Uncategorized

အပိုင်း(၂)။လာမယ့်ဆယ်စုနှစ်တွေမှာလူတိုင်းနီးပါးဖြစ်လာနိုင်တဲ့၊ဟော်မုန်းနဲ့ပါတ်သက်တဲ့ကင်ဆာအမျိုးမျိုးအကြောင်း။

Source from Kelvin A. Power’s Facebook on August 5, 2019 အရွယ်ရောက်ပြီးအမျိုးသမီးတွေအားလုံးနီးပါးမှာမကြာခင်ဖြစ်လာနိုင်တဲ့၊သားဥအိမ်ကင်ဆာ၊ရင်သားကင်ဆာ၊သားအိမ်နံရံကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊သားအိမ်ဝကင်ဆာနဲ့မွေးလမ်းကြောင်းကင်ဆာတွေနဲ့အတူအမျိုးသားတွေမှာဖြစ်လာမဲ့ဆီးကြိတ်ကင်ဆာ၊ဝေးစေ့ကင်ဆာတွေဟာဘာကြောင့်မကြာခင်လူတိုင်းနီးပါးမှာဖြစ်လာနိုင်တယ်လို့ပြောနိုင်တာလဲ၊ဒီရောဂါတွေဘာကြောင့်အစပြုဖြစ်လာရသလဲ၊ဆိုတဲ့အကြောင်းတရားတွေကိုရေးပေးပါမယ်။အမျိုးသမီးတွေမှာရောအမျိုးသားတွေမှာရောမျိုးပွားအင်္ဂါအစိတ်အပိုင်းမှာရှိနေတဲ့ဆဲလ်တွေအားလုံးရဲ့မျက်နာပြင်အပေါ်ဖက်မှာ(Estrogen)လို့ခေါ်တဲ့အမျိုးသမီးမဟော်မုန်းဓါတ်ကိုလက်ခံပေးနိုင်စွမ်းရှိတဲ့လက်တံ(Receptors)တွေပါရှိနေတတ်ကြပါတယ်။ဆိုလိုတာကသဘာဝအားဖြင့်အမျိုးသမီးငယ်လေးတစ်ယောက်ဟာ(၁၃)နှစ်(၁၄)နှစ်လောက်မှာအပျိုဖေါ်ဝင်လာပြီဆိုရင်၊အဲဒီအမျိုးသမီးလေးရဲ့မျိုးဥအိမ်က(Estrogen)လို့ခေါ်တဲ့အမျိုးသမီးမဟော်မုန်းဓါတ်ကိုစတင်ပြီးထုတ်လုပ်ပေးပါတယ်။ဒီလိုမျိုးဥအိမ်ကထုတ်ပေးလိုက်တဲ့မဟော်မုန်းဓါတ်ဟာအမျိုးသမီးလေးရဲ့မျိုးပွားအင်္ဂါတွေကဆဲလ်တွေရဲ့ဟော်မုန်းလက်ခံပေးတဲ့လက်တံ(Estrogen receptors)တွေမှာသွားပေါင်းစီးမိပြီး၊ဒီဟော်မုန်းဓါတ်ရဲ့ပြုပြင်မှုကြောင့်မျိုးပွားအင်္ဂါတွေဖွံ့ဖြိုးကြီးထွားလာပြီးတော့၊ကလေးဘဝကနေ၊အိမ်ထောင်သားမွေးနိုင်တဲ့လူကြီးဘဝကိုတဖြေးဖြေးပြောင်းလဲလာပါတယ်။ဒီအက်စထိုဂျင်ဟော်မုန်းဓါတ်ကိုအမျိုးသမီးတွေအသက်(၅၀)ပါတ်ဝန်းကျင်လောက်အထိသွေးမဆုံးမချင်းသားဥအိမ်ကနေလစဉ်အမြဲထုတ်ပေးနေပါတယ်။ဒီဟော်မုန်းဓါတ်ကြောင့်မိန်းကလေးတွေရဲ့အသွင်အပြင်တွေ၊အသံတွေကယောင်္ကျားလေးတွေနှင့်မတူညီပဲမိန်းမဆန်ပြီးကွဲပြားခြားနားနေရခြင်းဖြစ်ပါတယ်။မိန်းကလေးဆန်ဆန်ကိုယ်လုံးကိုယ်ပေါက်တွေရှိလာပြီးလှပနေဖို့အတွက်ကလဲဒီဟော်မုန်းကပဲအဓိကလုပ်ဆောင်ပေးပါတယ်။လင်ယူသားမွေး၊ကလေးမွေးအစရှိတဲ့မျိုးပွားမှုကိစ္စတွေမှာလဲဒီဟော်မုန်းဓါတ်ကအဓိကကျနေပါတယ်။ကျန်းမာတဲ့အမျိုးသမီးအဖြစ်ရပ်တည်ဖို့၊အမျိုးသမီးအင်္ဂါအစိတ်အပိုင်းတွေကျန်းမာသန်စွမ်းဖို့ကဒီအက်စထရိုဂျင်ဟော်မုန်းကမရှိမဖြစ်လိုအပ်လှပါတယ်။ ———- သို့သော်အခုခေတ်မှာပြဿနာအကြီးအကျယ်တက်လာတာကဒီလိုမဟော်မုန်းနဲ့အလားသဏ္ဍန်တူပြီးအကြီးအကျယ်ဒုက္ခပေးနိုင်တဲ့မသန့်ရှင်းတဲ့ပါတ်ဝန်းကျင်ပြင်ပလူလုပ်တဲ့ဓါတုပစ္စည်းတွေကလာတဲ့ဆင်တက်တစ်ဇီနိုအက်စထိုဂျင်(synthetic xenoestrogens)လို့ခေါ်တဲ့ဓါတုဗေဒပစ္စည်းတွေကြောင့်ဖြစ်လာတဲ့မဟော်မုန်းဓါတ်အတုတစ်မျိုးဟာခန္ဒာကိုယ်ထဲကိုဝင်ရောက်လာပြီး၊မဟော်မုန်းကဲ့သို့မျိုးပွါးအင်္ဂါတွေရဲ့ဟော်မုန်းလက်ခံပေးတဲ့လက်တံတွေမှာဝင်ရောက်ပေါင်းဖက်ပြီးတော့အကြီးအကျယ်ဒုက္ခပေးတော့တာပါပဲ။ဒီပြင်ပဓါတုဗေဓပစ္စည်းတွေကလာတဲ့ဇီနိုအက်စထိုဂျင်(အက်စထိုဂျင်အတု)ဟော်မုန်းတွေဟာအမျိုးသမီးတွေရဲ့မျိုးပွားအင်္ဂါအစိတ်အပိုင်းတွေကဆဲလ်တွေကိုပေါင်းစပ်လိုက်ပြီးတော့၊ကောင်းနေတဲ့ဆဲလ်တွေကနေကင်ဆာဆဲလ်တွေဖြစ်အောင်၊ကင်ဆာဆဲလ်တခုကနေရာချီထောင်ချီတဲ့ကင်ဆာဆဲလ်တွေအဖြစ်ပွားများလာအောင်ဝင်ရောက်စီးနင်းပြီးဒုက္ခအကြီးအကျယ်ပေးတော့တာပါပဲ။ဒီဟော်မုန်းအတုကြောင့်ကင်ဆာအဖြစ်ပြောင်းလဲသွားတဲ့ဆဲလ်တွေအားလုံးရဲ့ထူးခြားချက်ကတော့၊ကင်ဆာဆဲလ်တွေရဲ့မျက်နာပြင်အပေါ်ဖက်မှာ(Estrogen)လို့ခေါ်တဲ့မဟော်မုန်းဓါတ်ကိုလက်ခံနိုင်တဲ့လက်တံ(Receptors)တွေဟာသာမန်နဂိုတုံးကကျန်းမာနေတဲ့ဆဲလ်တွေထက်အဆပေါင်းရာနဲ့ချီပြီးတိုးပွားဖြစ်ပေါ်လာတာကိုတွေ့ရှိရပါတယ်။ဆိုလိုတာကထပ်ပြီးပြင်ပကမဟော်မုန်းအတုဇီနိုအက်စထိုဂျင်တွေဝင်လာတိုင်းကင်ဆာဆဲရဲ့လက်တံတခုအပေါ်မှာသွားပြီးပေါင်းစပ်လိုက်မိတာနဲ့၊အဲဒီကင်ဆာဆဲလ်ဟာတခဏအတွင်းရာနဲ့ထောင်နဲ့ချီပြီးပွားများလာမယ်၊ကြီးထွားလာတော့မယ်လို့ဆိုလိုပါတယ်။အဲဒီကစပြီးတော့မျိုးပွားအင်္ဂါတွေမှာကင်ဆာရောဂါတွေစပြီးဖြစ်တော့တာပါပဲ။နောက်ပိုင်းမှာကင်ဆာဆဲလ်တွေဟာအမျိုးသမီးတွေရဲ့မျိုးဥအိမ်ကထုတ်တဲ့ဟော်မုန်းအစစ်တွေနဲ့ပေါင်းစပ်မိရင်တောင်ဆဲလ်တွေကပွားများလာတော့တာပါပဲ။ဒီပြင်ပကလာတဲ့ဟော်မုန်းအတုဇီနိုအက်စထိုဂျင်တွေဟာမိန်းကလေးတွေရဲ့မျိုးပွားအင်္ဂါတွေကိုတင်မကပါဘူးယောင်္ကျားလေးတွေရဲ့မျိုးပွားအင်္ဂါတွေမှာရှိတဲ့ဆဲလ်တွေနဲ့ပေါင်းစပ်မိရင်လဲအလားတူကင်ဆာရောဂါတွေကိုစတင်ပြီးဖြစ်ပေါ်စေပါတယ်။ ——————– ဒီလိုမျိုးပွားအင်္ဂါမှာဖြစ်ပေါ်နေတဲ့ကင်ဆာတွေဟာတခြားကင်ဆာတွေနဲ့မတူပဲအီစထိုဂျင်ဟော်မုန်းကိုလက်ခံပေးပြီးတော့မှပွားများနိုင်တဲ့လက်တံတွေကပုံမှန်ကျန်းမာနေတဲ့ဆဲလ်တွေထက်အဆတစ်ရာလောက်များပြားလာပါတယ်။ဒီတော့ပုံမှန်ဆဲလ်တွေထက်ဟော်မုန်းဓါတ်အက်စထိုဂျင်ကိုပိုပြီးတော့အပြိုင်အဆိုင်သာလွန်စွာလုယူပေါင်းစည်းနိုင်ပါတေ့ာတယ်။အက်စထိုဂျင်ဟော်မုန်းဓါတ်နဲ့ပေါင်းစည်းလိုက်တာနဲ့နောက်ထပ်ကင်ဆာဆဲလ်အသစ်အသစ်တွေအဆပေါင်းများစွာပွားများလာတော့တာပါပဲ။ဒီလိုအက်စထရိုဂျင်ဟော်မုန်းဓါတ်ကိုလက်ခံနိုင်တဲ့လက်တံပါရှိပြီးဟော်မုန်းဓါတ်ရတော့မှပွားများနိုင်တဲ့ကင်ဆာဆဲလ်တွေကို(Estrogen receptors positive=ER positive)ဆဲလ်တွေလို့ခေါ်ပါတယ်။အများအားဖြင့်ရင်သားကင်ဆာ၊သားအိမ်ကင်ဆာ၊မျိုးဥကင်ဆာ၊ဆီးကြိတ်ကင်ဆာ၊ဝေးစေ့ကင်ဆာ၊အစရှိတဲ့မျိုးပွားအင်္ဂါတွေနားမှာဖြစ်ပေါ်လာတဲ့ကင်ဆာရောဂါတွေရဲ့(80%)ကျော်ဟာဒီလို(ER Positive)ကင်ဆာဆဲလ်အမျိုးအစားတွေဖြစ်ပြီး၊အခြားသောအက်စထဂိုဂျင်မလိုပဲနဲ့လဲပွားများနိုင်တဲ့(ER negative)ကင်ဆာဆဲလ်တွေကတော့(၂၀%)လောက်ပဲဖြစ်လေ့ဖြစ်ထရှိပါတယ်။ ————————- ဒီလိုဟော်မုန်းဓါတ်နဲ့ဆက်စပ်နေတဲ့မျိုးပွားအင်္ဂါတွေမှာဖြစ်ပေါ်လာတဲ့ကင်ဆာရောဂါတွေဟာ့မမျိုးဥအိမ်ကလစဉ်သဘာဝအားဖြင်ထုတ်လုပ်ပေးနေတဲ့အက်စထိုဂျင်ဟော်မုန်းတွေကနေစပြီးဖြစ်လာတာတော့မဟုတ်ပါဘူး။ဒါပေမဲ့ပြင်ပကလာတဲ့ဆင်တက်တစ်ဇီနိုအက်စထိုဂျင်(synthetic xenoestrogens) လို့ခေါ်တဲ့ဓါတုဗေဓဓါတ်ပေါင်းအက်စထရိုဂျင်အတုတွေကြောင့်စပြီးတော့ကင်ဆာတွေဖြစ်ပေါ်လာပါတယ်။ ပိုပြီးဆိုးတာကဆေးရုံဆေးခန်းတွေမှာဆရာဝန်တွေကသွေးဆုံးနေတဲ့အမျိုးသမီးတွေကိုသွေးဆုံးတဲ့ရောဂါဝေဒနာမျိုးမခံရအောင်ကုသပေးတဲ့(Hormone replacement Therapy =HRT)ဆေးဝါးတွေမှာပါတဲ့လူလုပ်တဲ့ဆင်တက်တစ်အက်စထရိုဂျင်(synthetic estrogens)ပါပဲ။ဆရာဝန်တွေဆေးရုံဆေးခန်းတွေမှာသုံးတဲ့သဘာဝမဟုတ်ပဲဓါတ်ခွဲခန်းမှာဓါတုဗေဒပစ္စည်းတွေသုံးပြီးအရင်းရှင်ဆေးကုမ္မဏီကြီးတွေကဖန်တီးထားတဲ့ဆေးဝါးတွေမှာပါတဲ့အက်စထရိုဂျင်ကတော့အပြင်းထန်ဆုံးနဲ့အဆိုးဆုံးဖြစ်လို့ရေရှည်သုံးရင်သေချာပေါက်ကင်ဆာရောဂါအစပြုဖြစ်ပွားစေနိုင်သလိုဖြစ်ပြီးသားကင်ဆာရောဂါတွေကိုလဲအကြီးအကျယ်ပွားများပြန့်ပွားစေနိုင်ပါတယ်။နောက်ဆိုးတာတစ်ခုကကင်ဆာဆဲလ်တွေဖြစ်သွားပြီဆိုရင်တော့မျိုးရိုးဗီဇပြောင်းလဲသွားပြီးမမျိုးဥအိမ်ကနေလစဉ်သဘာဝအားဖြင်ထုတ်လုပ်ပေးနေတဲ့သဘာဝအက်စထိုဂျင်ဟော်မုန်းတွေနဲ့တွေ့ရင်တောင်ထိုကင်ဆာဆဲလ်တွေဟာဆတိုးပြီးအကြီးအကျယ်ပွားများတော့တာပါပဲ။ ———————- ဆေးရုံဆေးခန်းတွေမှာဆရာဝန်တွေကသွေးဆုံးနေတဲ့သဘာဝမဟုတ်ပဲလူလုပ်ထားတဲ့ဆင်တက်တစ်အက်စထရိုဂျင်(synthetic estrogens)တွေကကိုယ်ကနားလည်လို့မသုံးဘူးဆိုရင်ရှောင်လို့ရပါသေးတယ်။ပြင်ပပါတ်ဝန်းကျင်ကလာတဲ့ဇီနိုအက်စထရိုဂျင်ကြတော့ဘယ်မှာတွေရှိနေသလဲဆိုတာကိုယ်ကသေသေချာချာသိမှကိုဖြစ်မှာဘာကြောင့်လဲဆိုတော့အဲဒီဇီနိုအက်စထိုဂျင်ဓါတ်တွေနဲ့များများထိတွေ့လေလေကင်ဆာဖြစ်နိုင်ခြေပိုများလေလေဖြစ်နေလို့ပါပဲ။ဇီနိုအက်စထိုဂျင်ဓါတ်တွေနဲ့များများထိတွေ့ဖန်များလာရင်အနေးနဲ့အမြန်သာကွာမယ်၊ကင်ဆာရောဂါတခုခုကတော့မကြာခင်ဖြစ်လာဖို့အတော်လေးကိုသေချာနေပါတယ်။ဒီလိုဇီနိုအက်စထိုဂျင်ဓါတ်တွေနဲ့မထိမိအောင်၊မိမိကိုယ်တွင်းကိုဒီဓါတ်တွေဝင်ရောက်မလာနိုင်အောင်ကာကွယ်ဖို့ကအရေးတကြီးလိုနေပြီဆိုတော့ဘယ်ပစ္စည်းတွေမှာဒီဇီနိုအက်စထိုဂျင်ဓါတ်တွေပါဝင်နေတယ်ဆိုတာကိုအဓိကလေ့လာဖို့လိုအပ်နေပါပြီ။ဒါမှသူတို့နဲ့မထိတွေ့မိအောင်ရှောင်နိုင်မှာမဟုတ်လား။ ———— မနက်မိုးလင်းအိပ်ရာကထလိုက်ပြီဆိုတာနဲ့သွားတိုက်ဖို့သွားတိုက်တံနဲ့သွားတိုက်ဆေးလေးကိုစပြီးဆွဲယူလိုက်တာနဲ့၊အဲဒီမောင်မင်းကြီးသားဇီနိုအက်စထိုဂျင်နဲ့စတွေ့တော့တာပါပဲ။သွားတိုက်တံကကော်၊ပလတ်စတစ်နဲ့လုပ်ထားတော့ဇီနိုအက်စထိုဂျင်ပါနေတယ်။သွားတိုက်ဆေးကလဲဓါတုဗေဓပစ္စည်းတွေပါတော့ဇီနိုအက်စထိုဂျင်ကမလွတ်ပြန်ဘူး။မျက်နာသစ်မယ်လုပ်တော့လဲဆပ်ပြာမှာကဇီနိုအက်စထိုဂျင်၊ရေသုံးမယ်လုပ်တော့လဲရေပိုက်ခေါင်းကလာတဲ့ရေကလဲပလတ်စတစ်ပိုက်၊ကော်ပိုက်တွေသုံးထားလို့ဇီနိုအက်စထိုဂျင်ပါနေပြန်တယ်။စည်ပင်ရေသန့််စင်ရေးဌာနကလဲခြင်တွေပိုးလောက်လှမ်းတွေမဖြစ်ရအောင်ရေဖြန့်ဝေတဲ့ရေကန်မှာပိုးသတ်ဆေး(DDT)တွေဖြန်းထားတော့ဇီနိုအက်စထိုဂျင်ကပါနေပြန်ပါလေရော။မထူးပါဘူးမျက်နာလဲမသစ်တော့ဘူးရေခဲသေတ္တာထဲမှာပဲတခုခုသွားစားတော့မယ်ဆိုပြီးရေခဲသေတ္တာလက်ကိုင်ကိုကိုင်ဖွင့်လိုက်တော့အဲဒီပလတ်စတစ်လက်ကိုင်ကလဲဇီနိုမလွတ်ပြန်ဘူး။ရေခဲသေတ္တာမှာသုတ်ထားတဲ့ဆေးကလဲဓါတုပေဒဆေးတွေဖြစ်လို့ဇီနိုနဲ့မလွတ်ပြန်ဘူး။ရေခဲသေတ္တာထဲမှာအသီးအနှံတွေယူစားမယ်လုပ်တော့လဲစိုက်ပျိုးတုန်းကဓါတ်မြေသြဇာတွေပိုးသတ်ဆေးတွေသုံးထားတော့ကိုဇီနိုကမလွတ်ပြန်ဘူး။မထူးပါဘူးသောက်ရေသန့်ပဲသောက်တော့မယ်ဆိုပြီးတော့ပုလင်းလေးဆွဲထုတ်လိုက်တော့ပလတ်စတစ်ပုလင်းဖြစ်နေပြန်တယ်ဆိုတော့သူလဲမလွတ်ပြန်ဘူး။ဖန်ပုလင်းနဲ့လာတဲ့အချိုရေပဲသောက်တော့မယ်ဆိုပြီးဖန်ပုလင်းဆွဲထုတ်လိုက်တော့ဓါတုဗေဒဆိုးဆေးတွေဆိုးထားတော့မလွတ်ပြန်ဘူး။မထူးပါဘူးရေနွေးပဲတည်သောက်တော့မယ်ဆိုပြီးတော့လျှပ်စစ်ရေနွေးခရားကိုကောက်ကိုင်လိုက်တော့သူကလဲပလပ်စတစ်ဖြစ်နေပြန်တယ်။ရေနွေးခရားကစတီးဆိုရင်တောင်အဖုံးကပလပ်စတစ်ဖြစ်နေတယ်ဆိုတော့ဇီနိုကမလွတ်ပြန်ဘူး။ဘာမှလဲစားမနေသောက်မနေတော့ပါဘူး၊လေကောင်းလေသန့်လေးပဲရှုတော့မယ်ဆိုပြီးပြတင်းပေါက်ဖွင့်လိုက်တော့လေနဲ့အတူအရင်ဝင်လာတာကတော့လဲဇီနို၊မြို့ထဲမှာကားတွေမောင်းသွားတော့ကားအင်ဂျင်အိတ်ဇောကထွက်တဲ့ဇီနိုတွေလေထဲမှာလဲပြည့်နေပါလေ။အိမ်ထဲမှာလဲနံရံတွေမှာသုတ်ထားတဲ့ဆေးတွေကဇီနိုမလွတ်ပြန်ဘူး။ကားထဲမှာပဲသွားနေတော့မယ်ဆိုပြီးကားတံကားဖွင့်ဝင်လိုက်တော့ကားထဲကဒက်စ်ဘုတ်ကလဲဇီနိုမလွတ်ပြန်ဘူး။မထူးပါဘူးအိပ်ရာထဲဝင်ပြီးပြန်အိပ်တော့မယ်လုပ်တော့လဲ၊ခေါင်းဦးတွေစောင်တွေ၊ခြင်ထောင်တွေကဆပ်ပြာသုံးပြီးလျှော်ထားရလို့ဆပ်ပြာတွေအမွေးအကြိုင်တွေကနေလာတဲ့ဇီနိုတွေကကျန်နေပြန်ရော။အလှပဲပြင်တော့မယ်ဆိုပြီးကော်စမက်တစ်တွေမိတ်ကပ်တွေရေမွေးတွေလိမ်းမယ်ကြံလိုက်ရင်လဲအားလုံးမှာဇီနိုကပါနေပြန်ရော။မထူးပါဘူးဘုရားစင်ရှေ့သွားပြီးပုတီးပဲစိတ်တော့မယ်ဆိုပြီးတော့ပုတီးကောက်ကိုင်လိုက်တော့လဲပုတီးမှာအရောင်တင်ထားတဲ့ပေါလစ်ဆေးတွေကဇီနိုမလွတ်ပြန်ပါဘူး။ ————– ရှင်းရှင်းပြောရရင်တော့ခေါင်းပေါ်မှာလိမ်းထားတဲ့ခေါင်းလိမ်းဆီကနေပြီးတော့ခြေဖဝါးမှာစီးတဲ့ဖိနပ်အထိဆံပင်ဖျားကနေခြေဖျားအဆုံးသုံးလို့ရတဲ့ပစ္စည်းတွေထဲမှာဇီနိုအက်စထိုဂျင်နဲ့လွတ်တာဆိုလို့တခုမှကိုမရှိပါဘူး။အိမ်မှာဆိုရင်လဲကြမ်းမှာခင်းထားတဲ့ကြမ်းခင်းကအစပြုလို့ခေါင်မိုးမျက်နာကျက်မှာသုတ်ထားတဲ့သုတ်ဆေးအထိဆောက်လုပ်ရေးပစ္စည်းတွေအားလုံးမှာဇီနိုအက်စထရိုဂျင်(xenoestrogens)နဲ့လွတ်တာဘာမှကိုမရှိပါဘူး။ဇီနိုအက်စထရိုဂျင်နဲ့လွတ်ချင်ရင်တော့တနည်းပဲရှိတယ်၊လူမနှီးသူမနှီးဟိမဝန္တာတောတောင်တွေထဲသွားပြီးသစ်ရွက်မိုးကျောင်းလေးဆောက်ပြီးတယောက်ထဲနေမှပဲရတော့မယ်။ဒီခေတ်မှာဇီနိုအက်စထိုဂျင်နဲ့လွတ်တာဆိုလို့ဘာမှကိုမရှိတော့တာ။ကြာလေပိုဆိုးလေပိုမလွတ်လေပါပဲ။ပါတ်ဝန်းကျင်လေထုကလဲကြာလေညစ်ညမ်းလေ၊ဇီနိုပါဝင်မှုပိုများလာလေ။အမေရိကန်မှာဆိုရင်ဒီဇီနိုအက်စထိုဂျင်ကြောင့်အရွယ်မရောက်သေးတဲ့ခြောက်နှစ်လောက်ပဲရှိတဲ့ကလေးမလေးအချို့တွေတောင်မိန်းမအင်္ဂါအစိတ်အပိုင်းတွေကြီးထွားဖွံ့ဖြိုးလာပြီးငယ်ငယ်ရွယ်ရွယ်နဲ့ဓမ္မတာတွေစပြီးလာတဲ့ရောဂါတွေဖြစ်နေကြပြီ။စက်ရုံအလုပ်ရုံတွေနဲ့နီးတဲ့မြစ်တွေချောင်းတွေမှာငါးတွေပုဇွန်တွေဆိုရင်ဇီနိုအသ်စထရိုဂျင်ကြောင့်အထီးတွေပျောက်ပြီးအမတွေအဖြစ်ဘဝပြောင်းလဲသွားကြပါပြီ။ဒီခေတ်ကြီးမှာအဲဒီကင်ဆာဖြစ်စေတဲ့ဇီနိုအက်စထိုဂျင်ကိုရှောင်ဖို့ဆိုတာကတော့လုံးဝကိုမဖြစ်နိုင်တော့တာပါ။ဒါကြောင့်ဒီဟော်မုန်းနဲ့ပါတ်သက်တဲ့ကင်ဆာရောဂါတွေဟာလာမယ့်ဆယ်စုနှစ်တွေမှာလူတိုင်းနီးပါးဖြစ်လာလိမ့်မယ်လို့ကြိုတင်ပြီးအတိအကျသေချာပြောလို့ရတာပေါ့။တချို့ကဇီနိုကိုကြောက်လို့ရိုးရိုးပလတ်စတစ်ကိုမသုံးတော့ပဲ(BPA Free)ပလတ်စတစ်ဆိုပြီးဝယ်သုံးကြတယ်။ဒါပေမဲ့သိပ်တောမထူးပါဘူး(BPA Free)ခွက်နဲ့ရေထည့်သောက်လဲတခြားနေရာတွေကနေဇီနိုနဲ့တွေ့နေရဦးမှာပါပဲ၊အရှင်းကြီးတော့ဘယ်လိုမှမလွတ်နိုင်ပါဘူး။ဒီတော့ဒီကင်ဆာရောဂါတွေမဖြစ်ရအောင်ဘယ်လိုရှောင်ရမှာလဲ။ဒီဇီနိုကိုအလုပ်မလုပ်နိုင်အောင်ဘာလုပ်ရမလဲဆိုတာကိုသုသေသနတွေလုပ်ဖို့လိုလာပါပြီ။ဘာလုပ်ရမယ်ဆိုတာကိုတတိယပိုင်းတွင်ဆက်ရေးပေးပါမည်။အခုတော့နားပါဦးမည်။ ——- မှတ်ချက်။ဒီပို့စ်မှာရေးထားတဲ့အလွန်ဆိုးရွားတဲ့မဟော်မုန်းနဲ့အလားသဏ္ဍန်တူပြီးအကြီးအကျယ်ဒုက္ခပေးနိုင်တဲ့ပါတ်ဝန်းကျင်ပြင်ပကလာတဲ့ဇီနိုအက်စထရိုဂျင်ဆိုတာလူလုပ်တဲ့ဓါတုပစ္စည်းတွေကလာတဲ့ဆင်တက်တစ်ဇီနိုအက်စထိုဂျင်(synthetic xenoestrogens)ကိုသာဆိုလိုခြင်းဖြစ်ပြီး၊မိခင်သဘာဝကလာတဲ့(Natural Xenoestrogen)ဖြစ်တဲ့လူ့ကောင်းကျိုးပြု(Phytoestrogens)တွေကိုဆိုလိုထားခြင်းမဟုတ်ပါ။ Kelvin Albert Power ———————– WHERE ARE XENOESTROGENS FOUND? Hold on to …

