Uncategorized

(Soluble Fiber)ဟာဆီးချိုပျောက်ဆေးမဟုတ်ပေမဲ့

Source from Kelvin A. Power’s Facebook on August 16, 2019 https://www.ncbi.nlm.nih.gov/pmc/articles/PMC3878841/?fbclid=IwAR1XOEwedAp2A3jdRvqUbtKl-yTXcs-Ox9TWarVNM4WiiiD5lBMhKTf8fKA (Soluble Fiber)ဟာဆီးချိုပျောက်ဆေးမဟုတ်ပါဘူး။ ဆီးချို(၂) ပျောက်ဆေးဆိုတာကမ္ဘာမှာမရှိပါဘူး။ဘာလို့မရှိလဲဆိုတော့ဆီးချိုဆိုတာရောဂါမဟုတ်ပဲလက္ခဏာသက်သက်ဖြစ်နေလို့။ရောဂါကအသဲပုံမှန်အလုပ်မလုပ်နိုင်တာ။လက္ခဏာကအသဲကြောင့်သွေးထဲမှာသကြားဓါတ်မြင့်တက်လာရတာ။ပျောက်ချင်ရင်အသဲကိုအဓိကထားကုရမယ်။ကုနည်းလဲဆက်ရေးပေးပါမယ်။ ———- (Soluble Fiber)ဟာသူတစ်ခုတည်းဆီးချိုပျောက်အောက်မကုနိုင်ပေမဲ့။အသဲရဲ့ချို့ယွင်းနိုင်တဲ့လမ်းကြောင်းလေးခုထဲကတစ်ခုဖြစ်တဲ့hepatic detoxification pathway),လို့ခေါ်တဲ့အသဲကနေအဆိပ်အတောက်တွေကိုသည်းခြေရည်ကနေတဆင့်အူထဲကိုစွန့်ပြစ်တဲ့လမ်းကြောင်းမှာတော့ကောင်းကောင်းအထောက်အကူပြုနိုင်ပါတယ်။အဲဒီအသဲကထွက်လာတဲ့အဆိပ်တွေကိုအူမကြီးကနေတဆင့်အသဲဆီကိုနောက်တကြီမ်ပြန်မသွားပဲအိမ်သာထဲအထိပို့ပေးဖို့က(Soluble Fiber)မှာတာဝန်ရှိနေတာဟာအခုမှမဟုတ်ပါဘူးကမ္ဘာဦးကတည်းကပါ။ရှေးလူတွေရဲ့အစားအသောက်မှာ(Soluble Fiber)အရမ်းကြွယ်ကြပါတယ်။ ———— သည်းခြေရည်ထဲမှာဖျော်ထည့်ပြီးစွန့်ထုတ်လိုက်တဲ့အသဲကအဆိပ်တွေကို၊အူမကြီးကမှားပြီးအကုန်ပြန်မစုတ်မိအောင်တားဆီးကာကွယ်နိုင်တဲ့နည်းလမ်းလူ့ခန္ဓာကိုယ်မှာမရှိပါဘူး။ဒါကြောင့်ကမ္ဘာဦးကတည်းကစပြီးအခုထက်ထိခန္ဓာကိုယ်ကြီးကအဲဒီလုပ်ငန်းတာဝန်အတွက်(Soluble Fiber)ကိုသာလျင်အားကိုးလာခဲ့ရတာပါ။ ——- (Soluble Fiber)ဆေးဝယ်ကိုဝယ်သာက်ရမယ်လို့ဆိုလိုချင်တာမဟုတ်ပါဘူး။Soluble Fiber ပါတဲ့ဟင်းဟီးဟင်းရွက်တွေများများစားပေးရင်လဲရပါတယ်။ —— (Soluble Fiber)ဟာအသဲရောဂါကိုပျောက်အောင်ကုနိုင်လားလို့မေးရင်တော့မကုနိုင်ပါဘူး။ဒါပေမဲ့အုတ်တချပ်သဲတပွင့်အနေနဲ့တော့တဖက်တလှမ်းကအထောက်အကူပြုပေးနိုင်ပါတယ်။ —– နောက်မှဒီအကြောင်းကိုအကျယ်ရေးပေးပါမယ်။အခုတော့ဒီလောက်သိရင်ရပါပြီ။ — Soluble Fiber ဟာအမျိုးအစား(၂)ဆီးချိုသမားတွေအတွက်အလွန်သင့်လျော်တယ်လို့ဆိုလိုချက်မမှန်ကန်ဘူးလို့ထင်ရင်အောက်မှာသုသေသနအထောက်အထားလင့်တွေသွားဖတ်ကြည့်လိုက်ပါ။ https://www.ncbi.nlm.nih.gov/pmc/articles/PMC3878841/ https://www.ncbi.nlm.nih.gov/pmc/articles/PMC6123026/ https://www.ncbi.nlm.nih.gov/pmc/articles/PMC6412295/ https://www.ncbi.nlm.nih.gov/pmc/articles/PMC3426551/ https://www.ncbi.nlm.nih.gov/pmc/articles/PMC6315720/ https://www.ncbi.nlm.nih.gov/pmc/articles/PMC5793252/ https://www.ncbi.nlm.nih.gov/pmc/articles/PMC6448314/ https://www.ncbi.nlm.nih.gov/pmc/articles/PMC5986507/ https://www.ncbi.nlm.nih.gov/pmc/articles/PMC5946289/ https://www.ncbi.nlm.nih.gov/pmc/articles/PMC6219589/ https://www.ncbi.nlm.nih.gov/pmc/articles/PMC6464700/ https://www.ncbi.nlm.nih.gov/pmc/articles/PMC3433658/ https://www.ncbi.nlm.nih.gov/pmc/articles/PMC4029149/ https://www.ncbi.nlm.nih.gov/pmc/articles/PMC6073249/ https://www.ncbi.nlm.nih.gov/pmc/articles/PMC6628270/ —– …

(Soluble Fiber)ဟာဆီးချိုပျောက်ဆေးမဟုတ်ပေမဲ့ Read More »

(Soluble Fiber) နဲ့ဆီးချို(၂)ရောဂါ

Source from Kelvin A. Power’s Facebook on August 16, 2019 https://www.ncbi.nlm.nih.gov/pmc/articles/PMC3878841/?fbclid=IwAR2LzNZnJ1cTzYI3xobUJQHGFnWCF54uQalYx4ry-NslQS_BXm1W4jChzmI အရေးတကြီးပြောချင်တာက(Soluble Fiber) သောက်လိုက်တာနဲ့ဆီးချို(၂)ရောဂါပျောက်သွားမယ်လို့ကျွန်တော်မပြောဘူးနော်။ (Soluble Fiber) သောက်ရုံတခုတည်းနဲ့တော့ရောဂါမပျောက်ပါဘူး။ဒါပေမဲ့အစားအသောက်က ဝင်လာမယ့်သကြားဓါတ်စုတ်ယူနုန်းကိုတော့ကောင်းကောင်းထိန်းပေးနိုင်လို့အကျိုး ကျေးဇူးတော့အများကြီးရနိုင်ပါတယ်။ ———- (၁) Soluble Fiber ဟာအစားအသောက်တွေရဲ့(glycemic index value)ကိုလျှော့ချပေးနိုင်တယ်။ (၂) Soluble Fiber ဟာအစားစားပြီး(Blood Glucose)ကိုထိန်းပေးနိုင်တယ်။ (၃) Soluble Fiber ဟာ(type 2 diabetes)ဆီးချိုသမားတွေအတွက်အလွန်သင့်လျော်တယ်။ လို့ဆိုလိုတာပါ။ ———— Soluble Fiber သောက်တာနဲ့ဆီးချိုဆေးတွေကိုဖြတ်လိုက်တာတို့၊အားကစားလုပ်တာတွေရပ်လိုက်တာတို့၊စားချင်တဲ့အစားအသောက်တွေကိုမရှောင်ပဲကြိုက်သလောက်စားတာတို့တော့လုံးဝမလုပ်ကြပါနဲ့။ (Soluble Fiber) ဟာအစာထဲမှာပါတဲ့သကြားဓါတ်အရမ်းကြီးမတက်နိုင်အောင်အထောက်အကူပြုထိန်းပေးရုံသက်သက်ပါ။ရောဂါပျောက်တဲ့ဆေးမဟုတ်ပါဘူး။ —- Soluble Fiber ဟာအမျိုးအစား(၂)ဆီးချိုသမားတွေအတွက်အလွန်သင့်လျော်တယ်လို့ဆိုလိုချက်မမှန်ကန်ဘူးလို့ထင်ရင်အောက်မှာသုသေသနအထောက်အထားလင့်တွေသွားဖတ်ကြည့်လိုက်ပါ။ https://www.ncbi.nlm.nih.gov/pmc/articles/PMC3878841/ https://www.ncbi.nlm.nih.gov/pmc/articles/PMC6123026/ https://www.ncbi.nlm.nih.gov/pmc/articles/PMC6412295/ https://www.ncbi.nlm.nih.gov/pmc/articles/PMC3426551/ https://www.ncbi.nlm.nih.gov/pmc/articles/PMC6315720/ https://www.ncbi.nlm.nih.gov/pmc/articles/PMC5793252/ …

(Soluble Fiber) နဲ့ဆီးချို(၂)ရောဂါ Read More »

Soluble Fiber=(SF)သောက်ရင်

Source from Kelvin A. Power’s Facebook on August 15, 2019 Soluble Fiber=(SF)သောက်ရင်အစာမစားခင်(၁၅)မိနစ်အလိုလောက်မှာကြိုသောက်ရမှာဖြစ်ပါတယ်။သောက်ရတဲ့ရည်ရွယ်ချက်က —— (၁)(SF)ကထုထည်ပွလာပြီးထမင်းအများကြီးမစားနိုင်အောင်အစာအိမ်မှာကြိုတင်နေရာယူထားဖို့ဖြစ်ပါတယ်။ဒါမှကယ်လိုရီကိုထိန်းပြီးသားဖြစ်ပါမယ်။ ————— (၂)အစာမကျေညက်တာတွေစားမိရင်လဲအစာအိမ်နံရံကိုမထိခိုက်မိအောင်၊(SF)ကအချွဲဓါတ်တွေနဲ့အစာအိမ်နံရံကိုကြိုတင်ကာကွယ်ပေးဖို့ဖြစ်ပါတယ်။ ———— (၃) (SF)ကိုကြိုတင်ပြီးအစာအိမ်ထဲအစာမစားခင်ထည့်ထားတော့မှ၊အစာကပါလာတဲ့သကြားဓါတ်ကိုကြိုတင်ပြီးစုတ်ယူထားနိုင်၊ထိန်းပေးနိုင်မှာဖြစ်ပါတယ်။ ————– (၄)(SF)ကိုအစာစားပြီးသောက်ပါကမည်သည့်ကောင်းကျိုးများမှမရရှိသည့်အပြင်၊ရင်ပြည့်ရင်ကယ်ခြင်း၊အစာမကျေခြင်း၊ဝမ်းဖေါဝမ်းရောင်ဖြစ်ခြင်းတို့သာလျှင်ခံစားရပါမယ်။ ——————————————— မြန်မာလူမျိုးတိုင်းမှာအလွန်ဆိုးဝါးသောအကျင့်ဆိုးတစ်ခုရှိပါသည်။ထိုအကျင့်ဆိုးမှာအစာစားပြီးမှဆေးသောက်ခြင်းပင်ဖြစ်ပါသည်။အစာနှင့်သောက်ရမည်ဟုညွန်းဆိုသောမည်သည့်ဆေးကိုမဆို၊အစာရှေ့တွင်သာသောက်ရမည်ဖြစ်ပါသည်။အစာစားပြီးဆေးသောက်ခြင်းသည်ကျန်းမာရေးကိုဆိုးဆိုးရွားရွားသေချာပေါက်ရာနုန်းပြည့်ထိခိုက်ပါသည်။အစာမစားခင်(၁၅)မိနစ်လောက်အလိုတွင်ဆေးနှင့်အတူရေများများရောသောက်ထားရပါမည်။အစာအိမ်သည်ရေဓါတ်ရှရှိ၍အူစိုလာပြီးအစာချေနိုင်ရန်လိုအပ်သောအက်ဆစ်ပမာဏရရှိဖို့ရန်အဆင်သင့်ဖြစ်နေရပါမည်။ ———- အစာအိမ်သည်အစာစားလိုက်သောအခါမိမိအစာမစားခင်ကသောက်ထားသောရေပမာဏ၊သောက်လိုက်သောဆေး၏အက်ဆစ်ဓါတ်ပါဝင်နုန်း၊စားလိုက်သောအစာပမာဏနှင့်၊အစာတွင်ပါဝင်သောအက်ဆစ်ဓါတ်အနည်းအများ၊အစာ၏စုစုပေါင်း(PH)တန်ဖိုး၊စသည်တို့ကိုတိတိကျကျသေချာစွာတွက်ချက်တိုင်းတာ၍လိုအပ်သော(PH)တန်ဖိုးရရှိစေရန်တိကျသေချာစွာအစာချေအက်ဆစ်ဓါတ်များထုတ်လုပ်ပေးရမည်ဖြစ်ပါသည်။အက်ဆစ်ဓါတ်ပိုထုတ်မိလျှင်လဲအန္တရာယ်ဖြစ်နိုင်သလို၊လျှော့ထုတ်မိလျင်လဲအန္တရာယ်ရှိပါသည်။တိတိကျကျထုတ်နိုင်ဖို့ဘာတွေကိုဘယ်လောက်ချေရမလဲဆိုတာအစာအိမ်ကကြိုတင်သိရှိထားဖို့လိုအပ်ပါသည်။ —————– အက်ဆစ်ဓါတ်အလွန်ပြင်းထန်သောဆေးဝါးများဖြစ်စေကာမှု၊ရေများများဖြင့်အစာမစားခင်စားခါနီးမှာသာလျင်သောက်ရပါမည်။ရေများများနှင့်သောက်ခြင်းဖြစ်သဖြင့်အစာအိမ်ထဲတွင်အစာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ၊ထိုအက်ဆစ်ဓါတ်၏(PH)တန်ဖိုးသည်မည်သည့်နည်းနှင့်မှ(1.5)အောက်မရောက်နိုင်သဖြင့်အစာအိမ်ကိုအန္တရာယ်မပေးနိုင်ပါ။ဆေးများကိုအစာနှင့်အတူသောက်ခိုင်းခြင်းမှာအက်စစ်ပါဝင်မှု၊မပါဝင်မှုကအဓိကမဟုတ်ပါ။အဆီတွင်သာပျော်ဝင်နိုင်သောဓါတ်ပေါင်းများပါရှိသဖြင့်၊အစာစားမှသာလျှင်လိုအပ်သောအဆီရရှိနိုင်မည်ဖြစ်သဖြင့်၊အစာနှင့်သောက်ရခြင်းဖြစ်ပါသည်။ ——- အစာအိမ်၏သဘာဝအစာကောင်းကောင်းချေနိုင်သော(PH)သည်(1.5)အောက်မှာရှိရပါမည်။ဆိုလိုသည်မှာအစာအိမ်သည်(ph)တန်ထိုး(1.5)အောက်တွင်မပျက်စီးနိုင်ခံနိုင်ရည်ရှိသည်ဆိုသည်မှာကမ္ဘာဦးကတည်းကစခဲ့သောသဘာဝတရားပင်ဖြစ်ပါသည်။ကမ္ဘာပေါ်တွင်အက်ဆစ်ဓါတ်အပြင်းဆုံးဆေးတောင်မှ၊ရေတစ်ဖန်ခွက်အပြည့်နှင့်သောက်လျင်(PH)တန်ဖိုး(1.5) အောက်ရောက်ရန်အလွန်ခက်ခဲပါသည်။ဆေး၏အက်စစ်ဓါတ်သည်အစာအိမ်အားဒုက္ခပေးနိုင်သည်ဟူသောအယူအဆသည်အလွန်ခေတ်နောက်ကျနေပြီးသုသေသနအထောက်အထားမရှိသောအရပ်စကားဖြစ်ပါသည်။မိသည့်ဆေးမဆို၊မည်မျှအက်စစ်ပြင်းပြင်း၊ရေများများနှင့်သောက်လျင်(ph)တန်ဖို့(1.5)အောက်ကိုမည်သည့်နည်းနှင့်မှမရောက်နိုင်သဖြင့်၊မည်သည့်အက်စစ်ပါဝင်သောဆေးမှအစာအိမ်ကိုဒုက္ခမပေးနိုင်ပါ။ ———- အစာစားပြီးမှဆေးသို့မဟုတ်ရေသောက်ခြင်းသည်မိမိအစာအိမ်ကိုထိုင်သတ်နေခြင်းပင်ဖြစ်ပါသည်။မိမိအစာအိမ်ကမိမိစားလိုက်သောအစာနှင့်ချိန်ဆ၍သင့်တော်မည့်အက်ဆစ်ပမာဏကိုထုတ်ပေးပြီးသွားချိန်မှာမှထပ်မံ၍အစာအိမ်ထဲသို့ရေလောင်းထည့်လိုက်ခြင်း၊ဆေးထပ်ထည့်လိုက်ခြင်းသည်၊အဆိုးတကာအဆိုးဆုံးအကျင့်ဆိုးလုပ်ရပ်ဖြစ်ပါသည်။အစာအိမ်သည်အသစ်ဝင်လာသောရေနှင့်ဆေးကိုကြည့်၍အက်ဆစ်ဓါတ်နှစ်ကြိမ်သုံးကြိမ်ထပ်မံ၍ထုတ်လုပ်ပေးလိမ့်မည်မဟုတ်ပေ။ ဤအပြုအမှုသည်ရေရှည်တွင်မိမိ၏အစာခြေစနစ်ကြီးတခုလုံးပျက်စီးဆုံးရှုံးသွားစေခြင်းဖြစ်ပါသည်။အစာခြေစနစ်ပျက်စီးဆူံးရှုံးခြင်းသည်ရောဂါအားလုံး၏ဖြစ်ပွားအစပြုရာအကြောင်းတရားပင်ဖြစ်ပါသည်။အစာချေစနှစ်သာကောင်းမွန်ပါကမည်သည့်ရောဂါမှမဖြစ်ပွားနိုင်ပါ။ဝမ်းတလုံးကောင်းလျင်ခေါင်းတောင်မခဲနိုင်ပါ။ ———– မြန်မာလူမျိုးတိုင်းတွင်ရှိနေသောထမင်းစားပြီးဆေးသောက်ခြင်း၊ရေသောက်ခြင်းအကျင့်ဆိုးကိုရှောင်ရပါမည်။ထမင်းမစားခင်(၁၅)မိနစ်အလိုတွင်ထိုကိစ္စများကိုကြိုတင်ဆောင်ရွက်ထားပါ။သို့မှသာကျန်းမာနိုင်ပါမည်။ ——— Kelvin Albert Power (Nutrition Specialist, Florida, USA)

