Uncategorized

ဆေးတွေ၊ဖြည့်စွက်စာတွေရဲ့သက်တမ်းကုန်ဆုံးပျက်စီးနိုင်မှု့နဲ့ပါတ်သက်ပြီးအရေးကြီးတာတစ်ခုပြောချင်ပါတယ်။

Source from Kelvin A. Power’s Facebook on December 18, 2020 ဆေးတွေ၊ဖြည့်စွက်စာတွေရဲ့သက်တမ်းကုန်ဆုံးပျက်စီးနိုင်မှု့နဲ့ပါတ်သက်ပြီးအရေးကြီးတာတစ်ခုပြောချင်ပါတယ်။ — ဘယ်ကုမ္မဏီကထုတ်တဲ့ဘာဆေး၊ဘာဖြည့်စွက်စာတွေပဲဖြစ်ဖြစ်၊(Exp Date)တွေအမြဲပါနေသော်လည်း၊တခါတရံမှာ(Date)တွေကုန်ဆုံးသွားပေမယ့်အန္တရာယ်မရှိပဲ(၆)လ၊တစ်နှစ်လောက်အထိဆက်သောက်လို့ရတဲ့အခြေအနေမျိုးရှိနိုင်သလို၊တစ်ခါတစ်ရံမှာ(Date Exp)မဖြစ်သေးပဲနဲ့လဲပျက်စီးသွားပြီးအန္တရာယ်ရှိနိုင်တဲ့အခြေအနေတစ်ရပ်လဲဖြစ်နိုင်ပါတယ်။ — ဆိုလိုချင်တာကကိုယ့်ရဲ့ဆေးဘယ်လောက်အထိကြာကြာခံမယ်၊(Exp: Date)မတိုင်ခင်ပျက်စီးသွားနိုင်သလား၊(Exp: Date)ကုန်ဆုံးသွားပြီးနောက်ဆက်ပြီးကောင်းချင်ကောင်းနေနိုင်သလား၊ဆိုတာဟာဆေးပုလင်းမှာရိုက်ထားတဲ့(Exp Date)တစ်ခုတည်းအပေါ်မှာမူတည်နေတာမဟုတ်ပဲကိုယ့်ရဲ့ဂရုတစိုက်သိမ်းဆည်းသိုလှောင်မှု့အပေါ်မှာပါမူတည်နေပါတယ်။ — လူတိုင်းနားလည်အောင်ဥပမာတစ်ခုပေးရမယ်ဆိုရင်အခုခေတ်ဟာလူ့သက်တန်း(၈၀)တန်းပဲရှိတဲ့ခေတ်ဆိုပါစို့၊သို့သော်လူ့သက်တန်း(၈၀)ခေတ်မှာလူလာဖြစ်တာခြင်းတူပေမယ့်၊တချိုု့လူတွေဟာ၊အသက်(၉၀)ကျော်(၁၀၀) အထိနေသွားတာရှိသလို၊တစ်ချို့လူတွေဟာအသက်(၃၀)မပြည့်ခင်မှာပဲဆုံးပါးသွားကြတာတွေနေ့စဉ်မြင်တွေ့နေကြရမှာပါ။ — ဆိုလိုတာကလူ့သက်တန်း(၈၀)တန်းမှာလူရယ်လို့ဖြစ်လာပြီဆိုတာနဲ့လူတိုင်းလူတိုင်းအလိုလိုနေရင်းနဲ့အသက်(၈၀)နေရမယ်လို့တော့အာမခံချက်မရှိပါဘူး။မိမိရဲ့ကျန်းမာရေး၊မိမိရဲ့အသက်အန္တရာယ်တွေကိုဉာဏ်ပညာနဲ့ဂရုတစိုက်စောင့်ရှောက်တတ်ရင်အသက်(၉၀)ကျော်(၁၀၀)အထိအသက်ရှည်နေနိုင်သလို၊ကိုယ့်ကိုကိုယ်သေချာမစောင့်ရှောက်တတ်ရင်အသက်(၃၀)အောက်မှာလဲသေချင်သေနိုင်ပါတယ်။ဒါကြောင့်ရှေးလူကြီးတွေက(အသက်ကိုဉာဏ်စောင့်တယ်)လို့ပြောကြတာမဟုတ်ဘူးလား?။ — လူတစ်ယောက်ဟာအသက်(၃၀)အောက်မှာငယ်ငယ်ရွယ်ရွယ်သေသွားမလား။အသက်(၁၀၀)ကျော်အထိနေမလားဆိုတာကတော့လူ့သက်တမ်းနဲ့(လုံးဝ)ကိုမဆိုင်ပါဘူး။ကိုယ့်ရဲ့ဉာဏ်ရှိမှု့၊ဂရုတစိုက်စောင့်ရှောက်တတ်မှု့အပေါ်မှာပဲမူတည်နေပါတယ်။ကိုယ်အသက်ရှည်ကျန်းမာဖို့ကကိုယ့်မှာပဲတာဝန်(အပြည့်)ရှိနေပါတယ်။ဘယ်ဆရာဝန်တွေ၊ဘယ်ဆေးရုံ၊ဘယ်ဆေးခန်းတွေရဲ့တာဝန်မဟုတ်ဘူးဆိုတာကိုတော့လူတိုင်းကိုကောင်းကောင်းနားလည်ထားစေချင်ပါတယ်။ — အလားတူဥပမာတစ်ခုက၊ပုံမှန်အားဖြင့်(၁၀)နှစ်သက်တမ်းရှိတဲ့ကားအသစ်တစ်စီးကိုဝယ်စီးမယ်ဆိုရင်တောင်၊တစ်ယောက်နဲ့တစ်ယောက်ဝယ်စီးတဲ့ကားအမျိုးအစားခြင်းတူနေပေမယ့်တာရှည်ခံတဲ့သက်တမ်းခြင်း(လုံးဝ)ကိုမတူညီနိုင်ပါဘူး။ကိုယ်ကဂရုတစိုက်၊အင်ဂျင်ကိုထိန်းသိမ်းစောင့်ရှောက်မယ်။အင်ဂျင်ဝိုင်၊ဆီ၊ဆီစစ်၊ရေ၊ရေစစ်၊လေ၊လေစစ်တွေကိုအချိန်မှန်လဲပေးမယ်။လမ်းကောင်းမှာညင်ညင်သာသာစည်းကမ်းရှိရှိမောင်းနှင်မယ်ဆိုရင်(၁၀)နှစ်သက်တန်းပဲရှိတဲ့ကားဟာနှစ်(၂၀)အထိလဲကောင်းချင်ကောင်းနေနိုင်တာပါပဲ။ — ကိုယ်ကမပြုမပြင်ပဲ၊ပစ်စလက်ခပြစ်ထားမယ်၊ကြမ်းကြမ်းတမ်းတမ်းသုံးမယ်၊စည်းကမ်းမဲ့မဆင်မခြင်လမ်းကြမ်းမှာချိုင့်ခွက်တွေကိုမရှောင်တန်းမောင်းမယ်ဆိုရင်တော့(၁၀)နှစ်သက်တမ်းရှိတဲ့ကားဟာ(၅)နှစ်နဲ့လဲစုတ်ပြတ်သွားနိုင်တာပါပဲ။ကိုယ်ကမဆင်မခြင်မောင်းမယ်ဆိုရင်စဝယ်ဝယ်ခြင်းပထမနေ့တင်မှာပဲလမ်းဘေးကဓါတ်တိုင်ကိုဝင်တိုက်မိပြီးစုတ်ပြတ်ပျက်စီးစွားနိုင်တာပါပဲ။အဲဒါတွေအားလုံးဟာကားထုတ်လုပ်လိုက်တဲ့ကုမ္မဏီနဲ့တော့မဆိုင်ပါဘူး။ကိုယ်နဲ့ပဲသက်ဆိုင်ပါတယ်။ — ဥပမာပြောရရင်ဆေးပုလင်းတစ်ခုကို(Seal)မဖေါက်၊မဖွင့်ပဲ၊အသစ်အတိုင်းရေခဲသေတ္တာအအေးခန်းမှာသိမ်းထားတယ်ဆိုကြပါစို့။(ရေခဲခန်းကိုမပြောပါ။အအေးခန်းကိုပြောတာပါ။)အဲဒီရေခဲသေတ္တာထဲကဆေးကို(Exp:)ဖြစ်နေတဲ့နေ့မှာမှစပြီးတွေ့လို့ဗူးအသစ်စပြီးဖေါက်လိုက်တယ်ဆိုကြပါစို့။အထဲကဆေးဟာ၊အရောင်၊အနံ့၊အရသာမပြောင်းလဲသေးဘူးဆိုရင်၊ကျွန်တော်ကိုယ်တိုင်နောက်ထပ်ခြောက်လ၊တစ်နှစ်လောက်အထိဆက်သောက်ချင်သောက်ရဲပါတယ်။ဒါပေမယ့်သောက်ပြီးတိုင်းအဖုံးကိုသေချာလေလုံအောင်ပြန်ပိတ်ပြီးအဆိုပါရေခဲသေတ္တာရဲ့ခြောက်သွေ့သောနေရာမှာပဲပြန်ပြန်ပြီးသိမ်းဆည်းထားဖို့တော့အထူးလိုအပ်ပါတယ်။ — ဆေးတစ်မျိုးကိုဝယ်လိုက်ပြီဆိုတာနဲ့၊မြန်မာလို(သုံးစွဲပြီးတိုင်းအဖုံးအား၊လေလုံအောင်ပြန်ပိတ်ပါ။လက်ရေစိုဖြင့်မ ကိုင်၊မဖွင့်ပါနှင့်။အေး၍ခြောက်သွေ့သောနေရာတွင်ထားပါ။ရေခဲသေတ္တာရှိပါကအောက်ထပ်တွင်သိမ်းထားနိုင်ပါသည်)ဆိုပြီးတော့မြန်မာလိုရေးထားတာရှိသလို၊အင်္ဂလိပ်လိုလဲ(WARNING: Store in a cool, dry place.)ဆိုပြီးသတိပေးချက်တွေရေးထားတာဟာအလကားအပျင်းပြေဖတ်ဖို့ရေးပေးထားတာတွေမဟုတ်ပါဘူး။ — မြန်မာလူမျိုးတွေဟာဒီလမ်းညွန်ချက်တွေကိုမလိုက်နာပဲ၊(Exp Date)တစ်ခုတည်းကိုသာအလေးထားပြီးဆေးသုံးစွဲတတ်ကြပါတယ်။တစ်ကယ်ဆိုရင်ဒီလမ်းညွန်ချက်တွေဆိုတာ(Exp Date)ကဲ့သို့အလွန်အရေးကြီးပြီးလိုက်နာရမယ့်အချက်အလက်တွေပါပဲ။ — ဖြည့်စွက်စာဆေးတွေရဲ့၊အဓိကအပျက်စီးမှု့အများဆုံးအချက်တွေကတော့၊နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှု့၊ရေစိုထိုင်းမှု့၊ရေခိုးရေငွေ့ထိတွေ့ွ့မှု့၊အပူချိန်နဲ့ရေငွေ့ဓါတ်များနေသောလေနှင့်ထိတွေ့ွ့မှု့ပါပဲ။ဒီနေရာမှာဆိုချင်တာကအပူဒဏ်မခံနိုင်ဘူးလို့မဆိုလိုပါဘူး။(original sealed)ပိတ်ထားရင်၊တနည်းအားဖြင့်ပုလင်းအသစ်မဖေါက်ရသေးဘူးဆိုရင်တော်ရုံတန်ရုံအပူဒဏ်လောက်တော့ကောင်းကောင်းခံနိုင်ကြပါတယ်။ — ဒါပေမယ့်(အပူချိန်နှင့်အတူစိုထိုင်းမှု့၊ရေခိုးရေငွေ့ရောနှောနေပြီဆိုရင်တော့)ဘယ်ဆေးမှမခံနိုင်တော့ဘဲပျက်စီးသွားစေနိုင်ပါတယ်။ဆိုလိုတာက(sealed)အလုံပိတ်ထားရင်တော်ရုံတန်ရုံအပူချိန်ကိုမကြောက်ပေမယ့်၊(Sealed)ပွင့်နေရင်တော့ရေခိုးရေငွေ့ပါနေတဲ့လေကိုကြောက်ရပါတယ်။ဒါကြောင့်ဆေးပုလင်းအသစ်တွေ(sealed)မဖေါက်ရသေးခင်မှာသာမာန်အခန်းအပူချိန်မှာသိမ်းဆည်းထားလို့ရနိုင်ပေမယ့်။(sealed)ဖေါက်ပြီးသွားပြီဆိုရင်တော့ရေခဲသေတ္တာရဲ့ခြောက်သွေ့သောနေရာတစ်ခုမှာသိမ်းထားပေးစေချင်ပါတယ်။ — အမေရိကန်ကလုပ်တဲ့ဆေးတွေဟာမြန်မာပြည်ကလုပ်တဲ့ဆေးတွေလိုတစ်လုံးခြင်းဆေးကပ်ကလေးတွေနဲ့လာကြတာနည်းပြီး။အလုံးပေါင်းရာနဲ့ချီဆေးပုလင်းတစ်ခုတည်းမှာပေါင်းထည့်ထားတတ်ကြတာများပါတယ်။ဘာကြောင့်လဲဆိုတော့အမေရိကန်လိုနိုင်ငံပြည်နယ်အများစုတွေမှာရာသီဥတုဟာအလွန်အေးမြပါတယ်။အေးမြတဲ့ရာသီဥတုဟာခြောက်သွေ့စေပါတယ်။ — အမေရိကန်မှာပူတဲ့ပြည်နယ်တွေအနည်းငယ်တော့ရှိပါတယ်။ဒါပေမယ့်အဲဒီပူတဲ့ပြည်နယ်ကအိမ်တိုင်းဟာ(air …

ဆေးတွေ၊ဖြည့်စွက်စာတွေရဲ့သက်တမ်းကုန်ဆုံးပျက်စီးနိုင်မှု့နဲ့ပါတ်သက်ပြီးအရေးကြီးတာတစ်ခုပြောချင်ပါတယ်။ Read More »