အပိုင်း(၂)။လာမယ့်ဆယ်စုနှစ်တွေမှာလူတိုင်းနီးပါးဖြစ်လာနိုင်တဲ့၊ဟော်မုန်းနဲ့ပါတ်သက်တဲ့ကင်ဆာအမျိုးမျိုးအကြောင်း။ Read More »

အပိုင်း(၁)။လာမယ့်ဆယ်စုနှစ်တွေမှာလူတိုင်းနီးပါးဖြစ်လာနိုင်တဲ့၊ဟော်မုန်းနဲ့ပါတ်သက်တဲ့ကင်ဆာအမျိုးမျိုးအကြောင်း။

Source from Kelvin A. Power’s Facebook on August 4, 2019 ဒီကင်ဆာရောဂါမျိုးတွေဟာယောင်္ကျားမိန်းမ၊မခွဲခြားပဲလူတိုင်းနဲ့သက်ဆိုင်နေတဲ့အတွက်ဒီစာကိုမဖတ်ပဲနဲ့ကျော်သွားရင်တော့တနေ့နောင်တရကြပါလိမ့်မည်။ဟော်မုန်းနဲ့ပါတ်သက်တဲ့ကင်ဆာဆိုတာကအထူးသဖြင့်အမျိုးသမီးတွေမှာပိုပြီးအဖြစ်များပါတယ်။အမှန်အတိုင်းပြောရရင်လာမယ့်ဆယ်စုနှစ်တစ်ခု၊နှစ်ခုလောက်အတွင်းမှာအရွယ်ရောက်ပြီးအမျိုးသမီးတိုင်းနီးပါးလောက်ဟာသားဥအိမ်ကင်ဆာခေါ်(Ovarian Cancer)၊ရင်သားကင်ဆာခေါ်(Breast Cancer)နှင့်သားအိမ်နံရံ၊သားအိမ်ခေါင်း၊သားအိမ်ဝနဲ့မွေးလမ်းကြောင်းတွေမှာဖြစ်တတ်တဲ့(Endometrial Cancers)ခေါ်ကင်ဆာအမျိုးမျိူးထဲကတခုခုဖြစ်ဖြစ်လာဖို့(၉၀%)ကျော်လောက်ကိုသေချာနေပါတယ်။အမှန်ပါချိန်းခြောက်နေတာမဟုတ်ပါဘူး။ဘာကြောင့်ဒီလိုအတိအကျပြောနိုင်လဲဆိုတာကိုနောက်ပိုင်းမှာသေချာရေးပေးပါမယ်။အမျိုးသမီးတွေမှာအဖြစ်များမယ်ဆိုတော့အမျိုးသားတွေကတော်သေးတာပေါ့ဆိုပြီးတော့သက်ပြင်းမချလိုက်ပါနဲ့အုံး၊အမျိုးသားတွေလဲမလွတ်ပါဘူး။ဆီးကြိတ်ကင်ဆာခေါ်(prostate cancer )ဝှေးစေ့ကင်ဆာခေါ်(testicular cancer)တွေလဲအမျိုးသားတွေအတော်များများမှာဖြစ်လာဖို့ရှိနေပါတယ်။ ———– ကင်ဆာဆိုတဲ့ရောဂါဟာဖြစ်လာတော့မှကုလို့လွယ်လွယ်နဲ့ပျောက်နိုင်တဲ့ရောဂါမျိုးမဟုတ်ပါဘူး။ကြိုတင်ကာကွယ်ထားဖို့ကသိပ်ကိုအရေးကြီးနေပါတယ်။ကင်ဆာဆိုတာကဒီခေတ်ဆေးပညာနဲ့ကုသလို့လဲပျောက်ကင်းနိုင်တဲ့ရောဂါမျိုးလုံးဝမဟုတ်ပါဘူး။ဒီခေတ်ဆေးပညာဟာကင်ဆာဖြစ်လာရင်ခွဲစိတ်ကုသမယ်။(Radiation Therapy)လို့ခေါ်တဲ့အလွန်ပြင်းထန်တဲ့ဓါတ်ရောင်ခြည်တွေနဲ့ကင်ပြီးကုသမယ်၊ကီမိုသရဖီ(Chemotherapy)လို့ခေါ်တဲ့အလွန်ကြောက်စရာကောင်းပြီးခန္ဒာကိုယ်ကိုလဲအဆိပ်သင့်စေ၊မိမိရဲ့ခုခံအားစနစ်တစ်ခုလုံးကိုလဲပျက်စီးစေတဲ့အဆိပ်ကျွေးပြီးကုသနည်းနဲ့ကုသမယ်။ဒါပေမဲ့ပျောက်လားဆိုတော့မပျောက်ပါဘူး။ပိုပြီးဆိုးသွားတာပဲရှိတာပါ။ခိုင်မာတဲ့သုသေသနအထောက်အထားတွေအရဆိုရင်ကင်ဆာရောဂါကိုမကုပဲဒီတိုင်းထားတာနဲ့စာရင်ဒီခေတ်ဆေးပညာနဲ့ကုသတဲ့သူတွေကပိုပြီးတော့သက်တန်းတိုရတဲ့အပြင်၊ဓါတ်ရောင်ခြည်နဲ့ကီမိုသရဖီတွေကရတဲ့အဆိပ်အတောက်တွေကြောင့်မသေခင်လဲအလူးအလဲ၊အဝီစိငရဲမှာခံစားရသလိုမျိုးအလွန်ပြင်းထန်တဲ့ဝေဒနာတွေလဲခံစားသွားရရှာတယ်လို့သိရှိရပါတယ်။ရှင်းရှင်းပြောရရင်တော့ဒီကုထုံးတွေရဲ့ဘေးထွက်ဆိုးကျိုးကြောင့်အလွန်ပြင်းထန်တဲ့ဝေဒနာတွေခံစားကြရပြီးအသေလဲမလှကြရဘူးပေါ့။အသေမလှတော့ဘဝကူးလဲမကောင်းဘူးပေါ့ဗျာ။သိပ်သနားစရာကောင်းပါတယ်။ ———————— ကင်ဆာရောဂါကိုခွဲစိတ်ကုသတာတို့၊ဓါတ်ရောင်ခြည်တွေနဲ့ကင်ပြီးကုသတာတို့၊ကီမိုသရဖီလို့ခေါ်တဲ့အလွန်ပြင်းထန်တဲ့အဆိပ်တွေနဲ့ကုတာတို့ဆိုတာကရောဂါတာမပျောက်ကင်းတာပါလူနာတွေအတွက်မှာတော့အလွန်ကုန်ကျစရိတ်များပြီးအရင်းရှင်ဆေးကုမ္မဏီကြီးတွေ၊ဆေးရုံကြီးတွေအတွက်ကတော့စီးပွားရေးအရဆိုရင်တော်တော်လေးကိုတွက်ချေကိုက်ကြတယ်ဗျ။ကင်ဆာဖြစ်တဲ့လူတစ်ယောက်တွေ့ပြီဆိုရင်နွားတကောင်လိုနဖားကျိုးလေးထိုးလိုက်ပြီးတော့ဝိုင်းပြီးဂုတ်သွေးစုတ်ကြပါလေရော။ဆေးကုမ္မဏီကြီးတွေဟာဒီလိုအလုပ်မဖြစ်တဲ့ကုသနည်းတွေနဲ့ကုသဖို့အမေရိကန်ဒေါ်လာကိုသန်းထောင်နဲ့ချီရင်းနီးမြုတ်နှံထားပြီးတော့စက်ကရိယာတွေဝယ်ယူထုတ်လုပ်ထားပြီးသားဆိုတော့ကင်ဆာကိုတကယ်ပျောက်တဲ့တခြားနည်းတွေရှိရင်တောင်သူတို့ရဲ့ရင်းနီးမြုတ်နှံထားတဲ့ငွေတွေအရံှုးခံပြီးတခြားနည်းကိုပြောင်းလဲပြီးတော့ဘယ်တော့မှကုမှာမဟုတ်ပါဘူး။မကုတဲ့အပြင်တကယ်ပျောက်တဲ့နည်းစနစ်တွေကိုဖေါ်ထုတ်ပေးနိုင်တဲ့သူတွေကိုပါလိုက်ရန်ပြုပြီးတိုက်ခိုက်နေကြပါတယ်။အမှန်အတိုင်းထပ်ပြောရရင်၊ဒီခေတ်ဆေးပညာဟာ၊နာတာရှည်ရောဂါတွေကိုပျောက်အောင်ကုသဖို့ဒီဇိုင်းလုပ်ထားတာမဟုတ်ပါဘူး။လူနာတွေဆီကပိုက်ဆံကိုမသေမချင်းညှင်းဆဲပြီးရေရှည်များများရအောင်၊ရောဂါမပျောက်ကင်းအောင်တမင်ရေရှည်ဆွဲကုဖို့လူနာကိုနွားတစ်ကောင်လိုနှဖားကြိုးထိုးနိုင်ဖို့အတွက်အရှင်းရှင်ဆေးကုမ္မဏီကြီးတွေကိုယ်တိုင်သေသေချာချာအကွက်ချပြီးဒီဇိုင်းဆွဲထားတာပါ။အခုခေတ်မှာကျန်းမာရေးအတွက်ဆေးပညာဆိုတာမရှိတော့ပါဘူး။စီးပွါးရေးအတွက်ဆေးပညာဖြစ်သွားပါပြီ။ကိုယ်ကအဲဒီအရင်းရှင်ဆေးပညာရဲ့ဓါးစာခံသားကောင်မဖြစ်အောင်ဒီလိုအဖိုးတန်တဲ့အသိပညာပေးစာတွေကိုများများဖတ်ဖို့လိုပါတယ်။ဒီနေရာမှာဒီအရင်းရှင်ဆေးပညာစနစ်ဆိုးအောက်မှာအလုပ်လုပ်နေကြတဲ့ဆရာဝန်တွေကိုပုတ်ခတ်ပြီးပြောနေတာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့အဲဒီဆရာဝန်တွေကိုယ်တိုင်ကကျွန်တော်တို့တွေလိုပဲဒီအရင်းရှင်ဆေးပညာစနစ်ရဲ့ဓါးစာခံသားကောင်လက်ကိုင်တုတ်တွေဖြစ်နေလို့ပါပဲ။ ————— ဒီလိုအမျိုးသမီးတွေအားလုံးနီးပါးမှာမကြာခင်ဖြစ်လာနိုင်တဲ့၊သားဥအိမ်ကင်ဆာ၊ရင်သားကင်ဆာ၊သားအိမ်နံရံကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊သားအိမ်ဝကင်ဆာနဲ့မွေးလမ်းကြောင်းကင်ဆာတွေနဲ့အတူအမျိုးသားတွေမှာဖြစ်လာမဲ့ဆီးကြိတ်ကင်ဆာ၊ဝေးစေ့ကင်ဆာတွေဟာလယ်လောက်အထိတောင်ဆိုးတယ်၊ဘယ်လောက်အထိတောင်ကြောက်စရာကောင်းတယ်။ဘယ်လိုပြန့်ပွားတယ်။ဘယ်လိုအသက်အန္တရာယ်ထိခိုက်ပြီးသေဆုံးရတယ်ဆိုတာတွေကတော့လူတိုင်းသိပြီးသားတွေဖြစ်လို့ကျွန်တော်အချိန်အကုန်ခံအကျယ်ချဲ့ပြီးတော့မရေးချင်တော့ပါဘူး။ဒီရောဂါလက္ခဏာတွေအကြောင်းရေးထားတဲ့ပို့စ်တွေအများကြီးလိုင်းပေါ်မှာတွေ့တွေ့နေရပါတယ်။သိချင်ရင်ကိုယ့်ဟာကိုယ်ရှာပြီးဖတ်ကြပါ။ကျွန်တော်ကတော့အချိန်သိပ်မရလို့ဒီရောဂါတွေနဲ့ပါတ်သက်ပြီးတန်ဖိုးမဖြတ်နိုင်တဲ့အချက်သုံးချက်ကိုပဲအကျယ်ချဲ့ပြီးရေးပေးပါမယ်။နံပါတ်(၁)အချက်ကဒီရောဂါတွေဘာကြောင့်အစပြုဖြစ်လာရတာလဲ၊ဘာကြေင့်မကြာခင်လူတိုင်းနီးပါးမှာဖြစ်လာနိုင်တယ်လို့ပြောနိုင်တာလဲ?။နံပါတ်(၂)အချက်ကဒီရောဂါတွေကိုမိမိမှာလုံးဝမဖြစ်အောင်ဘယ်လိုနည်းနဲ့ကာကွယ်ရမလဲ?။နံပါတ်(၃)အချက်ကတော့ဒီရောဂါတွေဖြစ်နေတဲ့လူနာတွေအတွက်ရောအမှန်တကယ်ပျောက်အောင်ဘယ်လိုကုပြီးသူတို့တွေရဲ့အသက်ကိုဘယ်လိုကယ်တင်နိုင်မလဲဆိုတဲ့အချက်သုံးချက်ကိုပဲအဓိကထားပြီးအကျယ်ချဲ့ရေးပေးထားဖို့ရည်ရွယ်ထားပါတယ်။ ——————— အခုတော့နားပါဦးမည်။ ———- Kelvin Albert Power (Nutrition Specialist, Florida, USA) ————–References——————- 1. Diamanti-Kandarakis E, Bourguignon JP, Giudice LC, et al. Endocrine-disrupting chemicals: an Endocrine Society Scientific Statement. Endocr Rev. 2009;30:293–342. [PMC …

