral genome)တွေဟာလဲ( 26 kilobases)ကနေ(32 kilobases)အတွင်းမှာသာရှိနေကြလို့အလွန်ဆင်တူနေကြပါတယ်။ — ထူးခြားမှု့တစ်ခုက၊ဒီကြောင်တွေမှာသာဖြစ်တတ်တဲ့(ဖီလိုင်း-ကိုရိုနာဗိုင်းရပ်စ်)ဟာလူတွေမှာဖြစ်တဲ့(SARS, MERS, COVID-19)တွေနဲ့အမျိုးနွယ်ချင်းဆင်တူနေပေမယ့်ကြောင်တွေကနေလူတွေဆီကိုတစ်ခါမှကူးစက်မလာဖူးသေးပါဘူး။ဒါကြောင့်ကြောင်တွေမှာလူတွေကိုကူးလာနိုင်တဲ့ကိုရိုနာဗိုင်းရပ်စ်ရှိတယ်ဆိုပြီးတော့အထင်အမြင်လွဲမှားပြီးကြောင်တွေကိုသွားပြီးရန်မရှာမိကြဖို့အတွက်တော့ပထမဦးဆုံးအနေနဲ့အထူးအသိပေးပြောကြားလိုပါတယ်။ — ကြောင်တွေဆီကကိုရိုနာဗိုင်းရပ်စ်တွေဟာလူတွေကိုတစ်ခါမှဒုက္ခမပေးခဲ့ဖူးတဲ့အပြင်၊ကိုရိုနာဗိုင်းရပ်စ်အကြောင်းကိုသေချာသိရှိနားလည်နိုင်ဖို့အတွက်ကြောင်တွေမှာအန္တရာယ်ကင်းကင်းနဲ့သုတေသနပြုစမ်းသပ်လို့ရနိုင်လို့၊လူတွေမှာဖြစ်တဲ့အလားတူ၊မျိုးနွယ်ဝင်ဗိုင်းရပ်စ်တွေကိုထိန်းချုပ်နိုင်ဖို့နည်းလမ်းကောင်းတွေတောင်ရရှိနိုင်လို့အကျိုးကျေးဇူးတွေတောင်ရနိုင်ပါသေးတယ်။ — မြန်မာပြည်မှာကြောင်မွေးထားတဲ့လူတိုင်းဟာကိုယ့်ကြောင်တွေသေဆုံးခဲ့ရတာတွေ၊ပြန်ကုသပေးလိုက်လို့ကောင်းသွားတာတွေကြုံတွေ့ခဲ့ရဖူးပေမယ့်အမှတ်တမဲ့ကလေးနဲ့သာထားလိုက်ပြီး၊ဒါဟာ(ကိုရိုနာဗိုင်းရပ်စ်) ကြောင့်ဖြစ်ရတယ်ဆိုတာကိုတော့ဘယ်သူမှမသိလိုက်ကြပါဘူး။ — ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကြောင့်၊လူတိုင်းအထိတ်တလန့်ဖြစ်နေရတဲ့အခုလိုအချိန်မျိုးမှာ၊ကျွန်တော့်အနေနဲ့အလွန်တန်ဖိုးရှိပြီး၊လူတွေအတွက်အသုံးဝင်လာနိုင်တဲ့၊လွန်ခဲ့တဲ့(၃)နှစ်လောက်တုန်းကကြုံတွေ့ခဲ့ရတဲ့၊ကိုယ်တွေ့၊အဖြစ်အပျက်လေးတစ်ခုကိုအားလုံးအကျိုးအတွက်ပြန်လည်ပြီးမျှဝေပေးပါရစေ။ — လွန်ခဲ့တဲ့(၃)နှစ်လောက်တုန်းက၊အမေရိကန်နိုင်ငံမှာရှိတဲ့ကျွန်တော့်သူငယ်ချင်းအမေရိကန်လူမျိုးတစ်ယောက်ရဲ့အိမ်မှာကြောင်လေး(၃)ကောင်မွေးထားပါတယ်။မြန်မာပြည်ကနေအစပြုလာတဲ့မြန်မာမျိုးနွယ်ဝင်ကြောင်အမျိုးအစားတွေဖြစ်နေလို့၊(Burmese Cat)တွေလို့လဲခေါ်ကြပါတယ်။(Burmese Cat)နဲ့(Burmese