Uncategorized

Donations (Men & Women Vitamins A to Z)

Source from Kelvin A. Power’s Facebook on October 11, 2020 လောလောဆယ်အလှူပစ္စည်းတွေကုန်သွားပြီးတော့အော်ဒါနဲ့ပါမလာမှာကို၊မရလိုက်မှာကိုတော့မပူကြပါနဲ့။လူတိုင်းရကြမှာပါ။အရင်ထုတ်ပိုးထားပြီးသားအော်ဒါတွေကလွဲလို့နောက်ပိုင်းအသစ်ထပ်ထုတ်ရတဲ့အော်ဒါတွေမှာအားလုံးပါအောင်ထည့်ပေးခိုင်းထားပါတယ်။ထုတ်ပိုးပြီးသားအော်ဒါတွေကြတော့အထုတ်ပြန်ဖြေဖို့မလွယ်သလို၊(Delivery)ကုမ္မဏီတွေကိုပေးပြီးသားအော်ဒါတွေမှာတော့အလှူပစ္စည်းတွေပါလာနိုင်မှာမဟုတ်ပါဘူး။ — အော်ဒါအသစ်တွေမှာလူတိုင်းစေ့ကိုထည့်ပေးဖို့ကျွန်တော်မှာထားပါတယ်။တချို့ဆိုရင်ဗူးအရေအတွက်ပိုများများပါလာပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဝယ်သူတွေရဲ့ငွေကနေရတဲ့အမြတ်အစွန်းအစိတ်အပိုင်းကနေပြန်ပြီးဖဲ့လှူရတာဖြစ်လို့၊အော်ဒါပမာဏအပေါ်မှာမူတည်ပြီးတချို့ဗူးများချင်များပါလိမ့်မယ်။ဒါပေမယ့်လူတိုင်းစေ့မှာတော့အနည်းဆုံးတစ်ဗူးတော့ပါလာပါလိမ့်မယ်။အော်ဒါအသစ်တွေကိုပဲပြောတာပါ။အရင်ကမှာပြီး၊ထုတ်ပိုးပြီးသားတွေမှာတော့ပါလာမှာမဟုတ်ပါဘူး။ — အခုလို(COVID)အချိန်မှာခန္ဓာကိုယ်ရဲ့ခုခံအား(Immune System)ကောင်းဖို့ဆိုတာအလွန်အရေးကြီးနေပါတယ်။ပုံမှာဖေါ်ပြထားတဲ့ဗီတာမင် (Multivitamins)အစုံအလင်တွေနဲ့သတ္တုဓါတ်(Minerals)မျိုးစုံတွေဆိုတာလူတိုင်းမှာမရှိမဖြစ်လိုအပ်နေပါတယ်။ဒီဗီတာမင်တွေနဲ့သတ္တုဓါတ်တွေထဲကတစ်ခုခုချွတ်ယွင်းသွားရင်၊ခုခံမှု့အားကိုလျော့နည်းပျက်စီးစေနိုင်ပါတယ်။ဒါကြောင့်(Men & Women Multivitamins)ဆေးပုလင်းတွေကိုလူတိုင်းအတွက်လိုအပ်နေလို့လှူဒါန်းပေးရခြင်းဖြစ်ပါတယ်။ — ဒီဆေးပုလင်းတွေကိုမြန်မာပြည်ပို့ထားတာ(၂)ကြိမ်ရှိပါပြီ။အခု(၃)ကြိမ်မြောက်ထပ်ပို့ဖို့ကျိုးစားနေပါတယ်။ဒီတတိယအကြိမ်ပို့ပြီးရင်၊(Vitamin D)အစရှိတဲ့၊တခြားအရေးကြီးတဲ့ဆေးတွေအလှူပစ္စည်းအနေနဲ့ထပ်ထုတ်ပြီးထပ်ပို့ဖို့ကျိုးစားနေပါတယ်။ — အလှူပစ္စည်းအသစ်တွေကိုအလျဉ်းသင့်သလိုထပ်ထပ်ပြီးပို့ပေးနေပါမယ်။နောက်ပိုင်းအော်ဒါတွေမှာအလှူပစ္စည်းတွေထဲကတမျိုးမျိုးတော့ပါလာပါလိမ့်မယ်။နောက်ပိုင်းဘာတွေပါလာမလဲတော့တိတိကျကျမပြောနိုင်သေးပါ။သေချာသိတော့မှထပ်တင်ပေးပါဦးမယ်။ဒီတစ်ခေါက်တော့(Men & Women Multivitamins)ဆေးတစ်မျိုးပါလာပါလိမ့်မယ်။ — အားလုံးဘေးရန်ကင်း၍ကျန်းမာကြပါစေ။ Kelvin Albert Power

ဆရာကြီး(Anthony Stephen Fauci)ကိုယ်တိုင်က(COVID)ရောဂါကာကွယ်ထားနိုင်ရအောင်(Vitamin D နဲ့ Vitamin C Supplement)တွေကိုအားကိုးတကြီးနဲ့သောက်သုံးနေရတယ်

Source from Kelvin A. Power’s Facebook on October 10, 2020 (NIH)မှာရာထူးအမျိုးမျိုးနဲ့နှစ်ပေါင်း(၅၀)ကျော်လောက်လုပ်ခဲ့၊လက်ရှိလဲလုပ်နေပြီး၊(USA)မှာအတော်ဆုံးဖြစ်နေလို့(Ronald Reagan)လက်ထက်ကတည်းက(advisor)ရာထူးခန့်အပ်ထားခြင်းခံခဲ့ရပြီး၊အခုလက်ရှိလဲ(NIH)ရဲ့(NIAID)မှာ (Director)အဖြစ်နဲ့(1984)ကတည်းကနေအခုထက်ထိဆက်လက်လုပ်ကိုင်နေတဲ့၊တကယ့်စီနေရာဆရာ့၊ဆရာကြီး(Anthony Stephen Fauci)ကိုယ်တိုင်ကသူ့ကိုယ်သူ(COVID)ရောဂါကနေကာကွယ်ထားနိုင်ရအောင်(Vitamin D နဲ့ Vitamin C Supplement)တွေကိုအားကိုးတကြီးနဲ့သောက်သုံးနေရတယ်ဆိုတော့။ — (Anthony Stephen Fauci)ဆိုတာအမေရိကန်တနိုင်ငံလုံးမှာရော၊တစ်ကမ္ဘာလုံးမှာပါ၊ကူးစက်ရောဂါတွေအကြောင်းနဲ့၊ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်အကြောင်းအသိဆုံး၊အတတ်ဆုံး၊အတော်ဆုံး(immunologist )ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်တယ်လို့ဆိုရင်မမှားနိုင်ပါဘူး။ဒီလိုပုဂ္ဂိုလ်ကြီးကတောင်(Vitamin D)နဲ့(Vitamin C Supplement)တွေကိုသူကိုယ်တိုင်အားကိုးတကြီးသောက်နေရပါတယ်ဆိုတော့။ — မြန်မာပြည်က(Vitamin D)နဲ့(Vitamin C Supplement)တွေသောက်တာဘာမှအကျိုးမရှိဘူး၊(Vitamin D)နဲ့(Vitamin C Supplement)တွေသောက်လို့ခုခံအားအတွက်လဲအသုံးမဝင်ဘူး၊(COVID)အတွက်လဲဘာမှအထောက်အကူမရနိုင်၊မပြုနိုင်ဘူးလို့ပြောနေကြတဲ့လူတွေရဲ့ပညာအရည်အချင်းအဆင့်အတန်းဟာ(Mr. Fauci)ရဲ့ပညာအဆင့်အတန်းနဲ့သွားယှဉ်ကြည့်လိုက်မယ်ဆိုရင်(ရှင်ဘုရင်နဲ့ခွေးလောက်၊နံ့သာဆီနှင့်အီးလောက်ကို)ကွာခြားပါတယ်။အဲဒါကိုတော့နားလည်ဖို့လိုပါတယ်။နားမယောင်မိကြဖို့လိုပါတယ်။ — အရူးတွေပြောတိုင်းမယုံကြပါနှင့်၊ကိုယ်တိုင်ဉာဏ်ပညာနဲ့ဆုံးဖြတ်ပါ။ဆေးပညာလောကမှာ၊ကမ္ဘာမှာအတော်ဆုံးအတတ်ဆုံးဖြစ်တဲ့(Mr. Fauci)ကိုယ်တိုင်တောင်(COVID)အတွက်(Vitamin D နဲ့ Vitamin C)ကိုကိုယ်တိုင်သောက်ထားပြီးအားကိုးနေရသေးတယ်ဆိုရင်၊မြန်မာနိုင်ငံသားတွေအတွက်(Vitamin D)နဲ့(Vitamin C )ကိုသောက်သင့်မသောက်သင့်ဉာဏ်နဲ့စဉ်းစားပါ။ — အမှန်အတိုင်းပြောရရင်၊တစ်ချို့တွေဟာ၊သူတပါးအောင်မြင်နေတာ၊လူတွေရဲ့ယုံကြည်လေးစားမှု့တွေခံနေရတာတွေကိုမနာလိုလို့တမင်လိုက်ပြီးဝေဖန်တိုက်ခိုက်နေကြတာပါ။ဒါပေမယ့်ဒီလိုမနာလိုစိတ်ထားနဲ့၊စိတ်ထားညံ့ကြတဲ့လူတစ်စုကြောင့်အပြစ်မဲ့တဲ့မြန်မာပြည်သူတွေဟာ(Vitamin D နဲ့ Vitamin C)ဟာ(COVID)အတွက်ဘာမှအကျိုးကျေးဇူးမရှိဘူးလို့အမှားထင်မြင်သွားရင်၊ချို့တဲ့သွားကြရင်၊အသက်တွေအများကြီးဆုံးရံှုးသွားစေနိုင်ပါတယ်။ — ရှင်းရှင်းပြောရရင်၊ဒီလူတွေဟာလူသတ်နေကြတာပါပဲ။ကိုယ့်အသက်ကိုအသိဉာဏ်စောင့်ပါတယ်။ဒီလောက်ဆိုရင်(Mr. …

ဆရာကြီး(Anthony Stephen Fauci)ကိုယ်တိုင်က(COVID)ရောဂါကာကွယ်ထားနိုင်ရအောင်(Vitamin D နဲ့ Vitamin C Supplement)တွေကိုအားကိုးတကြီးနဲ့သောက်သုံးနေရတယ် Read More »

(COVID-19)စပိန်သုတေသနနှင့်(Bradykinin Storm)အကြောင်း။

Source from Kelvin A. Power’s Facebook on October 10, 2020 (COVID-19)စပိန်သုတေသနနှင့်(Bradykinin Storm)အကြောင်း။ — (Vitamin D High Dose)ကြောင့်၊(COVID-19) သေပျောက်နှုန်း(0%)အထိကျဆင်းသွားရတဲ့စပိန်သုတေသနအကြောင်းကိုတနိုင်ငံလုံး(လူတိုင်း)မသိရင်အပြစ်မဲ့တဲ့အသက်တွေထပ်ပြီးရာထောင်ချီဆုံးရံှုးကြရဦးမယ်။လူတိုင်းသိအောင်လုပ်ကြဖို့လဲလိုအပ်နေပြီ။ — (The Journal of Steroid Biochemistry and Molecular Biology)မှာပါတဲ့(Reina Sofia University Hospital, Córdoba Spain)ကလုပ်တဲ့၊စပိန်နိုင်ငံရဲ့(COVID-19)သုတေသနကိုအကျာဉ်းချုပ်ကလေးပဲပြောပါမယ်။အသေးစိတ်သိချင်ရင်ကိုယ်တိုင်သွားဖတ်လိုက်ကြပါ။အောက်မှာ(Link)ပေးထားပါတယ်။ Reference: https://www.sciencedirect.com/…/pii/S0960076020302764? — အကျဉ်းချုပ်ပြောရရင်၊စပိန်နိုင်ငံကဆေးရုံတစ်ခုမှာ(COVID-19)ဖြစ်နေတဲ့လူနာတွေကိုအုပ်စုနှစ်စုခွဲပြီးဆေးကုကြတယ်။ပထမအုပ်စုကို(Vitamin D)လုံးဝမပေးပဲဆေးကုကြည့်တယ်။ — နောက်အုပ်စုကို(Cholecalciferol Vitamin D3 =106,400 IU/day)နဲ့အားခြင်းညီမျှတဲ့၊(Active form 25OHD, calcifediol)ကိုနေ့စဉ်(၃)ရက်ဆက်တိုက်ပေးပြီးကုတယ်။ကျန်ရက်တွေမှာ(D3= 53,200 IU/day)နဲ့ညီမျှတဲ့(25OHD calcifediol)ကိုဆက်ပေးပြီးကုပါတယ်။တစ်ပါတ်အတွင်းမှာလူနာတစ်ယောက်စီကို(Vitamin D3) ငါးသိန်း၊သုံးသောင်းနှစ်ထောင်(IU)နဲ့ညီမျှတဲ့(calcifediol)ပေးပြီးကုပါတယ်။ — သူတို့ပေးတဲ့(Vitamin D)ဟာအပြင်းစား(Active form …