အပိုင်း(၁)။လာမယ့်ဆယ်စုနှစ်တွေမှာလူတိုင်းနီးပါးဖြစ်လာနိုင်တဲ့၊ဟော်မုန်းနဲ့ပါတ်သက်တဲ့ကင်ဆာအမျိုးမျိုးအကြောင်း။ Read More »

အပိုင်း(၂)ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ။

Source from Kelvin A. Power’s Facebook on August 3, 2019 အရင်အပိုင်း(၁)မှာတုံးကကျွန်တော်က(Type-2 Diabetes)ဟာအသဲရောဂါ(Liver Disease) ပါလို့တစ်ခြားလူတွေတခါမှမပြောဖူးတဲ့ထူးဆန်းတဲ့စကားကိုပြောလိုက်တော့၊ဒီခေတ်ခပ်ညံ့ညံ့အရင်းရှင်ဆေးပညာမှာလမ်းဆုံးနေကြတဲ့ပုဂ္ဂိုလ်တွေလက်မခံချင်ကြဘူး။ကျွန်တော်ဘယ်လိုသိလဲဆိုတော့ကျွန်တော့်(Friend)တစ်ယောက်ကအပိုင်း(၁)ပို့စ်ကို(ဆီးချိုဝေဒနာသည်များအတွေ့အကြုံဖလှယ်ရာGroup)မှာသွားပြီးတင်တော့(admin)ကဖြုတ်ချပြစ်လိုက်တယ်လို့ပြန်ပြောပြတယ်။ကျွန်တော်စိတ်မကောင်းဖြစ်မိတာကအဲဒီလိုဉာဏ်မမှီအသိဉာဏ်နည်းတဲ့ခပ်တုံးတုံး(admin)တယောက်အတွက်နဲ့အဲဒီ(group)မှာရှိနေတဲ့ဆီးချိုဝေဒနာသည်တွေအတွက်အသက်လောက်အရေးကြီးတဲ့အသိထူးဗဟုသုတတွေမသိလိုက်မဖတ်လိုက်ရတာကိုပဲသနားနေမိတာပါ။သာမာန်အသိပညာအတတ်ပညာလောက်ကတော့လူတိုင်းနားလည်လွယ်ပါတယ်။ဒါပေမဲ့ထူးခြားနေတဲ့အသိထူးတခုကြတော့သာမန်လောက်သိတဲ့လူတွေကသူတို့ဉာဏ်နဲ့မမှီတော့လက်မခံချင်ကြတော့ဘူး။တကယ်တော့လောကမှာသိခဲမှသာပညာခေါ်တာပါ။သူများသိသလောက်ပဲသိနေရင်ပညာမခေါ်သလိုဘာမှလဲအသုံးမဝင်လှပါဘူး။သူများထက်ထူးပြီးသိမှသာတန်ဖိုးရှိပြီးလူ့အကျိုးပြုနိုင်တာပါ။(Type-2 Diabetes)ဟာအသဲရောဂါ(Liver Disease)ဆိုတာကိုသိရင်ဒီရောဂါကိုအမြစ်ပြတ်အောင်ကုရတာလွယ်လွယ်လေးပါ။အနာသိရင်ဆေးရှိပါတယ်။အနာမသိရင်ဒါမှမဟုတ်တလွဲသိနေရင်သာဒုက္ခရောက်ကြရတာပါ။ ————– (Type-2 Diabetes)ဟာအသဲရောဂါ(Liver Disease) ဆိုတာကိုလက်မခံတဲ့လူတွေရှိရင်ကျွန်တော်မေးတာလေးကိုဖြေကြည့်စေချင်ပါတယ်။ကျွန်တော်တို့ဘာကြောင့်ဆီးချိုဖြစ်ရတာလဲ?။အဲဒီလိုမေးရင်လူတွေကဘယ်လိုဖြေမလဲဆိုတော့(Glucose, Carbohydrate)ပါတဲ့အချိုတွေသိပ်စားလို့ဖြစ်တယ်လို့ပြန်ဖြေကြလိမ့်မယ်။ဒီလိုကတော့(၅)နှစ်ကလေးတွေတောင်ဖြေတတ်ပါတယ်။အဲဒါဆိုရင်ထပ်မေးချင်တာကအချိုမကြိုက်တဲ့၊မစားတဲ့လူဆိုရင်ကောဆီးချိုမဖြစ်နိုင်တော့ဘူးလား?အချိုကြိုက်တဲ့လူတိုင်းရောဆီးချိုဖြစ်သလား?လို့ထပ်မေးရင်ဘယ်လိုဖြေမလဲ?ရှင်းရှင်းပြောရရင်ဆီးချိုရောဂါရတယ်ဆိုတာကအချို(Glucose) စားတာမစားတာနဲ့လဲမဆိုင်ဘူး။ကစီဓါတ်(Carbohydrate)စားတာမစားတာနဲ့လဲမဆိုင်ဘူး။အဆီ(fat)စားတာမစားတာနဲ့လဲမဆိုင်ဘူး။အချိုမစားလဲဆီးချိုဖြစ်ချင်ဖြစ်မယ်အချိုတွေကြိုက်သလောက်စားလဲဆီးချိုမဖြစ်ချင်ရင်မဖြစ်ဘူး။အဲဒါတွေအားလုံးကအသဲနဲ့ပဲဆိုင်တယ်။အသဲကအဆိပ်သင့်နေရင်ဘာစားစားမစားစားဆီးချိုဖြစ်မယ်။အသဲကိုသာကောင်းအောင်၊ကျန်းမာအောင်ထားနိုင်ရင်ဘာစားစား(Type-2 Diabetes)ဖြစ်မလာနိုင်ပါဘူး။ဒီလောက်ဆိုရှင်းပါတယ်နော်။ —————— ကမ္ဘာပေါ်မှာလူသားရယ်လို့ဖြစ်တည်လာခဲ့တာကမ္ဘာဦးကျောက်ခေတ်ကတည်းကနှစ်ပေါင်းသန်းနဲ့ချီရှိနေပါပြီ။(Type-2 Diabetes)ဆီးချိုရောဂါစဖြစ်တယ်ဆိုတာကနှစ်(၂၀၀)တောင်မပြည့်သေးပါဘူး။ဟိုးအရင်တုံးနှစ်ပေါင်းများစွာတုံးကကဘာလို့ဒီရောဂါမဖြစ်ပဲအခုမှဘာလို့ထဖြစ်ရတာလဲ?။ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာဒီရောဂါမဖြစ်အောင်ကာကွယ်ပေးဖို့သဘာဝကပေးထားတဲ့ကာကွယ်ရေးစနစ်တခုခုပါမလာဘူးလား?။ဒီရောဂါဖြစ်လာတာဟာဘယ်သူ့မှာတာဝန်ရှိသလဲ?ဘယ်စနစ်ချွတ်ယွင်းသွားလို့လဲလို့မေးရင်ဒီခေတ်ဆေးပညာရှင်တွေဘယ်လိုဖြေကြမလဲ?။အဖြေကတော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာဆီးချိုရောဂါမဖြစ်အောင်မိခင်သဘာဝကပေးထားတဲ့အင်္ဂါအစိတ်အပိုင်းနဲ့ကာကွယ်ရေးစနစ်တွေပါကိုပါလာပါတယ်။အဲဒါကိုကျွန်တော်တို့တွေမသိလို့နားမလည်လို့၊အဲဒီစနစ်ကြီးမပျက်စီးသွားအောင်မထိန်းသိမ်းတတ်ကြလို့သာဒုက္ခဖြစ်ကြရတာပါ။အဲဒါကတော့တစ်ခြားမဟုတ်ပါဘူး(Liver)လို့ခေါ်တဲ့အသဲပါပဲ။အသဲကောင်းနေရင်၊ကျန်းမာနေရင်အချိုမကလို့ဘာကြီးပဲစားစားဆီးချိုရောဂါဆိုတာမဖြစ်ပါဘူး။မိခင်သဘာဝကဒီရောဂါကိုကာကွယ်ဖို့လုပ်ငန်းဆောင်တာတွေအသဲထဲမှာထည့်ထားပေးပြီးသားပါ။ဒီအသဲကကောင်းကောင်းအလုပ်မလုပ်နိုင်တော့လို့၊သူပျက်စီးချွတ်ယွင်းနေလို့ဆီးချိုရောဂါဆိုတာဖြစ်လာရတာပါ။သူ့ကိုကျန်းမာသွားအောင်၊ပုံမှန်အလုပ်လုပ်နိုင်အောင်ပြုပြင်ကုသပေးလိုက်ရင်ဆီးချိုရောဂါဆိုတာမရှိတော့ပါဘူး။(Type-2 Diabetes)ဟာအသဲရောဂါ(Liver Disease)ပါလို့ပြောတာကိုလက်မခံချင်တဲ့လူတွေနောက်ပိုင်းမှာငြင်းမရတော့လိုလက်ခံလာရမှာပါ။အမှန်တရားဆိုတာလက်မခံလို့ကိုမရပါဘူး။ ———————- ကမ္ဘာပေါ်မှာ(Type-2 Diabetes)ရောဂါသည်တွေအားလုံးနီးပါးမှာအရက်မသောက်ပဲအသဲကိုအဆီဖုံးနေတဲ့ရောဂါ(Non Alcoholic Fatty Liver Disease, NAFLD)ရှိနေကြတယ်ဆိုတာ၊သုသေသနတွေတော်တော်များများကပြောနေကြပါပြီ။ဆီးချိုရောဂါသည်တွေအားလုံးပိန်ပိန်ဝဝ၊အသဲမှာအဆီကတော့အနဲနဲ့အများသာကွာတာပါလူတိုင်းရှိနေတတ်ကြပါတယ်။အဲဒီပြဿနာကစပြီးရောဂါတွေအမျိုးမျိုးဖြစ်ပေါ်လာရတာပါ။အသဲအဆီဖုံးတယ်ဆိုတာသာမညပြဿနာအသေးလေးမဟုတ်ပါဘူး။ဒါကို(Metabolic syndrome)လို့ခေါ်ပါတယ်။(Metabolic syndrome) ကြောင့်ဆီးချိုလောက်နဲ့ရပ်မသွားပဲအဆိုးဆုံးရောဂါဆိုးတွေအမျိုးမျိုးအဖုံဖုံမရေမတွက်နိုင်အောင်ဖြစ်လာနိုင်ပါတယ်။ ———————————– ပုံမှန်အားဖြင့်အသဲရဲ့လုပ်ဆောင်မှု့တွေအများကြီးထဲကအဓိကကျလှတဲ့လုပ်ဆောင်မှုစနစ်(၂)ခုအကြောင်းကိုအရင်ပြောပြချင်ပါတယ်။အဲဒါတွေကတော့သိုလောင်ထားတာတွေကိုလိုအပ်တဲ့အချိန်မှာပြန်လည်ဖြိုချထုတ်ယူအသုံးပြုနိုင်တဲ့ဖြိုချသုံးစွဲမှု့စနစ်(Catabolic)နဲ့ပိုနေတာတွေကိုပြန်ပြီးသိုလှောင်သိမ်းဆည်းရတဲ့သိုလှောင်သိမ်းဆည်းှမှုစနစ်(Anabolic)ပါ။သူတို့နှစ်ခုဟာတစ်ခုနဲ့တစ်ခုတိုက်ရိုက်ကြီးဆန့်ကျင်နေတဲ့သဘောသဘာဝတွေဖြစ်နေလို့ဘယ်တော့မှနှစ်ခုတပြိုင်တည်းမဖြစ်နိုင်သလိုအချိန်တိုင်းမှာလဲတခုမဟုတ်တခုကတော့ဖြစ်နေရပါတယ်။ဘယ်အချိန်မှာဘယ်သဘောဖြစ်နေရမလဲလို့ထိန်းချုပ်ခိုင်းစေနေတဲ့ဟော်မုန်းဓါတ်တွေကတော့အဓိကအားဖြင့်နစ်မျိုးရှိပါတယ်။အင်ဆူလင်(Insulin=I)နဲ့ဂလူဂိုဂွန်(glucagon=G) ဟော်မုန်းတွေပါ။ဒီနေရာမှာ၊အင်ဆူလင်(I)ဟော်မုန်းကသာဂလူဂိုဂွန်(G)ဟော်မုန်းကိုပြန်ပြီးထိန်းချုပ်ထားနိုင်တဲ့အတွက်၊အင်ဆူလင်(I)ဟော်မုန်းကသာပိုပြီးအဓိကကျနေလို့သူ့ကိုပဲအဓိကထားပြီးဆွေးနွေးသွားပါမယ်။ ———————————- လူတစ်ယောက်ဟာမနက်အိပ်ရာကထထခြင်းညကအိပ်ပျော်နေတဲ့အချိန်မှာအစားစားနေတာမဟုတ်လို့အစာမစားထားတဲ့အချိန်မှာအားအင်မပြတ်သွားအောင်အသဲကသကြားဓါတ်တွေကိုထုတ်ပေးထားနေရပါတယ်။၊ဖြိုချသုံးစွဲမှု့စနစ်(Catabolic)ဆိုတာအစာစားထားခဲ့တုံးကအသဲကစွမ်းအင်အဖြစ်သိုလောင်ထားတဲ့(liver glycogen)ကနေအစာမစားထားတဲ့အချိန်မှာစွမ်းအင်မပြတ်သွားရအောင်သကြားဓါတ်ထုတ်လုပ်ပေးသလိုခန္ဓာကိုယ်မှာရှိနေတဲ့အဆီ(adipose tissue)တွေကနေလဲအဆီတွေကိုဖျော်ချပြစ်ပြီးသုံးစွဲလို့ရမယ့်စွမ်းအင်စနစ်(Fat Catabolism)ကိုပြုလုပ်ပေးနေပါတယ်။ —————————- ပုံမှန်အားဖြင့်လူတစ်ယောက်ဟာမနက်မိုးလင်းလာလို့အိပ်ရာကထပြီးဗိုက်ထဲမှာအစာမရှိသေးတဲ့(fasting)အချိန်မှာတစ်နေ့တာအတွက်ပထမဦးဆုံးသောနံနက်စာကိုကစီဓါတ်(Carbohydrate)ပါဝင်မှုများတဲ့အစားအသောက်တခုခုကိုစားလိုက်တယ်ဆိုကြပါစို့၊ကစီဓါတ်(Carbohydrate) များတဲ့အစားအသောက်တစ်ခုစားလိုက်တာနဲ့သွေးထဲမှာသကြားဓါတ်(Glucose)တက်လာပြီးခန္ဓာကိုယ်ကသကြားဓါတ်ကြောင့်အန္တရာယ်ဖြစ်တော့မယ်ဆိုတာကိုကြိုသိတော့သွေးထဲမှာသကြားဓါတ်(Glucose)ကိုပုံမှန်ထက်ပိုပြီးမရှိနေစေဖို့ပိုလျံနေတဲ့သကြားဓါတ်တွေကိုသွေးထဲကနေဖယ်ရှားပြစ်နိုင်ဖို့(Insulin)လို့ခေါ်တဲ့(Hormone)ဓါတ်ကို၊(Pancreases)ကနေထုတ်လုပ်ပေးရပါတယ်။(Insulin)လို့ခေါ်တဲ့ဟော်မုန်းဓါတ်ကခန္ဒာကိုယ်အစိတ်အပိုင်းအမျိုးမျိုးကိုရောက်ရှိသွားပြီးအင်္ဂါအစိတ်အပိုင်းအားလုံးကိုသွေးထဲကသကြားဓါတ်တွေကိုအမြန်ဆုံးစုပ်ယူအသုံးပြုဖို့တွန်းအားပေးလှုပ်ဆော်လိုက်သလိုတဖက်ကလဲအသဲဆီကိုရောက်ရှိသွားပါတယ်။အသဲဆီကိုအင်ဆူလင်ဟော်မုန်းရောက်သွားတာနဲ့ချက်ချင်းပဲအင်ဆူလင်ရဲ့ခိုင်းစေမှုကြောင့်အသဲရဲ့မနေ့ညကတည်းကတညလုံးလုပ်နေခဲ့တဲ့ဖြိုချသုံးစွဲမှု့စနစ်(Catabolic)စနစ်ကိုချက်ချင်းရပ်ပြစ်လိုက်ရပြီးတော့သကြားဓါတ်ကိုပြန်လည်သိမ်းဆည်းသိုလောင်တဲ့(Anabolic)စနစ်သို့ပြောင်းပြန်ပြောင်းလဲပြစ်ရပါတယ်။ဆိုလိုတာကအသဲရဲ့သကြားဓါတ်ထုတ်လုပ်မှုစနစ်(gluconeogenesis)ဆိုတဲ့ပုံမှန်လုပ်ငန်းစဉ်တွေကိုချက်ခြင်းရပ်လိုက်ပြီးတော့သကြားဓါတ်ကိုပြန်လည်သိမ်းဆည်းသိုလှောင်မှုစနစ်(Anabolic)ကိုချက်ခြင်းပြောင်းပြစ်လိုက်ရတော့တာပဲ။ ——————— အသဲမှာသိမ်းဆည်းသိုလှောင်မှု့စနစ်(Anabolic)အသက်ဝင်လာတော့ဆီးချိုမဖြစ်ရအောင်သွေးထဲမှာရှိနေတဲ့(Glucose)သကြားဓါတ်တွေကိုအသဲရဲ့(Liver Glycogen)အဖြစ်သိမ်းဆည်းမှု(Glycogenesis)နှင့်အတူထိုသကြားဓါတ်ကိုအဆီအဖြစ်ပြောင်းလဲပြစ်ပြီးခန္ဓာကိုယ်တွင်းအဆီအဖြစ်သိမ်းဆည်းသိုလှောင်မှုစနစ်(Fat Anabolism)ကိုချက်ခြင်းပြောင်းလဲသွားရတာပါပဲ။အသဲကသွေးထဲမှာဝင်လာတဲ့သကြားဓါတ်အားလုံးကိုအဆီတွေအဖြစ်ပြောင်းလဲဖို့(lipogenesis)လုပ်တယ်။အဲဒီအဆီတွေကိုခန္ဒာကိုယ်အနှံ့အပြားမှာသိုလောင်သိမ်းဆည်းထားနိုင်ဖို့ခန္ဓာကိုယ်အနှံ့အပြားသို့သယ်ယူပို့ဆောင်ပေးဖို့(Taxi)နဲ့တူတဲ့သယ်ဆောင်ပေးမဲ့ပရိုတိန်းဖြစ်တဲ့(VLDL)လို့ခေါ်တဲ့ကော်လက်စထရော(Cholesterol)တွေကိုပါအသဲကတခါတည်းထုတ်လုပ်ပေးတော့တယ်။ပုံမှန်အားဖြင့်ဒီ(VLDL)ကော်လက်စထရောတွေကအသဲဆီကအဆီတွေကိုခန္ဒာကိုယ်အနှံ့အပြားအစိတ်အပိုင်းအသီးသီးကိုသယ်ဆောင်သွားပြီးသိုလှောင်သိမ်းဆည်းထားလိုက်ကြတယ်။ …