အပိုင်း(၆)ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ။

Source from Kelvin A. Power’s Facebook on August 13, 2019 ဆီးချိုအမျိုးအစား(၂) ရောဂါကိုဖြစ်ပေါ်စေသည့်အခြေခံအကြောင်းတရားသည်၊နှလုံး၊သွေးတိုး၊အဆုတ်၊ကျောက်ကပ်၊နှလုံးသွေးကြောကျဉ်း၊လေဖြတ်၊လေးဖက်နာ၊ကင်ဆာ၊မိမိ၏ခုခံအားစနစ်မှမိမိ၏ခန္ဓာကိုယ်အားပြန်လည်တိုက်ခိုက်သောရောဂါ(autoimmune-diseases)များ၊အစရှိသောအလုံးစုံသောနာတာရှည်ရောဂါများအားဖြစ်ပေါ်လာစေသည့်အခြေခံအကြောင်းတရားများနင့်တထပ်တည်းကျနေသဖြင့်ယခုဆောင်းပါးအားအပိုင်းများစွာခွဲခြမ်းပြီးအသေးစိတ်ရေးသားနေရခြင်းဖြစ်ပါသည်။ —- ဆီးချိုအမျိုးအစား(၂)ဆိုသည်မှာရောဂါအားလုံး၏အစပျိုးရာမိခင်ကြီးဖြစ်နေသဖြင့်၊ဤရောဂါနင့်တသက်လုံးဖက်တွယ်မထားပဲ၊မပျောက်ပျောက်အောင်သဘာဝနည်းများနှင့်ကုသရပါမည်။ဆရာဝန်ပေးသောဆေးများအားသောက်သုံးလိုက်၊အင်ဆူလင်များထိုးလိုက်နှင့်အသာလေးမှေးနေရမည့်အချိန်မဟုတ်တော့ပါ။အခုသောက်နေသောဆေးများအားရပ်တန့်ပြစ်ရန်နှင့်အင်ဆူလင်ထိုးခြင်းများအားချက်ချင်းရပ်တန့်ပြစ်ရန်ဆိုလိုချင်းလုံးဝမဟုတ်ပါ။လောလောဆယ်အသုံးပြုနေသောဆေးများအားချက်ချင်းကြီးမရပ်ပြစ်ပဲယာယီအားဖြင့်ဆက်လက်၍သုံးစွဲနေရမည်ဖြစ်သော်လည်းရေရှည်တွင်သဘာဝအတိုင်းကျန်းမာလာအောင်နေထိုင်စားသောက်ပြီးဆေးများအားတဖြည်းဖြည်းချင်းလျှော့ချပြစ်ရမည်ဖြစ်ပါသည်။နောက်ဆုံးတွင်မည်သည့်ဆေးကိုမှသုံးစွဲစရာမလိုတော့ပဲပုံမှန်အခြေအနေပြန်လည်ရရှိလာအောင်ကျိုးစားကြရမည်ဖြစ်ပါသည်။ ——— အသဲ၏ (၁)(hepatic gluconeogenesis pathways), (၂)(hepatic de novo lipogenesis pathway), (၃)(hepatic fatty acid oxidation pathway), (၄)(hepatic detoxification pathway), ဟုခေါ်ဆိုအပ်သောအဓိကလမ်းကြောင်းကြီးလေးခုသည်ပုံမှန်အလုပ်မလုပ်တော့ပဲပျက်စီးချွတ်ယွင်းသွားသည့်အတွက်ဆီးချိုအမျိုးအစား(၂)ရောဂါတခုတည်းသာမကပဲ၊ကင်ဆာမှအစပြု၍၊အခြားသောနာတာရှည်ရောဂါအားလုံးမည်သို့မည်ပုံဖြစ်လာရသည်ကိုနောက်ပိုင်းတွင်မိမိကိုယ်တိုင်အသေးစိတ်နားလည်လာပါလိမ့်မည်။သိသင့်သိထိုက်သောအရာများ၊များပြားလွန်းလှသဖြင့်ဤဆောင်းပါးအားအပိုင်းဆက်များစွာခွဲခြား၍ရေးသားနေရခြင်းဖြစ်ပါသည်။ ——- ဤအသိထူးများသည်ဤရောဂါတစ်ခုတည်းအတွက်သာမဟုတ်ပဲနောင်အနာဂါတ်တွင်လည်းမိမိအပေါ်သို့ကျရောက်ဆဲ၊ကျရောက်လတ္တံဖြစ်သောအမျိုးမျိုးအပြားပြားသောရောဂါအပေါင်းအစုများစွာကိုပါကာကွယ်နိုင်ရန်(ဝါ)ကုသနိုင်ရန်အတွက်၊ခဲတစ်လုံးတည်းနှင့်ငှက်တသောင်းအားထိမှန်အောင်ပြစ်ချရမည်ဖြစ်ပါသဖြင့်ဤဆောင်းပါးအားအပိုင်းဆက်များစွာခွဲခြားပြီးအကျယ်ချဲ့ရေးသားနေရခြင်းဖြစ်ပါသည်။ဤဆောင်းပါးပြီးဆုံးသွားပါကရောဂါအားလုံးနီးပါးဖြစ်ပွားလာရသည့်အကြောင်းတရားအားလုံးကိုသေချာနားလည်သိမြင်လာမည်ဖြစ်ပြီးမိမိကိုယ်တိုင်ရောဂါအမျိုးမျိုးဘေးရန်မှလည်းကာကွယ်နိုင်(ဝါ)ကုသနိုင်သကဲ့သို့တပါးသောသူများအားလဲကူညီကယ်တင်နိုင်မည်ဖြစ်ပါသည်။ ————– အပိုင်း(၅)တွင်အင်ဆူလင်ခုခံမှု့သည်သွေးထဲတွင်အင်ဆူလင်အလွန်များနေ၍ဖြစ်သည်ဆိုသောအကြောင်းအရင်းကိုသေချာရှင်းပြခဲ့ပြီးဖြစ်ပါသည်။အင်ဆူလင်ခုခံမှု့သည်ဤရောဂါဖြစ်ပေါ်လာရခြင်း၏အကြောင်းရင်းများစွာအတွင်းမှအဓိကျသောကြောင်းအရင်းတခုသာလျှင်ဖြစ်ပြီး၊အခြားသောအကြောင်းအရင်းများစွာလည်းရှိနေပါသေးသည်။ ——- သွေးထဲတွင်ဂလူးစ်ကို့စ်ခေါ်သကြားဓါတ်များအလွန်များပြားလာပါကမိမိအတွက်အန္တရာယ်ဖြစ်တော့မည်ကိုမိမိခန္ဓာကိုယ်မှကြိုတင်သိရှိသဖြင့်ပန်ခရိယခေါ်အစိတ်အပိုင်းတခုမှချက်ခြင်းအင်ဆူလင်ဓါတ်များထုတ်လုပ်ပေးရပါသည်။ခန္ဓာကိုယ်တွင်ရှိနေသောဆဲလ်များအားလုံးသည်အင်ဆူလင်၏ခိုင်းစေမှုကြောင့်သကြားဓါတ်ကိုဝိုင်းပြီးစုတ်ယူအသုံးပြုကြရပါသည်။ကြွက်သားများတွင်ရှိနေသောတစ်ရှုးများသည်မိမိတို့လည်းချက်ချင်းအသုံးပြုသလိုမိမိတို့တွင်ကိုယ်စီရှိနေကြသောအလွန်သေးငယ်သောသိုလောင်ခန်းလေးများတွင်(ဂလိုင်ဂိုဂျင်)အဖြစ်လည်းသိုလောင်ထားရပါသည်။ထိုသို့သိုလှောင်နိုင်သောပမာဏသည်အလွန်သေးငယ်လှသောကြောင့်မပြောပလောက်ပါ။ ——- အချိန်ကြာလာသည်နှင့်အမျှသကြားဓါတ်သည်အလွန်များပြားလာပြီး၊ဆဲလ်များအားလုံးကလည်းသုံးမကုန်ဖြုန်းမကုန်ဖြစ်လာကာ၊သိုလှောင်ထားသောနေရာများမှာလည်းအားလုံးပြည့်လာသဖြင့်နေရာမကျန်ဖြစ်လာပါတော့သည်။ဤအတိုင်းသာဆက်သွားနေမည်ဆိုပါကသွေးထဲတွင်သကြားဓါတ်အလွန်များလာပြီးအလွန်ကြီးမားသောဆိုးကျိုးအန္တရာယ်အမျိုးမျိုးလည်းမကြာခင်မှာသေချာပေါက်ဖြစ်ပေါ်လာပါတော့မည်။ ————- သွေးထဲတွင်သကြားဓါတ်များပြားလာခြင်းသည်အောက်ဆီဂျင်ကိုသယ်ဆောင်ပေးသောသွေးနီဥများကိုသကြားဓါတ်ဖုံးအုပ်ခြင်း(glycation)များဖြစ်ပေါ်လာစေသဖြင့်ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးသို့အောက်ဆီဂျင်လုံလောက်အောင်ဖြန့်ဖြူးပေးနိုင်ဖို့အလွန်ခက်ခဲလာပါမည်။ဆီးချိုသမားများအသုံးပြုနေသော(Hba1c)တိုင်းတာမှုဆိုသည်မှာတခြားမဟုတ်ပါ၊သွေးထဲတွင်အောက်ဆီဂျင်ကိုသယ်ဆောင်ပေးနေသောသွေးနီဥများကိုကောင်းကောင်းအလုပ်မလုပ်နိုင်စေရန်သကြားဓါတ်ဖုံးအုပ်နေခြင်းပမာဏကိုတိုင်းတာခြင်းသာလျှင်ဖြစ်ပါသည်။(Hba1c)အတိုင်းအတာပိုများလာလေလေအောက်ဆီဂျင်ကိုခန္ဓာကိုယ်အစိတ်အပိုင်းများသို့လုံလောက်စွာမပို့ဆောင်နိုင်လေလေဖြစ်သဖြင့်၊(Hba1c)အတိုင်းအတာသည်သကြားဓါတ်၏ပျမ်းမျှအခြေအနေကိုတိုင်းတာမှုတခုသာမကပဲခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးသို့အောက်ဆီဂျင်လုံလောက်စွာမရရှိနိုင်မှုကြောင့်ပျက်စီးဆုံးရှုံးသွားနိုင်သည့်အလားအလာကိုပါခန့်မှန်းတွက်ချက်နိုင်သည့်အတိုင်းအတာတစ်ခုဟုဆိုလျှင်လည်းမှားမည်မထင်ပါ။ ——— သကြားဓါတ်ကြောင့်သွေးများစေးထိုင်းလာပြီးသွေးကြောများလည်းကျဉ်းမြောင်း၊ပိတ်ဆို့လာပါတော့မည်။အင်္ဂါအစိတ်အပိုင်းအသီးသီးကလည်းအောက်ဆီဂျင်အားအလုံအလောက်မရရှိတော့သဖြင့်ထုံကျင်လာပြီးခြေလက်များပုပ်လာနိုင်ပါသည်။မျက်စိများလည်းကန်းသွားနိုင်ပါသည်။မိမိ၏ခန္ဓာကိုယ်တကိုယ်လုံးတွင်သကြားဓါတ်ကြောင့်မထိခိုက်ပဲလွတ်လပ်နေသောနေရာဆို၍မရှိနိုင်တော့ပဲကြီးစွာဒုက္ခပေးခြင်းခံရပါတော့မည်။ခုခံအားစနစ်ကလည်းအလုပ်မလုပ်နိုင်တော့၍၊ထိခိုက်ဒဏ်ရာရလျင်လဲကုသ၍မရ၊အနာလဲမကျက်နိုင်တော့ပေ။အဆိုးဆုံးမှာဤသကြားဓါတ်များစွာသည်ဆဲလ်များ၏အတွင်းသို့ရောက်ရှိသွားသောအခါအလွန်ကြောက်စရာကောင်းသောဖြစ်စဉ်ဆိုးကျိုးများဖြစ်ပေါ်လာစေနိုင်ပါသည်။ —- ပုံမှန်ထက်အဆမတန်များသောသကြားဓါတ်များသည်ဆဲလ်များ၏အတွင်းပိုင်းသို့ရောက်ရှိသွားသောအခါဆဲလ်များ၏အတွင်းပိုင်းတွင်ရှိသော(mitochondria)ဟုခေါ်သောစွမ်းအင်ထုတ်ပေးသောဌာနတွင်၊နံပါတ်(၁)သကြားဓါတ်အလွန်များပြားလာပြီး၊နံပါတ်(၂)အောက်ဆီဂျင်မလုံလောက်ခြင်းဖြစ်လာပါမည်။ဤအခြေအနေနှစ်ရပ်ကြုံလာပြီဆိုလျင်စွမ်းအင်ထုတ်ပေးသောဌာန(mitochondria)သည်သကြားဓါတ်များကိုအမြန်ဖြုန်းတီးပြစ်နိုင်ရန်အတွက်အခြားရွေးချယ်စရာနည်းလမ်းမရှိတော့သဖြင့်ပုံမှန်ထက်သကြားဓါတ်သုံးစွဲမှု(၉)ဆပို၍များသောကင်ဆာဆဲလ်များကဲ့သိုသကြားဓါတ်များကိုအချည်ဖေါက်သုံးစွဲခြင်း(fermentation) ခေါ်ဆိုးရွားသောလုပ်ငန်းတစ်ခုကိုမလွဲသာမရှောင်သာ၍စတင်ပြုလုပ်ရပါတော့မည်။ ——– သကြားဓါတ်ကိုအချည်ဖေါက်ခြင်းလုပ်ငန်းဆိုသည်မှာပုံမှန်ဆဲလ်များ၏ပုံမှန်လုပ်ငန်းစဉ်မဟုတ်တော့ပဲ၊ကင်ဆာဆဲလ်များ၏လုပ်ရိုးလုပ်စဉ်အလေ့အကျင့်တခုဖြစ်နေသဖြင့်၊ဤသို့အကြိမ်ကြိမ်ကျင့်သုံးပြုလုပ်မှုများပြားလာသောအခါ၊အလေ့အကျင့်တခုလိုဖြစ်သွားပြီး၊ထိုပုံမှန်ဆဲလ်များသည်(cancer gene expression)ဖြစ်စဉ်ဖြစ်ပေါ်လာကာ၊ကင်ဆာဆဲလ်များအဖြစ်သို့အလိုလိုမျိုးရိုးဗီဇပြောင်းလည်းသွားပါသဖြင့်အလွန်ဆိုးရွားသောအခြေအနေတခုသို့ရောက်ရှိသွားနိုင်ပါသည်။ —— ဆဲလ်များသည်ကင်ဆာဆဲလ်များအဖြစ်သို့အလိုလိုပြောင်းလဲသွားရခြင်းဖြစ်ပေါ်လာရုံတင်မကပဲ၊ပြောင်းလဲသွားသည်နှင့်ချက်ခြင်းပင်သကြားဓါတ်များအားအလုံအလောက်ဆက်လက်ရရှိနေသေးသဖြင့်၊(ဝါးဘတ်နိယာမ)၏အကျိုးသက်ရောက်မှု(Warburg’s effect)အရ၊ကင်ဆာဆဲလ်များသည်မည်သို့မျှထိန်းချုပ်၍မရနိုင်လောက်အောင်လျှင်မြန်စွာအကြီးအကျယ်တကိုယ်လုံးဆီသိုပြန့်ပွားသွားပါတော့မည်။နဂိုကပင်သကြားဓါတ်များပြားမှုကြောင့်ပုံမှန်အလုပ်မလုပ်နိုင်ပဲပျက်စီးနေသောမိမိ၏ခုခံအားစနစ်သည်လည်းကင်ဆာဆဲလ်များကိုလျှစ်လျူရှုုနေရုံမှလွဲ၍မည်သို့မှမတတ်နိုင်တော့ပေ။ …

အပိုင်း(၆)ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ။ Read More »

အမှန်တရားဆိုတာနဲနဲခါးတယ်။

Source from Kelvin A. Power’s Facebook on August 13, 2019 အမှန်တရားဆိုတာနဲနဲခါးတယ်။အစပိုင်းမှာဘယ်သူမှအခါးမကြိုက်ကြဘူး။ဆက်ရေးတာတော့ရေးပေးမှာပါ။ကျွန်တော့်အလုပ်ကလက်ရှိလိမ်ညာထားတဲ့အရှင်းရှင်ဆေးပညာနဲ့ဆန့်ကျင်ပြီးအမှန်တရားကိုဖေါ်ထုတ်ရေးသားနေရတာဆိုတော့ရှင်းရှင်းပြောရရင်ရန်သူတော့များတယ်။(References)တွေကကျွန်တော့်ဖက်ကလက်နက်တွေပဲ။ကိုထင်တာကိုစွတ်ရေးလို့မရပါဘူး။(References) တွေကိုလိုက်ရှာဖတ်နေရသေးတယ်။ —- ကိုယ်စကားတလုံးပြောလို့မှားသွားရင်အများဒုက္ခရောက်နိုင်တယ်။စကားတလုံးပြောဖို့ဆိုတာစာအုပ်တွေအများကြီးဖတ်ရပါသေးတယ်။။အတိုက်အခံတွေအချိန်မရွေးဝင်လာနိုင်တယ်ဆိုတာလဲကြိုတင်သိနေလို့သုသေသနအထောက်အထားကခိုင်မာအောင်ရှာထားရပါသေးတယ်။ ——- ကျွန်တော်က၊တယောက်ထဲပါအရင်းရှင်တွေဖက်ကတလှေကြီး။ကျွန်တော့်ကိုလာ(fight)ရင်ဘယ်သူမှကူညီကာကွယ်မပေးနိုင်ဘူး။ကျွန်တော့်ဖက်ကကူညီကာကွယ်ပေးနိုင်တာဆိုလို့သုတေသနအထောက်အထား(References)တွေပဲရှိပါတယ်။ဒါကြောင့်ပို့စ်ပြီးတိုင်းလဲမတင်နိုင်ပါဘူး။(References) တွေရှာဖွေစီစစ်နေရပါသေးတယ်။ ———–

အမှတ်(၂)ဆီးချိုရောဂါ

Source from Kelvin A. Power’s Facebook on August 13, 2019 ဆီးချိုရောဂါဖြစ်လာရင်ပျောက်ချင်လို့ဘာဆေးတွေသောက်သင့်ပါသလဲဆိုတဲ့မေးခွန်းကိုကျွန်တော်စိတ်အပျက်ဆုံးပါ။ —— အမှတ်(၂)ဆီးချိုရောဂါသည်ဆေးသောက်လို့ပျောက်မည့်ရောဂါလုံးဝလုံးဝမဟုတ်ပါ။ဆေးဝါးများကိုသာအားကိုးနေလျင်ပို၍ဆိုးလာမည်မှာလဲသေချာလှပါသည်။အနေအထိုင်အစားအသောက်များအားပြုပြင်ပြောင်းလဲမှသာလျှင်ကောင်းသွားနိုင်ပါမည်။ဆေးများကိုအားကိုးနေသေးလျှင်ဘယ်တော့မှပြန်ကောင်းမလာနိုင်ပဲအဆိုးဖက်ပိုသာဦးတည်သွားမည်ဖြစ်ပါသည်။သောက်နေသောဆေးများကိုချက်ခြင်းဖြတ်ပြစ်ရန်နှင့်ရပ်ဆိုင်းပြစ်ရန်ဟုဆိုလိုခြင်း(လုံးဝ)လုံးဝမဟုတ်ပါ။လာလောဆယ်အသုံးပြုနေသောဆေးများအားချက်ချင်းကြီးမရပ်ပြစ်ပဲယာယီအားဖြင့်ဆက်လက်၍သုံးစွဲနေရမည်ဖြစ်သော်လည်းရေရှည်တွင်သဘာဝအတိုင်းကျန်းမာလာအောင်နေထိုင်စားသောက်ပြီးဆေးများအားတဖြည်းဖြည်းချင်းလျှော့ချပြစ်ရမည်ဖြစ်ပါသည်။နောက်ဆုံးတွင်မည်သည့်ဆေးကိုမှသုံးစွဲစရာမလိုတော့ပဲပုံမှန်အခြေအနေပြန်လည်ရရှိလာအောင်ကျိုးစားကြရမည်ဖြစ်ပါသည်။ထို့ကြောင့်သာဤရောဂါအကြောင်းကိုအပိုင်းဆက်များခွဲခြား၍အကျယ်ချဲ့အသေးစိတ်ရေးသားပေးနေရခြင်းဖြစ်ပါသည်။

မြန်မာပြည်တွင်လူတိုင်းလူတိုင်းအဓိကထားပြီးစားသုံးနေရသည့်(PUFAs)ခေါ် (Polyunsaturated fatty acid)

