Uncategorized

(ဂျင်း)တို့ဌာနေ၊မြန်မာပြည်။

Source from Kelvin A. Power’s Facebook on September 15, 2019 မြန်မာပြည်သူပြည်သားတွေဆိုတာကမ္ဘာမှာသနားစရာအကောင်းဆုံးလူသားတွေပါ။ဒီလိုပြောလိုက်လို့ကိုယ့်လူမျိုးကိုနှိမ်ပြီးပြောတာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံသားတွေဟာပင်ပင်ပန်းပန်းခက်ခက်ခဲခဲလုပ်ကိုင်စားသောက်နေရပြီး၊နေ့တိုင်းကိုယ့်ပိုက်ဆံနဲ့ကိုယ်ကျီးလန့်စာစားနေကြရရှာတဲ့ဘဝပါ။သူများပစ္စည်းကိုခိုးစား၊လုစားထားလို့ကျီးလန့်စာစားနေရတယ်ဆိုတာကဖြေသာပါသေးတယ်။အခုကကိုယ့်ပိုက်ဆံနဲ့ကိုယ်တန်ရာတန်ကြေးပေးဝယ်စားနေရပြီး၊နေ့တိုင်းကျီးလန့်စာစားနေရတဲ့ဘဝကကိုယ်ချင်းစာမိရင်တော်တော်ကိုဝမ်းနည်းစရာ၊ရင်နာစရာကောင်းပါတယ်။ — ကျီးလန့်စာစားနေရတာလဲမပြောနဲ့လေ၊ကိုယ့်ခေါင်းရင်းအိမ်မှာစည်းရိုးကပ်နေတဲ့လူကပေါက်ကရအကုန်လုပ်တတ်တဲ့ပေါက်ဖေါ်ကြီးမဟုတ်လား။ခေါင်းရင်းအိမ်ကတရုတ်ပေါက်ဖေါ်ကြီးကကမ္ဘာမှာဘာကိုပဲဖြစ်ဖြစ်အတုလုပ်တယ်။ဆန်၊ဆီ၊ကြက်ဥကအစ၊ဒုံးပျံဂြိုယ်တုအဆုံး၊ပေါက်ဖေါ်ကြီးအတုမလုပ်တာဘာမှကိုမရှိဘူး။အမေရိကန်လုပ်ပစ္စည်းဆိုရင်လူတွေကအထင်ကြီးပြီးဈေးကြီးပေးဝယ်တော့ပိုတောင်အတုလုပ်လို့ကောင်းသေးတယ်။ — ပေါက်ဖေါ်ကြီးက၊အမေရိကန်ပစ္စည်းဆိုရင်အိမ်သာသုံးစက္ကူကအစ၊နောက်ဆုံးပေါ်တိုက်လေယျဉ်၊ဒုံးပျံ၊ဂြိုလ်တုအထိ(ကလုန်း)လုပ်ပါတယ်။ဆေးဝါးတွေ၊အစားအသောက်တွေ၊ဖြည့်စွက်စာတွေကတော့ပြောစရာလိုမယ်မထင်ပါဘူး။(clone)ကလုန်းဆိုတဲ့အဓိပ္ပါယ်ကတထပ်တည်းတူအောင်လုပ်တာကိုပြောတာ။ဆေးတခုကို(Clone)လုပ်လိုက်ပြီဆိုရင်လဲ၊အဲဒီဆေးကိုထုတ်ပေးလိုက်တဲ့ကုမ္ပဏီကတောင်သူ့ဆေးဟုတ်မဟုတ်ဓါတ်ခွဲခန်းမသုံးပဲနဲ့ပြန်ခွဲခြားလို့မရဖြစ်သွားပါလေရော။ — ဆေးပြန်ရောင်းတဲ့လူတွေကိုလဲကလုန်းရောင်းရကောင်းမလားဆိုပြီးတော့အပြစ်မပြောလိုပါဘူး။ဘယ်သူကမှ(ကလုန်း)မှန်းအစစ်မှန်းမသိတော့တဲ့အခြေအနေမှာသူတို့ကလဲ(ကလုန်း)မှန်းသိလို့တမင်ပြန်ရောင်းနေတာလို့မစွတ်စွဲထိုက်ပါဘူး။တဆင့်ခံပြီးပြန်ရောင်းတဲ့လူတွေဆိုတာကလဲအမြတ်ပိုကျန်ရင်ပိုပြီးစိတ်ဝင်စားကြတာပဲမဟုတ်ဘူးလား။ — ဥပမာပြောရရင်(USA)ကဆေးအစစ်တစ်ပုလင်းကို(နှစ်သောင်းကျပ်)ပေးဝယ်ပြီး၊(နှစ်သောင်းတစ်ထောင်ကျပ်)နဲ့ပြန်ရောင်းရတယ်ဆိုပါစို့။ဆေးတဗူးရောင်းမှ(ငွေတစ်ထောင်ကျပ်)ပဲမြတ်မယ်လေ။အဲဒီဆေးနဲ့ပုံစံတထပ်တည်းခွဲမရအောင်တူတဲ့တရုတ်ပြည်ကရောက်လာတဲ့(ကလုန်း)ကို(ငါးထောင်ကျပ်)နဲ့လာရောင်းပေးတဲ့လူရှိရင်ဘယ်ဈေးသည်မဆိုရသလောက်အိတ်သွန်ဖါမှောက်အကုန်ယူထားလိုက်တော့မှာပါပဲ။စဉ်းစားကြည့်လေ၊နဂိုက(နှစ်သောင်းကျပ်ရင်းတော့မှတစ်ထောင်မြတ်တဲ့ပစ္စည်း)၊အခုကြတော့(တထပ်တည်းတထေရာတည်းတူတဲ့ကလုန်းကို(ငါးထောင်ကျပ်လောက်လေးရင်းနှီးလိုက်ရုံနဲ့သောင်းခြောက်ထောင်တောင်)မြတ်မသွားဘူးလား။ဆိုလိုတာကအမေရိကန်ဆေးဝါးအစစ်တွေ(၁၆)ဗူးလောက်ကိုဖိနပ်ပါးအောင်၊အသံဝင်၊အာခြောက်အောင်ပြောဆိုပြီးရောင်းတော့မှရမယ့်အမြတ်ငွေကို၊တရုတ်လုပ်ကလုန်းဆေးလေး(၁)ဗူးရောင်းလိုက်ရုံနဲ့မပင်မပန်းပဲရနိုင်မယ်ဆိုတော့၊ဒီလောက်ဆင်းရဲပြီးဝမ်းစာခဲယဉ်းနေတဲ့တိုင်းပြည်မှာမလုပ်ချင်တဲ့လူဘယ်သူရှိမလဲ?လုပ်ကြမှာပါပဲ။လူဆိုတာကမ္ဘာမီးလောင်ရင်သားကောင်ချနင်းတတ်ကြတာကြီးပါပဲ။ဘယ်သူကထမင်းအငတ်ခံမှာလဲ။ကလုန်းခံလိုက်ရရင်သူတို့ကိုအပြစ်ပြောနေမဲ့အစား၊ကိုယ့်ကိုကိုယ်သာငါညံ့လို့ငါခံလိုက်ရတာဆိုပြီးတော့နောက်တခါဆင်ခြင်ရမှာမဟုတ်ဘူးလား။ — ခေါင်းရင်းအိမ်မှာနေတဲ့တရုတ်ပေါက်ဖေါ်ကြီးကိုလဲသွားအပြစ်ပြောလို့မရဘူးလေ၊မြန်မာပြည်ကိုဂျင်းထည့်လာတာအခုမှစတဲ့လုပ်ငန်းမှမဟုတ်တာ။ဟိုးအရင်ကတည်းကတသက်လုံးလုပ်စားလာတဲ့လုပ်ငန်းအဟောင်းကြီးပဲလေ။ကိုယ့်မြန်မာလူမျိုးအချင်းချင်းအမျိုးသားစည်းလုံးညီညွတ်မှု့မရှိခဲ့ကြလို့၊ကမ္ဘာကနှစ်ပေါင်းများစွာစီးပွားရေးတွေပိတ်ဆို့ခံခဲ့ရတော့၊နှစ်ပေါင်းများစွာကတည်းကအိမ်ခေါင်းရင်းအိမ်ကတရုတ်ကြီးကခေတ်အဆက်ဆက်ဂျင်းထည့်လာတာဆိုတော့အကျင့်ဖြစ်နေပြီလေ။မြန်မာဆိုရင်ချဉ်ဖတ်အိုးတွေလို့ပဲထင်ကြတော့တာ။ဈေးကွက်အသစ်ကလဲခဲရာခဲဆစ်ရှာစရာမလိုဘူးလေ။(ကလုန်း)လုပ်၊ပြီးရင်နယ်စပ်ကနေဒီဖက်ခြံစည်းရိုးကိုကျော်ပြီးပြစ်သွင်းလိုက်ရင်ဒီဖက်ခြမ်းမှာယူရောင်းပေးမဲ့လူတွေကအဆင်သင့်၊ဒီလောက်အဆင်ပြေတာဘယ်ရှိနိုင်မှာလဲ။ပေါက်ဖေါ်ကြီးကဒီအလုပ်မှဇောက်ချမလုပ်ရင်ဘာအလုပ်သွားလုပ်စရာရှိလို့လဲ။ဒီလောက်ချောင်တာဘာမှမရှိဘူးလေ။ — အမျိုးသားစည်းလုံးညီညွတ်မှု့မရှိခဲ့ကြလို့ဆိုပြီးပြောတာဟာနိုင်ငံရေးပြောတာမဟုတ်ဘူးနော်။နိုင်ငံရေးလုံးဝမပါဘူး။ဘယ်နိုင်ငံရေးဘယ်ပါတီဖက်မှလဲလိုက်ပြီးပြောနေတာမဟုတ်ဘူး။အချင်းချင်းစည်းလုံးသင့်ပြီလို့ပဲပြောချင်တာ။မြန်မာလူမျိုးတွေရဲ့အဆိုးဆုံးစရိုက်တွေကတော့အချင်းချင်းမညီညွတ်ကြတာ၊မနာလိုကြတာပဲ။ကလုန်းအကြောင်းရေးတယ်ဆိုတာကလဲအကြောင်းမရှိအကြောင်းရှာရေးနေတာမဟုတ်ပါဘူး။ကိုယ်တိုင်ခံခဲ့ရလို့သတိထားကြဖို့ပြန်ပြောပြတာပါ။ — အထူးသဖြင့်နိုင်ငံခြားမှာအနေကြာတဲ့လူတွေမြန်မာပြည်ကိုလာရင်ဘာပဲစားစားဗိုက်နာတတ်၊ဝမ်းပျက်ဝမ်းသွားတတ်ကြပါတယ်။လူတိုင်းအဲဒီလိုဖြစ်တာဆိုတော့ကျွန်တော်လဲဘယ်လွတ်မှာလဲ။အဲဒီတော့နိုင်ငံခြားကနေမလာခင်ကတည်းက၊ကာကွယ်နိုင်ဖို့ဆေးတွေဝယ်လာရပါတယ်။အထူးသဖြင့်ကတော့(Probiotics)တွေဝယ်လာရတာပေါ့။(Probiotics)သိပ်ကောင်းရင်ဘာစားစားဗိုက်မနာ၊ဝမ်းပျက်ဝမ်းလျှောမဖြစ်ဘူးလေ။ခါတိုင်းမြန်မာနိုင်ငံကိုလာတိုင်းကျွန်တော်က(USA)က(Probiotics)တွေဝယ်လာနေကြပါ။သူငယ်ချင်းတွေကစားသောက်ဆိုင်တွေမှာအစားအသောက်ဖိတ်ကျွေးရင်ဆေးအားကိုးနဲ့ပြစ်စလက်ခစားပါတယ်။ပုဇွန်အစိမ်းသုတ်တို့၊ပင်လယ်စာအမျိုးမျိုးလဲစားပါတယ်။စားပြီးရင်နောက်နေ့မှာမြန်မာပြည်မှာနေတဲ့သူငယ်ချင်းတွေတော်တော်များများဝမ်းပျက်ဝမ်းလျှောတွေဖြစ်ကြပါတယ်။ကျွန်တော်ကတော့အေးဆေးပါပဲဘာမှမဖြစ်ပါဘူး။မြန်မာပြည်ကိုပြန်လာတိုင်းပေါက်ကရစားတာတောင်ဝမ်းမပျက်ပါဘူး။ဘယ်ဖြစ်မှာလဲ(USA)ကသယ်လာတဲ့(Probiotics)သောက်ပြီးမှဆေးအားကိုးနဲ့စားတာကိုး။ — ကံဆိုးချင်တော့ဒီနှစ်(၂၀၁၉)နှစ်စပိုင်းမှာမြန်မာပြည်ကိုအရေးတကြီးကိစ္စရှိလို့ရုတ်တရက်ကြီးပြန်လာရလို့ဆေးတွေသေချာမစီစဉ်လိုက်ရပါဘူး။မြန်မာပြည်ရောက်တော့မှဆေးဆိုင်ကြီးတွေမှာ၊ကိုယ်သိနေကျ၊သောက်နေကျ(Brands)တွေရှာပြီးနှစ်မျိုးတောင်ဝယ်လိုက်ပါတယ်။ကိုယ်ကတောင်စဉ်းစားမိလိုက်သေးတယ်မြန်မာပြည်မှာဝယ်လို့ရရဲ့သားနဲ့နောက်တခါဆိုအပင်ပန်းခံပြီးသယ်လာစရာမလိုတော့ပါဘူးပေါ့။ကိုယ်လဲ( မြန်မာပြည်ဝယ်) (Probiotics)တွေအားကိုးပြီးခါတိုင်းလိုအစားသောင်းကျန်းတော့တာပေါ့။ခါတိုင်းလိုငါးပုဇွန်အစိမ်းသုတ်တွေတောင်မစားလိုက်ရပါဘူး။ရိုးရိုးစားသောက်ဆိုင်မှာကောင်းကောင်းမွန်မွန်လေးစားလိုက်ရုံနဲ့ဝမ်းတွေသွားပြီးအထက်လှန်အောက်လျှောဖြစ်သွားတာမသေတာတောင်ကံကောင်းတယ်။သူငယ်ချင်းတွေကတောင့်အံ့သြကုန်ကျတယ်။ခါတိုင်းကသူများဝမ်းသွားရင်အေးဆေးနပ်နေတဲ့ကောင်အခုတော့ထိပြီပေါ့။နောက်ဆုံးဘာဆေးနဲ့မှမပျောက်ပဲဘာစားစားအန်တော့တာပဲ။(Probiotics)ကြိုက်သလောက်သောက်ဘာမှမထူးခြားဘူး။နှောက်ဆုံးဘာဆေးမှမတိုးပဲ။အစာအငတ်ခံပြီးတပါတ်လောက်ဓါတ်ဆားရည်တခုတည်းထိုင်သောက်ပြီးၤၤၤ(Fasting)လုပ်လိုက်တော့မှပြန်သက်သာလာတယ်။မသေတာကံကောင်းပါတယ်။ — နောက်တော့ကျွန်တော်ပြန်စဉ်းစားကြည့်တယ်။အရင်ကကလုန်းတခါမှမမိဖူးတော့ကလုန်းလို့ဘယ်ထင်မိမှာလဲ။ငါဘာများမှားပါလိမ့်ပေါ့။ငါသောက်နေကြ(Probiotics)ဆေးတွေကိုငါ့ခန္ဓာကိုယ်ကခုခံမှု့(resistance) ဖြစ်ပြီးဆေးမတိုးတော့တာလားပေါ့။အဲဒါလဲမဖြစ်နိုင်ဘူးလေ(Probiotics)ဆိုတာက(resistance) ဖြစ်ရတဲ့ဆေးမျိုးမှမဟုတ်တာ။(Antibiotic Resistance)ဆိုတာပဲရှိတယ်လေ။(Probiotics resistance)ဆိုတာရှိမှမရှိတာ။ကလုန်းလို့ဘယ်ထင်မှာလဲ။ပေါက်ဖေါ်ကြီးကတော်တော်လေးကိုလက်ရာကောင်းတယ်ဗျ။(ကလုန်း)လုပ်တဲ့နေရာမှာတော့ကမ္ဘာမှာပေါက်ဖေါ်ကြီးကိုဘယ်သူမှယှဉ်နိုင်မယ်မထင်ဘူး။ကိုယ်သောက်နေတဲ့ဆေးနဲ့တထပ်တည်းခွဲမရအောင်တူနေတာ။ကိုယ်လဲဂျင်းမိတာပါပဲ။ — အမေရိကန်မှာနေကတည်းက(Probiotics )ပိုးတွေအသက်ရှိသေးသလား၊သေနေပြီလားဆိုတာတခါတလေစမ်းတတ်တဲ့အကျင့်ကလေးကရှိနေတော့မြန်မာပြည်ကဝယ်လာတဲ့ဆေးကိုလဲစမ်းသပ်ကြည့်ချင်လာတယ်။(Probiotics)တိုင်းမှာ(လက်တစ်အက်ဆစ်)ထုတ်ပေးတဲ့ပိုး (Lactobacillus)ပါဝင်ရပါတယ်။မပါဝင်တဲ့(Probiotics)မရှိသလောက်ရှားပါတယ်။ဒီပိုးကနွားနို့ကိုတွေ့လိုက်တာနဲ့နွားနို့ကိုချဉ်အောင်၊ခဲအောင်၊ဒိန်ချဉ်ဖြစ်အောင်လုပ်ပေးတဲ့ပိုးပါ။ — ဒီတော့ကျွန်တော်လဲကျိုချက်ပြီးသားနွားနို့ကို(90 ံF)အထိအအေးခံထားပြီးမြန်မာပြည်မှာဝယ်တဲ့(Probiotics Capsule)တမျိုးဖေါက်ထည့်မွေပြီး(၂၄)နာရီကြာအောင်ထားစမ်းတယ်။ဒိန်ချဉ်မဖြစ်ဘဲနောက်နေ့ပုတ်နံ့လိုလိုထွက်ပြီးနို့ပျက်သွားတယ်။ဆေးနှစ်မျိုးစလုံး။တမျိုးနှစ်ခါစီ၊စုစုပေါင်းလေးခါစမ်းကြည့်တယ်။လေးခါစလုံးနွားနို့ပျက်တယ်။အဲဒီတော့မှဆေးကလုန်းမိတယ်ဆိုတဲ့သဘောကိုလက်တွေ့နားလည်သွားတော့တာပါ။မရှက်တန်းဝန်ခံရရင်တော့မြန်မာပြည်မှာကျွန်တော်ကိုယ်တိုင်(ဂလုန်း)မိသွားခဲ့ရပါတယ်။ (Probiotics) တမျိုးတည်းကိုသာကလုန်းဟုတ်မဟုတ်နွားနို့အချဉ်ဖေါက်ပြီးစမ်းသပ်လို့ရတာပါ။ကျန်သောဆေးဝါးတွေကိုတော့ကျွန်တော်လဲမစစ်တတ်ပါ။ဓါတ်ခွဲခန်းမရှိပဲဘယ်လိုမှမစစ်နိုင်ပါ။မြန်မာပြည်တွင်အမေရိကန်တံဆိပ် (Probiotics)နှစ်မျိုးဝယ်ဖူးပါသည်။နှစ်မျိုးစလုံးကလုန်းမိလို့ပေါက်ဖေါ်ကြီးစားသွားပါသည်။ဘယ်လောက်ဆေးဝါးကျွမ်းကျင်သူဖြစ်ပါစေ၊မြန်မာပြည်မှာတော့ကလုန်းမိနိုင်ပါသည်။ဘယ်လိုမှမပြောနိုင်၊မခွဲခြားနိုင်ပါ။အလွန်ကြောက်စရာကောင်းတဲ့တိုင်းပြည်ပါ။ — ဒါကြောင့်(ကလုန်း)ကြောက်၍သာ(American Best)ကိုထူထောင်ရခြင်းဖြစ်ပါသည်။(American Best)ကဆေးတွေကို(ကလုန်း)လုပ်လို့မရအောင်(online)တွင်မရောင်းပါ။(website)တွင်တင်၍လဲလူတိုင်းကိုမရောင်းပေးပါ။မိမိယုံကြည်စိတ်ချရသောလူအချို့ကိုသာရောင်းခွင့်ပေးထားပါသည်။(American Best)ကိုကလုန်းလုပ်၍ရသော်လည်းဈေးကွက်သို့တင်ရောင်း၍မရနိုင်ပါ။တင်ရောင်းလျှင်ချက်ချင်းဖမ်းမိပါမည်။ရောင်းလျှင်ချက်ခြင်းဖမ်းမိမယ့်တံဆိပ်ကိုလဲဘယ်သူကမှ(ကလုန်း)လုပ်မရောင်းတော့ပါ။မိမိကိုယ်တိုင်(ကလုန်း)မိခဲ့၍ဒီကုမ္ပဏီကိုထူထောင်ရခြင်းဖြစ်ပါသည်။ — (American Best)ကဆေးတွေအချို့ရောင်းနေတယ်ဆိုပေမဲ့လဲစီးပွားဖြစ်အကြီးအကျယ်ရာနှင့်ထောင်နဲ့ချီရောင်းပေးနေတာမဟုတ်ပါဘူး။တပိုင်တနိုင်ကလေးပါ။ပို့တာ၊ထုတ်တာအရမ်းနည်းနေသေးလို့ဘာမှမရောင်းရသေးဘူးကုန်နေတာတွေပဲများပါတယ်။လူတိုင်းကိုလဲလောက်ငှအောင်မရောင်းနိုင်သေးပါဘူး။အမြတ်အစွန်းလဲဘာမှကိုမရသေးပါဘူး။ရတဲ့အမြတ်အစွန်းနဲ့ပြန်လှူရတာနဲ့ကလဲ၊ရောင်းရတဲ့အမြတ်အစွန်းထက်ပြန်လှူနေရတာကတောင်ပိုများနေပါတယ်။အိပ်စိုက်လှူနေတာများပါတယ်။အမြတ်တွေသိပ်များနေလို့လှူနေတာတော့မဟုတ်ပါဘူး။ — …

