Moe Thaike

Covid အတွက်အရေးပေါ်လမ်းညွှန်ချက်

July 16, 2022 Covid အတွက် American Best ကဖြည့်စွက်စာဆေးတွေထဲကဘာတွေသောက်သင့်ပါသလဲ?လို့မေးနေကြတဲ့သူတွေများနေလို့ရေးပေးတာဖြစ်ပါတယ်။အခုဒီစာဟာလက်ရှိဖြစ်ပေါ်နေတဲ့(Covid)လှိုင်းတစ်ခုတည်းအတွက်မဟုတ်ပါဘူး။နောက်နောင်၊တစ်သက်လုံးဖြစ်ပေါ်လာမယ့်(Covid)တွေနဲ့ပါတ်သက်လို့ဘာတွေလုပ်ရမလဲဆိုတာကိုကြိုတင်ပြီးရေးပေးပါမယ်။ – ပထမဦးဆုံးလေထဲကနေ(Covid)တစ်မျိုးမျိုးကူးစက်လာပြီဆိုရင်၊လည်ပင်းမှာယားယံတာမျိုး၊တစ်စို့တစ်စို့ဖြစ်နေတာမျိုး၊တစ်ခုခုခံနေသလိုမျိုး၊လည်ချောင်းမရှင်းတာမျိုး၊အသံပြောင်းသွားတာမျိုး၊လည်ပင်းနာတာမျိုးစသည်ဖြင့်တစ်ခုမဟုတ်တစ်ခုလက္ခဏာပြတတ်ကြပါတယ်။လက္ခဏာသိသာတာနဲ့၊မသိသာတာပဲကွာပါတယ်၊ရောဂါအကူးခံတဲ့လူ(99%)မှာဒီလက္ခဏာတစ်ခုခုသေချာပေါက်ပြပါတယ်။ – အဲဒီအချိန်ဟာသိပ်ကိုအရေးကြီးပါတယ်။ဒီအချိန်မှာ(Bio Max C)ကိုပုံမှန်ဆေးသောက်သလိုရေနဲ့မျောချပြီးမသောက်ရပါဘူး။ ဒီအချိန်မှာ(Bio Max C)တစ်လုံးကိုအကုန်အရည်ပျော်သွားတဲ့အထိချိုချဉ်လိုငုံပေး၊စုပ်စားပေးပါ။(Bio Max C)ဆိုတာပိုးနဲ့တိုက်ရိုက်ထိရင်ပိုးသေအောင်ကို(pH)တန်ဖိုး(2.5)လောက်ရအောင်တမင်ထုတ်လုပ်ထားတာဖြစ်လို့အရမ်းကိုချဉ်ပါတယ်။ – အကြာကြီးငုံထားရင်အချဉ်ဓါတ်ပြင်းလို့အာခေါင်စားတတ်ပါတယ်။ဒါကြောင့်ကြာကြာမငုံနိုင်ရင်၊မကြာခဏထုတ်လိုက်ပြန်ငုံလိုက်လုပ်ပေးပါ။သိပ်ချဉ်လို့ချိုချဉ်လိုစုပ်မစားနိုင်ရင်အမှုန့်ကြိတ်ချေပြီးသကြားနည်းနည်းနဲ့ရောလျှက်ပါ။ဆားနဲ့မရောပါနှင့်(pH)တန်ဖိုးပြောင်းသွားရင်အစွမ်းမထက်တော့ပါဘူး။ – အထူးသဖြင့်မနက်အိပ်ယာထတာနဲ့ရေမသောက်ခင်၊အစာမစားခင်လည်ချောင်းကိုအဓိကခြေကုပ်ယူပြီးပွားနေတတ်တဲ့ပိုးမျိုးတွေကို(Bio Max C )ကိုချိုချဉ်ငုံသလိုငုံပြီးပိုးသတ်ပေးပါ။(Bio Max C)မှာ(pH)တန်ဖိုး(2.5)နဲ့(3.0)မှာရှိပါတယ်။ကမ္ဘာပေါ်မှာဘယ်လို(Virus)ပိုးမျိုးမဆိုအဲဒီ(pH)တန်ဖိုးရှိတဲ့(acid)ဓါတ်နဲ့ထိရင်သေပါတယ်။ပြီးတော့(Bio Max C)မှာပိုးသေစေနိုင်တဲ့(Citrus Bioflavonoids)တွေလဲအများကြီးထည့်ထားပြီးသားပါ။ – (Airborne Virus)ပိုးတွေရဲ့အဓိကပွားများဖို့အင်အားစုရတဲ့နေရာဟာလည်ချောင်းပါပဲ။အဲဒီကနေပွားများပြီးတော့၊အသက်ရူလမ်းကြောင်းနဲ့အစာအိမ်နဲ့အူလမ်းကြောင်းဆိုပြီးလမ်းကြောင်းနှစ်မျိုးခွဲပြီးခန္ဓာကိုယ်ကိုတိုက်ခိုက်ပါတယ်။တစ်ကယ်လို့လည်ချောင်းကပိုးကို(acid)သို့မဟုတ်(heat)နဲ့အရင်မသတ်ပြစ်လိုက်ပဲရေသောက်လိုက်ရင်(သို့မဟုတ်)၊အစာစားလိုက်မိရင်ပိုးအများစုဟာအရှင်လတ်လတ်အစာအိမ်ထဲကိုရောက်သွားပါတယ်။အစာအိမ်ထဲရောက်သွားရင်တော့ပိုးသေမလား၊မသေဘူးလားဆိုတာအစာအိမ်ရဲ့အက်ဆစ်ဓါတ်နဲ့ပဲဆိုင်ပါတော့တယ်။အစာအိမ်ရဲ့အက်ဆစ်ဓါတ်နဲ့မသေပဲ၊အစာအိမ်ထဲကနေကျော်သွားပြီးအူတွေထဲရောက်သွားရင်တော့ပိုးသေစရာနည်းလမ်းမရှိတော့ပါဘူး။အစာအိမ်ကိုမကျော်ခင်ပဲပိုးသတ်လို့ရပါတယ်။ – အစာအိမ်ထဲမှာပိုးသတ်တာကဒုတိယအဆင့်ပါ။ပထမအဆင့်ကလည်ချောင်းမှာအရင်ပိုးသတ်ပေးရပါမယ်။လည်ချောင်းမှာ(Bio Max C)ငုံပြီးရင်၊ပိုးတွေသေကုန်ပါပြီ။ဒီအချိန်မှာရေသောက်ရင်၊ထမင်းစားရင်၊ပိုးတွေအစာအိမ်ထဲကိုရောက်သွားနိုင်တယ်ဆိုပေမယ့်အရှင်ထက်အသေတွေရောက်သွားကြမှာပါ။အစာအိမ်ထဲမှာပါပိုးသေစေချင်ရင်တော့(Apple Cider Vinegar)ဆေးတောင့်လေးတွေကိုပါများများသောက်ပေးပါ။ဒါမှမဟုတ်(Bio Mac C)ကိုတစ်လုံးပြီးတစ်လုံးမကြာခဏငုံပေးပါ။ – (Bio Max C)မရှိဘူးဆိုရင်လဲ၊သူ့နေရာမှာသံပုရာသီးတစ်လုံးကိုအစိတ်ကလေးတွေစိတ်ပြီးငုံထားပါ။(သံပုရာသီးကိုရေမရောရပါ၊သဘာဝအချဉ်အတိုင်းစားပေးရပါမယ်)အခွံ့ပါဝါးစားပေးပါ။သံပုရာသီးအစိမ်း(Lime)ထက်စာရင်အဝါ(Lemon)ကပိုကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့၊အဝါ(Lemon)က၊အစိမ်း(Lime)ထက်အခွံပိုပြီးနုးညံ့လို့အခွံပါစားဖို့ပိုပြီးလွယ်ကူပါတယ်။အစိမ်းထက်လဲပိုပြီးချဉ်ပါတယ်။အခွံပါစားရပါမယ်။အခွံမစားလို့ကိုလုံးဝမရပါဘူး။အခွံက(Bio Max C)မှာပါတဲ့(Citrus Bioflavonoids)ဖြစ်ပါတယ်။ – သံပုရာသီးတွေဟာ(pH)တန်ဖိုး(3.0)ကနေ(3.5)လောက်ရှိပါတယ်။(Bio Max C)လောက်ပိုးသေမမြန်ပေမယ့်၊မရှိသုံးအနေနဲ့သုံးလို့ရပါတယ်။(Bio Max C)ကတော့သံပုရာသီးထက်ပိုးသတ်နိုင်တဲ့(acid)ဓါတ်ပိုများပါတယ်။မြန်မာပြည်မှာ(Lemon)ဆိုပေမယ့်မရနိုင်ရင်တော့(Lime)ပဲသုံးပေးပါ။ …

