Uncategorized

(Collagen)နဲ့ပါတ်သက်သောမေးခွန်းများကိုဖြေဆိုခြင်း။

Source from Kelvin A. Power’s Facebook on August 15, 2020 (Collagen)နဲ့ပါတ်သက်သောမေးခွန်းများကိုဖြေဆိုခြင်း။ ပထမဆုံးပြောကြားချင်တာက၊စာမရေးဖြစ်တာလဲတစ်ခါ၊တစ်ခါအတော်ကြာသွားတယ်။(American Best)ကိုရောက်လာတဲ့လူနာတွေကလဲတနေ့တနေ့များများလာပြီး၊ရောဂါတွေကလဲအမျိုးစုံလာကြတယ်။ပြင်းထန်တဲ့ရောဂါကြီးတွေအမျိုးမျိုးလဲပါနေကြတယ်။အဲဒီရောဂါတွေကိုအထောက်အကူပြုနိုင်ဖို့လက်ရှိဖြည့်စွက်စာဆေးတွေနဲ့ရေရှည်မှာမလုံလောက်မလွယ်ကူတော့ပါဘူး။အခုရှိနေတဲ့ဆေးတွေအပြင်တခြားပိုပိုကောင်းတဲ့ဆေးအသစ်တွေကိုထပ်ထုတ်နိုင်ဖို့အရေးတကြီးလိုအပ်လာပါတယ်။ဒါကြောင့်ကျွန်တော်ဆေးအသစ်တွေထုတ်နိုင်ဖို့နေ့မအား၊ညမအားသုတေသနတွေလုပ်ပြီးကျိုးစားနေရလို့စာသိပ်မရေးဖြစ်တာကိုနားလည်ပေးကြပါ။ — အခုတလောလူတွေမကြာခဏလာလာမေးနေကြတယ်။ ၁။(Collagen)သောက်ချင်တယ်။ဘယ်တံဆိပ်သောက်ရမလဲ?။ဘယ်အမျိုးအစားသောက်ရမလဲ?။ ၂။(American Best)ကရော(Collagen)မထုတ်ပေးသေးဘူးလား။ဘယ်တော့ထုတ်ပေးမှာလဲ။စသည်ဖြင့်၊စုံလို့ပါပဲ။ — အထက်ပါမေးခွန်းတွေကိုမဖြေခင်မှာ(Collagen)ဆိုတာဘာလဲ?။(Collagen)တွေကရောဘယ်(source)ကနေထုတ်ယူရရှိတာလဲ။အမျိုးအစားတွေကကောဘယ်လောက်ရှိပါသလဲ။ဆိုတာတွေကိုနည်းနည်းလေးသိထားဖို့အရင်ရှင်းပြပါရစေ။ — ၁။(Collagen)ဆိုတာတခြားမဟုတ်ပါဘူး။တိရိစ္ဆာန်တွေဆီကရတဲ့အသားဓါတ်ပရိုတိန်းတစ်မျိုးပါပဲ။ရိုးရိုးအသားကရတဲ့ဓါတ်မဟုတ်ပဲ၊အရိုးနုတွေ၊အရွတ်တွေ၊အရေခွံတွေကနေရတဲ့ပရိုတိန်းတစ်မျိုးပါ။(Amino Acids)အားဖြင့်ပြောရမယ်ဆိုရင်(Glycine, Proline,Alanine…)တွေအများဆုံးပါဝင်ပြီးတခြား(Amino Acids) တွေ၊အနည်းငယ်စီပါဝင်နေတဲ့၊ပရိုတိန်းတစ်မျိုးပါပဲ။ — (Collagen)ဆိုတာဘယ်ကအဓိကထုတ်ယူကြသလဲဆိုတော့၊အမှန်အတိုင်းမကွယ်မဝှက်ပဲပြောရရင်၊အများအားဖြင့်(USA)ကနေမြန်မာပြည်ကိုရောက်လာတဲ့ဖြည့်စွက်စာ(Collagen)တွေအားလုံးရဲ့(95%)ကျော်ဟာ၊ဘာတံဆိပ်ပဲကပ်ထားကပ်ထား၊ဘယ်လိုပဲရေးထား၊တစ်ကယ်တော့(ဓါတ်ပုံ)ပါအတိုင်းစီးပွားဖြစ်မွေးမြူရေးနွားသားရေကနေထုတ်ယူကြတာပါပဲ။ဒါအမှန်ကိုမကွယ်မဝှက်ပဲချပြလိုက်တာပါ။တခြား(5%)လောက်ကတော့ရေချို၊ရေငံငါးတွေရဲ့အရည်ခွံနဲ့ကြက်ရဲ့ရင်ညွန့်အလည်မှာရှိတဲ့အရိုးနုလေးတွေကနေထုတ်လုပ်ကြပါတယ်။ — နွားလို့ပြောလိုက်ရင်၊လူတွေရဲ့မျက်စိထဲမှာ၊သာယာတဲ့တောတန်းလေးနဘေးကစမ်းချောင်းလေးနားမှာရှိနေတဲ့အစိမ်းရောင်မြက်နုခင်းပြင်ကျယ်ကြီးမှာ၊ကျန်းကျန်းမာမာနဲ့နေရောင်လှုံရင်းမြက်စားနေကြတဲ့သတ္တဝါတွေကိုသွားမြင်မိကြပါလိမ့်မယ်။အဲဒါကဟိုးအရင်တုံးကကျွန်တော်တို့တွေရဲ့အဖိုးအဖွားတွေရဲ့လက်ထက်တုံးကနွားတွေမှာရှိခဲ့တဲ့၊သဘာဝဓလေ့ဟောင်းလေးတစ်ခုပါ။အခုခေတ်မှာနွားဆိုတာမြက်မကျွေးတော့ပါဘူး။မြက်ခင်းပြင်ထဲလဲလွှတ်မကျောင်းတော့ပါဘူး။ — ဘယ်သူပဲဖြစ်ဖြစ်အမေရိကန်နိုင်ငံမှာနေတဲ့လူတိုင်းဟာ၊လောဘကြီးတဲ့အရင်းရှင်တွေရဲ့စီးပွားဖြစ်နွားမွေးမြူရေးခြံ(Commercial Cattle Feedlots)တစ်ခုလောက်ကိုကိုယ်တိုင်သွားပြီးလေ့လာကြည့်စေချင်ပါတယ်။အဲဒီလိုလေ့လာပြီးတဲ့နေ့မှာအဲဒီလူဟာ၊အမဲသားကိုစားချင်စိတ်မရှိတော့သလို၊နွားနို့ပါမသောက်တော့တဲ့အပြင်၊နွားသားရေကထုတ်တဲ့(Bovine Collagen)ဆိုရင်ပိုတောင်မစားချင်တော့ပါဘူး။ဒါအပိုမပြောပါဘူး၊အမှန်တရားတစ်ခုပါ။ — Kelvinကတော့ခပ်ပွင့်ပွင့်လင်းလင်းလေးပဲပြောတတ်လို့ထိခိုက်တဲ့သူရှိရင်ခွင့်လွတ်ပါ။ဘယ်သူ့ကိုမှထိခိုက်အောင်မရည်ရွယ်ပါဘူး၊အများအန္တရာယ်မရှိဖို့အတွက်ဖြစ်နေလို့အမှန်တရားကိုပွင့်ပွင့်လင်းလင်းလေးပဲပြောပြပါရစေ။အမေရိကန်နိုင်ငံကစီးပွားဖြစ်နွားမွေးမြုရေးခြံကလာတဲ့နွားသားရေကနေထုတ်လုပ်တဲ့(Bovine Collagen)ကိုကျွန်တော်ရောကျွန်တော့်အမျိုးသမီးပါမစား၊မသောက်ပါဘူး။ဒါအရှင်းဆုံးပွင့်ပွင့်လင်းလင်းပြောပြတာပါ။ကိုယ်မစားတဲ့အရာကိုလဲသူများကိုဂျင်းထည့်မရောင်းပါဘူး။ကိုယ်တိုင်စားတဲ့၊သုံးတဲ့ဖြည့်စွက်စာဆေးတွေကိုပဲသူများကိုရောင်းပါတယ်။ — အမေရိကန်နွားဆိုတာအရင်တုံးကသာယာတဲ့တောတန်းလေးနဲ့စမ်းချောင်းလေးနားမှာရှိနေတဲ့အစိမ်းရောင်မြက်ခင်းပြင်တွေမှာ၊ကျန်းကျန်းမာမာနဲ့နေရောင်အောက်မှာလွှတ်ကြောင်းထားရတဲ့မြက်စားသတ္တဝါတွေပါ။အခုတော့လောဘအလွန်ကြီးတဲ့အရင်းရှင်တွေဟာဒီနွားတွေကို့မြက်မကြွေးတော့ပါဘူး။အလွန်အန္တရာယ်ရှိတဲ့(GMO)တွေ၊သကြားဓါတ်တွေနဲ့၊တိရိစ္ဆာန်တွေကိုယ်ကထွက်တဲ့စွန့်ပြစ်ပစ္စည်းအသားပုတ်တွေကိုပဲနေ့စဉ်ကြွေးပါတော့တယ်။ဘာကြောင့်လဲဆိုတော့မြက်ထက်ပိုပြီးအကုန်အကျသက်သာလို့။ပိုမြတ်လို့ပါ။ဒါလဲအမှန်တရားပါပဲ။ — နေရောင်အောက်ကမြက်ခင်းစိမ်းတွေပေါ်မှာလွှတ်ကြောင်းထားတဲ့နွားတွေကတော့သဘာဝအားဖြင့်အလွန်ကျန်းမာပါတယ်။ဘာရောဂါမှမဖြစ်တတ်ကြပါဘူး။မြက်ခင်းစိမ်းကြီးနဲ့၊မိခင်သဘာဝကရတဲ့အဟာရတန်ဖိုးတွေနဲ့သဘာဝအနှစ်သာရတွေကြောင့်ဒီနွားတွေဟာအလွန်ကျန်းမာနေတော့ဟိုးရှေးရှေးတုံးကတည်းကဘာ(Antiobiotics)ဆေးတွေမှလဲထိုးစရာ၊တိုက်စရာမလိုအပ်ခဲ့ပါဘူး။ — ယခုအမေရိကန်အရင်းရှင်ကြီးတွေရဲ့(Commercial Cattle Feedlots)ကနွားတွေကြတော့နွားနဲ့သင့်မြတ်လှတဲ့မြက်စိမ်းတွေကိုလဲစားခွင့်မရှိ၊(GMO)တွေ(Sugar)တွေနဲ့စွန့်ပြစ်အသားပုတ်တွေကိုပဲစားရတော့၊ရောဂါဒဏ်မခံနိုင်တော့ပဲ၊ကူးစက်ရောဂါအမျိုးမျိုးတွေဖြစ်ကြတာပေါ့။ကူးစက်ရောဂါတွေအမျိုးမျိုးဖြစ်ကြတော့၊(Antiobiotics)ဆေးတွေနေ့တိုင်းလိုလိုထိုးပေးနေရတယ်။မကြာမကြာလဲကူးစက်ရောဂါတွေအမျိုးမျိုးဖြစ်ပြီးနေ့တိုင်းသေဆုံးနေကြရတယ်။ — အဲဒီသေသွားတဲ့နွားသားရေတွေကိုလဲနွားသားရေထုတ်စက်ရုံတွေကနွားပုတ်တွေကနေလာလာပြီးခွာယူအခြောက်ခံပြီးကုန်ထုတ်လုပ်ကြတယ်။ကျွန်တော်ဘယ်လိုလုပ်ပြီးနွားသားရေကလာတဲ့(Collagen)ကိုစားချင်၊သောက်ချင်စိတ်ရှိတော့မှာလဲ?။အမှန်ကိုပြောပြလိုက်ရင်တော့နည်းနည်းတော့ခါးသွားပါတယ်။ဒါပေမယ့်လူတွေအကျိုးအတွက်ကိုယ်သိတာကိုအမှန်အတိုင်းပြောရပြန်ပါတယ်။ — သဘာဝမြက်ခင်းပေါ်မှာကျောင်းထားတဲ့နွားကနို့လဲသိပ်မထွက်ဘူး။အသားတိုးနုန်းလဲနှေးတယ်။နွားမတစ်ကောင်ကနေတစ်ရက်ကိုနို့(၁)ဂါလံလောက်ရအောင်ညှစ်ထုတ်ဖို့မလွယ်ကူလှပါဘူး။အရင်းရှင်တွေလောဘက၊တစ်နေ့ကို(၅)ဂါလံ၊(၁၀)ဂါလံထက်ကိုပိုလိုချင်ကြတယ်။နို့စားနွားမဟုတ်ပဲ၊အသားစားနွားဆိုရင်လဲအသားကိုလဲမြန်မြန်တိုးပွားစေချင်ကြတယ်။ဒါမှနွားသတ်ရုံကိုရက်တိုတိုနဲ့ပို့၊အသားပေါ်လို့ရမှာမဟုတ်လား။ — ဒါကြောင့်နို့စားနွားမတွေနို့များများထွက်အောင်နဲ့အသားစားနွားတွေအသားတွေများများတိုးအောင်၊တိုးပွားဟော်မုန်းဆေးတွေနေ့တိုင်းတိုက်ကျွေးထိုးပေးကြတော့တာပေါ့။အဲဒီဟော်မုန်းဓါတ်ကြောင့်နို့တွေလဲပိုထွက်လာတယ်။အသားတွေလဲပိုတိုးတယ်။ဆဲလ်တွေကိုပုံမှန်မဟုတ်တဲ့နည်းနဲ့လောဘတကြီးအမြန်ပွားယူရတာဖြစ်လို့၊လူတွေစားမိရင်ကင်ဆာရောဂါတွေအကြီးအကျယ်ဖြစ်ပါတော့တယ်။ — ဒါပေမယ့်အရင်းရှင်တွေကဘယ်သူကင်ဆာဖြစ်ဖြစ်ဂရုမစိုက်ပါဘူး။ပိုတောင်ကြိုက်သေးတယ်။ဘာကြောင့်လဲဆိုတော့ပိုက်ဆံဈေးကြီးပေးရပြီး၊ရောဂါတကယ်မပျောက်တဲ့ကင်ဆာကုထုံးတွေနဲ့ကုသနေတဲ့ဆေးရုံတွေကိုလဲသူတို့တွေပဲပိုင်တာ၊သူတို့တွေပဲရှယ်ယာအများဆုံးထည့်ထားကြတာလေ။ဒီဖက်ကအသားရောင်း၊နို့ရောင်း၊နွားသားရေတွေရောင်းပြီးရင်၊လူတွေရောဂါတွေဖြစ်ပြီးရင်သူတို့ဆေးရုံတွေစီကိုရောက်၊သူတို့ဆေးရုံတွေစီကိုရောက်ကြတော့ဆေးကုခငွေတွေကိုအဆမတန်၊မတရားထပ်တောင်း။ရယ်စား၊ငိုစား၊နှစ်ခါတောင်စားရတယ်မဟုတ်ဘူးလား။ — …