(ဂျင်း)တို့ဌာနေ၊မြန်မာပြည်။ Read More »

( ပြောင်းဖူးဆီ)free radical oxidative damage & breast cancer risk.

Source from Kelvin A. Power’s Facebook on September 14, 2019 ( ပြောင်းဖူးဆီ)free radical oxidative damage & breast cancer risk. လူတိုင်းတော်တော်များများက(Autoimmune)ရောဂါမျိုးမျိုးတွေဖြစ်နေကြပြီ။တော်တော်များများရောဂါဆိုးတွေဝင်ပြီးဒုက္ခရောက်နေကြတယ်။နောက်မှ(PUFAs)နဲ့(lipid peroxidation)အကြောင်းအသေးစိတ်ရေးပေးပါမယ်။လောလောဆယ်တော့အောက်ကဆီ( ပြောင်းဖူးဆီ)စားတဲ့လူတွေရှိရင်ချက်ခြင်းဖြတ်ကြပါ။အဆိပ်ထက်ကိုပိုဆိုးပါတယ်။အဆိုးဆုံးဆီပါပဲ။– အဆီတစ်ခုမှ(cholesterol)ပါတာမပါတာလဲစိတ်မဝင်စားဘူး။(Trans Fat)အကြောင်းလဲဆွေးနွေးနေတာမဟုတ်ဘူး။(lipid peroxidation)အဖြစ်ဆုံးဆီ၊(oxidative stress)အဖြစ်ဆုံးဆီ။(free radical oxidative damage)အဖြစ်ဆုံးဆီပါပဲ။(Corn Oil) ဆိုတာ(antioxidants)လဲသဘာဝအားဖြင့်လုံးဝပါမလာဘူး။ (Free radical oxidative damage) ဖြစ်ရုံတင်မကပဲ။အမျိုးသမီးတွေအတွက်ကမ္ဘာပေါ်မှာအသေအပျောက်အများဆုံး(ရင်သားကင်ဆာ)ဖြစ်စေနိုင်တဲ့တရားခံကလဲ(ပြောင်းဖူးဆီ)ပါပဲ။ယုံတာမယုံတာကကိုယ့်အပိုင်းပါ။(Kelvin) ပြောတာကိုယုံရင်လဲကိုယ်ပဲအကျိုးရမယ်။မယုံရင်လဲကိုယ်ပဲရောဂါခံစားရမယ်။ — ဟိုဖက်ရပ်ကွက်မှာဝေဖန်ကြမယ်ဆိုတာလဲကြိုသိနေတယ်။ကြိုက်သလိုဝေဖန်လို့ရတယ်။(Kelvin)လုံးဝဂရုမစိုက်ဘူး။ကိုယ့်ကိုယုံကြည်သူတွေအကျိုးကျေးဇူးရမယ်ဆိုရင်တော်ပြီ။ကိုယ့်ကိုမယုံတဲ့လူတွေကိုတော့ကိုယ်လဲမကယ်တင်နိုင်ဘူး။မယုံရင်လဲမယုံသူတွေပဲရောဂါဝေဒနာခံစားရမယ်။ကိုယ့်ကိုယုံကြည်နေသူလူတစ်စုဒုက္ခမရောက်ရင်ကျေနပ်ပြီ။ရှင်းရှင်းလေးပါ။မြတ်စွာဘုရားတောင်လူတိုင်းကိုချွတ်လို့မရနိုင်ဘူး။ကိုယ်ကဘာကောင်မှမဟုတ်ဘူး။ — မယုံရင်လဲကြိုက်သလိုဝေဖန်၊ဝေဖန်ချင်တဲ့လူကတော့ဘာရေးရေးဝေဖန်မှာပဲ။ဘယ်လောက်ဝေဖန်ပါစေ၊ဂရုကိုမစိုက်ဘူး။ကိုယ့်ကိုယုံကြည်အားကိုးနေသူတွေအန္တရာယ်မဖြစ်ဖို့ပဲအရေးကြီးတယ်။ရေးစရာရှိတဲ့အမှန်တရားကတော့ဆက်ရေးနေရမှာပဲ။ရောဂါဆိုတာမယုံလု့ိဆိုပြီးတော့မဖြစ်ပဲနဲ့ရှောင်မသွားဘူး။ဖြစ်လာတော့မှကုမဲ့ဆေးမရှိဘူး။ကိုယ်ဖြစ်ကိုယ်ခံပဲ။ — Kelvin A Power — ဒါဆိုဘာစားရမလဲ?Organic extra virgin olive oil, organic virgin coconut oil, …

( ပြောင်းဖူးဆီ)free radical oxidative damage & breast cancer risk. Read More »

အပိုင်း(၇)ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ။

Source from Kelvin A. Power’s Facebook on September 12, 2019 ဒီအပိုင်းမှာအဓိကထားဆွေးနွေးမယ့်အသဲရဲ့(hepatic de novo lipogenesis pathway)မဖတ်ခင်ကော်လက်စထရောအကြောင်းတွေကိုနဲနဲလေးအရင်ဖတ်ထားမှရပါမယ်။ဒီမှာလင့်တွေပါ။ အပိုင်း(၁)–ကော်လက်စထရော၏ဖုံးကွယ်ထားသောအမှန်တရားများ။ https://www.facebook.com/kelvin.power.1675/posts/130153091594440 အပိုင်း(၂)–ကော်လက်စထရော၏ဖုံးကွယ်ထားသောအမှန်တရားများ။ https://www.facebook.com/kelvin.power.1675/posts/131675968108819 — အသဲရဲ့(hepatic de novo lipogenesis pathway)ဆိုတာသိပ်အရေးကြီးပါတယ်။ဆီးချိုမဖြစ်အောင်ကာကွယ်ပေးနေတဲ့မိခင်သဘာဝကပေးထားတဲ့အဓိကလမ်းကြောင်းပါပဲ။စားလိုက်တဲ့ကာဗိုဟိုက်ဒရိတ်တွေကြောင့်သွေးထဲမှာသကြားဓါတ်ပုံမှန်ထက်များလာတိုင်းသကြားဓါတ်(sucrose Glucose, Fructose, lactose, maltose) တွေအားလုံးကိုအသဲကအဆီအဖြစ်အလျင်အမြန်ပြောင်းလဲပြစ်ရပါတယ်။ပြောင်းလဲပြစ်တဲ့အဆီတွေကို(VLDL)လို့ခေါ်တဲ့ကောလက်စထရောပါတဲ့အလုံးလေးတွေထဲထည့်ပြီး၊ခန္ဓာကိုယ်အနှံ့အပြားကိုအသဲကနေသယ်ဆောင်ထုတ်ယူသွားရပါတယ်။မိခင်သဘာဝကပေးထားတဲ့အလွန်စနစ်ကျလှတဲ့ဒီလမ်းကြောင်းတစ်ခုရှိနေလို့အသဲကျန်းမာနေတဲ့လူဟာဒီစနစ်သာကောင်းကောင်းအလုပ်လုပ်နိုင်မယ်ဆိုရင်၊ဆီးချိုအမှတ်(၂)ရောဂါဆိုတာလုံးဝကိုဖြစ်လာနိုင်စရာအကြောင်းကိုမရှိပါဘူး။လူကတော့ခန္ဓာကိုယ်မှာအဆီတွေတက်ပြီးဝလာပါလိမ့်မယ်။ — အသဲသာကျန်းမာနေရင်ကာဗိုဟိုက်ဒရိတ်တွေများများစားတိုင်းကိုယ်အလေးချိန်တော့တက်လာပါလိမ့်မယ်။သို့သော်ဆီးချိုတော့လုံးဝဖြစ်လာစရာအကြောင်းမရှိပါဘူး။လက်တွေ့မှာကြတော့ပိန်တဲ့သူတွေရော၊ဝတဲ့သူတွေရောဆီးချိုဖြစ်နေကြတာအသဲကြောင့်ဆိုတာထင်ရှားပါတယ်။အသဲကဝင်လာသမျှသကြားဓါတ်တွေကိုအဆီအဖြစ်အလုံအလောက်ထိထိရောက်ရောက်ပြောင်းပေးနိုင်မယ်ဆိုရင်ဆီးချိုမဖြစ်ပါဘူး။မပြောင်းလဲပေးနိုင်တော့မှသာဆီးချိုဆိုတာဖြစ်လာရတာပါ။ဆီးချိုဆိုတာအကျိုးတရားသက်သက်ဖြစ်နေလို့ဘယ်လိုမှကုလို့မရပါဘူး။အကြောင်းတရားဖြစ်တဲ့အသဲကိုအဓိကထားကုတော့မှရမှာပါ။စားသမျှသကြားဓါတ်တွေကိုအသဲကသာအဆီအဖြစ်အကုန်ပြောင်းပေးနိုင်ရင်ဆီးချို၊သွေးချိုရောဂါဆိုတာကြားတောင်ကြားဖူးကြမှာမဟုတ်ပါဘူး။ — နောက်တခုအရေးကြီးတာက(စတာတင်)ကိစ္စပါ။စတာတင်ဆိုတဲ့ဆေးက(hepatic de novo lipogenesis pathway)လမ်းကြောင်းကြီးပျက်စီးသွားအောင်၊အသဲကသကြားဓါတ်ကနေအဆီအဖြစ်ပြောင်းပြီး၊(VLDL)မထုတ်လုပ်နိုင်အောင်ပိတ်ဆို့ပြစ်တဲ့ဆေးပါ။ဒါကြောင့်စတာတင်ဟာ(၁)ဆီးချိုမဖြစ်သေးတဲ့လူတွေကိုဆီးချိုဖြစ်အောင်လုပ်နိုင်တယ်ဆိုတာအလွန်ကိုသေချာပါတယ်။(၂)ဆီးချိုဖြစ်ပြီးသားလူတွေကိုလဲဆရာဝန်တွေက(စတာတင်)ဆေးပေးလိုက်တာဟာ၊မီးလောင်နေတာကိုဓါတ်ဆီလောင်းပေးနေတာနဲ့အတူတူပါပဲ။ဆေးကုမ္မဏီကြီးတွေက(LDL)ကော်လက်စထရောသီအိုရီနဲ့လိမ်ညာပြီးအယုံသွင်းထားတော့ဆရာဝန်တွေက(LDL)နည်းသွားရင်ရင်နှလုံးရောဂါဖြစ်ဖို့အခွင့်အလမ်းနဲသွားမလားလို့အမှားကိုယုံကြည်ပြီးပေးလိုက်တာပါ။တကယ်တော့နှလုံးရောဂါဟာ(remnant lipoprotein)ခေါ်(RLP)သို့မဟုတ်(TG)နဲ့ပါတ်သက်နေတာပါ။ဒါတွေကလဲ(Insulin Resistance)ကြောင့်ဖြစ်ရတာပါ။(LDL)နဲ့မဆိုင်ပါဘူးဆိုတာခိုင်မာတဲ့သုသေသနတွေရှိပါတယ်။ဆီးချိုသမားတွေကို(စတာတင်)ဆေးပေးတာဟာဆီးချိုရောဂါကိုပိုဆိုးရုံတင်မကပါဘူးတခြားရှုပ်ထွေးမှုတွေကိုပါပိုပြီးဖြစ်ပေါ်စေနိုင်ပါတယ်။ — (LDL)များလို့နှလုံးရောဂါဖြစ်မယ်ဆိုတာအရင်းရှင်ဆေးကုမ္မဏီတွေရဲ့ကမ္ဘာမှာအကြီးမားဆုံးလိမ်ညာမှု့တခုပါ။အမေရိကန်ကကော်လက်စထရောကျွမ်းကျင်သူ(Dave Feldman)က(TG)နဲပြီး(HDL)များရဲ့သားနဲ့၊(LDL)ကြောင့်နှလုံးရောဂါဖြစ်ရတယ်ဆိုတာခိုင်မာတဲ့သုသေသနတစ်ခုလောက်ရှိရင်ပြပါဒေါ်လာ($3000)ပေးပါမယ်လို့ကမ္ဘာကိုစိန်ခေါ်ထားတာကြာပါပြီ။ဘယ်သူမှမပြနိုင်သေးပါဘူး။ — အသဲအကြောင်းပြန်သွားကြရအောင်၊ဒီနေရာမှာအဓိကထားပြီးဆိုလိုချင်တာက၊ဆီးချို(၂)သမားတိုင်းအသဲမကောင်းကြပါဘူး။အသဲမှာအဆီစပြီးဖုံးနေကြပါပြီ။အသဲကောင်းနေရင်လဲဆီးချို(၂)ဖြစ်လာစရာအကြောင်းမရှိပါဘူး။အသဲဆိုတာကလဲစစဖြစ်ခြင်းမှာဘယ်လိုမှစမ်းသပ်သိရှိဖို့မလွယ်ပါဘူး။တော်တော်ဆိုးလာတော့မှစမ်းသပ်သိရှိလို့ရနိုင်တာပါ။ဘာကြောင့်အသဲမကောင်းရတာလဲ?ဘာကြောင့်အသဲပျက်စီးသွားရတာလဲဆိုတာသေချာသိဖို့လိုအပ်လာပါပြီ။အသဲပျက်စီးသွားရတဲ့အကြောင်းအရင်းတွေကအများကြီးရှိနေပါတယ်။အဓိကကျတဲ့အချို့ကိုပဲဆွေးနွေးသွားပါမယ်။ — (၁)အသဲအဆိပ်သင့်မှု။ အစားအသောက်ထဲမှာအရင်းရှင်တွေထည့်သုံးပြီးရောင်းနေတဲ့၊(USA, FDA)ကလဲခွင့်ပြုထားတဲ့သဘာဝမဟုတ်တဲ့၊လူလုပ်(Chemical)ဓါတုဗေဒပစ္စည်းတွေဟာအသဲကိုကောင်းကောင်းပျက်စီးစေပါတယ်။ဥပမာဆီးချိုရောဂါသယ်တွေသကြားအစားသုံးနေတဲ့(Aspartame)ဟာ(Natural)မဟုတ်ပါဘူး၊(artificial sweetener)ပါ။လူလုပ်ထားတဲ့(synthetic)ပစ္စည်းပါ။ဒီပစ္စည်းမျိုးကမ္ဘာဦးကတည်းကသဘာဝမှာရှိလာတဲ့ပစ္စည်းလဲမဟုတ်သလိုခန္ဓာကိုယ်ကလဲဘယ်လိုကိုင်တွယ်ရမှန်းမသိပါဘူး။ မိမိကတော့ဆီးချိုမတက်အောင်သကြားအစား(artificial sweetener)အစားထိုးစားတယ်။အသဲနှင့်ခန္ဓာကိုယ်အတွက်ကြတော့အဆိပ်အတောက်တမျိုးပါပဲ။ — တာရှည်ခံဆေးပါတဲ့အစားအသောက်တွေ၊မှိုတက်နေတဲ့အစားအစာတွေ၊ဆိုးဆေးတွေကလဲအသဲကိုပျက်စီးစေတဲ့အဆိပ်တွေပါပဲ။အဆိုးဆုံးပစ္စည်းတစ်ခုက(ပါရာစီတမော)လို့ခေါ်ကြတဲ့(acetaminophen)ပါပဲ။သူ့ကိုရှောင်လို့တော့မရပါဘူး၊တကယ်ဖျားနာလာရင်၊တုတ်ကွေးမိရင်သောက်ကိုသောက်ရပါတယ်။ဒါပေမဲ့လူတွေက(ပါရာစီတမော)ကိုမလိုအပ်ပဲနဲ့။ပဲကြီးလှော်ဝါးသလိုမျိုးအလွန်အကျွံသောက်သုံးနေတာတွေ့ရပါတယ်။အဲဒီဆေးကအသဲအတွက်အလွန်ပြင်းထန်တဲ့အဆိပ်ပါပဲ။ဖျားနာလို့မဖြစ်မနေသောက်ရတာကိုမဆိုလိုပါဘူး။ခေါင်းကိုက်တိုင်းပါရာစီတမောအပျော်ထိုင်သောက်နေတဲ့လူတွေရှိနေပါတယ်။ — …