Covid အတွက်အရေးပေါ်လမ်းညွှန်ချက် Read More »

Triple Magnesium Complex (200mg) (250cts)

Tri-Magnesium Comp(200mg)ကိုမနက်တလုံးညနေတလုံးကိုအစားစားခါနီး(သို့မဟုတ်)အစားစားပြီးသောက်ပေးပါ။ ဝမ်းချုပ်သူများTri-Magnesium Comp(200mg) ကိုမနက်အစားမစားမှီ(၄)လုံးသောက်ပြီးရေအဝသောက်ပေးပါ။ Triple Magnesium (200mg) (၄)လုံးကိုရေတဖန်ခွက်အပြည့်(အနည်းဆုံး 20fl oz)နဲ့သောက်ပေးပါ။ သောက်ပြီးရင်အစားမစားပါနဲ့အုံး၊မိနစ်၃၀လောက်ကြာမှအစားစားပါ၊ဝမ်းချုပ်နေတဲ့သူတွေကတာ့မနက်ပိုင်းအစားစားရင်းMCT oil ကို table spoon တဇွန်းကိုအစာနဲ့အတူသောက်ပါ(သို့မဟုတ်) ကော်ဖီသောက်တတ်သူများကတော့ကော်ဖီထဲကို MCT oil ကို table spoon တဇွန်းထည့်ဖျော်သောက်ပါ၊ဝမ်းအရမ်းချုပ်နေသေးရင် MCT oil ကို (၂)ဇွန်းထည့်သောက်ပါ၊ဝမ်းချောချောသွားပါမယ်၊နောက်ပိုင်းဝမ်းမှန်ရင်တော့အတိုးအလျှော့လုပ်သောက်ပေးပါ။ – MCT oil အကြောင်းသိချင်သူများအတွက်လင့်ခ်ပေးထားပါတယ်။(https://americanbest.us/?s=mct+oil) – Tri-Magnesium Comp(200mg) သောက်သုံးခြင်းဖြင့်ရရှိမည့်အကျိုးကျေးဇူးများကိုပုံမှာပြထားသောဆေးဘူးတွင်ဖတ်ရှု့လို့ရပါတယ်။ – Magnesium သောက်သုံးခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးတွေကတော့အများကြီးပါ၊အဲဒီထဲကမှကောက်နုတ်ဖေါ်ပြရရင်တော့ မဂ္ဂနီစီယမ်သည်နှလုံးကျန်းမာရေးအတွက်လွန်စွာအရေးပါပါတယ်။နှလုံးသွေးကြောဆိုင်ရာအတွက်ကျန်းမာရေးနှင့်စွမ်းအင်ထုတ်လုပ်ခြင်းတို့ကိုအထောက်ပံ့ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးအတွင်းရှိ ပမာဏအများဆုံးသောမဂ္ဂနီယမ်သည် နှလုံးအတွင်းတွင်ရှိပြီး အထူးသဖြင့် နှလုံး၏ ဘယ်ဘက်(သွေးပြန်ထုတ်လွှတ်ရာ) အောက်ပိုင်းခန်းမ တွင်ဖြစ်ပါသည်။ မဂ္ဂနီစီယမ်သည် ကယ်လစီယမ်နှင့်အတူတွဲ၍ အလုပ်လုပ်ကာ သွေးဖိအားပမာဏ မှန်ကန်စေရန်လုပ်ဆောင်ပေးနိုင်တဲ့အတွက် သွေးတိုးခြင်းကို ကာကွယ်ပေးပါသည်။ …