(Collagen)နဲ့ပါတ်သက်သောမေးခွန်းများကိုဖြေဆိုခြင်း။ Read More »

D3+K2+Magnesium

Source from Kelvin A. Power’s Facebook on July 29, 2020 D3+K2+Magnesium. ပထမဦးဆုံး(D3+K2)ကိစ္စကိုအရင်ပြောချင်ပါတယ်။လူတွေတော်တော်များများသိချင်နေကြတဲ့မေးခွန်းနှစ်ခုက၊ — ၁။(D3)နဲ့(K2)တွဲပြီးမသောက်ရင်ဘယ်လိုအန္တရာယ်မျိုးတွေဖြစ်နိုင်သပါလဲ?။ ၂။(D3)နဲ့(K2)တွဲသောက်ရင်ကောဘယ်လောက်အကျိုးကျေးဇူးတွေပိုပြီးရရှိနိုင်မလဲ? ဒီနေ့အားလုံးရှင်းသွားအောင်အဲဒီမေးခွန်းနှစ်ခုကိုကျွန်တော်အမှန်အတိုင်းဖြေပေးပါမယ်။ — ပြဿနာကဒီလိုဗျ။လူတွေကကျွန်တော့်ကိုလာလာပြီးမေးနေကြတယ်။တချို့ဖြည့်စွတ်စာရောင်းနေကြတဲ့လူတွေဆီကနေ(D3)သွားဝယ်ရင်၊(D3)သောက်ပြီး(K2)မသောက်ဘူးဆိုရင်ဘာအန္တရာယ်ဖြစ်မယ်၊ညာအန္တရာယ်ဖြစ်မယ်ဆိုပြီးတော့ချိန်းခြောက်ပြီး(K2)ပါစပ်ပြီး၊ထည့်ရောင်းနေကြတယ်လို့လာပြောပြကြပါတယ်။ဖြည့်စွတ်စာရောင်းသူအားလုံးကိုတော့မဆိုလိုပါ။ရိုးရိုးသားသားရောင်းနေသူတွေအများကြီးရှိနေပါတယ်။ — တချို့ဖြည့်စွတ်စာရောင်းသူတွေကဘာပြောလဲဆိုတော့(D3)သက်သက်ကြီးသောက်ပြီး(K2)လုံးဝမသောက်ရင်သွေးကြောတွေထဲမှာထုံးဓါတ်ကယ်လစီယမ်တွေပိတ်ခဲပြီး၊သွေးကြောပိတ်နိုင်တယ်လို့ဆိုကြပြန်ပါတယ်။သူတို့ပြောချင်တာက၊(D3)ကြောင့်(Calcium)တွေကိုပိုပြီးစုတ်ယူမယ်ပေါ့။(K2)မသောက်ရင်(Calcium)တွေကအရိုးထဲကိုရောက်မသွားပဲအသားတွေ၊သွေးကြောတွေ၊နှလုံးကြွက်သားတွေထဲကိုရောက်သွားပြီးသွေးကြောတွေပိတ်နိုင်တာကိုမသိကြဘူးလား၊စာမဖတ်ကြဘူးလား၊ဘာညာနဲ့ဟောက်ကြသေးတယ်ဆိုပဲဗျ။ — ရှင်းရှင်းပြောရရင်၊(D3)ဆိုတာကဈေးအလွန်ပေါပြီး၊(K2)ဆိုတာကတော့ဈေးအလွန်ကြီးပါတယ်။ဈေးပေါတဲ့ပစ္စည်းကိုရောင်းတာနဲ့စာရင်ဈေးကြီးတဲ့ပစ္စည်းကိုစပ်ပြီးရောင်းလိုက်ရင်ပိုက်ဆံပိုရသလိုအမြတ်လဲပိုကျန်တယ်ဆိုတာကတော့လူတိုင်းသိပြီးသားပါ။(D3)ကို(K2)မပါပဲသောက်ရင်အလွန်အန္တရာယ်ရှိတယ်၊ဘာဖြစ်မယ်၊ညာဖြစ်မယ်လို့ဆိုပြီးပြောရောင်းတော့ငွေပိုရတာပေါ့ဗျာ။ဒါပေမယ့်(American Best)ကတော့အဲဒီလိုအလုပ်မျိုးဘယ်တော့မှမလုပ်ပါဘူး။ — (Kelvin)ထူထောင်ထားတဲ့(American Best)ဆိုတာ၊တစ်ပြားတချပ်မှမရောင်းရချင်နေပါစေ၊ဘယ်တော့မှမမှန်တာကိုပြောမရောင်းပါဘူး။မှန်တာကိုမှန်တဲ့အတိုင်းပဲပြောရမှာပေါ့ဗျာ။ဘာကြောင့်လဲဆိုတော့(American Best)ကဆေးတွေကိုဝယ်သုံးနေတဲ့လူတွေထဲမှာရောဂါဝေဒနာတွေတစ်ကယ်ခံစားနေလို့အမှန်တကယ်ကိုဆေးတွေလိုအပ်နေပေမယ့်ငွေကြေးမတတ်နိုင်တဲ့လူတန်းစားတွေအများကြီးပါနေကြပါတယ်။ဒီလိုလူတွေကိုစာနာထောက်ထားပြီးငဲ့ညာရပါမယ်။ဒါကြောင့်ဆေးရောင်းရတာ၊မရောင်းရတာကိုဂရုမစိုက်ပဲအမှန်ကိုပဲပြောချင်ပါတယ်။အမှန်ကိုပြောမှသာလူတိုင်းကျန်းမာလာမှာဖြစ်ပါတယ်။ — ဒါကြောင့်အထက်ပါမေးခွန်းနှစ်ကိုဖြေပေးရရင်၊ ၁။(D3)နဲ့(K2)တွဲပြီးမသောက်ရင်ဘယ်လိုမျိုးအန္တရာယ်တွေဖြစ်နိုင်သပါလဲ?။လို့မေးလာရင်(10,000IU)နဲ့အောက်(Micro Grams)ပမာဏလောက်လေးနဲ့တော့ဘာအန္တရာယ်မှမဖြစ်နိုင်ပါဘူးလို့ပဲအမှန်အတိုင်းဖြေချင်ပါတယ်။(Grams)ကိုရာနဲ့ချီပြီးသို့မဟုတ်၊သိန်းနဲ့ချီတဲ့(IU)နေ့စဉ်သောက်ရင်တော့အန္တရယ်ရှိနိုင်ပါတယ်။လူတိုင်းနားလည်အောင်ဥပမာအတိုလေးပေးရရင်၊(D3)တစ်ခုတည်းသောက်လို့အန္တရာယ်ဖြစ်ကြေး၊သွေးကြောတွေပိတ်ပြီးသေကြကြေးဆိုရင်၊နေပူထဲမှာအမြဲတန်းအလုပ်လုပ်နေရတဲ့လူတွေ၊ရွာကလယ်သမားတွေ၊ကောက်စိုက်သမတွေအကုန်လုံးသေကုန်မှာပေါ့၊နေရောင်ခြည်ကနေ(Vitamin D)တွေအမြောက်အများရနေတာပဲမဟုတ်လား။နေရောင်ခြည်မှာ(D3)နဲ့အတူ(K2)တွေတွဲပြီးပါမလာပါဘူး။ — ၂။(D3)နဲ့(K2)တွဲသောက်ရင်ကောဘယ်လောက်အကျိုးကျေးဇူးတွေပိုပြီးရရှိနိုင်မလဲ?ဆိုတဲ့၊ဒီဒုတိယမေးခွန်းကိုမဖြေခင်၊ပထမမေးခွန်းမှာကျွန်တော်ဆိုလိုတာက(K2)ပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေ၊(D3)သောက်လို့ရတယ်လို့ပြောချင်တာဖြစ်ပြီး၊(K2)သည်ဘာမှအသုံးမဝင်ဘူး၊အသုံးမကျဘူးလို့ပြောနေတာမဟုတ်ဘူးဆိုတာကိုတော့ကွဲကွဲပြားပြားနားလည်ထားစေချင်ပါတယ်။(K2)ကနေရနိုင်တဲ့ကောင်းကျိုးတွေအများကြီးရှိပါတယ်။ဒါကြောင့်ကိုယ်ကငွေကြေးတတ်နိုင်လို့(D3+K2)ကိုတွဲပြီးသောက်နိုင်မယ်ဆိုရင်တော့ပိုပြီးကောင်းတဲ့အကျိုးကျေးဇူးများစွာတွေကိုရရှိပါလိမ့်မယ်။ — ကြုံလို့ပြောရဦးမယ်။တချို့လူတွေကလာမေးကြပြန်တယ်။ဖြည့်စွတ်စာရောင်းသူတချို့တွေကပြောကြတယ်။(Glycine)သောက်လိုက်ရင်(NAC)မလိုအပ်တော့ဘူးလို့ပြောပြီး(Glycine)တွေစပ်ရောင်းနေကြပြန်တယ်တဲ့။ဒါလုံးဝမမှန်ပါဘူး။(Cysteine)သို့မဟုတ်(N-Acetylcysteine,NAC)ရဲ့လုပ်ငန်းဆောင်တာတွေမှာ(Glycine)နဲ့သွားပြီးအစားထိုးလို့တော့လုံးဝ(လုံးဝ)မရနိုင်ပါဘူး။ဒီနေရာမှာခန္ဓာကိုယ်မှာ(Glycine)အသုံးမဝင်ဘူးလို့ကျွန်တော်မဆိုလိုပါ၊သူ့နေရာနဲ့သူတော့အသုံးဝင်ပါတယ်။ — အဲဒီရောင်းသူတွေဟာ(Biochemistry)ကိုတစ်ကယ်နားမလည်တာလဲဖြစ်နိုင်သလို(Glycine)စပ်ရောင်းချင်လို့လဲလိမ်ညာပြောဆိုတာလဲဖြစ်နိုင်ပါတယ်။ဆေးရောင်းသူက(Biochemistry)နားမလည်ပဲမဟုတ်တာတွေပြောလိုက်တော့၊ရောဂါတစ်ကယ်ခံစားနေရတဲ့လူတွေဒုက္ခဖြစ်ကုန်ကြတာပေါ့ဗျာ။ကိုယ့်လုပ်ရပ်ကြောင့်သူတပါးထိခိုက်ပျက်စီးရတယ်ဆိုတာကိုကကောင်းတဲ့လုပ်ရပ်မဟုတ်ပါဘူး။ဖြည့်စွတ်စာတွေကိုရောင်းပေးနေတာကိုတော့ကျေးဇူးတင်ပါတယ်။ဒါပေမယ့်မဟုတ်တာတွေပြောပြီးသူတပါးဒုက္ခရောက်အောင်တော့မလုပ်ကြပါနဲ့ဗျာ။ — လိုရင်းကိုပြန်ဆက်ကြရအောင်ဗျာ။(D3)ဆိုတာဟာခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်လှပါတယ်။အထူးသဖြင့်ကပ်ရောဂါတွေဆိုက်နေတဲ့(COVID-19)လိုကာလမျိုးမှာလူတိုင်းတစ်ဦးချင်းစီမှာ(D3)တွေအများကြီးလိုအပ်နေပါတယ်။ဈေးကြီးတဲ့(K2)ကိုဝယ်ဖို့ငွေကြေးမတတ်နိုင်သူတွေဟာ၊မရှိမဖြစ်သေရေးရှင်ရေးလိုအပ်နေတဲ့(D3)ကိုပါသောက်လို့မရတော့ဘူးဆိုရင်၊(K2)မပါပဲ(D3)မသောက်သင့်ဘူးလို့ပြောတဲ့ဖြည့်စွတ်စာရောင်းသူတွေရဲ့စကားဟာ၊လူတွေကိုဒုက္ခရောက်စေနိုင်ပါတယ်။ — ဘာကြောင့်လဲဆိုတော့ခုခံအားစနစ်ဟာ(Vitamin D)မလုံလောက်ရင်ကောင်းကောင်းအလုပ်မလုပ်နိုင်လို့ပါပဲ။ဒီနေရာမှာ(K2)မကောင်းဘူးလို့ကျွန်တော်ပြောနေတာမဟုတ်ပါဘူး။ဆိုလိုချင်တာက(D3)စီကကောင်းကျိုးတွေရဖို့(K2)မရှိမဖြစ်ကြီးတော့မလိုအပ်ပါဘူး။ဒါပေမယ့်(K2)ပါနေရင်လဲအလကားတော့ဖြစ်မသွားပါဘူး။ကိုယ်ကငွေကြေးတတ်နိုင်ရင်(D3+K2)တွဲသောက်ပါ၊ပိုပြီးကောင်းမွန်တဲ့အကျိုးကျေးဇူးတွေရပါမယ်။(K2)မပါပဲ(D3)သောက်လို့အန္တရာယ်မဖြစ်တဲ့အပြင်ကူးစက်ရောဂါတွေကိုကာကွယ်နိုင်တဲ့အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ဒါကိုပြောချင်တာပါ။ — ဒီနေရာမှာ(D3)တို့(Calcium)တို့နဲ့ပါတ်သက်ပြီးလူအများစုတွေနားမလည်သေးတဲ့အချက်တွေအများကြီးရှိနေပါသေးတယ်။လူတွေက(Calcium)ဆိုတာအရိုးတွေထဲကိုပဲသွားရမယ်။အသားတွေ၊အကြောတွေထဲမှာရှိမနေသင့်ဘူးလို့အထင်မှားနေကြတယ်ဗျ။လက်တွေ့မှာအဲဒီလိုမဟုတ်ပါဘူး။(Biochemistry)ကိုနားလည်သူတွေအားလုံးသိကြပါတယ်။(Calcium)ဆိုတာအရိုးတွေထဲမှာတင်မကပဲကြွက်သားတွေ၊သွေးကြောတွေထဲမှာပါအလုံအလောက်ရှိနေဖို့လိုအပ်လှပါတယ်။ဘာကြောင့်လဲဆိုတော့ကြွက်သားတွေလှုပ်ရှားတဲ့နေရာမှာ(Calcium)ကညစ်အားအတွက်တာဝန်ယူရပြီး၊(Magnesium)ကပြန်လည်ပြေလျှော့ပေးဖို့တာဝန်ယူကြရပါတယ်။ — (Calcium)နဲ့(Magnesium)အကြားမှာမှန်ကန်စွာ(electron)တွေအပြောင်းအလဲလုပ်နေနိုင်မှသာလျှင်ကြွက်သားတွေလှုပ်ရှားနိုင်သလို၊နှလုံးလဲကောင်းမွန်စွာအလုပ်လုပ်နိုင်ပါလိမ့်မယ်။နှလုံးခုန်နိုင်အောင်နှလုံးကြွက်သားတွေကိုညစ်ပေးရတာက(Calcium)ပါ။ညစ်ထားတဲ့နှလုံးကြွက်သားတွေကိုပြန်လည်ပြီးဖြေလျှော့ပေးရတာကတော့(Magnesium)ပါ။အဲဒီဓတ်နှစ်မျိုးတက်ညီလက်ညီအလုပ်မလုပ်ဘူးဆိုရင်နှလုံးမခုန်နိုင်သလို၊အသက်လဲမရှင်နိုင်ပါဘူး။အဆုတ်တွေလဲအသက်ရူလို့မရနိုင်ပါဘူး။သွားလာလှုပ်ရှားလို့လဲမရနိုင်ပါဘူး။ — ဒါကြောင့်(Calcium)ဆိုတာအရိုးထဲမှာတင်မကပဲသွေးကြောတွေထဲမှာပါလိုအပ်နေပြန်ပါတယ်။အရိုးထဲမှာ(Calcium)ဓါတ်လျှော့သွားရင်အရိုးကျိုးနိုင်ပေမယ့်အသက်ချက်ချင်းမသေနိုင်ပါဘူး။သို့သော်နှလုံးကြွက်သားတွေထဲမှာ(Calcium)မလုံလောက်ရင်နှလုံးကောင်းကောင်းမခုန်နိုင်သလို၊သွေးထဲမှာ(Calcium)လျှော့နည်းသွားမယ်ဆိုရင်တော့သွေးရဲ့(pH)တန်ဖိုးကိုပုံမှန်မထိန်းသိမ်းနိုင်တော့ပဲ(အက်ဆစ်)ဖက်ရောက်သွားပြီးအသက်အန္တရာယ်အထိအောင်ဖြစ်နိုင်ပါတယ်။ — ဘာကြောင့်လဲဆိုတော့သွေးထဲမှာ(pH)တန်ဖိုးတိကျမှု့ဟာအလွန်အရေးကြီးပါတယ်။(pH) တန်ဖိုးဟာတိတိကျကျ(7.35 to 7.45)ကြားမှရှိနေမှသာကျန်းမာနိုင်ပါတယ်။အလွယ်မှတ်ရရင်(7.40)ရဲ့အထက်နဲ့အောက်( +0.05,-0.05)လောက်ပဲအမှားခံပါတယ်။မတော်တဆ၊သွေးထဲမှာရှိနေတဲ့(pH)တန်ဖိုးထိုးကျပြီး(Acid)ဖြစ်သွားရင်အသက်အန္တရယ်တောင်ရှိနိုင်ပါတယ်။ဒါပေမယ့်ဒီလိုကိစ္စမျိုးကဖြစ်ခဲပါတယ်။ဘာကြောင့်လဲဆိုတော့သွေးထဲမှာ(pH)တန်ဖိုးတည်ငြိမ်နေအောင်ထိန်းချုပ်ပေးတဲ့တာဝန်ကို(Calcium)ကအဓိကလုပ်ဆောင်ပေးနေလို့ပါပဲ။ …