(COVID-19)စပိန်သုတေသနနှင့်(Bradykinin Storm)အကြောင်း။ Read More »

ဆေးလှူပေးရမယ်ဆိုရင်ဘာကိုမှမကြောက်ဘူးဆိုတဲ့ Ko Titan Aung ရဲ့ပရဟိတစိတ်ဓါတ်

Source from Kelvin A. Power’s Facebook on October 8, 2020 ဆေးလှူပေးရမယ်ဆိုရင်ဘာကိုမှမကြောက်ဘူးဆိုတဲ့ Ko Titan Aung ရဲ့ပရဟိတစိတ်ဓါတ်ကတော့စံထားလောက်ပါတယ်။ – ကျွန်တော့်အနေနဲ့ Ko Titan Aung ရဲ့ပရဟိတစိတ်ဓါတ်ကိုချီးကျူးဂုဏ်ယူပါတယ်။ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်ဆေးလှူဖို့အတွက်ဆိုရင်ကူညီချင်တယ်ဆိုတာသိရတော့လေးစားမိပါတယ်။ Ko Titan Aung အနေနဲ့အရင်တုံးကဆေးတစ်ကယ်လိုအပ်သူတွေကိုတောက်လျှောက်လုပ်အားဒါနနဲ့လှူပေးနေတာကိုလဲကျေးဇူးအထူးတင်ပါတယ်။ – ဒါပေမယ့်အခုအချိန်ကကျွန်တော့်အနေနဲ့အကူအညီတောင်းသင့်မတောင်းသင့်သေချာစဉ်းစားရမယ့်အချိန်ဖြစ်နေပါတယ်။ကျွန်တော်တို့တွေဆေးလှူပေးလိုက်လို့၊တကယ်လိုအပ်နေသူတွေအကျိုးရှိသွားတာတွေကတော့အများကြီးရှိခဲ့ပါတယ်။ — ဒါပေမယ့်ခက်တာကတဖက်ကလဲကျွန်တော်တို့ရဲ့ပရဟိတလုပ်ငန်းတွေကိုမနာလိုစိတ်နဲ့ဖျက်လိုဖျက်ဆီးအပုတ်ချအနှောင့်အယှက်ပေးနေတဲ့လူတချို့တွေလဲရှိနေပါတယ်။ဆေးလှူပေးလို့မတော်တဆတစ်ခုခုမှားယွင်းသွားလို့၊တယောက်ယောက်ကို(COVID)ရောဂါအကူးစက်ခံရမယ်ဆိုရင်၊အပြစ်တင်၊အပုတ်ချနေကြတဲ့လူတွေရဲ့ပြောစရာကဲ့ရဲ့စရာတွေဖြစ်သွားပါလိမ့်မယ်။ — အချိန်တန်လို့ဘေးကင်းပြီဆိုတဲ့အချိန်ကြရင်တော့ Ko Titan Aung ကိုဆေးတွေပြန်ပြီးဖြန့်ဝေပေးဖို့အကူအညီလိုရင်ပြန်ပြီးထပ်တောင်းပါ့မယ်။အခုလောလောဆယ်တော့ဆေးဝယ်တဲ့(Customers)တွေဆီကိုအလှူပစ္စည်းလေးတွေအချိုးကျကိုယ်စီထည့်ပေးလိုက်ရုံနဲ့တင်၊သူတို့စိတ်ကြိုက်ပြန်ပြီးလှူဒါန်းပေးနိုင်လို့ဘေးကင်းစွာနဲ့အလှူတွေအထမြောက်ပြီးမြောက်သွားမှာဖြစ်လို့အခုအချိန်မှာဒီနည်းဟာအကောင်းဆုံးနည်းလေးဖြစ်နေပါတယ်။ — ဒီနည်းလေးကရန်ကုန်မန္တလေးမြို့ကြီးနှစ်မြို့တင်မကပဲ၊(Delivery)ခအပိုမကုန်တော့ပဲ၊နယ်စုံကလိုအပ်သူတွေဆီကိုရောက်နိုင်တဲ့နည်းဖြစ်တဲ့အပြင်၊အန္တရာယ်လဲကင်းလို့လောလောဆယ်တော့အကောင်းဆုံးပါပဲ။နောက်ပိုင်းမှာဒီထက်ပိုကောင်းပြီး၊ပိုထိရောက်တဲ့နည်းရှိရင်ထပ်ပြီးတမျိုးပြောင်းချင်ပြောင်းလို့ရပါတယ်။ — အားလုံးကိုနောက်တစ်ခုပြောချင်တာက၊ဝယ်သူ(Customers)တွေကိုထည့်ပေးတဲ့အလှူပစ္စည်းလေးတွေကိုမိမိတို့နီးစပ်ရာပြန်လည်လှူပေးကြဖို့အကူအညီတောင်းတော့၊အားလုံးကဝမ်းသာပြီးသာဓုတွေခေါ်နေကြပါတယ်။အဲဒီလိုကူညီပြီးလှူဒါန်းပေးမယ့်ကိစ္စကိုကျွန်တော့်အနေနဲ့အထူးကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။ — အခွင့်ကြုံရင်လှူနိုင်ဖို့မြန်မာပြည်ကိုအလှူပစ္စည်းတွေအကြိမ်ကြိမ်ပို့ထားပြီးသားတွေလဲရှိနေပါတယ်။အဲဒီပစ္စည်းတချို့တွေလဲရန်ကုန်ကိုအရင်လကတည်းကရောက်နှင့်နေပါပြီ။လှူဖို့အစီအစဉ်နဂိုကထဲကရှိထားပေမယ့်၊(Covid)ကာလအတွင်းမှာအန္တရာယ်ကင်းအောင်ဘယ်လိုလှူရမလဲဆိုတာစဉ်းစားမရဖြစ်နေတာနဲ့အချိန်တွေကြာသွားရတာပါ။ — ဒီကြားထဲမှာအလုပ်တွေကမနိုင်၊(Delivery)တွေကပိတ်နဲ့ဆိုတော့အလုပ်ရှုပ်ပြီးအလှူကိစ္စကို၊မစီစဉ်နိုင်တဲ့အပြင်၊အရောင်းတောင်ယာယီပိတ်ထားလိုက်ရပါတယ်။အခုဆေးဝယ်သူ(Customers)တွေကသူတို့နဲ့ထည့်ပေးလိုက်ရင်တဆင့်ပြန်လှူပေးမယ်လို့သိရတော့အလွန်ဝမ်းသာပြီးကျေးဇူးအထူးတင်ပါတယ်။ဒီလိုခင်ဗျားတို့တွေတစ်ကယ်ကူညီမယ်ဆိုရင်၊အကြောင်းတခုကြောင့်ရပ်ထားလိုက်ရတဲ့၊ကျွန်တော်အရမ်းလုပ်ချင်တဲ့ပရဟိတလုပ်ငန်းတွေပြန်ပြီးစလို့ရပြီပေါ့ဗျာ။ — ကိုယ်လုပ်ချင်တာအန္တရာယ်ကင်းစွာနဲ့လုပ်လို့ရတဲ့နည်းလမ်းရသွားတော့၊ကျွန်တော်လဲနောက်ထပ်ဆေးဗူးတွေလုံလောက်အောင်ထပ်ပို့ပေးနိုင်ဖို့စီစဉ်ရတော့မှာဖြစ်ပါတယ်။အခုတော့(Multivitamin)ဆေးဗူးတွေကိုစပြီးလှူဒါန်းပေးပါမယ်။ဒီတစ်မျိုးပြီးရင်၊တစ်ခြားအမျိုးအစားတွေကိုထပ်ပြီးလှူနိုင်ဖို့၊အလှူပစ္စည်းတွေထပ်ပြီးထုတ်လုပ်နိုင်ဖို့စီစဉ်ရပါတော့မယ်။ — ဖါးအောက်ဆရာတော်ဘုရားကြီးဟောထားတဲ့စကားရှိပါတယ်။လှူတယ်ဆိုရင်၊ဘာပဲလှူလှူပြစ်စလက်ခမလှူပဲ၊ကောင်းကောင်းမွန်မွန်ပြင်ဆင်ပြီးလှူတာဟာပိုပြီးအကျိုးကြီးပါတယ်လို့ဆရာတော်ကြီးသေချာဟောထားပါတယ်။ — ဒါကြောင့်မို့(American Best)ကလှူမဲ့ဆေးတွေဟာ၊သက်တန်းကုန်နေတဲ့ပစ္စည်းတွေ၊မကောင်းတဲ့ပစ္စည်းတွေမဟုတ်ပဲ၊ပစ္စည်းကောင်း၊ပစ္စည်းအသစ်တွေဖြစ်တဲ့အပြင်၊ဗူးနဲ့သေချာထည့်၊တံဆိပ်ကပ်ပြီးစနစ်တကျမပျက်စီးအောင်သေသေချာချာ၊လုံခြုအောင်ထုတ်လုပ်ပေးဖို့လဲလိုအပ်ပါတယ်။ဒီအတွက်အချိန်တွေတော့ပေးရပါလိမ့်မယ်။(Covid)ကာလမှာပစ္စည်းမှာရဝယ်ရတာလဲအဆင်မပြေသလိုအလုပ်သမားတွေလဲအလုပ်နားကြလို့၊အလုပ်လုပ်ရတာလဲထင်သလောက်ခရီးမရောက်ပါဘူး။ — အခုပြန်လှူပေးမယ့်သူတွေရှိလာပြီဆိုတော့ကျွန်တော့်တာဝန်ကအလှူဆေးဗူးတွေများများထုတ်ပေးနိုင်အောင်ကျိုးစားရတော့မယ်ဆိုတော့ဒီကြားထဲအလုပ်နည်းနည်းတော့ထပ်ပြီးရှုပ်နေဦးမယ်။ဒါပေမယ့်ဘာဆေးတွေဘယ်ကိုပို့ပြီးပြီ၊ဘာတွေအဆင်သင့်လှူဖို့ထပ်ရှိနေပြီဆိုတာတွေကိုတော့မကြာခဏ(Update)လုပ်ပြီးတင်ပေးပါမယ်။ — ဝိုင်းလှူပေးကြမယ်လို့ကြားရလို့၊အလွန်ဝမ်းသာပြီး၊အားလုံးကိုကျေးဇူးအထူးတင်ကြောင်းထပ်ခါထပ်ခါပြောပါရစေ။ကျေးဇူးအထူးတင်ပါတယ်။အားလုံးကျန်းမာ၍ဘေးရန်ကင်းရှင်းကြပါစေ။ Kelvin …

ဆေးလှူပေးရမယ်ဆိုရင်ဘာကိုမှမကြောက်ဘူးဆိုတဲ့ Ko Titan Aung ရဲ့ပရဟိတစိတ်ဓါတ် Read More »

Donations (Men & Women Vitamin A to Z)