Source from Kelvin A. Power’s Facebook on December 12, 2020 ဒီခေတ်လူတွေမှာအမည်မဖေါ်နိုင်တဲ့ရောဂါအမျိုးမျိုးတွေဖြစ်နေကြရပြီး၊အရေးကြီးတဲ့အချက်တစ်ခုကိုမသိထားရင်၊ထပ်ပြီးလူအများဒုက္ခရောက်စေနိုင်လို့၊လူတိုင်းသေချာသိရှိနားလည်ထားကြရအောင်၊နွားနဲ့ပါတ်သက်တဲ့၊အမဲသား၊နွားနို့၊ထောပါတ်၊ဒိန်ချဉ်၊ဒိန်ခဲ၊နို့မှုန့်၊(Protein)၊(Collagen)အစရှိတဲ့ပစ္စည်းတွေအကြောင်းကိုအထူးသတိပေးရေးသားချင်ပါတယ်။ — နွားနဲ့ပါတ်သက်တဲ့ပစ္စည်းတွေကိုကိုယ်ကစားသုံးတော့မယ်ဆိုရင်မြက်စားနွား(Grass Fed Cows)တွေဖြစ်ဖို့လိုအပ်ပါတယ်။ဒီလိုပြောလိုက်တာကိုနားမလည်သူလူတစ်ချို့ကဆရာကယ်လ်ဗင်ဘာတွေလျှောက်ရေးနေတာလဲ၊နွားပါဆိုမှမြက်မစားရင်ဘာသွားစားမှာလဲလို့ဝေဖန်နေမယ်ဆိုရင်အဲဒီလူဟာအလွန်ဗဟုသုတနည်းလို့ပါပဲ။ — နွားတွေဟာသဘာဝကိုကမြက်ကိုပဲအဓိကစားတယ်ဆိုတာကျွန်တော်တို့ဘိုးစဉ်ဘောင်ဆက်သိခဲ့ရပြီး၊အခုထက်ထိတိုင်ခလေးကအစသိထားတဲ့အရာတစ်ခုပါ။နွားတွေမြက်စားတယ်ဆိုတာအထူးအဆန်းမဟုတ်ခဲ့ပါဘူး။နွားလို့ပြောလိုက်ရင်လူတိုင်းမျက်စိထဲမှာစိမ်းလမ်းစိုပြေနေတဲ့မြက်ခင်းပြင်ကြီးတွေရဲ့အလည်မှာလွတ်ကြောင်းထားပြီးမြက်စားနေကြတဲ့နွားတွေကိုသွားမြင်မိပါလိမ့်မယ်။အဲဒါအရင်တုံးကရှိခဲ့တဲ့ကောင်းမွန်တဲ့သဘာဝကလေးတစ်ခုပါ။အခုရှားသွားပါပြီ။အထူးသဖြင့်(USA)မှာအလွန်ကိုရှားသွားပါပြီ။ — လောဘအလွန်ကြီးလာတဲ့အရင်းရှင်ကြီးတွေကြီးစိုးလာတဲ့ခေတ်ကြီးမှာ၊ဝမ်းနည်းစရာအလွန်ကောင်းတာကအမေရိကန်လိုခေတ်မှီတိုးတက်တဲ့ကမ္ဘာနိုင်ငံတော်တော်များများမှာ၊နွားတွေကိုမြက်လုံးဝမကျွေးကြတော့ပါဘူး။နွားတွေရဲ့(95%)ကျော်ဟာမျိုးရိုးဗီဇပြောင်းလဲထားတဲ့(GMO)လို့ခေါ်တဲ့အသီးအနှံတွေ၊ကြက်ခြံကရတဲ့စွန့်ပြစ်ပစ္စည်းတွေ၊ကြက်ချေးတွေ၊အသားပုတ်တွေ၊အစရှိသဖြင့်မသင့်လျှော်တဲ့အရာတွေကျွေးပြီးမွေးမြူကြတော့တာပါပဲ။ — နွားတွေကိုမြက်ခင်းမှာကျောင်းပြီးမွေးမြူရင်နို့အထွက်နည်းမယ်၊အသားအထွက်နည်းမယ်၊အသားရဖို့အကြာကြီးစောင့်ရမယ်။နွားတွေကိုလွတ်ကျောင်းလို့(ကယ်လိုရီတွေ)ဖြုန်းတီးသလိုဖြစ်ပြီး၊အဆီတွေကျသွားမယ်။ဒါကြောင့်လောဘကြီးတဲ့အရင်းရှင်တွေဟာအမြတ်တွေပိုရအောင်တိုးပွားဟော်မုန်းဓါတ်တွေနဲ့(Antibiotics)တွေရောနှောထားပြီးမျိုးရိုးဗီဇပြောင်းလဲထားတဲ့(GMO Carbohydrate)တွေကိုပဲအလေးထားကျွေးမွေးကြပါတော့တယ်။ — (GMO)တွေဆိုတာအလွန်ဆိုးပါတယ်။သဘာဝသီးနှံမဟုတ်ပဲ၊လူလုပ်ထားတဲ့သီးနှံတွေဖြစ်နေလို့၊လူ့ခန္ဓာကိုယ်ကဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာဘယ်လိုမှမသိနိုင်သလို၊ကမ္ဘာဦးကတည်းကလူ့ခန္ဓာမှာရှိနေတဲ့အင်ဇိုင်းတွေကလဲဒီပစ္စည်းတွေကိုဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာမသိနိုင်ပါဘူး။နောက်ဆုံးရလဒ်ကအမည်ဖေါ်ပြလို့မဆုံးနိုင်တဲ့ရောဂါအမျိုးမျိုးနဲ့ကင်ဆာအမျိုးမျိုးဖြစ်ရတော့တာပါပဲ။ — (GMO)ဆိုတာ(Genetically modified organism)တွေပါပဲ။ဥပမာပြောရရင်၊နဂိုကဆီကြိတ်လို့မလွယ်တဲ့ပြောင်းဖူးကိုဆီတွေအများကြီးထွက်အောင်မျိုးရိုဗီဇပြောင်းပြစ်လိုက်မယ်။တစ်ပင်မှာငါးဖူးထက်ပိုပြီးမသီးတဲ့ပြောင်းဖူးကို၊အဖူး(၁၀၀)ထွက်အောင်လုပ်မယ်။ပိုးကိုက်လို့သေသွားမဲ့အပင်ကို၊ပိုးကိုက်ရင်အပင်မသေပဲပိုးတွေပဲသေသွားအောင်မျိုးရိုးဗီဇမှာပိုးသတ်ဆေးထည့်သွင်းပေးထားလိုက်မယ်။သြဇာဓါတ်လုံးဝမရှိတဲ့မြေရိုင်းမှာရှင်သန်နိုင်အောင်ဓါတုဗေဒဓါတ်မြေသြဇာတွေမျိုးရိုးဗီဇမှာထည့်သွင်းထားလိုက်မယ်။ဒီသဘောတွေကိုပြောတာပါ။ — ဒါတွေဟာအရင်းရှင်တွေလောဘတကြီးနဲ့သဘာဝကိုဆန့်ကျင်ဖျက်ဆီးပြစ်တဲ့နည်းတွေပါပဲ။အန္တရာယ်ကတော့ကြိုတင်တွက်ဆထားလို့မရနိုင်အောင်များပါတယ်။ဒီအသီးနှံတွေဟာမျိုးရိုဗီဇမှာကိုကပိုးသတ်ဆေးပါပြီးသားဖြစ်နေလို့ပိုးမဖျက်ဆီးနိုင်သလို၊ဓါတုဗေဒဆေးတွေပါပြီးသားဖြစ်နေလို့မြေသြဇာလဲမလိုပဲကောင်းကောင်းအထွက်တိုးပါတော့တယ်။ဘယ်လိုစိုက်စိုက်အထွက်တိုးတော့ဈေးလဲအလွန်ပေါတာပေါ့။ဥပမာ(GMO)ပြောင်းဖူးဆိုတာမြက်ထက်အလွန်ဈေးပေါလို့နွားတွေကိုမြက်မကျွေးတော့ပဲ(GMO)ပြောင်းဖူးတွေကျွေးတာပေါ့ဗျာ။ — နွားကလဲအကြီးမြန်တယ်။သဘာဝမြက်စားနွားကတစ်ခါပေါ်ဖို့(၂)နှစ်လောက်စောင့်ရမယ်ဆိုရင်၊(GMO)နွားတွေကလပိုင်းနဲ့ပေါ်လို့ရတယ်ပေါ့။သဘာဝနွားကတစ်ရက်ကိုနို့(၁)ဂါလံထွက်ရင်၊(GMO)နွားက(၁၀)ဂါလံထွက်အောင်ညှစ်ယူလို့ရတယ်ဆိုတော့၊လောဘသမားတွေတွက်ခြေကိုက်ပြီပေါ့ဗျာ။ — အဆိုးဆုံးကတော့နွားတွေကိုအသားတိုးတဲ့ဟော်မုန်း၊နို့ထွက်ကောင်းတဲ့ဟော်မုန်းဓါတ်တွေထိုးကြတယ်ကျွေးကြပြန်တယ်။နွားဆိုတာကမြက်ခင်းပြင်ပေါ်မှာနေရောင်ခြည်ရရှိပြီးသဘာဝကပေးတဲ့မြက်ကိုစားရမှကျန်းမာကြတာဗျ။မြက်မကျွေး၊နေရောင်မရတော့ရောဂါအမျိုးမျိုးဖြစ်တော့တာပေါ့၊ဒါကြောင့်ရောဂါကာကွယ်နိုင်အောင်(Antibiotic)ဆေးအမျိုးမျိုးတွေနေ့တိုင်းထိုးပေးရ၊ကျွေးကြရတော့တာပေါ့။ရှင်းရှင်းပြောရရင်နွားတွေတစ်ကောင်မှမကျန်းမာကြတော့ဘူး။ရောဂါသယ်နွားတွေဖြစ်နေကြပြီး(Antibiotics)တွေ၊ဟော်မုန်းတွေနဲ့အသက်ဆက်ထားရတာပေါ့ဗျာ။ — ဝက်တွေလိုသဘာဝအားဖြင့်(Carbohydrate)စားတတ်တဲ့သတ္တဝါကို(Carbohydrate)ကျွေးတာသိပ်ပြဿနာမရှိပေမယ့်၊သဘာဝအားဖြင့်အရွက်စိမ်းပဲစားတတ်တဲ့သတ္တဝါကို(Carbohydrate)ကျွေးရင်ကျန်းမာရေးချို့တဲ့တတ်တာဟာလဲအဆန်းမဟုတ်ပါဘူး။ဒီလို(Antibiotics)တွေနဲ့အသက်ဆက်ထားရတဲ့၊ကြီးထွားဟော်မုန်းတွေအလွန်အကျွံသုံးထားတဲ့နွားထွက်ပစ္စည်းတွေကိုစားသုံးမိတဲ့လူတွေဟာပထမဦးဆုံးအစာအိမ်နဲ့အူလမ်းကြောင်းမှာရှိတဲ့အကျိုးပြုပိုးမွှားလေးတွေကိုပျက်စီးဆုံးရံှုးစေပါတယ်။နောက်တော့(Autoimmune Diseases)တွေ၊ကင်ဆာရောဂါအမျိုးမျိုးတွေနဲ့အမည်မသိရောဂါဆန်းတွေဖြစ်လာကြတော့တာပါပဲ။ — ဒါကြောင့်နွားထွက်ပစ္စည်းအမဲသား၊နွားနို့၊ထောပါတ်၊ဒိန်ချည်၊ဒိန်ခဲ၊နို့မှုန့်၊(Protein)၊(Collagen)အစရှိတဲ့ပစ္စည်းတွေကိုစားသုံးမယ်ဆိုရင်မြက်ကြွေးနွား(Grass Fed Cows)တွေဖြစ်ဖို့၊ကိုယ်ကဗဟုသူတရှိပြီး(Grass Fed)ပစ္စည်းတွေကိုရွေးချယ်တတ်ဖို့အထူးလိုအပ်လှပါတယ်။ — ဥပမာပြောရရင်(Grass Fed)နို့ထွက်ပစ္စည်းတွေနဲ့(Grass Fed)ထောပါတ်တွေဟာလူ့ခန္ဓာကျန်းမာရေးအတွက်ကောင်းကျိုးအလွန်များပါတယ်။ဒါပေမယ့်(GMO Fed) နို့ထွက်ပစ္စည်းတွေနဲ့(GMO)ကျွေးနွားထောပါတ်တွေဟာအလွန်ဆိုးကျိုးများပါတယ်။မြန်မာပြည်မှာတော့ကံကောင်းစွာနဲ့မြက်စားနွားတွေတော်တော်များများရှိနေသေးပေမယ့်။အမေရိကန်လိုနိုင်ငံမျိုးတွေမှာတော့(95%)ကျော်ဟာမြက်မကျွေးပဲ(GMO)တွေပဲကျွေးနေပါပြီ။ — အမေရိကန်နိုင်ငံကလာတဲ့နွားထွက်ပစ္စည်းတွေဆိုရင်သတိထားကြပါ။အထူးသတိထားရမဲ့အမေရိကန်ကလာတဲ(GMO)ကျွေးနွားထွက်ပစ္စည်းကတော့(Ensure)နို့မှုန့်ပါပဲ။(Ensure)ဟာ(Grass Fed)လုံးဝမဟုတ်ပါ။(GMO)တွေ၊ဟော်မုန်းတွေ၊(Antiobiotic)တွေကျွေးပြီးထုတ်တဲ့နွားတွေကရတာပါပဲ။မယုံကြည်လို့စားမယ်ဆိုရင်လဲ၊နောက်တချိန်ရောဂါဖြစ်လာရင်ကိုယ်ဖြစ်ကိုယ်ခံပါပဲ။(Ensure)သောက်မယ့်အတူတူကိုယ့်ရွာထဲနွားခြံတစ်ခုခုကနေရတဲ့ပြည်တွင်းဖြစ်နွားနို့ဆိုရင်တောင်ပိုအန္တရာယ်ကင်းပြီးအကျိုးရှိနိုင်ပါလိမ့်မယ်။ — အမေရိကန်မှာတစ်ခုကောင်းတာကကြက်တွေကိုဟော်မုန်းဓါတ်တွေမကျွေးရတော့ဘူး။ကြက်တွေကိုကျန်းမာနေရက်နဲ့(Antibiotic)မကျွေးရဘူးဆိုတဲ့ဥပဒေရှိပေမယ့်နွားတွေမှာတော့မရှိသေးပါဘူး။ကြက်တွေကိုမကျန်းမာရင်တော့ဆေးကုသတဲ့အနေနဲ့(Antibiotic)တွေပေးလို့ရပါတယ်။ပုံမှန်ပေးတာမျိုးမဟုတ်လို့အန္တရာယ်မရှိလှပါဘူး။နွားတွေကိုတော့ပုံမှန်အမြဲဟော်မုန်းနဲ့(Antibiotic)တွေပေးပြီးမွေးကြရပါတယ်။ — ကြက်တွေကိုဟော်မုန်းနဲ့(Antibiotic)တွေပုံမှန်ကျွေးလို့မရပေမယ့်(GMO)သီးနှံတွေတော့ကျွေးလို့ရပါတယ်။ဒါပေမယ့်(Organic)လို့စကားလုံးပါနေရင်တော့(GMO)လုံးဝကျွေးလို့မရပါဘူး။(Organic)ဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်ဟာ(GMO …

Read More »

(Zinc)နဲ့(Copper)ကို(Corona Virus)တိုက်ဖျက်ရေးအတွက်ဘယ်လိုအသုံးချလို့ရတယ်ဆိုတာလူတိုင်းနားလည်နိုင်စေဖို့

Source from Kelvin A. Power’s Facebook on November 22, 2020 (Zinc Ionophore & Zinc Finger Motif Antiviral Protein) ဒီ(Post)ကိုဖတ်သူတိုင်း(Zinc)နဲ့(Copper)ကို(Corona Virus)တိုက်ဖျက်ရေးအတွက်ဘယ်လိုအသုံးချလို့ရတယ်ဆိုတာလူတိုင်းနားလည်နိုင်စေဖို့ဥပမာတွေပေးပြီးသေချာရေးပေးပါမယ်။(Zinc)နဲ့(Copper)ဆိုတာခန္ဓာကိုယ်ရဲ့(Virus)ခုခံမှု့စနစ်အတွက်မရှိမဖြစ်အလွန်ရေးကြီးပါတဲ့သဘာဝကပေးထားတဲ့ဓါတ်တွေဖြစ်ပါတယ်။ — ခန္ဓာကိုယ်အတွင်းမှာမပြောပါနှင့်အပြင်မှာတောင်ဘယ်(Virus)ပိုးမျိုးကိုမဆို(Zinc, Copper)တွေနဲ့လုပ်ထားတဲ့သတ္တုမျက်နာပြင်ပစ္စည်းတစ်ခုခုပေါ်မှာတင်ထားလိုက်ရင်ကြာကြာမရှင်သန်နိုင်ပါဘူး။(Zinc)နဲ့(Copper)ကလဲခုခံအားစနစ်အတွက်အလုပ်လုပ်ပုံခြင်းဆင်တူနေလို့?ဒီ(Post)မှာ(Copper)အတွက်သီးသန့်မရေးပေးတော့ပဲ(Zinc)အကြောင်းကိုပဲအလေးထားရေးပေးပါမယ်။ — ပထမဆုံးအနေနဲ့(Zinc)အကြောင်းရေးပြီဆိုရင်(Ionophore)ဆိုတဲ့စကားလုံးကိုလဲအဓိပ္ပါယ်ဖွင့်ဖို့လိုအပ်ပါတယ်။(Ionophore)ဓါတ်ပေါင်းတွေဆိုတာ၊(Virus)ပိုးတွေကိုတိုက်ခိုက်ဖျက်ဆီးဖို့(Zinc)လိုအပ်နေတဲ့ဆဲလ်တွေရဲ့အတွင်းပိုင်းကို(Zinc ion)တွေဝင်ရောက်သွားနိုင်အောင်သယ်ဆောင်ပေးနိုင်တဲ့ပို့ဆောင်ရေးယာဉ်တွေသဘောမျိုးပါပဲ။ — (Virus)ကာကွယ်ရေးစနစ်အတွက်၊(Ionophore)တခုခုရဲ့အကူအညီမပါပဲ၊(Zinc)တစ်ခုတည်းပေးမယ်ဆိုရင်၊(Zinc)ဟာ(Positive ion)ဖြစ်နေတဲ့အတွက်၊ဆဲလ်တွေရဲ့(lipid membrane)ကိုဖေါက်ထွင်းဖြတ်ကျော်ပြီး၊တစ်ကယ်လိုအပ်နေတဲ့(cytoplasm)ထဲကိုဝင်ရောက်နိုင်ဖို့အလွန်ခက်ခဲတဲ့အတွက်အကျိုးကျေးဇူးအလွန်နည်းပါတယ်။ — နောက်တစ်ခုက(Zinc)ဟာခန္ဓာကိုယ်ထဲမှာ(Virus)တွေကိုဘယ်လိုဖျက်ဆီးပြီးတားဆီးပေးနိုင်သလဲဆိုတာကိုတိတိကျကျသိဖို့လိုအပ်နေလို့(Zinc finger motif)အကြောင်းကိုအကြမ်းရေးပေးပါမယ်။ – (Zinc finger motif)ဆိုတာ(Zinc)အပေါ်မှာမူတည်နေတဲ့(Protein)တမျိုးပါပဲ။သူ့ကို(Zinc Antiviral Protein)သို့မဟုတ်၊အတိုကောက်(ZAP)လို့လဲခေါ်ပါတယ်။ဒီ(Zinc)ပါတဲ့(ZAP)ဟာ(Virus)ပိုးတွေရဲ့(RNA)တွေကိုအလုပ်မလုပ်နိုင်အောင်တွယ်ကပ်ပြီး၊(RNA)အသစ်တွေထပ်ပြီးပုံတူမျိုးပွားတဲ့အဆင့်(RDRP)လို့ခေါ်တဲ့ (Protein)တွေကိုစတင်ထုတ်လုပ်ကြရတဲ့အချိန်မှာ၊ပွားများလို့မရနိုင်အောင်ဖြတ်တောက်ဖျက်ဆီးပြစ်နိုင်ပါတယ်။ — ဆိုလိုတာက(RNA Sequence)တွေကိုဖြတ်တောက်ပြုပြင်အစားထိုးချင်တယ်ဆိုရင်(zinc finger proteins)နဲ့ဖြတ်တောက်ပြီးပြန်ပြုပြင်ယူလို့ရတယ်ဆိုတဲ့သဘောမျိုးပါပဲ။ဥပမာပေးရရင်၊ရောင်စုံပုလဲပုတီးကုံးလေးတစ်ကုံးမှာ၊တစ်နေရာရာမှာပုတီးတစ်လုံးရဲ့အရောင်ကိုကိုယ်ကမကြိုက်ဘူးဆိုရင်ဖြတ်ထုတ်ပြစ်ပြီး၊အစားထိုးပြုပြင်ပေးလို့ရတဲ့သဘောမျိုးပါပဲ။အဲဒီပုတီးကုံးလေးကိုဖြတ်ထုတ်ပြစ်ဖို့ကတ်ကြေးတစ်လက်လိုအပ်သလို၊(RNA)တွေကိုဖြတ်ထုတ်နိုင်ဖို့(zinc finger proteins)ကို့အသုံးပြုလို့ရပါတယ်။အဲဒီနည်းပညာကို(zinc finger gene editing (OR) Zinc finger nucleases …