Triple Magnesium Complex (200mg) (250cts) Read More »

(Vitamin D 70 ng/ml)အထက်ရှိတဲ့လူတွေကတော့ဘာမှဖြစ်မှာမဟုတ်ပါဘူး။အဲဒီအောက်ရောက်နေတဲ့လူတွေအမြန်ဆုံးမြှင့်တင်ပါ။

Source from Kelvin A. Power’s Facebook on September 17, 2020 ဒီအတိုင်းဆိုရင်(COVID)ဆိုတာပြေးမလွတ်တော့ဘူး။မကြာမှီရက်ပိုင်းအတွင်းမှာလူတိုင်းကိုကူးစက်လာမှာပါပဲ။ — အထူးအရေးတကြီးပြောချင်တာက(Vitamin D 70 ng/ml)အထက်ရှိတဲ့လူတွေကတော့ဘာမှဖြစ်မှာမဟုတ်ပါဘူး။အဲဒီအောက်ရောက်နေတဲ့လူတွေအမြန်ဆုံးမြှင့်တင်ပါ။လူအများစုကတော့(30 ng/ml)အောက်မှာပဲရှိနေတတ်ပါတယ်။မမြှင့်တင်ရင်အသက်အန္တရာယ်အထိတောင်ရှိနိုင်ပါတယ်။ — ရှင်းရှင်းပြောရရင်(Vitamin D)ဆိုတာ(IU)အားဖြင့်သာသောင်းဂဏန်းချီပြီးပြောနေရတာပါ။(gram)အလေးချိန်အားဖြင့်(Micro Gram)လောက်ပဲရှိပါတယ်။(1 Micro Gram)ဆိုတာ(1 Gram)ရဲ့အပုံတစ်သန်းပုံရဲ့တစ်ပုံလောက်ပဲရှိပါတယ်။(Vitamin D)ကိုမပြောပါနှင့်အဆိပ်လို့ခေါ်ကြတဲ့အများသုံးနေတဲ့ပိုးသတ်ဆေးတွေတောင်(Micro Gram)လောက်ပဲနေ့တိုင်းသောက်ရင်မသေနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ပမာဏအားဖြင့်သိပ်နည်းနေလို့ပါပဲ။ — ဒါကြောင့်အဆိပ်တောင်(Micro Gram)လောက်နဲ့မသေနိုင်တာ၊အဆိပ်မဟုတ်တဲ့(Vitamin D, Microgram)လောက်နဲ့တော့မသေနိုင်ပါဘူး၊စိတ်သာချပါ။(High Dose)သောက်ဖို့ကြောက်နေရင်တော့(Covid)ကခေါ်သွားလိမ့်မယ်။ယုံတာမယုံတာကိုယ့်အပိုင်း၊အသက်ကိုဉာဏ်စောင့်ပါတယ်။ဒီအချိန်(Covid)ကာလမှာတော့အသက်ကို(Vitamin D)စောင့်ပါတယ်။ — (Vitamin D)နည်းနေတဲ့လူတွေဟာ၊တစ်နေ့ကို(5,000 IU)နေ့စဉ်သောက်ရင်နောက်(၄)လလောက်ကြာတော့မှ(Covid)ကိုအပြည့်အဝကာကွယ်ပေးနိုင်တဲ့ပမာဏရနိုင်ပါလိမ့်မယ်။တစ်နေ့ကို(10,000 IU)နေ့စဉ်သောက်ရင်တော့နောက်(၂)လလောက်ကြာတော့မှ(Covid)ကိုအပြည့်အဝကာကွယ်ပေးနိုင်တဲ့ပမာဏရပါလိမ့်မယ်။ — ဒါပေမယ့်ခက်တာက(Covid)ကြီးက၊ခင်ဗျားတို့ကိုယ်ခန္ဓာထဲမှာ(Vitamin D)စွမ်းအားပြည့်လာတဲ့အချိန်ရောက်တဲ့အထိကူးစက်မလာသေးပဲ၊စိတ်ရှည်လက်ရှည်နဲ့သုံးလေးလလောက်အထိတော့ထိုင်စောင့်ပေးနေမှာမဟုတ်ပါဘူး။ဒီနေ့လဲရောဂါကူးစက်ဝင်ရောက်လာနိုင်သလို၊မနက်ဖန်နဲ့သဘက်ခါမှာလဲကူးစက်လာနိုင်တဲ့အခြေအနေတခုကိုရောက်နေပါပြီ။ကူးစက်ခံရပြီးတော့မှ(Vitamin