အပိုင်း(၇)ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ။ Read More »

(စတာတင်) ဖြတ်ပြီးဘာသောက်ရမလဲဆရာ?

Source from Kelvin Power’s Facebook on September 11, 2019 (စတာတင်) ဖြတ်ပြီးဘာသောက်ရမလဲဆရာ?လို့မေးနေကြတဲ့လူတွေတော်တော်လေးကိုများနေပါတယ်။အဖြေကတော့ ….. ဘာမှသောက်စရာမလိုပါဘူး။(LDL)များတိုင်းတော့နှလုံးရောဂါမဖြစ်ပါဘူး။(LDL)ကနှလုံးရောဂါဖြစ်စေတယ်ဆိုတာ(စတာတင်)ဆေးရောင်းတဲ့အရင်းရှင်တွေရဲ့လိမ်ညာချိန်းခြောက်မှု့ပါ။တကယ်တန်းအန္တရာယ်ကြီးတာက(TG)တွေကိုသယ်ဆောင်ထားတဲ့(Remnant Lipoprotein, RLP)ပါပဲ။ — (LDL)များတိုင်းသာနှလုံးရောဂါဖြစ်ရမယ်ဆိုရင်(saturated fat) ပြည့်ဝဆီစားတဲ့(Keto)သမားတွေအကုန်သေကုန်မှာပေါ့။(keto)သမားအများစုဟာ(TG)နဲပြီး(HDL)နဲ့(LDL)များနေတတ်ကြပါတယ်။အမေရိကန်က(Dave Feldman)က(TG)နဲပြီး(HDL)များရဲ့သားနဲ့၊(LDL)ကြောင့်နှလုံးရောဂါဖြစ်ရတယ်ဆိုတာခိုင်မာတဲ့သုတေသနတစ်ခုလောက်လေးရှိရင်ပြပါ၊ဒေါ်လာ($3000)ပေးပါမယ်လို့ကမ္ဘာကိုစိန်ခေါ်ထားတာကြာပါပြီ။ဘယ်သူမှမပြနိုင်သေးပါဘူး။ — (TG)ကို(၅)နဲ့စားရင်(RLP)တန်ဖိုးကိုသိနိုင်ပါတယ်။ဆိုလိုတာက(TG)များရင်(RLP)များမယ်။(TG)နည်းရင်(RLP)နည်းမယ်။(TG)ကိုချလိုက်ရင်(RLP)အလိုလိုကျတာပါပဲ။(TG)ကျပြီး(HDL)တက်အောင်ကျိုးစားကြပါ။ကောင်းတာတစ်ခုက(TG)ကျရင်(HDL)ကအလိုလိုတက်စမြဲပါပဲ။ဘာကြောင့်လဲဆိုတော့(TG)ရဲ့အမှိုက်ရှုပ်တွေကိုလိုက်ရှင်းနေရလို့(HDL)တွေအပျက်အစီးအဆုံးအရှုံးများနေရတာပါ။(TG)နည်းသွားရင်(HDL)အလိုလိုတက်လာပါတယ်။ — (TG)ဘာကြောင့်များရတာလဲလို့မေးရင်တော့(Insulin Resistance)ကြောင့်ပါ။သွေးထဲမှာ(insulin)များနေရင်(TG)များတာပါပဲ။အကျိုးအကြောင်းဆက်စပ်ကြည့်လိုက်တော့တကယ်တန်းနှလုံးရောဂါကိုဖြစ်ပွားစေတာ(insulin resistance)ကြောင့်ပါပဲ။(insulin resistance)ဖြစ်တာကလဲကာဗိုဟိုက်ဒရိတ်နဲ့(PUFA-6)ကြောင့်ပါပဲ။ကာဗိုဟိုက်ဒရိတ်ဆိုတာကတော့(glucose, fructose, lactose)တွေပါပဲ။(PUFA-6)ဆိုတာတွေကတော့(Vegetable oil)တွေပါပဲ။ — အကြောင်းအကျိုးအားလုံးဆက်စပ်ကြည့်လိုက်တော့။နှလုံးရောဂါဖြစ်ပွားတာဟာ(LDL)ကြောင့်မဟုတ်ပဲ။(Insulin resistance)ကိုဖြစ်ပေါ်စေတဲ့၊ကာဗိုဟိုက်ဒရိတ်နဲ့(PUFA-6)ကြောင့်ပါပဲ။ — (LDL)ကြောင့်နှလုံးရောဂါဖြစ်တာမဟုတ်ပါဘူး။(RLP)ကြောင့်ပါဆိုတာကျွန်တော့်စကားမဟုတ်ပါဘူး။ဒီမှာအမေရိကန်အစိုးရရဲ့(.gov)စာမျက်နာမှာတင်ထားတဲ့ယုံကြည်စိတ်ချရတဲ့(Research)ပါ။ဒီမှာလင့်ဖတ်ကြည့်ကြပါ။ https://www.ncbi.nlm.nih.gov/pmc/articles/PMC4889167/ — အနစ်ချုပ်ပြောရရင်တော့(စတာတင်)ကိုဖြတ်ပါ။(TG)ကျပြီး(HDL)တက်အောင်လုပ်ကြပါစို့။(TG)ကျပြီး(HDL)တက်အောင်ဘာလုပ်ရမလဲဆိုတော့(Insulin resistance)နည်းအောင်လုပ်ရပါမယ်။ — အားလုံးကိုကျန်းမာစေလိုသောဆန္ဒဖြင့်၊ Kelvin Albert Power (Nutrition Specialist, Florida, USA)

Donations

Source from Kelvin Power’s Facebook on August 29, 2019 ကျွန်တော်လှူဒါန်းပို့ပေးလိုက်သောဆေးပစ္စည်းများအနက်မှ(Vitamin D3) အကြောင်းကိုနဲနဲလေးပြောချင်ပါတယ်။ – ကျွန်တော်တို့ရဲ့(D3)ဟာအရည်အသွေးပြည့်မှီပါတယ်။ကျွန်တော်တို့ (Vitamin D3)ကိုသောက်လိုက်တာနဲ့မကြာမှီရက်ပိုင်းအတွင်းမှာသွေးထဲက(vitamin d level 25 hydroxy)တန်ဖိုးသိသိသာသာတိုးတက်ပြောင်းလဲလာနိုင်ပါတယ်။ – တစ်ပုလင်းကိုအလုံး(၃၀)ပါဝင်ပြီးတစ်လုံးကို(5,000IU)ပါ။တစ်နေ့တစ်လုံး(5000IU)သောက်ရင်တစ်လစာပါ။(10,000IU)လဲလိုအပ်ရင်လိုအပ်သလိုသောက်လို့ရပါတယ်။ – ဗူးစုစုပေါင်း(50)ဗူးပဲလှူဒါန်းထားနိုင်သေးလို့၊ဆင်းရဲနွမ်းပါးသည့်သက်ကြီးရွယ်အို(၆၀)ကျော်များနှင့်ရဟန်းသံဃာ၊သီလရှင်များကိုဦးစားပေးဖို့မေတ္တာရပ်ခံတောင်းပန်အပ်ပါတယ်။ —– လှူဒါန်းလိုက်သောဆေးများမြန်မာပြည်သို့ရောက်ရှိသွားပါက(https://www.facebook.com/groups/1369923443161697/) (Group)ထဲတွင်ကြေငြာပေးပါမည်။ထို(Group)ထဲတွင်ဆက်သွယ်၍စာရင်းပေးရန်နှင့်လာရောက်ထုတ်ယူရန်ဖုံးနံပါတ်လဲစီစဉ်ပေးပါမည်။ – Vitamin D ဟာလူတိုင်းလိုလိုမှာချို့တဲ့နေတာများပါတယ်။Vitamin D3 ဟာကျန်းမာရေးအတွက်အကျိုးများလို့လူတိုင်းနီးပါးသောက်စေချင်လို့အရင်ကတည်းက (Vitamin D ၏ထူးခြားသောအကျိုးကျေးဇူး(၁၆)ခု) ဆိုပြီးပို့စ်ရေးထားပေးခဲ့ဖူးပါတယ်။ သေချာသွားပြီးဖတ်ကြည့်ကြပါ။လင့်ကဒီမှာပါ။ https://www.facebook.com/kelvin…/posts/116607732948976 – Kelvin Albert Power (Nutrition Specialist, Florida, USA)