(Zinc)နဲ့(Copper)ကို(Corona Virus)တိုက်ဖျက်ရေးအတွက်ဘယ်လိုအသုံးချလို့ရတယ်ဆိုတာလူတိုင်းနားလည်နိုင်စေဖို့ Read More »

(COVID-19)ကိုဖြစ်ပေါ်စေတဲ့(SARS COV-1, COV-2, MERS Virus)တွေနဲ့(အစာအိမ်အက်ဆစ်ဓါတ်)အနည်းအများဆက်သွယ်ပါတ်သက်တဲ့သုတေသန

Source from Kelvin A. Power’s Facebook on November 18, 2020 လူအများစုသိထားတာက(COVID-19)ရောဂါကိုဖြစ်ပေါ်စေတဲ့(SARS COV-2 Virus)ဆိုတာအဆုတ်တစ်ခုတည်းကိုပဲတိုက်ခိုက်တယ်။အဆုတ်ထဲမှာပဲအများဆုံးပွားများနိုင်တယ်လို့ထင်ထားကြတာဟာတစ်ကယ်တော့မမှန်ကန်ပါဘူး။ဘာကြောင့်လဲဆိုတော့၊ဒီပိုးတွယ်ကပ်နိုင်တဲ့(ACE2 Receptor)တွေဆိုတာ့အဆုတ်တစ်ခုတည်းမှာပဲရှိနေတာတော့မဟုတ်ပါဘူး၊တခြားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေမှာလဲရှိနေပြန်ပါတယ်။ — အဆုတ်ကိုတိုက်ခိုက်နိုင်သလို၊တခြားအင်္ဂါအစိတ်အပိုင်းတွေကိုလဲတိုက်ခိုက်ခံရပါတယ်။အဆုတ်ထဲမှာပွားများနိုင်သလို၊တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာလဲပွားများနိုင်တာပါပဲ။ဒီ(Virus)ပိုးဟာအဆုတ်အပြင်အစာအိမ်နဲ့အူလမ်းကြောင်းမှာလဲအခြေပြုပြီးအဓိကပွားများနိုင်တယ်ဆိုတဲ့အချက်ဟာမေ့ထားလို့မရပဲထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ခုပါပဲ။ — သဘာဝအားဖြင့်လူ့ခန္ဓာကိုယ်မှာအဆုတ်ဆိုတာ၊ရောဂါပိုးအနည်းငယ်လောက်လွယ်လွယ်နဲ့ဝင်လာပြီးဒုက္ခအလွယ်တကူပေးနိုင်တဲ့အင်္ဂါတစ်ခုတော့မဟုတ်ပါဘူး။ကြီးရာကနေသေးသွားတဲ့အဆင့်ဆင့်သောအဆုတ်လေပြွန်နံရံတွေမှာရှိတဲ့ချွဲသလိပ်တွေဆိုတာကလဲပြင်ပကဝင်လာတဲ့ရောဂါပိုးတွေကိုဖမ်းပြီးစစ်ထုတ်ပေးနိုင်တဲ့သဘောရှိပါတယ်။ချောင်းဆိုး၊နှာချေတယ်ဆိုတာကလဲပြင်ပကဝင်လာတဲ့ရောဂါပိုးတွေနဲ့ဖုန်မှုန့်တွေကိုလေအားပြင်းနဲ့မှုတ်ထုတ်ပြစ်တဲ့သဘာဝကာကွယ်ရေးစနစ်ပါပဲ။အဆုတ်ထဲမှာရှိတဲ့လေအိပ်ငယ်လေးတွေတစ်ခုခြင်းစီအတွင်းမှာလဲ၊အသက်ရူရင်ပါလာတဲ့ရောဂါပိုးတွေကိုတိုက်ခိုက်ဖျက်ဆီးပြစ်နိုင်ဖို့(Immune Cells)အမျိုးမျိုးတွေအများကြီးစနစ်တကျရှိနေပါတယ်။ — အဆုတ်ဟာရောဂါမကူးစက်နိုင်ဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။အဆုတ်ထဲကိုဝင်လာတဲ့ရောဂါပိုးဟာအင်အားနည်းရင်၊(Viral Load)နည်းရင်အဆုတ်အတွင်းမှာစနစ်တကျရှိတဲ့ခုခံမှု့စနစ်ကခုခံတွန်းလှန်ပြစ်နိုင်တယ်လို့ဆိုလိုချင်တာပါ။ဝင်လာတဲ့ရောဂါပိုးဟာအင်အားအလွန်များတယ်၊(Viral Load)များတယ်ဆိုရင်တော့ဒုက္ခပေးနိုင်ပါတယ်။ — ကိုယ်က(COVID)ရောဂါကိုဖြစ်စေတဲ့(Virus)ပါတဲ့လေကိုရူသွင်းမိသည်ပဲထားဦးတော့၊များသောအားဖြင့်(Viral Load)များတာကိုမရူသွင်းမိတတ်ပါဘူး။ဒါကြောင့်(COVID-19)ရောဂါကိုဖြစ်ပေါ်စေတဲ့(SARS COV-2 Virus)ပိုးအကူးစက်ခံရပြီဆိုရင်၊ချက်ခြင်းရုတ်တရက်ကြီးမဖျားတတ်ကြပါဘူး။ရက်အနည်းငယ်ကြာအောင်အရှိန်ယူရပါတယ်။အဲဒါဟာ(Viral Load)နည်းလို့ဖြစ်ရတာပါ။ — လူတစ်ယောက်ဟာဒီ(Virus)ပါတဲ့လေကိုရူရှိက်မိပြီဆိုတာနဲ့လေထဲမှာပါလာတဲ့(Virus)ပိုးအကောင်ရေတွေရဲ့ရာခိုင်နုန်းအနည်းငယ်လေးသာလျှင်အဆုတ်အတွင်းပိုင်းအထိတိုက်ရိုက်ဝင်ရောက်လာနိုင်ပါတယ်။(Immune System)ရဲ့ခုခံမှု့တွေကြောင့်အဆုတ်ထဲကနေသွေးကြောတွေထဲကိုချက်ခြင်းကြီးဝင်ရောက်နိုင်ဖို့ဆိုတာမလွယ်ကူပါဘူး။တစ်ကယ်လို့သာပထမတစ်ကြိမ်ရူရှိုက်လိုက်တာနဲ့သွေးကြောထဲချက်ခြင်းရောက်သွားမယ်ဆိုရင်လူနာဟာပထမရက်မှာတင်ချက်ခြင်းလက္ခဏာတွေပြပြီး၊အဖျားဝင်ရမှာဖြစ်ပါတယ်။လက်တွေ့မှာဘာလက္ခဏာမှချက်ခြင်းမပြပါဘူး။ချက်ခြင်းမဖျားသေးပါဘူး။ — ဒီရောဂါကူးစက်ခံရတဲ့လူကို၊ကူးစက်ခံရရချင်းသွေးစစ်ကြည့်လို့သွေးထဲမှာ(Virus)ပိုးစတွေ့ဖို့မသေချာပါဘူး။ဒီ(Virus)ပိုးဟာခန္ဓာကိုယ်ကိုဝင်ရောက်လာပြီဆိုတာနဲ့ပိုးကောင်ရေအများစုဟာအဆုတ်ထဲကိုတိုက်ရိုက်မဝင်ရောက်နိုင်သေးပဲ၊နှာခေါင်းအတွင်းပိုင်း၊အာခေါင်အနောက်ဖက်၊ပါးစပ်အပေါ်ဖက်၊အဆုတ်ကိုသွားတဲ့လေပြွန်နဲ့အစာအိမ်ကိုသွားတဲ့အစာပြွန်ဆုံမှတ်ရဲ့အပေါ်နားလေး(Swab နမူနာယူရတဲ့)နေရာမှာယာယီစခန်းချပြီးတွယ်ကပ်နေတတ်ပါတယ်။အဲဒီနေရာကို(Swab)ယူပြီးစမ်းသပ်မှသာလျှင်တိတိကျကျအဖြေသိနိုင်ပါတယ်။နေရာလွဲရင်လဲ(False Negative)ပြနိုင်ပါတယ်။ — ဆိုလိုတာကဒီ(Virus)ပိုးဟာ(Swab နမူနာယူရတဲ့)နေရာမှာယာယီစခန်းချပြီးတွယ်ကပ်နေတတ်ပြီးအကြီးအကျယ်အကောင်ရေတွေပွားများနေပါတော့တယ်။လည်ချောင်းပြွန်၊လေပြွန်ဆုံမှတ်အပေါ်ဒေသတဝိုက်မှာရှိနေတဲ့(Cells)တွေကို(host cells)တွေအဖြစ်အသုံးပြုပြီးအကောင်ရေသန်းပေါင်းများစွာအရင်အင်အားတိုးချဲ့ပွားများရပါတယ်။ဒီနေရာမှာယာယီစခန်းချပြီးအင်အားတိုးချဲ့ပွားများပြီး၊လိုအပ်တဲ့(Viral Load)တွေရရှိလာပြီဆိုတော့မှခန္ဓာကိုယ်ကိုကောင်းကောင်းဒုက္ခပေးတော့တာပါပဲ။အဲဒီလိုအင်နဲ့အားနဲ့ဝင်တိုက်ခိုက်တော့မှသာရောဂါလက္ခဏာတွေပေါ်လာပြီးဖျားနာလာရတာပါပဲ။ — (Swab) နမူနာယူရတဲ့နေရာမှာအင်အားတိုးချဲ့ပွားများပြီးအင်အားပြည့်လာရင်၊ခန္ဓာကိုယ်ကိုလမ်းကြောင်းနှစ်ခုခွဲပြီးတိုက်ခိုက်တော့တာပါပဲ။သာမှန်ကျန်းမာနေသူတစ်ယောက်ရဲ့အဆုတ်လမ်းကြောင်းဖက်ကိုဝင်ပြီးတိုက်ခိုက်မယ်ဆိုရင်တော့၊အဆုတ်ကိုစောင့်ကြပ်နေတဲ့အင်အားကြီးတဲ့(Immune System)ဆဲလ်တွေနဲ့ထိပ်တိုက်ရင်ဆိုင်ရပါလိမ့်မယ်။အစာအိမ်ကိုဖက်ကိုသွားမယ်ဆိုရင်တော့၊ (Immune System)ဆဲလ်တွေစောင့်ကြပ်မှု့နည်းပေမယ့်အလွန်ပြင်းထန်တဲ့အက်ဆစ်ဓါတ်ကိုရင်ဆိုင်ရပါလိမ့်မယ်။ — အဆုတ်ထဲကိုဝင်တိုက်ရိုက်ရောက်တိုက်ခိုက်တဲ့လမ်းကြောင်းကိုတော့လူတိုင်းနားလည်ပြီးသားဖြစ်နေလို့ဒီ(Post)မှာထပ်ပြီးမဆွေးနွေးလိုတော့ပါဘူး။အစာအိမ်ထဲကိုဝင်ရောက်လာမယ့်ပိုးတစ်ဝက်လောက်အကြောင်းကိုပဲအဓိကထားပြီးဆွေးနွေးရေးသားပေးပါမယ်။ — အစာအိမ်အတွင်းမှာခုခံမှု့ဆဲလ်တွေမရှိသလို၊အဆုတ်လိုမျိုးရောဂါပိုးတွေဖုန်မုန့်တွေကိုလေအားပြင်းပြင်းနဲ့မှုတ်ထုတ်ပြစ်နိုင်တဲ့ချောင်းဆိုးခြင်း၊နှာချေခြင်းဆိုတဲ့ရောဂါကာကွယ်မှု့စနစ်မျိုးလဲမရှိပါဘူး။သို့သော်ကမ္ဘာဦးကတည်းကအစပြုလို့လူသားတွေရဲ့အစာအိမ်ထဲမှာရောဂါပိုးအမျိုးမျိုးကိုကာကွယ်နိုင်ဖို့မိခင်သဘာဝတရားကြီးကပေးထားတဲ့ပြင်းထန်တဲ့အက်ဆစ်ဓါတ်တွေအလိုလိုပါလာပြီးသားဖြစ်ပါတယ်။ — ကမ္ဘာဦးကာလ၊မီးကိုရှာဖွေမတွေ့ရှိခင်အချိန်တုံးကလူသားတွေရဲ့အစာအိမ်ဟာအက်ဆစ်ဓါတ်အလွန်ပြင်းပါတယ်။ဘယ်လောက်တောင်ပြင်းသလဲဆိုရင်ကျားတွေ၊ခြင်္သေ့တွေလိုအသားစိမ်းတွေစားရင်တောင်ကောင်းကောင်းအစာကြေနိုင်ပါတယ်။စားသောက်ရင်းမတော်တဆတော်ရုံတန်ရုံငါးရိုး၊ကြက်ရိုးမျိုချမိရင်လဲအဲဒီအရိုးတွေကြေနိုင်ပါတယ်။အဲဒါကအရင်တုံးကပါ၊အခုမဟုတ်တော့ပါဘူး။ — အခုခေတ်လူတွေဟာအသားစိမ်းတွေကိုစား၊အရိုးသေးလေးတွေကိုမျိုချဖို့မပြောပါနှင့်၊ထမင်းပျော့ပျော့လေးနဲ့၊ဟင်းသီးဟင်းရွက်နုနုကလေးတွေအစိမ်းစားမိရင်တောင်အစာမကျေပဲလေထနေတဲ့လူတွေအများကြီးရှိနေပါတယ်။အခုခေတ်လူတွေစားနေကြတဲ့အစားအသောက်နဲ့ဆေးဝါးတွေတော်တော်များများမှာအစာအိမ်ရဲ့အက်ဆစ်ထုတ်လုပ်မှု့စနစ်ကိုဖျက်ဆီးပြစ်နိုင်တဲ့ဓါတ်ပေါင်းတွေအများကြီးပါဝင်နေပါတယ်။ဒါကြောင့်အခုခေတ်လူအများစုဟာအစာအိမ်အက်ဆစ်ဓါတ်မကောင်းတော့ပါဘူး။ …

(COVID-19)ကိုဖြစ်ပေါ်စေတဲ့(SARS COV-1, COV-2, MERS Virus)တွေနဲ့(အစာအိမ်အက်ဆစ်ဓါတ်)အနည်းအများဆက်သွယ်ပါတ်သက်တဲ့သုတေသန Read More »