Python)ဆိုတာဟာကမ္ဘာမှာနာမည်ကြီးတဲ့အိမ်မွေးတိရိစ္ဆာန်တွေပါပဲ။ — တစ်နေ့မှာတော့သူ့အိမ်ကကြောင်ကလေးတစ်ကောင်ဟာနေမကောင်း၊မကျန်းမာဖြစ်လာပါတော့တယ်။သူကတိရိစ္ဆာန်ဆရာဝန်ကိုသွားပြတော့၊(Feline coronavirus)ကြောင့်ဖြစ်တယ်လို့ဆိုတာကိုသိလိုက်ရပြီးဆေးတွေထိုးပေး၊တိုက်ပေးလိုက်ပါတယ်။ — ဆရာဝန်ကအဲဒီကြောင်လေးကိုတစ်ခြားကြောင်တွေနဲ့ခွဲပြီး(quarantine)လုပ်ထားခိုင်းပါတယ်။ဆရာဝန်ပေးတဲ့ဆေးတွေနဲ့ကုသပေးပြီး၊အဲဒီကြောင်လေးကိုသူ့အမျိုးအိမ်တစ်အိမ်မှာသီးသန့်ခွဲခြားထားလိုက်ပါတယ်။ဒါပေမဲ့တိရိစ္ဆာန်ဆရာဝန်ပေးလိုက်တဲ့ဆေးတွေနဲ့ကုသလို့မရနိုင်ပဲ၊ရက်အနည်းငယ်အတွင်းမှာကြောင်ကလေးသေဆုံးသွားပါတော့တယ်။ — ပိုင်ရှင်ကအလွန်စိတ်မကောင်းဖြစ်နေတဲ့အချိန်၊မကြာခင်မှာပဲ၊သူ့အိမ်မှာရှိနေတဲ့နောက်ထပ်ကြောင်တစ်ကောင်ကပထမကြောင်အတိုင်း၊ပုံစံတူထပ်ပြီးနေမကောင်းဖြစ်လာပါတော့တယ်။ပထမသေသွားတဲ့ကြောင်ကိုတစ်ခြားအိမ်မှာခွဲပြီး(quarantine)လုပ်ထားလိုက်ပေမယ့်၊ပထမကြောင်မသွားခင်၊ရောဂါလက္ခဏာမပြခင်ကတည်းကတခြားကြောင်တွေကို(ကိုရိုနာဗိုင်းရပ်စ်)ကူးစက်နေခဲ့တာလဲဖြစ်နိုင်ပါတယ်။ — ဒုတိယကြောင်နေမကောင်းဖြစ်ပြန်တော့ကျွန်တော့်သူငယ်ချင်းဟာတိရိစ္ဆာန်ဆရာဝန်ကိုသိပ်မယုံကြည်တော့ပဲ၊ကျွန်တော့်ကိုဖုံးခေါ်ပြီးလှမ်းမေးလာပါတယ်။မင်းကမြန်မာနိုင်ငံကလာတဲ့လူဆိုတော့(Burmese …

ကိုရိုနာနှင့်ကြောင်ရွှေဝါ။ Read More »

(COVID-19 virus)စွဲကပ်လာပြီဆိုရင်

Source from Kelvin A. Power’s Facebook on March 28, 2020 (COVID-19 virus)စွဲကပ်လာပြီဆိုရင်၊(80%)ရာခိုင်နုှန်းကဘာရောဂါမှမခံစားရပဲနှာစေးချောင်းဆိုးလောက်နဲ့ရောဂါပျောက်ကင်းသွားနိုင်ပေမယ့်ကျန်တဲ့(20%)ရာခိုင်နုှန်းကတော့ဆေးရုံတင်ရပြီးအရေးပေါ်အသက်ရူစက်တွေလိုအပ်နိုင်ပါတယ်။ — သူများနိုင်ငံတွေမှာ၊ဆေးဝါးနဲ့အသက်ရူစက်တွေ၊ဆရာဝန်တွေအလုံအလောက်ရှိနေမယ်ဆိုရင်တော့အဲဒီ(20%)ကအကုန်မသေပဲ၊(3%)ကနေ(5%)လောက်အထိပဲသေနိုင်ပါတယ်။သို့သော်ကိုယ့်မြန်မာနိုင်ငံမှာတစ်ပြိုင်တည်းဖြစ်လာလို့လူဦးရေအားလုံးအတွက်ဆေးရုံမှာပစ္စည်းတွေအလုံအလောက်ရှိမနေဘူးဆိုရင်တော့(20%)ထဲကအများစုဟာအသက်ဆုံးရံှုးနိုင်ပါတယ်။ — ဒါကြောင့်ဆေးဝါးတွေနဲ့အသက်ရူစက်တွေမပြည့်စုံတဲ့မြန်မာနိုင်ငံမှာကတော့အထက်ကပြောခဲ့တဲ့(20%)စလုံးကိုသေလူတွေအဖြစ်သတ်မှတ်ထားလိုက်ပြီးတော့အဲဒီသေလူ(20%)ထဲကိုယ်ပါမသွားဖို့အထူးကျိုးစားရပါလိမ့်မယ်။ — ဒါ့အပြင်အထူးသတိပေးချင်တာကဒီရောဂါကိုမကူးစက်နိုင်အောင်ထိန်းချုပ်ရမယ်ဆိုတာကအစိုးရနဲ့ကျန်းမာရေးဌာနတွေတင်မကပဲလူတိုင်းတစ်ဦးချင်းစီလုပ်ကိုလုပ်ရမယ့်တာဝန်ပါ။သို့သော်ရောဂါကိုထိန်းချုပ်တယ်ဆိုတာပါးစပ်နဲ့ပြောရတာလွယ်သလောက်လက်တွေ့မှာ၊နည်းပညာကောင်းကောင်းနဲ့ပိုက်ဆံအလုံအလောက်မရှိရင်အလွန်ခက်ခဲပါတယ်။ — နည်းပညာမှာထိပ်ဆုံးရောက်နေတဲ့အပြင်၊အမေရိကန်ဒေါ်လာသန်းပေါင်းနှစ်သန်း(USD-2T)တောင်သုံးစွဲနိုင်တဲ့အမေရိကန်နိုင်ငံတင်မကပဲ၊အီတလီအပါအဝင်ဥရောပမှာအတိုးတက်ဆုံးနိုင်ငံတွေအများစုတွေတောင်၊ဒီရောဂါကိုမပြန့်ပွားအောင်မထိန်းချုပ်နိုင်ခဲ့ဘူးဆိုတော့၊မြန်မာနိုင်ငံအနေနဲ့သူတို့လိုဒေါ်လာသန်းပေါင်းနှစ်သန်းထက်ပိုလဲထုတ်ပြီးမသုံးစွဲနိုင်သလို၊သူတို့တွေထက်လဲနည်းပညာတွေပိုကောင်းပြီးထိန်းချုပ်မပေးနိုင်ပါဘူး။ — မြန်မာနိုင်ငံအနေနဲ့ကိုယ်တတ်နိုင်သလောက်လေးမိုးကြိုးပြစ်နေတာကိုထန်းလက်နဲ့ကာကြည့်နေကြတာပါ။ဒါကြောင့်ဘယ်လိုပဲထန်းလက်နဲ့အသာလေးကာပေးထားပါစေအချိန်တန်ရင်တော့အနှေးနဲ့အမြန်ကူးစက်လာနိုငပါတယ်။အရေးအကြီးဆုံးကသေနိုင်တဲ့(20%)ထဲကိုကိုယ်ရောက်မသွားပဲ၊လွယ်လွယ်နဲ့ရောဂါပျောက်ကင်းသွားမယ့်(80%)ထဲမှာရှိနေအောင်ဘယ်လိုလုပ်ရမလဲဆိုတာလူတိုင်းသိရှိနားလည်နိုင်ဖို့ရေးပေးနေရခြင်းဖြစ်ပါတယ်။ — လောကမှာအကြောင်းရှိမှသာလျှင်အကျိုးဆိုတာဖြစ်လာရတာဖြစ်လို့ဒီရောဂါကူးစက်ခံရတဲ့လူတွေဟာအောက်ပါအကြောင်းတရား(၅)ပါးအပေါ်မှာအခြေခံပြီးတစ်ချို့ကသေနိုင်သလို၊တချို့ကဘာမှကိုမဖြစ်လိုက်ပဲရောဂါပျောက်ကင်းသွားစေနိုင်ပါတယ်။ — (1) Immunity. ရောဂါခုခံမှု့အားကောင်းမွန်နေစေရန်။ – (2) Viral Load (or) infectious