Donations

Source from Kelvin Power’s Facebook on August 27, 2019 မြန်မာပြည်ကဆင်းရဲနွမ်းပါးသည့်သက်ကြီးရွယ်အို(၆၀)ကျော်အဖိုးအဖွားများနှင့်ရဟန်းသံဃာ၊သီလရှင်များအတွက်ခုခံအားကောင်းမွန်နေစေရန်ကျွန်တော်လှူဒါန်းလိုက်သောဆေးပစ္စည်းများကိုအမေရိကန်ပြည်ထောင်စု(Florida)ပြည်နယ်မှ(New York )သို့(United States Postal Service,USPS)သုံးပြီးပို့ပြီးသွားပါပြီ။(New York )မှတဆင့်၊မြန်မာပြည်သို့မကြာမှီပေးပို့မှာဖြစ်ပါသည်။ —— လှူဒါန်းလိုက်သောဆေးများမြန်မာပြည်သို့ရောက်ရှိသွားပါကကျွန်တော်ကိုယ်တိုင်ဖွဲ့ထားသော(Group)ထဲတွင်ကြေငြာပေးပါမည်။ထို(Group)ထဲတွင်ဆက်သွယ်၍စာရင်းပေးရန်နှင့်လာရောက်ထုတ်ယူရန်ဖုံးနံပါတ်လဲစီစဉ်ပေးပါမည်။ —– နောက်ရက်များတွင်၊လှူဒါန်းရန်ပို့လိုက်သောဆေးတခုစီ၏အကြောင်းကိုလဲတခုချင်းအသေးစိတ်ရေးပေးပါမည်။ —– Kelvin Albert Power (Nutrition Specialist, Florida, USA)

Donations

Source from Kelvin Power’s Facebook on August 25, 2019 မြန်မာပြည်ကအသက်ကြီးရွယ်အိုတွေအတွက်အလွန်စိုးရိမ်မိပါသည်။ တုတ်ကွေးအမျိုးအစား(A-type)(flu strains (H1N1,H3N2နှင့်H5N1),သုံးမျိုးစလုံးမြန်မာပြည်မှာတွေ့နေရပါပြီ။အဲဒီသုံးမျိုးပေါင်းသွားရင်(genetic mutation)တွေဖြစ်ပြီးအသစ်တစ်မျိုး၊ဒါမှမဟုတ်နှစ်မျိုး၊သုံးမျိုးလောက်ဖြစ်လာနိုင်ပါတယ်။အဲဒီဖြစ်လာမယ့်အလွန်ကူးစက်ပြန့်ပွားလွယ်တဲ့တုတ်ကွေးအတွက်၊ကာကွယ်ဆေးကမ္ဘာပေါ်မှာမရှိသေးမပေါ်သေးပါ။ကုသသည့်ဆေးလဲမရှိသေးမပေါ်သေးပါ။ဒီတုတ်ကွေးပိုးတွေကြောင့်အဆုတ်ယောင်(lung inflammation(pneumonia)အဆုတ်ယောင်ရောဂါဖြစ်လာနိုင်ပြီး၊အဆုတ်ယောင်ရောဂါကြောင့်အသက်ဆုံးရံှုးနိုင်ပါသည်။ ——- အသက်ရှုလမ်းကြောင်းမှကူးစက်ခြင်းဖြစ်သဖြင့်အပြင်သွားသူတိုင်းမျက်နာတွင်(Mask)များအုပ်ထားကြရန်အရေးတကြီးလိုအပ်နေသလို။မိမိ၏ခုခံအားစနစ်အားကောင်းမွန်နေစေရန်ပြင်ဆင်ထားဖို့လဲလိုအပ်နေပါသည်။ကာကွယ်ဆေးထိုးထားလဲကာကွယ်မည်မဟုတ်ပါ။ကုသရမည့်ဆေးလဲမရှိသေးပါ။ဖြစ်လာမှတော့ဘာမှလုပ်မပေးနိုင်ပါ။အကောင်းဆုံးကြိုတင်ကာကွယ်နည်းမှာ ——— ကြိုတင်၍ခုခံအားကောင်းမွန်နေစေရန်(အနည်းဆုံး)မရှိမဖြစ်သောက်ပေးရန်မှာ။ (1)Vitamin D3,5000 IU နေ့စဉ်သောက်ပေးပါ။ (2) Bioflavonoids 50mg နေ့စဉ်သောက်ပေးပါ။ (3) Zinc, 5mg နေ့စဉ်သောက်ပေးပါ။ (4) Rose Hips (fruit Extract) 10mg နေ့စဉ်သောက်ပေးပါ။ (5) Ascorbic acid (Vit C ) 1000mg နေ့စဉ်သောက်ပေးပါ။ (6)Omega-3, Fish oil=1000mg နေ့စဉ်သောက်ပေးပါ။ Omega-3, Fish oil သည်မာကြူရီသန့်စင်ထားပြီးသားငါးကြီးဆီဖြစ်ဖို့လိုအပ်ပါတယ်။ မာကြူရီသန့်စင်မထားလျှင်အန္တရာယ်ရှိပါသည်။ …

Donations Read More »