Donations

Source from Kelvin A. Power’s on Facebook on November 14, 2020 (COVID)အရေးပေါ်အလှူပစ္စည်းများ(Customs)အသိမ်းခံလိုက်ရသလားမသိ၊သတင်းသေချာမရ၊ပျောက်ဆုံးနေ။ — ပစ္စည်းပို့ပေးတဲ့(Agent)ကအရေးပေါ်(COVID)အတွက်မြန်မာပြည်ကို(USA)ကပို့လိုက်တဲ့မရှိမဖြစ်လိုအပ်တဲ့ဆေးဝါးတွေအကုန်လုံး(Customs)ကသိမ်းပြစ်တယ်လို့အရင်တစ်ခေါက်ဆက်သွယ်တုံးကပြောပြပါတယ်။ — အသိမ်းခံလိုက်ရတဲ့ပစ္စည်းတွေထဲမှာ(American Best)ကပစ္စည်းတွေပါသွားသလား၊မပါသွားဘူးလားဘာမှသေချာမသိရသေးပါ။လောလောဆယ်နောက်ဆုံးအခြေအနေကတော့၊ပစ္စည်းပို့ပေးတဲ့(Agent)ကိုဖုံးခေါ်၍မရ၊ဖုံးမကိုင်တော့ပါ။ဒါကြောင့်ရက်အနည်းငယ်စောင့်ကြည့်ပြီး၊ပစ္စည်းပို့ပေးတဲ့(Agent)ကိုအဆက်အသွယ်ပြန်ရပြီးတော့အဖြေအတိအကျသိရတော့မှပြန်ပြောပေးပါမယ်။ — သိမ်းပြစ်တဲ့ပစ္စည်းတွေကိုမကြာခင်ခိုးကြောင်ခိုးဝက်နဲ့ဈေးကွက်မှာပြန်ထုတ်ရောင်းတတ်တဲ့(Customs)တချို့တွေရဲ့အကျင့်ဆိုးလေးတွေကလဲ၊ဦးနေဝင်းနှင့်စစ်အစိုးရလက်ထက်ကနေစပြီးအခုအချိန်အထိမပြောင်းလဲသေးပါ။ပြောင်းလဲသင့်နေပါပြီ။(Customs အားလုံးကိုတော့မဆိုလိုပါ၊နေရာတိုင်းမှာလူကောင်းလူဆိုး၊နှစ်မျိုးရှိနေပါသည်။) — ကျွန်တော်တို့မြန်မာပြည်ကိုပို့လိုက်တဲ့အရေးပေါ်အလှူပစ္စည်း(Vitamin D)တွေနဲ့၊အခြားအလှူပစ္စည်း(Men & Women Multivitamins)တွေအများဆုံးပါသွားတဲ့အသုတ်ဟာပို့လိုက်တာတစ်လနီးပါးတောင်ကြာသွားခဲ့ပါပြီ၊မြန်မာပြည်က(Customs)သိမ်းပြစ်သလား၊ဘယ်ရောက်နေလဲဆိုတာဘာမှသေချာတိတိကျကျမသိရသေးပါ။ — ဒါပေမယ့်တစ်ခုတော့ရှိပါတယ်။(American Best)ပစ္စည်းတွေကိုသိမ်းပိုက်ပြီးသူခိုးဈေးနဲ့ဈေးမှာပြန်ရောင်းတယ်ကြားရရင်တော့အထုတ်၊အထည်နဲ့လက်ပူးလက်ကြပ်မိမှာပါပဲ။ဘာကြောင့်လဲဆိုတော့(American Best)ပစ္စည်းတွေကိုအပြင်မှာဘယ်သူ့ကိုမှရောင်းခွင့်ပြုမထားပါ။ခိုးရောင်းနေတာတွေ့ရင်ချက်ခြင်းသတင်းပို့ကြပါ။အဲဒီကနေကွင်းဆက်လိုက်ရင်(CCustoms)အမျိုးတွေအကုန်ရှာတွေ့မှာပါပဲ။ — နောက်ထပ်(USA)မှမြန်မာပြည်သို့ပို့ထားတဲ့ပစ္စည်းအသစ်တွေကိုလည်း၊ပစ္စည်းပို့ပေးတဲ့(Agent)ကဆက်လက်ပို့ဆောင်မှု့မပြုတော့ပဲခေတ္တရပ်တန့်ထားပါသည်။ဘယ်တော့မှပြန်၍ပို့ပေးမည်ကိုလဲတိတိကျကျမသိရသေးပါ။ — ပစ္စည်းပို့ပေးတဲ့(Agent)ကအသိမ်းခံလိုက်ရတဲ့ပစ္စည်းတွေထဲမှာ(American Best)ပစ္စည်းတွေပါသွားသလား၊(COVID)အရေးပေါ်အလှူပစ္စည်းတွေအားလုံး(Customs)စာမိသွားသလားဆိုတာတိတိကျကျသေချာမသိရသေးပေမယ့်၊လောလောဆယ်အလှူပစ္စည်းတွေလက်ထဲမှာလုံးဝမကျန်ရှိတော့ပါ။ — အလှူပစ္စည်းများနှင့်အတူ(Fish Collagen)များလဲပါသွားပါသည်။ပစ္စည်းပို့ပေးတဲ့(Agent)ကလဲဘာမှတိတိကျကျအဖြေမပေးနိုင်သေးလို့အခြားအရေးကြီးဆေးအမျိုးမျိုးလဲသတင်းပျောက်နေပါသည်။ — လောလောဆယ်အခက်အခဲကလက်ရှိမြန်မာပြည်တွင်ရှိနေသောပစ္စည်းများအားလုံးခေတ္တပြတ်တောက်သွားနိုင်ပါသည်။ထို့ကြောင့်(Fish Collagen)များကိုစောင့်၍(Order)မှာထားသူများမစောင့်ကြပါနှင့်၊အဲဒါကိုစောင့်နေရင်တခြားအရေးကြီးတဲ့ပစ္စည်းတွေပါကိုယ်မရလိုက်ဘူးဖြစ်နိုင်ပါတယ်။ — နောက်တစ်ခုက၊အခုနောက်ထပ်ပို့တဲ့ပစ္စည်းတွေမှာ၊အလှူပစ္စည်းတွေကိုမထည့်ပေးနိုင်တော့တာကိုအားလုံးခွင့်လွတ်နားလည်ပေးကြပါခင်ဗျား။နောက်ထပ်အသစ်ပို့လိုက်တဲ့အလှူပစ္စည်းတွေအားလုံးဘယ်ရောက်သွားပြီလဲမသိပျောက်ဆုံးနေပါသည်။ — ထပ်မံဖြည့်စွတ်ခြင်း။(Customs)နဲ့ပြဿနာတက်တယ်ဆိုတာကျွန်တော်တစ်ယောက်တည်းမဟုတ်ပါဘူး။ကျွန်တော့်ပစ္စည်းတွေက(7 boxes)လောက်ပဲဆိုတော့အနည်းငယ်လေးပါ။ကျွန်တော်ပို့တဲ့(Agent)နဲ့ပို့ထားတဲ့၊တခြားလူတွေရဲ့ပစ္စည်းတွေက(boxes)ပေါင်းရာချီပါလိမ့်မယ်။ကိုယ့်တစ်ယောက်တည်းငြိတာတော့မဟုတ်ပါဘူး။လောလောဆယ်တော့(Agent)ကအကြောင်းပြန်တာကိုပဲစောင့်နေရပါတယ်။ — အားလုံးကျန်းမာ၍ဘေးရန်ကင်းရှင်းကြပါစေ။ Kelvin Albert Power

(ကင်ဆာ)ရောဂါနဲ့ဖြည့်စွတ်စာ

Source from Kelvin A. Power’s Facebook on November 3, 2020 ဆရာဘယ်သူဘယ်ဝါကတော့(ကင်ဆာ)ရောဂါနဲ့ဆေးရုံပေါ်ရောက်နေပြီးသေရေးရှင်ရေးအသက်လုနေရပြီ။အဲဒါဘာဖြည့်စွတ်စာသောက်သင့်ပါသလဲ?။လို့လာလာပြီးမေးကြတဲ့လူတွေအလွန်များနေပါတယ်။ — ဒီခေတ်မှာလူတိုင်းစားသောက်နေကြတဲ့အစားအသောက်တွေကမသန့်ရှင်းမှု့၊သဘာဝမကျုမှု့၊ဓါတ်မြေသြဇာနဲ့ပိုးသတ်ဆေးတွေသုံးစွဲမှု့၊(GMO)မျိုးရိုးဗီဇပြောင်းလဲထားသောအသီးအနှံများသုံးစွဲမှု့၊(BPA)ပါဝင်ပစ္စည်းများသုံးစွဲမှု့၊ပုံမှန်ဟော်မုန်းဓါတ်ကိုပျက်စီးစေတဲ့ပစ္စည်းများသုံးစွဲမှု့၊အင်ဂျင်၊စက်ဆီမှထွက်သောမီးခိုးများထိတွေ့ွဲမှု့၊အနုမြူရောင်ခြည်နှင့်ဓါတ်မှန်များအဆိပ်သင့်မှု့၊အိုဇုန်းအလွာပေါက်ပြဲမှု့၊လေယျဉ်စီးခရီးသွားရင်ဓါတ်ရောင်ခြည်သင့်မှု့၊ဆရာဝန်များပေးသောကင်ဆာဖြစ်နိုင်သည့်ဓါတုဗေဒဆေးဝါးများနှင့်၊ဟော်မုန်းဆေးများအလွန်အကျွံသုံးစွဲမှု့၊စတဲ့ကင်ဆာဖြစ်စေတတ်တဲ့ဓါတုဗေဒပစ္စည်းတွေအလွန်ကိုများလာတဲ့ခေတ်ဖြစ်နေလို့၊လူတိုင်းလိုလိုကင်ဆာရောဂါဖြစ်နိုင်တဲ့အခြေအနေအလွန်များပါတယ်။အခုမဖြစ်ဘူးဆိုရင်တောင်၊နောင်တချိန်မှာကင်ဆာရောဂါဆိုတာမပြောမဆိုသတိမထားမိလိုက်ချိန်မှာတိတ်တဆိတ်ကလေးဖြစ်ပေါ်လာနိုင်တာပါပဲ။ — ကင်ဆာရောဂါနဲ့ဆေးရုံပေါ်ရောက်နေပြီးသေရေးရှင်ရေးအတွက်အသက်လုနေရပြီဆိုတဲ့အချိန်မှာတော့ကျွန်တော်လဲဘာမှမတတ်နိုင်သလို၊သိကြားမင်းလဲဆင်းကယ်နိုင်တော့မှာမဟုတ်တော့ပါဘူး။ဆေးပညာမှာအတော်ဆုံးဆရာဇီဝကကိုခေါ်ကုခိုင်းရင်လဲဆရာဇီဝကက(အလာကောင်းပေမယ့်အခါနှောင်းခဲ့ပြီလို့)မှတ်ချက်ပေးခံရပါလိမ့်မယ်။ — အဲဒီအချိန်ကြမှဘာဖြည့်စွက်စာတိုက်သင့်သလဲလို့မေးတာဟာဖြည့်စွက်စာရဲ့သဘောသဘာဝကိုသေချာနားမလည်လို့ဖြစ်ပါတယ်။ဖြည့်စွက်စာဆိုတာအရေးပေါ်သေရေးရှင်ရေးအခြေအနေကြမှစပြီးသောက်ရတဲ့၊အရေးပေါ်အသက်ကယ်ဆေးမဟုတ်ပါဘူး။သကြားမင်းပေးတဲ့(ဥုံဖွ)ဆေးလဲမဟုတ်ပါဘူး။ဖြည့်စွက်စာဆိုတာ၊မိမိခန္ဓာကိုယ်ကျန်းမာနေအောင်၊ကင်ဆာအပါအဝင်အမျိုးမျိုးသောနာတာရှည်ရောဂါတွေမဖြစ်အောင်ကြိုတင်ကာကွယ်ပေးနိုင်တဲ့မိခင်သဘာဝကရရှိတဲ့အာဟာရနဲ့သြဇာဓါတ်ပေါင်းတွေဖြစ်ပါတယ်။ — အာဟာရသို့မဟုတ်ရောဂါကာကွယ်ပေးတဲ့ဓါတ်ပေါင်းတွေကိုရောဂါမဖြစ်ခင်သုံးစွဲတာအကောင်းဆုံးပါပဲ။ရောဂါဖြစ်လာပြီးမှသုံးစွဲပြီဆိုရင်ပျောက်ဖို့မျှော်လင့်ချက်နည်းလာပါတယ်။မပျောက်နိုင်တော့ဘူးလို့တော့တထစ်ချမဆိုလိုပါဘူး။ဒါပေမယ့်အပ်ကလေးနဲ့ထွင်လို့ရမဲ့ဆူးကို၊နောက်ကျသွားလို့ပုဆိန်နဲ့ပေါက်ထုတ်ရသလိုဖြစ်သွားပါမယ်။ရောဂါဖြစ်လာရုံတင်မကပဲ၊ရောဂါကျွမ်းပြီးသေရေးရှင်ရေးအသက်လုရမယ့်အချိန်ကြမှာဘာဖြည့်စွက်စာသောက်ရမလဲလို့လာမေးမယ်ဆိုရင်တော့၊အဲဒီလူကိုဘာမှထိထိမိမိလုပ်မပေးနိုင်တော့ပါဘူး။ — အဲဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ရောဂါဆိုးတွေနှိပ်စက်ပြီးသေရတဲ့တရားခံဆိုတာရောဂါအပြစ်တော့မဟုတ်ပါဘူး။မိမိရဲ့အပြစ်ပါပဲ။ဘာကြောင့်ဒီလိုသေရသလဲဆိုတော့ကျန်းမာရေးဗဟုသုတနည်းလို့ပါပဲ။ဘာကြောင့်ကျန်းမာရေးဗဟုသုတနည်းရသလဲဆိုတော့၊စာမဖတ်လို့ပါပဲ။ဘာကြောင့်စာမဖတ်ခဲ့သလဲဆိုတော့ကိုယ့်ကိုယ်ကိုရောဂါဆိုးနဲ့စောစောစီးစီးသေရမယ်လို့လုံးဝထင်မထားခဲ့မိလို့ပါပဲ။ရောဂါဆိုတာမိမိခန္ဓာကိုယ်ထဲကိုခွင့်တောင်းပြီးမိမိဝင်ခွင့်ပြုတော့မှဝင်လာတဲ့အရာမဟုတ်ပါဘူး။သေမင်းဆိုတာကလဲဘယ်တော့မှရက်ချိန်းကြိုတင်ပေးပြီးခေါ်သွားတာမဟုတ်ပါဘူး။ကိုယ်ကအသိစောရင်အသက်ရှည်ရောဂါကင်းနိုင်သလို၊အသိတစ်ရက်ကလေးနောက်ကျသွားရင်လဲရောဂါဆိုးနဲ့သေနိုင်တာပါပဲ။ — အဆိုးဆုံးအချက်ကကိုယ့်ကိုယ်ကိုအားမကိုး၊ကိုယ့်ရဲ့ကျန်းမာရေးလေ့လာမှု့ဗဟုသုတကိုအားမကိုးပဲဆရာဝန်တွေကိုသာရာနှုန်းပြည့်အားကိုးမိတဲ့အမှားတွေကြောင့်ပါပဲ။ဆရာဝန်တွေ၊ဆေးရုံဆေးခန်းတွေဆိုတာအသုံးမကျဘူးလို့မဆိုလိုပါဘူး။အထိုက်အလျှောက်တော့အကူအညီရနိုင်ပါတယ်။ဒါပေမယ့်ဒီလူတွေဆီမှာမသေဆေးမရှိပါဘူး။အသက်ရှည်ဆေးလဲမရှိဘူး။ကင်ဆာပျောက်ဆေးလဲမရှိဘူး။ဒီလူတွေမှာမသေဆေးတွေ၊အသက်ရှည်ဆေးတွေ၊ရောဂါပျောက်ဆေးတွေတစ်ကယ်ရှိနေမယ်ဆိုရင်၊ဒီလူတွေဟာလောကကြီးမှာအသက်အရှည်ဆုံးအနာအမဲ့ဆုံးလူတန်းစားတွေဖြစ်နေမှာပေါ့။ဒီလူတွေတော်တော်နဲ့ဘယ်သေကြတော့မှာလဲ။ — လက်တွေ့မှာကြတော့နှလုံးအထူးကုဆရာဝန်ကြီးကနှလုံးရောဂါနဲ့သေတယ်။ကင်ဆာအထူးကုဆရာဝန်ကြီးကကင်ဆာရောဂါနဲ့သေတယ်။အဲဒါတွေအားလုံးဟာဒီခေတ်ဆေးပညာရဲ့မပြည့်စုံမှု့ပဲ။မြတ်စွာဘုရားဟောထားတဲ့တရားတော်တွေကိုပြန်ကြည့်ပါ။ကျန်းမာနေဖို့၊ရောဂါကင်းနေဖို့၊ဆိုတာ(ကံ၊စိတ်၊ဥတု၊အဟာရ)အကြောင်းတရားလေးပါးအပေါ်မှာအခြေခံတယ်ဆိုတာမဟုတ်ဘူးလား။ — ဒီခေတ်ဆေးပညာကိုပြန်လေ့လာကြည့်လိုက်ပါ(ကံ၊စိတ်၊ဥတု၊အဟာရ)ဆိုတဲ့အကြောင်းတရားလေးမျိုးကိုထည့်သွင်းစဉ်းစားတဲ့ကုထုံးမျိုးပါသလား?။လုံးဝမပါပါဘူး။အားလုံးကအရင်းရှင်ဆေးကုမ္မဏီကြီးတွေညွန်ကြားထားတဲ့အတိုင်းပဲစီးပွားဖြစ်ကုနေရတာပါ။ဆရာဝန်တွေကိုအပြစ်ဆိုတာမဟုတ်ပါဘူး။ဒီအရှင်းရှင်စနစ်ဆေးပညာကိုကဆရာဝန်တွေကိုယ်တိုင်ကအရင်းရှင်တွေညွန်ကြားထားတဲ့အတိုင်းလိုက်လုပ်နေရတာပါပဲ။ — နှလုံးအထူးကုဆရာဝန်ကနှလုံးရောဂါနဲ့သေတယ်။ဘာကြောင့်သေသလဲဆိုတော့၊နှလုံးထဲမှာရှိတဲ့ကြွက်သားတွေ၊သွေးကြောတွေ၊အင်ဇိုင်းတွေ၊ဆဲလ်တွေကဒါဟာနှလုံးရောဂါကုဆရာဝန်ကြီးရဲ့နှလုံးပါလား၊ဆရာဝန်ကြီးရဲ့ဂုဏ်သိက္ခာကိုထောက်ပြီးတော့နှလုံးရောဂါမဖြစ်သင့်ဘူးလို့သူမသိဘူး။ဘယ်သူ၊ဘာကောင်ကြီးဖြစ်နေပါစေ၊နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးတဲ့အဟာရဓါတ်အလုံအလာက်မရရင်ရောဂါဖြစ်မှာပါပဲ။ — ကင်ဆာအထူးကုဆရာဝန်ကလဲကင်ဆာရောဂါနဲ့သေတယ်။ဘာကြောင့်သေလဲဆိုတော့၊ကင်ဆာရောဂါအထူးကုကြီးရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ဆဲလ်တွေကအထူးကုကြီးကိုယ်တိုင်ဖြစ်နေလို့ကင်ဆာမဖြစ်သင့်ဘူးလို့နားမလည်ကြဘူး။ကင်ဆာမဖြစ်အောင်တားဆီးနိုင်တဲ့အဟာရတွေဖြစ်တဲ့(Antioxidants)တွေအလုံအလောက်မရရင်ကင်ဆာဖြစ်မှာပါပဲ။ — ခက်တာကဒီခေတ်ဆရာဝန်ကြီးတွေကိုယ်တိုင်က၊ဒီခေတ်ဆေးပညာကိုအကြွင်းမဲ့ယုံကြည်ထားကြတယ်။မြတ်စွာဘုရားဟောကြားခဲ့တဲ့(ကံ၊စိတ်၊ဥတု၊အဟာရ)ဆိုတဲ့အကြောင်းတရားလေးပါးကိုတစ်ခါကလေးမှဆေးကုရာမှာထည့်မစဉ်းစားမိခဲ့ကြဘူး။ဒါကြောင့်(Functional Medicine)ဆိုတာပေါ်လာရတာပါ။(Functional Medicine)ဆိုတာအရင်းရှင်ဆေးကုမ္မဏီကြီးတွေရဲ့နည်းလမ်းတွေကိုအခြေမခံပဲ၊မြတ်စွာဘုရားဟောကြားခဲ့တဲ့(ကံ၊စိတ်၊ဥတု၊အဟာရ)ဆိုတဲ့အကြောင်းတရားလေးပါးကိုအခြေခံပါတယ်။ — ကံနဲ့ဥတုဆိုတာကတော့အနည်းငယ်လေးပြုပြင်ရခက်ပါတယ်။ပြုပြင်လို့မရဘူးလို့တော့မဆိုလိုပါဘူး၊အထိုက်အလျှောက်တော့ပြုပြင်စီမံနိုင်တာပါပဲ။ရာနှုန်းပြည့်ပြုပြင်ဖို့မလွယ်ဘူးလို့ဆိုချင်တာပါ။သို့သော်(စိတ်နှင့်အဟာရ)ဆိုတာကိုတော့မိမိရာနှုန်းပြည့်ပြုပြင်ထိန်းသိမ်းလို့ရတယ်။ဒီလိုပြုပြင်ဖို့ကအကြောင်းအကျိုးသိဖို့နဲ့ဗဟုသုတရှိဖို့လိုအပ်ပါတယ်။အကြောင်းအကျိုးကိုမသိ၊ဗဟုသုတမရှိရင်ပြုပြင်လို့မရနိုင်ဘူး။ဒါကြောင့်ကျွန်တော်ကျန်းမာရေးဗဟုသုတတွေကိုလူတိုင်းနားမလည်၊လည်အောင်ဥပမာတွေအမျိုးမျိုးပေးပြီးအရှည်ကြီးအမုန်းခံရေးပေးနေရတာပါ။ — အထူးကုဆရာဝန်ကြီးပဲဖြစ်ဖြစ်၊ပါရဂူကြီးပဲဖြစ်ဖြစ်၊(ကံ၊စိတ်၊ဥတု၊အဟာရ)ဆိုတဲ့အကြောင်းတရားလေးပါးကိုထည့်မစဉ်းစားပဲအရင်းရှင်ဆေးပညာကိုသာအားကိုးတကြီးနဲ့လမ်းဆုံးနေဦးမယ်ဆိုရင်တော့၊အဲဒီလူဟာအရမ်းသနားစရာကောင်းပါတယ်။သေခါနီးကြမှနောင်တအကြီးအကျယ်ရပါလိမ့်မယ်။အဲဒီအချိန်မှာဘယ်သူမှမကယ်နိုင်တော့ဘူး၊နောက်ကျသွားပါပြီ၊အသက်ငယ်ငယ်နဲ့သေသွားတဲ့ဆရာဝန်တွေအများကြီးရှိပါတယ်။ — အရင်းရှင်ဆေးပညာကိုသာအားကိုးပြီး(ကံ၊စိတ်၊ဥတု၊အဟာရ)ဆိုတဲ့အကြောင်းတရားလေးပါးကိုထည့်မစဉ်းစားဘူးဆိုရင်သူကိုယ်တိုင်ဆိုးကျိုးအရင်ခံစားရမယ်။ပြီးရင်သူ့မိသားစုအရင်ခံစားရမယ်။နောက်တော့သူ့လူနာတွေခံစားကြရဦးမယ်။ဒီခေတ်ဆေးပညာသာပြီးပြည့်စုံမယ်ဆိုရင်ဆရာဝန်တွေရောဂါမဖြစ်ကြတော့ဘူး၊သေလဲမသေကြတော့ဘူး။လူတစ်ယောက်ဟာမိမိကိုယ်ကိုယ်ကျန်းမာအောင်မစောင့်ရှောက်နိုင်ဘူးဆိုရင်၊သူများကိုစောင့်ရှောက်ပေးနိုင်တယ်ဆိုတာဖြစ်နိုင်ပါ့မလား။ကိုယ်ကကျန်းမာလိုက်တာမှဘော်လုံးထကန်လို့ရတယ်၊ဘာဆေးမှမသောက်ရဘူး။ကိုယ်သွားပြတဲ့ဆရာဝန်ကကိုယ့်ထက်လဲငယ်တယ်။သူကိုယ်တိုင်ကနှလုံး၊သွေးတိုးဆီးချိုဆေးတွေသောက်နေရတယ်ဆိုရင်တော့ဆရာတင်မိတာမှားပြီ။ — ဆရာဝန်ဆိုတာမိမိကျန်းမာရေးအတွက်အရှင်သခင်မဟုတ်ဘူး။မိမိသာလျှင်မိမိကျန်းမာရေးအတွက်အရှင်သခင်ဖြစ်ပါတယ်။ဆရာဝန်တွေအသုံးမဝင်ဘူးလို့တော့မဆိုလိုပါဘူး။အသုံးဝင်တဲ့နေရာတွေအများကြီးရှိပါတယ်။ဥပမာပြောရရင်မိမိခရီးသွားရင်းလမ်းမှာကားပျက်တယ်၊ကားအင်ဂျင်စက်ထိုးရပ်သွားတယ်ဆိုပါစို့။ကားအင်ဂျင်စက်ပြန်နှိုးနိုင်ဖို့ဝိုင်းတွန်းပေးဖို့လူတွေလိုအပ်လာတယ်။တစ်ယောက်ကရှေ့ကနေကြိုးနဲ့ဆွဲမယ်။တစ်ယောက်ကနောက်ကနေတွန်းမယ်။နှစ်ယောက်ကဘေးတစ်ဖက်စီကနေဝိုင်းတွန်းကြမယ်ပေါ့။ဒီလိုအားစိုက်ပြီးတွန်းလိုက်ရင်စက်ရပ်သွားတဲ့အင်ဂျင်ပြန်နိုးလာပြီးခဏတဖြုတ်ခရီးဆက်သွားလို့ရနိုင်ပါတယ်။ — လမ်းမှာနောက်တခေါက်ကားပျက်ပြန်တော့လဲဝိုင်းတွန်းပေးမဲ့လူတွေထပ်ရှာရတာပေါ့။အဲဒီလိုပျက်လိုက်၊တွန်းနိုးလိုက်၊ခရီးတိုဆက်သွားလိုက်နဲ့အကြိမ်ကြိမ်ပျက်နေပြီး၊နောက်ဆုံးကြတော့တွန်းနိုးလို့ပါမရတော့ပါဘူး။အပြီးတိုင်ပျက်ပါလေရော။ဒါကြောင့်အသည်းအသန်ဖြစ်နေတဲ့လူနာတစ်ယောက်နားမှာဆရာဝန်တွေ၊အထူးကုတွေ၊ဝိုင်းပြီးအသက်လုကျိုးစားကုပေးနေတာကိုမြင်ရင်ကျွန်တော်ကတော့ကားပျက်ကြီးကိုလူတစ်စုဝိုင်းပြီးတွန်းနိုးပေးနေကြတယ်လို့ပဲထင်မြင်မိပါတယ်။ဘာကြောင့်များဒီကားပိုင်ရှင်ဟာနဂိုကတည်းကဒီကားမပျက်အောင်၊ကြိုတင်မစီမံမိခဲ့ပါသလဲလို့လဲတွေးပြီးသနားမိပါတယ်။ — ကားပိုင်ရှင်ဟာမိမိကားကိုနဂိုကတည်းကလမ်းမှာမပျက်အောင်သေချာကြိုတင်စီမံပြုပြင်ထားမယ်ဆိုရင်၊အင်ဂျင်ကောင်းနေအောင်ကြိုတင်ထိန်းသိမ်းစောင့်ရှောက်ထားမယ်ဆိုရင်၊ခရီးသွားရင်းလမ်းမှာကားပျက်စရာအကြောင်းလုံးဝမရှိပါဘူး။ကားပျက်စရာအကြောင်းမရှိရင်ကားဝိုင်းတွန်းပေးမယ့်လူတွေလဲရှာစရာမလိုတော့ပါဘူး။ — ဒါကြောင့်ဆရာဝန်အသုံးမဝင်ဘူးလို့ကျွန်တော်မပြောပါဘူး။အသုံးဝင်ပါတယ်။ဆရာဝန်တွေဆိုတာမိမိလမ်းမှာကားပျက်လို့ကားဝင်တွန်းပေးတဲ့သဘောလောက်ပဲကူညီနိုင်တာပါ။ကားမပျက်အောင်ကြိုတင်ပြီးစီမံဆောင်ရွက်ထားရမှာကဆရာဝန်တွေရဲ့တာဝန်မဟုတ်ပါဘူး။မိမိရဲ့တာဝန်သာလျှင်ဖြစ်ပါတယ်။ဖြစ်လာမှကားတွန်းခိုင်းမယ်ဆိုရင်တော့၊လုပ်အားပေး(Free)ခေါ်တွန်းခိုင်းလို့တော့မရနိုင်ပါဘူး။လုပ်အားခအလွန်ဈေးကြီးနေပါပြီ။ကားမပျက်ခင်ကတည်းကကြိုတင်ပြုပြင်ထိန်းသိမ်းရတာကပိုပြီးဈေးသက်သာပါတယ်။ — အခုလဲ(ကင်ဆာ)ရောဂါနဲ့ဆေးရုံပေါ်ရောက်နေပြီးသေရေးရှင်ရေးအသက်လုနေရပြီဆိုတော့မှဆရာရေဘာဖြည့်စွက်စာတိုက်ရမလဲတဲ့၊နဂိုကအင်ဂျင်ဝိုင်မထည့်ပဲ၊အင်ဂျင်တစ်ခုလုံးအတွင်းမှာပင်နံရံတွေအစိတ်စိတ်ကြေမွအရည်ပျော်ကြသွားတော့မှ၊အင်ဂျင်ဝိုင်သွားထည့်ပေးလို့အကောင်းကပတိပြန်ဖြစ်နိုင်ပါ့မလား။အဲဒီအချိန်မှာကားတွန်းတဲ့လူများများခေါ်ပိုက်ဆံတွေပုံပေးပြီးတွန်းနိုးခိုင်းကြည့်တဲ့နည်းပဲရှိပါတော့တယ်။အကောင်းအတိုင်းတော့ဘယ်လိုမှပြန်ရဖို့မလွယ်တောပါဘူး။ — ကျွန်တော်ပြောချင်တာက၊တချို့ကင်ဆာသမားတွေဟာ၊ကျွန်တော်ထုတ်ထားတဲ့(Super Antioxidant)နဲ့(Omega 3)တွဲသောက်ရင်များသောအားဖြင့်ကောင်းတဲ့ရလဒ်တွေချက်ခြင်းတွေ့ရတတ်ပါတယ်။ဒီနေရာမှာကင်ဆာဖြစ်ပြီးသားလူတွေကို(Super …

