(Bio Zinc C)ဆေးဟာ(COVID-19)ကိုကာကွယ်ပေးနိုင်မလား?။

Source from Kelvin A. Power’s Facebook on April 1, 2020
အရင်ကရေးပြီးပါပြီ။ထပ်ရေးဖို့လိုမယ်မထင်ပါဘူး။အရင်အဟောင်း(Same Old Post)ပဲနည်းနည်းလေး(Edit)လုပ်ပြီးပြန်တင်ပေးလိုက်ပါတယ်။
တစ်ချို့လူတွေက(Bio Zinc C)ဆေးဟာ(COVID-19)ကိုကာကွယ်ပေးမယ်လို့ထင်ကြတယ်။ဒီနေရာမှာရှင်းအောင်ပြောချင်တာက၊(Bio Zinc C)ဆိုတာ(COVID-19)ကာကွယ်ဆေးလုံးဝမဟုတ်ပါဘူး။ဘာဆေးပဲသောက်ထား၊ထိုးထားပါစေ။လူများတဲ့နေရာတွေကိုသွားရင်၊လက်မဆေးရင်၊(Mask)မတတ်ရင်တော့ကူးစက်လာမှာပါပဲ။
(Bio Zinc C)ဆေးတစ်လုံးမှာအောက်ပါပစ္စည်းလေးမျိုးပါဝင်ပါတယ်။
(1)Vitamin C 1000 mg
(2) Zinc 5.5 mg
(3) Citrus Bioflavonoids 50 mg
(4) Rose Hips 10 mg
(Bio Zinc C)ဆိုတာ(COVID-19)ကာကွယ်ဆေးလုံးဝမဟုတ်ပါဘူး။
(Bio Zinc C)သောက်ထားလဲ(COVID-19)ကူးစက်လာနိုင်သလို၊မသောက်ထားလဲကူးစက်လာနိုင်တာပါပဲ။ဒါပေမယ့်တစ်ခုတော့ရှိပါတယ်။
(၁)Bio Zinc C မှာပါဝင်တဲ့ ပထမဆုံးတစ်မျိုးဖြစ်တဲ့(Vitamin C) ဆိုတာ(COVID-19)ကြောင့်မသေနိုင်အောင်၊အဆုတ်တွေမပျက်စီးနိုင်အောင်၊အသက်ရူကြပ်ပြီး၊စက်တတ်ရတဲ့အဖြစ်မျိုးမကြုံနိုင်အောင်၊(Septic Shock)မရအောင်၊(ARDS)ဖြစ်ပြီးအဆုတ်ထဲရေဝင်ပြီးမသေအောင်တော့ကာကွယ်ပေးနိုင်ပါတယ်။
အပိုမပြောပါဘူး။(Vitamin C)ရဲ့အကျိုးကျေးဇူးတွေဆက်ရေးရင်ဆေးကြော်ငြာတယ်လို့ထင်မယ်။ဒါကြောင့်မရေးတော့ပါဘူး။ကျွန်တော်ပြောတာမှန်၊မမှန်ကိုယ်တိုင်လက်တွေ့သိရအောင်အောက်မှာ(Links)တွေကို(ကိုယ်တိုင်သေချာ)ဖတ်ကြည့်လိုက်ကြပါ။စာတတ်ရင်၊ပညာရှိရင်၊အမှန်ပြောတာလား၊ဆေးကြော်ငြာတာလားဆိုတာကွဲကွဲပြားပြားနားလည်နိုင်ပါတယ်။
——————-
(၂) Bio Zinc C မှာပါဝင်တဲ့ ဒုတိယအမျိုးအစား(Zinc)ဆိုတာကလဲခန္ဓာကိုယ်ရဲ့ခုခံမှု့စနစ်ကိုအလွန်ကောင်းမွန်စေတာပါ။ဒါလဲအပိုမပြောပါဘူး။(Zinc)ရဲ့အကျိုးကျေးဇူးတွေဆက်ရေးရင်ဆေးကြော်ငြာတယ်လို့ထင်မယ်။ဒါကြောင့်မရေးတော့ပါဘူး။ကျွန်တော်ပြောတာမှန်၊မမှန်ကိုယ်တိုင်လက်တွေ့သိရအောင်အောက်မှာ(Links)တွေကို(ကိုယ်တိုင်သေချာ)ဖတ်ကြည့်လိုက်ကြပါ။စာတတ်ရင်၊ပညာရှိရင်၊အမှန်ပြောတာလား၊ဆေးကြော်ငြာတာလားဆိုတာကွဲကွဲပြားပြားနားလည်နိုင်ပါတယ်။
—-