D3+K2+Magnesium Read More »

(ကင်ဆာ)ရောဂါနှင့်ပါတ်သက်ပြီးအထူးသတိပေးချင်တာပါ။

Source from Kelvin A. Power’s Facebook on July 25, 2020 မအားလို့စာမရေးဖြစ်တာတောင်အတော်ကြာပြီ။အလုပ်မအားတာရယ်။ကုမ္မဏီကိစ္စနဲ့ပါတ်သက်ပြီးအစိုးရကိုအခွန်ဆောင်ရတဲ့(Tax)ကိစ္စနဲ့လဲအလုပ်ရှုပ်နေပြန်တယ်။ဒါတောင်(Tax)ကိစ္စကအားလုံးမပြီးပြတ်သေးလို့(Extension)ယူထားရသေးတယ်။ — အခုရေးချင်တာလေးကတော့(ကင်ဆာ)ရောဂါနှင့်ပါတ်သက်ပြီးအထူးသတိပေးချင်တာပါ။ကင်ဆာရောဂါဆိုတာမဖြစ်ခင်မှာ၊မဖြစ်အောင်နေထိုင်ဂရုစိုက်ကြဖို့တော့အထူးလိုအပ်နေပါတယ်။ခေတ်သစ်ကင်ဆာကုထုံးတွေကတော့(ဓါးခုတ်၊မီးကင်၊အဆိပ်ကြွေး)ဆိုတဲ့မအောင်မြင်တဲ့ခပ်ညံ့ညံ့ကုထုံးတွေကိုပဲအဓိကထားသုံးစွဲနေတာဆိုတော့၊သိပ်ပြီးအားကိုးမထားကြပါနှင့်။ရောဂါကြောင့်မသေပဲ၊အဲဒီအန္တရာယ်များလှတဲ့ကုထုံးသုံးမျိုးနဲ့သေကြရတဲ့လူတွေကပိုပြီးများနေပါတယ်။ — (၁)ဓါးခုတ်တယ်ဆိုတာကခွဲစိတ်၊ဖြတ်တောက်ပြစ်တာကိုဆိုလိုတာပါ။(၂)မီးကင်တယ်ဆိုတာကတော့အန္တရာယ်များလှတဲ့ဓါတ်ရောင်ခြည်ကင်တာကိုပြောချင်တာပါ။(၃)အဆိပ်ကြွေးတယ်ဆိုတာကတော့ကင်ဆာဆဲလ်လား၊ခန္ဓာကိုယ်မှာအလုပ်လုပ်နေတဲ့ဆဲလ်အကောင်းတွေလားဆိုတာခွဲခြားပြီးမသိတတ်တဲ့ကီမို(အဆိပ်)ပေးကုတာကိုဆိုလိုတာပါပဲ။ — အမေရိကန်လိုနိုင်ငံကြီးတွေမှာတောင်ဒီမအောင်မြင်တဲ့(ဓါးခုတ်၊မီးကင်၊အဆိပ်ကြွေး)ဆိုတဲ့ကုထုံးတွေကိုပဲအဓိကထားကုနေကြတာပါပဲ။တစ်ကယ်တော့ရောဂါပျောက်လို့မဟုတ်ပါဘူး။ပိုက်ဆံအလွန်ရလို့ပါ။အရင်းရှင်နိုင်ငံတွေဆိုတော့ပိုဆိုးတာပေါ့၊(ဓါးခုတ်၊မီးကင်၊အဆိပ်ကြွေး)ဆိုတဲ့ကုထုံးတွေမှာဒေါ်လာဘီလျှံနဲ့ချီရင်းနှီးမြုတ်နှံထားကြတော့၊လူနာတွေရောဂါပျောက်တာမပျောက်တာထက်ဆေးကုမ္မဏီကြီးတွေ၊ဆေးရုံဆေးခန်းကြီးတွေကြီးပွားချမ်းသာဖို့ကိုပဲအဓိကထားကုကြတယ်လေ။ — (USA)လိုနိုင်ငံကြီးမှာတောင်ကင်ဆာဆိုတဲ့ရောဂါဖြစ်လာရင်ကုလို့မပျောက်နိုင်တဲ့အပြင်၊ကိုယ်လဲအသက်သေရဦးမယ်။မသေခင်လဲမွဲဦးမယ်။ကိုယ်သေပြီးရင်လဲကျန်တဲ့မိသားစုကကိုယ့်ကြောင့်ကျန်ခဲ့တဲ့အကြွေးတွေကိုဆက်ပြီးပေးဆပ်ကြရဦးမယ်ဆိုတော့အလွန်ကိုကြောက်စရာကောင်းပါတယ်။ — ကင်ဆာကိုမကြောက်ပါဘူး။လက်ရှိဆေးပညာရဲ့ကင်ဆာကုထုံးတွေနဲ့အရင်းရှင်ကြီးတွေရဲ့လောဘတရားကပိုပြီးကြောက်စရာကောင်းပါတယ်။ဒါကြောင့်အရှင်းရှင်ဆေးပညာကြီးစိုးနေတဲ့ဒီခေတ်ကြီးထဲမှာဘယ်နိုင်ငံမှာပဲနေနေ၊မိမိရော၊မိမိရဲ့မိသားစုဝင်တွေပါ(ကင်ဆာ)ဆိုတဲ့ရောဂါဆိုးကြီးနဲ့ကင်းဝေးအောင်နေထိုင်တတ်ဖို့လိုအပ်နေပါတယ်။ — တလောကကြုံတွေ့လိုက်ရတဲ့အမေရိကန်ရောက်မြန်မာအမျိုးသမီးတစ်ယောက်ရဲ့စိတ်မကောင်းစရာအဖြစ်အပျက်လေးတစ်ခုကိုပြောပြချင်ပါတယ်။အမေရိကန်နိုင်ငံမှာ(ကင်ဆာရောဂါ)ရယ်လို့ဖြစ်လာရင်လူနာခဗျာမှာရွေးချယ်ပိုင်ခွင့်မှမရှိတော့တာ၊သူတို့ပြုသမျှနုရတော့တာပေါ့။အလွန်ကုန်ကျစရိတ်များတဲ့(ဓါးခုတ်၊မီးကင်၊အဆိပ်ကြွေး)ဆိုတဲ့ကုထုံးတွေနဲ့တွေ့ရတော့တာပါပဲ။ — တလောက(USA)မှာနေတဲ့၊(ချင်း)လူမျိုး၊မြန်မာအမျိုးသမီးတစ်ယောက်၊ရင်သားကင်ဆာအဆင့်(၃)နဲ့၊ကီမိုကုထုံးရဲ့ဘေးထွက်ဆိုးကျိုးဒဏ်ကြောင့်အသက်ဆုံးရံှုးသွားခဲ့ရရှာပါတယ်။အဲဒီသတင်းကြားရတော့ကျွန်တော်အတော်လေးကိုစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။အဖြစ်အပျက်ကဒီလိုဗျ။ — ကျွန်တော့်ဆီကဖြည့်စွတ်စာဆေးတွေပုံမှန်ဝယ်သောက်နေတဲ့တစ်ခြား(ချင်း)လူမျိုး၊မြန်မာအမျိုးသမီးတစ်ယောက်၊ရင်သားကင်ဆာအဆင့်(၄)နဲ့၊နောက်ထပ်တစ်ယောက်ရှိနေပါတယ်။သူကကင်ဆာအဆင့်(၄)ဆိုတော့၊အဆင့်အားဖြင့်တော့ပို့မြင့်နေပေမယ့်၊ဖြည့်စွက်စာတွေကိုအစောကြီးကတည်းက(ကျွန်တော်ပေးတဲ့ဆေးညွန်းအတိုင်းတိတိကျကျ)ကြိုတင်သုံးစွဲနေတော့ကံအားလျှော်စွာအခြေအနေတွေကောင်းပြီးကျန်းမာရေးတိုးတက်လာပါတယ်။ကီမိုတွေအကြိမ်ပေါင်းများစွာပေးရပေမယ့်၊ဖြည့်စွက်စာတွေသောက်သုံးနေတော့ဆိုးကျိုးထိခိုက်မှု့တွေဘာမှမရှိပဲကျန်းကျန်းမာမာရှိနေပါတယ်။ — ဖြည့်စွက်စာသောက်သုံးနေတဲ့ရင်သားကင်ဆာအဆင့်(၄)ဖြစ်ပေမယ့်၊ကျန်းမာနေတဲ့အမျိုးသမီးဟာ၊ဖြည့်စွက်စာတွေကြောင့်သူ့ရောဂါသက်သာလာတဲ့အကြောင်း၊ကီမိုရဲ့ဘေးထွက်ဆိုးကျိုးဒဏ်တွေကိုလဲမခံစားရတော့တဲ့အကြောင်းကိုသူ့ရဲ့အသိမိတ်ဆွေဖြစ်တဲ့ရင်သားကင်ဆာအဆင့်(၃)အမျိုးသမီးကိုပြန်ပြောပြပြီး၊သတင်းကောင်းတွေ၊နည်းလမ်းကောင်းတွေမျှဝေပေးခဲ့ပါတယ်။ — ဒါကြောင့်၊ကင်ဆာအဆင့်(၃)အမျိုးသမီးဟာလဲကျွန်တော်တို့ဆီကဖြည့်စွက်စာဆေးတွေကိုသုံးစွဲချင်လို့စတင်ပြီးမှာယူလာပါတော့တယ်။ဒါပေမယ့်ကံဆိုးချင်တော့ဖြည့်စွက်စာတွေကိုသေချာစွာသုံးစွဲခွင့်မရလိုက်ရှာပါဘူး။ဖြည့်စွက်စာတွေသူ့ဆီရောက်သွားပြီးချိန်မှာ၊နောက်ဆုံးကီမိုဒဏ်ကြောင့်၊ပါးစပ်နဲ့အစာလမ်းကြောင်းတွေမှာအနာတွေအကြီးအကျယ်ဖြစ်နေပြီးဖြည့်စွက်စာတိုက်လို့မဝင်နိုင်တော့တဲ့အခြေအနေမျိုးရောက်နေရှာပါတော့တယ်။ — တစ်ကယ်တော့(ကီမို)ဒဏ်ကြောင့်၊သူ့ခန္ဓာကိုယ်ရဲ့ခုခံမှု့စနစ်ဟာ၊လုံးဝကိုပျက်စီးဆုံးရှုံးသွားရရှာတယ်။ခုခံအားစနစ်ပျက်စီးဆုံးရှုံးသွားတော့ဝင်လာတဲ့ရောဂါပိုးတွေကိုဘယ်လိုကာကွယ်နိုင်တော့မှာလဲ၊(Infection)ဝင်လာတာကြောင့်ပါးစပ်၊လည်ပြွန်နဲ့အစာလမ်းကြောင်းတွေမှာအနာတွေအကြီးအကျယ်ဖြစ်တော့တာပေါ့၊ဖြည့်စွက်စာဆေးတိုက်လို့လဲဘယ်ဝင်နိုင်တော့မှာလဲ။အဲဒီအချိန်မှာပိုးဝင်ပြီးအဆုတ်ရောင်ရောဂါ(Pneumonia)ရပါလေရော။ — ကံဆိုးတာကသူ့ကိုဆေးရုံတင်လိုက်ပေမယ့်(COVID-19)ကာလလဲဖြစ်နေပြန်တော့၊ကီမိုဒဏ်ကြောင့်(Pneumonia )ရလိုက်တာကို၊ဆေးရုံကမသိလိုက်ဘူး။ဆေးရုံကသေသေချာချာ၊တိတိကျကျသိရင်(Antibiotics)တွေနဲ့ကုရင်ရနိုင်ပါသေးတယ်။ဒါပေမယ့်၊အမေရိကန်ကအရင်းရှင်ဆေးရုံတွေပီပီ၊ပေါ့ပေါ့ဆဆတွက်ပြီးတော့(COVID19)လူနာထင်ပြီး၊ပိုးသတ်ဆေးသုံးမကုပဲနဲ့ပြစ်ထားလိုက်ကြတယ်။ဒါကြောင့်တလောကပဲအဲဒီအမျိဲးသမီးဆုံးသွားရရှာတယ်ဗျာ။ — ကျွန်တော်အဲဒီသတင်းကြားလိုက်ရတော့အရမ်းကိုစိတ်မကောင်းစွာခံစားရပါတယ်။သူ့ခဗျာဖြည့်စွက်စာဆေးတွေစသောက်ဖို့သိလိုက်တဲ့အချိန်ဟာအနည်းငယ်နောက်ကျသွားခဲ့ရှာပြီမဟုတ်ပါလား။သူ့အတွက်အသိမှန်လေးတစ်ခုရလိုက်ပေမယ့်၊နဲနဲလေးနောက်ကျသွားတယ်ဗျာ။တစ်ကယ်လို့တာလွန်ခဲ့တဲ့(၆)လလောက်ကတည်းကဒီဖြည့်စွက်စာတွေရဲ့အကျိုးကျေးဇူးတွေကိုကြိုတင်ပြီးသိခဲ့မယ်ဆိုရင်ဒီလိုအဖြစ်ဆိုးမျိုးကြုံရမှာမဟုတ်ပါဘူး။ဒါကြောင့်ကျွန်တော့်အနေနဲ့သူ့ကိုအချိန်မှီမကယ်တင်လိုက်နိုင်တာကိုအရမ်းစိတ်မကောင်းဖြစ်မိရတာပါ။ — ဒါကြောင့်ကျွန်တော်ပြောချင်တာက၊လူတိုင်းမိမိတို့မှာ(ကင်ဆာရောဂါအမျိုးမျိုး)တွေမဖြစ်ရအောင်နေထိုင်စားသောက်ကြပါ။ကင်ဆာရောဂါဖြစ်နေတဲ့လူတွေလဲယခု(COVID-19)ကာလမှာကီမိုယူသင့်မယူသင့်ဆိုတာသေချာစဉ်းစားချင့်ချိန်စေချင်ပါတယ်။ကီမိုပေးတယ်ဆိုတာကင်ဆာဆဲလ်တွေသေမသေတော့၊မသေချာပါဘူး။ဒါပေမယ့်သေချာတာတစ်ခုကတော့မိမိတို့ရဲ့ခုခံအားစနစ်(Immune System Cells)တွေကတော့အကုန်လုံးနီးပါးသေကြေပျက်စီးကုန်ကြတာပါပဲ။ — တစ်ကယ်တော့ကီမိုဆိုတာအလွန်ပွားများမြန်ဆန်တဲ့ဆဲလ်တွေကိုသတ်ပြစ်တာပါ။အဲဒီလိုပွားများမြန်တယ်ဆိုတာကင်ဆာဆဲလ်တွေတင်မကပဲခန္ဓာကိုယ်ရဲ့ဆဲလ်အကောင်းတွေလဲပါဝင်နေကြပါတယ်။ခုခံမှု့ဆဲလ်တွေကတော့အဓိကပါဝင်နေပြန်ပါတယ်။ကီမိုမှာကင်ဆာဆဲလ်တွေလား၊ကောင်းနေတဲ့ဆဲလ်တွေလားဆိုတာကိုခွဲခြားသိတတ်တဲ့အသိဉာဏ်မရှိပါဘူး။ဒါကြောင့်ကီမိုဆိုတာက(ပွားများမြန်တဲ့ခုခံမှု့စနစ်ရဲ့ဆဲလ်)တွေကိုအဓိကထားပြီးသတ်ပြစ်လိုက်တဲ့အလွန်ဆိုးဝါးတဲ့ကုထုံးတစ်ခုပါပဲ။ — ဒါကြောင့်ကီမိုပေးရင်ခုခံမှု့စနစ်ဟာအရင်ဆုံးပျက်စီးသွားနိုင်ပါတယ်။(COVID-19)လိုကပ်ဆိုးကြီးဆိုက်နေတဲ့အချိန်ကာလမှာခုခံမှု့စနစ်ပျက်စီးသွားတာဟာအလွန်အန္တရာယ်ကြီးပါတယ်။ဒါကြောင့်ဒီလိုအချိန်မှာကီမိုသွင်းတာကိုကျွန်တော့်အနေနဲ့အားမပေးပါဘူး။ဒါပေမယ့်ကိုယ်တိုင်ဆုံးဖြတ်ရမယ့်ကိစ္စပါ၊အတင်းအကြပ်မတိုက်တွန်းပါဘူး။ — လောလောဆယ်မှာကျွန်တော်တို့ဆီက(Super Antioxidant)ဖြည့်စွက်စာဆေးတွေကိုသောက်သုံးနေကြတဲ့လူတွေထဲမှာလဲကင်ဆာသမားတွေအများကြီးပါဝင်နေကြပါတယ်။ကံကောင်းတာတစ်ခုကအားလုံးလိုလိုမှာဒီဆေးကြောင့်ကောင်းမွန်တိုးတက်လာတဲ့လက္ခဏာတွေတော်တော်များများတွေ့နေရတာပါပဲ။ဒါဟာအလွန်ကောင်းမွန်တဲ့အလားအလာတစ်ခုပါ။(American Best)အနေနဲ့၊ဒီဆေးကိုစတင်ထုတ်လုပ်လိုက်တာဟာကင်ဆာရောဂါကိုမဖြစ်အောင်ကာကွယ်ပေးရုံတင်မကပဲ၊လက်ရှိကင်ဆာအဆင့်(၁)ကနေ၊အဆင့်(၄)အထိရောဂါသယ်တွေအတော်များများအတွက်ကောင်းမွန်တဲ့တိုးတက်မှု့ကောင်းကျိုးတွေကိုတွေ့နေရတာဟာအလွန်ဝမ်းသာဂုဏ်ယူစရာကောင်းတဲ့ရလဒ်တစ်ခုပါပဲ။ — တစ်ချို့ဆိုရင်ကင်ဆာရောဂါရဲ့လကဏ္ခာဖြစ်တဲ့သွေးစစ်ချက်မှာပြတဲ့(CA 125 level) ဟာ၊ဆေးသောက်ပြီးလအနည်းငယ်အတွင်းမှာတင်ထက်ချိုးလောက်ကျဆင်းသွားတာဟာအလွန်အံ့သြစရာကောင်းတဲ့ဆေးရဲ့အစွမ်းသတ္တိရလဒ်ထူးပါပဲ။ဒါပေမယ့်(Super …