အပိုင်း(၂)ကော်လက်စထရော၏ဖုံးကွယ်ထားသောအမှန်တရားများ။

Source from Kelvin Power’s Facebook on August 26, 2019 ကော်လက်စထရောအကြောင်းကိုမသိသေးပဲနဲ့ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များအပိုင်း(၇)ကိုဆက်၍မရပါ။ — အရင်းရှင်ဆေးကုမ္မဏီကြီးတွေရဲ့(LDL)ကော်လက်စထောအားလုံးဟာမကောင်းဘူး၊အန္တရာယ်ရှိတယ်လို့စပြောတာက၊ပြည့်ဝဆီ(saturated fat)နဲ့လဲဆက်စပ်နေပါတယ်။(1956)ခုနှစ်မှာအန်ဆဲလ်ကီးစ်(Ancel Keys)ဆိုတဲ့ပင်လယ်လေ့လာသူ(Oceanographer)တစ်ယောက်ကလုပ်ခဲ့တဲ့(7 countries study)ကစခဲ့တာပါ။တစ်ကယ်တော့(22 countries study)ပါ။တိုင်းပြည်(၂၂)ခုကိုလေ့လာတော့၊သူလိုချင်တဲ့အချက်အလက်တွေနဲ့မကိုက်ညီတဲ့တိုင်းပြည်(၁၅)ခုကိုအသာလေးဖယ်ရှားလိုက်ပြီး။သူလိုချင်တာနဲ့တိုက်ဆိုက်မှု့ရှိတဲ့တိုင်းပြည်(၇)ကိုပဲချန်ထားပြီးနိဂုံးချုပ်ဂျင်းထည့်လိုက်တဲ့လေ့လာမှုတခုပါ။ —– (LDL)ကော်လက်စထောနဲ့ပြည့်ဝဆီမကောင်းဘူးဆိုတာ၊1980ခုနှစ်လောက်ကတည်းကိုကဆေးပညာလောကမှာနာမည်အကြီးဆုံးနဲ့သြဇာအရှိဆုံးအမေရိကန်နှလုံးရောဂါအဖွဲ့(American Heart Association=AHA)ကိုယ်တိုင်ဂျင်းထည့်ခဲ့တာပါပဲ။(2013)ကစပြီးတော့နောက်ပိုင်းမှာတော့၊အမေရိကန်နှလုံးအဖွဲ့(AHA)ကမသိမသာလေးသူတို့အမှားကိုပြန်ပြင်လာပါပြီ။သိသိသာသာတော့ပြင်လို့မရပါဘူးအမှားတခုကိုလုပ်ပြီးတော့လူမသိအောင်မသိမသာလေးပြန်ပြင်ကြတာပေါ့။ပေါ်တင်ကြီးမှားပါတယ်လို့ဘယ်တော့မှဝန်မခံကြပါဘူး။ဝန်ခံလိုက်ရင်လဲတရားစွဲခံရမှာလေ။အဲဒီဂျင်းစိုက်ပျိုးရေးဇာတ်လမ်းတွဲအကြောင်းနောက်မှအသေးစိတ်ရေးပေးပါမယ်။ ———– အသဲကအရေးကြီးတဲ့ကော်လက်စထတွေရော၊(CoQ10)တွေရော၊(Vitamin K2)တွေရော၊ထုတ်လုပ်ပေးနိုင်တဲ့အင်ဇိုင်းတွေကိုတားဆီးဖျက်ဆီးပြစ်ပြီးကော်လက်စထရောကိုကျအောင်လုပ်နိုင်တဲ့၊အန္တရာယ်အလွန်များတဲ့(စတာတင်)လို့ခေါ်တဲ့ကော်လက်စထရောကျဆေးတွေကိုရောင်းပြီးအရင်းရှင်တွေကဒေါ်လာသန်းပေါင်းသန်းနဲ့ချီလိုချင်ကြတယ်။(2020)ခုနှစ်မှာတကမ္ဘာလုံးအတိုင်းအတာနဲ့(US$ 1 trillion dollars)ဖိုးရောင်းရဖို့ရည်မှန်းထားကြတယ်။ဆေးစထုတ်တုံးကကုမ္မဏီတချို့ကလဲမူပိုင်လုပ်ပြီးအသေကိုင်ထားကြတယ်။ဒီကော်လက်စထရောကျဆေးများများရောင်းရဖို့ကကောလက်စထရောကိုအပြစ်ပြောမှကိုရတော့မယ်။ဒီကော်လက်စထရောနဲ့၊ပြည့်ဝဆီကလဲဆက်စပ်နေတော့။ပြည့်ဝဆီကိုလဲအပုတ်ချကြတော့တာပေါ့။ —— ပြည့်ဝဆီတွေစားရင်ကော်လက်စထရောတွေတက်မယ်။ကော်လက်စထရောတွေတက်လာရင်နှလုံးရောဂါတွေဖြစ်မယ်လို့ဂျင်းထည့်တော့တာပေါ့။ပြည့်ဝဆီဆိုတာကကမ္ဘာဦးကတည်းကနစ်သန်းပေါင်းများစွာစားလာခဲ့ကြတာ။လက်တွေ့မှာနှလုံးရောဂါတွေစဖြစ်လာတာကနစ်(၁၀၀)လောက်ပဲရှိသေးတယ်။အကြီးအကျယ်တရှိန်ထိုးဆိုးရွားကြီးထွားလာတာက(1980)နောက်ပိုင်းပြည့်ဝဆီတွေလျှော့စားလိုက်တော့မှပါ။ပြည့်ဝဆီကကော်လက်စထရောနဲ့ဆက်စပ်နေတော့ပြည့်ဝဆီကိုအကြီးအကျယ်တိုက်ခိုက်သလိုကော်လက်စထရောကိုလဲအကြီးအကျယ်ဖိုက်ကြတယ်။ဘာလို့ဖိုက်လဲဆိုတော့အရင်းရှင်တွေမူပိုင်လုပ်ထားတဲ့ကော်လက်စထောကျဆေး(စတာတင်)ကိုလူတိုင်းမသောက်သောက်အောင်လို့။အရင်တုန်းက(USA)ကဆေးခန်းတွေမှာ(စတာတင်)သောက်လိုက်ရင်နှလုံးရောဂါဖြစ်ပွားနန်း(၃၃)ရာခိုင်နုန်းကနေ(၃၆%)လောက်အထိလျော့နည်းသွားလိမ့်မယ်လို့ကြော်ငြာကပ်ကြတယ်။ — ဘလိုင်းကြီးကြော်ငြာတာတော့မဟုတ်ပါဘူး။အဲဒီကော်လက်စထရောဆေးကိုမူပိုင်လုပ်ထားတဲ့ကုမ္မဏီကငွေကြေးထောက်ပံ့ပေးပြီးသုသေသနလုပ်ထားတာတွေရှိပါတယ်။အဲဒီသုသေသနရဲ့အဖြေအရစတာတင်သောက်လိုက်ရင်နှလုံးရောဂါဖြစ်ပွားတဲ့နုန်း(၃၃)ရာခိုင်နုန်းလောက်လျော့နည်းသွားလိမ့်မယ်လို့ဆိုကြတာဟုတ်သလိုလိုတော့ရှိတယ်။ဒီနေရာမှာလှည့်ပါတ်ထားတာပညာသားသိပ်ပါတော့သေချာထဲထဲဝင်ဝင်မလေ့လာရင်အမှန်မသိနိုင်ဘူး။ — လူတွေလွယ်လွယ်နားလည်လိုက်တာကလူတစ်ရာကသူတို့ဆေးကိုသောက်လိုက်ရင်(၃၃)ယောက်လောက်နှလုံးရောဂါကနေအသက်ချမ်းသာရာရမယ်လို့နားလည်တယ်။တချို့ကကြတော့ကိုယ့်မှာနှလုံးရောဂါနဲ့သေဖို့(၁၀၀%)ရှိရင်သူတို့ဆေးသောက်လိုက်ရင်(၆၆%)အထိဖြစ်နိုင်ချေလျော့သွားလိမ့်မယ်လို့ထင်ကြတယ်။တစ်ကယ်တန်းကြတော့အဲလိုမဟုတ်ပါဘူး။ဂျင်းပါ။ဂျင်းကိုပညာသားပါပါလေးစိုက်တတ်တော့ဂျင်းပင်မှန်းလူမသိတော့ဘူးပေါ့။ ———– သူတို့ဆေးကိုသောက်လိုက်ရင်နှလုံးရောဂါနဲ့သေဆုံးမှုန်း(၃၃%)လျော့သွားမယ်ဆိုတာကနိုင်းယှဉ်ပြီးပြောထားတဲ့နုန်းပါ။နိုင်းယှဉ်နုန်းကို(relative Risk)လို့ခေါ်တယ်။အနိုင်းမဲ့နုန်းဆိုတာကိုတော့(Absolute Risk)လို့ခေါ်ပါတယ်။ဒီနေရာမှာဂျင်းထည့်ထားတာသိပ်ပညာသားပါတယ်။နိုင်းယှဉ်နုန်း (relative Risk)ဆိုတာကိုလယ်ပြင်မှာဆင်သွားသလိုပေါ်လွင်အောင်ဥပမာတခုနဲ့သေချာရှင်းပြပါမယ်။ —————— ဥပမာ။ ကျွန်တော်ကနှလုံးရောဂါရှိနေတဲ့လူ(၂၀၀၀)ကိုသုသေသနလုပ်ဖို့ခေါ်လိုက်တယ်။တဖက်ကို(၁၀၀၀)စီအုပ်စုနှစ်စုခွဲလိုက်တယ်။ပထမအုပ်စုလူ(၁၀၀၀)ကိုကျွန်တော်ထုတ်ထားတဲ့(စတာတင်)ဆေးနေ့စဉ်သောက်ခိုင်းလိုက်တယ်။ဒုတိယအုပ်စုလူ(၁၀၀၀)ကိုဘာမှမသောက်ခိုင်းဘူးဆိုပါစို့။(၃)နှစ်လောက်စောင့်ကြည့်လိုက်တယ်။(၃)နစ်ပြည့်တောအဖြေကဘာထွက်လာလဲဆိုတော့ကျွန်တော့်(စတာတင်)ဆေးတိုက်လိုက်တဲ့အုပ်စုလူ(၁၀၀၀)ထဲက(၂)ယောက်သေတယ်။ကျွန်တော့်ဆေးမသောက်တဲ့လူ(၁၀၀၀)အုပ်စုထဲကတော့(၃)ယောက်သေတယ်ဆိုကြပါစို့။ကိုယ့်ဆေးသောက်တော့လူတစ်ထောင်မှာ(၂)ယောက်ပဲသေတယ်။ကိုယ့်ဆေးမသောက်တော့လူတစ်ထောင်မှ(၃)ယောက်တောင်သေတယ်။သောက်တဲ့ဖက်နဲ့မသောက်တဲ့ဖက်ယှဉ်လိုက်တော့(၂)ယောက်သေတာနဲ့(၃)ယောက်သေတာနဲ့ဆိုတော့(၁)ယောက်ကြီးများတောင်ကွာမနေဘူးလား?။(၃)ယောက်မှာတစ်ယောက်အသေအပျောက်နည်းတယ်ဆိုတာရာခိုင်နုန်းနဲ့ပြောမယ်ဆိုရင်(၃၃)%တောင်အသေအပျေက်လျော့နည်းမနေဘူးလား?။ဆိုလိုတာကအသေလျော့သွားတဲ့တစ်ယောက်ကိုအများဆုံးသေတဲ့(၃)ယောက်နဲ့စားပြီးရာနုန်းဖွဲ့လိုက်တာ(၃၃%)ဖြစ်သွားပါလေရော။ —– (၃)ယောက်သေတဲ့ဖက်နဲ့၊(၂)ယောက်သေတဲ့ဖက်နိုင်းယှဉ်ကြည့်လိုက်(၃၃%)ကွာနေတယ်လေ။အဲဒါအနိုင်းရနုန်း(relative Risk)လို့ခေါ်တယ်။နောက်ဆုံးထွက်တဲ့အဖြေနှစ်ခုကိုနိုင်းပြီးပြောလိုက်တာ။ဒီလိုဆိုတော့အရင်းရှင်တွေကဘယ်လိုကြော်ငြာသလဲဆိုတော့။သူတို့ဆေးကိုမသောက်တဲ့လူနဲ့စာရင်သောက်လိုက်တဲ့လူက(၃၃%)လောက်သေပျောက် နုန်းလျော့သွားပါတယ်တဲ့။သူတို့ပြောတာလဲမှန်နေတယ်လေဘယ်လိုသွားငြင်းမလဲ။ —- တကယ့်အမှန်တရားကတော့သူတို့ဆေးကို(၃)နှစ်လောက်သောက်လိုက်ရင်လူ(၁၀၀၀)မှာတစ်ယောက်လောက်နှလုံးရောဂါနဲ့သေဆုံးမှု့လျော့ချင်လျော့နိုင်မယ်။အမှန်တရားကဒါပါပဲ။ဒါပေမဲ့အဲဒီလိုတည့်တည့်ပြောလိုက်ရင်ဘယ်သူကမှအဲဒီဆေးကိုဝယ်မသောက်တော့ဘူး။ဒီလိုအမှန်ပြောတာကို(absolute Risk)နဲ့ပြောတာလို့ခေါ်တယ်။(Absolute Risk) နဲ့ပြောရင်၊သေပျောက်နုန်းတစ်ထောင်မှာတစ်ယောက်လောက်ပဲလျော့ချင်လျော့သွားနိုင်တယ်။ဘေးထွက်ဆိုးကျိုးကတော့ကျန်တဲ့(၉၉၉)ယောက်လုံးခံရမယ်။ ——— ပြီးတော့ဘယ်သုတေသနမဆိုလူတစ်ထောင်မှာအယောက်တစ်ရာကိုတာစာရင်းဖျောက်ဖို့မလွယ်တာပါ။လူတစ်ထောင်မှာတစ်ယောက်လောက်ကတော့ကလိန်ကကျစ်လုပ်ရတာ၊စာရင်းဖျောက်ရတာလွယ်လွယ်လေးပါ။သေမှာသေချာနေတဲ့လူကိုကိုယ့်ဖက်အုပ်စုကနေစောစောစီးစီးထွက်ခိုင်းတာတို့။လူတစ်ယောက်လောက်အစားထိုးတာတို့စာရင်းဖျောက်လိုက်တာတို့ကသိပ်လွယ်ပါတယ်။အဲဒီကွာနေတဲ့တယောက်လောက်ကတော့တစ်နေရာရာစာရင်းလိမ်၊စာရင်းဖျောက်လို့ရတာပဲလေ။ —— …

အပိုင်း(၂)ကော်လက်စထရော၏ဖုံးကွယ်ထားသောအမှန်တရားများ။ Read More »