အပိုင်း(၂)ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ။ Read More »

အပိုင်း(၁)ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ။

Source from Kelvin A. Power’s Facebook on July 31, 2019 အမှန်တရားကိုပြောရရင်တကယ်တော့ဒီကမ္ဘာပေါ်မှာဆီးချိုသွေးချိုရောဂါဆိုတာလုံးဝကိုမရှိပါဘူး။ဒီလိုမရှိတဲ့ရောဂါတွေကိုရှိတယ်ထင်ပြီးထိုင်ကုနေရင်တော့တသက်လုံးမပျောက်ပါဘူး။ပိုမိုရှုပ်ထွေးလာပြီးအသက်ဆုံးရှုံးကြရတာပါပဲ။ ——— ဒီခေတ်ဆေးပညာရှင်တွေ၊ဆရာဝန်တွေကမရှိတဲ့ဆီးချိုရောဂါဆိုတာကြီးကိုရှိတယ်ထင်ပြီးတော့(၃)မျိုးလောက်ခွဲခြားသတ်မှတ်ပေးထားပါတယ်။အဲဒါတွေကတော့Type-1, Type-2, Type-3 ပါ။ ဒီရောဂါတွေအားလုံးမှာတူညီနေတဲ့သွေးထဲမှာသကြားဓါတ်များတဲ့လက္ခဏာလေးတခုကိုကြည့်ပြီးတော့ဆီးချိုသွေးချိုရောဂါ(Diabetes)လို့အတူတူခေါ်ဆိုလိုက်ကြတာပါ။တကယ်တော့ဒီကမ္ဘာပေါ်မှာဆီးချိုသွေးချိုရောဂါဆိုတာရှိကိုမရှိပါဘူး။ဆီးချိုသွေးချိုတယ်ဆိုတာကရောဂါမဟုတ်ပါဘူး၊အောက်ခံဖြစ်နေတဲ့ရောဂါတခုခုကပြနေတဲ့လက္ခဏာသက်သက်ပါ။ဒီရောဂါတွေကိုဆီးချိုရောဂါလို့ထင်ပြီးကုသနေရင်တသက်လုံးမပျောက်ပါဘူး။ဒီရောဂါတွေမဖြစ်အောင်လဲမကာကွယ်နိုင်ပါဘူး။ဒီနေရာမှာသေချာပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်းသိဖို့လိုအပ်နေပါပြီ။ဆီးချိုတယ်သွေးချိုတယ်ဆိုတာကအောက်ခံရောဂါတခုခုရှိလို့ဖြစ်လာတယ့်လက္ခဏာ(symptoms)တွေပါ။ခန္ဒာကိုယ်ဆိုတာအောက်ခံရောဂါတခုခုဖြစ်နေရင်လက္ခဏာပြတာသဘာဝပါပဲ။လက္ခဏာ(symptoms)ဆိုတာနောက်ခံအကြောင်းတရား(cause)အစစ်မဟုတ်ပါဘူး၊တခြားအကြောင်းတရားတွေကြောင့်ဖြစ်လာရတဲ့အကျိုးတရားသက်သက်ပါ။ဒီနေရာမှာသိပ်အဓိပ္ပါယ်လေးနက်တဲ့စကားနဲ့ပြောနေတာပါ။သဘောမပေါက်ရင်နစ်ခေါက်သုံးခေါက်လောက်သေချာပြန်ဖတ်ပါ။ ———- ရှင်းသွားအောင်ထပ်ပြောပါဦးမယ်။ဖြစ်နေတဲ့ရောဂါနဲ့၊ရောဂါကပြတဲ့လက္ခဏာဆိုတာလုံးဝကိုမတူပါဘူး၊တခြားစီပါ။ရောဂါနဲ့၊လက္ခဏာကိုကွဲကွဲပြားပြားအရင်သိဖို့လိုအပ်ပါတယ်။ကျွန်တော်ကရောဂါကြောင့်ဖြစ်လာတဲ့လက္ခဏာကိုကုတဲ့နည်းအပင်ပန်းခံပြီးမရေးပါဘူး။အောက်ခံမူရင်းဇစ်မြစ်ဖြစ်နေတဲ့ရောဂါကုသနည်းကိုပဲရေးပေးမှာပါ။ဆီးချိုတယ်ဆိုတဲ့လက္ခဏာကိုကျွန်တော်မကုပါဘူး။ကုလဲမပျောက်နိုင်ပါဘူး၊ဘာကြောင့်မပျောက်နိုင်လဲဆိုတော့လောကမှာအကျိုးတရားကိုဘယ်တော့မှပြုပြင်ပြောင်းလဲလို့မရနိုင်ပါဘူး။အကျိုးတရားဆိုတာကိုဆရာဝန်တွေမဆိုထားနဲ့မြတ်စွာဘုရားတောင်ပြုပြင်လို့မရပါဘူး။အကျိုးတရားကိုပြုပြင်ဖို့ကျိုးစားတဲ့သူဟာလူမိုက်ပါပဲ။အကျိုးတရားကိုပြောင်းလဲစေချင်ရင်အကြောင်းတရားကိုရှာပြီးပြုပြင်ပေးရပါတယ်။လောကမှာဘယ်အကြောင်းတရားကြောင့်ဘယ်အကျိုးတရားဖြစ်တယ်ဆိုတာကိုသိတဲ့သူဟာပညာရှိအစစ်ပါပဲ။ဒီနေရာမှာအားမနာတန်းပြောရရင်မိမိရောဂါဖြစ်တော့မှာဆရာဝန်တွေဆီကိုပြေးသွားပြီးကယ်ကြပါယူကြပါလုပ်နေတဲ့လူတွေဟာအကျိုးတရားကိုပြုပြင်ဖို့ကျိုးစားနေကြတဲ့လူမိုက်တွေပါ။ရောဂါတွေအကြောင်း၊အဟာရတွေအကြောင်း၊ဖြည့်စွတ်စာတွေအကြောင်း၊ရောဂါဖြစ်ပွားရတဲ့အကြာင်းတရားတွေ၊ဗဟုသုတတွေကိုသေချာလေ့လာဖတ်ရှုထားပြီး၊အဲဒီရောဂါတွေဖြစ်စေတဲ့အကြောင်းတရားတွေကိုကြိုတင်ပြီးပါယ်ဖျက်ထားတဲ့၊အဟာရပညာနဲ့ဖြည့်စွတ်စာကိုယုံကြည်ကြတဲ့လူတွေကတော့တကယ့်ပညာရှိတွေပါ။အကြောင်းတရားကိုကြိုတင်မပါယ်ဖျက်ထားပဲနဲ့အကျိုးတရားဖြစ်လာတော့ာမှဆရာဝန်တွေဆီသွားပြီးကယ်ပါယူပါသွားလုပ်မယ်ဆိုရင်တော့ဆရာဝန်မပြောပါနဲ့မြတ်စွာဘုရားတောင်မကယ်နိုင်ပါဘူး။ဒီလောက်ဆိုရှင်းပါတယ်နော်။ ——— ခက်တာကဒီခေတ်ဆေးရုံဆေးခန်းတွေ၊ဆရာဝန်တွေဟာရောဂါတွေကိုကုသတဲ့အခါမှာအခြေခံအကြောင်းတရားကိုစိတ်မဝင်စားကြပါဘူး။သိလဲမသိပါဘူး။သိအောင်လဲမကျိုးစားကြပါဘူး။ဘာကြောင့်လဲဆိုတော့ဒီခေတ်ဆေးပညာဟာအကြောင်းတရားကိုရှာပြီးကုသပေးဖို့ဒီဇိုင်းလုပ်ထားတဲ့ဆေးပညာလဲမဟုတ်ပါဘူး။ဒီခေတ်ဆေးပညာကဆီးချိုရောဂါကိုဆေးတွေဘဲတိုက်တိုက်၊ဆေးဘဲထိုးထိုး၊အင်ဆူလင်ပဲထိုးထိုး၊ဘယ်လိုကွဲကွဲပြားပြားပဲကုကု၊ရည်ရွယ်ချက်ကတစ်ခုတည်းအတူတူပါပဲ။အဲဒီရည်ရွယ်ချက်ကဘာလဲဆိုတော့သွေးထဲမှာချိုနေတဲ့သကြားဓါတ်ကိုကျသွားအောင်အမျိုးမျိုးအဖုန်ဖုန်လုပ်ယူဖို့ကျိုးစားနေကြတာပါပဲ။ဆီးချိုရောဂါရဲ့လက္ခဏာဖြစ်တဲ့ဆီးချိုတယ်သွေးချိုတယ်ဆိုတဲ့လက္ခဏာ(symptoms)လေးတွေပျောက်သွားအောင်အမျိုးမျိူးလုပ်နေကြတာဟာမှန်ကန်တဲ့ကုသနည်းမဟုတ်ပါဘူး။ဆီးချိုတယ်သွေးချိုတယ်ဆိုတာအကြောင်းတရားမဟုတ်ပါဘူး။အခြားအကြောင်းတွေကြောင့်ဖြစ်နေရတဲ့အကျိုးတရားလက္ခဏာပါ။ ——– ဥပမာကောင်းကောင်းလေးတခုပေးရရင်၊ဉာဏ်ပညာနည်းတဲ့ထင်းခုတ်သမားတစ်ယောက်ဟာထင်းကိုအလိုရှိလို့တောထဲကိုဝင်သွားပြီးတော့ထင်းရှာပါတယ်။ဒီလိုနဲ့သစ်ပင်တပင်ကိုတွေ့တော့သစ်ပင်ရဲ့ပင်စည်ကိုမခုတ်လှဲပဲ၊နေရောင်ကြောင့်မြေကြီးပေါ်မှာကျနေတဲ့အဲဒီအပင်ရဲ့အရိပ်ကိုတနေကုန်ထိုင်ခုတ်နေတာနဲ့တူနေပါတယ်။ဘယ်လောက်မိုက်မဲတဲ့ထင်းခုတ်သမားလဲဆိုတာစဉ်းစားကြည့်ကြပေါ့ဗျာ။ဒီခေါတ်ဆေးပညာနဲ့ကုရင်ဆီးချိုရောဂါဘယ်တော့မှမပျောက်ပါဘူး။ကုလေပိုဆိုးလေ၊ပိုပြီးရှုပ်ထွေးလာလေ။ငွေလဲကုန်၊လူလဲဝေဒနာဆိုးအမျိုးမျိုးခံရနဲ့၊နောက်ဆုံးတော့လဲအသက်ဆုံးရှုံးကြရရှာတာပါပဲ။အမှန်အတိုင်းတည့်ပြောရရင်၊ဒီခေတ်ဆေးပညာဟာ၊နာတာရှည်ရောဂါတွေကိုပျောက်အောင်ကုသဖို့ဒီဇိုင်းလုပ်ထားတာမဟုတ်ပါဘူး။လူနာတွေဆီကပိုက်ဆံကိုမသေမချင်းညှင်းဆဲပြီးရေရှည်များများရအောင်၊ရောဂါမပျောက်ကင်းအောင်တမင်ရေရှည်ဆွဲကုဖို့အရှင်းရှင်ဆေးကုမ္မဏီကြီးတွေကိုယ်တိုင်ဒီဇိုင်းဆွဲချမှတ်ထားပေးတာပါ။အခုခေတ်မှာကျန်းမာရေးအတွက်ဆေးပညာဆိုတာမရှိတော့ပါဘူး။စီးပွါးရေးအတွက်ဆေးပညာဖြစ်သွားပါပြီ။ကိုယ်ကအဲဒီအရင်းရှင်ဆေးပညာရဲ့ဓါးစာခံသားကောင်မဖြစ်အောင်ဒီစာရေးပေးနေရတာပါ။ဒီနေရာမှာဆရာဝန်တွေကိုပုတ်ခတ်ပြီးပြောနေတာလုံးဝမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့အဲဒီဆရာဝန်တွေကိုယ်တိုင်ကကျွန်တော်တို့တွေလိုပဲတလှေထဲစီးတခရီးတည်းသွားနေရရှာတဲ့ဒီအရင်းရှင်ဆေးပညာစနစ်ရဲ့ဓါးစာခံသားကောင်တွေဖြစ်နေလို့ပါပဲ။ —————– ဆီးချိုရောဂါအကြောင်းပြန်ဆက်ပါမယ်၊ဆီးချိုရောဂါအားလုံးဟာသွေးထဲမှာသကြားဓါတ်များနေတဲ့လက္ခဏာချင်းကတော့အတူတူပါပဲ။ဒါပေမဲ့ဘာကြောင့်သွေးထဲမှာသကြားဓတ်များတယ်ဆိုတဲ့အောက်ခံအကြောင်းတရားတွေကတော့တခြားစီပါ။Type-1 Diabetes ဆိုတာမရှိပါဘူး။Type-1 Diabetes ဆိုတာ(Autoimmune Disease)သက်သက်ကြီးပါ။မိမိခန္ဓာကိုယ်ကမိမိပန်ခရိယထဲမှာရှိနေတဲ့အင်ဆူလင်ဟော်မုန်းထုတ်ပေးတဲ့ဗေဒါဆဲလ်(Beta Cells)တွေကိုတိုက်ခိုက်ဖျက်ဆီးခံရလို့ဖြစ်လာရတာပါ။သွေးထဲမှာသကြားဓါတ်နည်းအောင်ကုပေးနေရုံနဲ့တော့ဒီရောဂါဘယ်တော့မှမပျောက်ကင်းနိုင်ပါဘူး။(Autoimmune Disease)ကုသနည်းကိုရေးတော့မှဒီ(Type-1 Diabetes)လဲအလိုလိုပါသွားမှာပါ။အခုတော့သူ့အကြောင်းအသေးစိတ်မရေးသေးပါဘူး။ —————– Type-3 Diabetes ဆိုတာက Alzheimer’s Disease လို့လဲခေါ်ပါတယ်။(Metabolic Disease)ပါ။ခန္ဓာကိုယ်ရဲ့ဇီဝစမ်းအင်ထုတ်လုပ်ဖြန့်ဖြူးသိုလောင်မှုစနစ်မမှန်ကန်လို့ဖြစ်လာရတာပါ။သူကတော့ဦးနှောက်ထဲမှာဖြစ်တာပါ။(protein glycation)ကြောင့်(beta-amyloid formation)ဦးနောက်ထဲမှာဖြစ်လာရတာပါ။သူ့အကြောင်းလဲနောက်မှအသေးစိတ်ရေးပေးပါမယ်။ ———————- ဒီပို့စ်မှာတော့(Type-2 Diabetes)အကြောင်းကိုပဲအဓိကထားပြီးအကျယ်ရေးပေးပါမယ်လို့ရည်ရွယ်ထားပါတယ်။ Type-2 Diabetes ဆိုတာကတော့ Metabolic Disease ပါပဲ။ခန္ဒာကိုယ်ရဲ့ဇီဝစွမ်းအင်ထုတ်လုပ်ဖြန့်ဖြူးသိုလောင်မှု့စနစ်မမှန်ကန်လို့ဖြစ်လာရတာပါ။ ဒီရောဂါနဲ့ပါတ်သက်လို့လူတွေလုံးဝမသိသေးတဲ့အချက်ကတော့ဒီType-2 Diabetes ဆိုတာဆီးချိုရောဂါလုံးဝမဟုတ်ပါဘူး၊အသဲရောဂါ(Liver …

အပိုင်း(၁)ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ။ Read More »

ကင်ဆာဆိုတာ Metabolic Disease ပဲ၊အဲဒါတွေကိုလူတွေမသိကြသေးဘူး

Source from Kelvin A. Power’s Facebook on July 24, 2019 အချိန်ရရင်ကင်ဆာရောဂါနဲ့ပါတ်သက်ပြီးလူတွေမသိသေးတဲ့အချက်တွေကိုသေချာရေးပေးဦးမယ်။သိရင်ကာကွယ်ရတာလွယ်လွယ်လေးပါ။(Medical industry)တွေကသိရက်နဲ့ကင်ဆာကုသမှုကနေပိုက်ဆံတွေမရမှာစိုးလို့လူတွေကိုမပြောပဲလှို့ဝှက်ထားတာအများကြီးရှိနေတယ်။ကင်ဆာကိုအကင်းပျောက်အောင်ပြန်မဖြစ်အောင်ကုနိုင်တဲ့ဆေးရုံဆေးခန်းကမ္ဘာပေါ်မှာရှိကိုမရှိသေးတာ။ (၁)ကင်ဆာဆိုတာ Metabolic Disease ပဲ၊အဲဒါတွေကိုလူတွေမသိကြသေးဘူး။မသိအောင်လဲလျို့ဝှက်ထားကြတယ်။သိရင်ဘယ်သူမှကင်ဆာဖြစ်မှာမဟုတ်တော့ဘူး။အဲဒါဆိုအရင်းရှင်တွေ၊ဆေးကုပဏ္ဏီကြီးတွေ၊ဆေးရုံကြီးတွေပိုက်ဆံမရကြတော့ဘူး။လူတွေသေတာသူတို့ဂရုမစိုက်ဘူး။သူတို့ပိုက်ဆံရဖို့ကအဓိကပဲ။ (၂) အခုခောတ်ဆေးပညာကလူတွေကိုလိမ်ညာထားသေးတယ်။ဆရာဝန်လောင်းတွေကိုလဲတလွဲအမှားတွေသင်ပေးထားတယ်။ကင်ဆာဆိုတာ cell nucleus အတွင်းမှာရှိတဲ့ DNA ထဲကနေ mutation ဖြစ်လာတာလို့လိမ်ညာပြီးဆေးပညာမှာဆိုထားတယ်။တကယ်တော့ကင်ဆာက(cell nucleus)ကဖြစ်လာတာမဟုတ်ပါဘူး။(Neclues)အပြင်ဖက်က (cytoplasmic elements)တခုကနေဖြစ်လာတာပါ။အဲဒါလဲလျို့ဝှက်ထားတာပါပဲ။အရင်းရှင်တွေ၊ဆေးကုပဏ္ဏီကြီးတွေ၊ဆေးရုံကြီးတွေကမပြောဘူး။ပြောရင်လူတိုင်းကင်ဆာမဖြစ်အောင်နေလို့ရတယ်။ (၃)ကင်ဆာဆိုတာရှင်းရှင်းပြောရရင်(Mitochondrial defects)ဖြစ်တာပါ။အဲဒါကိုသိရင် cancer မဖြစ်အောင်ကာကွယ်ရတာလွယ်လွယ်လေး။ဒါကိုလဲဆေးရုံဆေးခန်းတွေဆေးကုမဏ္ဏီတွေမပြောဘူး။ပြောရင်ကင်ဆာရောဂါကင်းသွားရင်သူတိုစီးပွားပျက်မယ်။ကျွန်တော်ကတော့အဲဒီအကြောင်းကိုမကြာခင်အချိန်ရရင်ရေးဦးမှာပါ။နားလည်သွားရင်ဘာကင်ဆာမှမဖြစ်အောင်ရှောင်လို့ရပါတယ်။ အချိန်ရမှရေးပေးပါအုံးမယ်သိချင်ရင်Follow လုပ်ထားကြပါ။ Kelvin Albert Power (Nutrition Specialist, Florida, USA) —————- ******References******* Abstract Emerging evidence indicates that cancer is primarily a metabolic disease involving …