Source from Kelvin A. Power’s Facebook on August 13, 2019 Omega3ဆိုရင်ကောင်းတယ်။Omega(3,6,9)ဆိုရင်ဂျင်းထည့်ခံရပြီ။ချွင်းချက်(GLA)Omega6မပါ။GLAကရှားတယ်။မြန်မာပြည်က(Omega6)အားလုံးမကောင်းပါ။ — မြန်မာပြည်တွင်လူတိုင်းလူတိုင်းအဓိကထားပြီးစားသုံးနေရသည့်(PUFAs)ခေါ် (Polyunsaturated fatty acid)သည်ခန္ဓာကိုယ်တွင်းတွင်ဆီးချေးအဆိပ်တက်ခြင်း(lipid peroxidation)အဖြစ်နိုင်ဆုံးဖြစ်သည့်အတွက်အန္တရာယ်အများဆုံးအဆီမျိုးဖြစ်ပါသည်။ ———– (PUFAs)ဆီများမှာ၊ပြောင်းဖူးဆီ၊နေကြာဆီ၊ပဲပုတ်စေ့ဆီ၊မြေပဲဆီ၊Vegetable oil ခေါ်ဟင်းသီးဟင်းရွက်ဆီ၊နမ်းဆီ၊မြေပဲဆီ၊တွေဖြစ်ကြပြီး။လူတိုင်းအဓိကထားနေရပါသည်။ ———– ကင်နိုလာဆီ(canola oil)သည်(MUFA=Monounsaturated fatty acid) ဖြစ်သော်လဲအဆိပ်ဖြစ်နေသောအပင်တမျိုးမှလာကာအလွန်အန္တရာယ်များသောဓါတုဗေဒဆေးများသုံးပြီးစစ်ထုတ်ထားရသဖြင့်အဆိုးဆုံးအဆီတမျိုးဖြစ်နေပါသည်။ ———— အခြားဘာမှမရောနောထားသောမြေပဲဆီစစ်စစ်သည်(GLA=GAMMA LINOLENIC ACID)အနည်းငယ်ပါရှိနေသဖြင့်အခြားသောဆီများနှင့်စာလျှင်အနည်းငယ်သက်သာရာရနိုင်ပါသေးသည်။ —— စားအုန်းဆီသည်ထုတ်လုပ်သူကသေချာကောင်းမွန်စွာသဘာဝအတိုင်းထုတ်လုပ်တတ်လျှင်စားသုံးရန်သင့်လျှော်သော်လည်းမြန်မာပြည်တွင်ရှိသောစားအုန်းဆီများသည်မည်ကဲသို့ထုတ်လုပ်ထားသည်ကိုမည်သူမှသေချာမသိနိုင်ပါ။ —— မြန်မာပြည်ကဲ့သို့ဆင်းရဲသောနိုင်ငံတွင်အထက်ပါဆိုးရွားသောဆီများကိုရှောင်ရှား၍ကောင်းမွန်၍ဈေးကြီးသောဆီများကိုလူတိုင်းဝယ်ယူစားသုံးနိုင်ရန်မှာမဖြစ်နိုင်လောက်အောင်ခက်ခဲလှပါသည်။ထို့ကြောင့်ယခုအခါတွင်မည်သည့်ဆီများကိုရှောင်၍မည်သို့သောဆီများကိုပြောင်းလဲ၍စားသုံးကြမည်ဟုအငြင်းပွားနေမည့်အစား။မိမိတို့၏ခန္ဓာကိုယ်တွင်ရှိသောတန်ပြန်အဆိပ်ဖြေမှုစနစ်(antioxidant system)ကိုအင်အားကောင်းလာအောင်(သို့မဟုတ်)ထိုဆိုးရွားသောဆီများကိုကောင်းလာအောင်မည်ကဲ့သို့ပြုပြင်စီရင်ပြောင်းလဲပြစ်ပြီးစားသောက်ရမည်ဆိုသည်မှာပို၍အရေးကြီးသောအဖြေဖြစ်နေပါသည်။ ———- ထိုနည်းလမ်းများကို(ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ) ခေါင်းစဉ်အောက်အပိုင်းဆက်များတွင်ထည့်သွင်းရေးသားပေးပါမည်။

PUFA(Polyunsaturated fatty acids)နှစ်မျိုး(OMEGA 3)နဲ့(Omega 6)

Source from Kelvin A. Power’s Facebook on August 12, 2019 PUFA(Polyunsaturated fatty acids)နှစ်မျိုးရှိတယ်။(OMEGA 3)နဲ့(Omega 6)ပါ။(OMEGA 3)ကရောဂါကာကွယ်ပေးတယ်။(Omega 6)ကတော့ရောဂါဖြစ်စေတယ်။အော်တိုအင်မြူးနဲ့ကင်ဆာရောဂါဟာကုလို့မရဘူးလို့ယုံကြည်ထားကြတယ်။ဒါပေမဲ့(Omega 3)တွေဖြစ်ကြတဲ့(EPA,DHA,ALA)သုံးမျိုးဟာ၊များများပေးရင်အော်တိုအင်မြူးနဲ့ကင်ဆာရောဂါနှစ်ခုလုံးကိုကုနိုင်တယ်။ဒါပေမဲ့ခက်တာက(PUFA)ထဲကအမျိုးအစားတခုဖြစ်နေလို့အသဲထဲမှာ (metabolize)လုပ်ရင်ဒါမှမဟုတ်ဆဲလ်တွေမှာ(metabolize)လုပ်ရင်(lipid peroxidation)ဖြစ်ပြီးပျက်စီးသွားလို့သိပ်များများပေးရင် oxidative stress)ဖြစ်ပြီး(free radicals)တွေများလာလို့အန္တရာယ်ရှိတယ်။ဒါပေမဲ့မိမိရဲ့(antioxidant system)ကိုအရမ်းကောင်းနေအောင်လုပ်ထားနိုင်မယ်ဆိုရင်တော့ဒီ(Omega 3)များများပေးပြီး၊ အော်တိုအင်မြူးနဲ့ကင်ဆာရောဂါတွေကိုအမှန်တကယ်ကယ်တင်ကုသနိုင်မှာပါ။ ——— ဒီဆက်စပ်မှုဟာသိပ်ကိုအရေးကြီးပြီးတန်ဖိုးမဖြတ်နိုင်တဲ့ထူးခြားတဲ့အချက်ပါ။ ———– (၁)(EPA,DHA,ALA)သုံးမျိုးဟာကင်ဆာပျောက်ကင်းနိုင်တယ်ဆိုတာသုသေသနရှိပါတယ်။ဒါပေမဲ့တိရိစ္ဆာန်တွေမှာပါ။ ————- (၂)(EPA,DHA,ALA) (metabolize)လုပ်ရင်(lipid peroxidation)ဖြစ်ပြီးပျက်စီးသွားလို့သိပ်များများပေးရင် (oxidative stress)ဖြစ်ပြီး(free radicals)တွေများလာလို့အန္တရာယ်ရှိတယ်ဆိုတာလူမှာသုသေသနတွေရှိတယ်။ဒါပေမဲ့တချို့တိရိစ္ဆာန်တွေမှာ(oxidative stress)မဖြစ်ဘူး။ ————— (၃)တချို့တိရိစ္ဆာန်တွေမှာ(EPA,DHA,ALA)တွေဟာ(metabolize)လုပ်ရင်(lipid peroxidation)ဖြစ်ပြီးပျက်စီးမသွားနိုင်ပဲ(oxidative stress)ဖြစ်ပြီး(free radicals)တွေများမလာနိုင်ဘူး။ဘာကြောင့်လဲဆိုတော့အဲဒီတိရိစ္ဆာန်တွေရဲ့(antioxidant system)ကအရမ်းကိုကောင်းနေလို့ပါပဲ။ဘာလို့ကောင်းနေလဲဆိုတော့ကျွန်တော်တို့လူခန္ဓာကိုယ်ကမထုတ်ပေးနိုင်တဲ့ဗီတာမင်တွေ(antioxidant)တွေကိုသူတို့ခန္ဓာကိုယ်တွေကအလိုလိုထုတ်ပေးနိုင်လို့ပါပဲ။ ————– အဲဒီဗီတာမင်တွေ(antioxidant)တွေကဘာတွေလဲဆိုတာနောက်တော့သိလာရမှာပါ။ ——— ဒီကနေရလိုက်တဲ့တန်ဖိုးမဖြတ်နိုင်တဲ့အဖြေကတော့ကျွန်တော်တို့တွေရဲ့(antioxidant system)ကိုအရမ်းကောင်းနေအောင်ပြုပြင်လိုက်ပြီး။(Omega 3)တွေများများပေးပြီး၊ရောဂါပေါင်းစုံကိုတိုက်လို့ရတယ်ဆိုတာပါပဲ။ ———– Kelvin Albert Power (Nutrition …

PUFA(Polyunsaturated fatty acids)နှစ်မျိုး(OMEGA 3)နဲ့(Omega 6) Read More »

ရေရှည်စွဲသတ်မယ့်အဆိပ်များ။(PUFAs) Omega 6

Source from Kelvin A. Power’s Facebook on August 12, 2019 ဒီခေတ်မြန်မာနိုင်ငံကြီးမှာလူတွေအားလုံးနီးပါးရောဂါတွေသိပ်ပြီးထူပြောကြတာပဲ။ဘာကြောင့်သိပ်ထူပြောတာလဲဆိုတာသေချာသုသေသနလုပ်ကြည့်တော့။ကမ္ဘာပေါ်မှာမြန်မာနိုင်ငံဟာ(PUFA)ကိုအများဆုံးစားသုံးတဲ့တိုင်းပြည်ဖြစ်နေပါတယ်။ဂလူးကိုစ်(Glucose)နဲ့ဖလူးတို့စ်(fructose)ဆိုတဲ့သကြားနှစ်မျိုးကြောင့်ရောဂါအမျိုးမျိုးဖြစ်တာလူတော်တော်များများသိနေပါပြီ။သူတို့ထက်ဆိုးတဲ့အရာကတော့ များစွာမပြည့်ဝဆီ(PUFA)ပါပဲ။ ——– ပြည့်ဝဆီ(saturated fat)ကိုအသဲထဲမှာ စွမ်းအင်ထုတ်(metabolize)လုပ်ရင်တဆင့်လောက်ပဲလုပ်ရတယ်။ တခုမပြည့်ဝဆီ(MUFA)ကိုအသဲထဲမှာစွမ်းအင်ထုတ်(metabolize)လုပ်ရင်နှစ်ဆင့်လောက်ပဲလုပ်ရတယ်။ဒီလိုစွမ်းအင်ထုတ်လုပ်တိုင်း၊အဆင့်တိုင်းမှာဆီချေးတက်၍အဆိပ်ဖြစ်ခြင်း(lipid peroxidation)ဖြစ်တယ်။အဲဒီဖြစ်စဉ်ကထွက်လာတဲ့ လွတ်လပ်တဲ့ရေဒီယိုသတ္တိကြွပစ္စည်း(free radicals)ဆိုတာခန္ဓာကိုယ်တခုလုံးကိုအကြီးအကျယ်ဒုက္ခပေးတယ်။ပြည့်ဝဆီ(saturated fat)ဟာတစ်ဆင့်ပဲစွမ်းအင်ထုတ်(metabolize)လုပ်ရလို့(lipid peroxidation)တကြိမ်သာလျှင်ဖြစ်တယ်။တခုမပြည့်ဝဆီ(MUFA)ကိုအသဲထဲမှာစွမ်းအင်ထုတ်(metabolize)လုပ်ရင်နှစ်ဆင့်လောက်ပဲလုပ်ရလို့(free radicals)ဆိုတာနှစ်ဆပဲထွက်တယ်။အဲဒီလောက်အဆိပ်သင့်မှု့ကိုခန္ဓာကိုယ်မှာရှိနေတဲ့ တန်ပြန်အဆိပ်ဖြေမှုစနစ်(antioxidant system)ကြီးကကကြိုးစားကိုင်တွယ်ဖြေရှင်းနိုင်သေးတယ်။ များစွာမပြည့်ဝဆီ(PUFA)ကိုကြတော့အသဲထဲမှာစွမ်းအင်ထုတ်(metabolize)လုပ်ရင်ရှစ်ဆင့်လောက်လုပ်ရတော့ လွတ်လပ်တဲ့ရေဒီယိုသတ္တိကြွပစ္စည်း(free radicals)အဆိပ်ရှစ်ခါ၊ရှစ်ဆထွက်လာတယ်။အဲဒီရှစ်ဆကိုတော်ရုံတန်ရုံအဆိပ်ဖြေမှုစနစ်(antioxidant system)တွေကမကိုင်တွယ်မဖြေရှင်းနိုင်တော့ဘူး။မဖြေရှင်းနိုင်တော့(free radical)များလာတယ်။များလာတော့ရောင်ကိုင်းမှု(inflammation)တွေအကြီးအကျယ်ဖြစ်တယ်။(Immune System)ဖောက်ပြန်ပျက်စီးသွားတယ်။ ကင်ဆာ၊နှလုံး၊ဆီးချို၊အသဲ၊မိမိခုခံမှုစနစ်ကမိမိအားမှားယွင်းတိုက်ခိုက်မှု့အစရှိတဲ့(Autoimmune Diseases) အစရှိတဲ့နာတာရှည်ရောဂါအားလုံးရဲ့အဓိကတရားခံဟာ(PUFAs)တွေပါပဲ။ (PUFAs)ဆိုတာရေရှည်စွဲသတ်မယ့်အဆိပ်ပါပဲ။အဲဒီ(PUFAs)တွေနဲ့လွတ်တဲ့ဆီ။လွတ်တဲ့အစားအစာမြန်မာပြည်မှာမရှိတော့ပါဘူး။လုံးဝရှောင်ဖို့ဆိုတာလဲမရနိုင်ပါဘူး။သူကလဲခန္ဓာကိုယ်အတွက်နည်းနည်းလေးတော့လိုအပ်ပါတယ်။သူ့ဆီကထွက်လာမယ့်အဆိပ်သင့်မှု(oxidative stress)ကာကွယ်နိုင်ဖို့မိမိရဲ့တန်ပြန်အဆိပ်ဖြေမှုစနစ်(antioxidant system)ကိုအင်အားကောင်းလာအောင်လုပ်ယူရတော့မယ်။အဲဒါကို***ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ***နောက်ပိုင်းအပိုင်းဆက်တွေမှာအသေးစိတ်ရေးပေးပါမယ်။အခုတော့အကြမ်းပဲမှတ်ထားလိုက်ကြပါ။ —– —–အဓိပ္ပါယ်ဖွင့်ဆိုချက်——— (PUFA)=Polyunsaturated fatty acid=များစွာမပြည့်ဝဆီ။ မပြည့်ဝတော့နေရာလွတ်နေတယ်။နေရာလွတ်နေတော့ လွတ်တဲ့နေရာ(double bond)တွေမှာ(Oxidation)တွေပိုဖြစ်တာပေါ့။ (PUFAs)တွေက၊ပြောင်းဖူးဆီ၊နေကြာဆီ၊ပဲပုတ်စေ့ဆီ၊မြေပဲဆီ၊Vegetable oil ခေါ်ဟင်းသီးဟင်းရွက်ဆီ။နမ်းဆီ။ မြေပဲဆီစစ်စစ်က(GLA)ပါနေလို့နဲနဲလေးတော်သေးတယ်။ ———- (MUFA)= Monounsaturated fatty acid=တစ်ခုမပြည့်ဝဆီ။ တခုမပြည့်ဝတော့တစ်နေရာပဲလွတ်နေတယ်။တစ်နေရာလွတ်နေတော့ …

ရေရှည်စွဲသတ်မယ့်အဆိပ်များ။(PUFAs) Omega 6 Read More »