(၃) (Bio Zinc C )တွင်ပါဝင်နေသော(Ingredients)လေးမျိုးအနက်မှတတိယအမျိုးအစား(Citrus Bioflavonoids)တွေဆိုတာကတော့ပိုတောင်အရေးကြီးနေပါသေးတယ်။
(COVID-19)ကတော့အသစ်ဆိုတော့မစမ်းသပ်ရသေးပေမယ့်အရင်ကဖြစ်ခဲ့ဖူးပြီး(COVID-19)ထက်ပိုပြီးပြင်းထန်၊ပိုပြီးသေပျောက်နှုန်းများခဲ့တဲ့၊နောင်တော်ကြီး(SARS Coronavirus)တွေရဲ့(3CL Pro)အင်ဇိုင်းတွေကိုတားဆီးဖျက်ဆီးပြစ်နိုင်ခဲ့တယ်ဆိုတဲ့ခိုင်မာတဲ့သုတေသနအထောက်အထားတွေရှိနေခဲ့ပါတယ်။
ဒါလဲအပိုမပြောပါဘူး။(Citrus Bioflavonoids)ရဲ့အကျိုးကျေးဇူးတွေဆက်ရေးရင်ဆေးကြော်ငြာတယ်လို့ထင်မယ်။ကျွန်တော်ပြောတာမှန်၊မမှန်ကိုယ်တိုင်လက်တွေ့သိရအောင်အောက်က(Link) ကို(ကိုယ်တိုင်သေချာ)ဖတ်ကြည့်လိုက်ကြပါ။စာတတ်ရင်၊ပညာရှိရင်၊အမှန်ပြောတာလား၊ ဆေးကြော်ငြာတာလားဆိုတာကွဲကွဲပြားပြားနားလည်နိုင်ပါတယ်။
(၄)(Bio Zinc C )တွင်ပါဝင်နေသော(Ingredients)လေးမျိုးအနက်မှ၊စတုတ္ထတစ်မျိုးဖြစ်သော(Rose Hips)ဓါတ်ပေါင်းသည်နွားများတွင်ဖြစ်ပွားခဲ့သော(bovine coronavirus)ပိုးများကိုထိန်းချုပ်နိုင်သည်ဟု၊(၁၉၉၅)ခုနှစ်တွင်ပြုလုပ်ခဲ့သောသုတေသနစာတန်းတစ်ခုတွင်တွေ့ရှိကြောင်း(nih-Gov)မှာရှာဖွေတွေ့ရှိလိုက်ရပါသည်။
(COVID-19)သည်လဲနဂိုမူလပထမတွင်တိရိစ္ဆာန်များမှစတင်ကူးစက်လာသောတိရိစ္ဆာန်များကိုအခြေပြုသည့်(Virus)တစ်မျိုးသာလျှင်ဖြစ်နေပြန်ပါသည်။ထို့ကြောင့်နွားများတွင်ဖြစ်ပွားခဲ့သော(Coronavirus)ကိုတားဆီးနိုင်သော(Rose Hips)သည်ယခုတိရိစ္ဆာန်များမှတဆင့်လူသားများထံသို့ကူးစက်လာသည့်၊(COVID-19)ကိုလဲထိန်းချုပ်ဟန့်တားနိုင်ရန်အကျိုးသက်ရောက်မှု့ရှိကောင်းရှိနိုင်သော်လည်း၎င်းတွေ့ရှိချက်သည်တိရိစ္ဆာန်များတွင်ဖြစ်ခဲ့ပြီး၊ယခုလူသားများတွင်ကူးစက်နေသော(COVID-19)အတွက်တိတိကျကျမစမ်းသပ်ရသေးသည့်အတွက်ကာကွယ်ပေးနိုင်မည်ဟုတော့အာမ၊မခံနိုင်ပါ။
အောက်ပါသုတေသနကိုကိုယ်တိုင်သေချာလေ့လာ၍မိမိကိုယ်ပိုင်ဉာဏ်ရှိသလိုကိုယ်တိုင်ဆုံးဖြတ်နိုင်ကြပါရန်တင်ပြအပ်ပါသည်။
“The antiviral effect of rosehip has been less investigated, but some interesting research has also been performed in this field. In 1995, the protective effect of Rosa nutkana extracts against bovine coronavirus was reported [65]”
https://www.sciencedirect.com/…/a…/abs/pii/0378874195900373…