ကင်ဆာဆိုတာ Metabolic Disease ပဲ၊အဲဒါတွေကိုလူတွေမသိကြသေးဘူး Read More »

အသက်အန္တရာယ်အလွန်ကြီးတဲ့တုတ်ကွေးနဲ့တုတ်ကွေးကာကွယ်ဆေး။

Source from Kelvin A. Power’s Facebook on July 27, 2019 (H1N1)အပါအဝင်ကူးစက်လာတော့မယ့်တုတ်ကွေးအမျိုးမျိုးတွေနဲ့ပါတ် သက်ပြီးအရေးတကြီးမေးစရာရှိတာက၊သင်ဟာကြိုတင်ကာကွယ်ထားပြီး ပြီလား။?ဒီလိုမေးလိုက်ရင်တုတ်ကွေးကာကွယ်ဆေး(Flu Shoot)ထိုးထား ပြီးသားလူတွေကပြုံးနေပြီးမထိုးရသေးတဲ့လူတွေကအားငယ်နေလိမ့်မယ်။ ဒီထက်ပိုအရေးကြီးတဲ့မေးခွန်းကခင်ဗျားတို့ထိုးတဲ့တုတ်ကွေးကာကွယ်ဆေး (Flu Shoot)ကခင်ဗျားတို့ကိုတစ်ကယ်ကောကာကွယ်ပေးနိုင်မှာတဲ့လား။ အန္တရာယ်ရောကင်းလို့လား။? ——– တုတ်ကွေးကာကွယ်ဆေးဆိုတာတကယ်တော့ခင်ဗျားတို့ထင်သလိုတုတ် ကွေးပိုးတွေဝင်လာရင်လိုက်သတ်ပေးမဲ့ဆေးမဟုတ်ပါဘူး။တုတ်ကွေးကာ ကွယ်ဆေးဆိုတာ(H1N1)အစရှိတဲ့တုတ်ကွေးကိုဖြစ်စေတဲ့ပိုးမွားတွေပါ။အဲဒီ ပိုးမွားတွေကိုစလင်းအပ်နဲ့စုတ်ယူပြီးခင်ဗျားတို့ခန္ဓာကိုယ်ထဲကိုအရှင်လတ် လတ်ထိုးထည့်လိုက်တာပါပဲ။ဒီလိုအမှန်အတိုင်းပြောလိုက်လို့်ခင်ဗျားတို့လန့် မသွားကြပါနဲ့။တုတ်ကွေးပိုးတွေဟာအသေတွေတော့မဟုတ်ပေမဲ့အဲဒီပိုး တွေကိုမသန်မစွမ်းတော့အောင်၊ချိနဲ့ပြီးအချိန်တိုအတွင်းအများကြီးမပွားနိုင် အောင်မာကြူရီဓါတ်(Mercury)၊အလူမီနီယမ်ဓါတ်(Aluminum)အစရှိတဲ့ လေးလံသတ္တုဓါတ်(Heavy Metal)တွေနဲ့အဆိပ်သင့်အောင်ပြုလုပ်ထားပြီး သားပါ။ပိုးအရှင်တွေဆိုပေမဲ့အို၊နာ၊ကျိုး၊ကန်း၊မသန်မစွမ်းဖြစ်အောင်လေးလံ သတ္တုအဆိပ်(Heavy metal Toxic)တွေကျွေးထားပြီးသားပါ။ ————— နောက်တခုကတုတ်ကွေးပိုးသတ်ဆေးဆိုတာမရှိပါဘူး။ဘယ်သူကမှလဲတီ ထွင်မထားပါဘူး။ဘာလို့လဲဆိုတော့တုတ်ကွေးပိုးဆိုတာကရာသီအလိုက်၊ တနစ်နဲ့တနစ်၊တစ်လနဲ့တစ်လမျိုးရိုးဗီဇမတူပဲအမြဲပြောင်းလဲနေသလိုနေရာ ဒေသကိုလိုက်ပြီးတော့လဲမျိုးရိုးဗီဇမတူပဲအမျိုးမျိုးအဆက်မပြုတ်ကွဲပြား ပြောင်းလဲနေလို့ပါပဲ။တကယ်တော့တုတ်ကွေးပိုးတွေကိုသတ်ပြစ်နိုင်တာက တော့ဆေးတွေမဟုတ်ပါဘူးခင်ဗျားခန္ဓာကိုယ်မှာရှိနေတဲ့ခုခံမှုစနစ်(Immune System)ပါ။အဆိပ်သင့်ပြီးမသန်မစွမ်းဖြစ်အာင်ပြုလုပ်ထားတဲ့ပိုးအရှင်တွေ ကိုကာကွယ်ဆေးအနေနဲ့ခင်ဗျားတို့ကိုယ်ထဲထိုးထည့်လိုက်တော့ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ခုခံအားစနစ်ကပိုးတွေကိုတွေ့သွားပြီးတိုက်ခိုက်သတ် ဖြတ်ဖို့ကြိုးစားတာပေါ့။ဒီနေရာမှာကာကွယ်ဆေးကပါလာတဲ့တိကျတဲ့မျိုးရိုးဗီ ဇရှိတဲ့ပိုးတစ်မျိုးတည်းအတွက်အဆိပ်ဖြစ်သေကြေစေဖို့ဓါတ်ပေါင်းတခုကိုခု ခံအားစနစ်ကအမြန်ဆုံးထုတ်လုပ်ပေးရပါမယ်။ဒီပိုးတမျိုးချင်းကိုဘယ်လို ဓါတ်ပေါင်းနဲ့အဆိပ်ဖြစ်ပြီးသေစေမယ်ဆိုတာကြိုတင်မသိနိုင်ဘူးဆိုတော့ ချက်ခြင်းတော့မရနိုင်ပါဘူး။ခုခံအားစနစ်ကဒီပိုးတွေကိုအဆိပ်ဖြစ်ပြီးသေစေ နိုင်တဲ့ဓါတ်ပေါင်းအမျိုးမျိုးကိုတမျိုးပြီးတမျိုးအဆက်မပြတ်ထုတ်လုတ်ပြီး ဆက်တိုက်စမ်းသပ်သတ်ဖြတ်ကြည့်တယ်။အချိန်ပေးရတယ်။ဒီနေရာမှာကံ ကောင်းတာကကာကွယ်ဆေးအနေနဲ့ထိုးထည့်လိုက်တဲ့ပိုးတွေကမသန်မစွမ်း နဲ့၊ချိနဲ့နေတဲ့အိုနာကျိုးကန်းဖြစ်နေတဲ့ပိုးတွေဆိုတော့ဒုက္ခလဲမပေးနိုင်၊ပွားလဲ မပွားများနိုင်ဆိုတော့ခုခံမှုစနစ်အတွက်ပိုးသတ်ဆေးရှာဖွေဖေါ်စပ်ဖို့အချိန် ကောင်းကောင်းရပါတယ်။ …

အသက်အန္တရာယ်အလွန်ကြီးတဲ့တုတ်ကွေးနဲ့တုတ်ကွေးကာကွယ်ဆေး။ Read More »

ကင်ဆာရောဂါနဲ့ပါတ်သက်ပြီးလူတွေမသိသေးတဲ့အချက်။

Source from Kelvin A. Power’s Facebook on July 24, 2019 အချိန်ရရင်ကင်ဆာရောဂါနဲ့ပါတ်သက်ပြီးလူတွေမသိသေးတဲ့အချက်တွေကိုသေချာရေးပေးဦးမယ်။သိရင်ကာကွယ်ရတာလွယ်လွယ်လေးပါ။(Medical industry)တွေကသိရက်နဲ့ကင်ဆာကုသမှုကနေပိုက်ဆံတွေမရမှာစိုးလို့လူတွေကိုမပြောပဲလှို့ဝှက်ထားတာအများကြီးရှိနေတယ်။ကင်ဆာကိုအကင်းပျောက်အောင်ပြန်မဖြစ်အောင်ကုနိုင်တဲ့ဆေးရုံဆေးခန်းကမ္ဘာပေါ်မှာရှိကိုမရှိသေးတာ။(၁)ကင်ဆာဆိုတာ Metabolic Disease ပဲ၊အဲဒါတွေကိုလူတွေမသိကြသေးဘူး။မသိအောင်လဲလျို့ဝှက်ထားကြတယ်။သိရင်ဘယ်သူမှကင်ဆာဖြစ်မှာမဟုတ်တော့ဘူး။အဲဒါဆိုအရင်းရှင်တွေ၊ဆေးကုပဏ္ဏီကြီးတွေ၊ဆေးရုံကြီးတွေပိုက်ဆံမရကြတော့ဘူး။လူတွေသေတာသူတို့ဂရုမစိုက်ဘူး။သူတို့ပိုက်ဆံရဖို့ကအဓိကပဲ။(၂)အခုခောတ်ဆေးပညာကလူတွေကိုလိမ်ညာထားသေးတယ်။ဆရာဝန်လောင်းတွေကိုလဲတလွဲအမှားတွေသင်ပေးထားတယ်။ကင်ဆာဆိုတာ cell nucleus အတွင်းမှာရှိတဲ့ DNA ထဲကနေ mutation ဖြစ်လာတာလို့လိမ်ညာပြီးဆေးပညာမှာဆိုထားတယ်။တကယ်တော့ကင်ဆာက(cell nucleus)ကဖြစ်လာတာမဟုတ်ပါဘူး။(Neclues)အပြင်ဖက်က (cytoplasmic elements)တခုကနေဖြစ်လာတာပါ။အဲဒါလဲလျို့ဝှက်ထားတာပါပဲ။အရင်းရှင်တွေ၊ဆေးကုပဏ္ဏီကြီးတွေ၊ဆေးရုံကြီးတွေကမပြောဘူး။ပြောရင်လူတိုင်းကင်ဆာမဖြစ်အောင်နေလို့ရတယ်။(၃)ကင်ဆာဆိုတာရှင်းရှင်းပြောရရင်(Mitochondrial defects)ဖြစ်တာပါ။အဲဒါကိုသိရင် cancer မဖြစ်အောင်ကာကွယ်ရတာလွယ်လွယ်လေး။ဒါကိုလဲဆေးရုံဆေးခန်းတွေဆေးကုမဏ္ဏီတွေမပြောဘူး။ပြောရင်ကင်ဆာရောဂါကင်းသွားရင်သူတိုစီးပွားပျက်မယ်။ကျွန်တော်ကတော့အဲဒီအကြောင်းကိုမကြာခင်အချိန်ရရင်ရေးဦးမှာပါ။နားလည်သွားရင်ဘာကင်ဆာမှမဖြစ်အောင်ရှောင်လို့ရပါတယ်။အချိန်ရမှရေးပေးပါအုံးမယ်။Kelvin Albert Power (Nutrition Specialist, Florida, USA) References*AbstractEmerging evidence indicates that cancer is primarily a metabolic disease involving disturbances in energy production through respiration and fermentation. The genomic …

ကင်ဆာရောဂါနဲ့ပါတ်သက်ပြီးလူတွေမသိသေးတဲ့အချက်။ Read More »