Autoimmune Diseases)ခေါ်ရောဂါဆိုးများ။

Source from Kelvin A. Power’s Facebook on July 10, 2019   လာမယ့်နှစ်(၂၀)မှာလူတိုင်းနီးပါးဖြစ်လာမယ့်(Autoimmune Diseases)ခေါ်ရောဂါဆိုးများ။စာရှည်တယ်ဆိုပြီးတော့ကျော်မသွားကြပါနဲ့၊အစအဆုံးနားလည်အောင်သေချာဖတ်ပါ၊ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့ဗဟုသုတကတနေ့ခင်ဗျားတို့အသက်ကိုကယ်တင်ပေးလိမ့်မယ်။ ကျော်သွားရင်တော့တနေ့နောင်တရလိမ့်မယ်။အသိနောက်ကျသွားရင်ခင်ဗျားတို့အသက်ကိုဘယ်သူမှမကယ်နိုင်ဘူး။ကင်ဆာရောဂါအကြောင်းကိုတော့လူတိုင်းသိပြီးသား၊ကင်ဆာဖြစ်မှာလဲလူတိုင်းကြောက်ကြပြီးသားပါ။ဒါပေမဲ့ဒီနေ့ကမ္ဘာမှာကင်ဆာထက်ပိုကြောက်စရာကောင်းတဲ့အမည်ဖေါ်မပြနိုင်သေးတဲ့ရောဂါဆန်းတွေအမျိုးမျိုးဖြစ်နေတာကိုတော့လူတွေစိတ်ဝင်စားပုံမရဘူး၊လေ့လာပုံလဲမရဘူး။မျက်ကန်းတစ္ဆေမကြောက်ဆိုတဲ့စကားအတိုင်းကြောက်လဲမကြောက်တတ်ကြဘူး၊ဘယ်ကြောက်မှာလဲသိမှမသိကြတာ။ဘယ်သိမှာလဲလေ့မှမလေ့လာကြတာ။မြန်မာလူမျိုးဆိုတာကလဲသိပ်ခက်တယ်၊ရောဂါတမျိုးမျိုးဖြစ်လာရင်ဆရာဝန်တွေဆီသွားပြီးမိမိကိုယ်ကိုပုံအပ်လိုက်ရင်ကောင်းသွားမယ်လို့တထစ်ချယုံကြည်ထားကြတာ။ဒါပေမဲ့ခက်တာကယနေ့ခေတ်မှာဖြစ်နေတဲ့နာတာရှည်ရောဂါ(Chronic-Diseases)တွေဆိုတာကမြန်မာပြည်ကလိုဆရာဝန်တွေမပြောပါနဲ့ကမ္ဘာ့ဆေးပညာမှာထိပ်ဆုံးရောက်နေတဲ့အမေရိကန်ကဆရာဝန်တွေ၊ဆေးရုံတွေတောင်ကုသလို့မပျောက်ကင်းနိုင်သေးပါဘူး။အမေရိကန်ကဆရာဝန်တွေကိုယ်တိုင်သူများကိုကုပေးဖို့မပြောပါနဲ့၊သူတို့ကိုယ်တိုင်တောင်အဲဒီရောဂါဆိုးတွေနဲ့ပဲနေ့တိုင်းသေနေကြရပါတယ်။အသက်ဆိုတာဉာဏ်စောင့်ပါတယ်။မိမိမှာရောဂါဆိုးတွေမဖြစ်လာဖို့ကဆရာဝန်တွေရဲ့တာဝန်မဟုတ်ဘူး၊မိမိရဲ့တာဝန်ဆိုတာလူတိုင်းနားလည်ဖို့လိုနေပါပြီ။ဆရာဝန်တွေကိုပဲထိုင်အားကိုးနေရင်တော့ဘယ်တော့မှအသက်မရှည်နိုင်ဘူး။ရောဂါဝေဒနာဆိုးတွေနှိပ်စက်မှု့ကိုလဲမသေခင်အလူးအလဲခံစားရဦးမယ်။ခင်ဗျားတို့အသက်ရှည်ကျန်းမာဖို့အသက်ရှည်ဖို့ကဆရာဝန်တွေဆီမှာတာဝန်မရှိပါဘူး၊ခင်ဗျားတို့ကိုယ်တိုင်မှာပဲတာဝန်ရှိနေတာပါ။ဆရာဝန်အများစုကတော့ခင်ဗျားတို့ကျန်းမာဖို့ထက်သူ့မိသားစုကျန်းမာဖို့၊သူ့မိသားစုပိုက်ဆံဖေါဖေါသီသီသုံးနိုင်အောင်ငွေများများရှာပေးနိုင်ဖို့တာဝန်ကပိုပြီးအရေးကြီးနေတယ်ဗျ။ဒီလောက်ပြောရင်သဘောပေါက်ကြမှာပါ။ အခုခေတ်မှာအလွန်ကြောက်စရာကောင်းပြီးကုလို့မရတဲ့၊ရောဂါဆိုးပေါင်းရာနဲ့ချီဖြစ်နေကြပါတယ်။တချို့ကိုတော့အမည်တပ်ပြောနိုင်တယ်။တချို့ကိုတော့ဘာရောဂါမှန်းကိုမသိလို့အမည်တပ်မပြောနိုင်သေးဘူး။အားလုံးကိုခြုံပြီးပြောလိုက်ရင်(Autoimmune Diseases)ဆိုရင်မမှားပါဘူး။(Autoimmune Diseases)ဆိုတာကတမျိုးတည်းလဲမဟုတ်ပါဘူး၊အမျိုးပေါင်းရာနဲ့ချီဖြစ်နေကြတာပါ။မိမိခန္ဓာကိုယ်ရဲ့ရောဂါခုခံကာကွယ်တိုက်ခိုက်မှုစနစ်(Immune System)ကဖောက်ပြန်ပျက်စီးသွားပြီး၊ရောဂါတွေကိုခုခံတိုက်ခိုက်ရမဲ့အစားမိမိခန္ဓာကိုယ်ကအရေးကြီးတဲ့အင်္ဂါအစိတ်အပိုင်းအမျိုးမျိုးတွေကိုတမျိုးပြီးတမျိုးမရိုးရအောင်ပြန်လည်တိုက်ခိုက်လာတာပါ။ မြန်မာလိုဆိုရင်တော့(ခုခံမှုစနစ်ဖေါက်ပြန်ပျက်စီးသွား)တဲ့ရောဂါတွေပေါ့ဗျာ။ယနေ့ကမ္ဘာမှာ(Autoimmune Diseases)အမျိုးပေါင်းအမည်တပ်လို့ရတာက(၈၀)ကျော်၊အမည်တပ်လို့မရနိုင်သေးတာတွေနဲ့ပေါင်းလိုက်ရင်ရာနဲ့ချီဖြစ်နေကြပြီ။အဲဒီရောဂါတွေကိုတမျိုးစီအမည်တပ်နေတာကလဲ၊ခန္ဓာကိုယ်ကဘယ်လိုအစိတ်အပိုင်းကိုပြန်တိုက်ခိုက်ဖျက်ဆီးရင်ဘာရောဂါ၊ဘာလက္ခဏာရှိရင်ဘာရောဂါဆိုပြီးအမည်တပ်ပြောနေကြတာပါပဲ။ဦးနှောဏ်ကိုတိုက်ခိုက်ဖျက်ဆီးနေသလား၊ပန်ကရိယကိုတိုက်ခိုက်ဖျက်ဆီးနေသလား၊အဆစ်အမြစ်တွေကိုတိုက်ခိုက်ဖျက်ဆီးနေသလား၊အဆုတ်ကိုတိုက်ခိုက်ဖျက်ဆီးနေသလား၊သိုင်းရိုက်ကိုတိုက်ခိုက်ဖျက်ဆီးနေတာလား၊စသည်ဖြင့်ဘယ်အင်္ဂါအစိတ်အပိုင်းကိုတိုက်ခိုက်ဖျက်ဆီးနေတာလဲဆိုတာကိုကြည့်ပြီးအမည်အမျိုးမျိုးပေးနေရင်တော့ကုန်မှာမဟုတ်ပါဘူး။ဒီလိုရာနဲ့ချီရှိတဲ့ရောဂါတွေကိုနာမည်လိုက်ပေးနေမဲ့အစား၊ရောဂါတွေစဖြစ်ရခြင်းရဲ့အဓိကအကြောင်းတရားဇစ်မြစ်ကိုသိဖို့ကပိုပြီးအရေးကြီးပါတယ်။ဒါဆိုရင်ရောဂါတခုတည်းတင်မဟုတ်ဘူး၊ရာနဲ့ချီနေတဲ့ရောဂါအားလုံးကနေတပြိုင်တည်းကာကွယ်ပြီးသားဖြစ်မှာပေါ့။ ခင်ဗျားတို့ခန္ဓာကိုယ်ကိုပြင်ပကရောဂါပိုးအမျိုးမျိုးတွေကနေ့စဉ်နေ့တိုင်းတိုက်ခိုက်နေတယ်။ဒါပေမဲ့ခင်ဗျားတို့နေ့တိုင်းရောဂါတွေမဖြစ်ဘူး။ဘာကြောင့်လဲဆိုတော့ခင်ဗျားတို့ရဲ့ရောဂါခုခံမှုစနစ်(Immune System)ကအချိန်တိုင်း၊မိနစ်စက္ကန့်တိုင်းခင်ဗျားတို့ကိုခုခံကာကွယ်ပေးနေလို့ပါ။ရောဂါခုခံမှုစနစ်(Immune System)ကပိုးမွှားတွေသိပ်ပွားများတာမြန်လွန်းလို့မနိုင်တော့ပဲစစ်ကူတောင်းရင်ခင်ဗျားတို့က(antibiotics)လို့ခေါ်တဲ့ပိုးသတ်ဆေးတွေနဲ့(Immune System)ကိုစစ်ကူပေးလိုက်ရင်မကြာခင်ရောဂါတွေပျောက်ကင်းသွားတာပါပဲ။ခင်ဗျားတို့ခန္ဓာကိုယ်မှာနေ့စဉ်သန်းပေါင်းထောင်နဲ့ချီတဲ့ဆဲလ်အဟောင်းတွေသေဆုံးနေကြပြီးသန်းပေါင်းထောင်နဲ့ချီတဲ့ဆဲလ်အသစ်တွေမွေးဖွားပေါက်ပွားနေကြတယ်။ဒီလိုသန်းထောင်နဲ့ချီနေတဲ့ဆဲလ်အသစ်တွေထုတ်လုပ်နေတာဟာဘယ်လိုလုပ်ပြီးရာနုန်းပြည့်မှန်ကန်စွာထုတ်လုပ်နိုင်မှာလဲ။အနည်းငယ်မှားယွင်းမှု၊ပျက်စီးမှု့ရှိတယ်ဆိုတာသဘာဝတရားပဲလေ။နေ့စဉ်နေ့တိုင်းသန်းပေါင်းထောင်နဲ့ချီတဲ့ဆဲလ်အသစ်တွေထဲမှာမှထောင်ပေါင်းများစွာဟာ(DNA)လို့ခေါ်တဲ့မျိုးရိုးဗီဇမှားယွင်းပျက်စီးနေတဲ့ကင်ဆာဆဲလ်တွေမှားယွင်းပြီးပွားများထုတ်လုပ်မိနေတယ်ဗျ။ဒါမေမဲ့လူတိုင်းနေ့တိုင်းကင်ဆာလို့သတ်မှတ်နိုင်တဲ့အဖုအကြိတ်ကြီးတွေထွက်လာပြီးကင်ဆာရောဂါဖြစ်ပြီးသေမသွားကြဘူး၊ဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့ရဲ့ရောဂါခုခံမှုစနစ်(Immune System)က အချိန်တိုင်း၊မိနစ်စက္ကန့်တိုင်းစောင့်ကြည့်နေပြီးမှားယွင်းထုတ်လုပ်မိနေတဲ့ကင်ဆာဆဲလ်တွေကိုမပွားနိုင်ခင်၊ချက်ချင်းသတ်ဖြတ်ဖျက်ဆီးပြစ်နိုင်လို့ပါ။လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကတခုခုမှားယွင်းသွားပြီး၊ ရောဂါခုခံမှုစနစ်(Immune System)ကဖျက်ဆီးပြစ်နိုင်လောက်တဲ့အရေအတွက်ထက်အဆပေါင်းများစွာပိုများတဲ့ကင်ဆာဆဲလ်တွေကိုမှားပြီးထုတ်လုပ်မိမယ်ဆိုရင်တော့အဖုအကြိတ်တွေထွက်ပေါ်လာပြီးကင်ဆာရောဂါစဖြစ်လာရတော့တာပေါ့။ကင်ဆာရောဂါကိုလဲအမျိးမျိုးကုသနေကြပါတယ်။ဓါတ်ရောင်ခြည်နဲ့ကုတာ(Radiation Therapy)တို့၊ကီမိုသရဖီ(Chemotherapy)စသည်တို့ပေါ့၊တခုမှမအောင်မြင်ကြပါဘူး။နောက်ပိုင်းမှာတော့ရောဂါခုခံမှုစနစ်(Immune System)ကိုအားကောင်းအောင်လုပ်ပေးပြီးကုသတဲ့(Immunotherapy)ဆိုတာကပိုပြီးတော့ထိရောက်ပါတယ်။ဒါပေမဲ့ခက်တာကဈေးအလွန်ကြီးပါတယ်။ဒီနေရာမှာအဓိကပြောချင်တာကခုခံအားစနစ်(Immune System)ဆိုတာကပြင်ပကရောဂါတွေဝင်လာရင်လဲခုခံတိုက်ခိုက်ပေးနိုင်သလို၊သူအားကောင်းရင်လဲကောင်းသလိုကင်ဆာဆဲလ်တွေကိုလဲတိုက်ခိုက်ဖျက်ဆီးပြစ်နိုင်တယ်ဆိုတာပါပဲ။ဒါပေမဲ့အဆိုးဆုံးအခြေအနေတခုကအဲဒီပြင်ပကရောဂါတွေ၊ကင်ဆာရောဂါတွေကိုကာကွယ်တိုက်ခိုက်ပေးနေတဲ့ ခင်ဗျားတို့ရဲ့ခုခံအားစနစ်(Immune System)ကတခြားရောဂါတွေရန်က၊နေကာကွယ်ပေးနေမဲ့အစားခင်ဗျာခန္ဓာကိုယ်ကအင်္ဂါအစိတ်အပိုင်းတွေကိုပြန်ပြီးတိုက်ခိုက်ဖျက်ဆီးလာပြီဆိုရင်တော့၊ခင်ဗျာသိပ်ကံဆိုးသွားပြီ၊ဒါဘယ်လိုမှကုမရတော့ဘူး။တခြားရောဂါတွေဖြစ်ရင်၊ဒါမှမဟုတ်ကင်ဆာဖြစ်ရင်၊ခုခံအားစနစ်(Immune System)ကကာကွယ်တိုက်ခိုက်ပေးနိုင်တယ်။သူကိုယ်တိုင်ဖေါက်ပြန်ပျက်စီးသွားပြီးကိုယ့်ကိုပြန်ပြီးတိုက်ခိုက်လာရင်တော့ဘယ်သူကကာကွယ်ပေးနိုင်တော့မှာလဲ။ဒါကြောင့်ကင်ဆာထက်ပိုပြီးကြောက်စရာကောင်းတယ်လို့ပြောတာပေါ့။ဥပမာတစ်ခုပြောရရင်မိမိခုခံအားစနစ်ကမိမိရဲ့အဆုတ်ကိုမှားယွင်းပြီးတိုက်ခိုက်လို့အဆုတ်၊လေအိတ်တွေအတွင်းနံရံမှာအမာရွတ်တွေတက်လာတဲ့ရောဂါဖြစ်ပြီဆိုရင်သေတာပဲ။ဒီခေတ်ဆေးပညာနဲ့လဲဘယ်လိုမှကုလို့မရဘူး။အမေရိကန်မှာတော့အဲဒီရောဂါဖြစ်လာရင်ဆရာဝန်တွေကသားတွေသမီးတွေဆွေမျိုးတွေကိုမှာစရာရှိတာမှာကြားထားပြီးတော့၊သုသာန်မှာမိမိအတွက်မြေနေရာကြိုတင်ဝယ်ထားဖို့ပဲအကြံပေးပါတယ်။ဒါကြောင့်ကင်ဆာထက်ပိုပြီးကြောက်စရာကောင်းတယ်လို့်ပြာနေတာပေါ့။ပြင်ပကရောဂါပိုးမွှားတွေကြောင့်ဖြစ်တဲ့ရောဂါတွေဆိုရင်ပိုးသတ်ဆေး(Antibiotics)တွေနဲ့ကုသလို့ပျောက်ကင်းနိုင်ပါတယ်။မိမိရဲ့ရောဂါခုခံမှုစနစ်ကမိမိကိုပြန်ပြီးတိုက်ခိုက်ဖျက်ဆီးနေပြီဆိုရင်တော့ဘယ်ရောဂါပိုးသတ်ဆေး(Antibiotic )တွေနဲ့မှလဲကုသလို့မရပါဘူး။ကုရာနတ္တိဆေးမရှိပါ။အဆိုးဆုံးကခုခံမှုစနစ်ရဲ့ဆဲလ်တစ်ခုစီတွေထဲမှာမှတ်ဉာဏ်စနစ်(Memory)ပါနေတာပါပဲ။မိမိရဲ့အင်္ဂါအစိတ်အပိုင်းတွေကိုတခါတလေလောက်မှားယွင်းတိုက်ခိုက်ခဲ့ဖူးရင်မှတ်ဉာဏ်တွေမှာအမှားကိုအမှန်အဖြစ်အသေမှတ်ထားလိုက်တော့နောက်ပိုင်းမှာမှတ်ထားတဲ့အတိုင်းမိမိရဲ့အင်္ဂါအစိတ်အပိုင်းတွေအမျိုးမျိုးကိုဆက်ပြီးတိုက်ခိုက်နေတော့တာပါပဲ။ဒီလိုဆိုတော့ဒီရောဂါမျိုးဖြစ်လာပြီဆိုရင်ဘယ်လိုကုမှာလဲ?ခုခံမှုဆဲလ်တလုံးခြင်းဆီကမှတ်ဉာဏ်အမှားကြီးတွေကိုဘယ်လိုလိုက်ပြီးဖျက်ပြစ်လို့ရနိုင်မှာလဲ?ဒီဆဲလ်တွေသက်တန်းစေ့လို့သေသွားရင်လဲနောက်မျိုးဆက်သစ်ဆဲလ်အသစ်တွေကိုထပ်ပြီးမှတ်ဉာဏ်အမှားကြီးတွေလက်ဆင့်ကမ်းခဲ့ကြသေးတယ်။မိမိခုခံမှုဆဲလ်တွေကိုပိုးသတ်ဆေးတွေနဲ့အကုန်သတ်ပြစ်လို့ကောရနိုင်မှာတဲ့လား?အဲဒါဆိုရင်တော့မိမိကခုခံမှုစနစ်မရှိတော့ပဲ(AIDS)သို့(HIV)ရောဂါသယ်တွေထက်ပိုဆိုးသွားလိမ့်မယ်၊ဘာရောဂါဝင်လာဝင်လာမကာကွယ်နိုင်တော့ဘူး၊သေမှာပဲ။(Autoimmune Diseases)ဆိုတာကကုရာနတ္တိဆေးမရှိပါ။အမေရိကန်မှာလဲမရှိပါဘူး၊ကမ္ဘာပေါ်မှာလဲမရှိပါဘူးနောက်လဲဘယ်တော့မှရှိလာမယ်မထင်ပါဘူး။အကောင်းဆုံးနည်းကတော့ကြိုတင်ကာကွယ်ဖို့ပဲရှိပါတယ်။ဘယ်လိုကာကွယ်ရမှာလဲ?ဒီအဖြေကသိရင်လွယ်လွယ်လေးပါ၊ဒါဟာလူတိုင်းအတွက်တကယ့်ကိုတန်ဖိုးမဖြတ်နိုင်တဲ့အသိထူးပါ။ အရင်ဦးဆုံးဘာကြောင့်မိမိကိုယ်ကိုယ်ပြန်တိုက်ခိုက်တဲ့ရောဂါ(Autoimmune Diseases)ဖြစ်ရတယ်ဆိုတဲ့အကြောင်းတရားအစစ်အမှန်ကိုသိဖို့တော့လိုအပ်ပါတယ်။ဒါမှကာကွယ်နိုင်မှာလေ။ ဘာကြောင့်ဒီလိုမိမိရဲ့ခုခံမှုစနစ်ကဖောက်ပြန်သွားပြီးမိမိကိုလွဲမှားတိုက်ခိုက်မှု(Immune system malfunction)ဖြစ်ရသလဲလို့မေးရင်အကြောင်းရင်းအမှန်ကတော့(Inflammation)လို့ခေါ်တဲ့ကိုယ်အတွင်းပိုင်းရောင်ရမ်းမှုကြောင့်ပါပဲ။ဒီနေရာမှာရောင်ရမ်းတယ်ဆိုတာခြေတွေလက်တွေတုတ်ခိုင်ပြီးဖေါသွပ်ယောင်ကိုင်းလာတာကိုဆိုလိုချင်တာမဟုတ်ပါဘူး။ယောင်ရမ်းတယ်ဆိုတာဆံခြည်မျှင်သွေးကြောနံရံမှာရှိတဲ့သေးငယ်တဲ့ဆဲလ်လေးတွေ၊ပြီးတော့ခန္ဒာကိုယ်အစိတ်အပိုင်းအသီးသီးမှာရှိနေကြတဲ့အသေးငယ်ဆုံးဆဲလ်တွေထဲမှာရောင်ရမ်းတာ(Cellular level inflammation)ကိုဆိုလိုတာပါ။ဒီနေရာမှာမိမိခြေတွေလက်တွေဖေါသွတ်ယောင်ကိုင်းမှုမရှိတာကိုကြည့်ပြီးတော့ကိုယ်ကတော့(Inflammation)မဖြစ်ဘူးလို့မှားယွင်းပြီးမယူဆလိုက်မိဖို့အလွန်အရေးကြီးပါတယ်။ဒီခေတ်မှာဆရာဝန်တွေအပါအဝင်လူတိုင်းအကုန်လုံးယောင်ရမ်းမှု(Inflamation)ဖြစ်နေကြတာကြီးပါပဲ။မဖြစ်တဲ့လူဆိုတာတစ်ယောက်မှကိုမရှိပါဘူး။သိတာနဲ့မသိတာပဲကွာတာပါ။လူတိုင်း၊လူတိုင်းမှာရောင်ရမ်းမှု(Inflammation)တွေဆက်တိုက်၊ဆက်တိုက်နေ့စဉ်ဖြစ်နေတာပါပဲ။ဘာကြောင့်လဲဆိုတော့(Inflammation)ဆိုတာက(Immune system)ရဲ့အလုပ်လုပ်ပုံအစိတ်အပိုင်းတခုပဲလေ။ပြင်ပကရောဂါပိုးမွားတွေမိမိခန္ဓာကိုယ်ကိုဝင်ရောက်တိုက်ခိုက်ရင်မိမိခန္ဓာကိုယ်ကပထမဆုံးတုန်ြ့ပန်တာကယောင်ရမ်းမှုပါပဲ။ယောင်ရမ်းပြီဆိုတော့မှမိမိရဲ့ခုခံအားစနစ်(Immune System)ကရောဂါပိုးတွေကိုစတင်တိုက်ခိုက်ဖို့အသက်ဝင်လာရတာပါ။ဒီလိုသဘာဝအတိုင်းရောဂါခုခံကာကွယ်ဖို့ယောင်ရမ်းတာကိုယာယီယောင်ရမ်းမှု(Acute Inflammation)လို့ခေါ်ပါတယ်။အန္တရာယ်မရှိတဲ့သဘာဝရောဂါခုခံမှုစနစ်ပါ။ဒီလိုယာယီယောင်ရမ်းမှုမရှိရင်ရောဂါတွေကိုလဲမခုခံမကာကွယ်နိုင်ပါဘူး။ဒါပေမဲ့ဆိုးတာကတစ်ပါတ်၊နှစ်ပါတ်လောက်ကြာရင်အဲဒီယောင်ရမ်းမှုတွေကပပျောက်သွားရမှာမပျောက်သွားပဲဆက်ကျန်ရှိနေတာကအဆိုးဆုံးပါပဲ။အဲဒါကိုအလွန်ကြောက်စရာကောင်းတဲ့ရေရှည်ယောင်ရမ်းးမှု(Chronic Inflammation)လို့ခေါ်ပါတယ်။ရောဂါပိုးတွေကုန်သွားပြီးတဲ့အချိန်မှာအရောင်ကျသွားရမှာမကျပဲဆက်ယောင်နေတော့(Immune System)ကရောဂါပိုးတွေတိုက်စရာမရှိတော့လို့မိမိကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုရန်သူထင်ပြီးဆက်ပြီးတိုက်ခိုက်ဖျက်ဆီးပြစ်နေတော့တာပေါ့။မိမိ၏ခုခံမှုစနစ်ကမိမိအင်္ဂါအစိတ်အပိုင်းတွေကိုဆက်ပြီးတိုက်ခိုက်ဖျက်ဆီးပြစ်တာကြိမ်ဖန်များလာတော့ခုခံမှုစနစ်ရဲ့မှတ်ဉာဏ်စနစ်တွေထဲမှာမိမိကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုရန်သူတွေလို့မှားယွင်းပြီးအသေမြုတ်နှံမှတ်သားထားလိုက်ကြပါတယ်။နောင်အခါမှာမိမိအင်္ဂါအစိတ်အပိုင်းလား၊ပြင်ပကဝင်လာတဲ့ပိုးမွှားလားဆိုတာကောင်းကောင်းမခွဲခြားတတ်တော့ဘူးပေါ့။နောက်ပိုင်းမှာရေရှည်ရောင်ကိုင်းမှု(Chronic Inflammation)ကြောင့်ခုခံမှုစနစ်(Immuse System)ဟာဖေါက်ပြန်ပျက်စီးးသွားပြီး၊ရောဂါပိုးမွှားတွေကိုတိုက်ခိုက်ရမဲ့အစားမိမိကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုတမျိုးပြီးတမျိုးမရိုးရအောင်လိုက်ပြီးတိုက်ခိုက်၊ဒုက္ခပေးနေတော့တာပါပဲ။အဲဒီလိုဆိုတော့မိမိမှာအမည်မဖေါ်နိုင်တဲ့ရောဂါဆန်းတွေတခုပြီးတခုအဆက်မပြတ်ဖြစ်နေတော့တာပေါ့။ ခက်တာကဒီလိုအလွန်ကြောက်စရာကောင်းပြီးကုသလို့မရနိုင်တဲ့အမျိုးပေါင်းရာနဲ့ချီတဲ့(Autoimmune Diseases)ကဒီ(၂၁)ရာစုခေတ်မှာကြိုတင်မကာကွယ်ထားတဲ့လူတိုင်းမှာတနေ့ဖြစ်ကိုဖြစ်လာရမှာရာနုန်းပြည့်နီးပါးကိုသေချာနေပါတယ်။ခြိမ်းခြောက်နေတာလုံးဝမဟုတ်ပါဘူး၊အမှန်တရားပါ။ကြိုတင်ကာကွယ်ထားတဲ့လူအနည်းစုလေးကလွဲရင်လူတိုင်းလူတိုင်းမှာရောဂါရဲ့ရှေ့ပြေးလက္ခဏာဖြစ်တဲ့ကိုယ်တွင်းယောင်ရမ်းမှုလက္ခဏာ(inflammation marker)ကလူတွေအားလုံးနီးပါးမှာတွေ့နေရပါပြီ။ခင်ဗျားတို့မယုံရင်(hs-CRP-blood-test)လုပ်ကြည့်နိုင်ပါတယ်။တကယ်လို့(hs-CRP)တန်ဖိုး(1.0)အောက်ရောက်နေရင်တော့ခင်ဗျားတို့ကိုယ်မှာ(Inflammation)မဖြစ်ပါဘူးလို့ဆိုချင်ဆိုနိုင်ပါတယ်။ဒါပေမဲ့(hs-CRP)တန်ဖိုးဆိုတာကတမင်ကြိုတင်မကာကွယ်၊မလုပ်ယူထားပဲနဲ့(1.0)အောက်ရောက်နေတဲ့ပုဂ္ဂိုလ်ဆိုတာအလွန်ကိုရှားပါးလှပါတယ်။လူတိုင်းလူတိုင်းက(1.0)ထက်များနေကြတာပါပဲ။တချို့(Inflammation)အမျိုးအစားတွေက(hs-CRP-marker)မှာမပေါ်လို့တိုင်းတာလို့မရသေးပါဘူး။အကောင်းဆုံးတိုင်းတာနည်းကတော့အိုမီဂါ(၆)နဲ့အိုမီဂါ(၃)အချိုးအစား(Omega6 to Omega3 …