dose. ရောဂါပိုးထိတွေ့မှု့တစ်ကြိမ်တစ်ခါထဲနဲ့အကောင်အရေအတွက်မများစေရန်။ – (3) Hyperinflammation. အဆုတ်အပါအဝင်ကိုယ်တွင်းအင်္ဂါအားလုံးမှာအတွင်းရောင်ရမ်းမှု့အလွန်အကျွံမဖြစ်စေရန်။ – (4) Oxidative Stress အဆုတ်အပါအဝင်ကိုယ်တွင်းအင်္ဂါအားလုံးမှာဓါတ်တိုးမှု့ကြောင့်တိုက်ခိုက်ခံရခြင်းမရှိနေစေရန်။ – (5) Time of infection. မဖြစ်မနေလူတိုင်းကိုရောဂါကူးစက်ခံရပြီဆိုရင်တောင်၊ချက်ချင်းကူးစက်မခံရပဲနဲ့ရောဂါကိုထိန်းချုပ်နိုင်ပြီဆိုတဲ့အချိန်ကြမှသာလျှင်နောက်ဆုံးမှ၊သာမဖြစ်မနေမိမိကိုကူးစက်ခံရနိုင်စေရန်။ — 1.(Immunity) ရောဂါခုခံမှု့အားကောင်းမွန်နေစေရန်။ ခန္ဓာကိုယ်ရဲ့ရောဂါခုခံမှု့စနစ်အလွန်ကောင်းနေမယ်ဆိုရင်ဒီရောဂါဟာနှာစေးချောင်းဆိုးလောက်ကလွဲပြီးဘာမကိုမဖြစ်ပဲပျောက်ကင်းသွားနိုင်ပေမယ့်၊ရောဂါခုခံမှု့စနစ်မကောင်းရင်တော့အသက်ပါသေစေနိုင်ပါတယ်။ဒီနေရာမှာခုခံမှု့စနစ်ကောင်းတယ်ဆိုတာဘာကိုဆိုလိုသလဲဆိုတာကိုတော့သေချာနားလည်ဖို့လိုအပ်ပါတယ်။ …

(COVID-19 virus)စွဲကပ်လာပြီဆိုရင် Read More »

(COVID-19)ဖြစ်လာရင်ဘယ်လိုလူတွေသေမလဲ?။ ဘယ်လိုလူတွေမသေပဲအသာလေးရောဂါဖြစ်ပြီးပျောက်ကင်းသွားနိုင်မလဲ?။

Source from Kelvin A. Power’s Facebook on March 27, 2020 80%-20% ? (COVID-19)ဖြစ်လာရင်ဘယ်လိုလူတွေသေမလဲ?။ ဘယ်လိုလူတွေမသေပဲအသာလေးရောဂါဖြစ်ပြီးပျောက်ကင်းသွားနိုင်မလဲ?။ သေမယ့်ထဲကိုယ်မပါအောင်ဘာတွေကြိုတင်ပြီးလုပ်ထားလို့ရနိုင်မလဲ?။ — (COVID-19 virus)စွဲကပ်လာပြီဆိုရင်၊(80%)ရာခိုင်နုှန်းကဘာမှကိုရောဂါမခံစားရပဲနဲ့နားစေးချောင်းဆိုးလောက်နဲ့လဲရောဂါပျောက်ကင်းသွားနိုင်ပါတယ်။ကျန်တဲ့(20%)ရာခိုင်နှန်းကတောာ့အဆုတ်တွေထိခိုက်ပျက်စီးသွားပြီးဆေးရုံ၊အရေးပေါ်ရောက်၊အသက်ရူစက်တွေလိုအပ်နိုင်ပါတယ်။ — တစ်ကယ်လို့သာကိုယ်ကဆေးရုံတက်ကုရမယ့်(20%)ထဲကိုပါသွားပြီးတော့၊ကိုယ့်တိုင်းပြည်ကလဲခေတ်မှီ၊ကိုယ်ကလဲတိုင်းပြည်အတွက်အလွန်အရေးကြီးတဲ့(VIP)တယောက်ဆိုရင်တော့၊ဆေးရုံမှာကိုယ့်အတွက်ဆေးပစ္စည်းတွေအပြည့်အစုံ၊ကုတင်အဆင်သင့်၊အသက်ရူစက်တွေအဆင်သင်၊အောက်ဆီဂျင်တွေအပြည့်အဝနဲ့ဆေးကုသပေးဖိုဆရာဝန်၊ဆရာဝန်မတွေဝိုင်းပြီးအဆင်သင့်ထိုင်စောင့်ကုသပေးနေမယ်ဆိုရင်တော့၊အဲဒီဆေးရုံရောက်လာတဲ့(20%)အကုန်လုံးတော့မသေနိုင်ပါဘူး။ဆေးရုံရောက်တဲ့(20%)ထဲမှာမှတချို့တွေပဲသေစေနိုင်ပြီးအသေအပျောက်နည်းနိုင်ပါတယ်။ — ကိုယ်ကတိုင်းပြည်အတွက်အလွန်အရေးကြီးတဲ့(VIP)လဲမဟုတ်၊ကိုယ့်တိုင်းပြည်ကလဲဆေးပစ္စည်းတွေ၊အသက်ရူစက်တွေအလုံအလောက်မရှိ၊ဆရာဝန်တွေ၊ဆရာမတွေကလဲမစုံညီဘူးဆိုရင်တော့ကိုယ်ကအဲဒီ(20%)ထဲကိုကံဆိုးစွာနဲ့မတော်တဆပါသွားမယ်ဆိုရင်တော့မတွေးရဲစရာပါပဲ။ — အထူးသဖြင့်အသက်ရူစက်တွေလုံလောက်အောင်မပေးနိုင်တဲ့မြန်မာနိုင်ငံမှာဆိုရင်လူတိုင်းရောဂါဖြစ်ပြီးဆေးဝါးစက်ပစ္စည်းတွေမလုံမလောက်ဖြစ်နေတဲ့အချိန်အခါမှာကိုယ်ကအဲဒီအဖြစ်ဆိုးမယ့်(20%)ထဲကိုပါသွားပြီဆိုရင်တော့သေလူလို့သာကြိုတင်ပြီးသတ်မှတ်ထားလို့ရနိုင်ပါတယ်။ — ရောဂါကတော့တစ်ကမ္ဘာလုံးကိုလူကြီးလူငယ်၊ဆင်းရဲချမ်းသာ၊ယောင်္ကျားမိန်းမ၊ရာထူးအာဏာ၊အဆင့်အတန်း၊လူမျိုး၊ဘာသာမရွေးလူတိုင်းကိုအနှေးနဲ့အမြန်ကူးလာနိုင်တာပါပဲ။ — အထူးသဖြင့်မြန်မာနိုင်ငံလိုအသက်ရူစက်တွေဆေးဝါးပစ္စည်းတွေမရှိတဲ့နေရာကိုရောဂါကူးလာခဲ့ပြီဆိုရင်၊ကိုယ်ကသေနိုင်တဲ့(20%)ရာခိုင်နုန်းအုပ်စုထဲပါမသွားပဲ၊နှာစေးချောင်းဆိုးလောက်လေးသာဖြစ်ပြီးအေးအေးဆေးဆေးအသာလေးရောဂါပျောက်သွားမယ့်(80%)အုပ်စုထဲမှာကျန်ရှိနေဖို့တော့အထူးလိုအပ်လှပါတယ်။ — ကိုယ်ကအသက်ရူစက်တွေဆေးဝါးပစ္စည်းတွေမပြည့်စုံလို့သေနိုင်တယ့့််(20%)ထဲကိုရောက်သွားမလား၊ရောဂါကူးစက်ခံရပေမယ့်နှာစေးချောင်းဆိုးလောက်နဲ့အသာလေး၊ပျောက်သွားမယ့်(80%)အဖွဲ့ထဲကိုရောက်သွားမလားဆိုတာကတော့၊(COVID-19 Virus)ကနေပြီးမဲနိုက်ပြီးဆုံးဖြတ်ပေးမှာမဟုတ်သလို၊သေမင်းကိုယ်တိုင်ရောက်လာပြီးသူလိုချင်တဲ့လူတွေကိုနံကြားထောက်ရွေးချယ်ထုတ်သွားမှာလဲမဟုတ်ပါဘူး။ဆရာဝန်တွေ၊ဆရာမတွေ၊ဆေးရုံတွေ၊အစိုးရတွေကလဲမဲနိုက်ပြီးရွေးချယ်ခွဲခြားပေးနိုင်တာမဟုတ်ပါဘူး။ဘယ်သူကသာရွေးချယ်ရမယ်လို့ထင်မြင်ကြပါသလဲ?