D)ကိုပြေးသောက်လို့သိပ်ပြီးအကျိုးအပြည့်အဝမရရှိနိုင်တော့ပါဘူး။နောက်ကျသွားပါလိမ့်မယ်။ — အရေးအကြီးဆုံးလူတွေအထင်မြင်မှားနေတဲ့အချက်က၊သောက်သမျှ(Vitamins)တွေရာနုန်းပြည့်အကုန်လုံးသွေးထဲကိုရောက်သွားတယ်လို့ထင်နေကြတယ်။တစ်ကယ်လို့သာစားတဲ့အစားအစာတိုင်းကိုရာနှုန်းပြည့်အကုန်လုံးအူကနေစုပ်ယူနိုင်ခဲ့မယ်ဆိုရင်၊ဘယ်သူမှထမင်းစားပြီးရင်အိမ်သာတက်စရာမလိုတော့ပါဘူး။စားသမျှသာအူလမ်းကြောင်းကစုပ်ယူနိုင်မယ်ဆိုရင်၊မစင်စွန့်စရာမှမလိုတော့တာ၊အိမ်တိုင်းမှာအိမ်သာထားစရာလဲမလိုအပ်တော့ဘူး။လောကမှာစားသမျှရာနှုန်းပြည့်အဟာရဖြစ်သွားပြီးအိမ်သာပြန်မတက်ရတဲ့လူမျိုးတစ်ယောက်လောက်မြင်ဖူးကြားဖူးကြရင်ပြောပါ။ကျွန်တော်တော့မမြင်ဖူးဘူး။ကြားတောင်မကြားဖူးပါဘူး။?။ — ဒီနေရာမှာပြောချင်တာက၊လောကကြီးမှာဘယ်သူမှအစာစားပြီး၊အိမ်သာမသွားရတဲ့လူ၊မစင်မစွန့်ရတဲ့လူဆိုတာမရှိပါဘူး။အဲဒါဘာကြောင့်လဲဆိုတော့အစာအိမ်နဲ့အူလမ်းကြောင်းကစားသမျှအစာတွေအားလုံးရာနှုန်းပြည့်အကုန်မစုပ်ယူနိုင်လို့ပါပဲ။ဒါကြောင့်ဘာ(Vitamins)ပဲသောက်သောက်အကုန်မစုပ်ယူနိုင်ပါဘူး။အလွန်ကျန်းမာပြီးအစာအိမ်နဲ့အူလမ်းကြောင်းကောင်းမွန်နေတဲ့လူတစ်ယောက်ဟာပျမ်းမျှအားဖြင့်(50%)လောက်စုပ်ယူနိုင်ဖို့ဆိုတာတောင်အလွန်ခက်ခဲပါတယ်။ — ကိုယ်ကမကျန်းမာဘူး၊အစာအိမ်လမ်းကြောင်းလဲမကောင်းဘူးဆိုရင်(20%)လောက်စုပ်ယူဖို့တောင်အနိုင်နိုင်ပါ။တချို့မကျန်းမာသူလူအများစုကတော့(10%)တောင်မစုပ်ယူနိုင်ပါဘူး။ကျန်တဲ့(90%)လောက်ကအိမ်သာကျင်းထဲကိုရောက်သွားကြတာပါဘဲ။ကျွန်တော်ပြောတဲ့အစာအိမ်လမ်းကြောင်းကောင်းပြီးအလွန်ကျန်းမာနေတဲ့လူဆိုတာဒီခေတ်ထဲမှာအသက်(၅၀)ကျော်တန်းလောက်မှာလိုက်ရှာကြည့်လိုက်ပါ။(၁၀)ယောက်ကိုစစ်တန်းကောက်ကြည့်လိုက်လို့တစ်ယောက်တောင်ရှာတွေ့ဖို့မလွယ်ကူလှပါဘူး။ — ဆိုလိုတာက၊ယေဘူယျအားဖြင့်သာမာန်လူတစ်ယောက်စုပ်ယူနိုင်စွမ်းအားဟာ(20%)ထက်ပိုဖို့မလွယ်ကူပါဘူး။အဲဒါလေးကိုတော့လူတိုင်းကိုနားလည်ထားစေချင်ပါတယ်။လူတွေအားလုံးထင်ထားတာကလူတိုင်းတစ်ရက်ကို(D3 10,000 IU)သောက်လိုက်ရင်(10,000)လုံးသွေးထဲကိုရောက်သွားမယ်လို့ထင်နေကြတယ်။အများစုကတော့အလွန်ဆုံးရောက်မှ(2000 IU)လောက်ပါပဲ။ထမင်းစားပြီးအိမ်သာလုံးဝတက်စရာမလိုတဲ့လူမျိုးတစ်ယောက်လောက်ပရှိနေရင်တော့သောက်ထားသမျှရာနုန်းပြည့်သွေးထဲကိုရောက်ချင်ရောက်နိုင်ပါတယ်။ — ဒါကြောင့်(D3 …