(ကင်ဆာ)ရောဂါနှင့်ပါတ်သက်ပြီးအထူးသတိပေးချင်တာပါ။ Read More »

လေဖြတ်ပြီးသတိလစ်နေသူကိုဖြည့်စွက်စာဘာတိုက်သင့်ပါသလဲ?။

Source from Kelvin A. Power’s Facebook on June 22, 2020 လေဖြတ်ပြီးသတိလစ်နေသူကိုဖြည့်စွက်စာဘာတိုက်သင့်ပါသလဲ?။ — ခက်တော့ခက်နေပါပြီ။ဒီကိစ္စကလဲနောက်စရာကိစ္စမဟုတ်တော့ကျွန်တော့်ကိုလာနောက်နေတာတော့မဟုတ်လောက်ပါဘူး။အားကိုးတကြီးနဲ့လာမေးတယ်လို့ပဲကျွန်တော်ယူဆမိပါတယ်။ဒါပေမယ့်အားလုံးကိုပြောချင်တာတစ်ခုကဖြည့်စွက်စာဆိုတဲ့သဘောတရားကိုနားလည်ဖို့တော့လိုအပ်နေပါပြီ။ — အမှန်တစ်ကယ်တော့ဖြည့်စွက်စာဆိုတာရောဂါမဖြစ်ခင်မှာမဖြစ်လာအောင်ကာကွယ်နိုင်ဖို့ကြိုတင်ပြီးစားသုံးထားရတဲ့၊ခန္ဓာကိုယ်အမြဲရောဂါကင်းပြီးကျန်းမာနေအောင်ဖြည့်ဆည်းပေးထားရတဲ့သဘာဝကရတဲ့အစာအဟာရတွေပါပဲ။ ရေရှည်ကျန်းမာရေးနှင့်ရောဂါကာကာကွယ်ရေးသက်သက်ပါ။အရေးပေါ်အခြေအနေတစ်ခုမှာရောဂါအသဲအသန်ဖြစ်လာတော့မှကုသဖို့အတွက်အရေးပေါ်ဆေးတွေမဟုတ်ပါဘူး။ဒါကိုလူတိုင်းနားလည်စေချင်ပါတယ်။ — ရောဂါဆိုတာမဖြစ်ခင်မှာ၊မဖြစ်အောင်ကြိုတင်ကာကွယ်နိုင်ရင်တော့အကောင်းဆုံးပါပဲ။ရောဂါတစ်ခုဖြစ်ပြီဆိုကတည်းကကုလို့ပျောက်သည်ဖြစ်စေ၊မပျောက်သည်ဖြစ်စေ၊နှစ်ခုလုံးအရံှုးတွေပါပဲ။တစ်ခုမှအမြတ်မရှိသလိုအရင်းလဲပြန်မရပါဘူး။ရောဂါမဖြစ်တာကသာလျှင်အရင်းဖြစ်ပါတယ်။။တချို့နာတာရှည်ရောဂါသယ်တွေဟာဖြည့်စွတ်စာသောက်လို့ကောင်းမွန်သက်သာလာတာတွေတော့ရှိပါတယ်။မရှိဘူးလို့တော့မပြောပါဘူး။ဒါပေမယ့်အစောကြီးကတည်းကနားလည်ပြီးအချိန်ပေးပြီးကြိုတင်ကာကွယ်သုံးစွဲတတ်ဖို့တော့လိုအပ်ပါတယ်။ — လေဖြတ်ပြီးသတိလစ်နေသူကိုဖြည့်စွက်စာဘာတိုက်သင့်ပါသလဲ?။လို့မေးလာရင်တော့အဖြေကရှင်းရှင်းလေးပါ။လေဖြတ်ပြီးသတိလစ်နေသူကိုတော့ဘာဖြည့်စွက်စာမှမတိုက်ပဲနဲ့ဆေးရုံအရေးပေါ်လူနာဌာနကိုအမြန်ဆုံးပို့ဖို့ပဲလိုအပ်ပါတယ်။ဒါဟာအချိန်ဆွဲလို့မရပါဘူး။အသက်အန္တရာယ်ရှိနေပါပြီ။ဒီအချိန်ကြမှတော့ဘာဖြည့်စွက်စာနဲ့မှထိုင်ကုလို့မရနိုင်ပါဘူး။ — အားလုံးကိုပြောချင်တာကလေမဖြတ်အောင်ကြိုတင်ပြီးကာကွယ်ကြပါ။ကြိုတင်ပြီးဖြည့်စွက်စာတွေသောက်ပြီးကျိုးစားထားပါ။လေဖြတ်တာကိုကြိုတင်ပြီးကာကွယ်ပေးနိုင်တဲ့ဖြည့်စွက်စာတွေကိုအစောကြီးကတည်းကကြိုသောက်ကြပါ။လေဖြတ်ပြီးသတိလစ်ပြီဆိုရင်တော့ဆေးရုံအရေးပေါ်ဌာနကိုချက်ချင်းသွားပါ။ — လေဖြတ်တယ်ဆိုတာကလဲအကြောင်းကြာင့်အကျိုးဖြစ်ရတာပါ။လေဖြတ်ဖို့ကအကြောင်းအကျိုးတွေချက်ခြင်းဖြစ်လာတာမဟုတ်ပါဘူး။အနှစ်နှစ်၊အလလကြာပြီးမှတဖြေးဖြေးနဲ့ဖြစ်လာရတာပါ။ပထမဆုံးအနေနဲ့ခန္ဓာကိုယ်ထဲမှာစားထားတဲ့(Omega6)အဆီဆိုးတွေကအောက်ဆီဂျင်နဲ့ဓါတ်ပြုပျက်စီးပြီး(Lipid peroxidation)ဖြစ်ရပါတယ်။အဲဒီလိုဖြစ်ပြီးရင်သွေးကြောတွေထဲမှာရော၊သွေးကြောအတွင်းနံရံတွေမှာရော၊အဆီတွေ၊ပရိုတိန်းတွေ၊ဆဲလ်တွေမှာရော(Oxidative Damaged)တွေဖြစ်လာရပါတယ်။အဲဒီကနေ(Inflammation)ဖြစ်ရပါတယ်။အဲဒီအခြေအနေမှာသွေးကခဲပြီးပြစ်လာပါတော့တယ်။နောက်ပြီးတော့မှ၊တချိန်ချိန်မှာလေဖြတ်တတ်ပါတယ်။ — လေဖြတ်တယ်ဆိုတာဟာအသက်အရွယ်နဲ့လဲသက်ဆိုင်နေသလို၊နှလုံးကြီးတာ၊နှလုံးကြွက်သားထူတာ၊နှလုံးရောဂါရှိတာ၊နှလုံးခုန်မမှန်တာ၊သွေးတိုးရောဂါရှိတာ၊ဆီးချိုရောဂါရှိတာတွေနဲ့လဲသက်ဆိုင်နေပါတယ်။ — ဒီနာတာရှည်ရောဂါဆိုးတွေမဖြစ်အောင်ကြိုတင်ကာကွယ်တဲ့အနေနဲ့အစောကြီးကတည်းကဖြည့်စွက်စာတွေကိုစားသုံးသင့်ပါတယ်။ဥပမာပြောရရင်(Super Antioxidant, Omega3 Fish Oil, NAC Plus, Vitamin E, Vitamin C, Bio Zinc C, Curcumin,Liver Master, Curcumonoid)စသည်တို့ကလေဖြတ်ခြင်းအပါအဝင်လေဖြတ်မှု့ကိုဖြစ်ပေါ်စေတဲ့အခြေခံရောဂါတွေကနေကာကွယ်ပေးပါတယ်။ဒါတွေအစောကြီးကတည်းကကြိုသုံးနေရင်လေဖြတ်ဖို့အလွန်ခဲယဉ်းပါတယ်။ — လေဖြတ်တယ်ဆိုတာသွေးပြစ်တာလဲအဓိကအကြောင်းဖြစ်ပါတယ်။ပြစ်တဲ့သွေးဟာပိုပြီးခဲဖို့လွယ်ကူပြီးဦးနှောက်သွေးကြောထဲမှာခဲပြီးပိတ်သွားတတ်ပါတယ်။ဒါကြောင့်မို့(Super Antioxidant, Omega3 Fish Oil, NAC Plus, Bio …