Autoimmune Diseases)ခေါ်ရောဂါဆိုးများ။ Read More »

(A type)(Flu strains) (H1N1,H3N2နှင့်H5N1)

Source from Kelvin A. Power’s Facebook on August 11, 2019 အရေးပေါ်အခြေအနေသတိပေးခြင်း။ အလွန်ကြောက်စရာကောင်းသောအသက်အန္တရာယ်ရှိသည့်တုတ်ကွေးအမျိုးအစား(A type)(Flu strains) (H1N1,H3N2နှင့်H5N1),သုံးမျိုးစလုံးမြန်မာပြည်မှာတွေ့နေရပါပြီ။အဲဒီသုံးမျိုးပေါင်းသွားရင်(genetic mutation)တွေဖြစ်ပြီးအသစ်တစ်မျိုး၊ဒါမှမဟုတ်နှစ်မျိုး၊သုံးမျိုးလောက်ဖြစ်လာနိုင်ပါတယ်။အဲဒီဖြစ်လာမယ့်အလွန်ကူးစက်ပြန့်ပွားလွယ်တဲ့တုတ်ကွေးအတွက်၊ကာကွယ်ဆေးကမ္ဘာပေါ်မှာမရှိသေးမပေါ်သေးပါ။ကုသသည့်ဆေးလဲမရှိသေးမပေါ်သေးပါ။ဒီတုတ်ကွေးတွေဟာအလွန်အသက်အန္တရာယ်ကြီးမားပါသည်။ဒီတုတ်ကွေးပိုးတွေကြောင့်အဆုတ်ယောင်(lung inflammation)ဖြစ်လာနိုင်ပြီး၊(pneumonia)အဆုတ်ယောင်ရောဂါရလာကာအဆုတ်ယောင်ရောဂါကြောင့်အသက်ဆုံးရံှုးနိုင်ပါသည်။မြန်မာပြည်ကြီးလဲကပ်ဆိုက်နေသလားလို့ထင်ရလောက်အောင်သဘာဝဘေးအန္တရာယ်ဆိုးများကြုံနေရပါသည်။ယခုတဖန်ကူးစက်ရောဂါဆိုးများဝင်လာလျှင်တော့မလွယ်လှပါ။တခြားနိုင်ငံများကဲ့သို့မိမိတို့၏အစိုးရကိုထိုင်ပြီးအားကိုးနေလျှင်မိမိသာဒုက္ခရောက်ပါမည်။ဒီအချိန်မှာအစိုးရအနေနှင့်လဲဘာမှလုပ်ပေးနိုင်လိမ့်မည်မထင်ပါ။ ——- အသက်ရှုလမ်းကြောင်းမှကူးစက်ခြင်းဖြစ်သဖြင့်အပြင်သွားသူတိုင်းမျက်နာတွင်(Mask)များအုပ်ထားကြရန်အရေးတကြီးလိုအပ်နေသလို။မိမိ၏ခုခံအားစနစ်အားကောင်းနေစေရန်ပြင်ဆင်ထားဖို့လဲလိုအပ်နေပါသည်။ကာကွယ်ဆေးထိုးထားလဲကာကွယ်မည်မဟုတ်ပါ။ကုသရမည့်ဆေးလဲမရှိသေးပါ။ဖြစ်လာမှတော့ဘာမှလုပ်မပေးနိုင်ပါ။အကောင်းဆုံးကြိုတင်ကာကွယ်နည်းမှာ ——— တုတ်ကွေးမိမိပါတ်ဝန်းကျင်သို့မလာမီကြိုတင်၍ (1)Vitamin D3,5000 IU နေ့စဉ်သောက်ပေးပါ။ (2) Bioflavonoids 100mg နေ့စဉ်သောက်ပေးပါ။ (3) Zinc, 10mg နေ့စဉ်သောက်ပေးပါ။ (4) Rose Hips (fruit Extract) 10mg နေ့စဉ်သောက်ပေးပါ။ (5) Ascorbic acid (Vit C ) 2000 mg နေ့စဉ်သောက်ပေးပါ။ (6)Omega-3, Fish oil=2000mg နေ့စဉ်သောက်ပေးပါ။ ———— ကလေးတွေအတွက် …

(A type)(Flu strains) (H1N1,H3N2နှင့်H5N1) Read More »

အပိုင်း(၅)။ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ။

Source from Kelvin A. Power’s Facebook on August 10, 2019 လောကမှာလူရယ်လို့ဖြစ်လာရင်၊မိမိရဲ့တာဝန်ကမိမိရဲ့အစွမ်းအစကြောင့်မိမိနဲ့နီးစပ်ရာပါတ်ဝန်းကျင်အသိုင်းအဝိုင်းတွေကိုကောင်းကျိုးပြုနိုင်အောင်လုပ်ဆောင်ရပါတယ်။ရှင်းရှင်းပြောရရင်ခွေးလေးတွေ၊ကြောင်လေးတွေတောင်မှသူ့ပါတ်ဝန်းကျင်သူ့အသိုင်းအဝိုင်းအတွက်တာဝန်ကျေပြွန်ရသေးတယ်။ခွေးလေးတွေကကိုယ့်ပါတ်ဝန်းကျင်၊ကိုယ့်အသိုင်းအဝိုင်းကိုလူဆိုးသူခိုးတွေမဝင်အောင်ကာကွယ်စောင့်ရှောက်ပေးရတယ်။ကြောင်လေးတွေကကိုယ့်သခင်ရဲ့ပစ္စည်းတွေကိုကြွက်တွေမဖျက်စီးနိုင်အောင်တာဝန်ယူရတယ်။နွားတွေကလယ်ထွန်ပေးရတယ်။နွားနို့ချပေးရတယ်။ဝက်တွေကတော့သူစားထားတဲ့အစာကိုအသားနဲ့ပြန်ပေးဆပ်ရတယ်။အသိဉာဏ်မရှိတဲ့တိရိစ္ဆာန်တွေတောင်ကိုယ့်ပါတ်ဝန်းကျင်ကိုယ့်အသိုင်းအဝိုင်းကိုအကျိုးပြုရသေးတယ်ဆိုရင်၊ကျွန်တော်တို့တွေလိုအသိဉာဏ်ရင့်ကျက်နေတဲ့လူတွေကြတော့ပြောနေဖို့လိုမယ်မထင်ပါဘူး။လောဘ၊ဒေါသ၊မောဟ၊တွေဖုံးလွမ်းပြီးတော့အရင်းရှင်ဆန်ဆန်၊တကိုယ်ကောင်းဆန်ပြီး၊ဘယ်သူသေသေ၊ငါမသေရင်ပြီးရောဆိုတဲ့စိတ်ထားနဲ့မတရားစီးပွားရှာနေကြမယ်ဆိုရင်တော့အသိဉာဏ်မဲ့တဲ့တိရိစ္ဆာန်တွေလောက်တောင်မှကြည်ညိုလေးစားစရာမကောင်းတဲ့လူ့တိရိစ္ဆာန်တွေဖြစ်သွားမယ်ဆိုတာတော့လူတိုင်းသတိထားမိဖို့လိုပါတယ်။ ——– ဒီနေရာမှာအထူးပြောချင်တာကဒီစာကိုဖတ်နေတဲ့လူတွေဟာမိမိကိုမိမိအပေါ်ယံသဘောနဲ့စာဖတ်နေတာမဟုတ်ပဲ၊အများအကျိုးပြုနိုင်မယ့်ပညာရပ်တစ်ခုကိုလေ့လာသင်ကြားနေသကဲ့သို့သဘောထားပြီးသေသေချာချာနားလည်အောင်ဖတ်သင့်ပါတယ်။မိမိရဲ့ပရဟိတစိတ်ဓါတ်ကိုရှေ့တန်းတင်ထားပြီးသေချာဂရုစိုက်လေ့လာသင်ကြားမယ်ဆိုရင်အမှန်တကယ်နားလည်တတ်ကျွမ်းလာပြီးမိမိသိလာတဲ့အတတ်ပညာနဲ့မိမိပါတ်ဝန်းကျင်ကိုမျှဝေပေးနိုင်မှာ၊တကယ်ဒုက္ခရောက်နေတဲ့လူတွေရဲ့အသက်ကိုကယ်တင်အကျိုးပြုနိုင်မှာဖြစ်ပါတယ်။ဒီလိုအသိပညာတွေကိုပြန့်ပွားစေချင်တဲ့ရည်ရွယ်ချက်နဲ့အပင်ပန်းခံ၊အချိန်ကုန်ခံပြီးအသေးစိတ်ရေးပေးနေရတာပါ။ ——- နောက်ပိုင်းတွေမှာပညာရှင်ဆန်ဆန်ရေးရင်ဘယ်သူမှနားမလည်ပဲရှုပ်ထွေးသွားမှာစိုးလို့ကျွန်တော(Biochemistry terms)တွေသိပ်မသုံးပဲ၊လူတိုင်းနားလည်အောင်ရေးပေးချင်ပါတယ်။ဆိုလိုတာက(Biochemists) ပညာရှင်တွေအတွက်ရေးနေတာမဟုတ်ပဲသာမာန်ရိုးရိုးလူတွေနားလည်အောင်ရေးပေးနေရတာဖြစ်လို့မြန်မာလူမျိုးတိုင်းရိုးရိုးရှင်းရှင်းလေးနားလည်အောင်ရေးပေးပါရစေ။တကယ်လို့မိမိကပညာရှင်တစ်ယောက်ဖြစ်လို့အသေးစိတ်ဖတ်ရှုလေ့လာချင်ပါတယ်ဆိုရင်တော့ကျွန်တော်အင်္ဂလိပ်လို(References)တွေပေးထားပါမယ်။(Google Scholar)တွေမှာရှာဖတ်ကြပါ။ ———-ကဲအားလုံးကျွန်တော်နဲ့အတူအသဲအကြောင်းကိုဆက်ပြီးလေ့လာကြမယ်ဗျာ။အပိုင်း(၄)အရတော့အသဲကိုအဓိကထားပြီးကုသရတော့မယ်ဆိုတာသေချာသွားပြီး။အင်ဆူလင်ဆိုတာဘာလဲ။အင်ဆူလင်ခုခံမှု့ဆိုတာကရောဘာလဲဆိုတာဆက်လေ့လာကြရအောင်ဗျာ။ ——————— လူ့ခန္ဒာကိုယ်မှာဆဲလ်တွေတစ်ရှုးတွေအမျိုးအစားပေါင်းထောင်နဲ့ချီရှိနေကြတယ်။အဲဒီဆဲလ်တွေတစ်ရှုးတွေအဓိကထားသုံးနိုင်တဲ့စွမ်းအင်တွေကအဓိကအားဖြင့်၊အဆီ(fatty acid)၊သကြားဓာတ်(Glucose) နဲ့ကီတုံးဘာ်ဒီစ်(Ketone bodies)လို့ခေါ်တဲ့ထူးခြားတဲ့စွမ်းအင်ဆိုပြီးသုံးမျိုးရှိကြပါတယ်။ဦးနှောက်နဲ့၊သွေးနီဥဆဲလ်(Cell)တွေကလွဲလို့တခြားခန္ဒာကိုယ်ကအစိတ်အပိုင်းတွေကဆဲလ်တွေဟာစွမ်းအင်သုံးမျိုးစလုံးကိုသုံးစွဲနိုင်ကြပါတယ်။ဦးနှောက်နဲ့၊သွေးနီဥတို့ရဲ့ဆဲလ်တွေဟာအဆီကိုမသုံးစွဲနိုင်ကြပါဘူး။အဆီတွေဟာဦးနှောက်နဲ့သွေးကြောကြားမှာဇကာလိုခံထားတဲ့ကြားခံနယ်(Blood brain barrier)ကိုကျော်ဖြတ်မသွားနိုင်လို့ဦးနှောက်ဟာအဆီတွေကိုမသုံးနိုင်ဘူးလို့ပညာရှင်တွေကဆိုပါတယ်။ဦးနှောက်ဟာသကြားဓာတ်(Glucose)ရယ်၊ကီတုံး(Ketone)ရယ်နှစ်မျိုးပဲသုံးလို့ရပါတယ်။သွေးနီဥဆဲလ်တွေကြတော့အဆီနဲ့ကီတုံးကိုစွမ်းအင်(ATP)ပြောင်းပေးတဲ့စွမ်းအင်ထုတ်စက်(mitochondria)မရှိကြဘူး။မရှိတော့တခြားစွမ်းအင်လုံးဝမသုံးနိုင်ပဲသကြားဓာတ်(Glucose)တမျိုးတည်းကိုပဲသုံးစွဲနေရပါတယ်။ ————— ဦးနှောက်ကသုံးနိုင်တဲ့ကီတုံးဆိုတာကလဲအင်ဆူလင်သွေးထဲမှာနည်းနည်းလေးရှိနေရင်တောင်အသဲကထုတ်လုပ်မပေးနိုင်ပါဘူးဆိုတော့သွေးထဲမှာကီတုံးမရှိနေတဲ့အချိန်တွေပဲများပါတယ်။ဆိုလိုတာကသွေးထဲမှာမတော်တဆသကြားဓါတ်အလွန်နိမ့်ကျသွားရင်ဦးနှောက်နဲ့သွေးနီဥတွေအကုန်လုံးဒုက္ခရောက်သွားနိုင်တယ်။ဦးနှောက်နဲ့သွေးနီဥဟာသကြားဓါတ်ကိုအဓိကအားထားနေရလို့သူတို့ကိုဦးစားပေးရတော့မယ်ဆိုတော့ခန္ဓာကိုယ်ရဲ့တခြားသောအင်္ဂါအစိတ်အပိုင်းတွေကိုသကြားဓါတ်နည်းနေတဲ့အချိန်အခါမှာအင်ဆူလင်ရဲ့ခွင့်ပြုချက်မရပဲသုံးစွဲခွင့်မရအောင်ကန့်သတ်ထားခံရပါတယ်။ဦးနှောက်နဲ့သွေးနီဥတွေအတွက်ဦးစားပေးပြီးချန်ထားပေးရတဲ့သဘောပါ။ဒါပေမဲ့အဆီဓါတ်ကိုတော့ခွင့်ပြုချက်မလိုပဲအချိန်မရွေးသုံးစွဲနေလို့ရပါတယ်။ ————- မိမိကသကြားဓါတ်ခေါ်ကာဗိုဟိုက်ဒရိတ်ကိုစားလို့ပဲဖြစ်ဖြစ်၊အသဲကသကြားဓါတ်ထုတ်လုပ်ပေးလို့ပဲဖြစ်ဖြစ်၊သွေးထဲမှာသကြားဓါတ်တွေတက်လာရင်ပန်ခရိယရဲ့တာဝန်က၊သကြားဓါတ်ရဲ့ပမာဏအနဲအများကိုချင့်ချိန်ပြီးအင်ဆူလင်ဟော်မုန်းကိုအနည်းအများလိုသလောက်တိတိကျကျလေးသွေးထဲကိုထုတ်လွတ်ပေးရပါတယ်။အင်ဆူလင်ရဲ့အလုပ်ကဂလူးကို့စ်ကိုဆဲလ်တွေထဲရောက်အောင်တွန်းပို့ပေးရပါတယ်။အဲဒီလိုသွေးထဲမှာသကြားဓါတ်တက်လာပြီဆိုရင်ပုံမှန်ပြန်ကျသွားသည်အထိအင်ဆူလင်ရဲ့ခိုင်းစေမှုနဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံးကဝိုင်းပြီးသကြားဓါတ်သုံးပေးကြရသလို၊သုံးပြီးမကုန်တဲ့၊သကြားဓါတ်တွေကိုတော့အသဲကတာဝန်ယူပြီးအသဲမှာဂလိုက်ကိုဂျင်အဖြစ်သိုလှောင်ပေးထားရပါတယ်။ပိုနေသေးရင်လဲအဆီအဖြစ်ပြောင်းလဲပေးရပါတယ်။ ————– အသဲကဘာလို့အင်ဆူလင်ခိုင်းတာကိုမလုပ်၊မလိုက်နာတော့ပဲဆန့်ကျင်နေရတာလဲ။ဘာကြောင့်အင်ဆူလင်ကိုခုခံမှု (Insulin resistant)ဖြစ်နေရတာလဲဆိုရင်၊အရင်ဆုံးခုခံမှု(resistant)ဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်သဘောတရားကိုသေချာနားလည်ဖို့လိုအပ်ပါတယ်။ဘာကြောင့်အသဲအပါအဝင်မိမိရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကအင်ဆူလင်ကိုခုခံမှု့ဖြစ်နေရသလဲလို့မေးရင်ဆေးပညာရှင်တွေအကြီးအကျယ်အငြင်းပွားနေကြပါတယ်။တချို့ကအဆီတွေကအင်ဆူလင်ကိုလက်ခံတဲ့လမ်းကြောင်းမှာပိတ်လို့တဲ့တချို့ကသွေးထဲမှာသကြားဓါတ်များလို့တဲ့။ဒီနေရာမှာလောကကြီးရဲ့သဘောတရားနိယာမတစ်ခုကိုသေချာမသိလို့သာအငြင်းပွားနေကြရတာပါ။ဒီနေရာမှာဆေးပညာနဲ့ရှင်းပြဖို့သိပ်ခက်ပါတယ်။မြင်လွယ်အောင်အင်ဂျင်နီယာပညာရပ်နဲ့ရှင်းပြပါရစေ။ ——- လျှပ်စစ်အင်ဂျင်နီယာပညာရပ်မှာအုန်း(စ်)လော(Ohm’s law)ဆိုတာရှိပါတယ်။(E=IR)ပေါ့။ ခက်လာပြီဆိုတော့သေချာလေးအာရုံစိုက်ဖတ်ကြပါ။အုန်း(စ်)လောကဘာကိုဆိုလိုချင်တာလဲဆိုတော့၊*****(ပုံမှန်စီးဆင်းနေတဲ့လျှပ်စစ်စီးဆင်းမှု့တခုကိုလိုချင်ရင်၊ဗို့အားလို့ခေါ်တဲ့လျှပ်စစ်ဖိအားများလာတိုင်းခုခံမှုကိုတိုးတိုးပေးရမယ်တဲ့)*****ဒီသီအိုရိကသိပ်အဓိပ္ပါယ်ရှိပါတယ်။ဆိုလိုတာကလျှပ်စစ်အင်ဂျင်နီယာပညာရပ်မှာမိမိရဲ့အဖိုးတန်စက်ပစ္စည်းတစ်ခုကိုမပျက်စီးမလောင်ကျွမ်းပဲအလုပ်လုပ်နိုင်ဖို့ပုံမှန်လျှပ်စစ်စီးဆင်းမှု့တခုကိုအမြဲလိုချင်နေတယ်ဆိုရင်လျှပ်စစ်ဖိအားဆိုတဲ့(ဗို့အား)များလာတိုင်းခုခံမှု့ကိုတိုးတိုးပေးရတယ်လေ။တစ်ကယ်တော့အုန်း(စ်)လောဆိုတာလျှပ်စစ်အင်ဂျင်နီယာတွေအတွက်ဘောင်ခတ်ထားပြီးတခုတည်းသုံးလို့ရတဲ့လောမဟုတ်ပါဘူး၊စင်္ကြာဝဠာကြီးနဲ့ဆိုင်နေတဲ့(universal law)တစ်ခုပါ။အုန်း(စ်)လောဆိုတာကလောကရဲ့အရာရာတိုင်းမှာသဘာဝအလျှောက်ဖြစ်ပေါ်နေတဲ့ခုခံမှု့လို့ခေါ်တဲ့(resistant)သဘာဝတရားတစ်ခုကိုတိတိကျကျဖေါ်ပြနေတာပါ။ ————– ခန္ဓာဗေဒနဲ့ဆေးပညာရပ်မှာ(Insulin Resistant)ကိုအဓိပ္ပါယ်ဖွင့်နိုင်ဖို့်အတွက်ကျွန်တော်လျှပ်စစ်အင်ဂျင်နီယာတွေဆီကအုန်း(စ်)လောကိုခဏလေးငှားသုံးပါရစေ။*****(မိမိခန္ဓာကိုယ်ရဲ့ဆဲလ်တွေတစ်ရှုးတွေမှာမပျက်စီးပဲအမြဲအလုပ်လုပ်နိုင်ဖို့မတိုးမလျှော့တဲ့ပုံမှန်စွမ်းအင်တခုလိုအပ်နေပါတယ်။ဒါကြောင့်လိုအပ်တဲ့ဂလူးကို့စ်စွမ်းအင်ကိုမတိုးမလျှော့ပဲပုံမှန်အမြဲရနေစေဖို့ဂလူးကို့စ်ကိုဆဲတွေထဲရောက်အောင်တွန်းပို့ပေးတဲ့အင်ဆူလင်ရဲ့ဖိအားများလာတိုင်း၊ဆဲလ်တွေမှာအဲဒီအင်ဆူလင်ကိုပြန်လည်ခုခံဖို့အင်ဆူလင်ခုခံအားဟာအလိုလိုကိုသဘာဝအလျှောက်ဖြစ်ပေါ်လာရတယ်ဆိုတာပါပဲ)*****အင်ဆူလင်ခုခံမှုဘာကြောင့်ဖြစ်ရလဲဆိုတာအုန်းစ်လောနဲ့ဖြေပေးတော့ပိုရှင်းသွားပါပြီ။ဆေးပညာမှာသိပ်အရေးကြီးတဲ့ခန္ဓာကိုယ်ရဲ့ဟိုမီအိုစတတ်တစ်(homeostatic)သဘောဆိုတာကလဲတခုခုကိုပုံမှန်အခြေအနေတခုကနေမပြောင်းသွားအောင်ထိန်းသိမ်းခုခံပေးနေတဲ့သဘာဝသဘောတရားပါပဲ။ ——————- အုန်း(စ်)လောအရဆိုရင်ခုခံမှု(Resistant)ဆိုတာ၊မိမိအပေါ်မှာတစ်စုံတစ်ခုကဖိအားများများလာတိုင်းများလာသည့်အလျောက်မိမိကလဲတစုံတစ်ခုကိုပြန်လည်ခုခံတဲ့ခုခံအားဟာသဘာဝအရအလိုလိုတိုးတိုးပြီးဖြစ်ပေါ်လာတာကိုဆိုလိုတာပါ။ကျောက်ခဲလေးတလုံးကိုမျက်နာပြင်အမာလေးပေါ်တင်ပြီးလက်နဲ့အသာလေးဖိကြည့်ပါသူကလဲအသာလေးလက်ကိုခုခံပြီးပြန်တွန်းတော့လက်နဲနဲလေးပဲနာပါမယ်။အားစိုက်ပြီးဖိချလိုက်ရင်သူကလဲအားပြင်းပြင်းနဲ့ပြန်ခုခံပြီးတွန်းတော့သူ့ရဲ့ခုခံအားကြောင့်လက်ကအရမ်းနာလာမှာပေါ့။အသံအမြဲကျယ်လောင်နေတဲ့အခန်းမှာအမြဲအလုပ်လုပ်နေတဲ့လူဟာနားကအသံကိုအလိုလိုခုခံလာလို့တဖြေးဖြေးနားလေးလေးလာတယ်။အရက်မူးချင်လို့တစ်နေ့တစ်ခွက်ပုံမှန်သောက်နေတဲ့လူဟာ၊ကြာရင်ခန္ဓာကိုယ်ကအရက်ကိုခုခံလာလို့တစ်ခွက်နဲ့မမူးတော့ဘူးနှစ်ခွက်တိုးသောက်ရတယ်။ဆားအငံဓာတ်အမြဲစားနေတဲ့လူဟာ၊လျှာကဆားဓါတ်ကိုခုခံလာလို့ကြာရင်ပုံမှန်ချက်တဲ့ဟင်းတွေကိုစားလိုက်ရင်အရသာမရှိတော့ဘူး၊ဆားပေါ့နေတယ်လို့ထင်ရတယ်။ဒါလောကကြီးရဲ့သဘာဝနိယာမသဘောတရားတခုပါပဲ။ ————– ဒီလောက်တောင်ရှည်ရှည်ဝေးဝေးဥပမာတွေအကျိုးအကြောင်းတွေနဲ့ရှင်းပြနေတာဟာသိပ်အရေးကြီးတဲ့စကားလေးတစ်ခွန်းကိုပြောချင်လို့ပါ။အဲဒါကဘာလဲဆိုတော့*****(အင်ဆူလင်ကိုခုခံမှု့ဖြစ်လာတာဟာအင်ဆူလင်တွေသွေးထဲမှာသိပ်များနေလို့ပါပဲ)*****။ဆိုလိုချင်တာကဆီးချို(Type-2)ဆိုတာတခြားမဟုတ်ပါဘူးအင်ဆူလင်တွေသွေးထဲမှာအရမ်းများနေလို့ဖြစ်တဲ့ရောဂါပါပဲ။သွေးထဲမှာအင်ဆူလင်များလေလေရောဂါပိုဆိုးလာလေလေ၊အဆိုးဖက်သွားလေလေ၊သွေးထဲမှာအင်ဆူလင်နည်းအောင်လုပ်နိုင်လေလေရောဂါပိုသက်သာလာလေလေ၊အကောင်းဖက်ကိုသွားလေလေပါပဲ။သင်္ချာနည်းနဲ့ဆိုရင်အင်ဆူလင်နဲ့ရောဂါဆိုးရွားလာမှု့ဟာတိုက်ရိုက်အချိုးကျနေတယ်လို့ဆိုရမှာပေါ့ဗျာ။ ——— ဝမ်းနည်းစရာကောင်းတာကအခုခေတ်ဆေးပညာက(Type-2)ဆီးချိုသမားတွေကိုအင်ဆူလင်နည်းအောင်လုပ်ပေးနေတာမဟုတ်ပါဘူး။ပိုပိုများလာအောင်လုပ်ပေးနေတာပါ။သောက်နေတဲ့ဆေးတွေကပန်ခရိယကိုအတင်းဖိအားတွေပေးပြီးမပျက်စီးပျက်စီးသွားအောင်၊မပျက်စီးသွားမချင်းအင်ဆူလင်တွေများများထုတ်ခိုင်းနေတဲ့ဆေးတွေပါ။တဖြေးဖြေးနဲ့ပန်ခရိယကြွအောင်တမင်ထုတ်ထားတဲ့ဆေးတွေဆိုတော့မနိုင်ဝန်ထမ်းခိုင်းတာကြာတော့ပန်ခရိယကြွပါလေရော။ပန်ခရိယကြွတော့မှအင်ဆူလင်လုံးဝမထုတ်နိုင်တော့ဘူးဆိုတော့မှအင်ဆူလင်ကောင်းကောင်းရောင်းလို့ရမယ်လေ။အင်ဆူလင်ကိုအပ်နဲ့နေ့တိုင်းထိုးထည့်ရတော့မယ်လေ။တစ်နေ့ထက်တစ်နေ့ပမာဏပိုပိုတိုးတိုးပြီးထိုးထည့်ရတော့မယ်လေ။အင်ဆူလင်သွေးထဲမှာပိုပိုများများလာမယ်ဆိုတော့ရောဂါကလဲပိုပိုပြီးဆိုးဆိုးလာမယ်လေ။ဆေး၊အင်ဆူလင်တွေလဲအများကြီးရောင်းရတော့မယ်လေ။လူနာဆီကမသေမချင်းပိုက်ဆံရတော့မယ်လေ။မပိုင်ဘူးလား။နှဖါးကြိုးအထို့းခံရတာကမှာရုန်းတတ်ရင်ကြိုးပြတ်ဦးမယ်၊အခုဟာကနွံနစ်နေပြီ။လှုပ်လေနစ်လေ။သဘာဝနဲ့ကုတဲ့နည်းတွေအများကြီးရှိရဲ့သားနဲ့ကျန်းမာရေးဗဟုသုတပညာတွေ၊အဟာရပညာတွေမလေ့လာမသင်ယူချင်အုံး။ဆေးရုံဆေးခန်းနဲ့အရင်းရှင်တွေရဲ့ဆေးဝါးတွေအားကိုးချင်အုံး၊ကြိုတင်မကာကွယ်ထားပဲနဲ့ဖြစ်တော့မှဆေးရုံဆေးခန်းပြေးချင်ကြအုံး။အခုတော့ဒုက္ခဖြစ်ကုန်ပြီ။ ———— နားထိုင်းနေတဲ့လူကိုနားမှာလော်စပီကာတပ်ပြီးနေ့စဉ်အသံကိုချဲ့ချဲ့ပေးကြတယ်။အရက်နာကျနေတဲ့လူကိုဖြေဆေးဆိုပြီးတော့အရက်နေ့စဉ်တိုးတိုးပြီးတိုက်ကြတယ်။ရေနှစ်နေတဲ့လူကိုဝါးလုံးနဲ့ကူပြီးထိုးပေးကြတယ်။ကုန်းဆင်းကြီးမှာအရိုန်မထိမ်းနိုင်တဲ့သူကိုဘီးပါတပ်ပေးလိုက်ကြတယ်။အင်ဆူလင်များလို့ဖြစ်တဲ့ရောဂါကိုအင်ဆူလင်တွေတိုးတိုးပြီးထိုးပေးလိုက်ကြတယ်။နောက်ဆုံးလူနာဘာဖြစ်မလဲ?။ကျွန်တော်ကစေတနာနဲ့ပညာပေးနေတာသေချာစဉ်းစားကြည့်ကြပါ။နောက်ဆုံးလူနာဘဝပျက်မယ်။အရင်းရှင်ဆေးကုမ္မဏီတွေသူဌေးဖြစ်မယ်။ကိုယ်ကတော့မသိဘူးလေအင်ဆူလင်လေးထိုးလိုက်လို့သွေးထဲကသကြားဓါတ်လေးကျကျသွားပြီဆိုရင်ထိုင်ပြီးပျော်လို့။ဘယ်လောက်သနားစရာကောင်းသလဲ။ကိုယ့်ကိုယ်ကိုသနားကြပါ။တစ်နေ့ထက်တနေ့အဆိုးဆုံးအစွန်းတဖက်ကိုတိုးတိုးသွားနေတာကိုယ်ကမသိဘူး။ဘာလုပ်ကြမလဲ?။ဒီအတိုင်းဆက်သွားပြီးဝေဒနာတွေ၊ဒုက္ခတွေခံစားပြီးဘဝအဆုံးခံမလား။ရုန်းထွက်လွတ်မြောင်ဖို့ကျိုးစားမလား။သေချာစဉ်းစားပါ။ဒီနေရာမှာ(Type-1)ဆီးချိုသမားတွေကိုမပြောဘူးနော်၊(Type-2)ကိုပဲပြောနေတာ။(Type-1)ကအင်ဆူလင်မထိုးလို့ကိုမရဘူး၊ထိုးကိုထိုးရမယ်။(Type-1)လား(Type-2)လားသေချာမသိရင်(Fasting Insulin)တိုင်းကြည့်ပါ။ပုံမှန်(Fasting insulin reference range)က(3uIU/mL—-ကနေ—8uIU/mL)ပါ။ခဏနားပါဦးမည်။ Kelvin …