(ကင်ဆာ)ရောဂါနဲ့ဖြည့်စွတ်စာ Read More »

(COVID)ကာလမှာတစ်ကယ်လိုအပ်နေတဲ့သံဃာတော်တွေကိုဒီလိုလှူဒါန်းတာဟာအလွန်အကျိုးများပါတယ်။

Source from Kelvin A. Power’s Facebook on October 31, 2020 (COVID)ကာလမှာတစ်ကယ်လိုအပ်နေတဲ့သံဃာတော်တွေကိုဒီလိုလှူဒါန်းတာဟာအလွန်အကျိုးများပါတယ်။ — ကျွန်တော်အပိုမပြောပါဘူး။ဒီအလှူဟာအမြတ်ဆုံးအလှူ(၃)မျိုးပေါင်းပြီး(၃)ထပ်လှူလိုက်သလိုဖြစ်နေလို့၊(သုံး၊သုံးလီ၊ကိုး)ဆိုတဲ့အတိုင်း၊အလွန်ထူးခြားလှပါတယ်။ — အမြတ်ဆုံးအလှူ(၃)မျိုးပေါင်းပြီးလှူရတယ်ဆိုတဲ့သဘောကတော့ဒီလိုပါ။ – (၁)ပထမအနေနဲ့၊ပစ္စည်းလေးပါးထဲမှာလည်းပါဝင်နေတဲ့(ဆေး)ဖြစ်နေလို့ပစ္စည်းလေးပါးအလှူမြောက်သွားပါတယ်။ – (၂)ဒုတိယအနေနဲ့တစ်ကယ်လိုအပ်နေတဲ့အချိန်မှာလှူလိုက်ရလို့(ကာလဒါန)လဲမြောက်သွားပြန်ပါတယ်။ – (၃)တတိယအနေနဲ့၊ကပ်ရောဂါကာလမှာ(Vitamin D)ဆိုတာအသက်တွေကိုကောင်းကောင်းကယ်တင်နိုင်တဲ့အသက်ကယ်ဆေးတစ်ခုဖြစ်နေလို့(ဇီဝိတဒါန)လဲမြောက်သွားပြန်ပါတယ်။ – ဒီလိုတစ်ခါတည်းနဲ့အမြတ်ဆုံးအလှူ(၃)မျိုးပေါင်းပြီးလှူလိုက်သလိုဖြစ်နေလို့၊အလှူရှင်ရလိုက်တဲ့ကုသိုလ်ဟာဘယ်လောက်အကျိုးကျေးဇူးကြီးမားမယ်ဆိုတာကိုယ်တိုင်ခန့်မှန်းကြည့်လိုက်ပါ၊ပြောမပြတတ်ပါဘူး။ —— နောက်တစ်ခု၊(သုံး)ထပ်လှူလိုက်သလိုဖြစ်နေတယ်ဆိုတာကတော့ဒီလိုပါ။ ဒီအလှူဟာကြုံကြိုက်ခဲလှတဲ့အကြောင်းတရားသုံးပါးတစ်ထပ်တည်းကျသွားတဲ့အလှူလဲဖြစ်သွားပြန်ပါတယ်။အကြောင်းတရား(၃)မျိုးတစ်ထပ်တည်းကျတဲ့အလှူကိုလှူခွင့်ရဖို့ဆိုတာတစ်သက်မှာတစ်ခါတောင်ကြုံရခဲပါတယ်။အလွန်အခွင့်ထူးတဲ့အခွင့်အရေးပါပဲ။ — ဒါလဲအပိုပြောတာမဟုတ်ဘူးဗျ။လူတိုင်းကိုယ်ပိုင်ဉာဏ်နဲ့သေချာစဉ်းစားကြည့်လိုက်ပါ။ — နံပါတ်(၁)အနေနဲ့၊ဝိနည်းတော်နဲ့ညီညွတ်တဲ့အလှူဆိုတဲ့အကြောင်းတရားညီညွတ်ရဦးမယ်။ဝိနည်းတော်နဲ့မညီတဲ့အလှူဆိုအကျိုးမရပြန်ပါဘူး။ဆေးအလှူဟာဝိနည်းတော်နဲ့ညီညွတ်တယ်ဆိုတဲ့အကြောင်းညီညွတ်မှု့မရှိဘူးလား?။ — နံပါတ်(၂)သာမာန်ဆေးလှူတဲ့အချိန်တိုင်းမှာ၊ဝိနည်းတော်နဲ့ညီတဲ့အလှူတွေဖြစ်သွားပြီပဲထားပါအုံး။ဒီလိုအလွန်လိုအပ်နေတဲ့ကပ်ဆိုးဆိုက်ရောက်နေတဲ့အချိန်ကာလတိုက်တိုက်ဆိုင်ဆိုင်ကြုံတွေ့ဖို့ဆိုတာအလွန်ခက်ခဲပြန်ပါတယ်။နှစ်တစ်ရာလောက်မှတစ်ခါကြုံတွေ့ရတတ်တဲ့(ကမ္ဘာ့ကပ်ကာလ)ဖြစ်နေလို့၊တစ်သက်မှာတစ်ခါကြုံဖို့တောင်မလွယ်ပြန်ပါဘူး။ — နံပါတ်(၃)ဆေးလဲလှူခွင့်ရတယ်၊ကပ်ရောဂါကာလနဲ့လဲကြုံတွေ့တယ်ဆိုဦးတော့။ကိုယ်လှူလိုက်တဲ့ဆေးကအကျိုးကျေးဇူးကြီးတဲ့ဆေးအစွမ်းထက်မြက်တဲ့ဆေးတစ်မျိုးဖြစ်ဖို့ဆိုတာကလဲအလွန်ကြုံကြိုက်ခဲလှပြန်ပါတယ်။သောက်သုံးသူအတွက်အကျိုးနည်းတဲ့ဆေးဆိုရင်လဲမဖြစ်ရပြန်ပါဘူး။အလွန်ခိုင်မာတဲ့သုတေသနအထောက်အထားတွေအရ၊ဒီအချိန်မှာ(Vitamin D)ဆိုတာဟာသေရမယ့်လူကိုမသေတော့အောင်ကယ်တင်နိုင်တဲ့အစွမ်းထက်(အသက်ကယ်)ဆေးတစ်ခုဖြစ်မနေပြန်ဘူးလား?။ — ဒါဆိုရင်အလွန်ကြုံကြိုက်ခဲလှတဲ့ကုသိုလ်ဖြစ်ကြောင်း၊အကြောင်းတရားတွေတစ်ထပ်တည်းကျနေပြန်တယ်လို့ကျွန်တော်ဆိုတာမမှန်ဘူးလား?။ — ဒီလိုအလှူ(၃)မျိုးပေါင်းပြီး၊ကြုံကြိုက်ခဲလှတဲ့အကြောင်းတရားတွေ(၃)ထပ်၊တစ်ပြိုင်တည်းထပ်တူကျနေတဲ့အချိန်အခါမှာလှူလိုက်ရတဲ့အလှူဟာမြတ်စွာဘုရားသက်တော်ထင်ရှားရှိနေတဲ့အချိန်မှာလှူလိုက်ရတဲ့ကုသိုလ်ထူးတစ်ခုလိုဖြစ်နေလို့အကျိုးဘယ်လောက်ကြီးမယ်ဆိုတာဘယ်သူမှမခန့်မှန်းနိုင်ပါဘူး။ — ဒါကြောင့်ဒီလိုအလှူမျိုးကိုဝမ်းမြောက်ဝမ်းသာနဲ့သာဓုခေါ်ခွင့်ရတာကိုအလွန်ဂုဏ်ယူလို့မဆုံးနိုင်ပါဘူး။ — သာဓု၊သာဓု၊သာဓု၊သုံးကြိမ်ခေါ်ဆိုပါတယ်။ နောက်လဲဒီအလှူမျိုးလှူဒါန်းနိုင်ပါစေ။တစ်ခြားလူတွေလဲဒီလိုအလှူမျိုးလှူဒါန်းနိုင်ကြပါစေ။ Kelvin Albert Power — https://www.facebook.com/groups/1369923443161697/permalink/1769087789911925/

(Remdesivir)ဟာ(COVID)ကိုတစ်ကယ်ပျောက်သလား?