လေဖြတ်ပြီးသတိလစ်နေသူကိုဖြည့်စွက်စာဘာတိုက်သင့်ပါသလဲ?။ Read More »

(Vitamin C)နှင့်ပါတ်သက်သောမေးခွန်းများ။

Source from Kelvin A. Power’s Facebook on June 1, 2020 –မေးခွန်း(၁)။(Vitamin C)သောက်ရင်ဘယ်အမျိုးအစားသောက်သင့်ပါသလဲ?။(Acid)လား?။(Non-Acid)လား?။ဘာကြောင့်ပါလဲ။? – ဒီနေရာမှာပြောချင်တာကကျွန်တော်တို့(Functional medicine)သမားတွေဆိုတာအရင်းရှင်၊ဆေးကုမ္မဏီကြီးတွေရဲ့လမ်းညွန်ချက်တွေမှာလမ်းဆုံးမသွားပဲ၊မိခင်သဘာဝတရားကိုပိုပြီးအလေးထားဖို့လိုအပ်ပါတယ်။ – ကျွန်တော်တို့မှာအစစအရာရာတိုင်းကိုဆုံးဖြတ်ဖို့အခြေခံအားဖြင့်မူနှစ်ခုရှိပါတယ်။ နံပါတ်(၁)ကတော့မိခင်သဘာဝကပေးတဲ့သဘောတရားတွေနဲ့ကိုက်ညီမှု့ရှိမရှိ။ နံပါတ်(၂)ကတော့ခိုင်မာပြီးစိတ်ချရတဲ့သုတေသနအထောက်အထားတွေရှိမရှိ။ ဆိုတဲ့နှစ်ချက်ကိုအဓိကထားစဉ်းစားရပါမယ်။ – (Vitamin C)သောက်ရင်ဘယ်လိုအမျိုးအစားသောက်သင့်ပါသလဲလို့မေးလာရင်၊(Vitamin C)ကိုမိခင်သဘာဝအားဖြင့်ဘယ်လိုအမျိုးအစားတွေအဖြစ်၊ဘယ်လိုအခြေအနေတွေအဖြစ်အများဆုံးတွေ့ရပါသလဲဆိုတာကိုအဓိကထားလေ့လာကြဖို့လိုအပ်ပါတယ်။ – (Vitamin C)ဆိုတာဟင်းသီးဟင်းရွက်၊သစ်သီးသစ်ဥ၊အသီးအနှံတွေတော်တော်များများတွေမှာအများဆုံးပါဝင်ကြပါတယ်။ဒါပေမဲ့အချဉ်ဓါတ်အရသာများတဲ့(citrus fruits)အုပ်စုအသီးတွေဖြစ်တဲ့၊သံပရာသီး၊သံပုယိုသီး၊ရှောက်သီး၊လိမ္မော်သီးတို့အုပ်စုမှာပိုပြီးအမြောက်အများပါဝင်နေပါတယ်။ – ဒီနေရာမှာထူးခြားတဲ့အချက်နှစ်ချက်က – နံပါတ်(၁)(Vitamin C)ကိုမိခင်သဘာဝမှာ(Ascorbic Acid)အဖြစ်သာအများဆုံးတွေ့ရှိရတဲ့အတွက်(Ascorbic Acid)ဟာမိခင်သဘာဝကပေးတဲ့(Vitamin C)အမျိုးအစားဖြစ်ပါတယ်။ – နံပါတ်(၂)ပိုပြီးထူးခြားတဲ့အချက်က၊များသောအားဖြင့်၊မိခင်သဘာဝမှာ(Vitamin C)တစ်ခုတည်းသီးသန့်မတွေ့ရှိရပဲ၊(Bioflavonoids)တွေတစ်မျိုးမျိုးနဲ့အမြဲတွဲတွဲပြီး၊ပေါင်းစည်းပြီးတွေ့ရှိရတတ်ပါတယ်။ဒီအချက်ကတော့အထူးသတိထားရမယ့်အချက်ပါ။ – (Vitamin C)တစ်ခုတည်းကို(Bioflavonoids)မပါပဲသောက်ရင်မိခင်သဘာဝတရားနဲ့မကိုက်ညီလို့ရေရှည်မှာအကျိုးအပြစ်ဘာဖြစ်မယ်ဆိုတာဘယ်သူမှတိတိကျကျမပြောနိုင်ပါဘူး။သို့သော်(Bioflavonoids)နှင့်တွဲသောက်မယ်ဆိုရင်တော့မိခင်သဘာဝတရားနဲ့ကိုက်ညီမျှတနေလို့ဆိုးကျိုးတွေမရှိနိုင်ဘူးဆိုတဲ့အချက်ဟာအလွန်ရှင်းလင်းပြတ်သားပါတယ်။ ———————————————— မေးခွန်း(၂)။(Vitamin C)ကိုရေရှည်သောက်ရင်ကျောက်ကပ်ကျောက်တည်ပျက်စီးနိုင်သလား။အစာအိမ်ပျက်စီးနိုင်သလား။အန္တရာယ်ရှိနိုင်သလား။? – တချိ့ုက(Vitamin C)ကိုကျောက်ကပ်ကျောက်တည်ပျက်စီးနိုင်တယ်လို့ို့ို့ယုံကြည်နေကြပါတယ်။ – ဒါဆိုရင် ကျွန်တော်ကလူတစ်ယောက်ကိုသံပုရာရည်စစ်စစ်၊သကြားမပါပဲ၊တစ်နေ့ကိုလေးငါးခွက်လောက်နေ့တိုင်းဖျော်သောက်ခိုင်းမယ်ဆိုရင်။အဲဒီလူရောဂါတွေဖြစ်ပြီးကျောက်ကပ်မှာကျောက်တည်ပျက်စီးနိုင်မလား။ဒါမှမဟုတ်ရောဂါတွေကင်းလာပြီးတည်နေတဲ့ကျောက်တွေကြေပြီးရှင်းလင်းသွားမလားလို့ခင်ဗျားတို့ကိုပြန်မေးချင်ပါတယ်။ – ဒီမေးခွန်းကခလေးတွေတောင်မှန်အောင်ဖြေနိုင်ပါတယ်။တစ်ကယ်တော့သံပုရာရည်တစ်နေ့ကိုလေးငါးခွက်လောက်နေ့တိုင်းဖျော်သောက်တဲ့လူဟာကျောက်ကပ်ကျောက်မတည်ပါဘူး၊ရေရှည်မှာတည်နေတဲ့ကျောက်တွေတောင်ကျေစေနိုင်တဲ့အပြင်တခြားရောဂါတွေအားလုံးလဲပျောက်ကင်းကောင်းပျောက်ကင်းသွားစေနိုင်ပါတယ်၊ဘာကြောင့်လဲဆိုတော့သဘာဝအတိုင်းသံပုရာသီးမှာ(ascorbic acid)နဲ့အတူ(Citrus Bioflavonoids)တွေတွဲပြီးပါနေလို့ပါပဲ။ …

(Vitamin C)နှင့်ပါတ်သက်သောမေးခွန်းများ။ Read More »

ဒီဗီဒီယိုကိုကြည့်လိုက်လို့သိသွားရင်(COVID-19)ဆိုတာအရမ်းကြောက်နေစရာမလိုတော့ပါဘူး။

Source from Kelvin A. Power’s Facebook on May 22, 2020 မြန်မာပြည်သူအားလုံးအကျိုးအတွက်အမှန်တရားတွေကိုထုတ်ပြောရတော့မှာပဲ။ဒီဗီဒီယိုကိုကြည့်လိုက်လို့သိသွားရင်(COVID-19)ဆိုတာအရမ်းကြောက်နေစရာမလိုတော့ပါဘူး။ဒီဗီဒီယိုကရလိုက်တဲ့အဖြေဟာကိုယ်တိုင်ရော၊ကိုယ့်မိသားစုနဲ့၊ကိုယ့်ပါတ်ဝန်းကျင်ကိုပါအထောက်အကူတစ်ခုရရှိနိုင်လို့ပေးလိုက်ရတဲ့အချိန်ဟာဆုံးရံှုးမသွားပါဘူး။ဗီဒီယိုကိုသချာဆုံးအောင်တော့ကြည့်ကြပါ။လူတိုင်းအကျိုးရှိမယ့်အမှန်တရားဖြစ်နေတဲ့အပြင်၊မှန်တာတွေကိုအမှားတွေလို့မတရားစွပ်စွဲခံနေရတဲ့၊ကလိန်ကကျစ်သမားတွေကြီးစိုးနေတဲ့ခေတ်ဆိုးကြီးမှာ၊အမှန်တရားလူတိုင်းဆီကိုရောက်ရှိနိုင်ဖို့အတွက်အများသိအောင်ပြန်လည်ပြီးဖြန့်ဝေပေးခြင်းဖြင့်ကူညီပါ။ — အားလုံးဘေးရန်ကင်းရှင်းကြပါစေ။ Kelvin Albert Power – https://www.facebook.com/kelvin.power.1675/videos/249964769613271

American Best ကထုတ်လုပ်တဲ့ဖြည့်စွတ်စာအားလုံးကိုမြန်မာဘာသာဖြင့်စတင်ထည့်သွင်းထုတ်လုပ်နေပြီဖြစ်ပါသည်။

Source from Kelvin A. Power’s Facebook on May 24, 2020 American Best ကထုတ်လုပ်တဲ့ဖြည့်စွတ်စာအားလုံးကို၊မြန်မာနိုင်ငံရဲ့စားသုံးသူဥပဒေအသစ်နှင့်ကိုက်ညီ၊ညီညွတ်စေမည့်အပြင်၊စားသုံးသူများဆေးညွန်းကိုနားလည်စေရန်နှင့်အန္တရာယ်ကင်းရှင်းစေရန်၊သုံးစွဲမှု့လမ်းညွန်ချက်များကိုမြန်မာဘာသာဖြင့်စတင်ထည့်သွင်းထုတ်လုပ်နေပြီဖြစ်ပါသည်။ — ၁။တိုင်းပြည်ရဲ့ဥပဒေနဲ့လဲညီညွတ်နေရမယ်။ ၂။စားသုံးသူကိုလဲအန္တရာယ်ကင်းရှင်းစေရမယ်။ ၃။အမေရိကန်နိုင်ငံလုပ်အရည်အသွေးအကောင်းဆုံးပစ္စည်းတွလဲဖြစ်ရမယ်။ ၄။ American Best ဆိုတာတနေရာတည်းမှာရပ်တန့်မနေပဲ၊နေ့စဉ်အမြဲတန်းအကောင်းဖက်ကိုပြောင်းလဲတိုးတက်နေရမယ်။

ဒီဗီဒီယိုကိုကြည့်လိုက်လို့သိသွားရင်(COVID-19)ဆိုတာအရမ်းကြောက်နေစရာမလိုတော့ပါဘူး။

Source from Kelvin A. Power’s Facebook on May 22, 2020 မြန်မာပြည်သူအားလုံးအကျိုးအတွက်အမှန်တရားတွေကိုထုတ်ပြောရတော့မှာပဲ။ဒီဗီဒီယိုကိုကြည့်လိုက်လို့သိသွားရင်(COVID-19)ဆိုတာအရမ်းကြောက်နေစရာမလိုတော့ပါဘူး။ဒီဗီဒီယိုကရလိုက်တဲ့အဖြေဟာကိုယ်တိုင်ရော၊ကိုယ့်မိသားစုနဲ့၊ကိုယ့်ပါတ်ဝန်းကျင်ကိုပါအထောက်အကူတစ်ခုရရှိနိုင်လို့ပေးလိုက်ရတဲ့အချိန်ဟာဆုံးရံှုးမသွားပါဘူး။ဗီဒီယိုကိုသချာဆုံးအောင်တော့ကြည့်ကြပါ။လူတိုင်းအကျိုးရှိမယ့်အမှန်တရားဖြစ်နေတဲ့အပြင်၊မှန်တာတွေကိုအမှားတွေလို့မတရားစွပ်စွဲခံနေရတဲ့၊ကလိန်ကကျစ်သမားတွေကြီးစိုးနေတဲ့ခေတ်ဆိုးကြီးမှာ၊အမှန်တရားလူတိုင်းဆီကိုရောက်ရှိနိုင်ဖို့အတွက်အများသိအောင်ပြန်လည်ပြီးဖြန့်ဝေပေးခြင်းဖြင့်ကူညီပါ။ — အားလုံးဘေးရန်ကင်းရှင်းကြပါစေ။ Kelvin Albert Power – ကျွန်တော့်ရဲ့မူရင်းပို့စ်(Links) စ္(Links) https://www.facebook.com/kelvin.power.1675/posts/246882509921497 https://www.facebook.com/kelvin.power.1675/posts/248803413062740 https://www.facebook.com/kelvin.power.1675/posts/248804046396010 ================================ ကျွန်တော့်ကိုသတင်းမှားတွေလွင့်ပါတယ်ဆိုပြီးသောစွပ်စွဲတဲ့မြန်မာ(Fact Check link)နဲ့သူတို့စွပ်စွဲထားတဲ့မခိုင်မာတဲ့အထောက်အထားများ(Links)များ။ https://myanmar.factcrescendo.com/fact-check-did…/… https://www.forbes.com/…/can-vitamin-d-help-with…/… https://www.cebm.net/…/vitamin-d-a-rapid-review-of-the…/ https://clinicaltrials.gov/ct2/show/record/NCT04334005… ============================== (Vitamin D)ရဲ့(COVID-19)ဆက်စပ်ပုံကိုတွေ့ရှိထားတဲ့သုတေသနအထောက်အထား(Links)များ။ Perspective: improving vitamin D status in the management of COVID-19 https://www.ncbi.nlm.nih.gov/pmc/articles/PMC7216123/ — COVID-19 and vitamin D—Is there a link and an opportunity …