Omega (3-6-9) ပေါင်းထားရင်မကောင်းဘူး

Source from Kelvin Power’s Facebook on August 22, 2019 Omega (3-6-9) ပေါင်းထားရင်ကောင်းတယ်မကောင်းဘူးဆိုတာအငြင်းပွားစရာဖြစ်နေကြတယ်။ဒီနေရာမှာအလွန်အရေးကြီးတာတစ်ခုပြောချင်တယ်။အိုမီဂါ(၆)နဲ့အိုမီကာ(၃)အချိုး(omega-6 to omega-3 ratio)ဆိုတာအလွန်အရေးကြီးတယ်။အဲဒါမြန်မာပြည်မှာတိုင်းလို့ရဦးမယ်မထင်ဘူး။တိုင်းလို့ရရင်လဲဘယ်မှာတိုင်းလို့ရတယ်ပြောပြကြပါ။ – Omega (3-6-9)ကိစ္စကိုပိုရှင်းအောင်ပြောပါမယ်။(Omega3)နဲ့(Omega6)နှစ်ခုလုံး (essential fatty acids)မရှိမဖြစ်လိုအပ်တယ်ဆိုတာမှန်တယ်။ခန္ဓာကိုယ်ကထုတ်ကိုမထုတ်နိုင်ဘူး။မရှိရင်ဖြစ်ကိုမဖြစ်ဘူးဆိုတာလဲမှန်တယ်။ ဒါပေမဲ့(omega-6 to omega-3 ratio)ဆိုတာကသိပ်အရေးကြီးတယ်။အဲဒီ(ratio)မြင့်ရင်(inflammation)တစ်ကိုယ်လုံးမှာဖြစ်တယ်။အဲဒီ(ratio)ကို(2:1)(3:1)လောက်ရအောင်ကျိုးစားနိုင်ရင်(inflammation)မဖြစ်တော့လို့ဘာ(Chronic diseases)ရောဂါမှမဖြစ်နိုင်တော့ဘူး။ (Omega6)ရော(omega3)ရောနှစ်ခုစလုံးလိုအပ်တာမှန်တယ်။ဒါပေမဲ့လူတိုင်းမှာ(Omega6)သိပ်များနေပြီး၊(Omega3)နည်းနေတယ်။အခုခေတ်လူတိုင်းမှာ(omega-6 to omega-3 ratio)က(20:1)ဖြစ်နေကြတယ်။ကျွန်တော်တို့လိုချင်တာက(2:1)လောက်။ အိုမီကာ(၆)ကလိုအပ်တာထက်(၁၀)ဆလောက်များနေတယ်(သို့မဟုတ်)အိုမီကာ(၃)ကလိုအပ်တာထက်(၁၀)ဆလောက်နဲနေတယ်။ကဲဘာလုပ်ကြမလဲ?။ရှင်းရှင်းလေးပဲအိုမီကာ(၆)ကိုအတတ်နိုင်ဆုံးရှောင်ရမယ်။အိုမီကာ(၃)ကိုရသလောက်တိုးပေးရမယ်။ အဲဒါအိုမီကာ(၃)ကိုမသောက်ပဲ၊ဘာကြောင့်(၃၊၆၊၉)သောက်လဲဆိုတာကျွန်တော်နားမလည်ဘူး။(၃၆၉)ဂဏန်းကြိုက်လို့ထင်တယ်။ — လူတိုင်းစားသုံးနေတဲ့အဆီတွေထဲမှာ(Omega6)မပါတဲ့အစားအစာ၊အဆီတစ်ခုမှမရှိဘူး(PUFA) ရဲ့(95%)လောက်က(omega6)တွေကြီးပဲ။အဲဒါကြောင့်(inflammation) ဖြစ်နေကြတာ။(autoimmune diseases)နဲ့ကင်ဆာရောဂါတွေရဲ့အဓိကလက်သယ်က(Omega6)ပဲ။ —– (Omega6)က(inflammatory)။(Omega3)က(anti-inflammatory)။ လူတိုင်းလူတိုင်းမှာ(Omega6)တွေသိပ်များနေလို့၊များနေတဲ့(Omega6)ကိုချေပစေချင်လို့(Omega3)သောက်တာ။ (Omega6)ကိုတိုက်ဖျက်ပြစ်ချင်လို့သောက်တာ။(Omega6)ကိုထပ်သောက်မှတော့ဘယ်တော့မှ(Omega6 to Omega3 ratio)ကျမသွားနိုင်ဘူး။ပိုတက်လာရုံပဲ။ဘာမှမသောက်ပဲနေတာထက်ကိုပိုဆိုးတယ်။Omega (3-6-9)သောက်တာဟာပိုက်ဆံအကုန်ခံပြီးရောဂါအားလုံးဖြစ်စေမယ့်(inflammation)ကိုဝယ်လိုက်တာပါပဲ။ ———- လောကမှာချွင်းချက်တော့ရှိတယ်။အဲဒီသောက်တဲ့(Omega6)ဟာ(GLA)လို့ခေါ်တဲ့(Gamma Linolenic Acid)တွေအဓိကဖြစ်နေတယ်ဆိုရင်တော့(GLA)ဟာ(inflammation)မဖြစ်လို့အန္တရာယ်မရှိဘူး။ဒါပေမဲ့သေချာတာတစ်ခုကအမေရိကန်ဆိုတာအရင်းရှင်နိုင်ငံ၊အမေရိကန်မှာရှိတဲ့အရင်းရှင်တွေကဆေးတွေထုတ်ရောင်းနေတာခင်ဗျားတို့ကိုကျန်းမာစေချင်လို့မဟုတ်ဘူးဆိုတာမြဲမြဲမှတ်ထားကြပါ။အမြတ်များများရချင်လို့ထုတ်ရောင်းနေတာ။(GLA)ကသိပ်ဈေးကြီးတယ်။သူ့ကိုဘယ်အရင်းရှင်မှအဓိကထားမထည့်ပေးဘူး။Omega(3,6,9)လုပ်ကတည်းကပိုမြတ်ချင်လို့လုပ်တာ။(Omega3)ကဈေးကြီးတယ်။USAမှာ(Omega6)ကချီးပေါသေးပေါ။(Omega9)ကလဲဈေးပေါတယ်။မြတ်ချင်လို့အရင်းရှင်တွေဂျင်းရောထည့်ပေးလိုက်တာ။နွားနို့ကိုထောပါတ်ထုတ်ရောင်းပြစ်ပြီး၊ကျန်တဲ့အရည်ကျဲလွင့်ပြစ်ရမယ့်အရည်ကိုသိပ်ကျန်းမာတဲ့(FAT FREE SKIM MILK)ဆိုပြီးဂျင်းထည့်ရောင်းလိုက်သလိုပဲ။ကျွန်တော်ကအရင်းရှင်တွေအကြောင်းနောကျေနေပြီ။ —- (GLA)ဆိုတာလုပ်စားလို့ကောင်းအောင်နာမည်လေးပဲပါတာပါ။အောက်ကပုံကိုကြည့်လိုက်ပါ(total Omega …

Omega (3-6-9) ပေါင်းထားရင်မကောင်းဘူး Read More »

အပိုင်း(၁) ကော်လက်စထရော၏ဖုံးကွယ်ထားသောအမှန်တရားများ။

Source from Kelvin Power’s Facebook on August 20, 2019 ကော်လက်စထရောအကြောင်းကိုမသိသေးပဲနဲ့ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ အပိုင်း(၇)မှာရေးမယ့်အသဲကအဆီထုတ်လုပ်သယ်ဆောင်ဖြန့်ဖြူးမှု့လမ်းကြောင်း(hepatic de novo lipogenesis pathway)ကိုဆက်သွားရင်၊အတန်းကျော်တက်ခိုင်းသလိုဖြစ်ပြီးနားမလည်မှာစိုးရိမ်လို့ကော်လက်စထရောအကြောင်းတွေကိုကြားဖြတ်ပြီးနားလည်အောင်အရင်ရှင်းပြပါရစေ။အချိန်ဆွဲတာမဟုတ်ဘူးနော်၊စေတနာနဲ့ရေးပေးတာပါ။ ——- ဓါတ်ခွဲခန်းမှာ(လစ်ပစ်ပရိုဖိုင်)သွားစစ်ရင်၊(TC)ခေါ်ကော်လက်စထရောစုစုပေါင်း၊(HDL) ခေါ်ကော်လက်စထရော၊(LDL) ခေါ်ကော်လက်စထရော၊(VLDL) ခေါ်ကော်လက်စထရော၊(TG) ခေါ်ထွိုင်ကလိုက်ဆိုဒ်၊ဆိုပြီးငါးမျိုးတွေ့ရပါတယ်။မြန်မာပြည်မှာတော့(VLDL)ကိုထည့်စစ်ပေးမပေးကျွန်တော်မသိပါ။ဆေးပညာကအဲဒီ(၅)မျိုးကိုအောက်ပါအတိုင်းအဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ ——- (၁) (TC) Total cholesterol =ကော်လက်စထရောစုစုပေါင်း (၂) (HDL) High-Density Lipoproteins =ကောင်းတဲ့အကျိုးပြုကော်လက်စထရော (၃) (LDL) Low-Density Lipoproteins =ဆိုးတဲ့ဒုက္ခပေးတဲ့ကော်လက်စထရော (၄)(VLDL) Very Low-Density Lipoproteins=(LDL)ဖြစ်လာမည့်အစဦး၊ကော်လက်စထရော (၅) (TG) Triglycerides =သွေးထဲတွင်လည်ပါတ်နေသောအဆီများ။ -အူထဲကထုတ်လုပ်ပေးတဲ့ခိုင်လိုမိုင်ခရွန်(Chylomicron)ဆိုတဲ့ကော်လက်စထရောအလုံးကြီးကြီးတစ်မျိုးလဲရှိပါသေးတယ်။ဒါပေမဲ့အသဲအကြောင်းအဓိကပြောချင်လို့သူ့အကြောင်းမပြောပဲခဏလေးချန်ထားခဲ့ပါရစေ။ – (HDL),(VLDL),(LDL)တို့ဆိုတာတကယ်တော့ကော်လက်စထရောတွေမဟုတ်ပါဘူး။လစ်ပိုပရိုတိန်း (Lipoproteins)လို့ခေါ်တဲ့(Taxi)လိုမျိုး၊သယ်ယူပို့ဆောင်ရေးယဉ်တွေပါ။ခန္ဓာကိုယ်ကဆဲလ်တွေမှာစွမ်းအင်အဖြစ်အသုံးပြုဖို့လိုအပ်တဲ့အဆီ(TG)နဲ့၊ကော်လက်စထရောဓါတ်တွေကိုအသဲကနေခန္ဓာကိုယ်အနံ့အပြားကိုသယ်ယူပို့ဆောင်ပေးဖို့(VLDL)နဲ့(LDL)ခေါ်တဲ့သယ်ယူပို့ဆောင်ရေးယာဉ်တွေကိုသုံးရပါတယ်။အဆီဆိုတာကသွေးထဲမှာမပျော်ဝင်နိုင်ပဲဟိုပိတ်ဒီပိတ်ဖြစ်တတ်လို့ယဉ်တွေထဲမှာအလုံပိတ်မသယ်ဆောင်သွားပဲသွေးထဲမှာသွန်ထည့်လိုက်လို့မရပါဘူး။ – (TG)နဲ့၊ကော်လက်စထရောဓါတ်တွေကိုသွေးထဲမှာမယိုမဖိတ်ရအောင်(VLDL)လို့ခေါ်တဲ့ပူစီပေါင်းလေးတွေလို၊အလုံးလေးတွေထဲကိုထည့်ပြီးသယ်ယူပို့ဆောင်ပေးရပါတယ်။(TG)တွေကိုလိုအပ်တဲ့နေရာမှာချပေးပြီးရင်ပြန်ထွက်လာလို့ပိုပြီးသေးငယ်သွား၊ကျုံ့သွားတဲ့အလုံးလေးတွေကိုတော့(LDL)လို့ခေါ်ပါတယ်။(HDL)ဆိုတာကတော့ပို့ဆောင်ရေးလမ်းကြောင်းမှာတခုခုမှားယွင်းတိန်းစောင်းသွားခဲ့ရင်အဆီတွေကော်လက်စထရောတွေသွေးထဲမှာဖရိုဖရဲဖြစ်ပြီးကျန်မနေအောင်လိုက်ရှင်းလင်းပေးရတဲ့ပိုပြီးသေးငယ်တဲ့သန့်ရှင်းရေးသမားအလုံးလေးတွေဖြစ်ပါတယ်။ – ဒီနေရာမှာသွေးကြောတွေမပိတ်အောင်သန့်ရှင်းရေးလိုက်လုပ်ပေးနေတဲ့(HDL)အလုံးလေးတွေကိုတော့အားလုံးကကောင်းတဲ့ကော်လက်စထရောလို့လက်ခံထားပြီးဖြစ်လို့အငြင်းပွားစရာမရှိပါဘူး။အငြင်းပွားရတာကအဆီတွေကိုအသဲကနေခန္ဓာကိုယ်အနံ့အပြားကိုသယ်ယူပို့ဆောင်ပေးနေတဲ့(VLDL)နဲ့(LDL)ကိစ္စပါ။နစ်ပေါင်းများစွာကတည်းကအရင်းရှင်ကြီးစိုးနေတဲ့ဆေးပညာကအဲဒီ(LDL)ကော်လက်စထရောတွေဟာမကောင်းဘူး၊(LDL)ကော်လက်စထရောများတဲ့လူတိုင်းဟာနှလုံးသွေးကြောပိတ်ပြီးသေနိုင်တယ်၊လူတိုင်းသူတို့ထုတ်ရောင်းနေတဲ့ကော်လက်စထရောကျတဲ့ဆေး၊စတာတင်(Statin )တွေကိုသောက်သင့်တယ်လို့ကမ္ဘာမှာနာမည်ကြီးနေတဲ့(Mayo-Clinic)ကစလို့များစွာသောဆေးကုမ္မဏီကြီးတွေကမီဒီယာတွေသုံးပြီးကမ္ဘာကြီးကို(LDL)နဲ့ချိန်းခြောက်ပြီး၊ကော်လက်စထရောကျဆေး(စတာတင်)ရောင်းပြီးဒေါ်လာသန်းပေါင်းသောင်းနဲ့ချီအမြတ်ရလို့ချမ်းသာလာတာနှစ်ပေါင်းတော်တော်လေးကြာနေပါပြီ။ – …