Source from Kelvin A. Power’s Facebook on October 7, 2020 ဆေးလှူဒါန်းခြင်းသည်အလွန်မြင့်မြတ်သောအလှူတစ်ခုဖြစ်သည်။ သူတပါးကျန်းမာရေးအတွက်ဆေးလှူဒါန်းတယ်ဆိုတာဗုဒ္ဓဘာသာဝင်တွေအတွက်ပဲမြင့်မြတ်တဲ့အလှူတစ်ခုလို့မဆိုလိုပါဘူး။ဘယ်ဘာသာဝင်ဖြစ်ဖြစ်၊ဘာသာရှိရှိ၊မရှိရှိ၊ဆေးအလှူဆိုတာကောင်းတဲ့အလှူ၊အကျိုးရှိတဲ့အလှူဆိုတာလူတိုင်းနားလည်ပြီးသားပါ။ဘာသာတိုင်းက(God)တိုင်းကလဲ၊ဒီလိုအလှူမျိုးကိုကောင်းချီးပေးပါတယ်။ — အခုလို(COVID)အချိန်မှာခန္ဓာကိုယ်ရဲ့ခုခံအား(Immune System)ကောင်းဖို့ဆိုတာအလွန်အင်မတန်မှကိုအရေးကြီးနေပါတယ်။ပုံမှာဖေါ်ပြထားတဲ့ဗီတာမင်အစုံအလင်(Multivitamins)တွေနဲ့သတ္တုဓါတ်(Minerals)မျိုးစုံတွေဆိုတာလူတိုင်းမှာမရှိမဖြစ်လိုအပ်နေပါတယ်။ဒီဗီတာမင်တွေနဲ့သတ္တုဓါတ်တွေထဲကတစ်ခုခုချွတ်ယွင်းသွားရင်၊ခုခံမှု့အားကိုလျော့နည်းပျက်စီးစေနိုင်ပါတယ်။ဒီအကြောင်းအချက်ကြောင့်(Men & Women Multivitamins)ဆေးပုလင်းတွေကိုဒီအချိန်မှာလှူဒါန်းပေးဖို့ကျွန်တော်ဆုံးဖြတ်ထားပါတယ်။ — (COVID19)ဖြစ်လာတော့(American Best)ကအရင်လိုဆေးမလှူနိုင်တော့ပဲရပ်ထားနေရပါတယ်။အခက်အခဲကဘာတွေလဲဆိုတော့၊ဆေးသီးသန့်လှူပေးဖို့ဘယ်သူ့ကိုမှလဲအကူအညီထပ်မတောင်းချင်တော့ဘူး။အရင်လှူပေးနေကြအကိုတစ်ယောက်ကိုလဲအကူအညီထပ်မတောင်းချင်တော့ဘူး။ဘာကြောင့်လဲဆိုတော့၊ဒီရောဂါပိုးကဘယ်သူ့ဆီမှာရှိနေပြီဆိုတာရောဂါလက္ခဏာမပြလို့ဘယ်လိုမှမသိနိုင်တာ။ — (COVID19)အချိန်မှာဆေးအလှူတွေဖြန့်ဖြူးပေးရတယ်ဆိုတာကလဲလူပေါင်းစုံနဲ့တွေ့ရတာမဟုတ်လား၊မတော်တဆေးလှူရင်းနဲ့တစ်ယောက်ကိုတစ်ယောက်ကူးစက်သွားမယ်ဆိုရင်၊ကောင်းစေချင်လို့၊ကောင်းတာလုပ်နေရင်းနဲ့၊ကောင်းကျိုးမရပဲ၊ဆိုးကျိုးတွေဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်အလှူတွေကိုရပ်တန့်ထားခဲ့ရတာအတော်ကြာနေပါပြီ။ — ဒါပေမယ့်ဆေးမလှူပဲဒီလိုရေရှည်ရပ်ထားလို့လဲမဖြစ်ပြန်ဘူး၊(Covid)မကူးစက်နိုင်တဲ့နည်းလမ်းတစ်ခုရှာဖွေပြီးပြန်ကိုလှူရတော့မယ်။နောက်တစ်ခုကအရင်တုံးကဆေးလှူရင်ရန်ကုန်တစ်မြို့ထဲပဲအများဆုံးလှူဖြစ်နေတယ်။ကျန်တဲ့နယ်မြို့တွေကလူတွေကြတော့ဆေးအလှူခံနိုင်တဲ့အခွင့်အရေးမရနိုင်ခဲ့ကြပါဘူး။နယ်မြို့တွေအထိလက်လမ်းမှီနိုင်တဲ့နည်းလမ်းသစ်တစ်ခုလဲစဉ်းစားရပါတော့မယ်။ — အရင်ကတော့ကိုပြည်ဟိန်းထက်တစ်ယောက်ထဲမနိုင်မနင်းဖြစ်နေတော့၊အလှူကိစ္စအတွက်လဲသူ့ကိုမခိုင်းချင်ဘူး။အခုမသန္တာဆွေကဝင်ရောက်ပြီးလုပ်အားပေးတယ်ဆိုတော့နှစ်ယောက်ဖြစ်သွားပြီ၊အဲဒီလိုလူနှစ်ယောက်ဖြစ်သွားပြီဆိုတဲ့အကျိုးကတော့အလှူလုပ်ငန်းတွေပြန်စလို့ရသွားတာပေါ့။ဒီအကျိုးကျေးဇူးဟာဝင်ရောက်လုပ်အားပေးသူတင်မကပဲလူတိုင်းအတွက်အကျိုးကျေးဇူးရတော့မှာပါ။ — အခြေအနေတစ်ရပ်ကြောင့်၊အရင်ကလိုလူတစ်ဦးချင်းတွေ့ဆုံပြီးဆေးလှူရတဲ့နည်းလမ်းကိုမသုံးတော့ပဲ၊လူခြင်းလဲတွေ့စရာမလိုတဲ့နည်း၊တစ်ယောက်ခြင်းစီကိုလဲအရင်ကလို(Group)ထဲမှာစာရင်းကောက်ပေးနေစရာမလိုတော့ပဲအသံတိတ်နည်းနဲ့အလှူဖြစ်မြောက်စေမယ့်နည်းအသစ်တစ်ခုနဲ့ပဲလှူရပါတော့မယ်။အဓိကလိုချင်တာကကိုယ်လှူတဲ့ဆေးကလိုအပ်သူတွေကိုကောင်းကျိုးပြုနိုင်ဖို့ပဲလေ၊လှူတယ်ဆိုတာလူသိစရာမှမလိုတာ၊အသံတိတ်လှူလဲအလှူဖြစ်တာပဲမဟုတ်လား?။ — နောက်တစ်ခုက၊ဒီအလှူတွေအတွက်၊အလှူရှင်တွေဆိုတာကလဲတစ်ခြားလူတွေမဟုတ်ပါဘူး။(American Best)မှာအမြဲဆေးဝယ်သုံးနေတဲ့(customers)တွေဖြစ်နေကြတဲ့(ဝယ်ယူသူ)ခင်ဗျားတို့တွေပါပဲ။ဘာကြောင့်ဒီလိုဆိုရသလဲဆိုတော့ခင်ဗျားတို့တွေဆီကရတဲ့အမြတ်အစွန်းရဲ့၊တချို့တဝက်ကိုပြန်ပြီးဖဲ့လှူတာမဟုတ်ဘူးလား?။ခင်ဗျားတို့ဆီကရတဲ့အမြတ်အစွန်းမပါပဲကျွန်တော်တစ်ယောက်ထဲအိပ်စိုက်လှူမယ်ဆိုရင်ရေရှည်ဘယ်လိုရပ်တည်နိုင်မှာလဲ။ — အဓိကပြောချင်တာက(American Best)မှာဆေးဝယ်နေသူတွေဟာ၊အဓိကအလှူရှင်တွေဖြစ်နေကြပါတယ်။ဒါကြောင့်ခင်ဗျားတို့ကိုအကူအညီတစ်ခုတောင်းချင်ပါတယ်။(အကူအညီတောင်းတော့မယ်ဆိုတော့အားလုံးက၊ဆရာကတော့၊ငါတို့ကိုအလှူများခံတော့မလား၊ဒါမှမဟုတ်ငါတို့မအားရတဲ့ကြားထဲက၊မလုပ်ပေးနိုင်တာတခုခုခိုင်းဦးမလားဆိုပြီးတော့လန့်ကုန်ကြပါဦးမယ်။)မလန့်ကြပါနဲ့အလှူငွေလဲမကောက်ခံပါဘူး။မလုပ်နိုင်တဲ့အပန်းကြီးတဲ့ကိစ္စလဲမခိုင်းပါဘူး။ခင်ဗျားတို့တွေကိုကုသိုလ်တွေအပြည့်အဝရအောင်ပေးချင်တဲ့စေတနာစိတ်နဲ့ဒီလိုအကူအညီတောင်းခံတာပါပဲ။ — ဆိုလိုချင်တာကခင်ဗျားတို့တွေဆေးဝယ်လိုက်လို့ရလာတဲ့အမြတ်အစွန်းကနေပြန်လှူနေတာဖြစ်လို့၊ခင်ဗျားတို့တွေရဲ့ကိုယ်ပိုင်အလှူဝတ္တုပစ္စည်းတွေဆိုရင်လဲမမှားပါဘူး။ခင်ဗျားတို့တွေရဲ့ကိုယ်ပိုင်အလှူဝတ္တုပစ္စည်းတွေကိုပိုင်ရှင်တွေဖြစ်ကြတဲ့ခင်ဗျားတို့ကိုယ်တိုင်လက်နဲ့ကိုင်ပြီး၊အလိုရှိတဲ့နေရာ၊အလိုရှိတဲ့သူတွေဆီကိုကိုယ်တိုင်ပြန်ပြီးလှူစေချင်ပါတယ်။ဥစ္စာရှင်ကိုယ်တိုင်လက်နဲ့ထိတွေ့ပြီးပြန်လှူတာကတော့(ကာယကံ၊ဝစီကံ၊မနောကံ)ဆိုတဲ့ကံကြီးသုံးပါးစလုံးစုံညီနေအောင်ပါဝင်သွားပြီဆိုတော့၊သူများလှူပေးတာနဲ့စာရင်ပိုပြီးကုသိုလ်တန်ဖိုးအဆပေါင်းများစွာကြီးမားသွားနိုင်ပါတယ်။ — ကျွန်တော်လုပ်ချင်တဲ့အစီအစဉ်က၊လူခြင်းလဲတွေ့စရာမလို၊ရန်ကုန်တစ်မြို့ထဲလဲမဟုတ်တော့ပဲ၊နယ်မြို့တွေကိုပါစုံစေ့အောင်ရောက်နိုင်တဲ့နည်းနဲ့လှူပေးချင်ပါတယ်။အဲဒီအစီအစဉ်ကဘယ်လိုလဲဆိုတော့(American Best)ကနေဆေးမှာဝယ်ယူသူတွေကိုအလှူပစ္စည်းတွေ(အချိုးကျ)ထည့်ပေးလိုက်ချင်လို့ပါပဲ။ခင်ဗျားတို့ဝယ်တဲ့ပစ္စည်းတွေနဲ့အတူကျွန်တော်လှူချင်တဲ့ပစ္စည်းတွေပါထည့်ပေးပါရစေ။ထည့်ပေးခွင့်ပြုပါ။ — ဒီအလှူပစ္စည်းတွေကိုခင်ဗျားတို့ကနေတဆင့်ကြိုက်တဲ့လူတွေကိုပြန်လှူပါ။ဘယ်လိုလူမျိုးကိုလူရမယ်ဆိုတာကျွန်တော်ဘာမှမသတ်မှတ်ထားပါဘူး။ကိုယ့်မိဘတွေ၊မောင်နှမတွေ၊ဆွေမျိုးသားချင်းတွေလိုအပ်ရင်လဲလှူလို့ရပါတယ်။သူငယ်ချင်းမိတ်ဆွေတွေကိုပြန်လှူချင်လဲရပါတယ်။ဘာမှမတော်စပ်၊မသိကျွမ်းတဲ့မရှိဆင်းရဲသူ၊လိုအပ်မည့်သူတွေကိုပြန်လှူချင်လဲရပါတယ်။ဘယ်သူတွေကိုလှူရင်ပိုပြီးကုသိုလ်ရမယ်။အဲဒီလိုလူတွေအတွက်အကျိုးကျေးဇူးရှိမယ်ဆိုတာကတော့ခင်ဗျားတို့အလှူရှင်တွေကိုယ်တိုင်၊ကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်ကြပါ။ — အလှူပစ္စည်းပို့ပေးတယ်ဆိုတာကလဲအနည်းအများတော့ကန့်သတ်မှု့ရှိပါမယ်။ဘာလိုချင်တယ်၊ဘယ်လောက်လိုချင်တယ်ဆိုတာကိုဘယ်သူမှတော့တောင်းပိုင်ခွင့်မရှိပါဘူး။ဘာကြောင့်လဲဆိုတော့တချို့အခွင့်အရေးသမားတွေကဆေးလေးတစ်ပုလင်းလောက်ဝယ်ပြီး၊အလှူပစ္စည်းတွေအများကြီးလိုချင်တာတို့၊ဟိုဟာမလိုချင်ဘူး။ဒီဟာလိုချင်တယ်စသည်ဖြင့်ဂျီးများတာတို့၊စောဒကတက်တာတို့ဖြစ်လာရင်၊အလှူပစ္စည်းထည့်ပေးရတဲ့သူလဲစိတ်ဆင်းရဲရမယ်။ကုသိုလ်ကလဲအလိုလိုအကုသိုလ်ဖြစ်သွားပါလိမ့်မယ်ဆိုတာနားလည်စေချင်ပါတယ်။ — ဘယ်သူ့ကိုဘာတွေထည့်လှူပေးရမယ်။ဘယ်လောက်ထည့်ပေးရမယ်တိုတာ၊ကိုပြည်ဟိန်းထက်မှာဆုံးဖြတ်ပိုင်ခွင့်မရှိသလို၊ကျွန်တော်ကလဲမျက်နှာလိုက်ပြီးတော့ဆုံးဖြတ်ပေးမှာမဟုတ်ပါဘူး။လူအများနဲ့ဆက်ဆံရတဲ့ကိစ္စဖြစ်လို့ကျွန်တော်ကိုယ်တိုင်ထုတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတစ်ခုထားရပါမယ်။ဒါမှသာတရားမျှတပြီး၊အလှူရှင်တွေလဲစိတ်ကျေနပ်ဝမ်းသာမှာဖြစ်ပါတယ်။ — အဓိကထားပြီးထပ်ပြောချင်တာက၊ဒီပစ္စည်းတွေရဲ့အလှူရှင်အစစ်တွေဟာ(American Best)ကဆေးပစ္စည်းတွေဝယ်ယူနေကြတဲ့(ဝယ်ယူသူ)တွေသာဖြစ်ပါတယ်။သူတို့ဝယ်တဲ့ငွေပမာဏထဲကအမြတ်အစွန်းကို၊တစ်ချို့တစ်ဝက်ပြန်ဖဲ့ပြီးလှူရတာဖြစ်ပါတယ်။သူတို့တွေဆီကရတဲ့ငွေကြေးပမာဏနဲ့ဒီအလှူပြန်ပြီးစီစဉ်ပေးရတာဖြစ်လို့ငွေကြေးပမာဏများများဝယ်ယူသူတွေကိုအလှူပစ္စည်းတွေပိုထည့်ပေးပြီး၊ငွေကြေးပမာဏနည်းနည်းပဲဝယ်ယူသူတွေကိုကျတော့အလှူပစ္စည်းတွေကိုလျှော့ထည့်ပေးမှသာလျှင်တရားမျှတပြီးသဘာဝကျပါလိမ့်မယ်။ — ဥပမာပြောရရင်၊(customer)တစ်ယောက်က(ငါးသောင်းကျပ်)ဖိုးဝယ်ယူတယ်ဆိုကြပါစို့။သူ့ငါးသောင်းထဲကအမြတ်တန်ဖိုး(၁)တန်ဖိုးရှိတဲ့ပစ္စည်းတွေကိုပြန်ပြီးလှူဒါန်းပေးရမယ်ဆိုရင်၊တခြားလူတစ်ယောက်ကပထမလူရဲ့ဆယ်ဆ(ငါးသိန်းကျပ်)ဖိုးဝယ်တယ်ဆိုရင်၊အလှူထဲမှာပါဝင်တဲ့သူ့ငွေရဲ့အချိုးအစားကများသွားလို့(၁၀) တန်ဖိုးရှိတဲ့ပစ္စည်းတွေကိုပြန်ပြီးလှူဒါန်းပေးရပါမယ်။ဒါမှတရားမျှတမှာဖြစ်ပါတယ်။ — ဆေးလေးတစ်ပုလင်း၊နှစ်ပုလင်းလောက်ဝယ်ပြီး၊အလှူပစ္စည်းတွေအများကြီးတောင်းလို့မရသလို၊ဆေးတွေအများကြီးဝယ်ရင်လဲမတောင်းပဲနဲ့လဲအလှူပစ္စည်းတွေပိုပြီးထည့်ပေးဖို့ကျွန်တော်တို့မှာတာဝန်ဝတ္တရားရှိနေပါတယ်။သူတို့ဆီကရတဲ့ငွေပမာဏရဲ့အမြတ်အစွန်းအပေါ်မှာမူတည်ပြီးသူတို့တွေကိုပြန်လှူစေနိုင်ဖို့ပစ္စည်းတွေစီစဉ်ပေးရတာဖြစ်လို့ဝယ်တဲ့ငွေပမာဏအနည်းအများအပေါ်မူတည်ပြီးလှူပေးရတဲ့ပစ္စည်းအရေအတွက်ကွာခြားနိုင်ပါတယ်။ဒီလိုလုပ်မှသာလျှင်တရားမျှတမှာဖြစ်ပါတယ်။ — …

