လေဖြတ်ပြီးသတိလစ်နေသူကိုဖြည့်စွက်စာဘာတိုက်သင့်ပါသလဲ?။
Source from Kelvin A. Power’s Facebook on June 22, 2020 လေဖြတ်ပြီးသတိလစ်နေသူကိုဖြည့်စွက်စာဘာတိုက်သင့်ပါသလဲ?။ — ခက်တော့ခက်နေပါပြီ။ဒီကိစ္စကလဲနောက်စရာကိစ္စမဟုတ်တော့ကျွန်တော့်ကိုလာနောက်နေတာတော့မဟုတ်လောက်ပါဘူး။အားကိုးတကြီးနဲ့လာမေးတယ်လို့ပဲကျွန်တော်ယူဆမိပါတယ်။ဒါပေမယ့်အားလုံးကိုပြောချင်တာတစ်ခုကဖြည့်စွက်စာဆိုတဲ့သဘောတရားကိုနားလည်ဖို့တော့လိုအပ်နေပါပြီ။ — အမှန်တစ်ကယ်တော့ဖြည့်စွက်စာဆိုတာရောဂါမဖြစ်ခင်မှာမဖြစ်လာအောင်ကာကွယ်နိုင်ဖို့ကြိုတင်ပြီးစားသုံးထားရတဲ့၊ခန္ဓာကိုယ်အမြဲရောဂါကင်းပြီးကျန်းမာနေအောင်ဖြည့်ဆည်းပေးထားရတဲ့သဘာဝကရတဲ့အစာအဟာရတွေပါပဲ။ ရေရှည်ကျန်းမာရေးနှင့်ရောဂါကာကာကွယ်ရေးသက်သက်ပါ။အရေးပေါ်အခြေအနေတစ်ခုမှာရောဂါအသဲအသန်ဖြစ်လာတော့မှကုသဖို့အတွက်အရေးပေါ်ဆေးတွေမဟုတ်ပါဘူး။ဒါကိုလူတိုင်းနားလည်စေချင်ပါတယ်။ — ရောဂါဆိုတာမဖြစ်ခင်မှာ၊မဖြစ်အောင်ကြိုတင်ကာကွယ်နိုင်ရင်တော့အကောင်းဆုံးပါပဲ။ရောဂါတစ်ခုဖြစ်ပြီဆိုကတည်းကကုလို့ပျောက်သည်ဖြစ်စေ၊မပျောက်သည်ဖြစ်စေ၊နှစ်ခုလုံးအရံှုးတွေပါပဲ။တစ်ခုမှအမြတ်မရှိသလိုအရင်းလဲပြန်မရပါဘူး။ရောဂါမဖြစ်တာကသာလျှင်အရင်းဖြစ်ပါတယ်။။တချို့နာတာရှည်ရောဂါသယ်တွေဟာဖြည့်စွတ်စာသောက်လို့ကောင်းမွန်သက်သာလာတာတွေတော့ရှိပါတယ်။မရှိဘူးလို့တော့မပြောပါဘူး။ဒါပေမယ့်အစောကြီးကတည်းကနားလည်ပြီးအချိန်ပေးပြီးကြိုတင်ကာကွယ်သုံးစွဲတတ်ဖို့တော့လိုအပ်ပါတယ်။ — လေဖြတ်ပြီးသတိလစ်နေသူကိုဖြည့်စွက်စာဘာတိုက်သင့်ပါသလဲ?။လို့မေးလာရင်တော့အဖြေကရှင်းရှင်းလေးပါ။လေဖြတ်ပြီးသတိလစ်နေသူကိုတော့ဘာဖြည့်စွက်စာမှမတိုက်ပဲနဲ့ဆေးရုံအရေးပေါ်လူနာဌာနကိုအမြန်ဆုံးပို့ဖို့ပဲလိုအပ်ပါတယ်။ဒါဟာအချိန်ဆွဲလို့မရပါဘူး။အသက်အန္တရာယ်ရှိနေပါပြီ။ဒီအချိန်ကြမှတော့ဘာဖြည့်စွက်စာနဲ့မှထိုင်ကုလို့မရနိုင်ပါဘူး။ — အားလုံးကိုပြောချင်တာကလေမဖြတ်အောင်ကြိုတင်ပြီးကာကွယ်ကြပါ။ကြိုတင်ပြီးဖြည့်စွက်စာတွေသောက်ပြီးကျိုးစားထားပါ။လေဖြတ်တာကိုကြိုတင်ပြီးကာကွယ်ပေးနိုင်တဲ့ဖြည့်စွက်စာတွေကိုအစောကြီးကတည်းကကြိုသောက်ကြပါ။လေဖြတ်ပြီးသတိလစ်ပြီဆိုရင်တော့ဆေးရုံအရေးပေါ်ဌာနကိုချက်ချင်းသွားပါ။ — လေဖြတ်တယ်ဆိုတာကလဲအကြောင်းကြာင့်အကျိုးဖြစ်ရတာပါ။လေဖြတ်ဖို့ကအကြောင်းအကျိုးတွေချက်ခြင်းဖြစ်လာတာမဟုတ်ပါဘူး။အနှစ်နှစ်၊အလလကြာပြီးမှတဖြေးဖြေးနဲ့ဖြစ်လာရတာပါ။ပထမဆုံးအနေနဲ့ခန္ဓာကိုယ်ထဲမှာစားထားတဲ့(Omega6)အဆီဆိုးတွေကအောက်ဆီဂျင်နဲ့ဓါတ်ပြုပျက်စီးပြီး(Lipid peroxidation)ဖြစ်ရပါတယ်။အဲဒီလိုဖြစ်ပြီးရင်သွေးကြောတွေထဲမှာရော၊သွေးကြောအတွင်းနံရံတွေမှာရော၊အဆီတွေ၊ပရိုတိန်းတွေ၊ဆဲလ်တွေမှာရော(Oxidative Damaged)တွေဖြစ်လာရပါတယ်။အဲဒီကနေ(Inflammation)ဖြစ်ရပါတယ်။အဲဒီအခြေအနေမှာသွေးကခဲပြီးပြစ်လာပါတော့တယ်။နောက်ပြီးတော့မှ၊တချိန်ချိန်မှာလေဖြတ်တတ်ပါတယ်။ — လေဖြတ်တယ်ဆိုတာဟာအသက်အရွယ်နဲ့လဲသက်ဆိုင်နေသလို၊နှလုံးကြီးတာ၊နှလုံးကြွက်သားထူတာ၊နှလုံးရောဂါရှိတာ၊နှလုံးခုန်မမှန်တာ၊သွေးတိုးရောဂါရှိတာ၊ဆီးချိုရောဂါရှိတာတွေနဲ့လဲသက်ဆိုင်နေပါတယ်။ — ဒီနာတာရှည်ရောဂါဆိုးတွေမဖြစ်အောင်ကြိုတင်ကာကွယ်တဲ့အနေနဲ့အစောကြီးကတည်းကဖြည့်စွက်စာတွေကိုစားသုံးသင့်ပါတယ်။ဥပမာပြောရရင်(Super Antioxidant, Omega3 Fish Oil, NAC Plus, Vitamin E, Vitamin C, Bio Zinc C, Curcumin,Liver Master, Curcumonoid)စသည်တို့ကလေဖြတ်ခြင်းအပါအဝင်လေဖြတ်မှု့ကိုဖြစ်ပေါ်စေတဲ့အခြေခံရောဂါတွေကနေကာကွယ်ပေးပါတယ်။ဒါတွေအစောကြီးကတည်းကကြိုသုံးနေရင်လေဖြတ်ဖို့အလွန်ခဲယဉ်းပါတယ်။ — လေဖြတ်တယ်ဆိုတာသွေးပြစ်တာလဲအဓိကအကြောင်းဖြစ်ပါတယ်။ပြစ်တဲ့သွေးဟာပိုပြီးခဲဖို့လွယ်ကူပြီးဦးနှောက်သွေးကြောထဲမှာခဲပြီးပိတ်သွားတတ်ပါတယ်။ဒါကြောင့်မို့(Super Antioxidant, Omega3 Fish Oil, NAC Plus, Bio …
လေဖြတ်ပြီးသတိလစ်နေသူကိုဖြည့်စွက်စာဘာတိုက်သင့်ပါသလဲ?။ Read More »