လူတိုင်းနီးပါးဖြစ်လာမယ့်(Autoimmune Diseases)ခေါ်ရောဂါဆိုးများ။

Source from Kelvin A. Power’s Facebook on July 10, 2019 လာမယ့်နှစ်(၂၀)မှာလူတိုင်းနီးပါးဖြစ်လာမယ့်ကုမရတဲ့(Autoimmune Diseases)ခေါ်ရောဂါဆိုးများ။ စာရှည်တယ်ဆိုပြီးတော့ကျော်မသွားကြပါနဲ့၊အစအဆုံးနားလည်အောင်သေချာဖတ်ပါ၊ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့ဗဟုသုတကတနေ့ခင်ဗျားတို့အသက်ကိုကယ်တင်ပေးလိမ့်မယ်။ကျော်သွားရင်တော့တနေ့နောင်တရလိမ့်မယ်။အသိနောက်ကျသွားရင်ခင်ဗျားတို့အသက်ကိုဘယ်သူမှမကယ်နိုင်ဘူး။ကင်ဆာရောဂါအကြောင်းကိုတော့လူတိုင်းသိပြီးသား၊ကင်ဆာဖြစ်မှာလဲလူတိုင်းကြောက်ကြပြီးသားပါ။ဒါပေမဲ့ဒီနေ့ကမ္ဘာမှာကင်ဆာထက်ပိုကြောက်စရာကောင်းတဲ့အမည်ဖေါ်မပြနိုင်သေးတဲ့ရောဂါဆန်းတွေအမျိုးမျိုးဖြစ်နေတာကိုတော့လူတွေစိတ်ဝင်စားပုံမရဘူး၊လေ့လာပုံလဲမရဘူး။မျက်ကန်းတစ္ဆေမကြောက်ဆိုတဲ့စကားအတိုင်းကြောက်လဲမကြောက်တတ်ကြဘူး၊ဘယ်ကြောက်မှာလဲသိမှမသိကြတာ။ဘယ်သိမှာလဲလေ့မှမလေ့လာကြတာ။မြန်မာလူမျိုးဆိုတာကလဲသိပ်ခက်တယ်၊ရောဂါတမျိုးမျိုးဖြစ်လာရင်ဆရာဝန်တွေဆီသွားပြီးမိမိကိုယ်ကိုပုံအပ်လိုက်ရင်ကောင်းသွားမယ်လို့တထစ်ချယုံကြည်ထားကြတာ။ဒါပေမဲ့ခက်တာကယနေ့ခေတ်မှာဖြစ်နေတဲ့နာတာရှည်ရောဂါ(Chronic-Diseases)တွေဆိုတာကမြန်မာပြည်ကလိုဆရာဝန်တွေမပြောပါနဲ့ကမ္ဘာ့ဆေးပညာမှာထိပ်ဆုံးရောက်နေတဲ့အမေရိကန်ကဆရာဝန်တွေ၊ဆေးရုံတွေတောင်ကုသလို့မပျောက်ကင်းနိုင်သေးပါဘူး။အမေရိကန်ကဆရာဝန်တွေကိုယ်တိုင်သူများကိုကုပေးဖို့မပြောပါနဲ့၊သူတို့ကိုယ်တိုင်တောင်အဲဒီရောဂါဆိုးတွေနဲ့ပဲနေ့တိုင်းသေနေကြရပါတယ်။အသက်ဆိုတာဉာဏ်စောင့်ပါတယ်။မိမိမှာရောဂါဆိုးတွေမဖြစ်လာဖို့ကဆရာဝန်တွေရဲ့တာဝန်မဟုတ်ဘူး၊မိမိရဲ့တာဝန်ဆိုတာလူတိုင်းနားလည်ဖို့လိုနေပါပြီ။ဆရာဝန်တွေကိုပဲထိုင်အားကိုးနေရင်တော့ဘယ်တော့မှအသက်မရှည်နိုင်ဘူး။ရောဂါဝေဒနာဆိုးတွေနှိပ်စက်မှု့ကိုလဲမသေခင်အလူးအလဲခံစားရဦးမယ်။ခင်ဗျားတို့အသက်ရှည်ကျန်းမာဖို့အသက်ရှည်ဖို့ကဆရာဝန်တွေဆီမှာတာဝန်မရှိပါဘူး၊ခင်ဗျားတို့ကိုယ်တိုင်မှာပဲတာဝန်ရှိနေတာပါ။ဆရာဝန်အများစုကတော့ခင်ဗျားတို့ကျန်းမာဖို့ထက်သူ့မိသားစုကျန်းမာဖို့၊သူ့မိသားစုပိုက်ဆံဖေါဖေါသီသီသုံးနိုင်အောင်ငွေများများရှာပေးနိုင်ဖို့တာဝန်ကပိုပြီးအရေးကြီးနေတယ်ဗျ။ဒီလောက်ပြောရင်သဘောပေါက်ကြမှာပါ။ အခုခေတ်မှာအလွန်ကြောက်စရာကောင်းပြီးကုလို့မရတဲ့၊ရောဂါဆိုးပေါင်းရာနဲ့ချီဖြစ်နေကြပါတယ်။တချို့ကိုတော့အမည်တပ်ပြောနိုင်တယ်။တချို့ကိုတော့ဘာရောဂါမှန်းကိုမသိလို့အမည်တပ်မပြောနိုင်သေးဘူး။အားလုံးကိုခြုံပြီးပြောလိုက်ရင်(Autoimmune Diseases)ဆိုရင်မမှားပါဘူး။(Autoimmune Diseases)ဆိုတာကတမျိုးတည်းလဲမဟုတ်ပါဘူး၊အမျိုးပေါင်းရာနဲ့ချီဖြစ်နေကြတာပါ။မိမိခန္ဓာကိုယ်ရဲ့ရောဂါခုခံကာကွယ်တိုက်ခိုက်မှုစနစ်(Immune System)ကဖောက်ပြန်ပျက်စီးသွားပြီး၊ရောဂါတွေကိုခုခံတိုက်ခိုက်ရမဲ့အစားမိမိခန္ဓာကိုယ်ကအရေးကြီးတဲ့အင်္ဂါအစိတ်အပိုင်းအမျိုးမျိုးတွေကိုတမျိုးပြီးတမျိုးမရိုးရအောင်ပြန်လည်တိုက်ခိုက်လာတာပါ။ မြန်မာလိုဆိုရင်တော့(ခုခံမှုစနစ်ဖေါက်ပြန်ပျက်စီးသွား)တဲ့ရောဂါတွေပေါ့ဗျာ။ယနေ့ကမ္ဘာမှာ(Autoimmune Diseases)အမျိုးပေါင်းအမည်တပ်လို့ရတာက(၈၀)ကျော်၊အမည်တပ်လို့မရနိုင်သေးတာတွေနဲ့ပေါင်းလိုက်ရင်ရာနဲ့ချီဖြစ်နေကြပြီ။အဲဒီရောဂါတွေကိုတမျိုးစီအမည်တပ်နေတာကလဲ၊ခန္ဓာကိုယ်ကဘယ်လိုအစိတ်အပိုင်းကိုပြန်တိုက်ခိုက်ဖျက်ဆီးရင်ဘာရောဂါ၊ဘာလက္ခဏာရှိရင်ဘာရောဂါဆိုပြီးအမည်တပ်ပြောနေကြတာပါပဲ။ဦးနှောဏ်ကိုတိုက်ခိုက်ဖျက်ဆီးနေသလား၊ပန်ကရိယကိုတိုက်ခိုက်ဖျက်ဆီးနေသလား၊အဆစ်အမြစ်တွေကိုတိုက်ခိုက်ဖျက်ဆီးနေသလား၊အဆုတ်ကိုတိုက်ခိုက်ဖျက်ဆီးနေသလား၊သိုင်းရိုက်ကိုတိုက်ခိုက်ဖျက်ဆီးနေတာလား၊စသည်ဖြင့်ဘယ်အင်္ဂါအစိတ်အပိုင်းကိုတိုက်ခိုက်ဖျက်ဆီးနေတာလဲဆိုတာကိုကြည့်ပြီးအမည်အမျိုးမျိုးပေးနေရင်တော့ကုန်မှာမဟုတ်ပါဘူး။ဒီလိုရာနဲ့ချီရှိတဲ့ရောဂါတွေကိုနာမည်လိုက်ပေးနေမဲ့အစား၊ရောဂါတွေစဖြစ်ရခြင်းရဲ့အဓိကအကြောင်းတရားဇစ်မြစ်ကိုသိဖို့ကပိုပြီးအရေးကြီးပါတယ်။ဒါဆိုရင်ရောဂါတခုတည်းတင်မဟုတ်ဘူး၊ရာနဲ့ချီနေတဲ့ရောဂါအားလုံးကနေတပြိုင်တည်းကာကွယ်ပြီးသားဖြစ်မှာပေါ့။ ခင်ဗျားတို့ခန္ဓာကိုယ်ကိုပြင်ပကရောဂါပိုးအမျိုးမျိုးတွေကနေ့စဉ်နေ့တိုင်းတိုက်ခိုက်နေတယ်။ဒါပေမဲ့ခင်ဗျားတို့နေ့တိုင်းရောဂါတွေမဖြစ်ဘူး။ဘာကြောင့်လဲဆိုတော့ခင်ဗျားတို့ရဲ့ရောဂါခုခံမှုစနစ်(Immune System)ကအချိန်တိုင်း၊မိနစ်စက္ကန့်တိုင်းခင်ဗျားတို့ကိုခုခံကာကွယ်ပေးနေလို့ပါ။ရောဂါခုခံမှုစနစ်(Immune System)ကပိုးမွှားတွေသိပ်ပွားများတာမြန်လွန်းလို့မနိုင်တော့ပဲစစ်ကူတောင်းရင်ခင်ဗျားတို့က(antibiotics)လို့ခေါ်တဲ့ပိုးသတ်ဆေးတွေနဲ့(Immune System)ကိုစစ်ကူပေးလိုက်ရင်မကြာခင်ရောဂါတွေပျောက်ကင်းသွားတာပါပဲ။ခင်ဗျားတို့ခန္ဓာကိုယ်မှာနေ့စဉ်သန်းပေါင်းထောင်နဲ့ချီတဲ့ဆဲလ်အဟောင်းတွေသေဆုံးနေကြပြီးသန်းပေါင်းထောင်နဲ့ချီတဲ့ဆဲလ်အသစ်တွေမွေးဖွားပေါက်ပွားနေကြတယ်။ဒီလိုသန်းထောင်နဲ့ချီနေတဲ့ဆဲလ်အသစ်တွေထုတ်လုပ်နေတာဟာဘယ်လိုလုပ်ပြီးရာနုန်းပြည့်မှန်ကန်စွာထုတ်လုပ်နိုင်မှာလဲ။အနည်းငယ်မှားယွင်းမှု၊ပျက်စီးမှု့ရှိတယ်ဆိုတာသဘာဝတရားပဲလေ။နေ့စဉ်နေ့တိုင်းသန်းပေါင်းထောင်နဲ့ချီတဲ့ဆဲလ်အသစ်တွေထဲမှာမှထောင်ပေါင်းများစွာဟာ(DNA)လို့ခေါ်တဲ့မျိုးရိုးဗီဇမှားယွင်းပျက်စီးနေတဲ့ကင်ဆာဆဲလ်တွေမှားယွင်းပြီးပွားများထုတ်လုပ်မိနေတယ်ဗျ။ဒါမေမဲ့လူတိုင်းနေ့တိုင်းကင်ဆာလို့သတ်မှတ်နိုင်တဲ့အဖုအကြိတ်ကြီးတွေထွက်လာပြီးကင်ဆာရောဂါဖြစ်ပြီးသေမသွားကြဘူး၊ဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့ရဲ့ရောဂါခုခံမှုစနစ်(Immune System)က အချိန်တိုင်း၊မိနစ်စက္ကန့်တိုင်းစောင့်ကြည့်နေပြီးမှားယွင်းထုတ်လုပ်မိနေတဲ့ကင်ဆာဆဲလ်တွေကိုမပွားနိုင်ခင်၊ချက်ချင်းသတ်ဖြတ်ဖျက်ဆီးပြစ်နိုင်လို့ပါ။လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကတခုခုမှားယွင်းသွားပြီး၊ ရောဂါခုခံမှုစနစ်(Immune System)ကဖျက်ဆီးပြစ်နိုင်လောက်တဲ့အရေအတွက်ထက်အဆပေါင်းများစွာပိုများတဲ့ကင်ဆာဆဲလ်တွေကိုမှားပြီးထုတ်လုပ်မိမယ်ဆိုရင်တော့အဖုအကြိတ်တွေထွက်ပေါ်လာပြီးကင်ဆာရောဂါစဖြစ်လာရတော့တာပေါ့။ကင်ဆာရောဂါကိုလဲအမျိးမျိုးကုသနေကြပါတယ်။ဓါတ်ရောင်ခြည်နဲ့ကုတာ(Radiation Therapy)တို့၊ကီမိုသရဖီ(Chemotherapy)စသည်တို့ပေါ့၊တခုမှမအောင်မြင်ကြပါဘူး။နောက်ပိုင်းမှာတော့ရောဂါခုခံမှုစနစ်(Immune System)ကိုအားကောင်းအောင်လုပ်ပေးပြီးကုသတဲ့(Immunotherapy)ဆိုတာကပိုပြီးတော့ထိရောက်ပါတယ်။ဒါပေမဲ့ခက်တာကဈေးအလွန်ကြီးပါတယ်။ဒီနေရာမှာအဓိကပြောချင်တာကခုခံအားစနစ်(Immune System)ဆိုတာကပြင်ပကရောဂါတွေဝင်လာရင်လဲခုခံတိုက်ခိုက်ပေးနိုင်သလို၊သူအားကောင်းရင်လဲကောင်းသလိုကင်ဆာဆဲလ်တွေကိုလဲတိုက်ခိုက်ဖျက်ဆီးပြစ်နိုင်တယ်ဆိုတာပါပဲ။ဒါပေမဲ့အဆိုးဆုံးအခြေအနေတခုကအဲဒီပြင်ပကရောဂါတွေ၊ကင်ဆာရောဂါတွေကိုကာကွယ်တိုက်ခိုက်ပေးနေတဲ့ ခင်ဗျားတို့ရဲ့ခုခံအားစနစ်(Immune System)ကတခြားရောဂါတွေရန်က၊နေကာကွယ်ပေးနေမဲ့အစားခင်ဗျာခန္ဓာကိုယ်ကအင်္ဂါအစိတ်အပိုင်းတွေကိုပြန်ပြီးတိုက်ခိုက်ဖျက်ဆီးလာပြီဆိုရင်တော့၊ခင်ဗျာသိပ်ကံဆိုးသွားပြီ၊ဒါဘယ်လိုမှကုမရတော့ဘူး။တခြားရောဂါတွေဖြစ်ရင်၊ဒါမှမဟုတ်ကင်ဆာဖြစ်ရင်၊ခုခံအားစနစ်(Immune System)ကကာကွယ်တိုက်ခိုက်ပေးနိုင်တယ်။သူကိုယ်တိုင်ဖေါက်ပြန်ပျက်စီးသွားပြီးကိုယ့်ကိုပြန်ပြီးတိုက်ခိုက်လာရင်တော့ဘယ်သူကကာကွယ်ပေးနိုင်တော့မှာလဲ။ဒါကြောင့်ကင်ဆာထက်ပိုပြီးကြောက်စရာကောင်းတယ်လို့ပြောတာပေါ့။ဥပမာတစ်ခုပြောရရင်မိမိခုခံအားစနစ်ကမိမိရဲ့အဆုတ်ကိုမှားယွင်းပြီးတိုက်ခိုက်လို့အဆုတ်၊လေအိတ်တွေအတွင်းနံရံမှာအမာရွတ်တွေတက်လာတဲ့ရောဂါဖြစ်ပြီဆိုရင်သေတာပဲ။ဒီခေတ်ဆေးပညာနဲ့လဲဘယ်လိုမှကုလို့မရဘူး။အမေရိကန်မှာတော့အဲဒီရောဂါဖြစ်လာရင်ဆရာဝန်တွေကသားတွေသမီးတွေဆွေမျိုးတွေကိုမှာစရာရှိတာမှာကြားထားပြီးတော့၊သုသာန်မှာမိမိအတွက်မြေနေရာကြိုတင်ဝယ်ထားဖို့ပဲအကြံပေးပါတယ်။ဒါကြောင့်ကင်ဆာထက်ပိုပြီးကြောက်စရာကောင်းတယ်လို့်ပြာနေတာပေါ့။ပြင်ပကရောဂါပိုးမွှားတွေကြောင့်ဖြစ်တဲ့ရောဂါတွေဆိုရင်ပိုးသတ်ဆေး(Antibiotics)တွေနဲ့ကုသလို့ပျောက်ကင်းနိုင်ပါတယ်။မိမိရဲ့ရောဂါခုခံမှုစနစ်ကမိမိကိုပြန်ပြီးတိုက်ခိုက်ဖျက်ဆီးနေပြီဆိုရင်တော့ဘယ်ရောဂါပိုးသတ်ဆေး(Antibiotic )တွေနဲ့မှလဲကုသလို့မရပါဘူး။ကုရာနတ္တိဆေးမရှိပါ။အဆိုးဆုံးကခုခံမှုစနစ်ရဲ့ဆဲလ်တစ်ခုစီတွေထဲမှာမှတ်ဉာဏ်စနစ်(Memory)ပါနေတာပါပဲ။မိမိရဲ့အင်္ဂါအစိတ်အပိုင်းတွေကိုတခါတလေလောက်မှားယွင်းတိုက်ခိုက်ခဲ့ဖူးရင်မှတ်ဉာဏ်တွေမှာအမှားကိုအမှန်အဖြစ်အသေမှတ်ထားလိုက်တော့နောက်ပိုင်းမှာမှတ်ထားတဲ့အတိုင်းမိမိရဲ့အင်္ဂါအစိတ်အပိုင်းတွေအမျိုးမျိုးကိုဆက်ပြီးတိုက်ခိုက်နေတော့တာပါပဲ။ဒီလိုဆိုတော့ဒီရောဂါမျိုးဖြစ်လာပြီဆိုရင်ဘယ်လိုကုမှာလဲ?ခုခံမှုဆဲလ်တလုံးခြင်းဆီကမှတ်ဉာဏ်အမှားကြီးတွေကိုဘယ်လိုလိုက်ပြီးဖျက်ပြစ်လို့ရနိုင်မှာလဲ?ဒီဆဲလ်တွေသက်တန်းစေ့လို့သေသွားရင်လဲနောက်မျိုးဆက်သစ်ဆဲလ်အသစ်တွေကိုထပ်ပြီးမှတ်ဉာဏ်အမှားကြီးတွေလက်ဆင့်ကမ်းခဲ့ကြသေးတယ်။မိမိခုခံမှုဆဲလ်တွေကိုပိုးသတ်ဆေးတွေနဲ့အကုန်သတ်ပြစ်လို့ကောရနိုင်မှာတဲ့လား?အဲဒါဆိုရင်တော့မိမိကခုခံမှုစနစ်မရှိတော့ပဲ(AIDS)သို့(HIV)ရောဂါသယ်တွေထက်ပိုဆိုးသွားလိမ့်မယ်၊ဘာရောဂါဝင်လာဝင်လာမကာကွယ်နိုင်တော့ဘူး၊သေမှာပဲ။(Autoimmune Diseases)ဆိုတာကကုရာနတ္တိဆေးမရှိပါ။အမေရိကန်မှာလဲမရှိပါဘူး၊ကမ္ဘာပေါ်မှာလဲမရှိပါဘူးနောက်လဲဘယ်တော့မှရှိလာမယ်မထင်ပါဘူး။အကောင်းဆုံးနည်းကတော့ကြိုတင်ကာကွယ်ဖို့ပဲရှိပါတယ်။ဘယ်လိုကာကွယ်ရမှာလဲ?ဒီအဖြေကသိရင်လွယ်လွယ်လေးပါ၊ဒါဟာလူတိုင်းအတွက်တကယ့်ကိုတန်ဖိုးမဖြတ်နိုင်တဲ့အသိထူးပါ။ အရင်ဦးဆုံးဘာကြောင့်မိမိကိုယ်ကိုယ်ပြန်တိုက်ခိုက်တဲ့ရောဂါ(Autoimmune Diseases)ဖြစ်ရတယ်ဆိုတဲ့အကြောင်းတရားအစစ်အမှန်ကိုသိဖို့တော့လိုအပ်ပါတယ်။ဒါမှကာကွယ်နိုင်မှာလေ။ ဘာကြောင့်ဒီလိုမိမိရဲ့ခုခံမှုစနစ်ကဖောက်ပြန်သွားပြီးမိမိကိုလွဲမှားတိုက်ခိုက်မှု(Immune system malfunction)ဖြစ်ရသလဲလို့မေးရင်အကြောင်းရင်းအမှန်ကတော့(Inflammation)လို့ခေါ်တဲ့ကိုယ်အတွင်းပိုင်းရောင်ရမ်းမှုကြောင့်ပါပဲ။ဒီနေရာမှာရောင်ရမ်းတယ်ဆိုတာခြေတွေလက်တွေတုတ်ခိုင်ပြီးဖေါသွပ်ယောင်ကိုင်းလာတာကိုဆိုလိုချင်တာမဟုတ်ပါဘူး။ယောင်ရမ်းတယ်ဆိုတာဆံခြည်မျှင်သွေးကြောနံရံမှာရှိတဲ့သေးငယ်တဲ့ဆဲလ်လေးတွေ၊ပြီးတော့ခန္ဒာကိုယ်အစိတ်အပိုင်းအသီးသီးမှာရှိနေကြတဲ့အသေးငယ်ဆုံးဆဲလ်တွေထဲမှာရောင်ရမ်းတာ(Cellular level inflammation)ကိုဆိုလိုတာပါ။ဒီနေရာမှာမိမိခြေတွေလက်တွေဖေါသွတ်ယောင်ကိုင်းမှုမရှိတာကိုကြည့်ပြီးတော့ကိုယ်ကတော့(Inflammation)မဖြစ်ဘူးလို့မှားယွင်းပြီးမယူဆလိုက်မိဖို့အလွန်အရေးကြီးပါတယ်။ဒီခေတ်မှာဆရာဝန်တွေအပါအဝင်လူတိုင်းအကုန်လုံးယောင်ရမ်းမှု(Inflamation)ဖြစ်နေကြတာကြီးပါပဲ။မဖြစ်တဲ့လူဆိုတာတစ်ယောက်မှကိုမရှိပါဘူး။သိတာနဲ့မသိတာပဲကွာတာပါ။လူတိုင်း၊လူတိုင်းမှာရောင်ရမ်းမှု(Inflammation)တွေဆက်တိုက်၊ဆက်တိုက်နေ့စဉ်ဖြစ်နေတာပါပဲ။ဘာကြောင့်လဲဆိုတော့(Inflammation)ဆိုတာက(Immune system)ရဲ့အလုပ်လုပ်ပုံအစိတ်အပိုင်းတခုပဲလေ။ပြင်ပကရောဂါပိုးမွားတွေမိမိခန္ဓာကိုယ်ကိုဝင်ရောက်တိုက်ခိုက်ရင်မိမိခန္ဓာကိုယ်ကပထမဆုံးတုန်ြ့ပန်တာကယောင်ရမ်းမှုပါပဲ။ယောင်ရမ်းပြီဆိုတော့မှမိမိရဲ့ခုခံအားစနစ်(Immune System)ကရောဂါပိုးတွေကိုစတင်တိုက်ခိုက်ဖို့အသက်ဝင်လာရတာပါ။ဒီလိုသဘာဝအတိုင်းရောဂါခုခံကာကွယ်ဖို့ယောင်ရမ်းတာကိုယာယီယောင်ရမ်းမှု(Acute Inflammation)လို့ခေါ်ပါတယ်။အန္တရာယ်မရှိတဲ့သဘာဝရောဂါခုခံမှုစနစ်ပါ။ဒီလိုယာယီယောင်ရမ်းမှုမရှိရင်ရောဂါတွေကိုလဲမခုခံမကာကွယ်နိုင်ပါဘူး။ဒါပေမဲ့ဆိုးတာကတစ်ပါတ်၊နှစ်ပါတ်လောက်ကြာရင်အဲဒီယောင်ရမ်းမှုတွေကပပျောက်သွားရမှာမပျောက်သွားပဲဆက်ကျန်ရှိနေတာကအဆိုးဆုံးပါပဲ။အဲဒါကိုအလွန်ကြောက်စရာကောင်းတဲ့ရေရှည်ယောင်ရမ်းးမှု(Chronic Inflammation)လို့ခေါ်ပါတယ်။ရောဂါပိုးတွေကုန်သွားပြီးတဲ့အချိန်မှာအရောင်ကျသွားရမှာမကျပဲဆက်ယောင်နေတော့(Immune System)ကရောဂါပိုးတွေတိုက်စရာမရှိတော့လို့မိမိကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုရန်သူထင်ပြီးဆက်ပြီးတိုက်ခိုက်ဖျက်ဆီးပြစ်နေတော့တာပေါ့။မိမိ၏ခုခံမှုစနစ်ကမိမိအင်္ဂါအစိတ်အပိုင်းတွေကိုဆက်ပြီးတိုက်ခိုက်ဖျက်ဆီးပြစ်တာကြိမ်ဖန်များလာတော့ခုခံမှုစနစ်ရဲ့မှတ်ဉာဏ်စနစ်တွေထဲမှာမိမိကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုရန်သူတွေလို့မှားယွင်းပြီးအသေမြုတ်နှံမှတ်သားထားလိုက်ကြပါတယ်။နောင်အခါမှာမိမိအင်္ဂါအစိတ်အပိုင်းလား၊ပြင်ပကဝင်လာတဲ့ပိုးမွှားလားဆိုတာကောင်းကောင်းမခွဲခြားတတ်တော့ဘူးပေါ့။နောက်ပိုင်းမှာရေရှည်ရောင်ကိုင်းမှု(Chronic Inflammation)ကြောင့်ခုခံမှုစနစ်(Immuse System)ဟာဖေါက်ပြန်ပျက်စီးးသွားပြီး၊ရောဂါပိုးမွှားတွေကိုတိုက်ခိုက်ရမဲ့အစားမိမိကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုတမျိုးပြီးတမျိုးမရိုးရအောင်လိုက်ပြီးတိုက်ခိုက်၊ဒုက္ခပေးနေတော့တာပါပဲ။အဲဒီလိုဆိုတော့မိမိမှာအမည်မဖေါ်နိုင်တဲ့ရောဂါဆန်းတွေတခုပြီးတခုအဆက်မပြတ်ဖြစ်နေတော့တာပေါ့။ ခက်တာကဒီလိုအလွန်ကြောက်စရာကောင်းပြီးကုသလို့မရနိုင်တဲ့အမျိုးပေါင်းရာနဲ့ချီတဲ့(Autoimmune Diseases)ကဒီ(၂၁)ရာစုခေတ်မှာကြိုတင်မကာကွယ်ထားတဲ့လူတိုင်းမှာတနေ့ဖြစ်ကိုဖြစ်လာရမှာရာနုန်းပြည့်နီးပါးကိုသေချာနေပါတယ်။ခြိမ်းခြောက်နေတာလုံးဝမဟုတ်ပါဘူး၊အမှန်တရားပါ။ကြိုတင်ကာကွယ်ထားတဲ့လူအနည်းစုလေးကလွဲရင်လူတိုင်းလူတိုင်းမှာရောဂါရဲ့ရှေ့ပြေးလက္ခဏာဖြစ်တဲ့ကိုယ်တွင်းယောင်ရမ်းမှုလက္ခဏာ(inflammation marker)ကလူတွေအားလုံးနီးပါးမှာတွေ့နေရပါပြီ။ခင်ဗျားတို့မယုံရင်(hs-CRP-blood-test)လုပ်ကြည့်နိုင်ပါတယ်။တကယ်လို့(hs-CRP)တန်ဖိုး(1.0)အောက်ရောက်နေရင်တော့ခင်ဗျားတို့ကိုယ်မှာ(Inflammation)မဖြစ်ပါဘူးလို့ဆိုချင်ဆိုနိုင်ပါတယ်။ဒါပေမဲ့(hs-CRP)တန်ဖိုးဆိုတာကတမင်ကြိုတင်မကာကွယ်၊မလုပ်ယူထားပဲနဲ့(1.0)အောက်ရောက်နေတဲ့ပုဂ္ဂိုလ်ဆိုတာအလွန်ကိုရှားပါးလှပါတယ်။လူတိုင်းလူတိုင်းက(1.0)ထက်များနေကြတာပါပဲ။တချို့(Inflammation)အမျိုးအစားတွေက(hs-CRP-marker)မှာမပေါ်လို့တိုင်းတာလို့မရသေးပါဘူး။အကောင်းဆုံးတိုင်းတာနည်းကတော့အိုမီဂါ(၆)နဲ့အိုမီဂါ(၃)အချိုးအစား(Omega6 to Omega3 ratio)ကိုတိုင်းကြည့်ရင်ပိုပြီးသေချာသိနိုင်ပါတယ်။(OMG-6 …