အပိုင်း(၅)။ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ။ Read More »

မြန်မာပြည်က Fasting Insulin reference range

Insulin Resistance/T2 Diabetes: Map Your Test Results Source from Kelvin A. Power’s Facebook on August 9, 2019 မြန်မာပြည်က Fasting Insulin reference range ကမှားနေပါသည်။(3- to-17)ကပုံမှန်မဟုတ်ပါ။ပုံမှန်(3-to-8)သာရှိရပါမည်။တိုင်းတာတော့တိုင်းကြည့်ကြပါ။reference range(3-to-8)အတွင်းဆိုရင်ပုံမှန်ပါ။ ———- You show no insulin resistance if your Blood Code reveals: Fasting glucose is between 75–95 mg/dL (4.2–5.3 mmol/L). TG:HDL ratio is near 1.0, +/- 0.5. Fasting insulin is between …

မြန်မာပြည်က Fasting Insulin reference range Read More »

အပိုင်း(၄)။ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ။

Source from Kelvin A. Power’s Facebook on August 8, 2019 ကျွန်တော်တို့တွေဟာဒီခေတ်ဆေးပညာကိုအလွန်အားကိုးယုံကြည်ခဲ့ကြသလိုတိုင်းပြည်အသီးသီးကလဲဆရာဝန်တွေ၊အသိပညာရှင်အတတ်ပညာရှင်တွေ၊ပေါ်ထွက်လာနိုင်ဖို့ငွေကြေးတွေအမြောက်အများသုံးစွဲခဲ့ကြပါတယ်။အနောက်နိုင်ငံတွေမှာလဲဒေါ်လာဘီလျှံနဲ့ချီကိုလူသားတွေမှာဖြစ်ပွားနေတဲ့နှလုံးရောဂါ၊ဆီးချိုရောဂါ၊ကင်ဆာရောဂါအစရှိတဲ့ရောဂါဆိုးတွေကိုကုသနိုင်ဖို့်အတွက်သုသေသနလုပ်ငန်းတွေမှာသုံးစွဲခဲ့ကြပါတယ်။(၂၀)ရာစုနစ်ကတည်းပရဟိတစိတ်ဓါတ်ရှိတဲ့လူတွေဟာရည်ရွယ်ချက်ကြီးကြီးမားမားနဲ့လာမယ့်(၂၁)ရာစုနစ်မျိုးဆက်သစ်တွေမှာသူတို့လက်ထက်ကခံစားခဲ့ရတဲ့ရောဂါဆိုးတွေထပ်ပြီးမခံစားရအောင်(လူတိုင်းကျန်းမာသက္ကရာဇ်နှစ်ထောင်မှာ)ဆိုတဲ့ဆောင်ပုဒ်တခုကိုအောင်လံလို့သတ်မှတ်လွှင့်ထူထားကြပြီးတော့သုတေသနလုပ်ငန်းတွေမှာငွေတွေပုံပြီးလှူဒါန်းခဲ့ကြပါတယ်။ဒါပေမဲ့၊အခုတော့အရင်းရှင်စနစ်ဆိုးရဲ့အောက်မှာကျွန်တော်တို့လူသားတွေအားကိုးတကြီးနဲ့ရင်းနီးမြုပ်နံှစိုက်ပျိုးခဲ့ရတဲ့ခေတ်ပေါ်ဆေးပညာဟာလုံးဝကျဆုံးသွားခဲ့ရပါပြီ။ကျွန်တော်တို့ရဲ့(လူတိုင်းကျန်းမာသက္ကရာဇ်နစ်ထောင်မှာ)ဆိုတဲ့အောင်လံလဲလဲှခဲ့ရပါပြီ။တကယ့်လက်တွေ့မှာတော့ကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေပျောက်ဆုံးပျက်စီးသွားခဲ့ရလို့အင်မတန်မှဝမ်းနည်းစရာကောင်းပါတယ်။အခုတော့တိုင်ထိပ်မှာ(လူတိုင်းရောဂါ၊သက္ကရာဇ်နစ်ထောင်မှာ)ဆိုတဲ့အရင်းရှင်တို့ရဲ့အောင်လံလွှင့်ထူနိုင်ခဲ့ပါပြီ။ ———————- ကျွန်တော်တို့ရဲ့သူငယ်ချင်းမိတ်ဆွေတွေ၊ကျွန်တော်တို့ရဲ့မိဘဆွေမျိုးမောင်နှမတွေဟာနေ့စဉ်နေ့တိုင်းတစ်ယောက်ပြီးတစ်ယောက်ရောဂါဆိုးတွေအောက်မှာအသက်ပေးပြီးသေဆုံးနေကြရပါပြီ။ကျွန်တော်တို့တွေသူတို့အတွက်ဘာတွေလုပ်ပေးနိုင်ကြမလဲ?။သူတို့တွေဖြစ်နေတာကိုငါနဲ့မဆိုင်သေးဘူး၊ငါ့အလှည့်လဲမကျသေးဘူး၊အေးဆေးပဲဆိုပြီးကိုယ့်အလှည့်ရောက်အောင်လက်ကလေးပိုက်ပြီးထိုင်စောင့်နေကြတော့မှာလား?။ကျွန်တေ်တို့အောင်လံသစ်ပြန်ထူချင်တယ်။(လူတိုင်းကျန်းမာ၊သက္ကရာဇ်နှစ်ထောင့်တစ်ရာမှာ)ဆိုတဲ့အောင်လံသစ်ကိုအားလုံးဝိုင်းပြီးစိုက်ထူကြရမယ်။ဒီအတွက်ဆရာဝန်တွေကစပြီးလူတန်းစားအားလုံးပါဝင်ဖို့လိုအပ်တယ်။အရင်းရှင်တွေသိမ်းပိုက်ထားတဲ့ကျွန်တော်တို့ရဲ့ကျန်းမာစွာနေထိုင်ခွင့်ကိုကျွန်တော်တို့ပြန်ရယူချင်တယ်။ ——— ကျွန်တော်ဒီခေတ်အရင်းရှင်ဆေးပညာကိုဝေဖန်ရေးသားနေတာဟာပုဂ္ဂိုလ်စွဲမဟုတ်သလို၊ဆရာဝန်တွေကိုလဲဝေဖန်ပုတ်ခတ်နေတာမဟုတ်ဘူးဆိုတာကိုတော့ပြတ်ပြတ်သားသားလေးသိစေချင်ပါတယ်။၊ဒီခေတ်ဆေးပညာဟာလူသားတွေအတွက်ကောင်းကျိုးလုံးဝဖြစ်မလာပဲ၊အရင်းရှင်ဆေးကုမ္မဏီကြီးတွေ၊အရင်းရှင်ဆေးရုံဆေးခန်းကြီးတွေကောင်းစားဖို့အတွက်ဖြစ်သွားရတာပါ။အရင်းရှင်စနစ်ဆိုးကြီးဟာအမေရိကန်နိုင်ငံကအစပြုပြီးတကမ္ဘာလုံးမှာကြီးစိုးနေပါပြီ။အခုခေတ်မှာဖြစ်ပွားနေတဲ့ကင်ဆာ၊ဆီးချို၊နှလုံးအစရှိတဲ့ရောဂါတွေကိုအလွယ်ဆုံးနည်းနဲ့ကုန်ကျစရိတ်မရှိပဲကုသလို့ရတဲ့သဘာဝနည်းလမ်းတွေအများကြီးရှိနေပါတယ်။သုသေသနအထောက်အထားတွေလဲအခိုင်အမာရှိနေပါတယ်။ဒါပေမဲ့မိခင်သဘာဝကပေးတဲ့သဘာဝဆေးဝါးတွေကိုဘယ်သူကမှတစ်ဦးတစ်ယောက်တည်းမူပိုင်ခွင့်(Patent)လုပ်ထားလို့မရသလို၊ရောဂါကိုလဲအရှင်းအပြတ်ပျောက်ကင်းသွားစေနိုင်တဲ့အတွက်လူနာကိုလဲရေရှည်နဖားကြိုးတပ်ထားလို့မရနိုင်ပါဘူး။ဒီအကြောင်းနှစ်ချက်ကြောင့်အရင်းရှင်ဆေးကုမ္မဏီကြီးတွေ၊ဆေးရုံဆေးခန်းကြီးတွေကတကယ်ပျောက်ပေမဲ့ပိုက်ဆံကိုရေရှည်ဆွဲပြီးတောင်းလို့မရနိုင်တဲ့သဘာဝနည်းလမ်းတွေကိုလုံးဝစိတ်မဝင်စားကြပါဘူး။ ———- စိတ်မဝင်စားကြတဲ့အပြင်ဒီနည်းလမ်းတွေကိုလူတွေသိကုန်မှာစိုးလို့မီဒီယာတွေကိုသုံး၊ငွေကြေးတွေအကုန်အကျခံပြီးသတင်းမှားတွေဖြန့်လွှင့်၊သုသေသနအလိမ်အညာတွေလုပ်ပြပြီးတော့အကြီးအကျယ်ကိုဖျက်ဆီးတိုက်ခိုက်နေကြပါတယ်။တလောကတောင်(Green Tea)တွေသောက်လို့လူတွေဒုက္ခရောက်ပါတယ်ဆိုပြီးနာမည်ကြီးမီဒီညာတခုကထလုပ်လိုက်သေးတယ်။တစ်ကယ်တန်းလက်တွေ့မှာ(Green Tea)သောက်လို့သေကြေးဆိုရင်ဂျပန်တွေတယောက်မှကိုမကျန်တော့ဘူး။နောက်ပြီး(Vitamin D)သောက်ရင်အကြောတွေခိုင်သွားတဲ့ရောဂါရတတ်တယ်လို့နာမည်ကြီးမီဒီညာတခုကဂျင်းထည့်ပြန်တယ်။(Vitamin D)ကြောင့်အကြောတွေခိုင်ကြေးဆိုရင်၊နေပူထဲမှာအလုပ်လုပ်နေရတဲ့လူတွေပိုလီယိုရောဂါသည်တွေလိုအကြောဆွဲနေတာကြာလှပြီ။မီဒီညာပြောတိုင်းတော့မယုံကြပါနဲ့မိမိအသိဉာဏ်နဲ့အကျိုးအကြောင်းညီညွတ်သလားမညီညွတ်သလားစဉ်းစားကြပေါ့။ ———————– ခေတ်သစ်ဆေးပညာနဲ့ဆရာဝန်တွေကပြောသေးတယ်၊တိရိစ္ဆာန်အဆီတွေ၊ထောပါတ်တွေ၊အုန်းဆီတွေမစားကြနဲ့တဲ့၊အဲဒါတွေကပြည့်ဝဆီတွေတဲ့၊ပြည့်ဝဆီတွေစားလို့(LDL)ကော်လက်စထရောတွေတက်လာပြီးလူတွေနှလုံးရောဂါဖြစ်ကြတာတဲ့။ပြည့်ဝဆီကလာတဲ့(LDL)ကော်လက်စထရောကသိပ်ဆိုးတယ်တဲ့။သူကနှလုံးသွေးကြောတွေမှာပိတ်ပြီးလူတွေနှလုံးရပ်သေကြတာတဲ့။နှလုံးရောဂါဟာကမ္ဘာပေါ်မှာ(၁၉၇၀)နောက်ပိုင်းကစပြီလူတွေအသေအပျောက်တဖြေးဖြေးများလာလို့အခုဆိုရင်နှလုံးရောဂါဟာကမ္ဘာပေါ်မှာအသေအပျောက်အများဆုံးရောဂါတခုဖြစ်လာနေပြီတဲ့။ကော်လက်စထောဟာနှလုံးအတွက်သိပ်ဆိုးစေတယ်ဆိုတဲ့အကြောင်းကိုလဲကော်လက်စထရောကျဆေးထုတ်ရောင်းတဲ့ကုမ္မဏီကြီးတွေကသေသေချာချာသုသေသနတွေလုပ်ပေးထားတဲ့အထောက်အထားတွေအများကြီးရှိနေတယ်တဲ့။မယုံမရှိကြနဲ့တဲ့။ခင်ဗျားတို့ယုံကြလား?ဖြစ်နိုင်လား? ——— ခေါင်းထဲမှာဦးနှောက်ပါတာပဲ၊မိမိအသိဉာဏ်နဲ့အကျိုးအကြောင်းညီညွတ်သလားမညီညွတ်ဘူးလားစဉ်းစားရမှာပေါ့။ကျွန်တော်ပြန်မေးမယ်။ကမ္ဘာဦးတုံးကလူတွေဘာအဆီစားခဲ့ကြလဲ?။အဲဒီလူတွေဟာ(supermarket)တွေမှာဆီကိုပုလင်းတွေနဲ့ဝယ်စားကြတာလား?။အမဲလိုက်လို့ရတဲ့တိရိစ္ဆာန်အဆီ၊နို့ကရတဲ့ထောပါတ်၊အုန်းပင်ကရတဲ့အုန်းဆီစတဲ့ပြည့်ဝဆီတွေပဲစားခဲ့ကြတာမဟုတ်ဘူးလား။ကမ္ဘာဦးကတည်းကပြည့်ဝဆီကလွဲလို့ဘာဆီများတခြားစားစရာရှိလဲ၊အဲဒီရှေးတုံးကလူတွေတယောက်တလေလောက်နှလုံးရောဂါရတယ်။(heart attack)ဖြစ်ပြီးသေကြတယ်ဆိုတာရာဇဝင်တွေထဲဖတ်ဖူးကြားဖူးကြလား။မဟာဇာနကမင်းသားဟာ၊သင်္ဘောပေါ်မှာရသမျှထောပါတ်တွေပြည့်ဝဆီတွေသောက်ပြီးတော့ရွက်တိုင်ထိပ်တက်၊ခုန်ချပြီးတော့သမုဒ္ဒရာထဲမှာ(၇)ရက်ကူးဖြတ်တာကူးနေရင်းနဲ့ပြည့်ဝဆီတွေကြောင့်(Heart attack)ရတယ်ဆိုတာရောကြားဖူးကြလား?။ ——– အမေရိကန်ရဲ့နှလုံးရောဂါကာကွယ်ရေးအဖွဲ့(American Heart association)ကဒီလိုစကားမျိုးကို(၁၉၇၀)နောက်ပိုင်းမှာထုတ်ပြန်ကြေငြာပြီးဂျင်းထည့်လိုက်လို့၊လူတိုင်းတကမ္ဘာလုံးပြည့်ဝဆီကိုကြောက်ပြီးရှောင်လိုက်ကြတယ်။ပြည့်ဝဆီနေရာမှာသကြားကိုပိုစားလာကြတယ်။အဲဒီပြည့်ဝဆီကိုဖြတ်လိုက်တဲ့အချိန်ကစပြီးအခုအချိန်အထိကမ္ဘာပေါ်မှာ(Heart attack)ကြောင့်သေကြရတာသောက်သောက်လဲပါပဲ။အခုတော့နှလုံးရောဂါဟာအသေအပျောက်အများဆုံးရောဂါဖြစ်သွားပြီ။ပြည့်ဝဆီတွေစားလို့သေတာလား။ပြည့်ဝဆီတွေဖြတ်လိုက်လို့သေတာလား။အခုမနေ့တနေ့ကမှစဖြစ်လာတဲ့နှလုံးရောဂါရဲ့တရားခံကိုကမ္ဘာဦးကတည်းကနှစ်ပေါင်းသန်းနဲ့ချီပြီးစားလာတဲ့ဆီကြောင့်ဆိုပြီးတော့စွဲချက်တင်တယ်ဆိုတော့တရားသလား?။အမေရိကန်ရဲ့နှလုံးရောဂါကာကွယ်ရေးအဖွဲ့(American Heart association)ကဒီလိုစကားမျိုးပြောလိုက်တာနှလုံးရောဂါဆေးတွေ၊ကော်လက်စထရောကျဆေးတွေရောင်းတဲ့ဆေးကုမ္မဏီတွေဆီကငွေဘယ်လောက်ရလိုက်သလဲ?။စဉ်းစားစရာပါ။ဒီခေတ်ဆေးပညာဟာယခုအချိန်အထိအဲဒီအဖွဲ့ကြီးရဲ့လမ်းညွန်မှုအတိုင်းဆက်သွားနေတုန်းပါပဲ။ ——————- ပြန်ဆက်မယ်ဗျာ။သဘာဝဆေးဝါးတွေဆိုတာကဘယ်သူမှတစ်ဦးတည်းကိုယ်ပိုင်လုပ်ပြီးလက်ဝါးကြီးအုပ်ထားလို့မရပါဘူး။ဥပမာတခုပေးရရင်မြင်းခွာရွက်ကဘာရောဂါ၊ညာရောဂါတွေပျောက်ပါတယ်လို့ပြောလို့အရင်းရှင်ဆေးကုမ္မဏီကြီးတွေပိုက်ဆံတပြားမှမရနိုင်ဘူး။မြင်းခွာရွက်ကိုလဲငါ့ကုမ္မဏီမူပိုင်လို့လုပ်ထားပြီးတကမ္ဘာလုံးကလူတွေငါ့ကုမ္မဏီရဲ့ခွင့်ပြုချက်မရပဲ၊ငါ့ဆီကမဝယ်ပဲနဲ့ဘယ်သူမှမြင်းခွာရွက်သုံးခွင့်မရှိဘူး၊သုံးရင်တရားစွဲမယ်လို့လုပ်ထားလို့လဲမရဘူး။အရင်းရှင်ဆေးပညာစနစ်ဟာရောဂါအရင်းအမြစ်ကိုပျောက်အောင်မကုပဲရောဂါကနေဖြစ်လာတဲ့အပေါ်ယံလက္ခဏာလေးကိုမှေးပြီးတော့ယာယီကလေးသက်သာနေအောင်လုပ်ထားပြီးမှအောက်ခံရောဂါအစစ်ကိုပိုပိုပြီးဆိုးလာအောင်လောင်စာတွေမီးထိုးပေးထားတော့မှရေရှည်စားရမှာလေ။ဒီတော့အဲဒီလိုဆေးတွေကိုသာတမင်ထွင်လိုက်တယ်။ပြီးရင်တစ်ဦးတည်းမူပိုင်ခွင့်တင်လိုက်တယ်။လူနာတွေကိုရောင်းတယ်။ဆေးကလဲရည်ရွယ်ထားတဲ့အတိုင်းရောဂါရဲ့အပေါ်ယံလက္ခဏာကိုသက်သာစေတယ်။အောက်ခံတကယ့်ရောဂါပိုပိုဆိုးလာတယ်ဆိုတာလူမသိဘူး။အပေါ်ယံလက္ခဏာလေးသက်သာတော့နံမည်လေးရလာတယ်။ဆရာဝန်တွေကိုကော်မရှင်စားပေးထားရင်တော့၊ဆရာဝန်တွေကညွှန်ပေးတော့လက်မလည်အောင်ပိုရောင်းရတယ်။တစ်ယောက်ထဲမူပိုင်ခွင့်လုပ်ထားတော့ပိုက်ဆံအကုန်ကိုပဲရတယ်။ဘယ်ဆေးကုမ္မဏီမှဆေးတလုံးထဲသောက်လိုက်ရုံနဲ့ရောဂါအရှင်းပျောက်တဲ့ဆေးမတီထွင်ဘူး။ခင်ဗျားတို့တီထွင်ပြီးသွားရောင်းရင်လဲသူတို့စိတ်မဝင်စားဘူး။သူတို့စိတ်ဝင်စားတာကရောဂါသက်သာသလိုလိုနဲ့ပိုပြီးရင့်ရင့်၊ဆိုးဆိုးလာတဲ့ဆေး၊တဖြေးဖြေးတိုးတိုးပြီးပိုပိုသောက်လာရမဲ့ဆေး၊ရောဂါမပျောက်ပဲလက္ခဏာလေးပျောက်အောင်ခဏလေးဖုန်းဖိထားပေးမဲ့ဆေး၊မသေမချင်းတသက်လုံးစွဲသောက်ရမယ့်ဆေးကိုပဲစိတ်ဝင်စားကြတာပါ။ —————- မြဲမြဲမှတ်ထားရမှာကဆေးတခုကိုတိုးတိုးပြီးသောက်နေရတယ်ဆိုကတည်းကအဲဒီဆေးဟာဒီရောဂါကိုပျောက်အောင်ကုပေးမဲ့ဆေးမဟုတ်ဘူးဆိုတာသေချာတယ်။ရောဂါကအရင်ကထက်ပိုပြီးဆိုးဆိုးလာလို့သာဆေးကိုတိုးတိုးသောက်နေရတာပါ၊ရောဂါသာသက်သာသွားမယ်ဆိုရင်တဖြေးဖြေးလျော့လျော့ပြီးသောက်ရမှာပေါ့။နောက်ဆုံးရောဂါပျောက်သွားလို့သောက်စရာတောင်မလိုတော့ဘူးပေါ့။ဆီးချိုဆေးတွေမှာတစ်နေ့ထက်တနေ့လျော့လျော့ပြီးသောက်ရတဲ့ဆေး၊နောက်ဆုံးရောဂါပျောက်သွားလို့၊သောက်စရာမလိုတော့ပဲဖြတ်လိုက်ရတဲ့ဆေးမျိုးရှိလား?။ရှိရင်ညွန်ပေးကြပါဗျာ၊ကျွန်တော်လဲဝယ်ထားချင်လို့ပါ။အခုခေတ်မှာကျန်းမာရေးအတွက်ဆေးပညာဆိုတာမရှိတော့ပါဘူး၊စီးပွါးရေးအတွက်ဆေးပညာဖြစ်သွားပါပြီ။လူတိုင်းလူတိုင်းကျန်းမာရေးဗဟုသုတရှိမှသာအသက်ရှည်ကျန်းမာနိုင်ပါမယ်။ဒီစကားတွေကိုမယုံရင်တော့နောင်တကောင်းကောင်းရပါလိမ့်မယ်။ဒါပေမဲ့ဒီဘဝမှာတော့ရမှာမဟုတ်ဘူး၊နောင်ဘဝကြမှနောင်တရပါလိမ့်မယ်။ ———————— Type-2 Diabetes)အကြောင်းဆက်ပါဦးမယ်။အပိုင်း(၃)မှာတုံးကပြောထားတဲ့အတိုင်းဒီရောဂါနဲ့ဆက်စပ်နေတဲ့အသဲရဲ့ပင်မလမ်းကြောင်းကြီးလေးခုထဲက၊နံပါတ်(၁)ဖြစ်တဲ့(hepatic gluconeogenesis pathways)လို့ခေါ်တဲ့အသဲကနေသကြားဓါတ်ဂလူးကို့စ်(Glucose)ထုတ်ပေးနေတဲ့လမ်းကြောင်းအကြောင်းကိုဆက်ပြီးလေ့လာကြည့်ကြပါစို့။(Type-2 Diabetes)သမားတစ်ယောက်ဟာအိပ်ခါနီးသွေးဖေါက်တိုင်းကြည့်တော့သွေးထဲမှာလဲသကြားဓါတ်ကသိပ်အမြင့်ကြီးတက်မနေဘူး။အိပ်ရာမဝင်ခင်မှာလဲဘာမှမစားပဲနဲ့အိပ်ရာဝင်လိုက်တယ်။နောက်နေ့မနက်အိပ်ရာကနိုးတော့လဲဘာမှမစားခင်(Fasting)အချိန်မှာသွေးဖေါက်ပြီးဂလူးကို့စ်တိုင်းကြည့်တော့ အရမ်းမြင့်တက်နေတယ်ဆိုရင်မဖြစ်မနေလုပ်ရမှာကအစာမစားခင်မနက်စောစောဓါတ်ခွဲခန်းတခုသွားပြီး(fasting Insulin)ကိုတိုင်းတာရပါမယ်။မြန်မာပြည်မှာ(fasting Insulin)တိုင်းပေးတဲ့(lab)တွေအများကြီးရှိနေပါပြီ။ ————— (၁)မိမိကိုယ်တိုင်သေချာတိုင်းကြည့်ထားတာဂလူးကိုယ့်စ်ဟာမိမိဘာမှထပ်မစားပဲညကထက်မနက်ပိုင်းမှာပိုပြီးမြင့်တက်နေတယ်။အပြင်ကသကြားဓါတ်လာတာမဟုတ်ပဲနဲ့မိမိအသဲကသာသကြားထုတ်လုပ်ပေးနေပြီး၊ထုတ်လုပ်မှုကိုရပ်တန့်သင့်တဲ့အချိန်မှာမရပ်တန့်နိုင်လို့သာမနက်ပိုင်းသွေးထဲမှာသကြားဓါတ်တွေတက်နေတာပါလား။ (၂)ဘာမှမစားခင်အင်ဆူလင်တိုင်းကြည့်တော့လဲမိမိသွေးထဲမှာလဲအင်ဆူလင်ကလဲမြင့်တက်နေပြန်တယ်။ဒီလိုဆိုတော့ပန်ကရိယကပျက်စီးနေတာမဟုတ်လို့သာအင်ဆူလင်ကိုလုံလောက်စွာထုတ်ပေးနေနိုင်တာကတော့သေချာနေပြီ။သို့သော်ထုတ်ထားပေးတဲ့အင်ဆူလင်တွေကသွေးထဲမှာအများကြီးရှိနေရက်သားနဲ့၊အသဲကအင်ဆူလင်ရဲ့စကားကိုနားမထောင်ပဲသကြားထုတ်လုပ်မှု့ကိုမရပ်တန့်နိုင်ပဲဆက်လုပ်နေတာဟာငါ့အသဲမှာအင်ဆူလင်ခုခံမှု(hepatic insulin resistant)ဆိုတဲ့ရောဂါဖြစ်နေတယ်ဆိုတာသေချာနေပါလား။ —————- တကယ်တော့ဆီးချိုရောဂါဆိုတာမရှိပါလား။သွေးထဲမှာသကြားဓါတ်များနေတဲ့လက္ခဏာဆိုတာကလဲငါ့အသဲမကောင်းလို့အသဲကပုံမှန်အလုပ်မလုပ်နိုင်လို့သာသကြားဓါတ်ထုတ်လုပ်မှု့ကိုမရပ်တန့်ပြစ်နိုင်လို့ဖြစ်လာရတဲ့ရောဂါရဲ့လက္ခဏာပါလားဆိုပြီးအကြောင်းတရားကြောင့်ဖြစ်လာရတဲ့အကျိုးတရားဆိုတာကိုတိတိကျကျသိရပါတော့မယ်။သိတယ်ဆိုတာကလဲသူများကလာပြောပြလို့သိရတာလဲမဟုတ်ဘူး။ဆရာဝန်ပြောလို့သိရတာလဲမဟုတ်ဘူး၊စာအုပ်ထဲမှာရေးထားလို့သိရတာလဲမဟုတ်ဘူး။အပြင်မှာလက်တွေ့မိမိကိုယ်တိုင်တိုင်းကြည့်လို့သိလိုက်ရတာ။ဒီထက်ခိုင်မာတဲ့အရာဆိုတာမရှိနိုင်တော့ပါဘူး။အကျိုးအကြောင်းတွေအားလုံးညီညွတ်နေပြီဆိုတော့ဒီနေရာမှာဆုံးဖြတ်ချက်ပြုတ်ပြုတ်သားသားချနိုင်ဖို့ပဲလိုအပ်ပါတော့တယ်။ဘယ်လိုဆုံးဖြတ်ရမလဲဆိုတော့၊ငါဖြစ်နေတာကအသဲရောဂါ၊ငါကုနေတာကသွေးထဲကသကြားဓါတ်၊ငါ့ဆရာဝန်ပေးနေတဲ့ဆေးတွေကလဲအသဲကျန်းမာလာအောင်ကုတဲ့ဆေးတခုမှမပါဘူး။ငါနဲ့ငါ့ဆရာဝန်နဲ့ငါအတူတကွကြိုးစားနေတာကသွေးထဲမှာရှိတဲ့သကြားဓါတ်ကျဆင်းရေး၊ဒါဟာရောဂါကိုမကုပဲရောဂါကဖြစ်ပေါ်လာတဲ့လက္ခဏာသက်သက်ကိုထိုင်ကုနေကြပါလားဆိုတာသေချာသိကိုသိရတော့မယ်။ ————————– …

အပိုင်း(၄)။ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ။ Read More »