(Vitamin D 70 ng/ml)အထက်ရှိတဲ့လူတွေကတော့ဘာမှဖြစ်မှာမဟုတ်ပါဘူး။အဲဒီအောက်ရောက်နေတဲ့လူတွေအမြန်ဆုံးမြှင့်တင်ပါ။ Read More »

(IP-6 & Inositol ) ရိုးရိုး(Capsule)ထက်(14)ဆပိုကောင်းသော(Mega Dose)

Source from Kelvin A. Power’s Facebook on September 16, 2020 (IP-6 & Inositol ) ရိုးရိုး(Capsule)ထက်(14)ဆပိုကောင်းသော(Mega Dose)မကြာမှီ(American Best)မှထုတ်ပေးမည်။ — IP-6 & Inositol ဆိုတာ(antioxidants)ကဲ့သို့စွမ်းအားအလွန်ထက်မြက်ပါတယ်။အထူးသဖြင့်ကင်ဆာရောဂါသယ်တွေတော်တော်များများသုံးစွဲကြပြီးကောင်းမွန်သောရလဒ်များတွေ့ရှိရပါတယ်။တိရိစ္ဆာန်များတွင်ကင်ဆာရောဂါအမျိုးမျိုးဖြစ်လာရင်လဲဒီဓါတ်ပေါင်းကိုအသုံးပြုကြတာအောင်မြင်နေကြောင်းတွေ့နေရပါတယ်။ — ဒါကြောင့်မြန်မာပြည်ကကင်ဆာသမားတစ်ချို့ရဲ့တောင်းဆိုချက်အရ(American Best)အနေနဲ့(14)ဆပိုကောင်းသော(Mega Dose)ထုတ်ပေးမှာဖြစ်သော်လည်း၊ကင်ဆာဆေးအဖြစ်တော့ကြေငြာပြီးရောင်းမည်မဟုတ်ပါ။(American Best)အနေနဲ့(NIH)အသိအမှတ်ပြုအလွန်ခိုင်မာသောအထောက်အထားမရှိပဲကင်ဆာပျောက်သည်ဟုမကြေငြာနိုင်ပါ။ — (USA)တွင်ကင်ဆာပျောက်သည်ဟုဆို၍ဆေးထုတ်ရောင်းပါကအလွန်အန္တရာယ်များပါသည်။ကင်ဆာရောဂါကိုတစ်ကယ်မပျောက်သောဓါးခုတ်၊မီးကင်၊အဆိပ်ကြွေးစသည့်မပျောက်သောနည်းလမ်းများစွာသုံးစွဲပြီးကုသကာစီးပွားဖြစ်ထွန်းနေကြသည့်အရင်းရှင်ဆေးရုံကြီးတွေရဲ့ရန်ပြုတရားစွဲဆိုမှု့ကိုခံရကောင်းခံရနိုင်ပါသည်။ — အဆိုပါအမျိုးမျိုးသောအကြောင်းများကြောင့်(IP-6 & Inositol)ကိုကင်ဆာရောဂါပျောက်သောဆေးဟုပြော၍မရောင်းပါ။သို့သော်ဤဆေးသည်ခန္ဓာကိုယ်၏စွမ်းအင်ထုတ်လုပ်သုံးစွဲမ့ှုစနစ်၊ဓါတ်တိုးတုန့်ပြန်မှ့ုစနစ်နှင့်ရောဂါခုခံမှ့ုစနစ်တို့ကိုအထူးအထောက်အကူပြု၍၊နာတာရှည် ရောဂါအမျိုးမျိုးမှလည်းကာကွယ်ပေးနိုင်ပါသည်။ကင်ဆာရောဂါသမားများအတွက်ကင်ဆာပျောက်သည်ဟုပြောမရောင်းသော်လည်းကြီးမားသောအထောက်အကူတစ်ခုအဖြစ်အသုံးဝင်ကောင်းဝင်နိုင်ပါသည်။ဒီလောက်ပြောရင်နားလည်သင့်ပါပြီ။ — (IP-6 & Inositol)အားသုံးစွဲနေသည့်ကင်ဆာသမားများအနေဖြင့်ကောင်းမွန်သောရလဒ်များရရှိသည်ဟုဆိုသော်လည်း။(Low Dose)များတွင်ထူးခြားသောရလဒ်များမတွေ့ရှိရပဲ၊မြင့်မားသော(High Dose)ဖြစ်သည့်(IP-6=5600 mg)နှင့်အထက်(Inositol= 1400 mg)နှင့်အထက်တို့တွင်သာကောင်းသောရလဒ်များတွေ့ရှိနိုင်ပါသည်။ — (IP-6 & Inositol)အချိုးအစားအားဖြင်လဲ(4:1)လောက်ပါဝင်ပေါင်းစပ်ဖို့လိုအပ်နေပါသည်။ထိုနှစ်ခုအချိုးကျပေါင်းလိုက်လျှင်(IP-6 +Inositol=7,000 mg)ခန့်ဖြစ်သွားပါလိမ့်မည်။နှစ်ခုပေါင်းသည်သိပ်သည်းဆအလွန်နည်းသောအမှု့န်ဖြစ်၍၊(Density=0.47)ခန့်သာရှိပါသည်။အကြီးဆုံး(Capsule)များနှင့်ဆေးထုတ်လုပ်လျှင်တောင်၊(Capsule)တစ်လုံးတွင်(IP-6 +Inositol)နှစ်ခုပေါင်း(500 mg)ထက်ပိုထည့်၍မရနိုင်ပါ။ — ဆိုလိုသည်မှာ(Capsules)နှစ်လုံးခန့်သောက်မှသာလျှင်(IP-6=800mg)နှင့် (Inositol=200mg)မျှသာလျှင်ရရှိမည်ဖြစ်ပြီး။နှစ်မျိုးပေါင်း(1000mg)သာရှိပါလိမ့်မည်။တကယ်ထိရောက်စွာရောဂါကုသနိုင်သော(Therapeutic dosage)ရရှိရန်၊(IP-6=5,600mg)နှင့် …