လူတိုင်းနီးပါးဖြစ်လာမယ့်(Autoimmune Diseases)ခေါ်ရောဂါဆိုးများ။ Read More »

ရဟန်းများကိုပြစ်မှားသောကံ။

ရဟန်းများကိုပြစ်မှားသောကံ၊အရိယူပဝါဒအန္တရာယ်။ဗဟုသုတအနေနဲ့ ပြောပြချင်ပါတယ်။ အရိယာပုဂ္ဂိုလ်မှန်း သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ယုတ်မာသော စိတ်ထားဖြင့် စွပ်စွဲကဲ့ရဲ့ခြင်းကို ခေါ်ပါတယ်။. ခုအခြေအနေဟာ ရဟန်းတွေကို ဘာသာခြားတွေတင်မက ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင် ပုတ်ခတ်စော်ကားပြောနေကြပါတယ်။ ဘာသာခြားတွေကို မပြောလိုတော့ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေအတွက် ပြောချင်ပါတယ်။ .ဗုဒ္ဓဘာသာဝင်တွေရဲ့ ပန်းတိုင်းဟာ နိဗ္ဗာန်မဂ်ဖိုလ်ရဖို့ပါ။ ရောက်အောင်လည်း ကြိုးစားအားထုတ်နေတဲ့သူတွေ ရှိပါတယ်။ မိမိကိုယ်တိုင်မဂ်ဖိုလ်ရော်ကကြောင်း တရားကျင့်နေပြီဆိုရင်တော့ ဒီကံမထိုက်အောင် ကိုယ့်နှုတ်ကို ထိန်းကြပါ။.ဒီကံထိုက်သွားရင်တော့ တရားအားမထုတ်နဲ့တော့ မရတော့ပါဘူး။ လူ အရိယာ၊ ရဟန်းအရိယာကို သူတို့မှာ တရားမရှိဘူး၊ ရဟန်းကိုလည်း ရဟန်းမဟုတ်ဘူး၊ ရဟန်းတရားမရှိဘူးလို့ သိသိ၊ မသိသိစွပ်စွဲပြောရင် အရိယူပဝါဒအန္တရာယ် ထိုက်ပါတယ်။.ဒီကံဟာ သိပ်ကြောက်စရာကောင်းပါတယ်။ ဒါကြောင့် သူများဆိုရင် အပြစ်မပြောတာ အကောင်းဆုံးပါ။ ကိုယ် အပြစ်ပြေလိုက်တဲ့သူဟာ အရိယာမဟုတ်သည့်တိုင် ကောင်းကောင်းမွန်မွန်နေပြီး သီလစောင့်တဲ့ ပုဂ္ဂိုလ်ဖြစ်နေရင်လည်း အရိယူပဝါဒကံနီးပါ …

ရဟန်းများကိုပြစ်မှားသောကံ။ Read More »