ဒီဗီဒီယိုကိုကြည့်လိုက်လို့သိသွားရင်(COVID-19)ဆိုတာအရမ်းကြောက်နေစရာမလိုတော့ပါဘူး။ Read More »

(Myanmar Fact Check)

Source from Kelvin A. Power’s Facebook on May 21, 2020 မြန်မာ(Fact Check)ကကောင်တွေစာမဖတ်တတ်ကြဘူးထင်တယ်။(Myanmar Fact Check)ဆိုပြီးတော့လူတွေကိုလမ်းလွဲအောင်ဒုက္ခရောက်အောင်လိမ်စားနေတာတော့မကောင်းပါဘူး။ရှက်ဖို့ကောင်းပါတယ်။နောက်ဆိုဘယ်လိုယုံရမှာလဲ။လူလိမ်တွေ၊အာက်ကစာလေးဖတ်ကြည့်လိုက်ပါဦး။ https://www.ncbi.nlm.nih.gov/pmc/articles/PMC7216123/ https://www.ncbi.nlm.nih.gov/pmc/articles/PMC7216123/?fbclid=IwAR3ICU685mTJCW0siCqsWHzsq3OZW03IRj7zKjcHJdk_Ev2gxdD7dUlytVc

မြန်မာ(Fact Check)ကကောင်တွေစာမဖတ်တတ်ကြဘူးထင်တယ်။

Source from Kelvin A. Power’s Facebook on May 21, 2020 မြန်မာ(Fact Check)ကကောင်တွေစာမဖတ်တတ်ကြဘူးထင်တယ်။(Myanmar Fact Check)ဆိုပြီးတော့လူတွေကိုလမ်းလွဲအောင်ဒုက္ခရောက်အောင်လိမ်စားနေတာတော့မကောင်းပါဘူး။ရှက်ဖို့ကောင်းပါတယ်။နောက်ဆိုဘယ်လိုယုံရမှာလဲ။လူလိမ်တွေ၊အာက်ကစာလေးဖတ်ကြည့်လိုက်ပါဦး။ https://patch.com/…/first-data-published-covid-19… https://patch.com/california/encinitas/first-data-published-covid-19-severity-vitamin-d-levels?fbclid=IwAR0HWSqOh3NtkQOSN8H8tKtyaNDj7ZvbgXghwyseHOAdJHlPBWBr1IxTY9k

(Pandemic)ကာလမှာကူးစက်ရောဂါဖြစ်လာရင်ပြင်းထန်မှု့နဲ့သေဆုံးမှု့နည်းအောင်ကျွန်တော်(Vitamin D)နဲ့(Vitamin C)ကို(High Dose)သောက်ခိုင်းတဲ့ကိစ္စ

Source from Kelvin A. Power’s Facebook on May 20, 2020   (Pandemic)အချိန်ကာလမှာကူးစက်ရောဂါဖြစ်လာရင်ပြင်းထန်မှု့နဲ့သေဆုံးမှု့နည်းအောင်လူတွေကိုကျွန်တော်(Vitamin D)နဲ့(Vitamin C)ကို(High Dose)သောက်ခိုင်းတဲ့ကိစ္စနဲ့ပါတ်သက်ပြီး၊(WHO)ကတောင်မသောက်ခိုင်းပဲနဲ့ကယ်လ်ဗင်ကသောက်ခိုင်းနေတာဟာလူတွေဒုက္ခရောက်အောင်လုပ်နေပါတယ်။တစ်ကယ်ဆိုရင်လူတစ်ယောက်ဟာတစ်နေ့ကို(Vitamin D 800 IU)နဲ့(Vitamin C 150 mg)လောက်ပဲလိုပါတယ်လို့ဆိုပြီး၊အတင်းချဖေါင်းထုနေကြတဲ့လူတွေရှိနေသလို၊ကြောက်လို့ကွန်မန့်ဖွင့်မထားပေးရဲဘူးဆိုပြီးတော့လဲဖေါင်းထုဝေဖန်နေတာတွေတွေ့လိုက်ရပါတယ်။ — အဲဒီလိုဖေါင်းထုကြတဲ့(အမှိုက်တွေ)ကိုတော့နောက်ထပ်ကျွန်တော့်စာဘယ်တော့မှဖတ်ခွင့်မရအောင်လို့တသက်စာအတွက်(Block)ပေးလိုက်ပါတယ်။ဒီလိုဖြေရှင်းချက်ရေးနေတာဟာ(အမှိုက်တွေ)ကိုအရေးစိုက်နေလို့တော့မဟုတ်ပါဘူး။လူတိုင်းကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီးတန်ဖိုးရှိတဲ့အသိပညာတစ်ခုအသစ်ရအောင်ပြန်ရေးပေးလိုက်ရခြင်းဖြစ်ပါတယ်။ — Unicode Link: https://www.facebook.com/kelvin.power.1675/posts/248804046396010 — လူ့ခန္ဓာကိုယ်ဟာကျန်းမာနေတဲ့အချိန်နဲ့ကပ်ရောဂါဆိုးတစ်ခုကိုရင်ဆိုင်ရတော့မယ့်အချိန်တွေမှာ(Vitamins)လိုအပ်မှု့ပမာဏဟာလုံးဝမတူညီတော့ပဲ၊အဆပေါင်းများစွာကွဲပြားခြားနားမှု့ရှိလာပါတော့တယ်။ဒီကိစ္စကိုလူတိုင်း၊နားလည်အောင်ခုခံမှု့စနစ်(Immune System Cells)တွေရဲ့အလုပ်လုပ်ပုံ(Biochemistry)ကိုအနည်းငယ်နားလည်ဖို့တော့လိုအပ်ပါတယ်။ — (Biochemistry)ဆိုတဲ့ပညာရပ်ဟာရိုးရိုးဆေးပညာထက်ပိုလေးနက်ပြီးအလွန်အသေးစိတ်ပါတယ်။လူ့ခန္ဓာကိုယ်ထဲမှာဆဲလ်အမျိုးအစားပေါင်းသန်းနဲ့ချီရှိနေပါတယ်။မျိုးရိုး၊ဗီဇ(DNA/RNA)အမျိုးအစားပေါင်းလဲသန်းနဲ့ချီရှိနေပါတယ်။ဓါတုဗေဒဓါတ်ပြုမှု့ဖြစ်စဉ်တွေနဲ့ဇီဝဗေဒဆိုင်ရာဖြစ်ပျက်မှု့တွေကလဲနေ့စဉ်သန်းနဲ့ချီဖြစ်ပျက်နေပါတယ်။ — အဲဒီသန်းနဲ့ချီနေတဲ့ဆဲလ်တစ်လုံးချင်းစီရဲ့အတွင်းမှာဘယ်လိုဖြစ်နေတယ်၊အပြင်မှာဘယ်လိုဖြစ်နေတယ်ဆိုတာအသေးစိတ်အတိအကျနဲ့၊(DNA/RNA)အမျိုးအစားပေါင်းအသေးစိတ်နဲ့၊ဓါတုဇီဝဖြစ်စဉ်အသေးစိတ်တစ်ခုခြင်းစီကိုဘယ်ဆရာဝန်ကမှတိတိကျကျအကုန်မသိပါဘူး။သိထားဖို့လဲမလိုအပ်ပါဘူး။ဆရာဝန်တွေကသာ၊အသေးစိတ်သိထားဖို့မလိုအပ်ပေမယ့်၊(Biochemist)တွေကြတော့အသေးစိတ်သိထားဖို့လိုအပ်ပါတယ်။ — ဆိုလိုချင်တာက၊ခန္ဓာကိုယ်ရဲ့ခုခံမှု့စနစ်(Immune System)အလုပ်လုပ်ပုံ(Biochemistry)အသေးစိတ်ကိုကျွန်တော်ရေးပေးမယ်ဆိုရင်ဘယ်သူမှကျွန်တော့်စာကိုစိတ်ဝင်တစားနဲ့ဆက်ဖတ်မှာမဟုတ်တော့ပါဘူး။အချိန်ကုန်ခံရေးပြီးဘယ်သူမှမဖတ်ကြရင်အချိန်ကုန်ပြီးအကျိုးမဲ့ရုံပါပဲ။ — ဒါကြောင့်ခန္ဓာကိုယ်ရဲ့ခုခံမှု့စနစ်(Immune System)အလုပ်လုပ်ပုံ(Biochemistry)ကိုစာအုပ်ကြီးအတိုင်းခက်အောင်မရေးပဲ၊ခလေးကစလို့လူတိုင်းနားလည်နိုင်အောင်ဥပမာပေးပြီးအလွယ်နည်းလေးနဲ့ရေးပေးပါမယ်။ — ခန္ဓာကိုယ်ရဲ့ခုခံမှု့စနစ်(Immune System)ဆိုတာဟာပြင်ပကနေကျူးကျော်ဝင်ရောက်လာတဲ့ရောဂါပိုးမွှားတွေရန်ကနေကာကွယ်ပေးပြီး၊တန်ပြန်ပြီးတိုက်ခိုက်ပေးနိုင်လို့ဘာနဲ့သွားတူနေသလဲဆိုတော့၊တိုင်းပြည်တစ်ပြည်ကိုပြည်ပကျူးကျော်ရန်ကနေကာကွယ်ပေးနေတဲ့စစ်တပ်နဲ့သွားတူနေပါတယ်။ — ခန္ဓာကိုယ်ရဲ့ခုခံမှု့ဆဲလ်တွေရဲ့(Biochemistry)ကိုလေ့လာကြည်လိုက့်မယ်ဆိုရင်လဲထူးခြားနေတာတစ်ခုက၊ခုခံမှု့ဆဲလ်အားလုံးနီးပါးမှာ(vitamin D)ကိုလက်နက်ကိရိယာအဖြစ်ကိုင်တွယ်အသုံးပြုရမယ့်လက်တံ(Vitamin D receptor)တွေကိုယ်စီပါဝင်နေကြတာကိုတွေ့ရှိရပါတယ်။ဆိုလိုတာကရန်သူကိုတိုက်ခိုက်မယ့်ခုခံမှု့ဆဲလ်တွေဟာ(Vitamin D )ကိုလက်နက်သဖွယ်ကိုင်တွယ်အသုံးမပြုပဲနဲ့အလုပ်မလုပ်နိုင်ကြပါဘူး။(Vitamin D)ဆိုတာကလဲ(Vitamin C)အလုံအလောက်ရရှိတော့မှသာနှစ်မျိုးတွဲစပ်ပြီးထက်ထက်မြက်မြက်အလုပ်လုပ်နိုင်ကြတာပါ။ — ဒီသဘောတရားကိုလူတိုင်းနားလည်အောင်ဥပမာပေးပြောရရင်၊ခုခံမှု့စနစ်(Immune …

(Pandemic)ကာလမှာကူးစက်ရောဂါဖြစ်လာရင်ပြင်းထန်မှု့နဲ့သေဆုံးမှု့နည်းအောင်ကျွန်တော်(Vitamin D)နဲ့(Vitamin C)ကို(High Dose)သောက်ခိုင်းတဲ့ကိစ္စ Read More »

(COVID-19)ရောဂါပြင်းထန်မှု့အတိုင်းအတာနဲ့သေဆုံးမှု့နှန်းဟာသွေးထဲမှာရှိနေတဲ့(Vitamin D)အနည်းအများနဲ့ပြောင်းပြန်အချိုးကျနေပါတယ်။