Source from Kelvin A. Power’s Facebook on October 30, 2020 သမ္မတ(Trump)ကိုယ်တိုင်သုံးပြသွားတဲ့(Remdesivir)ဟာ(COVID)ကိုတစ်ကယ်ပျောက်သလား?။ကောင်းရောကောင်းသလား?။ဆေးစွမ်းရောတစ်ကယ်ထက်သလား?။ — ဒီမေးခွန်းကိုဖြေဖို့ကနိုင်ငံရေးတွေပါနေတယ်။ကိုယ်ကနိုင်ငံရေးသမားလဲမဟုတ်သလို၊နိုင်ငံရေးလဲစိတ်မဝင်စားဘူးဆိုတော့မဖြေချင်ပါဘူး။ဒါပေမယ့်မဖြေပြန်ရင်လဲ၊လူတွေအမှန်မသိရင်ဒုက္ခရောက်ကုန်ပါလိမ့်မယ်။လူတွေအမှန်သိရအောင်တော့ဖြေရပါဦးမယ်။ — ဒီဇတ်လမ်းရှင်းပြရမယ်ဆိုရင်နည်းနည်းတော့ရှည်ပါတယ်။လွန်ခဲ့တဲ့(၄)နှစ်လောက်တုံးကအမေရိကန်သမ္မတခေါင်းဝါကြီး(ကိုထရန့်)က၊(Make American Great Again)ဆိုတဲ့ခေါင်းစဉ်တတ်ထားတဲ့ဆိုင်းဘုတ်ကြီးကိုကိုင်ပြီးတက်လာခဲ့တာပေါ့။ဆိုလိုတာကအမေရိကန်နိုင်ငံကိုကမ္ဘာမှာအကြီးမြတ်ဆုံး၊အကောင်းဆုံး၊အချမ်းသာဆုံးဖြစ်အောင်ပြန်လုပ်ပေးပါ့မယ်ဆိုတဲ့ကတိနဲ့ပေါ့။ဒါပေမယ့်လက်တွေ့မှာကြတော့အမေရိကန်ရဲ့ဂုဏ်သိက္ခာဟာ(COVID-19)ကြောင့်မြောင်းထဲရောက်သွားပါတော့တယ်။ — လူတိုင်းသိနေကြတဲ့အတိုင်းပါပဲ၊(COVID)ကာလမှာအမေရိကန်အဆိုးဆုံး၊အခံရဆုံး၊အမေရိကန်တွေအထိအခိုက်အသေအပျောက်အများဆုံး၊အမေရိကန်ဟာစီမံခန့်ခွဲမှု့အညံ့ဆုံးဆိုတော့၊အမေရိကန်ရဲ့ဂုဏ်သိက္ခာကလဲ(COVID)ကြောင့်နှစ်ပြားမတန်အောင်ပြုတ်ကျသွားပါတော့တယ်။ — ပိုပြီးဆိုးတဲ့အချက်ကတော့အမေရိကန်ကုမ္မဏီတွေရဲ့(stock share)ဈေးကွက်တွေ(COVID)ကြောင့်ခွေးကျဝက်ကျထိုးကျသွားရလို့စီးပွားရေးလုပ်ငန်းတွေရပ်ဆိုင်းလိုက်ရပြီးစီးပွားရေးတွေအကြီးအကျယ်ထိခိုက်ပျက်စီးကုန်တယ်ဆိုတာလဲလူတိုင်းသိထားပြီးသားပါပဲ။ — အဆိုးဆုံးနောက်တစ်ခုကတော့အမေရိကန်ကခေါင်းဝါကြီး (ကိုထရန့်)က(COVID)ကြောင့်အမေရိကန်ရဲ့ဂုဏ်သိက္ခာမြောင်းထဲကိုရောက်ပြီး(ဂိန်)နေတဲ့အချိန်မှာ၊ရှရှားကခေါင်းပြောင်ကြီး(ကိုပုတင်)ရဲ့ပွဲလှန့်တုံးဖျာဝင်ခင်းလိုက်တဲ့လုပ်ရပ်ပါပဲ။ — အားလုံးသိကြတဲ့အတိုင်းပဲလွန်ခဲ့တဲ့လအနည်းငယ်ကရုရှားကခေါင်းပြောင်ကြီး(ကိုပုတင်)ကိုယ်တိုင်ကမ္ဘာပေါ်မှာ(COVID-19)ကာကွယ်ဆေးထုတ်လုပ်နိုင်ပြီလို့အရင်ဆုံးထပြီးကြေငြာလိုက်တာကိုတော့အားလုံးပြန်မှတ်မိကြဦးမှာပါ။ — ရှင်းရှင်းပြောရမယ်ဆိုရင်ရှရှားက(COVID)ကာကွယ်ဆေးဆိုတာ၊အဆင့်ဆင့်စမ်းသပ်ရမယ့်အဆင့်တွေကိုအားလုံးကျော်ခွပြီး၊အစောတလျှင်အမေရိကန်ထက်ဦးပြီးဈေးကွက်ရယူနိုင်အောင်ထုတ်ချပြစ်လိုက်တာပါပဲ။ဒါပေမယ့်အဲဒီကာကွယ်ဆေးဟာရောဂါတစ်ကယ်ကာကွယ်ပေးနိုင်ပါ့မလား၊ဘေးထွက်ဆိုးကျိုးဘာတွေရှိမလဲဆိုတာကိုတော့ဘယ်သူမှမသိနိုင်၊မပြောနိုင်ပါဘူး။စမ်းသပ်မှု့တွေ၊သုတေသနတွေကို၊အစဉ်အတိုင်းမသွားပဲကျော်ခွလုပ်လိုက်တော့ဘယ်သူကသူ့ဆေးကိုယုံယုံကြည်ကြည်နဲ့ဝယ်သုံးရဲကြဦးမှာလဲ။ — အဲဒီတော့(ကိုပုတင်)ကသူ့သမီးကိုချကျွေးပြလိုက်တယ်။သူပြောချင်တာက၊ငါ့ဆေးဘယ်လောက်ကောင်းသလဲဆိုတာငါ့သမီးကိုတောင်ငါရင်းရဲတယ်ပေါ့။ကာကွယ်ဆေးကအန္တရာယ်ရှိမယ်ဆိုရင်ဘယ်သူကကိုယ့်သမီးကိုစပြီးဆေးပေးရဲမှာလဲဆိုတဲ့သဘောပေ့ါ။ကိုယ့်သမီးကိုဆေးပေးကြည့်တော့၊(COVID Antibody)တွေရလာပါတယ်၊ဘာညာဆိုပြီးအကွက်ရိုက်လိုက်တော့၊ရုရှားဆေးကမ္ဘာကျော်သွားပါလေရော။ရှရှားစီကကာကွယ်ဆေးဝယ်ချင်ကြတဲ့နိုင်ငံတွေကလဲအများကြီးဖြစ်လာပြီး၊ရုရှားကုမ္မဏီတွေရဲ့(stock share)ဈေးကလဲမိုးပေါ်ထောင်တက်သွားတော့တာပေါ့။ရုရှားကအော်ဒါတွေရပြီး၊လက်မလည်အောင်ဆေးတွေထုတ်ရောင်းရတော့မယ်မဟုတ်ဘူးလား။ — ရုရှားက(ကိုပုတင်)ရဲ့သမီးရင်းပြီး၊အကွက်ကျော်ရိုက်သွားတဲ့ကိစ္စကိုလုံးဝမကျေနပ်တာကတော့အမေရိကန်က(ကိုထရန့်)၊ဘယ်ကျေနပ်မှာလဲ၊ခင်ဗျားတို့ပဲစဉ်းစားကြည့်လေ၊အမေရိကန်နဲ့ရုရှားဆိုတာကတစ်သက်လုံးပြိုင်လာကြတဲ့ပြိုင်ဖက်တွေမဟုတ်ဘူးလား။ — (ကိုထရန့်)က(Make American Great Again)ဆိုတဲ့ဆိုင်းဘုတ်ကြီးကိုင်တက်လာတယ်။(ကိုပုတင်)ကိုယ့်သမီးကိုချပြီးစမ်းပြလိုက်လို့တစ်ကယ်လက်တွေ့ဖြစ်သွားတာကသူ့ဆိုင်းဘုတ်နဲ့ပြောင်းပြန်(Make Russia Great Again)ဖြစ်သွားတယ်။ဒီလိုဆိုတော့လဲအမေရိကန်ကခေါင်းဝါကြီးကအဲဒီနေ့ကစပြီးအိပ်မပျော်စားမဝင်တော့ဘူးလေ။ဘယ်အိပ်ပျော်စားဝင်နိုင်မှာလဲ၊ခေါင်းဝါကြီးခေါင်းကို၊ခေါင်းပြောင်ကြီးပိတ်ကန်တာခံလိုက်ရတာမဟုတ်ဘူးလား။ — အမေရိကန်ရွေးကောက်ပွဲကလဲနီးလာပြီလေ၊အမေရိကန်ကုမ္မဏီတွေရဲ့(Stock Share)ဈေးပြန်တက်လာအောင်မလုပ်နိုင်ရင်(ကိုထရန့်)မြွေဖမ်းပြီလေ။တစ်ဖက်ကလဲပြိုင်ဖက်(ကိုဂျိုးဗိုက်တန်)ကလာလာပြီး(ကိုထရန့်)အသုံးမကျလို့(COVID)မှာလူတွေအများဆုံးသေတယ်၊အမေရိကန်စီးပွားရေးတွေထိခိုက်၊အမေရိကန်(Stock Share)ဈေးတွေကျတယ်၊ဘာညာလာထောက်ပြပြီလေ။ — သမ္မတကိုထရန့်ကလဲငပိန်းမှမဟုတ်တာ၊စီးပွားရေးသမားပဲ၊စကားစစ်ထိုးပွဲတွေလုပ်နေရင်းနဲ့(COVID Positive)ဆိုပြီးထလုပ်ပါလေရော။သူကလဲလူလယ်ဆိုတော့၊တစ်ချက်ခုတ်နှစ်ချက်ပြတ်၊ပထမတစ်ချက်ကစကားစစ်ထိုးပွဲတွေကိုရှောင်ချင်တာ၊အချိန်ယူချင်တာ၊နောက်တစ်ခုက(ကိုပူတင်)ကိုပြန်နှက်ချင်တာ။မင်းကတော့မင်းသမီးကိုသုံးပြီး၊ရုရှားအတွက်စီးပွားရေးအကျိုးအမြတ်တွေယူသွားတယ်ဆိုတော့ငါကလဲ၊ငါကိုယ်တိုင်ရင်းပြီးစီးပွားရေးအကျိုးအမြတ်ပြန်ထုတ်ပြမယ်ပေါ့။ — မကြာပါဘူး။သမ္မတ(ထရန့်)ကလဲအမေရိကန်ကထုတ်တဲ့(Remdesivir)ကိုသောက်ပြလိုက်ပြီး(COVID)ရောဂါကနေသက်သာပျောက်ကင်းသွားပါတယ်ဆိုပြီးလုပ်ပါလေရော၊အဲဒီလိုလုပ်လိုက်တော့ကမ္ဘာမှာဟိုးလေးတကြော်ဖြစ်ပြီး၊အမေရိကန်ကုမ္မဏီတွေရဲ့(stock share)ဈေးကွက်တွေနေ့ခြင်းညခြင်းပြန်ထိုးတက်လာပါလေရော။ — …

(Remdesivir)ဟာ(COVID)ကိုတစ်ကယ်ပျောက်သလား? Read More »

ဆရာရှင့်အဲ့ဒါဆို sulfur နဲ့မတည့်တဲ့သူ(NAC)သောက်လို့ရပါသလားရှင့်။

Source from Kelvin A. Power’s Facebook on October 30, 2020 (sulfur)က(sulfur)ပဲ၊ (sulfur)ပါတဲ့(Amino Acid)ကလဲသက်သက်ပဲ။ဘာမှကိုမဆိုင်တာ။ (sulfur)နဲ့မတဲ့လို့ဆိုပြီးတော့၊(sulfur)ပါတဲ့(Amino Acid)ကိုပါမတည့်တော့ဘူးဆိုရင်လူတိုင်းအသက်မရှင်နိုင်တော့ဘူး။အားလုံးသေတယ်။ — ဥပမာပေးရရင်မိုးပျံပူပေါင်းထဲမှာ(Hydrogen)ပါတယ်။ငရဲမီးကနေ(Hydrogen)ထုတ်ယူတယ်။(Hydrogen)နဲ့မတည့်ဘူး(သို့)(Hydrogen)ပါတဲ့ငရဲမီးနဲ့လူတိုင်းမတည့်ဘူးဆိုပါစို့။ဆိုလိုတာကမိုးပျံပူပေါင်းထဲထည့်ဖို့(Hydrogen)ထုတ်ယူရတဲ့ငရဲမီးသောက်မိရင်တော့အူအပိုင်းပိုင်းပြတ်ပြီးသေမယ်ဆိုပါတော့။ – ဒါဆိုရင်၊(Hydrogen)ပါတဲ့အရာတွေအကုန်လုံးရှောင်ရတော့မှာလား။ဒါဆိုရင်၊ရေလဲ(H2O)ပဲလေ၊ ရေထဲမှာလဲ(Hydrogen)နှစ်လုံးပါနေတာပဲ။မိုးပျံပူပေါင်းထဲထည့်ဖို့(Hydrogen)ထုတ်ယူတဲ့ငရဲမီးသောက်ရင်တော့အူအပိုင်းပိုင်းပြတ်ပြီးသေနိုင်ပေမယ့်၊ဘာကြောင့်(Hydrogen)ပါတဲ့ရေသောက်ရင်တော့မသေတာလဲ။ — (Hydrogen)ပါတဲ့သောက်ရေ(H2O)ကြတော့သောက်လို့ရပြီး၊(Hydrogen)ပါတဲ့ငရဲမီးကြတော့သောက်မရပြန်ဘူး။(Hydrogen)ပါတိုင်းငရဲမီးမဖြစ်သလို၊(Hydrogen)ပါတိုင်းလဲရေမဖြစ်ပါဘူး။ပေါင်းထပ်တဲ့တခြားဓါတ်တွေအပေါ်မှာသွားမူတည်ပြီးလဲဂုဏ်သတ္တိကွာခြားပါတယ်။ — (Sulfur)တည့်တာမတည့်တာနဲ့(sulfur)ပါတဲ့(Amino Acid)နဲ့ဘာမှကိုမဆိုင်တာ။(Glutathione)ဆိုတာဟာ(Sulfur)ပါတဲ့(Amino Acid)ပဲ။(Sulfur)တည့်သည်ဖြစ်စေ၊မတည့်သည်ဖြစ်စေ။ (Sulfur)ပါတဲ့(Amino Acid)မရှိရင်သေတယ်။အသက်လုံးဝ(လုံးဝ)မရှင်သန်နိုင်ဘူး။ — ပြန်မေးချင်တဲ့မေးခွန်းကလူတစ်ယောက်ရဲ့ဲ့ဖခင်ဟာ(ဦးအောင်)ဆိုပါစို့။ ဒါဆိုရင်၊တခြား(အောင်)ပါတဲ့(ဦးအောင်ခင်၊ဦးအောင်မင်း၊မောင်ကျော်အောင်၊စိုင်းခင်အောင်)တို့ရောအဲဒီလူရဲ့ဖခင်အလိုလိုဖြစ်သွားရောလား?။မဖြစ်ပါဘူး၊ဘာမှကိုမဆိုင်တာ။ — နာမည်ရဲ့ရှေ့နဲ့နောက်တစ်ခုခုမှာ(အောင်)တစ်လုံးပါရုံနဲ့တော့လူတိုင်းဟာဖခင်(ဦးအောင်)ဖြစ်မလာဘူး။(အောင်)ဆိုတာလူတိုင်းယူသုံးပိုင်ခွင့်ရှိတယ်။ — (sulfur)ဆိုတာလူ့ခန္ဓာကိုယ်မှာ(calcium နှင့် phosphorus)ပြီးရင်အများဆုံးဓါတ်ပဲ။အဲဒီဓါတ်မရှိရင်၊အဲဒီ (sulfur)ပါဝင်တဲ့ဓါတ်ပေါင်းတွေတစ်ခုမှမတည့်တော့ဘူး၊မရှိရဘူးဆိုရင်ဘယ်သူမှအသက်မရှင်နိုင်ဘူး။ — ဒီလောက်ရှင်းပြရင်လူတိုင်းနားလည်လောက်ပါပြီ။