ကင်ဆာ။

ဆရာဘယ်သူဘယ်ဝါကတော့(ကင်ဆာ)ရောဂါနဲ့ဆေးရုံပေါ်ရောက်နေပြီးသေရေးရှင်ရေးအသက်လုနေရပြီ။အဲဒါဘာဖြည့်စွတ်စာသောက်သင့်ပါသလဲ?။လို့လာလာပြီးမေးကြတဲ့လူတွေအလွန်များနေပါတယ်။–ဒီခေတ်မှာလူတိုင်းစားသောက်နေကြတဲ့အစားအသောက်တွေကမသန့်ရှင်းမှု့၊သဘာဝမကျုမှု့၊ဓါတ်မြေသြဇာနဲ့ပိုးသတ်ဆေးတွေသုံးစွဲမှု့၊(GMO)မျိုးရိုးဗီဇပြောင်းလဲထားသောအသီးအနှံများသုံးစွဲမှု့၊(BPA)ပါဝင်ပစ္စည်းများသုံးစွဲမှု့၊ပုံမှန်ဟော်မုန်းဓါတ်ကိုပျက်စီးစေတဲ့ပစ္စည်းများသုံးစွဲမှု့၊အင်ဂျင်၊စက်ဆီမှထွက်သောမီးခိုးများထိတွေ့ွဲမှု့၊အနုမြူရောင်ခြည်နှင့်ဓါတ်မှန်များအဆိပ်သင့်မှု့၊အိုဇုန်းအလွာပေါက်ပြဲမှု့၊လေယျဉ်စီးခရီးသွားရင်ဓါတ်ရောင်ခြည်သင့်မှု့၊ဆရာဝန်များပေးသောကင်ဆာဖြစ်နိုင်သည့်ဓါတုဗေဒဆေးဝါးများနှင့်၊ဟော်မုန်းဆေးများအလွန်အကျွံသုံးစွဲမှု့၊စတဲ့ကင်ဆာဖြစ်စေတတ်တဲ့ဓါတုဗေဒပစ္စည်းတွေအလွန်ကိုများလာတဲ့ခေတ်ဖြစ်နေလို့၊လူတိုင်းလိုလိုကင်ဆာရောဂါဖြစ်နိုင်တဲ့အခြေအနေအလွန်များပါတယ်။အခုမဖြစ်ဘူးဆိုရင်တောင်၊နောင်တချိန်မှာကင်ဆာရောဂါဆိုတာမပြောမဆိုသတိမထားမိလိုက်ချိန်မှာတိတ်တဆိတ်ကလေးဖြစ်ပေါ်လာနိုင်တာပါပဲ။–ကင်ဆာရောဂါနဲ့ဆေးရုံပေါ်ရောက်နေပြီးသေရေးရှင်ရေးအတွက်အသက်လုနေရပြီဆိုတဲ့အချိန်မှာတော့ကျွန်တော်လဲဘာမှမတတ်နိုင်သလို၊သိကြားမင်းလဲဆင်းကယ်နိုင်တော့မှာမဟုတ်တော့ပါဘူး။ဆေးပညာမှာအတော်ဆုံးဆရာဇီဝကကိုခေါ်ကုခိုင်းရင်လဲဆရာဇီဝကက(အလာကောင်းပေမယ့်အခါနှောင်းခဲ့ပြီလို့)မှတ်ချက်ပေးခံရပါလိမ့်မယ်။–အဲဒီအချိန်ကြမှဘာဖြည့်စွက်စာတိုက်သင့်သလဲလို့မေးတာဟာဖြည့်စွက်စာရဲ့သဘောသဘာဝကိုသေချာနားမလည်လို့ဖြစ်ပါတယ်။ဖြည့်စွက်စာဆိုတာအရေးပေါ်သေရေးရှင်ရေးအခြေအနေကြမှစပြီးသောက်ရတဲ့၊အရေးပေါ်အသက်ကယ်ဆေးမဟုတ်ပါဘူး။သကြားမင်းပေးတဲ့(ဥုံဖွ)ဆေးလဲမဟုတ်ပါဘူး။ဖြည့်စွက်စာဆိုတာ၊မိမိခန္ဓာကိုယ်ကျန်းမာနေအောင်၊ကင်ဆာအပါအဝင်အမျိုးမျိုးသောနာတာရှည်ရောဂါတွေမဖြစ်အောင်ကြိုတင်ကာကွယ်ပေးနိုင်တဲ့မိခင်သဘာဝကရရှိတဲ့အာဟာရနဲ့သြဇာဓါတ်ပေါင်းတွေဖြစ်ပါတယ်။–အာဟာရသို့မဟုတ်ရောဂါကာကွယ်ပေးတဲ့ဓါတ်ပေါင်းတွေကိုရောဂါမဖြစ်ခင်သုံးစွဲတာအကောင်းဆုံးပါပဲ။ရောဂါဖြစ်လာပြီးမှသုံးစွဲပြီဆိုရင်ပျောက်ဖို့မျှော်လင့်ချက်နည်းလာပါတယ်။မပျောက်နိုင်တော့ဘူးလို့တော့တထစ်ချမဆိုလိုပါဘူး။ဒါပေမယ့်အပ်ကလေးနဲ့ထွင်လို့ရမဲ့ဆူးကို၊နောက်ကျသွားလို့ပုဆိန်နဲ့ပေါက်ထုတ်ရသလိုဖြစ်သွားပါမယ်။ရောဂါဖြစ်လာရုံတင်မကပဲ၊ရောဂါကျွမ်းပြီးသေရေးရှင်ရေးအသက်လုရမယ့်အချိန်ကြမှာဘာဖြည့်စွက်စာသောက်ရမလဲလို့လာမေးမယ်ဆိုရင်တော့၊အဲဒီလူကိုဘာမှထိထိမိမိလုပ်မပေးနိုင်တော့ပါဘူး။–အဲဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ရောဂါဆိုးတွေနှိပ်စက်ပြီးသေရတဲ့တရားခံဆိုတာရောဂါအပြစ်တော့မဟုတ်ပါဘူး။မိမိရဲ့အပြစ်ပါပဲ။ဘာကြောင့်ဒီလိုသေရသလဲဆိုတော့ကျန်းမာရေးဗဟုသုတနည်းလို့ပါပဲ။ဘာကြောင့်ကျန်းမာရေးဗဟုသုတနည်းရသလဲဆိုတော့၊စာမဖတ်လို့ပါပဲ။ဘာကြောင့်စာမဖတ်ခဲ့သလဲဆိုတော့ကိုယ့်ကိုယ်ကိုရောဂါဆိုးနဲ့စောစောစီးစီးသေရမယ်လို့လုံးဝထင်မထားခဲ့မိလို့ပါပဲ။ရောဂါဆိုတာမိမိခန္ဓာကိုယ်ထဲကိုခွင့်တောင်းပြီးမိမိဝင်ခွင့်ပြုတော့မှဝင်လာတဲ့အရာမဟုတ်ပါဘူး။သေမင်းဆိုတာကလဲဘယ်တော့မှရက်ချိန်းကြိုတင်ပေးပြီးခေါ်သွားတာမဟုတ်ပါဘူး။ကိုယ်ကအသိစောရင်အသက်ရှည်ရောဂါကင်းနိုင်သလို၊အသိတစ်ရက်ကလေးနောက်ကျသွားရင်လဲရောဂါဆိုးနဲ့သေနိုင်တာပါပဲ။–အဆိုးဆုံးအချက်ကကိုယ့်ကိုယ်ကိုအားမကိုး၊ကိုယ့်ရဲ့ကျန်းမာရေးလေ့လာမှု့ဗဟုသုတကိုအားမကိုးပဲဆရာဝန်တွေကိုသာရာနှုန်းပြည့်အားကိုးမိတဲ့အမှားတွေကြောင့်ပါပဲ။ဆရာဝန်တွေ၊ဆေးရုံဆေးခန်းတွေဆိုတာအသုံးမကျဘူးလို့မဆိုလိုပါဘူး။အထိုက်အလျှောက်တော့အကူအညီရနိုင်ပါတယ်။ဒါပေမယ့်ဒီလူတွေဆီမှာမသေဆေးမရှိပါဘူး။အသက်ရှည်ဆေးလဲမရှိဘူး။ကင်ဆာပျောက်ဆေးလဲမရှိဘူး။ဒီလူတွေမှာမသေဆေးတွေ၊အသက်ရှည်ဆေးတွေ၊ရောဂါပျောက်ဆေးတွေတစ်ကယ်ရှိနေမယ်ဆိုရင်၊ဒီလူတွေဟာလောကကြီးမှာအသက်အရှည်ဆုံးအနာအမဲ့ဆုံးလူတန်းစားတွေဖြစ်နေမှာပေါ့။ဒီလူတွေတော်တော်နဲ့ဘယ်သေကြတော့မှာလဲ။–လက်တွေ့မှာကြတော့နှလုံးအထူးကုဆရာဝန်ကြီးကနှလုံးရောဂါနဲ့သေတယ်။ကင်ဆာအထူးကုဆရာဝန်ကြီးကကင်ဆာရောဂါနဲ့သေတယ်။အဲဒါတွေအားလုံးဟာဒီခေတ်ဆေးပညာရဲ့မပြည့်စုံမှု့ပဲ။မြတ်စွာဘုရားဟောထားတဲ့တရားတော်တွေကိုပြန်ကြည့်ပါ။ကျန်းမာနေဖို့၊ရောဂါကင်းနေဖို့၊ဆိုတာ(ကံ၊စိတ်၊ဥတု၊အဟာရ)အကြောင်းတရားလေးပါးအပေါ်မှာအခြေခံတယ်ဆိုတာမဟုတ်ဘူးလား။–ဒီခေတ်ဆေးပညာကိုပြန်လေ့လာကြည့်လိုက်ပါ(ကံ၊စိတ်၊ဥတု၊အဟာရ)ဆိုတဲ့အကြောင်းတရားလေးမျိုးကိုထည့်သွင်းစဉ်းစားတဲ့ကုထုံးမျိုးပါသလား?။လုံးဝမပါပါဘူး။အားလုံးကအရင်းရှင်ဆေးကုမ္မဏီကြီးတွေညွန်ကြားထားတဲ့အတိုင်းပဲစီးပွားဖြစ်ကုနေရတာပါ။ဆရာဝန်တွေကိုအပြစ်ဆိုတာမဟုတ်ပါဘူး။ဒီအရှင်းရှင်စနစ်ဆေးပညာကိုကဆရာဝန်တွေကိုယ်တိုင်ကအရင်းရှင်တွေညွန်ကြားထားတဲ့အတိုင်းလိုက်လုပ်နေရတာပါပဲ။–နှလုံးအထူးကုဆရာဝန်ကနှလုံးရောဂါနဲ့သေတယ်။ဘာကြောင့်သေသလဲဆိုတော့၊နှလုံးထဲမှာရှိတဲ့ကြွက်သားတွေ၊သွေးကြောတွေ၊အင်ဇိုင်းတွေ၊ဆဲလ်တွေကဒါဟာနှလုံးရောဂါကုဆရာဝန်ကြီးရဲ့နှလုံးပါလား၊ဆရာဝန်ကြီးရဲ့ဂုဏ်သိက္ခာကိုထောက်ပြီးတော့နှလုံးရောဂါမဖြစ်သင့်ဘူးလို့သူမသိဘူး။ဘယ်သူ၊ဘာကောင်ကြီးဖြစ်နေပါစေ၊နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးတဲ့အဟာရဓါတ်အလုံအလာက်မရရင်ရောဂါဖြစ်မှာပါပဲ။–ကင်ဆာအထူးကုဆရာဝန်ကလဲကင်ဆာရောဂါနဲ့သေတယ်။ဘာကြောင့်သေလဲဆိုတော့၊ကင်ဆာရောဂါအထူးကုကြီးရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ဆဲလ်တွေကအထူးကုကြီးကိုယ်တိုင်ဖြစ်နေလို့ကင်ဆာမဖြစ်သင့်ဘူးလို့နားမလည်ကြဘူး။ကင်ဆာမဖြစ်အောင်တားဆီးနိုင်တဲ့အဟာရတွေဖြစ်တဲ့(Antioxidants)တွေအလုံအလောက်မရရင်ကင်ဆာဖြစ်မှာပါပဲ။–ခက်တာကဒီခေတ်ဆရာဝန်ကြီးတွေကိုယ်တိုင်က၊ဒီခေတ်ဆေးပညာကိုအကြွင်းမဲ့ယုံကြည်ထားကြတယ်။မြတ်စွာဘုရားဟောကြားခဲ့တဲ့(ကံ၊စိတ်၊ဥတု၊အဟာရ)ဆိုတဲ့အကြောင်းတရားလေးပါးကိုတစ်ခါကလေးမှဆေးကုရာမှာထည့်မစဉ်းစားမိခဲ့ကြဘူး။ဒါကြောင့်(Functional Medicine)ဆိုတာပေါ်လာရတာပါ။(Functional Medicine)ဆိုတာအရင်းရှင်ဆေးကုမ္မဏီကြီးတွေရဲ့နည်းလမ်းတွေကိုအခြေမခံပဲ၊မြတ်စွာဘုရားဟောကြားခဲ့တဲ့(ကံ၊စိတ်၊ဥတု၊အဟာရ)ဆိုတဲ့အကြောင်းတရားလေးပါးကိုအခြေခံပါတယ်။–ကံနဲ့ဥတုဆိုတာကတော့အနည်းငယ်လေးပြုပြင်ရခက်ပါတယ်။ပြုပြင်လို့မရဘူးလို့တော့မဆိုလိုပါဘူး၊အထိုက်အလျှောက်တော့ပြုပြင်စီမံနိုင်တာပါပဲ။ရာနှုန်းပြည့်ပြုပြင်ဖို့မလွယ်ဘူးလို့ဆိုချင်တာပါ။သို့သော်(စိတ်နှင့်အဟာရ)ဆိုတာကိုတော့မိမိရာနှုန်းပြည့်ပြုပြင်ထိန်းသိမ်းလို့ရတယ်။ဒီလိုပြုပြင်ဖို့ကအကြောင်းအကျိုးသိဖို့နဲ့ဗဟုသုတရှိဖို့လိုအပ်ပါတယ်။အကြောင်းအကျိုးကိုမသိ၊ဗဟုသုတမရှိရင်ပြုပြင်လို့မရနိုင်ဘူး။ဒါကြောင့်ကျွန်တော်ကျန်းမာရေးဗဟုသုတတွေကိုလူတိုင်းနားမလည်၊လည်အောင်ဥပမာတွေအမျိုးမျိုးပေးပြီးအရှည်ကြီးအမုန်းခံရေးပေးနေရတာပါ။–အထူးကုဆရာဝန်ကြီးပဲဖြစ်ဖြစ်၊ပါရဂူကြီးပဲဖြစ်ဖြစ်၊(ကံ၊စိတ်၊ဥတု၊အဟာရ)ဆိုတဲ့အကြောင်းတရားလေးပါးကိုထည့်မစဉ်းစားပဲအရင်းရှင်ဆေးပညာကိုသာအားကိုးတကြီးနဲ့လမ်းဆုံးနေဦးမယ်ဆိုရင်တော့၊အဲဒီလူဟာအရမ်းသနားစရာကောင်းပါတယ်။သေခါနီးကြမှနောင်တအကြီးအကျယ်ရပါလိမ့်မယ်။အဲဒီအချိန်မှာဘယ်သူမှမကယ်နိုင်တော့ဘူး၊နောက်ကျသွားပါပြီ၊အသက်ငယ်ငယ်နဲ့သေသွားတဲ့ဆရာဝန်တွေအများကြီးရှိပါတယ်။–အရင်းရှင်ဆေးပညာကိုသာအားကိုးပြီး(ကံ၊စိတ်၊ဥတု၊အဟာရ)ဆိုတဲ့အကြောင်းတရားလေးပါးကိုထည့်မစဉ်းစားဘူးဆိုရင်သူကိုယ်တိုင်ဆိုးကျိုးအရင်ခံစားရမယ်။ပြီးရင်သူ့မိသားစုအရင်ခံစားရမယ်။နောက်တော့သူ့လူနာတွေခံစားကြရဦးမယ်။ဒီခေတ်ဆေးပညာသာပြီးပြည့်စုံမယ်ဆိုရင်ဆရာဝန်တွေရောဂါမဖြစ်ကြတော့ဘူး၊သေလဲမသေကြတော့ဘူး။လူတစ်ယောက်ဟာမိမိကိုယ်ကိုယ်ကျန်းမာအောင်မစောင့်ရှောက်နိုင်ဘူးဆိုရင်၊သူများကိုစောင့်ရှောက်ပေးနိုင်တယ်ဆိုတာဖြစ်နိုင်ပါ့မလား။ကိုယ်ကကျန်းမာလိုက်တာမှဘော်လုံးထကန်လို့ရတယ်၊ဘာဆေးမှမသောက်ရဘူး။ကိုယ်သွားပြတဲ့ဆရာဝန်ကကိုယ့်ထက်လဲငယ်တယ်။သူကိုယ်တိုင်ကနှလုံး၊သွေးတိုးဆီးချိုဆေးတွေသောက်နေရတယ်ဆိုရင်တော့ဆရာတင်မိတာမှားပြီ။–ဆရာဝန်ဆိုတာမိမိကျန်းမာရေးအတွက်အရှင်သခင်မဟုတ်ဘူး။မိမိသာလျှင်မိမိကျန်းမာရေးအတွက်အရှင်သခင်ဖြစ်ပါတယ်။ဆရာဝန်တွေအသုံးမဝင်ဘူးလို့တော့မဆိုလိုပါဘူး။အသုံးဝင်တဲ့နေရာတွေအများကြီးရှိပါတယ်။ဥပမာပြောရရင်မိမိခရီးသွားရင်းလမ်းမှာကားပျက်တယ်၊ကားအင်ဂျင်စက်ထိုးရပ်သွားတယ်ဆိုပါစို့။ကားအင်ဂျင်စက်ပြန်နှိုးနိုင်ဖို့ဝိုင်းတွန်းပေးဖို့လူတွေလိုအပ်လာတယ်။တစ်ယောက်ကရှေ့ကနေကြိုးနဲ့ဆွဲမယ်။တစ်ယောက်ကနောက်ကနေတွန်းမယ်။နှစ်ယောက်ကဘေးတစ်ဖက်စီကနေဝိုင်းတွန်းကြမယ်ပေါ့။ဒီလိုအားစိုက်ပြီးတွန်းလိုက်ရင်စက်ရပ်သွားတဲ့အင်ဂျင်ပြန်နိုးလာပြီးခဏတဖြုတ်ခရီးဆက်သွားလို့ရနိုင်ပါတယ်။–လမ်းမှာနောက်တခေါက်ကားပျက်ပြန်တော့လဲဝိုင်းတွန်းပေးမဲ့လူတွေထပ်ရှာရတာပေါ့။အဲဒီလိုပျက်လိုက်၊တွန်းနိုးလိုက်၊ခရီးတိုဆက်သွားလိုက်နဲ့အကြိမ်ကြိမ်ပျက်နေပြီး၊နောက်ဆုံးကြတော့တွန်းနိုးလို့ပါမရတော့ပါဘူး။အပြီးတိုင်ပျက်ပါလေရော။ဒါကြောင့်အသည်းအသန်ဖြစ်နေတဲ့လူနာတစ်ယောက်နားမှာဆရာဝန်တွေ၊အထူးကုတွေ၊ဝိုင်းပြီးအသက်လုကျိုးစားကုပေးနေတာကိုမြင်ရင်ကျွန်တော်ကတော့ကားပျက်ကြီးကိုလူတစ်စုဝိုင်းပြီးတွန်းနိုးပေးနေကြတယ်လို့ပဲထင်မြင်မိပါတယ်။ဘာကြောင့်များဒီကားပိုင်ရှင်ဟာနဂိုကတည်းကဒီကားမပျက်အောင်၊ကြိုတင်မစီမံမိခဲ့ပါသလဲလို့လဲတွေးပြီးသနားမိပါတယ်။–ကားပိုင်ရှင်ဟာမိမိကားကိုနဂိုကတည်းကလမ်းမှာမပျက်အောင်သေချာကြိုတင်စီမံပြုပြင်ထားမယ်ဆိုရင်၊အင်ဂျင်ကောင်းနေအောင်ကြိုတင်ထိန်းသိမ်းစောင့်ရှောက်ထားမယ်ဆိုရင်၊ခရီးသွားရင်းလမ်းမှာကားပျက်စရာအကြောင်းလုံးဝမရှိပါဘူး။ကားပျက်စရာအကြောင်းမရှိရင်ကားဝိုင်းတွန်းပေးမယ့်လူတွေလဲရှာစရာမလိုတော့ပါဘူး။–ဒါကြောင့်ဆရာဝန်အသုံးမဝင်ဘူးလို့ကျွန်တော်မပြောပါဘူး။အသုံးဝင်ပါတယ်။ဆရာဝန်တွေဆိုတာမိမိလမ်းမှာကားပျက်လို့ကားဝင်တွန်းပေးတဲ့သဘောလောက်ပဲကူညီနိုင်တာပါ။ကားမပျက်အောင်ကြိုတင်ပြီးစီမံဆောင်ရွက်ထားရမှာကဆရာဝန်တွေရဲ့တာဝန်မဟုတ်ပါဘူး။မိမိရဲ့တာဝန်သာလျှင်ဖြစ်ပါတယ်။ဖြစ်လာမှကားတွန်းခိုင်းမယ်ဆိုရင်တော့၊လုပ်အားပေး(Free)ခေါ်တွန်းခိုင်းလို့တော့မရနိုင်ပါဘူး။လုပ်အားခအလွန်ဈေးကြီးနေပါပြီ။ကားမပျက်ခင်ကတည်းကကြိုတင်ပြုပြင်ထိန်းသိမ်းရတာကပိုပြီးဈေးသက်သာပါတယ်။–အခုလဲ(ကင်ဆာ)ရောဂါနဲ့ဆေးရုံပေါ်ရောက်နေပြီးသေရေးရှင်ရေးအသက်လုနေရပြီဆိုတော့မှဆရာရေဘာဖြည့်စွက်စာတိုက်ရမလဲတဲ့၊နဂိုကအင်ဂျင်ဝိုင်မထည့်ပဲ၊အင်ဂျင်တစ်ခုလုံးအတွင်းမှာပင်နံရံတွေအစိတ်စိတ်ကြေမွအရည်ပျော်ကြသွားတော့မှ၊အင်ဂျင်ဝိုင်သွားထည့်ပေးလို့အကောင်းကပတိပြန်ဖြစ်နိုင်ပါ့မလား။အဲဒီအချိန်မှာကားတွန်းတဲ့လူများများခေါ်ပိုက်ဆံတွေပုံပေးပြီးတွန်းနိုးခိုင်းကြည့်တဲ့နည်းပဲရှိပါတော့တယ်။အကောင်းအတိုင်းတော့ဘယ်လိုမှပြန်ရဖို့မလွယ်တောပါဘူး။–ကျွန်တော်ပြောချင်တာက၊တချို့ကင်ဆာသမားတွေဟာ၊ကျွန်တော်ထုတ်ထားတဲ့(Super Antioxidant)နဲ့(Omega 3)တွဲသောက်ရင်များသောအားဖြင့်ကောင်းတဲ့ရလဒ်တွေချက်ခြင်းတွေ့ရတတ်ပါတယ်။ဒီနေရာမှာကင်ဆာဖြစ်ပြီးသားလူတွေကို(Super Antioxidant)တစ်မျိုးတည်းနဲ့ကင်ဆာရောဂါပျောက်ကင်းမယ်လို့လုံးဝမဆိုလိုပါဘူး။အထိုက်အလျှောက်သက်သာနိုင်ပါတယ်။ရောဂါပွားနှုန်းလျှော့နည်းစေနိုင်တယ်။အသက်ရှင်နေရမယ့်သက်တန်းပိုပြီးတိုးနိုင်ပါတယ်။ဆိုလိုတာက(Super Antioxidant)ဟာကင်ဆာရောဂါဖြစ်နေသူကိုအကင်းပျောက်မယ်၊မပျောက်ဘူးဆိုတာကိုအတိအကျကျွန်တော်မပြောနိုင်ပါဘူး။သူစသုံးတဲ့အချိန်စောနေသေးတာနဲ့နောက်ကျသွားပြီဆိုတဲ့အချိန်အပေါ်မှာမူတည်နေပါတယ်။–(ကင်ဆာ)ရောဂါနဲ့ဆေးရုံပေါ်ရောက်နေပြီးသေရေးရှင်ရေးအသက်လုနေရပြီဆိုတဲ့အခြေအနေမှာတော့ကျွန်တော်တို့ထုတ်တဲ့(Super Antioxidant)လဲအသက်ကယ်ပေးနိုင်မယ်လို့တော့ကျွန်တော်မထင်ပါဘူး။စမ်းသပ်ကြည့်ချင်ရင်တော့စမ်းကြည့်ပေါ့ဗျာ၊ဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့သဘာဝပစ္စည်းပဲ။ကုသိုယ်ကံကကိုယ့်ဖက်မှာရှိနေရင်တော့ပြန်ကောင်းချင်ကောင်းလာမှာပေါ့။ဒါပေမယ့်ကောင်းလာဖို့ရာနှုန်းတော့အလွန်နည်းပါတယ်။–လူတွေကိုသိအောင်ပြောချင်တာက၊(Super Antioxidant)ဆိုတာကင်ဆာရောဂါနဲ့ဆေးရုံပေါ်ရောက်နေပြီးသေရေးရှင်ရေးအသက်လုနေရပြီဆိုတဲ့အခြေအနေမှာ၊အရေးပေါ်အသက်ကယ်ဆေးမျိုးမဟုတ်ပါဘူး။ကင်ဆာရောဂါဖြစ်ပြီးမှစသုံးတဲ့လူတွေအတွက်လဲရောဂါအထိုက်အလျှောက်သက်သာနိုင်ပေမယ့်၊ပျောက်ဖို့အာမ၊မခံနိုင်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဆေးကိုထုတ်ပေးထားတာဟာကင်ဆာရောဂါကိုကုသပေးဖို့လုံးဝမဟုတ်ပါဘူး။ရောဂါမဖြစ်ခင်ကတည်းကကြိုတင်ကာကွယ်ထားနိုင်ဖို့ထုတ်ပေးထားတာပါ။–တစ်ကယ်တော့(Super Antioxidant)ဆိုတာကင်ဆာရောဂါတစ်ခုတည်းကိုကာကွယ်ဖို့ထုတ်ပေးထားတာတော့မဟုတ်ပါဘူး။နှလုံး၊သွေးတိုး၊အဆုတ်၊ကျောက်ကပ်၊အသဲ၊ဆီးချို၊အော်တိုအင်မြူး၊ကင်ဆာအပါအဝင်မရေမတွက်နိုင်သောအမျိုးမျိုးသောနာတာရှည်ရောဂါတွေမဖြစ်အောင်ကြိုတင်ကာကွယ်နိုင်ဖို့ထုတ်ထားတာပါ။(Free Radical)အမျိုးမျိုးကဖြစ်လာတဲ့(Oxidative Stress)ကြောင့်ဖြစ်တဲ့(Oxidative Damage)တွေကိုပြန်လည်ပြုပြင်ပေးနိုင်လို့၊(Oxidative Stress)ကြောင့်ဖြစ်တဲ့ရောဂါအားလုံးကိုကာကွယ်ပေးနိုင်ပါတယ်။–ဒါဆိုရင်(Oxidative Stress)ကြောင့်ဖြစ်တဲ့ရောဂါကဘာတွေလဲ၊(Oxidative Stress)နဲ့မဆိုင်တဲ့ရောဂါတွေကဘာတွေလဲလို့မေးစရာရှိလာပါတယ်။အရှင်းဆုံးပြောရရင်၊သေးသေးမွားမွားအယားဖုကလေးကအစပြုလို့ချက်ခြင်းသေနိုင်တဲ့၊နှလုံး၊သွေးတိုး၊လေဖြတ်၊ကင်ဆာရောဂါအထိ၊(Oxidative Stress)နဲ့ကင်းပြီးဖြစ်တာတစ်ခုမှမရှိပါဘူး။ခန္ဓာကိုယ်ရဲ့ဖြစ်စဉ်တိုင်းမှာအသေးအမွားကစလို့အကြီးဆုံးအထိဓါတုဓါတ်ပြုမှု့(Redox Reaction)တွေအားလုံးဟာ(Oxidative Stress)ကိုနေ့စဉ်ဖြစ်ပေါ်နေစေတဲ့ဖြစ်စဉ်တွေကြီးပါပဲ။–(Super Antioxidant)ဆိုတာဘာရောဂါတွေအတွက်အထောက်အကူပြုနိုင်သလဲလို့တိတိကျကျမေးလာရင်အလွန်ဖြေရခက်ပါတယ်။တခါတလေမှာအမည်မသိရောဂါဖြစ်လို့လာမေးရင်၊ဘာဆေးပေးရမှန်းမသိလို့(Super Antioxidant)ပေးလိုက်ရင်သက်သာသွားတာတွေတော်တော်များများတွေ့နေရပါတယ်။(Super Antioxidant)ကဘာကောင်းသလဲဆိုတာအသေးစိတ်သိချင်ရင်သူ့မှာပါဝင်တဲ့ပစ္စည်းတစ်ခုစီကို(NIH)သုတေသနဆိုဒ်မှာသွားရိုက်ထည့်ပြီးရှာကြည့်လိုက်ရင်လဲပျောက်တဲ့ရောဂါတွေအတွက်သုတေသနတွေကထောင်ချီရှိနေပါတယ်။ရောဂါအားလုံးနီးပါးပါပဲ။–ပြီးတော့(Super Antioxidant)ဆိုတာကလဲ၊ကျွန်တော်တို့ရောင်းပေးနေတဲ့ဆေးတွေထဲကဈေးအပေါဆုံးပစ္စည်းတစ်ခုပါပဲ။ဆင်းရဲချမ်းသာမရွေးလူတိုင်းသုံးစွဲနိုင်အောင်ပရဟိတစိတ်ဓါတ်နဲ့အရံှုးခံပြီးရောင်းသင့်တဲ့ဈေးထက်တစ်ဝက်လောက်လျှော့ပြီးရောင်းပေးထားပါတယ်။ဒါပေမယ့်နောက်ပိုင်းမှာ(COVID)ကြောင့်(USA)မှာကုန်ကြမ်းပစ္စည်းတွေဈေးနှစ်ဆလောက်တက်သွားလို့အဲဒီဈေးနဲ့ရေရှည်တော့မရောင်းပေးနိုင်တော့ပါဘူး။အခုလက်ရှိထုတ်ထားတဲ့၊လက်ထဲမှာရှိနေတဲ့ဆေးတွေကုန်သွားလို့နောက်အသစ်ထုတ်ရမယ်ဆိုရင်တော့ဈေးတက်ချင်တက်မယ်ဆိုတာကြိုတင်ပြောထားပါရစေ။–တတ်နိုင်ရင်(Super Antioxidant)နဲ့(Omega 3)ကိုမရောင်းချင်ဘူး၊လူတိုင်းကိုအလကားလှူချင်တာ။ဒါပေမယ့်ဆေးတွေကဈေးကြီးတော့ကိုယ်လဲမတတ်နိုင်သေးဘူး။ကိုယ့်ကုမ္မဏီကလဲမြတ်တလည့်ရှုံးတလည့်၊လုပ်ငန်းရပ်မသွားအောင်တောင်မနည်းလည်ပါတ်နေရတယ်။ချမ်းသာလို့လုပ်နေတာမှမဟုတ်တာ။အမြတ်ကျန်ဖို့လုပ်နေတာလဲမဟုတ်ပြန်ဘူး။နောင်တချိန်ကြရင်တော့လှူနိုင်လာမှာပါ။–(ကင်ဆာ)ရောဂါနဲ့သေရေးရှင်ရေးအသက်လုနေရပြီဆိုတဲ့အခြေအနေမှာ(Super Antioxidant)နဲ့(Omega 3)တွေကို(High Dose)တိုက်ကြည့်ပါ။မျှော်လင့်ချက်အလွန်နည်းနေပေမယ့်ကံတရားဆိုတာမပြောနိုင်ပါဘူး။ကံကောင်းရင်တော့ဆေးအလုပ်လုပ်ချင်လုပ်နိုင်ပါတယ်။ဒါပေမယ့်အဲဒီအခြေအနေမှာဘာကိုမှကြိုတင်မပြောနိုင်တော့ပါဘူး။–ဒါပေမယ့်(Super Antioxidant)နဲ့(Omega 3)တွေကို(High Dose)ကြိုတင်သောက်ခိုင်းထားမယ်ဆိုရင်တော့ကင်ဆာရောဂါအပါအဝင်၊တခြားရောဂါအမျိုးမျိုးကလဲကောင်းကောင်းကာကွယ်ပေးနိုင်ပါတယ်။ရောဂါအမျိုးမျိုးကိုကာကွယ်နိုင်ဖို့(Super Antioxidant)ကိုလူတိုင်းတတ်နိုင်အောင်ဈေးအသက်သာဆုံးနဲ့ထုတ်ထားပေးပါတယ်။ကြိုတင်မကာကွယ်ထားပဲနဲ့၊အသည်းအသန်သေလုမျောပါးဖြစ်တော့မှဆရာရေကယ်ပါဆိုရင်၊ဆရာလဲမတတ်နိုင်ဘူး။ဘာဆေးမှလဲမတတ်နိုင်တော့ဘူး။အချိန်လွန်သွားမှတော့သိကြားမင်းတောင်ဆင်းကယ်လို့ရမယ်မထင်ဘူး။နောက်လူတွေအသိတရားနောက်ကျမသွားကြပါစေနှင့်။–အားလုံးအသိတရားတိုး၍မိမိကိုယ်ကိုရောဂါအမျိုးမျိုးမှကာကွယ်နိုင်ကြပါစေ။Kelvin Albert Power

Shopping Cart