Donations (Men & Women Vitamin A to Z) Read More »

Vitamin D

Source from Kelvin A. Power’s Facebook on September 29, 2020 ဟိုဖက်ကကောင်တွေ— ညှောင့်စူးသွားတဲ့သတင်း၊လူတိုင်းမဖတ်လိုက်ရမှာစိုးလို့တင်ပေးလိုက်တာ။သူတို့အတွက်သာညှောင့်စူးတာပါ၊မြန်မာနိုင်ငံသားပြည်သူအားလုံးအတွက်ကတော့တန်ဖိုးမဖြတ်နိုင်တဲ့မင်္ဂလာသတင်းတစ်ပုဒ်ပါပဲ။ – (ပုံကြိုက်သလောက်ယူပါ၊ခွင့်မတောင်းနဲ့၊တောရွာမကျန်လူတိုင်းသိအောင်လိုက်ဖြန့်ပေး၊ကုသိုလ်ရတယ်။လူတိုင်းသိသွားရင်အသက်တွေအများကြီးကိုကယ်တင်ပေးနိုင်လိမ့်မယ်။) – လူတွေကို Vitamin D မသောက်စေလိုတဲ့ဟိုဖက်ကကောင်တွေသိထားဖို့က၊အမှန်တရားဆိုတာမင်းတို့ဖုံးဖိထားလို့မရပါဘူးငါ့ညီတို့ရာ။ – https://www.facebook.com/skynews/posts/4103972406283992?hc_location=ufi https://news.sky.com/…/coronavirus-vitamin-d-reduces…?

(Vitamin D)ဆိုတာ(Covid-19)ကာကွယ်ဆေးလို့မပြောထားဘူး၊(Vitamin D High Dose)ပေးရင်သေပျောက်နှုန်းနည်းသွားတယ်။

Source from Kelvin A. Power’s Facebook on September 22, 2020 (Vitamin D High Dose) သိန်းနဲ့ချီတဲ့(IU) ပေးပြီးကုလိုက်လို့သေပျောက်နှုန်း(0%)အထိကျဆင်းသွားတဲ့(စပိန်သုတေသန)နဲ့၊လူခြောက်သိန်းနီးပါးဆးရုံ(၂၀၀) ကျော်မှာစမ်းသပ်ထားပြီးသေပျောက်နှုန်းလျှော့သွားတဲ့(အစ္စရေးသုတေသန) တွေကိုကြိုက်လို့ထပ်တင်တယ်ကွာ၊ဘာဖြစ်လဲ။ — အပြစ်မဲ့တဲ့မြန်မာပြည်သူတွေအသက်မဆုံးရံှုးဖို့အတွက်အမှန်တရားကိုတော့ငါပြောရမှာပဲ။ — ငါကမင်းတို့ကို(Vitamin D)ဆိုတာ(Covid-19)ကာကွယ်ဆေးလို့မပြောထားဘူး၊ရှင်းလား။မရှင်းရင်ငါ့စာတွေသေချာပြန်ဖတ်။မဟုတ်တာလာမစွတ်စွဲနဲ့၊ငါပြောတာလူတိုင်းနားလည်တယ်။ငါပြောချင်တာက(Vitamin D High Dose)ပေးရင်သေပျောက်နှုန်းနည်းသွားတယ်။ရောဂါကတော့ကူးမှာပဲ၊ငါလိုချင်တာမကူးဖို့မဟုတ်ဘူး၊ကူးလာရင်တောင်လူမသေဖို့ပဲ။ — မင်းတို့ကဆရာဝန်တွေဖြစ်ပြီး၊(Vitamin D)ပေးရင်သေပျောက်နှုန်းနည်းသွားတယ်ဆိုတာသိရက်နဲ့အမှန်တရားကိုဖုံးဖိပြီးလူသတ်နေတဲ့ကောင်တွေ။(Vitamin D)ပေးရင်သေပျောက်နှုန်းလျှော့မသွားပါဘူးလို့ထပ်ပြီးလာမငြင်းနဲ့၊စပိန်သုတေသနကိုကြည့်လိုက်။လူသတ်နေတဲ့ကောင်တွေ။ — Kelvin Albert Power – https://www.facebook.com/kelvin.power.1675/videos/332088764734204

(COVID-19)အတွက်၊သွေးထဲမှာ(Vitamin D)နည်းနေသူတွေ

Source from Kelvin A. Power’s Facebook on September 22, 2020 တခါတည်းအားလုံးသိပြီး၊မှားမသောက်မိရအောင်။ (COVID-19)အတွက်၊သွေးထဲမှာ(Vitamin D)နည်းနေသူတွေကို၊ကျွန်တော်က(D3=30,000 IU)ကိုပထမ(၅)ရက်ဆက်တိုက်တင်ထားခိုင်းတော့၊လူတွေက(D3=10,000 IU)သုံးလုံးလောက်နေ့စဉ်၊သောက်ရမှာကိုမသောက်ကြပဲနဲ့၊(K2-MK7+D3 5000 IU) နှစ်မျိုးပေါင်းကိုခြောက်ဆ၊တစ်ရက်ကိုခြောက်လုံးသောက်ဖို့ကြိုးစားကြတယ်။ — (American Best)ကထုတ်တဲ့(K2-MK7+D3 5000IU)မှာ(K2 100 mcg)ပါနေတယ်။တစ်ရက်ကိုခြောက်လုံးသောက်ရင်(K2=600 mcg)ဖြစ်သွားမယ်။ပြဿနာက(American Best)ကထုတ်တဲ့(K2-MK7)ဟာအလွန်အားပြင်းတယ်။ — (K2-MK7=600 mcg)သောက်မိရင်(Calcium)တွေအရင်ကထက်အများကြီးစုပ်ယူပြီးတော့(Magnesium)နဲ့(Calcium)ပမာဏမမျှတတော့ရင်ကြွက်တွေတက်ပါလိမ့်မယ်။(K2-MK7=600 mcg)ကို(Magnesium)မပါပဲသောက်လို့မရပါ။ — တစ်ကယ်လို့မတော်တဆသောက်မိလို့(K2)များသွားရင်ကြွက်တက်တာတို့အကြောတက်တာတို့ဖြစ်ရင်၊ချက်ခြင်း(Magnesium)နှင့်ဖြေယူပါ။ — သွေးထဲမှာ(Vitamin D)နည်းနေသူတွေကို၊ကျွန်တော်က(D3=30,000 IU)ကိုပထမ(၅)ရက်ဆက်တိုက်တင်ထားခိုင်းတယ်ဆိုတာ(D3)တစ်ခုတည်းကိုပဲပြောတာပါ။K2 ကိုတော့(100 mcg)ကနေ(200 mcg)ထက်ပိုပြီးမသောက်သင့်ပါဘူး။သောက်မိလို့ကြွက်တွေတက်ရင်၊(Magnesium) ဖြင့်ပြန်ဖြေပါ။ — Kelvin Albert Power