(COVID)ကာလမှာ(Vitamin D)တွေအများကြီးလှူဖို့စိတ်ကူးထားတယ်။

Source from Kelvin A. Power’s Facebook on October 29, 2020 (COVID)ကာလမှာ(Vitamin D)တွေအများကြီးလှူဖို့စိတ်ကူးထားတယ်။ ကျွန်တော့်လူတွေကိုလောလောဆယ်မှာ(COVID)ကာလမှာ(Vitamin D 30,000 IU)ကို(5)ရက်တိတိအရေးပေါ်(loading dose)တင်ထားဖို့အထူးလိုအပ်နေတယ်ဆိုတာအကြိမ်ကြိမ်ပြောထားပြီးပြီနော်။(၅)ရက်ပြည့်တော့မှတစ်ရက်တစ်သောင်းကိုပြန်ချလိုက်ပါ။ပြီးတော့နေ့စဉ်တစ်သောင်း(IU)ကို(Covid)ပြီးတဲ့အထိဆက်သောက်သွားဖို့အထူးလိုအပ်နေတယ်လို့ပြောထားပြီးပါပြီ။ — လွန်ခဲ့တဲ့(၃)လလောက်ကကိုယ့်မှာ(70ng/ml)နဲ့အထက်မှာရှိခဲ့တယ်ဆိုရင်တောင်၊အခုအဲဒီလောက်တော့ဆက်ရှိနေမယ်လို့မထင်ပါနဲ့၊(Vitamin D)ကနှစ်ပါတ်လောက်ဘာမှမသောက်ပဲနေရင်တစ်ဝက်လောက်ထိုးကျသွားတာပါ။ — ဒါကြောင့်လူတိုင်းလိုက်နာဖို့လိုအပ်ပါတယ်။(COVID)ကာလမှာသွေးထဲမှာ(Vitamin)များနေရင်ဘာရောဂါသယ်ဖြစ်ဖြစ်၊အသက်ဘယ်လောက်ဖြစ်ဖြစ်အသက်သေဖို့မလွယ်ဘူး။သွေးထဲမှာ(Vitamin D)နည်းနေရင်တော့၊ဆင်လောက်သန်မာတဲ့လူသန်ကြီးဖြစ်ဖြစ်၊အသက်အရွယ်ဘာပဲဖြစ်ဖြစ်၊(COVID)ကတော့ခေါ်သွားမှာပါပဲ။ — တချို့ကကျွန်တော၊ကျွန်မကတော့ဘာရောဂါရှိလို့ငါးရက်(loading dose)သောက်လို့ရပါ့မလား၊အခု(5000 IU)ကနေတစ်သောင်း(IU)ပြောင်းသောက်လို့ဖြစ်ပါ့မလား။အန္တရာယ်ရှိနိုင်မလား၊ဆိုပြီးကျွန်တော့်အမျိုးသမီးရဲ့(C Box)ကနေတဆင့်လာလာပြီးမေးနေကြတုံးပါပဲ။အကြိမ်ကြိမ်ပြောပြီးပြီလေ။လူတိုင်းလိုအပ်တယ်လို့ပြောထားပြီးပြီ၊ကိုယ့်မှာရောဂါရှိတခုခုရှိလို့လို့ဆိုပြီးချွင်းချက်ဖြစ်မသွားဘူး။ရောဂါရှိလေပိုပြီးများများသောက်ဖို့အမြန်ဆုံးလိုအပ်လေပါပဲ။ — (Vitamin D)ရဲ့တန်ဖိုးက(COVID)ကာလမှာနေ့စဉ်သုတေသနတွေအသစ်တက်လာနေကြတယ်။ကြာလေပိုပြီးသိလာလေပါပဲ။အခုအချိန်မှာ(Vitamin D)ဆိုတာအသက်ကယ်ဆေးပဲ။လူတစ်ယောက်ဟာ(COVID)နဲ့သေမလားရှင်မလားဆိုတာ၊အဲဒီလူရဲ့သွေးထဲမှာရှိနေတဲ့(Vitamin D)ကပဲအဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။ဒီကိစ္စကိုပဲအကြိမ်ကြိမ်အာပေါက်အောင်ပြောနေရတယ်။အတိုက်အခံတွေကြားထဲက၊အမုန်းခံပြီးဒီလောက်အာပေါက်အောင်ပြောနေတာတောင်လက်မခံ၊မလိုက်နာရင်လဲမတတ်နိုင်တော့ဘူး။ကိုယ်ဖြစ်ကိုယ်ခံပဲ။ — (Vitamin D loading dose)(၅)ရက်ကြိုတင်ပြီး၊တင်ခိုင်းတုံးကမတင်ထားပဲနဲ့၊(COVID positive)ဖြစ်လာမှ၊ဆရာရေကယ်ပါယူပါဆိုရင်ဘာမှတတ်နိုင်ဘူး။တစ်ကယ်လို့(positive)ဖြစ်ပြီဆိုရင်တော့(Vitamin D 50000 IU)ကို(၅)ရက်အနည်းဆုံးထပ်တင်ရမယ်။ — (Positive)မဖြစ်ရင်တော့(50000 IU)တင်စရာမလိုသေးဘူး။အရင်တုံးက(Loading dose 30000 IU)(၅)ရက်တင်ထားပြီး၊အခုဆက်တိုက်(10000 IU)နေ့စဉ်သောက်နေရင်ရပါပြီ။ — (Positive)ဖြစ်ပြီဆိုရင်တော့(50000 IU)ငါးရက်ထပ်တင်ရမယ်။အဆင်သင့်လုပ်ထားပါ။ယုံတာမယုံတာကိုယ့်အပိုင်း၊ကိုယ်ဖြစ်ကိုခံပဲ။(COVID)ကတော့လူမရွေးဘူး။ငယ်ငယ်ကြီးကြီး၊ကျန်းမာသည်ဖြစ်စေ၊ရောဂါရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ၊(COVID)ကတော့(Vitamin D)နည်းနေရင်ခေါ်သွားမှာပါပဲ။ — နောက်ပိုင်း(Vitamin …

(COVID)ကာလမှာ(Vitamin D)တွေအများကြီးလှူဖို့စိတ်ကူးထားတယ်။ Read More »

(COVID)ကြောင့်ဖျားရင်၊အဖျားကျဆေးဘာသောက်လို့ရပါသလဲ?၊ဘေးထွက်ဆိုးကျိုးဘာတွေရှိပါသလဲ?။

Source from Kelvin A. Power’s Facebook on October 26, 2020 (COVID)ကြောင့်ဖျားရင်၊အဖျားကျဆေးဘာသောက်လို့ရပါသလဲ?၊ဘေးထွက်ဆိုးကျိုးဘာတွေရှိပါသလဲ?။ — (COVID)ကြောင့်ဖျားရင်၊အဖျားကျဆေး၊အကိုက်အခဲပျောက်ဆေး၊(Acetaminophen)သို့မဟုတ်(Paracetamol)(500mg)တစ်နေ့ကို(၈)ကြိမ်၊အများဆုံး(4000mg)အထိပဲသောက်လို့ရပါတယ်။သို့သော်(Acetaminophen)သို့မဟုတ်(Paracetamol)ဟာအသဲကို၊ပက်ပက်စက်စက်ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ — အသဲအတွက်အဆိပ်ပါပဲ။(Acetaminophen)သို့မဟုတ်(Paracetamol)သုံးစွဲနေသူဟာအရက်နဲ့ဘီယာ(လုံးဝ)မသောက်သုံးသင့်ပါဘူး။အရက်၊ဘီယာနဲ့(Acetaminophen)သို့မဟုတ်(Paracetamol)ကိုတရက်ထဲအတူတူသောက်ရင်အသဲကွဲတတ်ပါတယ်။အလွန်ဆိုးရွားတဲ့ဆိုးကျိုးတွေရရှိပါလိမ့်မယ်။ — အသဲကိုမထိခိုက်စေချင်ဘူးဆိုရင်(Acetaminophen)သို့မဟုတ်(Paracetamol)(500mg)သောက်တိုင်း၊(N-acety L cysteine (NAC)600mg)အနည်းဆုံးထည့်ပြီးသောက်ပါ။အဲဒီလိုထည့်သောက်ရင်အသဲအတွက်အလွန်အဆိပ်ပြင်းတဲ့(Acetaminophen)သို့မဟုတ်(Paracetamol)ဟာ(NAC)ရဲ့အကာအကွယ်ပေးမှု့ကြောင့်အသဲကိုအနည်းငယ်လေးတောင်မှထိခိုက်ပျက်စီးမှု့မရှိဘူးဆိုတဲ့သုတေသနတွေရှိနေပါတယ်။ References: https://pubmed.ncbi.nlm.nih.gov/26250417/ — ရုတ်တရက်အသဲအဆိပ်ဖြစ်ပြီးသေရတော့မယ်ဆိုရင်၊ကယ်တင်နိုင်တာကတော့(NAC)ပါပဲ။(Acetaminophen)သို့မဟုတ်(Paracetamol)တွေ(overdose) သောက်ပြီးကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်ကြတဲ့စိတ်ရောဂါသယ်တွေကို၊အဆိပ်ဖြစ်ပြီး(၈)နာရီအတွင်းမှာ(NAC)ကို(IV)လုံလုံလောက်လောက်ပေးနိုင်မယ်ဆိုရင်အဆိပ်ပြေပြီး၊အသက်ပြန်ရှင်နိုင်ပါတယ်။ — စကားမစပ်(NAC)ဆိုလို့၊(NAC)ရဲ့သဘာဝကိုပြောရဦးမယ်။(NAC)ရဲ့သဘာဝကိုက(surfur)ပါတဲ့(Amino Acid) တစ်မျိုးဖြစ်နေလို့ပုပ်အဲ့အဲ့အနံ့ရပါတယ်၊ဘဲဥပုပ်နံ့နဲ့ဆင်တူပါတယ်၊ဒါပုံမှန်သဘာဝပါပဲ။ဘဲဥပုပ်နံ့ဆိုတာ(NAC)ရဲ့မူရင်းအနံ့ဖြစ်နေလို့၊မသိရင်မကောင်းတော့ဘူးပုပ်နေပြီလို့ထင်တတ်ပါတယ်။မပုပ်ပါဘူး၊သူ့ရဲ့နဂိုအနံ့ပါ။ — တချို့ဗူးတွေမှာအနံ့ပိုပြင်းတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့တစ်ချို့ဗူးထဲမှာ(capsule)တလုံးလုံးပေါက်နေလို့ဘဲဖြစ်ဖြစ်၊(capsule) တချို့ကပွင့်နေလို့၊မလုံလို့ပဲဖြစ်ဖြစ်၊ဆေးမှုန့်တွေထွက်ကျထားလို့ပဲဖြစ်ဖြစ်အနံ့ထွက်ပိုပြင်းနေရတာပါ။ — (surfur)ပါလို့အနံ့ရတာဖြစ်ပြီး၊(Glutathione)ထုတ်ပေးနိုင်တယ်ဆိုတဲ့(Amino Acid)ဟာလဲ(surfur) ပါလို့ပါပဲ။ဆိုလိုတာကအဲဒီ(surfur)ပါတဲ့(Amino Acid)က၊သို့မဟုတ်အဲဒီပုပ်အဲ့အဲ့အနံ့ကပဲခင်ဗျားတို့ရဲ့အသဲကိုအဆိပ်မဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့အပြင်တခြားသောရောဂါအမျိုးမျိုးတွေကနေလဲကာကွယ်ပေးနေတာပါ။ — ဒညင်းသီးဆားရည်စိမ်နံ့လောက်တော့အနံ့မဆိုးပါဘူး။ဒညင်းသီးဆားရည်စိမ်ကတော့ကျန်းမာရေးအတွက်ဆိုးကျိုးပဲရနိုင်ပါတယ်။ဒါတောင်စားနေကြသေးတာပဲ။(NAC)အနံ့ကအဲဒီလောက်မဆိုးပါဘူး၊ဒါပေမယ့်ကျန်းမာရေးအတွက်တော့တန်ဖိုးမဖြတ်နိုင်ပါဘူး။ — အားလုံးကျန်းမာ၍ဘေးရန်ကင်းရှင်းကြပါစေ။ Kelvin Albert Power — References: https://pubmed.ncbi.nlm.nih.gov/26250417/

ဆေးအသစ်(Network Antioxidants)သောက်လိုက်ရင်၊ဈေးပိုပေါတဲ့(Super Antioxidants)မလိုတော့ဘူးပေါ့နော်?

Source from Kelvin A. Power’s Facebook on October 21, 2020 ဆေးအသစ်(Network Antioxidants)သောက်လိုက်ရင်၊ဈေးပိုပေါတဲ့(Super Antioxidants)မလိုတော့ဘူးပေါ့နော်?။လို့မေးထားတဲ့မေးခွန်းကိုဒီကနေ့ဖြေပေးပါမယ်။ — ပထမဦးဆုံး(American Best)ကထုတ်တဲ့(Network Antioxidants)နဲ့၊တခြားကုမ္မဏီဖြစ်တဲ့၊(CanPrev, Canada)ကုမ္မဏီကထုတ်တဲ့(Antioxidant Network™)နှစ်မျိုးကိုနိုင်းယှဉ်ကြည့်မယ်ဆိုရင်။ (CanPrev)ကုမ္မဏီကထုတ်တဲ့ Antioxidant Network မှာပါဝင်တဲ့ပစ္စည်း(၇)မျိုးကတော့။ — (၁)N-acetyl-L-cysteine(200 mg) (၂)Mixed tocopherols, Vitamin E(150 mg) (၃)Coenzyme Q10 Ubiquinone(100 mg) (၄)DL-Alpha-lipoic-acid(100 mg) (၅)Green tea extract(60 mg) (၆)Zinc as Zinc Citrate(5.5mg) (၇)Selenium as Selenium Yeast(100 mcg) တို့ဖြစ်ကြပါတယ်။ — ကျွန်တော်တို့(American Best)ကထုတ်တဲ့(Network Antioxidants)မှာပါဝင်မယ့်ပစ္စည်းတွေကတော့၊သူများတံဆိပ်မှာပါဝင်နေတဲ့ဓါတ်ပေါင်းပစ္စည်း(၇)မျိုးပမာဏတိတိကျကျပါဝင်တဲ့အပြင်၊နောက်ထပ်လိုအပ်လို့ထပ်ဖြည့်ထားတဲ့၊အောက်ပါအရေးကြီးတဲ့ဓါတ်ပေါင်းပစ္စည်း(၅)မျိုးပါအပိုထပ်ပြီးပါဝင်နေပါသေးတယ်။ …

ဆေးအသစ်(Network Antioxidants)သောက်လိုက်ရင်၊ဈေးပိုပေါတဲ့(Super Antioxidants)မလိုတော့ဘူးပေါ့နော်? Read More »

Melatonin ဆိုတာဟာအိပ်ဆေးလား?