(IP-6 & Inositol ) ရိုးရိုး(Capsule)ထက်(14)ဆပိုကောင်းသော(Mega Dose) Read More »

ဒီကနေ့(COVID)ကာကွယ်ဆေးတွေနဲ့ပါတ်သက်လို့၊အမှန်တရားလေးတွေအနည်းငယ်ပြောချင်ပါတယ်။

Source from Kelvin A. Power’s Facebook on January 27, 2021 ဒီကနေ့(COVID)ကာကွယ်ဆေးတွေနဲ့ပါတ်သက်လို့၊အမှန်တရားလေးတွေအနည်းငယ်ပြောချင်ပါတယ်။ – ၁။ဒီ(Virus)ပိုးဟာမျိုးရိုးဗီဇတွေအမျိုးမျိုးနေ့စဉ်ပြောင်းလဲနေတယ်ဆိုတာလဲအားလုံးအသိပါပဲ။ကာကွယ်ဆေးတွေဟာမျိုးရိုးဗီဇအသစ်တွေကိုဘယ်လောက်အတိုင်းအတာအထိ၊ထိရောက်အောင်ကာကွယ်နိုင်မယ်(သို့)မကာကွယ်နိုင်ဘူးဆိုတာလဲဘယ်သူမှတိတိကျကျမသိနိုင်သေးပါဘူး။ — ၂။အခုလက်ရှိကမ္ဘာမှာနာမည်ကြီးနေတဲ့ကာကွယ်ဆေးတွေဟာအမျိုးမျိုးသောဘေးထွက်ဆိုးကျိုးတွေရှိတတ်ကြတယ်ဆိုတာတွေလဲသတင်းတွေထဲမှာပါနေတာဖြစ်လို့စာဖတ်တဲ့လူတိုင်းလဲသိပြီးသားဖြစ်ကြမှာပါ။ — ၃။ နောက်ပြဿနာတစ်ခုက(COVID)ကာကွယ်ဆေးနှစ်ချောင်းလုံးပြီးအောင်ထိုးထားပြီးရင်တောင်ခန္ဓာကိုယ်ထဲမှာဖြစ်ပေါ်လာတဲ့ခုခံမှု့စနစ်ရဲ့စွမ်းအားဟာဘယ်လောက်တာရှည်ခံမယ်ဆိုတာကိုလဲဘယ်သူမှတိတိကျကျမသိနိုင်သေးပါဘူး။ဆိုလိုတာက(၃လ)ခံမလား၊(၆လ)ခံမလား၊တစ်နှစ်ခံမလားဆိုတာဘာမှသေချာမပြောနိုင်သေးပါဘူး။ — ၄။အဆိုးဆုံးပြဿနာတစ်ခုက၊(COVID)ကာကွယ်ဆေးပထမတစ်ချောင်းထိုးထားပြီးတဲ့နောက်ပိုင်းမှာ(COVID)ရောဂါကူးစက်မှု့ခံရပြီး၊အသက်ဆုံးရှုံးသွားရလို့ဒုတိယကာကွယ်ဆေးကိုထိုးခွင့်မရလိုက်ပဲတမလွန်ကိုဘဝပြောင်းသွားရရှာတဲ့လူတွေလဲအများကြီးရှိနေပါတယ်။ — စာရှည်မှာစိုးလို့အဲဒီအကြောင်းနဲ့ပါတ်သက်ပြီးဥပမာတွေအများကြီးမပြောပြတော့ပါဘူး။တစ်ခုပဲပြောပြပါမယ်။(UK)နိုင်ငံမှာနေထိုင်တဲ့(Colin Horseman)ဆိုတဲ့လူတစ်ယောက်ဟာ(COVID-19)အကူးစက်ခံရပြီးရောဂါပြင်းထန်လာလို့ဆေးရုံကိုပို့လိုက်ရပါတယ်။ဆေးရုံမှာခေတ်မှီစက်ကရိယာတွေနဲ့ဘယ်လိုပဲကျိုးစားကုကြသော်လဲကုသလို့မရတော့ပဲ၊ရက်အနည်းငယ်အတွင်းမှာတင်အသက်ဆုံးရှုံးသွားခဲ့ရရှာပါတယ်။ — တစ်ကယ်တော့(UK)နိုင်ငံသား(Colin Horseman)အသက်ဆုံးရှုံးသွားတာဟာ (COVID)ရောဂါကြောင့်သာမာန်လူတစ်ယောက်သေသွားတာပဲဘာမှမထူးဆန်းပါဘူးလို့ထင်မြင်ယူဆနိုင်စရာရှိနေပါတယ်။သို့သော်၊ဒီကိစ္စဟာသာမာန်သေဆုံးမှု့တစ်ခုမဟုတ်ကြောင်းနောက်ပိုင်းမှာသူ့ရဲ့သားကဒေသတွင်းသတင်းစာတစ်ခုမှာဆောင်းပါးရေးပြီးအမှန်တရားတွေကိုထွက်ဆိုပြောပြလိုက်တဲ့အခါတော့မှလူတွေအံ့သြ၊တုန်လှုပ်သွားပြီး၊ဆင်ခြင်စဉ်းစားစရာအကြောင်းတစ်ခုဖြစ်လာပါတော့တယ်။ — သူ့သားပြောပြပုံအရဆိုရင်လွန်ခဲ့တဲ့(၃)ပါတ်ကျော်လောက်က၊သူ့အဖေဟာ၊(COVID)ကာကွယ်ဆေးအထိုးခံရဖို့ပထမဦးဆုံးအသုတ်မှာရွေးချယ်ခံခဲ့ရပြီး၊ပါဝင်အထိုးခံခဲ့ရပါတယ်။(Covid)ကာကွယ်ဆေးကိုပထမတစ်ကြိမ်ထိုးထားပြီးသားလူတစ်ယောက်ဖြစ်နေပါတယ်တဲ့။ — လွန်ခဲ့တဲ့(၃)ပါတ်ကျော်လောက်ကပထမဆေးကိုစတင်အထိုးခံခဲ့ရတာဖြစ်လို့၊သူသေဆုံးသွားတဲ့နေ့ကနေစပြီးရေတွက်ရင်နောက်ထပ်နှစ်ရက်ဟာ၊သူ့ရဲ့ဒုတိယအကြိမ်(Covid)ကာကွယ်ဆေးထပ်ထိုးဖို့ရက်ချိန်းယူထားတဲ့နေ့ပါပဲ၊လို့သူ့သားကထုတ်ဖေါ်ပြောပြသွားပါတယ်။ဆိုလိုချင်တာကဒုတိယကာကွယ်ဆေးထပ်မထိုးလိုက်ရခင်နှစ်ရက်အလိုမှာပဲသူဟာ(COVID)ရောဂါကြောင့်ဘဝတစ်ပါးကိုပြောင်းသွားခဲ့ရရှာပါတယ်။ — အသေးစိတ်ဖတ်ချင်ရင်အောက်က(Link)မှာရှိပါတယ်။ https://www.bbc.com/…/20210114-covid-19-how-effective… — အခုမြန်မာပြည်ကို(COVID)ကာကွယ်ဆေးတွေရောက်လာပြီဆိုတော့ဆေးထိုးခံချင်တဲ့လူတွေကိုစာရင်းပေးခိုင်းနေပြီလို့ကျွန်တော်ကြားသိထားရပါတယ်။ကျွန်တော့်အနေနဲ့လူတွေကိုကာကွယ်ဆေးဟာအကျိုးမရှိဘူး၊မထိုးသင့်ဘူးလို့လုံးဝ(လုံးဝ)မဆိုလိုပါ။ — ကျွန်တော်ဆိုလိုတာက၊ဒီကာကွယ်ဆေးစထိုးပြီးပြီဆိုတာနဲ့လူမိုက်လုပ်လို့တော့မရနိုင်ပါဘူး။ကိုယ်ကကာကွယ်ဆေးထိုးထားပြီးပြီ။(Mask)မလိုတော့ဘူး။(social distancing)လဲမလိုတော့ဘူး။လက်ဆေးစရာလဲမလိုတော့ဘူး။(COVID)နဲ့ပါတ်သက်တဲ့စည်းမျဉ်းစည်းကမ်းတွေကိုလဲလိုက်နာနေစရာမလိုတော့ဘူးလို့ရွှေမြန်မာတွေလှေနံဓါးထစ်၊မိုက်မဲစွာယူဆမိမယ်ဆိုရင်၊တစ်နိုင်ငံလုံးဒုက္ခရောက်ကြရပါလိမ့်မယ်။ — ကျွန်တော်ပြောချင်တာက၊ကာကွယ်ဆေးမကောင်းပါ၊မထိုးပါနှင့်လို့လုံးဝမဆိုလိုပါ။ကာကွယ်ဆေးထိုးပြီးရင်လဲဆက်လက်ပြီးအရင်ကစည်းကမ်းတွေအတိုင်းအထူးသတိပြုပြီးလိုက်နာဆောင်ရွက်ကြဖို့သတိပေးပြောကြားချင်တာပါ။(ကာကွယ်ဆေးကိုယုံပြီးတော့၊ဆူးပုံမနင်းကြစေချင်ပါ။) — ဒီကာကွယ်ဆေးဟာကောင်းသည်ဖြစ်စေ၊မကောင်းဘူးဖြစ်စေ၊ဘေးထွက်ဆိုးကျိုးရှိသည်ဖြစ်စေ၊မရှိဘူးဖြစ်စေ၊လက်ရှိအခြေအနေမှာအကောင်းဆုံးလုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတစ်ခုဖြစ်နေလို့လူတိုင်းလိုက်နာအထိုးခံသင့်တယ်လို့ပဲအကြံပြုချင်ပါတယ်။ — ကာကွယ်ဆေးထိုးထားသည်ဖြစ်စေ၊မထိုးရသေးဘူးဖြစ်စေ၊တစ်ဖက်ကလဲမိမိရဲ့ခုခံမှု့အင်အားကိုကောင်းနေအောင်ထားရပါမယ်။အဓိကကတော့အဟာရဓါတ်၊သြဇာဓါတ်တွေ၊ဗီတာမင်တွေ၊(Antioxidants)တွေမချို့တဲ့ဖို့လဲအလွန်အရေးကြီးပါတယ်။ — (COVID)ရောဂါနဲ့ပါတ်သက်လို့(Vitamin D)ဟာအလွန်အရေးကြီးပြီးအသက်ကယ်တင်ပေးနိုင်တဲ့ဓါတ်တမျိုးဖြစ်တယ်ဆိုတာကြာလေ၊လူတွေပိုပြီးနားလည်လာလေဖြစ်နေလို့လူတိုင်းရဲ့သွေးထဲမှာ(Vitamin D)ပမာဏဟာ(optimal level)တစ်ခုရှိနေဖို့အထူးလိုအပ်တယ်ဆိုတာရှေးကအကြိမ်ကြိမ်ပြောထားပြီးသားဖြစ်နေလို့ထပ်ပြောဖို့လိုမယ်လမထင်ပါဘူး။ — နောက်နေ့မှာတော့(Vitamin D)နဲ့ပါတ်သက်လို့ဘေးထွက်ဆိုးကျိုးမရှိအောင်ဘယ်လိုအလေးထားလုပ်ဆောင်ရမယ်ဆိုတာတွေနဲ့၊(Protocol)အသစ်တစ်ခုကို(Update)အဖြစ်အလေးပေးပြီးရေးပေးပါဦးမယ်။ — အားလုံးကျန်းမာ၍ဘေးရန်ကင်းရှင်းကြပါစေ။ …