(Vitamin D)နဲ့(Covid 19)ဆက်စပ်ပုံ

Source from Kelvin A. Power’s Facebook on September 18, 2020 အရေးပေါ်အခြေအနေမြန်မာပြည်။ ဒီ(COVID)ကခပ်ပေါ့ပေါ့လေးတော့မဟုတ်တော့ဘူးဗျ။အခုလဲဝမ်းနည်းစရာ၊သတင်းဆိုးတွေပဲတောက်လျှောက်ကြားနေရပြီ။မကြာခင်မြန်မာတစ်နိုင်ငံလုံးမှာဝမ်းနည်းစရာပိုကောင်းတဲ့သတင်းဆိုးတွေကြီးထပ်ပြီးအကြိမ်ကြိမ်ကြားရဦးမယ်။ — အဲဒါဘာကြောင့်လဲဆိုတော့နေရောင်ထိရင်အသားမဲသွားမှာအလွန်ကြောက်ကြတဲ့မြန်မာလူမျိုးတွေမှာလူတိုင်းနီးပါး(Vitamin D)ချို့တဲ့နေကြလို့ပါပဲ။(Vitamin D, 70 ng/ml)ထက်များနေကြတဲ့လူဆိုတာလူဦးရေရဲ့(1%)တောင်မရှိဘူး။ဒါကိုနားလည်ဖို့လိုနေပြီ။ — ငါကတော့လက်မောင်းမှာ(BCG Vaccine) ထိုးထားတာပဲ၊မသေနိုင်ပါဘူးကွာဆိုပြီးတော့ထိုင်စောင့်နေမယ်ဆိုရင်၊ဘာနဲ့သွားတူမလဲဆိုတော့မြို့ရိုးအုတ်တံတိုင်းကြီးတွေ၊ကျုံးကြီးတွေကိုတူးထားတာပဲ၊ရန်သူဝင်လာရင်ခုခံတိုက်ခိုက်ဖို့စစ်အင်အားတွေ၊စစ်သူရဲတွေမလိုပါဘူးကွာဆိုတဲ့ပုံစံဖြစ်သွားနိုင်ပါတယ်။ဘာ(BCG Vaccine)ဆေးပဲထိုးထားပါစေ၊(Vitamin D)တွေ(Vitamin C)တွေချို့တဲ့နေမယ်ဆိုရင်တော့၊အဲဒီလူကိုသိကြားမင်းဆင်းကယ်ရင်တောင်၊မရနိုင်ပါဘူး။ — အောက်မှာအရေးကြီးတဲ့(Video) တစ်ခုပေးထားပါတယ်။နောက်ထပ်ခိုင်မာတဲ့သုတေသနအထောက်အထား(Links)တွေပါပေးထားပါတယ်။အသေးစိတ်သိချင်ရင်အဲဒီ(Video)ကိုသေချာအစအဆုံးကြည့်ပါ။ပြီးရင်အင်္ဂလိပ်လိုရေးထားတဲ့မူရင်း(Links)တွေကိုသေချာဖတ်ပါ၊လေ့လာပါ။ — အင်္ဂလိပ်လိုနားထောင်ရတာ၊ဖတ်ရတာအခက်အခဲရှိသူတွေအတွက်ကတော့အဲဒီ(Video)နဲ့ပေးထားတဲ့(Links)တွေရဲ့အနှစ်ချုပ်ကလေးအတိုခြုံးပြီးရေးပေးပါမယ်။ဖေါ်ပြပါ(Video)မှာ(Bradykinin Storm Hypothesis)ကိုအခြေခံပြီး(Vitamin D)အရေးကြီးပုံ(Biochemistry)ကိုရှင်းပြထားပါတယ်။ — အဲဒီ(Video)ထဲမှာအရေးအကြီးဆုံး(ပထမ)သုတေသနတစ်ခုကတော့၊ (၁။) (large population Israel study: The link between vitamin D deficiency and Covid-19 in a large population) ဖြစ်ပါတယ်။ References:အသေးစိတ်သိချင်ရင်၊အောက်က(Link)မှာသေချာဝင်ပြီးဖတ်လို့ရပါတယ်။ https://www.medrxiv.org/…/2020.09.04.20188268v1.full.pdf …

(Vitamin D)နဲ့(Covid 19)ဆက်စပ်ပုံ Read More »

(Bio Zinc C)ဆေးဟာ(COVID-19)ကိုကာကွယ်ပေးနိုင်မလား?။

Source from Kelvin A. Power’s Facebook on April 1, 2020 အရင်ကရေးပြီးပါပြီ။ထပ်ရေးဖို့လိုမယ်မထင်ပါဘူး။အရင်အဟောင်း(Same Old Post)ပဲနည်းနည်းလေး(Edit)လုပ်ပြီးပြန်တင်ပေးလိုက်ပါတယ်။ – တစ်ချို့လူတွေက(Bio Zinc C)ဆေးဟာ(COVID-19)ကိုကာကွယ်ပေးမယ်လို့ထင်ကြတယ်။ဒီနေရာမှာရှင်းအောင်ပြောချင်တာက၊(Bio Zinc C)ဆိုတာ(COVID-19)ကာကွယ်ဆေးလုံးဝမဟုတ်ပါဘူး။ဘာဆေးပဲသောက်ထား၊ထိုးထားပါစေ။လူများတဲ့နေရာတွေကိုသွားရင်၊လက်မဆေးရင်၊(Mask)မတတ်ရင်တော့ကူးစက်လာမှာပါပဲ။ — (Bio Zinc C)ဆေးတစ်လုံးမှာအောက်ပါပစ္စည်းလေးမျိုးပါဝင်ပါတယ်။ (1)Vitamin C 1000 mg (2) Zinc 5.5 mg (3) Citrus Bioflavonoids 50 mg (4) Rose Hips 10 mg (Bio Zinc C)ဆိုတာ(COVID-19)ကာကွယ်ဆေးလုံးဝမဟုတ်ပါဘူး။ — (Bio Zinc C)သောက်ထားလဲ(COVID-19)ကူးစက်လာနိုင်သလို၊မသောက်ထားလဲကူးစက်လာနိုင်တာပါပဲ။ဒါပေမယ့်တစ်ခုတော့ရှိပါတယ်။ — (၁)Bio Zinc C မှာပါဝင်တဲ့ ပထမဆုံးတစ်မျိုးဖြစ်တဲ့(Vitamin C) …

(Bio Zinc C)ဆေးဟာ(COVID-19)ကိုကာကွယ်ပေးနိုင်မလား?။ Read More »

(Antioxidant Network)ခေါ်၊ဓါတ်တိုးတုန့်ပြန်မှု့စနစ်၏ကွန်ခြာ(သို့)ကွန်ရက်။

Source from Kelvin A. Power’s Facebook on September 3, 2020 (Antioxidant Network)ခေါ်၊ဓါတ်တိုးတုန့်ပြန်မှု့စနစ်၏ကွန်ခြာ(သို့)ကွန်ရက်။ — ဆရာမကြီးရဲ့စာဖတ်ပရိသတ်တွေကျွန်တော့်ဆီကိုအမျိုးသမီးကနေတဆင့်ရောက်လာပြီးမေးနေကြတာတော်တော်လေးကိုများနေပါပြီ။ဖြည့်စွက်စာရောင်းသမားတွေပြောနေကြတဲ့၊ဆရာမကြီးညွန်တဲ့ကုမ္မဏီက(Antioxidant Network)ဆိုတဲ့ (တံဆိပ်)ဖြည့်စွက်စာကိုအလွန်သောက်ချင်ကြပါတယ်တဲ့။ဒါပေမယ့်အဲဒီတံဆိပ်ကဈေးကြီးလွန်းတော့ငွေကြေးမတတ်နိုင်ကြဘူးတဲ့။အဲဒီလိုဆေးမျိုး(American Best)အနေနဲ့ထုတ်ပေးဖို့အစီအစဉ်မရှိဘူးလားတဲ့?။အလားတူမေးခွန်းတွေ၊အခုတလောများနေပါတယ်လို့ပြန်ကြားနေရပါတယ်။။ — သူတို့ပြောနေတဲ့တံဆိပ်ကိုပုံပြပါလို့ကျွန်တော်ပြန်မေးကြည့်ခိုင်းလိုက်တော့(CanPrev, Canada)ကုမ္မဏီကထုတ်တဲ့(Antioxidant Network™)ပုလင်းကိုလာပြီးထောင်ပြကြပါတယ်တဲ့။သူတို့ပြောပုံအတိုင်းဆိုရင်ဆေးအလုံးရေ(၆၀)ကို၊(၄၀၀၀၀)ကျပ်နဲ့(၅၀၀၀၀)ကျပ်၊အကြားမှာရှိတယ်လို့ပြောကြပါတယ်။ကျွန်တော်လဲတိတိကျကျတော့မသိပါဘူး။ — သူတို့ပြောတာလဲမှန်ပါတယ်လေ။ရောဂါကာကွယ်ချင်သူဆိုရင်တစ်ရက်ကို(၁)လုံးသောက်လို့ရပေမယ့်၊ရောဂါရှိသူဆိုရင်တစ်ရက်ကိုအနည်းဆုံး(၂)လုံးသောက်ရတော့မယ်။အလုံး(၆၀)ဆိုရင်တစ်လနဲ့တင်၊ဆေးတစ်မျိုးတည်းကိုလေးသောင်းနဲ့ငါးသောင်းကြားလောက်ငွေထွက်ပြီဆိုတော့လဲမြန်မာပြည်မှာလူတိုင်းကချမ်းသာတာမှမဟုတ်ကြတာ။ဈေးသိပ်ကြီးရင်ဘယ်လိုတတ်နိုင်ကြမှာလဲ၊ကျွန်တော်လဲကိုယ်ချင်းစာမိပါတယ်။ — ဖြည့်စွက်စာရောင်းသူတွေက၊ဆရာမကြီးညွန်ပြတဲ့တံဆိပ်ဆိုပြီးတော့ပြောရောင်းနေကြတယ်လို့ကျွန်တော်ပြန်ကြားလိုက်ရတော့၊ကျွန်တော်လဲမယုံလို့(Antioxidant Network)အကြောင်းရေးထားတဲ့ဆရာမကြီးစာတွေကိုရှာဖတ်ကြည့်မိလိုက်ပါတယ်။ကျွန်တော်ဖတ်ကြည့်ပြီးသိရသလောက်ကတော့၊ဆရာမကြီးကဒီဈေးကြီးတဲ့တံဆိပ်ကိုဝယ်သောက်ရမယ်လို့ညွန်ပေးနေတာမဟုတ်ဘူးဗျ။ဆရာမကြီးစာကိုသေချာဖတ်ကြည့်လိုက်ရင်၊သူညွန်တာအမှတ်တံဆိပ်မဟုတ်ဘူး၊ပါဝင်ပစ္စည်း၊ (Ingredients) ဓါတ်ပေါင်းတွေကိုဆိုလိုတယ်ဆိုတာဟာသိသာထင်ရှားပါတယ်။ — ဆရာမကြီးစာအရဆိုရင်၊ဆရာမကြီးပြောထားတဲ့(Antioxidant Network)ဆိုတဲ့စကားရဲ့အဓိပ္ပါယ်ဆိုတာ၊ကမ္ဘာပေါ်မှာရှိတဲ့(Antioxidants)တွေအမျိုးမျိုးကို၊ကွန်ခြာ၊ကွန်ယက်သဖွယ်၊အချိုးကျပေါင်းစပ်ထားတဲ့သဘောကိုဆိုလိုတယ်လို့ပဲကျွန်တော့်အနေနဲ့နားလည်ပါတယ်။မြန်မာလိုပြောရရင်(ဓါတ်တိုးတုန့်ပြန်မှု့စနစ်၏ကွန်ခြာ၊ကွန်ရက်)ဆိုတဲ့သဘောပါပဲ။သူဆိုလိုချင်တဲ့သဘောက(Antioxidants)တွေဆိုတာအမျိုးအမယ်စုံလေလေ၊ပိုပြီးကောင်းလေလေ၊အမျိုးအမယ်စုံစုံလင်လင်ကိုစုပေါင်းပြီးသောက်နိုင်မယ်ဆိုရင်ကျန်းမာရေးအတွက်အလွန်သင့်လျော်မယ်လို့ရေးထားတာပါ။ — အဲဒီတံဆိပ်က၊ဈေးကြီးလို့၊ငွေကြေးမတတ်နိုင်လို့လူတိုင်း၊ဝယ်မသောက်နိုင်ကြတာလဲမှန်ပါတယ်။အဲဒါကိုဖြည့်စွက်စာရောင်းသူတွေကပရဟိတလုပ်နေတဲ့ဆရာမကြီးရဲ့နာမည်သုံးပြီးဈေးကြီးတဲ့တံဆိပ်တစ်ခုကိုညွန်ပြီးပရိုမိုးရှင်းလုပ်ပေးနေသလို၊ဘယ်လိုလက်တစ်လုံးခြားလှည့်ပါတ်ပြောဆိုလိုက်လို့အဓိပ္ပါယ်ပြောင်းသွားသလဲတော့ကျွန်တော်လဲမသိဘူးဗျ။ — ဆရာမကြီးကအဲဒီတံဆိပ်တစ်ခုကိုညွန်ပြပြီးသောက်ခိုင်းရအောင်၊အဲဒီကုမ္မဏီက၊ပရိုမိုးရှင်းလုပ်နေတဲ့အရောင်းဝန်ထမ်းမှမဟုတ်တာ။ပရဟိတလုပ်နေတဲ့ဆရာမကြီးက၊တံဆိပ်မညွန်ပါဘူး။ဒါကြောင့်ဆရာမကြီးစာရဲ့အဓိပ္ပါယ်ကိုသေသေချာချာ(ဃ၊ဂ၊ဏ၊န)နားလည်အောင်မဖတ်ကြပဲ၊မပြစ်မှားကြပါနှင့်။အထူးသဖြင့်ဖြည့်စွက်စာရောင်းသမားတွေအနေနဲ့ဆရာမကြီးနာမည်ကိုအလွဲသုံးစားမလုပ်ကြပါနှင့်။ — ဆရာမကြီးတင်မကပဲ၊အားလုံးသော(Functional Medicine)သမားတွေသုံးနေကြတဲ့(Antioxidant Network)ဆိုတဲ့စကားရဲ့အဓိပ္ပါယ်ဟာ၊ကုမ္မဏီတစ်ခုရဲ့အမှတ်တံဆိပ်တစ်ခုကိုဆိုလိုချင်တာမဟုတ်ပဲ၊(Antioxidants)တွေအမျိုးမျိုးကိုစုံလင်စွာပေါင်းစုထားတဲ့၊အပေါင်းအစုဆိုတဲ့သဘောကိုလူတိုင်းနားလည်ကြစေချင်ပါတယ်။ — ဥပမာပေးရရင်(Vitamin A, Carotenoid, NAC(N-Acetyl-Cysteine), Alpha-lipoic Acid, COQ10, Magnesium, Vitamin E(Tocopherols), Vitamin C, Magnesium Ascorbate, Selenium, …