။ — သေနိုင်တဲ့(20%)ရာခိုင်နုန်းထဲကိုလိုက်သွားမလား၊နှာစေးချောင်းဆိုးလောက်နဲ့အသာလေး၊ပျောက်သွားမယ့်(80%)ရာခိုင်နုန်းထဲမှာနေခဲ့ကြမလားဆိုတာကတော့ကိုယ်တိုင်မျက်စိမှိတ်ပြီး၊မျက်ကန်းရွေးနည်းနဲ့ရွေးချယ်ရမယ့်လမ်းကြောင်းပါ။သေမလား၊အသာလေးပျောက်သွားမလားဆိုတာကိုယ်တိုင်ရွေးချယ်ကြရမှာပါ။ဒီလိုရွေးချယ်တဲ့နေရာမှာလူတိုင်းအတွက်မျက်စိမှိတ်ပြီးမရွေးချယ်ကြပဲနဲ့၊ပညာဉာဏ်မျက်စိကလေးဖွင့်ထားပြီးတော့လမ်းမှန်ဖက်ကိုရွေးချယ်တတ်ဖို့တော့သင်ကြားပေးထားချင်ပါတယ်။ — ကျွန်တော့်စကားကိုယုံတာမယုံတာကတော့ကိုယ့်အပိုင်းပါ။လမ်းမှားရင်လဲ(အမှား)ထဲလိုက်သွားကြပေါ့။ယုံကြည်တဲ့လူတွေအတွက်လမ်းမှားမလိုက်မိပဲ(လမ်းမှန်)ထဲမှာကျန်နေဖို့အတွက်လမ်းမှားမလိုက်မိဖို့ရွေးချယ်နည်း(၅)နည်းကိုသင်ပေးလိုက်ပါမယ်။ — ဒီရောဂါမကူးစက်လာအောင်တော့ဘယ်ကာကွယ်ဆေးမှထိုးပေးလို့မရသလို၊ဘယ်လိုမှတားဆီးလို့မရနိုင်ပါဘူး။အနှေးနဲ့အမြန်တော့ကူးစက်လာပါလိမ့်မယ်။တစ်ခုသိထားရမှာကရောဂါကူးစက်လာရင်သေနိုင်တဲ့(20%)ထဲကိုကိုယ်ရောက်မသွားပဲ၊အသာလေးဘာမှမဖြစ်လိုက်ပဲနဲ့ရောဂါပျောက်ကင်းသွားမယ့်(80%)ထဲမှာကိုယ်ကျန်နေရအောင်အောက်ပါအချက်(၅)ချက်ကိုသချာနားလည်ထားဖို့တော့လိုအပ်နေပါတယ်။ — (1) Immunity ကောင်းဖို့။ (2) Viral Load မများဖို့။ (3) Inflammation မဖြစ်ဖို့။ (4) Oxidative Stress မရှိနေဖို့။ (5) Time of …

(COVID-19)ဖြစ်လာရင်ဘယ်လိုလူတွေသေမလဲ?။ ဘယ်လိုလူတွေမသေပဲအသာလေးရောဂါဖြစ်ပြီးပျောက်ကင်းသွားနိုင်မလဲ?။ Read More »

American Best ဆေးတွေရန်ကုန်ရောက်လို့(အရမ်းပူရင်)ပျက်စီးနိုင်ပါသလား?။အန္တရာယ်ရှိနိုင်ပါသလား?။

Source from Kelvin A. Power’s Facebook on March 25, 2020 ကျွန်တော်တို့(American Best)ကပစ္စည်းတွေတင်မကပဲ၊အမေရိကန်ကနေမြန်မာပြည်ကိုပို့တဲ့မည်သည့်ဆေးတွေမဆိုဆေးတွေအားလုံးဟာ၊လေယာဉ်ပျံနဲ့ပို့ရတာတွေဖြစ်နေလို့၊ကုန်တင်လေယာဉ်ဖြစ်ဖြစ်၊ခရီးသည်တင်လေယာဉ်ဖြစ်ဖြစ်ဝမ်းဗိုက်ထဲကကုန်ပစ္စည်းထားတဲ့နေရာတွေမှာ(Aircondition)မထားပေးနိုင်လို့အလွန်ပူပါတယ်။ — လမ်းမှာလဲ(Transit)တွေလုပ်ရတဲ့အခါမှာအလွန်ပူ လောင်တဲ့ကုန်ပစ္စည်းသိုလောင်ရုံတွေထဲမှာလည်း(၂)ရက်(၃)ရက်လောက်အထိကြာချင်ကြာနေနိုင်ပါတယ်။လေယာဉ်ပေါ်မှာနဲ့ကုန်လှောင်ရုံတွေရဲ့အပူချိန်ဟာ(120 ံF)လောက်အထိကိုမြင့်ချင်မြင့်တက်နိုင်ပါတယ်။ရန်ကုန်မှာဒီလောက်အထိပူတဲ့နေရာဆိုတာမရှိနိုင်ပါဘူး။ — ဒါကြောင့်ကျွန်တော်တို့(American Best)ရဲ့ဆေးတွေကို၊(Probiotic Bacteria)တွေပါဝင်နေတဲ့ဆေးကလွဲပြီး၊တစ်ခြားဆေးတွေကိုရေဆူမှတ်အပူချိန်(212 ံF) အထိအပူခံနိုင်အောင်ပြုလုပ်ထားပါတယ်။ဆေးကရာသီဥတုအပူဒဏ်ကိုလုံးဝ(လုံးဝ)ဂရုမစိုက်ပါဘူး။မပျက်စီးနိုင်ပါဘူး။ — (Probiotic Bacteria)တွေပါတဲ့ဆေးကလွဲပြီး၊တခြားဆေးတွေကိုရေနွေးပွက်ပွက်ဆူအောင်ပူတဲ့အပူချိန်မှာထားလဲမပျက်စီးနိုင်ပါဘူး။ဒါပေမယ့်ကျွန်တော်တို့ကြောက်တာကလေဝင်မှာနဲ့လေထဲကနေမမြင်ရတဲ့ရေခိုးရေငွေ့တွေဝင်မှာကိုပဲကြောက်တာပါ။ဒါကြောင့်ဆီးလ်(Seal)မပွင့်သေးတဲ့ဆေးဗူးအသစ်တွေဟာရေပွက်ပွက်ဆူအောင်ပူတဲ့အပူချိန်ကိုလဲဂရုမစိုက်ပါဘူး။ — တစ်ကယ်လို့ကိုယ်ကအဖုံးအောက်၊အတွင်းမှာရှိနေတဲ့ဆီးလ်(Seal)ကိုဖွင့်ဖေါက်လိုက်ပြီးပြီဆိုရင်တော့အဲဒီဆေးကိုပူတဲ့နေရာမှာမထားပါတော့နဲ့။ဆီးလ်(Seal)ကိုပထမဦးဆုံးအကြိမ်စဖွင့်လိုက်ပြီဆိုတာနဲ့အောက်ဆီဂျင်နဲ့အတူမမြင်ရတဲ့ရေခိုးရေငွေ့တွေဝင်ပြီးသားဖြစ်သွားလို့ို့အေးသောနေရာ၊တတ်နိုင်ရင်ရေခဲသေတ္တအောက်ဖက်တွေမှာသိမ်းထားပေးပါ။ဆီးလ်(Seal)အသေပိတ်ထားတဲ့ဗူးအသစ်တွေကတော့ဘယ်လောက်ပူပူမပျက်စီးနိုင်လို့ကြိုက်တဲ့နေရာမှာထားလို့ရပါတယ်။ — နေရောင်ခြည်နဲ့အလင်းရောင်။ နေရောင်ခြည်နဲ့အလင်းရောင်ကြောင့်ပျက်စီးနိုင်တဲ့(Ingredients)တစ်မျိုးမျိုးဆေးမှာပါနေရင်ကျွန်တော်တို့(American Best)ကဗူးအကြည်တွေမှာမထည့်ပဲ၊အနောက်တွေမှာပဲထည့်ပါတယ်။ဥပမာ(Vitamin C)ပါရင်ဗူးအကြည်နဲ့မထည့်ပါဘူး။နောက်ပြီးတော့ကျွန်တော်တို့သုံးတဲ့ဗူးတွေအားလုံးဟာ(UV Resistant)တွေနဲ့(BPA FREE)တွေဖြစ်ပါတယ်။အဲဒါကြောင့်နေရောင်ခြည်နဲ့အလင်းရောင်ကို