Source from Kelvin A. Power’s Facebook on October 20, 2020 အကျဉ်းချုပ်ကလေးပြောရမယ်ဆိုရင်(Melatonin)ဆိုတာအိပ်ဆေးမဟုတ်ပါဘူး။အဲဒါဆို(Melatonin)သောက်လိုက်ရင်၊မအိပ်ဘူးလား?။လို့မေးရင်တော့၊လိုအပ်ရင်တော့အိပ်ပါတယ်။မလိုအပ်ရင်တော့မအိပ်ပါဘူး။ — ဆိုလိုတာက၊တစ်ချို့လူတွေမှာတော့အိပ်ပါတယ်။ဒါပေမယ့်တချို့လူတွေကြတော့မအိပ်ချင်၊မအိပ်ပါဘူး။(Melatonin)ဆိုတာကညအမှောင်ထဲမှာပဲဖြစ်ဖြစ်၊အိပ်ပျော်နေစဉ်မှာဖြစ်ဖြစ်ခန္ဓာကိုယ်ကထုတ်လုပ်ပေးရတဲ့၊ကျန်းမာဖို့အတွက်အလွန်လိုအပ်တဲ့ဟော်မုန်းဓါတ်တစ်မျိုးပါ။ဓါတုဗေဒအိပ်ဆေးတွေနဲ့တော့မတူပါဘူး။ — ဓါတုဗေဒအိပ်ဆေးတွေကလိုအပ်တာထက်ပိုသောက်မိရင်အသက်အန္တရာယ်အထိဖြစ်နိုင်ပါတယ်။ဥပမာပြောရရင်၊မိမိကိုယ်ကိုသေကြောင်းကြံစီတဲ့လူတစ်ယောက်ဟာအဆိပ်သောက်နေစရာမလိုပါဘူး။အိပ်ဆေးများများသောက်ရင်လဲသေပါတယ်။အိပ်ပျော်သွားပြီးပြန်မထလာတော့ဘူး။မထသောအိပ်ခြင်းနဲ့ရာသက်ပန်အိပ်စက်သွားကြတာ။(Melatonin)ဆိုတာကတော့အဲဒီလိုဆေးမျိုးမဟုတ်ပါဘူး။များများသောက်မိလဲမသေပါဘူး။ — ဆိုလိုတာက(Melatonin)သောက်ထားတိုင်းအိပ်ချင်မှအိပ်မယ်။ခဏလေးပဲအိပ်ချင်အိပ်မယ်။ဒါပေမယ့်အိပ်ရေးဝတယ်။တစ်ခါတစ်လေကြရင်(Melatonin)သောက်ထားပေမယ့်ညပိုင်းနိုးနိုးနေတတ်တယ်။ဒါပေမယ့်အားအင်ပြည့်ဝပြီးအိပ်ရေးဝတယ်။တစ်ကယ်တော့(Melatonin)ဆိုတာအိပ်ဆေးမဟုတ်ပါဘူး၊အိပ်ရေးဝတဲ့ဆေးပါ။နည်းနည်းပဲအိပ်လိုက်ရုံနဲ့လဲအိပ်ရေးဝချင်ဝနေတတ်တာကိုဆိုလိုတာပါ။ — နောက်တစ်ခုက၊ဓါတုဗေဒအိပ်ဆေးတွေအလွန်များသွားရင်သေနိုင်ပါတယ်။ဓါတုဗေဒအိပ်ဆေးတွေလွန်သွားရင်အိပ်ပျော်သွားပြီးပြန်မနိုးလာနိုင်တော့ဘူး။(Melatonin)များသွားရင်အိပ်လဲမပျော်တော့ဘူး၊သေလဲမသေပါဘူး။သာမာန်လူတစ်ယောက်ဟာ(Melatonin 10mg)လောက်ဆိုရင်ကောင်းကောင်းအိပ်ရေးဝပါတယ်။အိပ်ပျော်တယ်လို့မဆိုလိုပါဘူး။အိပ်ပျော်ချင်မှပျော်ပါလိမ့်မယ်။အိပ်ရေးဝတယ်လို့ဆိုချင်တာပါ။ — (Melatonin 10 mg)လောက်နဲ့အိပ်ရေးဝတဲ့လူဟာ(အဆပေါင်းငါးဆယ်)ဖြစ်တဲ့(500 mg)သောက်မိရင်လဲမသေပါဘူး။ (500 mg)သောက်မိရင်တချို့သောကင်ဆာရောဂါတွေကိုသက်သာစေနိုင်ပါတယ်။ကင်ဆာတိုင်းပျောက်မယ်လို့တော့မဆိုလိုပါဘူး။ဒါပေမယ့်ကင်ဆာသမားတော်တော်များများဟာ(Melatonin= 500 mg)လောက်သောက်လိုက်ရင်ကောင်းကျိုးတွေရနေကြရတာတော်တော်များများရှိနေပါတယ်။ — (Melatonin)ဆိုတာညအိပ်ပျော်နေချိန်မှာခန္ဓာကိုယ်အတွက်ကောင်းမွန်အောင်လုပ်ဆောင်ပေးတဲ့ဟော်မုန်းဓါတ်တစ်မျိုးဖြစ်သလို၊ခန္ဓာကိုယ်ကိုအဆိပ်ဖြေပေးတဲ့အပြင်ရောဂါအမျိုးမျိုးကနေကုသပေးနိုင်တဲ့(Antioxidant, Anti-inflammatory)ဓါတ်ပေါင်းတမျိုးဆိုရင်လဲမမှားပါဘူး။ (Reactive Oxygen Species, ROS)နဲ့(Reactive Nitrogen Species, RNS)တွေကိုကောင်းကောင်းဖြေပေးနိုင်ပါတယ်။ — အနှစ်ချုပ်ပြောရရင်(Melatonin)ဆိုတာအိပ်ဆေးမဟုတ်ပါဘူး။အိပ်ရေးဝတဲ့ဆေးပါ။နဲနဲသောက်ရင်ကောင်းကောင်းအိပ်ပျော်ပြီးအိပ်ရေးဝပါတယ်။များသွားရင်တော့အိပ်ကောင်းကောင်းမပျော်တော့ပါဘူး။ဒါပေမယ့်အိပ်မပျော်လဲအိပ်ရေးဝပါတယ်။အလွန်အကျွံ့သောက်မိရင်တော့မအိပ်ပါဘူး။ကင်ဆာဆဲတွေကိုတော့သေနိုင်ပါတယ်။လူတော့မသေပါဘူး။ — တစ်ကယ်တော့(Melatonin)ဆိုတာညပိုင်းမှာခန္ဓာကိုယ်ကိုစောင့်ရှောက်ပြုပြင်တတ်တဲ့အကောင်းဆုံး(Antioxidant)နဲ့(anti-inflammatory)ဓါတ်ပေါင်းတစ်မျိုးပါပဲ။လမိုက်ညရဲ့သူရဲကောင်းပေါ့ဗျာ။(COVID)အတွက်လဲသူရဲကောင်းပါပဲ။ခန္ဓာကိုယ်ရဲ့ခုခံမှု့စနစ်ကောင်းဖို့ဆိုတာအိပ်ရေးဝနေဖို့အထူးလိုအပ်တာပေါ့။အိပ်ပျော်သည်ဖြစ်စေ၊မပျော်သည်ဖြစ်စေအိပ်ရေးဝတယ်ဆိုတဲ့ဆေးဟာ၊ရောဂါခုခံမှု့စွမ်းအားကိုတိုးမြင့်စေတယ်ဆိုတဲ့သဘောတရားဟာသဘာဝကြနေပြီးသားဖြစ်နေလို့အထွေအထူးရှင်းပြနေဖို့လိုမယ်မထင်ပါဘူး။ — လူတိုင်းအတွက်အိပ်ပျော်သည်ဖြစ်စေ၊မပျော်သည်ဖြစ်စေ၊အိပ်ရေးဝပြီးလန်းဆန်းစေဖို့အကောင်းဆုံး(Dosage)ကတော့(10mg)လောက်ဖြစ်ပါလိမ့်မယ်။ဒီလောက်ဆိုရင်(Melatonin)အကြောင်းကိုအတော်လေးတီးမိ၊ခေါက်မိ၊နားလည်လောက်ပါပြီ။ အားလုံးကျန်းမာ၍ဘေးရန်ကင်းရှင်းကြပါစေ။ Kelvin Albert Power

Immune System)ကောင်းဖို့ အတွက်(Vitamins)တွေအစုံအလင်လိုအပ်သလိုတစ်ခြားသောသတ္တုဓါတ်(Minerals)တွေလဲအမျိုးစုံအောင်လိုအပ်နေပါတယ်။

Source from Kelvin A. Power’s Facebook on October 16, 2020 တခါတလေကြရင်မြန်မာလူမျိုးတချို့တွေကတော်တော်လေးကိုနားလည်ရခက်ပါတယ်။လူတိုင်းသိနိုင်တဲ့အသေးအမွားကိစ္စလောက်ကိုလိုက်ပြီးရှင်းပြနေရတာလဲမလွယ်ပါဘူး။အခုလဲပေါက်ကရလာမေးပြန်ပြီ။ — ကျွန်တော်တို့ကအခုနောက်ပိုင်း၊အော်ဒါမှာတဲ့လူတိုင်းကို၊(Men and Women Multivitamin)ပုလင်းငယ်လေးတွေကိုအလှူပစ္စည်းအဖြစ်နဲ့ထည့်ပေးခိုင်းပါတယ်။အဲဒီကိစ္စနဲ့ပါတ်သက်ပြီးတချို့လူတွေမေးနေတဲ့မေးခွန်းတွေကတော်တော်လေးကိုစိတ်ပျက်စရာကောင်းလာပါတယ်။ — ဘာမေးကြသလဲဆိုတော့၊ (Men and Women Multivitamin)ဆေးထဲမှာ(Vitamin C)နဲ့(Vitamin D)တွေအားလုံးပါဝင်နေပြီးသားဖြစ်နေလို့၊(Vitamin C)နဲ့(Vitamin D)တွေထပ်သောက်စရာမလိုတော့ဘူးမဟုတ်လားလို့မေးလာကြပါတယ်။ဒီလူတွေကိုကျွန်တော်နားလည်ရခက်ပါတယ်။ — (Men and Women Multivitamin)ဆေးတစ်လုံးမှာ(Vitamin C = 60mg နဲ့ Vitamin D3= 1000 IU)လေးပဲပါနေပါတယ်။အခုလို(covid)အချိန်မှာ(immune system)ကောင်းဖို့ဆိုတာ၊ရှင်းရှင်းပြောရရင်မသေဖို့ဆိုတာ၊တနေ့ကိုအနည်းဆုံး(Vitamin C=2000mg-3000 mg)အထိလိုအပ်ပါတယ်။(Vitamin D3)ကတနေ့ကိုအနည်းဆုံး(10000 IU)လိုအပ်ပါတယ်။အနည်းဆုံးလိုအပ်တာကိုပြောတာနော်။အဲဒီထက်ပိုပြီးလိုချင်လိုမယ်။လျှော့လို့တော့မရဘူး။ဒါကိုပြောချင်တာ။ — (COVID)ကပ်ရောဂါဆိုးကျရောက်နေတဲ့ကာလမှာ(Vitamin D နဲ့ Vitamin C)တွေနဲ့ပါတ်သက်လို့(Mega Dose)တွေ(Very High Dose)တွေလိုအပ်တယ်ဆိုတာအထောက်အထားအမျိုးမျိုးနဲ့ကျွန်တော်အကြိမ်ကြိမ်(Post)တွေရေးသားပေးခဲ့ပြီးပါပြီ။ထပ်ရေးစရာလဲလိုမယ်မထင်တော့ပါဘူး။ဒီအချိန်မှာ(Vitamin D & …

Immune System)ကောင်းဖို့ အတွက်(Vitamins)တွေအစုံအလင်လိုအပ်သလိုတစ်ခြားသောသတ္တုဓါတ်(Minerals)တွေလဲအမျိုးစုံအောင်လိုအပ်နေပါတယ်။ Read More »

Fish Collagen + Glycine + Vitamin C

Source from Kelvin A. Power’s Facebook on October 12, 2020 ဒီနေ့၊ပထမကတော့(Zinc Ionophore)အကြောင်းရေးမလို့ပါပဲ။ဒါပေမယ့်(Collagen)မရသေးဘူးလား၊ဘယ်တော့ရမှာလဲ၊ဘယ်လို(Collagen)မျိုးလဲဆိုတာလာပြီးနားပူနားဆာလုပ်နေသူတွေအလွန်များနေလို့၊လောလောဆယ်နားငြီးလေးသက်သာအောင်၊ကျွန်တော်ထုတ်ထားတဲ့(Collagen)အကြောင်းကိုအတိုချုပ်လေးအရင်ရေးပြီးတင်ပေးလိုက်ပါတယ်။ — များသောအားဖြင့်(USA)ဈေးကွက်မှာတစ်ခြားတံဆိပ်တွေက၊အမြတ်ပိုကျန်အောင်နွားသားရေကနေထုတ်ထားတဲ့အပေါစား(Collagen)တွေကိုပဲသုံးကြတာများပါတယ်။သဘာဝငါးကရတဲ့(Collagen)ဆိုတာအလွန်ရှားပါးပါတယ်။အရည်အသွေးကလဲအလွန်ကွာခြားပါတယ်။အရင်းရှင်တွေကတော့အမြတ်ပိုကျန်တာပဲသုံးမှာပေါ့၊ဝယ်သူက၊ကိုယ်အ,ရင်၊ကိုယ်ခံပဲလေ။အရင်းရှင်ပါဆိုစေတနာထားပြီးအကောင်းစား၊သူတို့အမြတ်မကျန်တာကိုထုတ်ပေးမလား။ထုတ်ရင်လဲဈေးအဆမတန်တောင်းမှာပေါ့။ — ဒါပေမယ့်ကျွန်တော်တို့(American Best)ကတော့အမြတ်မကျန်ချင်နေပါ၊ကိုယ့်ရဲ့(Family)တွေကိုသဘာဝငါးက နေရတဲ့အကောင်းစား(Collagen )တွေကိုပဲပေးသုံးချင်ပါတယ်။ဒါပေမယ့်တစ်ခုတော့ရှိပါတယ်၊ကိုယ်ကအရေအသွေးကိုလဲဂရုမစိုက်ဘူး။ရွံလဲမရွံတတ်ဘူးဆိုရင်တော့ကြိုက်တဲ့ဟာသုံးလို့ရပါတယ်။ဒါပေမယ့်ကျွန်တော်တို့(American Best )ကတော့အမြတ်အစွန်းထက်အရေအသွေးကိုပဲအဓိကထားချင်ပါတယ်။အကောင်းဆုံးတွေကိုပဲထုတ်ပေးချင်ပါတယ်။ — တစ်ကယ်တော့(Collagen)တစ်ခုတည်းနဲ့ကတော့ခန္ဓာကိုယ်ထဲမှာအစွမ်းထက်မြက်အောင်အလုပ်မလုပ်နိုင်ပါဘူး။သူနဲ့တွဲဖက်အလုပ်လုပ်နိုင်ဖို့တခြားဓါတ်ပေါင်းတွေလဲလိုအပ်ပါသေးတယ်။ဒါကြောင့်၊အခုကျွန်တော်တို့ထုတ်လုပ်မဲ့(Collagen)ထဲမှာ(Collagen )တစ်ခုတည်းတင်ဘယ်ကမှာလဲ၊ခန္ဓာကိုယ်ထဲမှာ(Collagen) နဲ့တွဲပြီးအလုပ်လုပ်နိုင်ဖို့မရှိမဖြစ်လိုအပ်တဲ့(Glycine)နဲ့(Vitamin C )တွေကိုပါသေချာသုတေသနလုပ်ပြီးအချိုးကျတစ်ခါတည်းထည့်ထားပေးလိုက်ပါတယ်။တနည်းပြောရရင်(၃)မျိုးစပ်ပေါ့ဗျာ။ — ပါဝင်တဲ့ဇွန်းနဲ့တစ်ဇွန်း၊တိတိကျကျဇွန်းကိုသတ်ချလိုက်မယ်ဆိုရင်(8500 mg)လောက်ရှိပါတယ်။ဇွန်းမသတ်ချပဲခပ်ပြည့်ပြည့်ကလေးခတ်လိုက်ရင်(9000 mg)လောက်ရှိသွားပါတယ်။တစ်ခါသောက်ရင်(9000 mg)လောက်လိုချင်လို့၊ဇွန်းမသတ်ချပဲခပ်ပြည့်ပြည့်လေးခပ်ပါ။မောက်နေအောင်ပြောတာမဟုတ်ပါဘူး။မောက်နေအောင်ခပ်ဖို့မလိုပါဘူး။ — ကျွန်တော်တို့ရဲ့ဆေးမှုန့်(9000 mg)တိုင်းမှာ(Fish Collagen + Glycine + Vitamin C)တွေကိုသုတေသနတွေကိုအခြေခံပြီးအကောင်းဆုံးဖြစ်နိုင်မယ့်အချိုးအစားနဲ့ရောစပ်ပေးထားပါတယ်။အရသာကလေးကတော့ချိုချဉ်ကလေးပေါ့။ညဖက်အိပ်ရာဝင်ခါနီးသောက်မယ်ဆိုရင်တော့၊ကောင်းကောင်းအိပ်ပျော်ပြီးနောက်နေ့မနက်မှာလန်းဆန်း၊တက်ကြွပြီးအားအင်အပြည့်နဲ့နိုးပါတယ်။မနက်ခင်းသောက်လဲရပါတယ်၊အိပ်မငိုက်ပါဘူး။ — ဇွန်းခပ်ပြည့်ပြည့်ကလေး၊မသတ်ချပဲ၊တစ်ခါခပ်သောက်ရင် (9000 mg = 9 g)လောက်ပါပါမယ်။တစ်ရက်တစ်ကြိမ်သောက်မယ်ဆိုရင်၊တစ်ဗူးမှာ(270 g)ကျော်လောက်ပါတော့၊တစ်လစာအသာလေးရပါတယ်။ဒါပေမယ့်တစ်ချို့ကငွေကြေးတတ်နိုင်ရင်တစ်နေ့ကို(၁)ကြိမ်မဟုတ်ပဲ၊(၃)ကြိမ်အထိသောက်မယ်ဆိုရင်လဲရပါတယ်။ပိုပြီးသိသာထိရောက်တာပေါ့၊တစ်နေ့ကို(၃)ကြိမ်ထက်တော့ပိုပြီးမသောက်စေချင်ပါဘူး။တစ်ရက်တစ်ကြိမ်လဲဖြစ်တာပါပဲ။ — ကျွန်တော်တို့ (American Best) ကစပ်ထားတဲ့(Formula)ကရှင်းရှင်းပြောရရင်၊အသားအရေကိုကောင်းမွန်စေပြီးနုပျိုစေရုံသက်သက်၊အမျိုးသမီးတွေအတွက်သက်သက်တော့မဟုတ်ဘူးဗျ။အသားအရေကိုကောင်းမွန်စေပြီးနုပျိုစေတာကတစ်ပိုင်း၊ဒီထက်ပိုပြီးအဓိကကျတာက၊အဆုတ်လေအိပ်ငယ်တွေ၊နှလုံးကြွက်သားတွေ၊အရိုးနှင့်အရွတ်တွေ၊အရေပြား၊ဦးနှောက်၊အာရုံကြော၊အကြော၊အဆစ်အမြစ်၊ကိုယ်တွင်းကလီဇာများနှင့်ခန္ဓာကိုယ်တစ်ခုလုံးကိုအကျိုးပြုဖို့ဖေါ်စပ်ထားတာပါ။ — …

Fish Collagen + Glycine + Vitamin C Read More »

Shopping Cart