နောက်ဆုံးပြောချင်တာက(Bio Zinc C)ဆိုတာ(COVID-19)ရောဂါမကူးစက်အောင်ကာကွယ်ပေးမယ့်၊ကာကွယ်ဆေးလုံးဝမဟုတ်ပါဘူး။သို့သော်သတင်းကောင်းတစ်ခုက၊သူ့မှာပါဝင်တဲ့(ingredients)လေးမျိုးစလုံးဟာခိုင်မာတဲ့သုတေသနအထောက်အထားတွေအရ၊(COVID-19)ကြောင့်အသက်မသေနိုင်အောင်တော့ကောင်းကောင်းအထောက်အကူပြုနိုင်ပါလိမ့်မယ်။
သတင်းဆိုးတစ်ခုကတော့အဲဒီဆေးတွေ(USA)မှာ၊ထပ်ထုတ်လို့မရပဲကုန်ကြမ်းပြတ်နေပါပြီ၊အရင်ကမှာထားတဲ့လက်ထဲလက်ကျန်ကလွဲလို့လောလောဆယ်(USA)မှာအသစ်ထပ်ဝယ်လို့မရတော့ပါဘူး။လူတွေတောင်းဆိုထားလို့ပြန်ရအောင်တော့အစွမ်းကုန်ကျိုးစားပေးပါမယ်။ဒါပေမယ့်တစ်ကမ္ဘာလုံးကပ်ဆိုက်နေလို့ဆေးပစ္စည်းကုန်ကြမ်းတွေပြတ်နေတာတော့ကိုယ်လဲမတတ်နိုင်ပါဘူး။ဒါကြောင့်လက်ထဲရှိတာတွေကုန်သွားရင်ပြန်ရမယ်လို့တော့အာမ၊မခံနိုင်ပါ။
ဆေးကြော်ငြာနေတာလား?။
လိုချင်တဲ့လူတွေသိပ်များနေပြီးဆေးနည်းနေလို့၊ရောင်းမလောက်တဲ့ဆေးကိုကြော်ငြာနေဖို့လိုမယ်မထင်ပါဘူး။(American Best)ကဆေးတွေဆိုတာကကြော်ငြာစရာမလိုပါဘူး။မကြော်ငြာတာတောင်ဆေးကအမြဲပြတ်နေတာပါ။(Bio Zinc C)ကို(COVID-19)ကာကွယ်ပေးမယ်လို့ထင်နေတဲ့လူတစ်ချို့ရှိနေလို့ရှင်းအောင်ရေးပေးတာပါ။ဝယ်နေကြလူဟောင်းတွေနဲ့တောင်မလောက်လို့အမြဲပြတ်နေတတ်တဲ့ဆေးပါ။ဆေးပြန်မပြတ်သွားရအောင်တော့အစွမ်းကုန်ကျိုးစားပေးပါမယ်။ဒါပေမယ့်အာမတော့မခံနိုင်သေးပါ။
နောက်ဆုံးပြောချင်တာက၊ဘာဆေးပဲသောက်ထား၊ထိုးထားပါစေ။လူများတဲ့နေရာတွေကိုသွားရင်၊လက်မဆေးရင်၊(Mask)မတတ်ရင်တော့ကူးလာမှာပါပဲ။(Bio Zinc C)ဟာ(COVID-19)မကူးစက်အောင်မကာကွယ်ပေးနိုင်ပါဘူး။ကာကွယ်ဆေးလဲမဟုတ်ပါဘူး။
သို့သော်(Bio Zinc C)ဟာရိုးရိုး(Vitamin C)နဲ့တော့လုံးဝမတူပါဘူး၊တခြားအလွန်အရေးကြီးတဲ့(ingredients)သုံးမျိုးအပိုပါဝင်နေပါတယ်။ခိုင်မာတဲ့သုတေသနအထောက်အထားတွေအရ၊သူ့မှာပါဝင်တဲ့ပစ္စည်းလေးမျိုးစလုံးဟာ၊အရေးပေါ်အခြေအနေတစ်ရပ်မှာအသက်တစ်ချောင်းကိုမဆုံးရံှူးစေဖို့အတွက်တော့အထောက်အကူပြုကောင်းပြုပေးနိုင်ပါလိမ့်မယ်။
ဆေးကြော်ငြာတာမဟုတ်ပါ။ဆေးကြော်ငြာတယ်၊ဂျင်းထည့်တယ်ထင်ရင်ဝယ်မသောက်ကြပါနှင့်။ဒီအချိန်မှာအသက်ဉာဏ်စောင့်ပါတယ်။ကြော်ငြာတာနဲ့အမှန်တရားနဲ့မကွဲပြားရင်တော့ကိုယ်ဖြစ်ကိုယ်ခံပါပဲ။
Kelvin Albert Power
Shopping Cart