(Antioxidant Network)ခေါ်၊ဓါတ်တိုးတုန့်ပြန်မှု့စနစ်၏ကွန်ခြာ(သို့)ကွန်ရက်။ Read More »

အရေးပေါ်အခြေအနေမြန်မာပြည်။(D614G mutation strain)လာပြီ။

Source from Kelvin A. Power’s Facebook on August 22, 2020 အရေးပေါ်အခြေအနေမြန်မာပြည်။(D614G mutation strain)လာပြီ။ — မကြာခင်မှာကြုံတွေ့လာရတော့မယ့်အဆိုးဆုံးအခြေအနေတရပ်အတွက်သာကြိုတင်ပြီးပြင်ဆင်ထားကြပေတော့။အရင်က(Covid)ဝင်လာပြီးဘာမှဖြစ်မသွားတော့လူတွေကဒီတခေါက်ကိုလဲလျှော့ပေါ့တွက်မိနေကြတယ်။ဒီ(COVID)ကအရင်ကလာတယ့်ကိုဗစ်လိုရိုးရိုးကိုဗစ်မဟုတ်တော့ဘူးဗျ၊အခုလာမယ့်ကောင်ကရှယ်။ရှယ်ကမှရိုးရိုးရှယ်မဟုတ်ဘူး၊ဇွန်း(၁၀)ချောင်းကိုတပြိုင်တည်းတပ်ထားတဲ့၊ဇွန်းတတ်ရှယ်။ဒါကြောင့်ကျွန်တော်မြန်မာပြည်သူပြည်သားတွေအတွက်အတော်လေးစိတ်တွေလေးနေမိတယ်ဗျာ။ — အရင်တုံးက(Covid-19)ပထမအကြိမ်ဝင်လာတော့မြန်မာလူမျိုးတွေဘာမှမဖြစ်ပါဘူး။စိတ်မပူကြပါနှင့်၊ဒူပေဒန်ပေနေခဲ့ကြတဲ့မြန်မာလူမျိုးတွေရဲ့သွေးထဲမှာရောဂါခုခံနိုင်တဲ့(Antibodies)တွေရှိပြီးသားဖြစ်နိုင်ပါတယ်။ရွှေမြန်မာတွေမကြောက်ပါနှင့်လို့ကျွန်တော်ပြောခဲ့တာအားလုံးပြန်မှတ်မိကြမှာပါ။ကျွန်တော်ပြောတဲ့အတိုင်းလဲ၊ပထမလှိုင်းတုံးကမြန်မာတွေဘာမှကိုမခံလိုက်ရပါဘူး။ကျွန်တော်ခန့်မှန်းခဲ့တဲ့အတိုင်း၊ပထမလှိုင်းဟာမြန်မာပြည်ကိုဒုက္ခမပေးပဲချန်ထားခဲ့ပါတယ်။ — (D614G mutation)ဆိုတာ)(viral spike protein)ရဲ့(Position 614)နေရာမှာနဂိုက(D- aspartic acid)အစားယခု(G-Glycine)နဲ့အစားထိုးသွားလို့(D)ကနေ(G)ကိုပြောင်းခေါ်တဲ့သဘောပါ။အဲဒီအစားထိုးပြောင်းလဲသွားတဲ့(Amino Acid Glycine)ဆိုတာတခြားမဟုတ်ပါဘူး၊တချို့လူတွေသောက်နေကြတဲ့ဖြည့်စွက်စာ(Glycine)နဲ့အတူတူပါပဲ။ — ဒါပေမယ့်ဒီတစ်ခါတော့မရတော့ဘူးလို့ထင်တယ်ဗျ။ဒီ(Glycine)ဖက်ကိုပြောင်းသွားပြီး(Mutation)ဖြစ်သွားတဲ့ဒုတိယလှိုင်းပိုးဟာအရင်လိုမဟုတ်တော့ပါဘူး၊ပိုပြီးကြောက်စရာကောင်းပါတယ်။ဒီဒုတိယလှိုင်းဟာမြန်မာပြည်ကိုကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ — (G614-strain)ဆိုတာအလွန်ဆိုးရွားပါတယ်။(R0)တန်ဖိုးလဲအလွန်မြင့်မားပါတယ်။ကူးစက်မှု့နုန်း(၁၀)ဆကျော်လောက်မြင့်တဲ့အမျိုးအစားလဲဖြစ်ပါတယ်။သေပျောက်မှု့နုန်းရောဘယ်လောက်မြင့်မားမလဲဆိုတာကိုတော့ဘယ်သူမှတိတိကျကျမပြောနိုင်သေးပါ။ — သို့သော်သေချာတဲ့ဒီ(https://www.sciencedirect.com/…/pii/S1201971220303787)သုတေသနကတော့သေပျောက်မှု့နုန်းလဲအဆမတန်များတယ်လို့ဆိုထားပါတယ်။ဘာကြောင့်လဲဆိုတော့ဒီ(G614-Strain)နဲ့ကြုံတွေ့ခဲ့ရတဲ့(Belgium, Spain, Italy, France)တို့ရဲ့လူဦးရေတစ်သန်းချင်းဆီမှာသေဆုံးခဲ့တဲ့သေပျောက်နုန်း(Death per 1 Million population)ဟာ၊ဒီ(Strain)နဲ့မကြုံလိုက်ရတဲ့(Germany နဲ့ Kuwait)တွေရဲ့သေပျောက်နုန်းထက်အဆမတန်ကိုများပြားနေပါတယ်။ — ဆိုလိုချင်တာကဒီဇွန်းတတ်ရှယ်ကိုဗစ်ဟာရောဂါကူးစက်မှု့နုန်း(၁၀)ဆမကများပြားနေလို့၊ဘယ်သူမှလွတ်ဖို့မလွယ်ပါဘူး၊လူတိုင်းကိုကူးစက်လာမှာပါပဲ။သေပျောက်မှု့နုန်းကလဲရိုးရိုးကိုဗစ်ဖြစ်တဲ့(Germany နဲ့ Kuwait)တို့မှာနည်းပြီး၊ရှယ်ကိုဗစ်နဲ့တွေ့လိုက်ရတဲ့(Belgium, Spain, Italy, France)တို့မှာအလွန်များသွားတယ်ဆိုပေမယ့်၊မြန်မာပြည်မှာဖြစ်လာရင်သေချာပေါက်အများကြီးအသက်ဆုံးရှုံးကြမယ်လို့တော့မဆိုနိုင်သေးပါဘူး။ဘာကြောင့်လဲဆိုတော့၊ကံ၊ကံရဲ့အကျိုးနဲ့လဲဆိုင်သလို၊လူတွေရဲ့ဂရုစိုက်မှု့အပေါ်မှာလဲမူတည်နေပါတယ်။ — ဒါကြောင့်ကြောက်လှန့်နေမယ့်အစား၊အကောင်းဆုံးကိုမျှော်လင့်ထားပြီးတော့အဆိုးဆုံးအတွက်ပြင်ဆင်ထားကြစေလိုပါတယ်။ခြိန်းခြောက်နေတာမဟုတ်ပါ။အရင်တခေါက်ကလဲမခြိန်းခြောက်တဲ့အပြင်၊လူတိုင်းသွေးပျက်ကြောက်လှန့်နေတဲ့အချိန်မှာမကြောက်ကြဖို့၊ဘာမှမဖြစ်နိုင်ဘူးဆိုပြီးအားပေးခဲ့ပါသေးတယ်။အခုကတော့အရင်တခေါက်လိုမဟုတ်တော့ပဲ၊အခြေအနေဆိုးချင်ဆိုးလာနိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်ရင်ဆိုင်ရမယ့်အတူတူ၊ထိုင်ကြောက်နေမယ့်အစား၊အမှန်ကိုသိရှိထားပြီး၊ကြိုတင်ပြင်ဆင်ထားနိုင်ရင်သက်သာရာရနိုင်ပါတယ်။ — အမှန်အတိုင်းပြောရရင်၊ဒီ(ရှယ်)အမျိုးအစား(G614-strain)လာပြီဆိုရင်တော့လူတိုင်းစေ့ဆီကိုအနှေးနဲ့အမြန်သာကွာမယ်သေချာပေါက်ကူးလာနိုင်တာပါပဲ။လွတ်နိုင်စရာနည်းလမ်းတော့အလွန်နည်းပါတယ်။ဒီအမျိုးအစားနဲ့တွေ့တဲ့နိုင်ငံတိုင်းဟာကံဆိုးမိုးမှောင်ကျခဲ့ရတဲ့အထောက်အထားတွေကိုသင်ခန်းစာယူပြီးတော့ကြိုတင်ပြင်ဆင်ထားကြပါ။သေပျောက်မှု့နုန်းဆိုတာကလဲနိုင်ငံတစ်နိုင်ငံရဲ့အစိုးရနဲ့ပြည်သူအပေါ်မှာလဲမူတည်နေပါတယ်ဆိုတာကိုတော့လူတိုင်းမေ့မသွားကြပါနှင့်။ — ချိန်းခြောက်နေတာမဟုတ်ပါ။ပထမတစ်ကြိမ်တုံးကလဲလူတိုင်းသွေးပျက်အောင်ကြောက်လှန့်နေတဲ့အချိန်မှာလူတွေကိုမကြောက်ကြပါနှင့်၊သင်္ကြန်မှာတောင်ကဲချင်ရင်တောင်ကဲလို့ရပါတယ်။ရွှေမြန်မာတွေဘာမှမဖြစ်ပါဘူးလို့ကျွန်တော်ရေးခဲ့၊ခန့်မှန်းခဲ့ဖူးပါတယ်။အရင်ကလဲမခြိမ်းခြောက်ခဲ့သလို၊အခုလဲခြိမ်းခြောက်စရာမရှိပါဘူး။ဒီတခေါက်ကတော့အရင်ကလိုမဟုတ်တော့ပဲစိုးရိမ်ရပါတယ်။ …

အရေးပေါ်အခြေအနေမြန်မာပြည်။(D614G mutation strain)လာပြီ။ Read More »

အရိုးမဟုတ်၊အပျော့စားကိုယ်တွင်းအင်္ဂါများတွင်ထုံးဓါတ်ပိတ်ဆို့ခြင်းနှင့်ကျောက်ကပ်ကျောက်တည်ခြင်း၊အပိုင်း(၂)။