အပိုင်း(၁) ကော်လက်စထရော၏ဖုံးကွယ်ထားသောအမှန်တရားများ။ Read More »

ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များအပိုင်း(၇)

Source from Kelvin Power’s Facebook on August 19, 2019 ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များအပိုင်း(၇)မှာအသဲရဲ့(hepatic de novo lipogenesis pathway),ကတော့(ကော်လက်စထရော)သီအိုရီတွေပါတော့နဲနဲလေးတော့ရှုပ်ထွေးမယ်။လူတိုင်းသိထားတဲ့အရာလဲမဟုတ်တော့နားလည်ဖို့လဲနဲနဲတော့ခက်ခဲမယ်။ကျွန်တော်လဲစိတ်ရှည်ရှည်နဲ့မြန်မာတွေနားလည်အောင်အတတ်နိုင်ဆုံးဥပမာကောင်းလေးတွေနဲ့ကျိုးစားပြီးတော့ရေးပေးနေပါတယ်။သိပ်ရှုပ်ထွေးတဲ့ပညာရပ်ကိုလူတိုင်းနားလည်အောင်ရေးရတာဆိုတော့သိပ်မလွယ်ဘူးဗျ။နေ့တိုင်းလဲမနားမနေကျိုးစားပေးနေပါတယ်။အချိန်တော့နဲနဲယူရမယ်။သီးခံပြီးတော့စိတ်ရှည်စောင့်ဆိုင်းပေးကြဖို့ကြိုတင်ပြီးတော့မေတ္တာရပ်ခံပါတယ်။ ကျွန်တော်ဆက်လုပ်နေပါတယ်။မရပ်ပါဘူး။

(LDL particle size test) ကအရေးကြီးပါတယ်။

Source from Kelvin Power’s Facebook on August 18, 2019 (LDL)ကော်လက်စထရောဆိုတာဒီကနေ့ခေတ်မှာ(Bad) ကော်လက်စထရောလို့ပြောနေကြတဲ့အမျိုးအစားပါ။ ဒါပေမဲ့(LDL)တိုင်းတော့မဆိုးကြပါဘူး။ဆိုးတာလဲရှိသလိုကောင်းတာလဲရှိပါတယ်။ (LDL) Particle size ကပိုအရေးကြီးပါသေးတယ်။ Small dense dangerous LDL များရင်မကောင်းဘူး။ Small dense dangerous LDL က(၆၀%)ထက်ပိုရင်မကောင်းဘူး။(၆၀%)အောက်ဆိုရင်သိပ်အန္တရာယ်မပေးနိုင်ပါဘူး။ Large buoyant non-dangerous LDL များရင်ကောင်းတယ်။ —– (LDL particle size test)မလုပ်ပဲနဲ့ဘယ်ဟာဘယ်လောက်ရှိတယ်ဆိုတာအတိအကျပြောဖို့တော့ခက်တယ်။ဘယ်ဟာဘယ်လောက်ရာနုန်းရှိလဲဆိုတာ၊(LDL particle size test)မလုပ်ပဲနဲ့ရာနုန်းပြည့်တော့တိတိကျကျမပြောနိုင်ပေမဲ့(၉၀%)လောက်အနီးစပ်ဆုံးတော့မှန်အောင်တွက်ယူပေးလို့ရပါတယ်။

ကြောက်စရာကောင်းတာ(LDL)မဟုတ်ဘူး၊နောက်ကွယ်မှာပုန်းနေတဲ့ (Remnant cholesterol)

Source from Kelvin Power’s Facebook on August 17, 2019 ကြောက်စရာကောင်းတာ(LDL)မဟုတ်ဘူး၊နောက်ကွယ်မှာပုန်းနေတဲ့ (Remnant cholesterol)၊သူ့ကိုမတိုင်းကြဘူး။(Remnant cholesterol) ဆိုတာ(LDL)မဟုတ်သလို(HDL)လဲမဟုတ်ပြန်ဘူး။နောက်ကွယ်မှာ ပုန်းနေ၊ပျောက်နေတဲ့ကော်လက်စထရော၊(Triglyceride=TG)အနည်းအများ ကိုကြည့်ပြီးသူ့ကိုခန့်မှန်းရတာ။ဒါကြောင့်(TG)က(LDL)ထက် ပိုကြောက်စရာကောင်းတယ်။ကမ္ဘာမှာကော်လက်စထရောအကြောင်း အသိဆုံး(Master)ကတော့(Dave Feldman)ပဲ။သူ့လောက်ကော် လက်စထရောအကြောင်းသိတဲ့လူမရှိဘူး။(TG)များခြင်းဟာ၊ (Remnant cholesterol)များနေတယ်ဆိုတဲ့အမှတ်အသားပဲ။ —– တာဝေးအပြေးချန်ပီယံအားကစားသမား(Craig Moffit, Age40) ဟာ(Total Cholestrol 457)တောင်ရှိတယ်။(LDL 335)တောင် ရှိတယ်။သူ့နှလုံးဟာသိပ်ကိုကောင်းတယ်။နှလုံးသွေးကြောမှာ (Calcification)လုံးဝမရှိဘူး။သူ့မှာ(TG)ကြတော့(67)ပဲရှိတယ်။ ——— ကျန်းမာချင်ရင်(TG)ကိုမဖြစ်ဖြစ်တဲ့နည်းနဲ့ရအောင်ချကြပါ။(TG) ကြောင့်နှလုံးသွေးကြောပိတ်လာပြီ၊သို့မဟုတ်(Calcification) ဖြစ်လာပြီဆိုရင်(Reverse)လုပ်ဖို့မလွယ်ပါဘူး။(K2+D3)မကလို့ဘာကြီးပဲသောက်သောက်၊နှလုံးသွေးကြောထဲမှာပိတ်နေတဲ့(Calcium)ကိုလက်တွေ့မှာဖယ်ရှားနိုင်ဖို့မလွယ်ပါဘူး။(K2+D3) သောက်ရင်နှလုံးသွေးကြောထဲက(Calcification)ကိုဖယ်ရှားနိုင်မလားဆိုတာကကျွန်တော်တို့တွေရဲ့မျော်လင့်ချက်အဆင့်ပဲရှိသေးတာ။ကိုမျော်လင့်ထားတာသက်သက်ပဲ။လက်တွေ့မှာဘာအထောက်အထားသုသေသနမှရှာမတွေ့သေးဘူး။အစကတည်းကမပိတ်အောင်လုပ်။ပိတ်ပြီးမှပြန်ရှင်းဖို့မကျိုးစားနဲ့။မလွယ်ဘူး။ ——— နောက်မှအသေးစိတ်ရေးပေးမယ်။အခုတော့အောက်ကလင့်ကိုကလစ်ပြီး၊Youtube မှာကိုယ်တိုင်ဝင်ကြည့်ကြပါ။

Triglyceride များတာမကောင်းပါဘူး။

Source from Kelvin A. Power’s Facebook on August 16, 2019 Triglyceride များတာမကောင်းပါဘူး။အသဲအဆီစတက်နေပြီဆိုတဲ့သဘောပဲ။ Triglyceride ကိုလဲကျစေတယ်။အသဲထဲကအဆီတွေကိုလဲ လဲစွမ်းအင်အဖြစ်လောင်ကျွမ်းမှုဖြစ်စေတယ်ဆိုတဲ့ (Ingredients)တွေရှာသောက်ပါ။ကာဗိုဟိုက်ဒရိတ်လဲလျော့ပါ။ —— အသဲကအဆီတွေရော၊သွေးကြောထဲကအဆီ(Triglyceride) တွေကိုရောစွမ်းအင်အဖြစ်အမြန်ဆုံးပြောင်းပြီးလောင်ကျွမ်းနိုင်တဲ့အထူး(Ingredients)ပါ။ —— CLA တခုတည်းသက်သက်လာရင်ဝယ်မသောက်ပါနဲ့။ CLA ကTrans fat တမျိုးဖြစ်လို့အောက်က(ingredients)တွေနဲ့တွဲမထုတ်ထားရင်(Oxidize) ဖြစ်ပြီးအန္တရာယ်ရှိနိုင်ပါတယ်။ — တံဆိပ်အကြောင်းမပြောဘူး၊(Ingredients)အကြောင်းပဲပြောနေတာ။ဘာတံဆိပ်ပဲဖြစ်ဖြစ်အရေးမကြီးပါဘူး။ဘာတွေပါလဲပဲအရေးကြီးတာပါ။ကြိုက်တဲ့တံဆိပ်ဝယ်ပါ။အဲဒါတွေပါဖို့ပဲလိုတယ်။သကြားနဲ့၊ကာဗိုဟိုက်ဒရိတ်လဲလျော့စားကြပါ။ —- Ingredients တွေအကြောင်းနဲနဲလေးရေးပေးမယ်။ — CLA (Conjugated Linolic Acid) ဖြစ်ပါတယ်။ သဘာဝအားဖြင့်မြက်ရိုင်းစားတဲ့သတ္တဝါတွေရဲ့နို့မှာ(Omega 3) နဲ့အတူ တွဲပြီးအနည်းငယ်သာပါဝင်နေတဲ့ကောင်းမွန်တန်ဖိုးရှိတဲ့အဆီတမျိုး ဖြစ်ပါတယ်။(CLA)ဆိုတဲ့အဆီဟာတခြားအဆီတွေလိုမဟုတ်ပါဘူး။ ခန္ဒာကိုယ်အတွင်း၊သွေးကြောအတွင်းတွေမှာသူ့ကိုသိုလှောင်မထား နိုင်တဲ့အပြင်ခန္ဒာကိုယ်အတွင်းရှိအခြားသောမကောင်းတဲ့အဆီတွေကို ပါသူကဖျော်ချဖျက်ဆီးပေးပြီးစွမ်းအင်အဖြစ်သုံးစွဲနိုင်အောင်ကူညီပေး ပါတယ်။မကောင်းတဲ့အဆီတွေကိုဖျော်ချပေးနိုင်တဲ့အကျိုးပြုအဆီတ မျိုးဖြစ်ပါတယ်။(CLA)၏ခန္ဒာကိုယ်ကိုမဝအောင်ထိန်းသိမ်းပေးခြင်း၊ အဝလွန်ခြင်း၊အသဲအဆီဖုံးခြင်းသွေးကျောများ အတွင်းအဆီများခြင်းကိုလောင်ကျွမ်းပေးပါတယ်။ CLA တခုတည်းသက်သက်လာရင် တော့CLA ကTrans fat …

Triglyceride များတာမကောင်းပါဘူး။ Read More »

Shopping Cart