Source from Kelvin A. Power’s Facebook on May 17, 2020 သုတေသနတွေအကြိမ်ကြိမ်လုပ်ပြီးအခုနောက်ဆုံးသေသေချာချာနားလည်လာတဲ့အဖြေမှန်တစ်ခုကတော့၊ဒီကမ္ဘာမှာ(Corona Virus)ရောဂါလွတ်ကင်းမဲ့နေရာနဲ့နိုင်ငံဆိုတာဘယ်လိုမှမရှိနိုင်တော့ပါဘူး။ဘယ်နိုင်ငံမှာပဲနေနေ၊ဘယ်လောက်ပဲဆေးပညာတွေတိုးတက်နေပါစေ၊ဘယ်လိုပဲ(Locked Down)လုပ်ပြီးတားဆီးထားကြပါစေ၊ယာယီပဲထိန်းချုပ်လို့ရပါမယ်။ — ရေရှည်တသက်လုံးတော့(Locked Down)လုပ်ထားလို့မရနိုင်ပါဘူး။အခုဒီရောဂါကို(ယာယီ)ထိန်းချုပ်နိုင်ရင်တောင်နောင်တချိန်ပြန်ဖွင့်ရင်ပေါက်ကွဲလာမှာပါပဲ။တသက်လုံးမဖွင့်ပဲနဲ့လဲနေလို့မရပါဘူး။အမြဲ(Locked Down)လုပ်ထားရင်ရောဂါနဲ့မသေပဲအလုပ်အကိုင်စီးပွားရေးတွေပျက်စီးကုန်လို့ထမင်းငတ်သေကုန်ပါလိမ့်မယ်။ — ဘာကြောင့်လဲဆိုတော့ဒီရောဂါဟာယာယီ၊ခဏတဖြုတ်ကလေးပဲဖြစ်ပြီးတော့ပြီးဆုံးသွားမည့်ဧည့်သည်ရောဂါတစ်ခုမဟုတ်တော့ပဲအမြဲရှိနေပြီးဒုက္ခထိုင်ပေးနေတော့မယ့်အိမ်ရှင်ရောဂါတစ်ခုဖြစ်လာပါပြီ။ဒါကြောင့်လူတိုင်းစေ့နီးပါးကိုကူးစက်လို့ပြီးသွားမှသာလျှင်ဒီကပ်ရောဂါကိုကျော်လွှားနိုင်ကြပါလိမ့်မယ်။လူတိုင်းစေ့နီးပါးကိုမကူးစက်နေသေးသရွေ့ကတော့ဒီကပ်ကိုကျော်လွားနိုင်ဖို့နည်းလမ်းမမြင်ပါဘူး။ — ဆိုလိုတာက၊လူရယ်လို့အသက်ရှင်ဖြစ်တည်နေသရွေ့ကတော့အနှေးနဲ့အမြန်ပဲကွာချင်ကွာပါမယ်၊တစ်နေ့မှာတော့(Corona Virus)ရောဂါသေချာပေါက်အကူးစက်ခံကြရမှာပါပဲ။ရောဂါပြင်းထန်မှု့၊ပျော့ပြောင်းငြင်သာမှု့တွေပဲကွာချင်ကွာပါမယ်။ဒီရောဂါမကူးစက်ခံရပဲနဲ့လွတ်သွားမယ့်လူဆိုတာကတော့အလွန်ရှားပါလိမ့်မယ်။ — ရောဂါမကူးအောင်လို့လကမ္ဘာပေါ်ကိုဒုံးပျံနဲ့တက်သွားပြီး(၃)နှစ်လောက်သွားရှောင်နေရင်လဲကမ္ဘာမြေပြင်ကိုပြန်လာတဲ့တစ်နေ့မှာဒီရောဂါကရှေ့ဆုံးကနေလာစောင့်ကြိုနေမှာပါပဲ။လွတ်စရာလမ်းတော့မမြင်ပါဘူး။ဒါကြောင့် အကောင်းဆုံး၊ဈေးအသက်သာဆုံးနဲ့အထိအခိုက်အနည်းဆုံး၊နည်းလမ်းနဲ့ရင်ဆိုင်နိုင်အောင်ကျိုးစားကြရပါလိမ့်မယ်။ရန်သူကိုတိုက်ရိုက်ရင်ဆိုင်နိုင်ဖို့အတွက်(Vitamin D)လို့ခေါ်တဲ့သံချပ်ကာလူတိုင်းဝပ်ဆင်ရပါတော့မယ်။ — ဆိုလိုတာက(COVID)ကိုရှောင်လို့မရနိုင်ဘူးလူတိုင်းကိုတစ်နေ့ကူးစက်လာမှာပါပဲ။သို့သော်တချို့လူတွေကရောဂါဒဏ်ပြင်းပြင်းထန်ထန်ခံစားရပြီးအတွင်းအင်္ဂါအစိတ်အပိုင်းတွေအားလုံးပျက်စီးပြီးအသက်ဆုံးရှုံးနိုင်ပေမယ့်။တစ်ချို့ကတော့နှာစေးချောင်းဆိုးထက်မပိုပဲရောဂါပျောက်သွားမယ်။တစ်ချို့ကတော့ရောဂါဖြစ်မှန်း၊ကူးစက်ခံထားရမှန်းတောင်မသိလိုက်ပဲနဲ့ရောဂါပျောက်ကင်းသွားမယ်။အဲဒါတွေအားလုံးဟာသွေးထဲမှာရှိနေတဲ့(Vitamin D)ပမာဏအပေါ်မှာလဲအများကြီးမူတည်နေပါတယ်။ — အလွန်ထူးခြားတဲ့သုတေသနအသစ်တွေ့ရှိချက်အရ(COVID-19)ရောဂါပြင်းထန်မှု့အတိုင်းအတာနဲ့သေဆုံးမှု့နှန်းဟာသွေးထဲမှာရှိနေတဲ့(Vitamin D)အနည်းအများနဲ့ပြောင်းပြန်အချိုးကျနေပါတယ်။ — အထူးမှတ်ချက်။ဒီနေရာမှာ(vitamin D)တန်ဖိုး(ng/ml )နဲ့ပဲဆွေးနွေးသွားမှာပါ။ကိုယ်က(nmol/L)နဲ့တိုင်းထားရင်တော့(2.5)နဲ့စားလိုက်ရင်(ng/ml)ရရှိပါလိမ့်မယ်။ — တချို့လူတွေဟာသွေးထဲမှာ(25-Hydroxy Vitamin D) (70ng/ml)ကနေ(100 ng/ml)အထိတောင်ရှိနေကြပါတယ်။အဲဒီလိုလူတွေ(COVID)အကူးစက်ခံရရင်သေဖို့ဆိုတာ(မဖြစ်နိုင်)လောက်အောင်ကိုခဲယဉ်းပါတယ်။ရောဂါလဲပြင်းထန်ဖို့မလွယ်ပါဘူး။(100 ng/ml)ကျော်သွားရင်အန္တရာယ်မရှိသေးပေမယ့်လဲဘာမှပိုပြီးတော့အကျိုးမရနိုင်ပါဘူး။သို့သော်(120 ng/ml)ကျော်သွားပြီဆိုရင်တော့အန္တရာယ်ရှိနိုင်ပါတယ်။ — (Vitamin D, 70 ng/ml)ကျော်တဲ့သူတွေအတွက်(COVID)နဲ့သေဖို့မဖြစ်နိုင်အောင်ခဲယဉ်းတယ်ဆိုတဲ့အတိုင်းဆန့်ကျင်ဖက်အားဖြင့်(30 ng/ml)အောက်ပဲရှိတဲ့သူတွေအတွက်ကတော့ကံဆိုးပါတယ်။(30 ng/ml)အောက်ပဲရှိတယ်ဆိုရင်တော့ (COVID)ရောဂါဒဏ်အလူးအလဲခံရမယ်၊ပြီးတော့အသက်လဲဆုံးရှုံးသွားဖို့များပါတယ်။အဲဒီလူတွေကိုအသက်ကယ်ဖို့ဆိုတာဘယ်လောက်ပဲဆေးရုံတွေကျိုးစား၊ဘယ်လောက်ပဲဆေးပညာတိုးတက်ပါစေ၊သိပ်မလွယ်ကူလှပါဘူး။ — ရှင်းရှင်းပြောရရင်(Covid-19)ကူးစက်ခံရတာခြင်းအတူတူ၊အကြမ်းအားဖြင့်(Vitamin D, …

(COVID-19)ရောဂါပြင်းထန်မှု့အတိုင်းအတာနဲ့သေဆုံးမှု့နှန်းဟာသွေးထဲမှာရှိနေတဲ့(Vitamin D)အနည်းအများနဲ့ပြောင်းပြန်အချိုးကျနေပါတယ်။ Read More »

ရေရှည်ရောင်ရမ်းမှု့(Chronic Inflammation)ဆိုတာ

Source from Kelvin A. Power’s Facebook on May 16, 2020 အလုပ်မအားလို့စာမရေးဖြစ်တာတောင်နည်းနည်းကြာသွားပါပြီ။သုတေသနတွေအကြိမ်ကြိမ်လုပ်အကျိုးအကြောင်းတွေကိုဆက်စပ်ပြီးသေချာပြန်လေ့လာကြည့်မယ်ဆိုရင်၊ကူးစက်ရောဂါအမျိုးမျိုးတွေကနေအစပြုလို့၊နာတာရှည်ရောဂါအားလုံးအပါအဝင်၊အရွယ်မတိုင်မှီသေဆုံးနေကြရတဲ့ရောဂါများစွာရဲ့တရားခံဟာရေရှည်ရောင်ရမ်းမှု့(Chronic Inflammation)ဆိုတာကိုလူတိုင်းနားလည်စေချင်လို့အကြိမ်ကြိမ်ရေးသားပေးခဲ့ပြီးပါပြီ။ — ရောင်ရမ်းမှု့(Chronic Inflammation)ဖြစ်တယ်ဆိုတဲ့အကျိုးဆက်ဟာတစ်ကယ်တော့ခန္ဓာကိုယ်ရဲ့ခုခံမှု့ (Immune System)ကိုဖရိုဖရဲဖြစ်သွားစေပြီး၊စနစ်တကျပြန်လည်တုံ့ပြန်တတ်မှု့ဟန်ချက်တွေပျက်စီးသွားပြီးပရန်းပတာဖြစ်စေနိုင်တဲ့အခြေအနေတရပ်ဖြစ်နေလို့အလွန်ကြောက်စရာကောင်းပါတယ်။ — ဥပမာပေးရမယ်ဆိုရင်၊နာတာရှည်ရောဂါအမျိုးအစားတွေဖြစ်ကြတဲ့(Autoimmune disease)တွေဟာမိမိရဲ့ခုခံမှု့စနစ်ကမိမိကိုပြန်ပြီးတိုက်ခိုက်ဖျက်ဆီးလို့ဒုက္ခရောက်ကြရတာပါ။(Autoimmune disease)တွေတင်မကပဲတခြားသောနာတာရှည်ရောဂါတွေလဲ(Inflammation)နဲ့လွတ်တယ်ဆိုတာမရှိပါဘူး။ — နာတာရှည်ရောဂါတွေမလွတ်ဘူးဆိုတော့၊ကူးစက်တတ်တဲ့ကပ်ရောဂါတစ်မျိုးဖြစ်တဲ့(Corona Virus) ရောဂါကြောင့်သေသွားကြရတဲ့လူတွေရဲ့ရုပ်အလောင်းတွေကိုလေ့လာကြည့်လိုက်ရင်လဲ၊ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေအားလုံးနီးပါးကိုရောဂါပိုးကဖျက်ဆီးလိုက်တာကနည်းပြီး၊(Inflammation)ကဖျက်ဆီးပြစ်တာကများနေတာကိုလက်တွေ့လေ့လာတွေ့ရှိနေရပါတယ်။ — တစ်ကယ်တော့ဘယ်သူမှ(Inflammation)ဖြစ်မနေဘူးဆိုရင်၊အခုဖြစ်နေတဲ့(ကိုဗစ်)ရောဂါဟာဒီလောက်ကြောက်စရာကောင်းပြီးသေပျောက်ထိခိုက်များရမယ့်ရောဂါမျိုးမဟုတ်ပါဘူး။ဒီကပ်ရောဂါဟာတခြားကပ်ရောဂါတွေနဲ့စာရင်အလွန်ပျော့ပြောင်းညင်သာပါတယ်။ဒါပေမယ့်လူတွေကိုဒီလောက်တောင်ဒုက္ခပေးနိုင်တာဟာ၊ဒီခေတ်ကြီးမှာလူတိုင်းနီးပါး(Inflammation)ဖြစ်နေကြလို့ပါပဲ။ဘယ်သူမှ(Inflammation)ဖြစ်မနေဘူးဆိုရင်၊ဒီရောဂါဖြစ်ပြီးပျောက်ကင်းသွားမှန်းဘယ်သူမှတောင်သတိထားမိလိုက်မှာမဟုတ်ပါဘူး။လူတိုင်းနှာစေးချောင်းဆိုးရုံနဲ့ပြီးသွားမယ်ဆိုရင်(Pandemic)ဆိုတာဖြစ်လာမှာမဟုတ်ပါဘူး။ — (Inflammation)ရဲ့အကျိုးဆက်ကြောင့်ခန္ဓာကိုယ်ရဲ့ခုခံမှု့စနစ်ဟာပြင်ပကဝင်လာတဲ့ရောဂါပိုးတွေကိုစနစ်တကျကာကွယ်ပေးရမယ့်အစားဖေါက်ပြန်ပျက်စီးသွားပြီးရောဂါပိုးတွေကိုစနစ်တကျပြန်မတုံ့ပြန်၊မကာကွယ်နိုင်တော့ပဲ၊ဖရိုဖရဲ၊ပြစ်စလက်ခပြန်လည်တုံ့ပြန်တဲ့အခါမှာကိုယ့်ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့အင်္ဂါအစိတ်အစိတ်အပိုင်းတွေကိုပြန်ပြီးတိုက်ခိုက်ဖျက်ဆီးခြင်းခံကြရပါတော့တယ်။ဒါကြောင့်အသေအပျောက်တွေဖြစ်ကြရတာပါ။ — ဒါကြောင့်ကိုယ်ကအကောင်းဆုံးအနေနဲ့ရောဂါဖြစ်လို့ဖြစ်မှန်းမသိလိုက်ပဲနဲ့ရောဂါပျောက်ကင်းသွားတဲ့အထဲလဲပါချင်ပါသွားနိုင်သလို၊အသက်ပါပေးလိုက်ရတဲ့အထဲလဲပါသွားနိုင်တာပါပဲ။ဘယ်ထဲကိုကိုယ်သွားရမယ်ဆိုတာကိုအဆုံးအဖြတ်ပေးမှာကတော့(Virus)ပိုးမဟုတ်သလို၊အစိုးရနဲ့ဆေးရုံဆေးခန်းတွေ၊ဆရာဝန်တွေလဲမဟုတ်ပါဘူး။ကိုယ်တိုင်ပဲဆုံးဖြတ်ကြရမှာပါ။ကျန်းမာနေအောင်၊ခုခံအားကောင်းအောင်၊(Inflammation)မဖြစ်အောင်နေထိုင်စားသောက်ကြမယ်ဆိုရင်၊ဒီဗိုင်းရပ်စ်ကခြင်တစ်ကောင်လောက်တောင်ကိုယ့်ကိုဒုက္ခပေးနိုင်မှာမဟုတ်ပါဘူး။ — ဒီနေ့တော့(Inflammation)ကိုပျောက်ကင်းစေနိုင်ပြီးခုခံမှု့စနစ်ကိုမှန်ကန်ကောင်းမွန်စေနိုင်တဲ့အစွမ်းထက်တဲ့ဓါတ်ပေါင်း(၄)မျိုးထဲကပထမ(၂)မျိုးအကြောင်းကိုရေးပေးပါမယ်။ (1) Curcuminoids (2) Bioperine (3) Omega 3 (4) Gamma Linolic Acid (GLA) — (Curcuminoids)ဆိုတာအထူးအဆန်းမဟုတ်ပါဘူး။မြန်မာတွေအရင်တုံးကဘိုးဘွားစဉ်ဆက်တသက်လုံးစားသုံးလာကြပြီးအခုကြတော့မှအနောက်တိုင်းဆန်(ဘိုဆန်)ချင်လို့တချို့တွေဖြတ်ပြစ်လိုက်ကြတဲ့ဆနွင်းမှုန့်မှာပါဝင်နေတဲ့ဓါတ်ပေါင်းတစ်မျိုးပါပဲ။မွန်ပြည်နယ်ကလာတဲ့ဆနွင်းမှုန့်စစ်စစ်ဆိုရင်တော့(Curcuminoids)ဓါတ်ပေါင်း( 5%)ရာခိုင်နုန်းလောက်ပါဝင်ပါတယ်။ရန်ကုန်လို၊ဟိုရောဒီရော၊ဆေးအဝါရောင်တွေဆိုး၊နနွင်းမှုန့်မစစ်ဘူးဆိုရင်တော့(2%)လောက်ပဲ(Curcuminoids)ပါဝင်ပါတော့တယ်။ — (Bioperine)ဆိုတာကလဲတခြားမဟုတ်ပါဘူး။ကိုယ်တိုင်စိုက်ငရုတ်ကောင်းစေ့စစ်စစ်မှာဆိုရင်တော့(Bioperine)ဓါတ်ပေါင်း(5%)ရာခိုင်နုန်းလောက်အထိပါဝင်ပါတယ်။ဟိုရောဒီရော၊သင်္ဘောစေ့ရော၊ငရုတ်ကောင်းမစစ်ဘူးဆိုရင်တော့(2%)လောက်ပဲပါဝင်ပါတော့တယ်။ — (Curcuminoids)ဆိုတာဟာဆနွင်းမှုန့်မဟုတ်သလို(Bioperine)ဆိုတာကလဲငရုတ်ကောင်းမှုန့်တော့မဟုတ်ကြပါဘူး။သို့သော်၊နွားနို့ထဲမှာမလှိုင်တွေပါနေသလိုမျိုးပဲဆနွင်းမှုန့်နဲ့ငရုတ်ကောင်းမှုန့်တွေထဲမှာအနည်းငယ်လေးပါဝင်နေကြတဲ့ဓါတ်ပေါင်းတွေပါ။ဒါပေမယ့်၊(Curcuminoids)နှင့်(Bioperine)နှစ်မျိုးတွဲမစားလို့ကတော့အကျိုးသိပ်မရှိပါဘူး။တွဲစားမယ်ဆိုရင်တော့တစ်မျိုးခြင်းစီစားတာထက်အဆပေါင်း(၂၀)လောက်သာလွန်ကြောင်းသုတေသနတွေရှိနေပါတယ်။ — အဲဒီနှစ်မျိုးဟာ(Inflammation)မဖြစ်အောင်ကာကွယ်ပေးနိုင်ပြီး၊ရောဂါအားလုံးနဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိနေတဲ့အင်္ဂါအစိတ်အပိုင်းတွေအားလုံးကိုတစ်ခုမကျန်အကျိုးပြုနိုင်ပါတယ်။ဒီဓါတ်ပေါင်းနှစ်မျိုးရဲ့ကျန်းမာရေးအတွက်အထောက်အကူပေးနိုင်ပုံနဲ့ပါတ်သက်တဲ့သုတေသနတွေရာထောင်ချီရှိနေပြီး၊တခုခြင်းရေးပေးနေရင်လဲကုန်မှာမဟုတ်လို့ရေးမပေးတော့ပါဘူး။သိချင်ရင်ကိုယ်တိုင်အင်္ဂလိပ်လို(online)မှာရှာဖတ်ကြပါ။ — …