Source from Kelvin A. Power’s Facebook on August 20, 2020 Soft Tissue Calcifications & Kidney Stone Part(II) အရိုးမဟုတ်၊အပျော့စားကိုယ်တွင်းအင်္ဂါများတွင်ထုံးဓါတ်ပိတ်ဆို့ခြင်းနှင့်ကျောက်ကပ်ကျောက်တည်ခြင်း၊အပိုင်း(၂)။ — ဒီ(post)ရဲ့အပိုင်း(၁)ကိုရေးလိုက်တော့၊အရေးကြီးတဲ့အခြေခံသဘောတရားတွေကိုနားလည်နိုင်အောင်ဥပမာတွေအမျိုးမျိုးပေးပြီးစိတ်ရှည်ရှည်နဲ့အချိန်ပေးရေးပေးရတော့စာတွေသိပ်ရှည်သွားတယ်။စာတွေသိပ်ရှည်သွားတော့လူတွေမဖတ်ကြတော့ဘူး။ — လူတွေစာမဖတ်တော့ဘယ်လောက်စေတနာထားပြီးအချိန်ပေးရေးရေး၊ဘာကျန်းမာရေးဗဟုသုတမှမရတော့ဘူး။လူတွေစာဖတ်တယ်မဖတ်ဘူးဆိုတာဘယ်လိုလုပ်သိလဲဆိုရင်တော့ပြန်စစ်ရတာလွယ်လွယ်လေးပါ။အပိုင်း(၁)ကိုတင်ပြီး(၁)ရက်အကြာမှာပြန်စစ်ကြည့်လိုက်တော့၊လူ(၅၀၀)လောက်(Like)လုပ်ထားကြပြီး။လူ(၂၀၀)ကျော်လောက်ပဲ(Share)လုပ်ထားကြတယ်။ — လူ(၅၀၀)လောက်(Like)လုပ်တယ်ဆိုပေမယ့်၊အဲဒီလူ(၅၀၀)လုံးသေချာစာဖတ်တယ်မထင်ကြပါနဲ့။မဖတ်ပါဘူး။(Like)လုပ်တယ်ဆိုတာကလဲ(Post)တစ်ခုတက်လာလို့၊လမ်းကြုံလို့ဆိုပြီးဘာမှအိပ်မစိုက်ရလို့၊(Like)ခလုတ်ကလေးတချက်လောက်ကောက်နှိပ်လိုက်တာ။(Share)လုပ်ထားတဲ့လူ(၂၀၀)ကျော်လောက်ကတော့တစ်ကယ်စာဖတ်တယ်လို့အကြမ်းဖျင်းယူဆနိုင်ပါတယ်။ — အဲဒီလူ(Share)လုပ်ထားတဲ့လူတွေကိုတော့စာတစ်ကယ်ဖတ်တယ်လို့ယူဆပြီး၊ကျေးဇူးအထူးတင်ပါတယ်။ဘာကြောင့်လဲဆိုတော့(Post)တစ်ခုကို၊ကိုယ်သေချာမဖတ်ကြည့်ပဲနဲ့ဘယ်သူကမှရမ်းပြီး(Share)မလုပ်ကြဘူးလေ။ဘာတွေရေးထားမှန်းလဲမသိ၊ကိုယ့်ကိုမကောင်းပြောထားလားဘာလားမသိတဲ့စာကို၊ဘယ်သူက၊မဖတ်ပဲနဲ့ရမ်းပြီး(Share)လုပ်မှာလဲ။(Share)တယ်ဆိုကတည်းကများသောအားဖြင့်ဖတ်ပြီးတော့မှ(Share)လုပ်ကြတာမဟုတ်ဘူးလား။ — (Like)တွေပေးထားတဲ့လူ(၅၀၀)စလုံးစာဆုံးအောင်ဖတ်တယ်လို့တော့မထင်ပါနဲ့၊မဖတ်ဘူးဆိုတာသေချာပါတယ်။(Like)ကတော့ဘာ(Post)တက်လာလာ၊တစ်ချက်ကလေးကောက်နှိပ်ပေးလိုက်လို့ရတယ်လေ။အိတ်မှမစိုက်ရတာ။ကျွန်တော်လိုချင်တာ(Like)မဟုတ်ဘူး၊စာကိုဆုံးအောင်ဖတ်ကြစေချင်တာ။(Share)လုပ်ထားတဲ့လူတွေကတော့တကယ်ကိုစာဖတ်သူတွေဖြစ်နိုင်ပါတယ်။ — ကျွန်တော်ရှင်းရှင်းလေးပဲပြောမယ်။ကျွန်တော်လုံးဝမအားပါဘူး။မအားတဲ့အချိန်ထဲကနေအချိန်တွေခွဲပေးပြီးစာတွေအရှည်ကြီးရေးပေးနေပါတယ်။ဒါပေမယ့်မြန်မာလူမျိုးတွေရဲ့အကျင့်ကစာရှည်သွားရင်မဖတ်ချင်ကြတော့ဘူး။ကျွန်တော်လဲအချိန်ကုန်ခံလက်ညောင်းခံပြီးစာအရှည်ကြီးမရေးချင်ပါဘူး။ဒါပေမယ့်တချို့သဘောတရားတွေကသာမာန်အသိနဲ့နားလည်ဖို့ခက်ခဲလို့ဥပမာတွေအမျိုးမျိုးပေးပြီး၊လက်ညောင်းခံ၊အမုန်းခံပြီးစာအရှည်ကြီးရေးပြီး၊ဥပမာတွေအမျိုးမျိုးနဲ့ရှင်းပြတော့မှနားလည်နိုင်ပါတယ်။သေချာနားလည်တော့မှအကျိုးရှိနိုင်မှာပါ။အပေါ်ယံသိလို့အကျိုးမရှိပါ။ — ကျန်းမာရေးကောင်းနေဖို့ဆိုတာဓါတုဗေဒဆေးတွေနဲ့လုပ်ထားလို့မရသလို၊ဖြည့်စွက်စာတွေနဲ့လဲမပြည့်စုံမလုံလောက်ပါဘူး။အသက်ကိုဉာဏ်စောင့်ပါတယ်။ဒါကြောင့်ကျန်းမာရေးအတွက်အရေးအကြီးဆုံးအချက်ကတော့(ဉာဏ်ပညာဗဟုသုတ)ပါပဲ။မိမိအသက်ကိုစောင့်ရှောက်နိုင်တဲ့ဉာဏ်ပညာဆိုတာကလဲဗဟုသုတကိုအခြေခံထားရပါတယ်။ဗဟုသုတဆိုတာကလဲ(စာများများဖတ်နိုင်မှု့)အပေါ်မှာသာအခြေခံပါတယ်။ကိုယ့်ကျန်းမာရေးဟာဆရာဝန်အပေါ်မှာတာဝန်မရှိဘူး၊ကိုယ့်အပေါ်မှာသာတာဝန်ရှိတယ်ဆိုတာကိုတော့လူတွေသေချာနားလည်ထားဖို့ဖတာ့လိုနေပါပြီ။ — တချို့က၊ရောဂါတွေအမျိုးမျိုးဖြစ်လာတော့မှရောက်လာပြီး၊အမျိုးသမီးရဲ့(C-Box)ကနေတဆင့်လာမေးပါတယ်။ဘာရောဂါတွေဖြစ်လို့ဘာဆေးတွေသောက်ရမလဲပေါ့။ရှင်းရှင်းပြောရရင်တော့အလွယ်ကိုပဲလိုချင်ကြတာ။မောင်ဖြူကဘာသောက်ပေါ့၊မနီကဘာသောက်ပေါ့၊ခလေးထမင်းခွံကြွေးသလိုကြွေးတာကိုအလွယ်နည်းနဲ့ပဲလိုချင်ကြတယ်။ — နောက်ဆိုရင်ဘယ်သူ့ကိုမှခလေးတစ်ယောက်လကိုထမင်းခွံကြွေးသလိုအသေးစိတ်အလွယ်ဖြေမပေးတော့ဘူး။အဲဒီလိုဖြေပေးနေရင်၊ဘယ်သူကမှစာဖတ်မှာမဟုတ်တော့ဘူး။အလွယ်ရရင်၊စာဖတ်ပျင်းသွားတော့မယ်။စာမဖတ်ချင်တော့ရင်၊ရေရှည်ခရီးမှာကျန်းမာအောင်ပြုပြင်ပေးလို့ဘယ်လိုမှမရနိုင်ဘူး။ဒါကြောင့်နောက်ဆိုရင်ဘယ်သူဘာရောဂါဖြစ်လို့ဘာဆေးသောက်ရမလဲလို့လာမေးရင်(ရေးပြီးသားစာတွေရှိတယ်၊ရှာဖတ်ပါ)လို့ဆိုပြီးတော့ပဲပြန်ဖြေလိုက်တော့မယ်။ — အပွင့်လင်းဆုံးပြောမယ်ဗျာ။ကျွန်တော်ကျန်းမာရေးအသိပညာဆောင်းပါးတွေရေးနေတာဟာခင်ဗျားတို့ဆီက(Like)တွေလိုချင်လို့မဟုတ်ဘူး။ကျွန်တော်လိုချင်တာ(Like)မဟုတ်ဘူး၊လူတွေကိုစာဖတ်စေချင်တာ။(Functional Medicine)ဆိုတာစာမဖတ်ပဲနဲ့ဘယ်လိုမှကောင်းကျိုးမရနိုင်ဘူး။ — စာရေးတယ်ဆိုတာလွယ်လွယ်နဲ့ရေးလို့မရဘူး။လာလာပြီးဖိုက်တဲ့လူတွေရှိနေလို့ရန်များတယ်။အတိုက်အခံများလွန်းလို့ခိုင်မာတဲ့သုတေသနအထောက်အထား(Reference Links)တွေပြန်လှန်ရှာဖွေပြီး၊ပြန်ချပေးထားရသေးတယ်။သုတေသနလင့်တွေချပေးနေတာတောင်ဝိုင်းဝေဖန်ချင်ချင်နေကြတာ။ — လူတွေကိုကျန်းမာရေးအကျိုးကျေးဇူးရစေချင်လို့အပင်ပန်းခံ၊အချိန်ကုန်ခံရေးနေတာ၊သေချာ(ဃ၊ဂ၊ဏ၊န)နားလည်စေချင်တဲ့စေတနာနဲ့ဥပမာတွေပေးနေရတော့စာတွေရှည်သွားတယ်။စာရှည်သွားတော့မဖတ်ကြတော့ဘူး။ရှည်တဲ့စာကိုရေးတဲ့လူတောင်အပင်ပန်းခံပြီး၊သဘောမပေါက်ပေါက်အောင်ဥပမာတွေအများကြီးနဲ့ရှာကြံပြီး၊ရေးပေးနေသေးတာပဲ။စာဖတ်တဲ့လူကအဲဒီလောက်ပင်ပန်းမယ်မထင်ပါဘူး။ — ဒါကြောင့်ဒုတိယပိုင်းကိုဆက်ရေးမယ်လို့ရည်ရွယ်ထားပေမယ့်ဆက်မရေးပေးသေးဘူး။ဒီနေရာမှာပဲရပ်ထားပါဦးမယ်။ပထမပိုင်းကိုအောက်မှာ(Link)ပြန်ပေးထားပါတယ်။ပထမပိုင်းကိုလူတွေစိတ်ဝင်စားသလား၊စိတ်မဝင်စားဘူးလားဆိုတာစောင့်ကြည့်မယ်။စာဖတ်မဖတ်စောင့်ကြည့်ဦးမယ်။လူတွေစိတ်ဝင်စားရင်၊စာဖတ်ကြရင်နောက်ပို့စ်တွေကိုဆက်ရေးပေးမယ်။ — မဖတ်ဘူးစိတ်လဲမဝင်စားဘူးဆိုရင်တော့အပိုင်းဆက်တွေကိုဘာလို့လက်ညောင်းခံ၊အချိန်ကုန်ခံပြီးဆက်ရေးပေးနေဦးမှာလဲ။လူတွေစာမဖတ်ရင်၊ကိုယ်ဘယ်လောက်ရေးရေး၊ဘာအကျိုးမှမရှိတာ်။ဒါကြောင့်၊ဘာလို့လူအများအကျိုးမရှိတဲ့အလုပ်တစ်ခုအတွက်ကိုယ့်အချိန်တွေကိုထပ်ပေးနေဦးမှာလဲ။ရှင်းရှင်းလေးပါပဲ။ — Kelvin Albert Power — အပိုင်း(၂)ကိုဆက်မရေးပေးသေးပဲရပ်ထားပါဦးမယ်။အပိုင်း(၁)ရဲ့လင့်ကိုအောက်မှာပြန်ပေးထားပါတယ်။ https://www.facebook.com/kelvin.power.1675/posts/309409363668811