အပိုင်း(၃)။ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ။

Source from Kelvin A. Power’s Facebook on August 6, 2019 အရေးအကြီးဆုံးအချက်ကဆီးချိုရော(Type-2 Diabetes)အကြောင်းရေးနေတာပဲလေငါနဲ့မဆိုင်ပါဘူးဆိုပြီးတော့ကျော်မသွားမိပါစေနဲ့။မိမိမှာဆီးချိုရောဂါရှိရှိ၊မရှိရှိ၊လူ့ခန္ဓာကိုယ်ရှိနေသရွေ့၊ဒီဆောင်းပါးဟာလူတိုင်းနဲ့ဆိုင်သလို၊လူတိုင်းအတွက်တန်ဖိုးလဲရှိပါတယ်။ကျွန်တော်ကဆီးချိုရောဂါ(Type-2 Diabetes)လို့သာခေါင်းစဉ်တပ်ထားတာပါတကယ်တော့ဆီးချိုရောဂါအကြောင်းရေးနေတာတော့မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ဆီးချိုတယ်၊သွေးချိုတယ်ဆိုတာကရောဂါမှမဟုတ်တာ။နောက်ကွယ်မှာဖြစ်နေတဲ့ရောဂါတစ်ခုကြောင့်ဆီးချိုတယ်၊သွေးချိုတယ်ဆိုတဲ့မြင်သာထင်ရှားတဲ့လက္ခဏာဖြစ်ပေါ်လာရတယ်တိုတာကိုအပိုင်း(၁)မှာလဲသေချာရှင်းပြပြီးသွားပါပြီ။ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့ဆီးချိုအမျိုးအစား(၂)၊(Type-2 Diabetes)ကိုဖြစ်ပေါ်စေတဲ့မူရင်းအကြောင်းတရားဟာကမ္ဘာပေါ်မှာဖြစ်နေတဲ့နာတာရှည်ရောဂါအားလုံးနဲ့ဆက်စပ်တူညီနေလို့ပါပဲ။ ——- ဆီးချိုအမျိုးအစား(၂)ဆိုတာဟာနှလုံးရောဂါ၊အဆုတ်ရောဂါ၊ကျောက်ကပ်ရောဂါ၊နှလုံးသွေးကြောကျဉ်းရောဂါ၊လေဖြတ်ရောဂါ၊နာတာရှည်ရောဂါ၊(autoimmune)ရောဂါ၊ကင်ဆာရောဂါအစရှိတဲ့ရောဂါတွေနဲ့တိုက်ရိုက်ဆက်စပ်နေပြီးတော့ရောဂါအားလုံးရဲ့အစပျိုးရာမိခင်ကြီးဖြစ်နေလို့ပါပဲ။ဆီးချိုအမျိုးအစား(၂)ဖြစ်ပြီဆိုရင်ဒီမှာတင်ရပ်မနေပါဘူး။အနှေးတဲ့အမြန်ရှုပ်ထွေးမှု(Complication)ဆိုတာဖြစ်လာပြီးတော့တခြားရောဂါအမျိုးမျိုးတွေပါအလွယ်တကူဖြစ်လာတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီရောဂါဖြစ်စေတဲ့အခြေခံအကြောင်းတရားကတခြားရောဂါတွေအားလုံးကိုဖြစ်စေတဲ့အခြေခံအကြောင်းတရားနဲ့တထပ်တည်းကျနေလို့ပါပဲ။ ———— ကျွမ်းကျင်လိမ္မာသောလယ်သမားတစ်ယောက်ဟာကောက်ပင်တွေကိုရိတ်သိမ်းမယ်ဆိုရင်တပင်ချင်းလိုက်ပြီးမရိတ်သိမ်းနေပါဘူး။လက်တဖက်ကကောက်ပင်တွေအားလုံးကိုစုပြီးကျစ်ကျစ်ဆုတ်ကိုင်လိုက်ပြီးတော့ကျန်တဲ့လက်တဖက်ကတံစဉ်ကိုကိုင်ပြီးအကုန်လုံးကိုတစ်ချက်တည်းနဲ့ဖြတ်ချလိုက်တာပါ။ဆိုလိုတာကခင်ဗျားတို့မှာအသိပညာတွေကြွယ်ဝလာပြီး၊ဒီရောဂါတခုလောက်ကိုမိမိမှာမဖြစ်အောင်ကာကွယ်ထားနိုင်ရင်၊ဒါမှမဟုတ်မိမိမှာဖြစ်နေတာကိုပျောက်အောင်ကုသလိုက်နိုင်ရင်တခြားရောဂါတွေအားလုံးကိုလဲအလိုလိုကာကွယ်ပြီးသားကုပြီးသားဖြစ်သွားမယ်ဆိုတာကိုဆိုလိုချင်တာပါ။ခုတ်တတ်ရင်၊တစ်ချက်ခုတ်လိုက်တာနဲ့ဆယ်ချက်လောက်ပြတ်ပါတယ်။ ———— ဒီလောက်ရှည်ရှည်ရေးနေတာစကားရှည်ရှည်ပြောချင်လို့မဟုတ်ပါဘူး။ခင်ဗျားတို့မှာဖြစ်နေတဲ့(သို့) ဖြစ်လာနိုင်တဲ့နာတာရှည်ရောဂါအမျိုးမျိုးကိုဆရာဝန်တွေကုလို့မပျောက်သလိုကျွန်တေ်ာ်လဲကုပေးလို့မရပါဘူး။တကယ်ခင်ဗျားတို့ကိုကုပေးနိုင်တာကခင်ဗျားတို့ကိုယ်တိုင်သာလျှင်ဖြစ်ပြီးတော့ပျောက်မပျောက်ကတော့ခင်ဗျားတို့ရဲ့ကိုယ်ပိုင်အသိပညာ၊အတတ်ပညာနဲ့ကျန်းမာရေးဗဟုသုတတွေအပေါ်မှာပဲမူတည်နေပါတယ်။ကျွန်တော်ကဒါတွေတော့မစားကြပါနဲ့။ဒါတွေတော့ရှောင်ကြပါ။ဟိုဟာတွေကိုတော့စားကြပါ၊ဟိုဆေးတွေတော့သောက်ပါ၊ဒီဆေးတွေတော့မသောက်ပါနဲ့လို့လိုက်ပြောနေရင်ဘာနဲ့တူမလဲဆိုတော့နွားကိုပလာတာကျွေးတာနဲ့သွားတူနေပါလိမ့်မယ်၊လာကျွေးလို့တာဝါးစားနေရတာပါပျော့စိစိနဲ့ဘာစားလို့စားနေရမှန်းလဲမသိဘူးကောက်ရိုးမဟုတ်တာတော့သေချာတယ်ဆိုပြီးတော့ထိုင်ဝါးနေလို့ကတော့ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ———– လောကမှာလူမိုက်တစ်မျိုးနဲ့ပညာရှိသုံးမျိုးရှိပါတယ်။ဘာကွာလဲဆိုတော့လူမိုက်ကသူများပါးစပ်ဖျားလမ်းဆုံးပြီးသူများပြောတဲ့အတိုင်းမဆင်မချင်လိုက်လုပ်တယ်။စာလဲမဖတ်ဘူး၊ဗဟုသုတလဲမရှာဘူး။အကျိုးအကြောင်းဘာမှလဲမသိဘူး။အကျိုးအကြောင်းရှာဖို့လဲစိတ်မဝင်စားဘူး။ကျန်းမာရေးဗဟုသုတမရှာဘူး။မိမိရဲ့အသက်ကိုဆရာဝန်တွေဆေးရံကြီးုတွေအရင်းရှင်ဆေးကုမ္မဏီကြီးတွေရဲ့လက်ထဲကိုပုံအပ်ပေးထားလိုက်တယ်။ပညာနဲနဲရှိတဲ့လူကြတော့နဲနဲပါးပါးစာဖတ်တယ်။ကိုယ်တိုင်ကျန်းမာရေးဗဟုသုတရှာဖွေတယ်။ဗဟုသုတတွေကိုအခြေခံပြီးတော့လုပ်တယ်။ဒီထက်ပိုပြီးပညာရှိလာတဲ့လူကြတော့စာဖတ်တယ်၊ဗဟုသုတရှာဖွေတယ်။ရလာတဲ့ဗဟုသုတကိုဟုတ်မဟုတ်ကိုယ်တိုင်သုသေသနတွေလက်တွေ့စမ်းသပ်လုပ်ကြည့်တယ်။လုပ်ကြည့်တော့လုပ်တဲ့အတိုင်းဖြစ်လာတယ်။ဒါပေမဲ့ဘာဖြစ်လို့ဒီလိုဖြစ်လာရတယ်ဆိုတာကိုတော့အကျိုးအကြောင်းဆက်စပ်ပြီးရှင်းမပြနိင်ဘူး။သေချာလဲမသိဘူး။ပညာအရှိဆုံးလူကတော့ဖြစ်စဉ်တစ်ခုကိုအကျိုးနဲ့အကြောင်းနဲ့ဆက်စပ်ပြီးသေချာသိတယ်၊ဘာအကြောင်းကြောင့်ဘာအကျိုးဖြစ်ရတယ်။ဘာအကြောင်းကိုပါယ်လိုက်ရင်ဘာအကျိုးပျက်စီးသွားမယ်ဆိုတာကောင်းကောင်းသိသလိုသူများကိုလဲနားလည်အောင်ပြန်လည်ရှင်းပြနိုင်တယ်၊ပြန်လဲသင်ကြားပေးနိုင်တယ်။ဒီလေးယောက်မှာခင်ဗျားတို့တွေကိုနောက်ဆုံးအမျိုးအစားပညာအရှိဆုံးလူမျိုးတွေအဖြစ်ပဲဖြစ်စေချင်လို့တမင်အချိန်ကုန်ခံပြီးသဘောတရားအသေးစိတ်တွေကိုရေးပေးနေတာ။ဒီရောဂါမဖြစ်အောင်ဒါတွေရှောင်ကွာ၊ဒါတွေမစားနဲ့ကွာဘာဖြစ်လို့လဲဆိုတာလာမမေးနဲ့ပြောတဲ့အတိုင်းသာလုပ်ပါလို့ကျွန်တော်မပြောလိုဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော့်စာဖတ်မယ့်လူမျိုးတွေကငပိန်းတွေ၊ငတုံးတွေမှမဟုတ်တာ။ငပိန်းတွေငတုံးတွေကလဲဒီလိုစာမျိုးကိုဘယ်တော့မှအချိန်ကုန်ခံပြီးမဖတ်ဘူးဆိုတာသေချာပါတယ်။ ———- ဆိုလိုတာကကျွန်တော်ကခင်ဗျားတို့ကိုရောဂါပျောက်အောင်ကုပေးမှာမဟုတ်ပါဘူး။ခင်ဗျားတို့ကိုယ့်ကိုယ်ကိုပျောက်အောင်ကုနိုင်ဖို့အကျိုးအကြောင်းသဘောတရားတွေကိုသိအောင်သင်ပေးနေရတာဖြစ်လို့ကျွန်တော်ရေးတဲ့စာတွေကရှည်တော့ရှည်ပါတယ်။ကျန်းမာရေးပညာဆိုတာသက်စောင့်ပညာဖြစ်နေလို့ရှည်သလောက်လဲဘဝအတွက်အလွန်အသုံးဝင်ပြီ်းအကျိုးရှိနိုင်ပါတယ်။ရေးရတာရှည်လဲရှည်အပိုင်းဆက်တွေလဲများလို့တချို့ကကုလားကားရိုက်နေတာလားလို့ထင်ချင်ထင်မယ်။ကျွန်တော်ကုလားကားရိုက်နေတာမဟုတ်ပါဘူး။ကျန်းမာရေးပညာဟာအလွန်နုးညံ့သိမ်မွေ့လွန်းလို့အခြေခံသဘောတရားကအစသေချာတဖက်ကမ်းခတ်သိရှိနားလည်စေဖို့စေတနာထားအချိန်ကုန်ခံပြီးတင်ပေးနေတာပါ။ကျွန်တော့်စာဖတ်တဲ့လူတွေအကုန်လုံးသဘောတရားကိုကျမ်းလျောက်နေတာမဟုတ်ပဲကျမ်းပေါက်အောင်သေချာနားလည်တော့မှကိုယ်သိတဲ့အသိပညာအတတ်ပညာနဲ့ကိုယ်တယောက်ထဲအတွက်အကျိုးရှိရုံတင်မကပဲ၊ကိုယ့်မိသားစု၊ကိုယ့်ပါတ်ဝန်းကျင်၊ကိုယ့်အသိုင်းအဝိုင်း၊ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုးအတွက်လဲအကျိုးရှိဖို့လိုအပ်ပါသေးတယ်။အဲဒီလိုအများအကျိုးအတွက်ခင်ဗျားတို့ဆီကနေတဆင့်ပြန့်ပွားစေချင်တဲ့ရည်ရွယ်ချက်ရှိလို့ကိုသေချာအသေးစိတ်စေတနာထားပြီးရေးပေးနေရတာပါ။ ————— ဆီးချိုအမျိုးအစား(၂)၊(Type-2 Diabetes)အကြောင်းပြန်ဆက်ကြရအောင်၊အပိုင်း(၂)မှာတုံးကဒီရောဂါဟာအသဲကြောင့်ဖြစ်တာပါ၊အသဲရောဂါလို့ကျွန်တော်သေသေချာချာရှင်းပြထားပြီးပါပြီ။မသိသေးတဲ့လူတွေရှိရင်အပိုင်း(၁)နဲ့အပိုင်း(၂)ကိုအရှင်ရှာပြီးဖတ်ကြပါ။ဒါကအပိုင်း(၃)ပါ။ဒီရောဂါဟာအသဲကြောင့်ဖြစ်တယ်ဆိုတော့အသဲကဘာတွေချွတ်ယွင်းပျက်စီးသွားလို့လဲဆိုတာကိုသေချာသဘောပေါက်အောင်အသေးစိတ်ရှင်းပြပါမယ်။အသဲဆိုတာလူ့ခန္ဓာကိုယ်တခုလုံးမှာအလွန်အဓိကကျပြီးအလုပ်လဲအများဆုံးအင်္ဂါတွေထဲကတစ်ခုဖြစ်ပါတယ်။အသဲမှာလုပ်ငန်းဆောင်တာပေါင်း(၅၀၀)လောက်နေ့စဉ်လုပ်ဆောင်နေရပါတယ်။အဲဒီလုပ်ငန်းတွေထဲကအဓိကကျပြီးဒီရောဂါနဲ့ဆက်စပ်နေတဲ့လုပ်ငန်းလမ်းကြောင်းကြီး(၄)ခုကိုဦးစားပေးပြီးဆွေးနွေးသွားပါမယ်။သေသေချာချာတော့နားလည်အောင်ဖတ်ပါ။နားမလည်ရင်လဲနှစ်ခေါက်သုံးခေါက်ပြန်ဖတ်ပေးပါ။ခင်ဗျားတို့သေချာနားလည်တော့မှသူများတွေကိုပြန်ရှင်းပြနိုင်မှာမို့လို့ပါ။ —————- နံပါတ်(၁)ကတော့(hepatic gluconeogenesis pathways)လို့ခေါ်တဲ့အသဲကနေသကြားဓါတ်ဂလူးကို့စ်(Glucose)ထုတ်ပေးနေတဲ့လမ်းကြောင်းပါ။ —— နံပါတ်(၂)ကတော့ (hepatic de novo lipogenesis pathway)လို့ခေါ်တဲ့အသဲကအဆီမဟုတ်တဲ့ဂလူးကို့စ်တွေကိုအဆီအဖြစ်ပြောင်းလဲပြစ်ကာအသဲကနေသယ်ဆောင်ထုတ်သွားပြီးခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာသိမ်းဆည်းတဲ့လမ်းကြောင်းပါ။ ———— နံပါတ်(၃)ကတော့(hepatic fatty acid oxidation pathway)စားသုံးလိုက်တဲ့အဆီတွေကိုအသဲကစွမ်းအင်အဖြစ်ပြောင်းလဲပြီးသုံးစွဲပြစ်တဲ့(သို့မဟုတ်)တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကအဆီကိုစွမ်းအင်အဖြစ်ကောင်းကောင်းအသုံးပြုလို့ရအောင်ပြင်ဆင်စီမံပေးတဲ့လမ်းကြောင်းပါ။ ———— နံပါတ်(၄)ကတော့(hepatic detoxification pathway)လို့ခေါ်တဲ့အသဲကခန္ဓာကိုယ်အတွက်အန္တရာယ်ဖြစ်စေမယ့်အဆိပ်အတောက်တွေကိုစစ်ထုတ်ရှင်းလင်းဖယ်ရှားပြစ်တဲ့လမ်းကြောင်းပါ။ စာဖတ်သူခင်ဗျားတို့နဲ့စာရေးသူကျွန်တော်ရဲ့အလုပ်ကတော့ဒီလမ်းကြောင်းကြီးလေးခုမှာ၊ဘယ်လမ်းကြောင်းတွေမှာထိခိုက်ပျက်စီးနေတာလဲဆိုတာကိုအတူတူအဖြေရှာကြဖို့ပါပဲ။ဒီလိုအဖြေရရင်ရောဂါအမျိုးမျိုးဖြစ်နေတဲ့လူတွေကိုလဲမျှဝေပေးပြီးကုသပေးနိုင်မှာ၊အသက်ကယ်တင်နိုင်မှာဖြစ်ပါတယ်။ ——– နံပါတ်(၁)။ကတော့(hepatic gluconeogenesis pathways)လို့ခေါ်တဲ့အသဲကနေသကြားဓါတ်ဂလူးကို့စ်(Glucose)ထုတ်ပေးတဲ့လမ်းကြောင်းကသိပ်အရေးကြီးပါတယ်။ဒီလမ်းကြောင်းကိုကျွန်တော်တို့စပြီးစစ်ဆေးကြည့်ကြရအောင်။တချို့ဆီးချိုအမှတ်(၂)ရောဂါသမားတွေမှာ၊ညတုံးကကာဗိုဟိုက်ဒရိတ်လဲသိပ်မစားထားဘူး။အစာစားထားပြီးတော်တော်လေးကြာတော့မှညအိပ်ခါနီးသွေးဖေါက်တိုင်းကြည့်ရင်လဲညတုံးကသွေးထဲမှာလဲသကြားဓါတ်ကသိပ်အမြင့်ကြီးတက်မနေဘူး။ဒီကြားထဲအိပ်ရာမဝင်ခင်မှာလဲဘာမှမစားပဲနဲ့အိပ်ရာဝင်လိုက်တယ်။နောက်နေ့မနက်အိပ်ရာကနိုးတော့လဲဘာမှမစားခင်(Fasting)အချိန်မှာသွေးဖေါက်ပြီးဂလူးကို့စ်တိုင်းကြည့်တော့နေရင်းထိုင်ရင်းနဲ့(Glucose)ကအရမ်းကိုမြင့်တက်နေတယ်။ဒီလိုဖြစ်လာပြီဆိုရင်သေချာမိမိဉာဏ်ပညာသုံးပြီးစဉ်းစားဖို့လိုတယ်။ညတုံးကအစာစားထားပြီးတော်တော်ကြာကြာတေ့ာမှတိုင်းကြည့်တော့၊အစာထဲကဂလူးကို့စ်ကလဲကုန်နေပြီ။ညအိပ်ရာမဝင်ခင်ကလဲဘာမှထပ်မစားတော့၊ပြင်ပကလဲဂလူးကို့စ်ကထပ်ဝင်လာစရာအကြောင်းမရှိဘူး။တကယ်ဆိုရင်သကြားဓါတ်ကပြင်ပကဝင်မလာရင်မနက်အစာမစားခင်တိုင်းကြည့်တော့ညကထက်ပိုပြီးလျော့နဲနေရမှာ၊ဘာဖြစ်လို့မလျော့ပဲနဲ့တိုးနေရတာလဲ။သေချာစဉ်းစားကြည့်တော့ပြင်ပက(Glucose)ဝင်မလာဘူးဆိုတော့မိမိခန္ဒာကိုယ်ထဲမှာရှိတဲ့အင်္ဂါအစိတ်အပိုင်းတခုကမလိုအပ်ပဲနဲ့(Glucose)တွေထုတ်ပေးနေတာကတော့သေချာနေပါပြီ။ဘယ်အင်္ဂါဖြစ်မလဲဆိုတော့တခြားအင်္ဂါမရှိပါဘူး၊အသဲကလာတာပါပဲ။တကယ်လို့အသဲကခန္ဓာကိုယ်အတွက်အလွန်လိုအပ်နေလို့ိုထုတ်ပေးတယ်ဆိုရင်တောင်အလွန်ဆုံး(110mg/dl)ကနေ(115mg/dl)လောက်အထိပဲတက်ရမယ်။အဲဒီထက်ပိုပြီးတော့တက်လာစရာအကြောင်းမရှိပါဘူး။သာမှန်အားဖြင့်တော့၊(ketogenic)သမား ကလွဲပြီးသာမန်လူတစ်ယောက်ဟာ(110mg/dl)အောက်မှာပဲရှိရမှာပါ။ …

အပိုင်း(၃)။ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ။ Read More »

Shopping Cart