လဲသိပ်စိုးရိမ်စရာမရှိပါဘူး။ — တစ်ကယ်တော့အဆိုးဆုံးက(BPA)ပါပဲ။ အဓိကစိုးရိမ်ရမှာက၊သုံးထားတဲ့ဗူးအမျိုးအစားပါပဲ။ကျန်းမာချင်လို့ဖြည့်စွက်စာဆေးတွေဝယ်သောက်ပါတယ်။ဖြည့်စွက်စာဆေးဗူးတွေကြောင့်မျိုးပွားအင်္ဂါဆိုင်ရာကင်ဆာရောဂါတွေဖြစ်တတ်ပါတယ်။ဆေးကြောင့်ဖြစ်နိုင်တာတော့မဟုတ်ပါဘူးဗူးကြောင့်ဖြစ်နိုင်တာပါ။ — အမေရိကန်မှာဆေးထုတ်လုပ်တဲ့ကုမ္မဏီတစ်ချို့ဟာ(BPA)ပါတဲ့ဗူးတွေကိုသုံးတတ်ကြပါတယ်။အမေရိကန်မှာ(BPA FREE)ဗူးတွေကပိုပြီးတော့ဈေးကြီးပါတယ်။ဒါကြောင့်ကုမ္မဏီတော်တော်များများကအမြတ်များများကျန်အောင်ဈေးအပေါစားတွေကိုပဲဝယ်သုံးတတ်ကြပါတယ်။ — (BPA )ပါနေတဲ့ဖြည့်စွက်စာဗူးတွေဟာသာမာန်အေးနေတဲ့အချိန်၊ရာသီဥတုအလွန်အေးတဲ့တချို့နိုင်ငံတွေမှာဘာမှမဖြစ်နိုင်ပါဘူး။ဒါပေမယ့်အပူချိန်(100 ံ F)ကျော်ပြီဆိုတာနဲ့(BPA)မော်လီကျူးတွေကဗူးထဲကနေထွက်လာပြီးဆေးတွေထဲကိုဝင်ရောက်လာနိုင်ပါတယ်။မြန်မာပြည်ကိုပျံသန်းလာတဲ့လေယာဉ်တွေနဲ့၊လမ်းမှာလွဲပြောင်းရတဲ့ကုန်လှောင်ရုံတွေဟာ၊အပူချိန်(120 ံF)အထိကိုပူနိုင်ပါတယ်။ရန်ကုန်မှာလဲမကြာခဏအပူချိန်(100 ံF)ကိုကျော်တတ်ပါတယ်။မန္တလေးနဲ့၊အညာမှာဆိုရင်ပိုတောင်ဆိုးပါတယ်။ — (BPA )ဟာကင်ဆာဖြစ်တယ်ဆိုပေမယ့်ကင်ဆာအားလုံးကိုဖြစ်စေတာတော့မဟုတ်ပါဘူး။ဟော်မုန်းဓါတ်ကိုပျက်စီးစေပြီးဟော်မုန်းနဲ့ပါတ်သက်တဲ့နေရာတွေမှာသာကင်ဆာဖြစ်တာပါ။အမျိုးသမီးတွေမှာဆိုရင်၊ရင်သားကင်ဆာ၊သားအိမ်ကင်ဆာ၊မျိုးဥအိမ်ကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊စသည်ဖြင့်မျိုးပွားအင်္ဂါတွေမှာသာဖြစ်ပွားစေနိုင်ပြီး၊အမျိုးသားတွေမှာကြတော့၊ဆီးကျိတ်ကင်ဆာ၊ဝှေးစေ့ကင်ဆာ၊စသည်တို့ကိုဖြစ်ပွားစေနိုင်ပါတယ်။ — (BPA)ဆိုတာအလွန်အန္တရာယ်ရှိပါတယ်။ဒါပေမယ့်အလွန်ဝမ်းနည်းစရာကောင်းတာက(USA)မှာ(BPA)နဲ့ပါတ်သက်ပြီးဘာမထိန်းချုပ်မှ့ု ှ(FDA Regulation)တွေ(လုံးဝ)ကိုမရှိပါဘူး။ဘယ်ကုမ္မဏီကိုမှ(BPA …

American Best ဆေးတွေရန်ကုန်ရောက်လို့(အရမ်းပူရင်)ပျက်စီးနိုင်ပါသလား?။အန္တရာယ်ရှိနိုင်ပါသလား?။ Read More »

Shopping Cart