အရိုးမဟုတ်၊အပျော့စားကိုယ်တွင်းအင်္ဂါများတွင်ထုံးဓါတ်ပိတ်ဆို့ခြင်းနှင့်ကျောက်ကပ်ကျောက်တည်ခြင်း၊အပိုင်း(၁)။

Source from Kelvin A. Power’s Facebook on August 4, 2020 Soft Tissue Calcifications & Kidney Stone Part(I) အရိုးမဟုတ်၊အပျော့စားကိုယ်တွင်းအင်္ဂါများတွင်ထုံးဓါတ်ပိတ်ဆို့ခြင်းနှင့်ကျောက်ကပ်ကျောက်တည်ခြင်း၊အပိုင်း(၁)။ — ဒီကနေ့ရေးမယ့်ပို့စ်ဟာအင်မတန်မှအရေးကြီးပါတယ်။လူအတော်များများဟာဒီကိစ္စနဲ့ပါတ်သက်ပြီးဖြစ်ရတဲ့၊အမည်တွေအမျိုးမျိုးတတ်ထားကြတဲ့၊ရောဂါဝေဒနာတွေခံစားနေကြရတာလဲမနည်းလှပါဘူး။(Soft Tissue Calcifications)ဆိုတဲ့အတိုင်း(Calcium)ဟာမလိုအပ်တဲ့နေရာတွေဖြစ်ကြတဲ့၊သွေးကြောတွေထဲမှာ၊နှလုံးတွေ၊ကျောက်ကပ်တွေနဲ့တခြားအရေးကြီးတဲ့ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေမှာမလိုအပ်ပဲနဲ့သွားပြီးစုပုံပိတ်ဆို့နေကြလို့ဖြစ်ပေါ်လာရတဲ့ဆိုးကျိုးနဲ့ရောဂါအမျိုးမျိုးတွေရဲ့ပင်မအကြောင်းအရင်းအမှန်ကိုလူတိုင်းသိချင်နေကြပါတယ်။ — ဘာကြောင့်(Soft Tissue Calcifications)ဖြစ်ရတယ်ဆိုတဲ့အကြောင်းရင်းဇစ်မြစ်ကိုသေသေချာချာသိရှိနားလည်လာကြရင်၊ဒီလိုမဖြစ်ရအောင်သဘာဝနည်းအားဖြင့်ဘယ်လိုကာကွယ်ကြရမလဲ၊ဖြစ်နေတဲ့လူတွေကိုရောသဘာဝနည်းလမ်းဖြင့်ဘယ်လိုကုသပေးရမလဲဆိုတာကိုရောဂါတကယ်ခံစားနေရတဲ့လူနာတွေတင်မကပဲ၊သဘာဝဆေးပညာ(Functional Medicine,FM)ကိုနားလည်လက်ခံလာကြတဲ့၊ဆရာဝန်တွေအတော်များများကပါတကယ့်ကိုစိတ်ဝင်တစားသိချင်နေကြလို့၊ကျွန်တော့်ဆီကိုဒီအကြောင်းရေးပေးဖို့တောင်းဆိုထားခဲ့တဲ့လူတွေလဲမနည်းတော့ပါဘူး။အခုလူတွေမျှော်လင့်နေကြတဲ့အထူးပို့စ်တစ်ခုကိုအပိုင်းဆက်တွေခွဲပြီးစရေးပေးပါတော့မယ်။ — အရင်ဦးဆုံး(Calcification)ကြောင့်ဖြစ်တတ်တဲ့ရောဂါတွေဆီကိုသွားကြရအောင်ဗျယ။(Calcification)ကြောင့်ဖြစ်တတ်တဲ့ရောဂါတွေဆိုတာတော်တော်ကိုများတယ်ဗျ။တချို့က(Calcium)နဲ့ပါတ်သက်ရင်၊အရိုးပျော့ရောဂါ၊အရိုးကျီးပေါင်းတက်ရောဂါ၊အရိုးပွပြီးကျိုးလွယ်တဲ့ရောဂါ၊အစရှိတဲ့အရိုးရောဂါတွေနဲ့ကျောက်ကပ်ကျောက်တည်ခြင်း၊ဆီးလမ်းကြောင်းကျောက်တည်ခြင်းအစရှိတဲ့ရောဂါတွေကိုပဲအဓိကအနေနဲ့သိထားကြပါတယ်။တစ်ကယ့်လက်တွေ့မှာတော့အဲဒီလိုမဟုတ်ပါဘူး။(Calcification)ဆိုတာဟာတခြားသောရောဂါအမျိုးပေါင်းများစွာတွေနဲ့ပါဆက်နွယ်ပါတ်သက်နေပါတယ်။ — ဥပမာအားဖြင့်၊အလွန်အဖြစ်လွယ်၊အဖြစ်များပြီး၊အသက်ဆုံးရံှုးဖို့လွယ်ကူလို့၊အမျိုးသမီးတွေအားလုံးအလွန်ကြောက်ကြရတဲ့၊ရင်သားကင်ဆာရောဂါဟာလဲ(Calcification)ကနေအစပြုလာတာပါပဲလို့ကျွန်တော်ပြောလိုက်ရင်ခင်ဗျားတို့အံသြသွားကြမလား?။မအံသြကြပါနှင့်၊ဒါအမှန်တရားပါပဲ။(Radiology)မှာရင်သားနှစ်ခုကို(Mammogram)ရိုက်လိုက်တာနဲ့ကင်ဆာဖြစ်ခါနီးလူမှာပထမဦးဆုံးစတွေ့ရတာကတော့သာမှန်မဟုတ်ပဲ၊ကွဲပြားခြားနားနေ တဲ့(Breast calcification patterns)တွေပါပဲ။ — ဒီနေရာမှာ၊ရင်သားအတွင်းမှာ(calcification)ဖြစ်နေတယ်ဆိုပေမယ့်လဲများသောအားဖြင့်(Vitamin D)ကြွယ်ဝတဲ့အမျိုးသမီးတွေရဲ့ရင်သားအတွင်းပိုင်းမှာ(Calcification)ဖြစ်လာပြီဆိုရင်၊ကင်ဆာအဖြစ်ရောက်မသွားပဲ၊အန္တရာယ်ကင်းတဲ့(Benign)ဖြစ်သွားတတ်ကြပါတယ်။ဒါကြောင့်(Calcification)ဖြစ်တိုင်းတော့ကင်ဆာဖြစ်မလာပဲ၊ကင်ဆာဖြစ်သင့်တယ်၊မဖြစ်သင့်ဘူးဆိုတာကိုဆုံးဖြတ်ပေးတဲ့နေရာမှာ၊အမျိုးမျိုးသောဟော်မုန်းဓါတ်တွေ၊(Antioxidant)တွေအပြင်(Vitamin D)အနည်းအများဟာလဲအလွန်အရေးကြီးတဲ့အခန်းဂဏ္ဍကနေပါဝင်နေပါတယ်။ — ဒါပေမယ့်ကင်ဆာဖြစ်လာခါနီးမှာဖြစ်လာတဲ့(Calcification Patterns)တွေကတော့(Benign)နဲ့မတူညီပဲကွဲပြားခြားနားစွာသိရှိနိုင်ပါတယ်။(Radiology)တွေဟာ(Mammogram)တွေကရတဲ့(Calcification Patterns)တွေကိုကြည့်ပြီးကင်ဆာရောဂါစဖြစ်တော့မလား၊မဖြစ်သေးဘူးလားဆိုတာကိုကြိုတင်ပြီးဟောကိန်းထုတ်နိုင်ကြပါတယ်။အဓိကကျွန်တော်ဆိုလိုချင်တာကကင်ဆာရောဂါစဖြစ်တော့မယ်ဆိုရင်(Calcification)တစ်မျိုးကနေအခြေတည်၊အစပြုပြီးဖြစ်ပေါ်လာရပါတယ်လို့ဆိုလိုချင်တာပါ။ — ဒီနေရာမှာ(Calcification)ကြောင့်ကင်ဆာဖြစ်ရတယ်လို့ကျွန်တော်မဆိုလိုချင်ပါဘူး။ဆိုလိုချင်တဲ့သဘောက(Calcification)မပါပဲနဲ့ရင်သားကင်ဆာရောဂါတွေအခြေတည်၊အစပြု၊မဖြစ်ပေါ်လာနိုင်ဘူးဆိုတာကိုပြောလိုတာပါ။၊(Calcification)ဟာကင်ဆာရောဂါအများစုတွေအတွက်အရေးအကြီးဆုံးအခြေခံအုတ်မြစ်(Foundation Platform)တစ်ခုဖြစ်နေတယ်ဆိုတာကိုအရင်ကလူသိနည်းနေခဲ့လို့၊အခုလူတိုင်းသိရှိနားလည်လာအောင်ဥပမာပြရေးပေးလိုက်တာပါ။ — နောက်ဥပမာတစ်ခုက၊နှလုံးရောဂါ၊နှလုံးသွေးကြောပိတ်ရောဂါ၊တခြားကိုယ်အင်္ဂါတွေမှာသွေးကြောပိတ်တဲ့ရောဂါ၊ဦးနှောက်သွေးကြောပိတ်တဲ့ရောဂါ၊လေဖြတ်ရောဂါ၊ကိုယ်တစ်ပိုင်းသေရောဂါ၊အစရှိတဲ့ရောဂါတွေဟာလဲ(Calcification)ကနေအစပြုပြီးဖြစ်ပွားကြတာပါပဲ။ဒီရောဂါတွေအားလုံးဟာသွေးကြောအတွင်းမှာ(Calcium)ပါဝင်နေတဲ့တိကျတဲ့ဓါတ်ပေါင်းအမျိူးအစားတစ်ချို့တွေကြောင့်သွေးကြောနံရံတွေမှာ(Calcification) တွေဖြစ်ပေါ်လာလို့သွေးကြောတွေကျဉ်းမြောင်းသွားပြီးနောက်ဆုံးမှာတော့အရေးကြီးတဲ့ကိုယ်အင်္ဂါတွေဖြစ်ကြတဲ့၊ဦးနှောက်၊နှလုံးအစရှိကြတဲ့အင်္ဂါတွေကိုသွားတဲ့သွေးကြောတွေလုံးဝပိတ်ဆို့သွားရပါတယ်။အတွင်းအင်္ဂါအစိတ်အပိုင်းတွေဟာအောက်ဆီဂျင်အလုံအလောက်မရတော့လို့ကိုယ်လက်အင်္ဂါများပျက်စီးဆုံးရံှုးခြင်း၊ကိုယ်တစ်ပိုင်းသေချင်းကအစပြုလို့အသက်ဆုံးရံှုးတဲ့အထိကိုဖြစ်နေကြရပါတယ်။ — (Calcification)ကြောင့်ဖြစ်တဲ့ရောဂါတွေဟာအထက်မှာဖေါ်ပြခဲ့တဲ့ရောဂါတွေတင်မကပါဘူး။အမည်တပ်ပြောလို့မလွယ်ကူအောင်ကိုများပြားလွန်းလှပါတယ်။(Dystrophic calcification, Calcium Pyrophosphate Deposition(CPPD), Metastatic …

အရိုးမဟုတ်၊အပျော့စားကိုယ်တွင်းအင်္ဂါများတွင်ထုံးဓါတ်ပိတ်ဆို့ခြင်းနှင့်ကျောက်ကပ်ကျောက်တည်ခြင်း၊အပိုင်း(၁)။ Read More »

ဒီပို့စ်ဟာအသက်အကြီးဆုံးနဲ့အဟောင်းနွမ်းဆုံး(Post)တစ်ခုဖြစ်နေပါတယ်။ဒီပို့စ်မှာပါတဲ့အချက်အလက်တွေဟာကျန်းမာရေးအတွက်အလွန်အဖိုးတန်ဆဲပါ။

Source from Kelvin A. Power’s Facebook on August 17, 2020 ဒီပို့စ်ဟာအသက်အကြီးဆုံးနဲ့အဟောင်းနွမ်းဆုံး(Post)တစ်ခုဖြစ်နေပါတယ်။သို့သော်အသက်ကြီးပေမယ့်မပျက်စီးသေးပါဘူး။ပို့စ်အဟောင်းလေးတစ်ခုဆိုပေမယ့်၊ဒီပို့စ်မှာပါတဲ့အချက်အလက်တွေဟာကျန်းမာရေးအတွက်အလွန်အဖိုးတန်ဆဲပါ။ https://www.facebook.com/kelvin.power.1675/posts/118812212728528

Shopping Cart