ရေရှည်ရောင်ရမ်းမှု့(Chronic Inflammation)ဆိုတာ Read More »

လူသတ်တရားခံ၊ရောင်ရမ်းမှု့(Inflammation)

Source from Kelvin A. Power’s Facebook on May 1, 2020 လူသတ်တရားခံ၊ရောင်ရမ်းမှု့(Inflammation) သုတေသနတွေရဲ့အကျိုးကျေးဇူးကြောင့်၊နာတာရှည်ရောဂါအားလုံးအပါအဝင်အရွယ်မတိုင်မှီသေဆုံးနေကြရတဲ့ရောဂါအမျိုးမျိုးရဲ့တရားခံဟာရေရှည်ရောင်ရမ်းမှု့(Chronic Inflammation)ဆိုတာကိုစာဖတ်တဲ့လူအချို့သိလာကြပါပြီ။ — ကင်ဆာရောဂါအပါအဝင်၊နှလုံး၊သွေးတိုး၊ဆီးချို၊အသဲအဆီဖုံး၊အော်တိုအင်မြူး၊ဦးနှောက်၊ကျောက်ကပ်၊အဆုတ်၊လေဖြတ်၊နှလုံးသွေးကြောကျဉ်းစတဲ့လူတွေအများဆုံးသေနေကြရတဲ့နာတာရှည်ရောဂါများမှာတင်မကတော့ပဲ၊ (Virus)ကြောင့်ဖြစ်ပြီး၊ကူးစက်တတ်တဲ့(ကိုဗစ်)ခေါ်ကပ်ရောဂါနဲ့သေတဲ့လူတွေကိုကြည့်လိုက်ရင်လဲ(Inflammation)ကြောင့်ဖြစ်နေတာဟာအလွန်အံ့သြစရာပါပဲ။ — လူတစ်ယောက်ဟာ(Corona Virus)အကူးစက်ခံရတာခြင်းအတူတူ(Inflammation) သို့မဟုတ်၊(Inflammation)နဲ့ပါတ်သက်တဲ့ရောဂါအခံတစ်မျိုးမျိုးရှိနေရင်ဘာဆေးနဲ့မှကုသဖို့မလွယ်ကူတော့ပဲအသက်ဆုံးရှုံးရလွယ်ကူသလို၊ကူးစက်ခံရသူဟာ(Inflammation)မဖြစ်ရင်တော့ရောဂါလက္ခဏာတောင်မသိလိုက်ပဲအလိုလိုပျောက်ကင်းသွားတာတွေအများကြီးကြုံတွေ့နေရပါတယ်။ — တစ်ကယ်တော့လူတွေအလွန်ကြောက်လန့်နေကြတဲ့(Corona Virus)ရောဂါဆိုတာဟာတချို့လူတွေအတွက်ကြတော့ဘာရောဂါဝေဒနာကလေးကိုမှမဖြစ်ပေါ်စေပဲအသာလေးပျောက်ကင်းသွားနိုင်ပေမယ့်၊တခြားလူတွေအတွက်ကတော့သေမင်းတမန်ပါပဲ။ဒါကြောင့်ဒီ(Virus)ဟာအလွန်မျက်နှာလိုက်နေသလိုဖြစ်နေပါတော့တယ်။တစ်ကယ်တော့(Virus)ကမျက်နာလိုက်တာမဟုတ်ပါဘူး။ကူးစက်ခံရသူရဲ့(Inflammation)အခြေအနေကြောင့်ပါ။ — ဒါကြောင့်အကူးစက်ခံရတာခြင်းအတူတူ(Inflammation)သို့မဟုတ်၊(Inflammation) နဲ့ပါတ်သက်တဲ့ရောဂါအခံတစ်မျိုးမျိုးရှိနေရင်ဘာဆေးနဲ့မှကုသဖို့မလွယ်ကူတော့ပဲအသက်ဆုံးရှုံးရလွယ်ကူသလို၊(Inflammation)ဖြစ်မှု့အလွန်နည်းတဲ့လူဆိုရင်လဲဘာမှကိုမဖြစ်လိုက်ပဲရောဂါပျောက်ကင်းသွားတတ်ကြပါတယ်။ — တစ်ကယ်တော့ဒီ(Virus)ဟာလူတိုင်းကိုမသေစေနိုင်ပါဘူး။လူတွေဟာ(Corona Virus)ကြောင့်သေနေတာမဟုတ်ပါဘူး။ဒီ(Virus)ကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်(Cytokine Strom)ကြောင့်သေနေကြရတာပါ။(Cytokine Strom)ဆိုတာတစ်ကယ်တော့(Inflammation)ပါပဲ။ဒါကြောင့်လူတစ်ယောက်ဒီရောဂါနဲ့သေမယ်ရှင်မယ်ဆိုတာဟာရောဂါဖြစ်တဲ့လူရဲ့(Inflammation Status)အပေါ်မှာအဓိကမူတည်နေပါတော့တယ်။ —- (cytokine storm)ဆိုတာဘာလဲဆိုတော့၊ပထမကတော့(Corona Virus)ကအဆုတ်ဆဲလ်တစ်ချို့ကိုစတင်တိုက်ခိုက်ဖျက်ဆီးပြစ်ပါတယ်။အဲဒီပျက်စီးသွားတဲ့ဆဲလ်တွေကထွက်လာတဲ့ပရိုတိန်းဓါတ်တစ်မျိုးကြောင့်ခန္ဓာကိုယ်ရဲ့ခုခံမှု့ဆဲလ်တွေဟာရန်သူ(Virus)တွေကိုပြန်လည်တိုက်ခိုက်ဖို့ထကြွအသက်ဝင်လာစေပါတယ်။အဲဒီအချိန်မှာ(Inflammation)အနည်းငယ်စဖြစ်လာပြီး(Immune cells)တွေဟာ(Free Radical)တွေထုတ်လုပ်ကြပြီး(Virus)တွေကိုတိုက်ခိုက်ဖျက်ဆီးပြစ်ပါတော့တယ်။ — သို့သော်(Virus)တွေလျှော့နည်းသွားသည်နှင့်အမျှခန္ဓာကိုယ်က(Inflammation)ကိုပြန်လည်လျော့နည်းစေဖို့(Inti-inflammatory)ဓါတ်ပေါင်းတွေနဲ့ပြန်ဖြေဖျောက်ရပါတယ်။ကျန်နေတဲ့(Free Radical)တွေကိုလဲ(Antioxidants)တွေနဲ့ပြန်လည်ထိန်းသိမ်းပေးဖို့လိုလာပါတယ်။ — တစ်ကယ်လို့သာ(Inflammation)ကိုပြန်လည်မလျော့နည်းမပြေပျောက်စေ နိုင်ဘူးဆိုရင်တော့အဆုတ်နဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုဗိုင်းရပ်စ်ကဖျက်ဆီးပြစ်တာကနည်းနည်း(Inflammation)ကြောင့်မိမိရဲ့ခုခံမှု့စနစ်နှင့်(Free radicals)အဆိပ်အတောက်တွေဖျက်ဆီးတာကများများဖြစ်လာပြီး၊ဗိုင်းရပ်စ်ကိုယ်တိုင်ဖျက်ဆီးနိုင်တာထက်ကိုအဆပေါင်းများစွာပိုပြီးတော့ပျက်စီးသွားစေပါတော့တယ်။ — ဥပမာပေးရရင်၊မြို့ထဲကိုသူပုန်တွေလေးငါးယောက်လောက်ဝင်လာလို့စစ်တပ်ကပြန်ပြစ်တယ်ဆိုရင်ကြောက်အားလန့်အားနဲ့မဲမဲမြင်ရာလိုက်ပြစ်နေလို့မရပဲနည်းဗြူဟာကျကျနဲ့စနစ်တကျတုံ့ပြန်တတ်ရပါတယ်။တစ်ကယ်လို့သာသူပုန်တွေအားလုံးအကုန်သေကုန်ပြီးနောက်၊စစ်တပ်ကတပ်လှန့်သွားပြီး၊အပြစ်အခတ်မရပ်နားတော့ပဲ၊မဲမဲမြင်ရာအရပ်ရှစ်မျက်နာကိုတစ်ညလုံးလက်နက်ကြီးတွေနဲ့လျှောက်ပြစ်နေမယ်ဆိုရင်တော့မနက်လင်းလာတာနဲ့တစ်မြိုလုံးမီးလောင်ပြာကျသွားပါလိမ့်မယ်။ဒီနေရာမှာမြို့ကိုဖျက်ဆီးလိုက်သူတွေဟာသူပုန်မဟုတ်တော့ပဲစစ်တပ်ဖြစ်သွားပါလိမ့်မယ်။နိုင်ငံရေးမပါ၊ဥပမာသာလျှင်ဖြစ်ပါသည်။ — ဒီဥပမာလိုပါပဲ၊ခန္ဓာကိုယ်ရဲ့ခုခံမှု့စနစ်ဟာ(Inflammation)ကြောင့်အလွန်ရန်လိုဖေါက်ပြန်ပျက်စီးသွားပြီး(Free radicals)တွေကိုလိုအပ်သည်ထက်ပိုမိုထုတ်လုပ်ကာ(cytokine storm)ဖြစ်ပေါ်လာစေပြီးအဆုတ်အပါအဝင်သွေးကြောတွေ၊ခန္ဓာကိုယ်ကအင်္ဂါအစိတ်အပိုင်းတွေကို(Virus)တွေဖျက်ဆီးတာထက်အဆပေါင်းများစွာပြန်၍ဖျက်ဆီးပြစ်ပါတော့တယ်။ — (cytokine storm)ဟာသွေးကြောတွေကနေတစ်ဆင့်တစ်ကိုယ်လုံးကိုပျံနှံ့သွားပြီးတစ်ကိုယ်လုံးမှာ(systemic inflammation)တွေဖြစ်ပြီးတော့သွေးကြောနံရံတွေကိုပါဖျက်ဆီးပြစ်ပြီးသွေးကြောတွေကိုပေါက်ပြဲယိုစိမ့်စေတဲ့အပြင်(Septic …

လူသတ်တရားခံ၊ရောင်ရမ်းမှု့(Inflammation) Read More »

Shopping Cart