ဒီကနေ့(COVID)ကာကွယ်ဆေးတွေနဲ့ပါတ်သက်လို့၊အမှန်တရားလေးတွေအနည်းငယ်ပြောချင်ပါတယ်။ Read More »

(Japan)ကလာတဲ့(Collagen)တွေဆိုရင်တော့ကောင်းတယ်မဟုတ်လားဆရာ?။ (American Best)ကထုတ်တဲ့(Collagen)နဲ့အတူတူပဲမဟုတ်ဘူးလား?။

Source from Kelvin A. Power’s Facebook on January 14, 2021 (Japan)ကလာတဲ့(Collagen)တွေဆိုရင်တော့ကောင်းတယ်မဟုတ်လားဆရာ?။ (American Best)ကထုတ်တဲ့(Collagen)နဲ့အတူတူပဲမဟုတ်ဘူးလား?။ စသည်ဖြင့်မေးမြန်းတဲ့လူတွေအလွန်များနေကြပါတယ်။ — ပထမဆုံးအနေနဲ့ပြောချင်တာကကိုယ်က(Collagen)သောက်တော့မယ်ဆိုရင်၊ – နံပါတ်(၁)။သဘာဝကလာတဲ့အရိုင်းဖမ်းငါးတွေကထုတ်လုပ်တဲ့(Wild Caught Fish Collagen)ကိုပထမဦးစားပေးရွေးချယ်သောက်သုံးဖို့လိုအပ်ပါတယ်။ — နံပါတ်(၂)။အရိုင်းဖမ်းငါး(Collagen)တွေကိုမရနိုင်ဘူးဆိုရင်တော့သဘာဝအတိုင်းကျွေးပြီးမွေးမြူထားတဲ့ကြက်(Organic Chicken)ကနေထုတ်လုပ်တဲ့(Collagen)တွေကိုလဲသောက်သုံးလို့ရပါတယ်။ — နံပါတ် (၃)။အထက်ပါနှစ်မျိုးကိုမရရှိနိုင်တော့ဘူး။နွားကနေလာတဲ့(Collagen)တွေကိုပဲသောက်သုံးရတော့မယ်ဆိုရင်တော့၊သဘာဝမြက်ကျွေးနွား(Grass Fed Cows)တွေကလာတဲ့(Collagen)တွေဖြစ်ဖို့အထူးလိုအပ်ပါတယ်။ — အဲဒီ(၃)မျိုးကိုသေချာမရွေးချယ်တတ်ပဲတွေ့ကရာပေါက်ကရ(Collagen)အညံ့စားတွေကိုလိုက်သောက်နေမယ်ဆိုရင်တော့ခင်ဗျားတို့ဝယ်တဲ့(Collagen)တွေဟာခင်ဗျားတို့ကိုကောင်းကျိုးမပေးတော့ပဲရောဂါတွေကိုပိုက်ဆံအကုန်ခံပြီးဝယ်ယူနေသလိုဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ — ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့၊နေ့တိုင်း(GMO)တွေကျွေး၊ဟော်မုန်းတွေတိုက်၊(Antibiotic)ဆေးတွေပေးပြီးမွေးကြတဲ့နွားတွေကရလာတဲ့(Collagen)အပေါစား၊အညံ့စားတွေဆိုတာတစ်ခြားသော(Collagen)အကောင်းစားတွေထက်အဆမတန်ကိုဈေးပေါနေလို့ဈေးကွက်ထဲမှာ(99%)လောက်ရောက်နေလို့ပါပဲ။ — အရှင်းရှင်ဆိုတာ၊ခင်ဗျားတို့ဘာရောဂါဖြစ်လာမယ်ဆိုတာကိုထည့်မစဉ်းစားပါဘူး။ဈေးပေါပြီးအမြတ်များများကျန်တာကိုပဲရွေးချယ်ထုတ်ပါတယ်။ — တချို့လူတွေက(Collagen)ကောင်းတယ်၊မကောင်းဘူးဆိုတာကိုထုတ်တဲ့နိုင်ငံကိုကြည့်ပြီးတော့ဆုံးဖြတ်တတ်ကြပါတယ်။တစ်ကယ်တော့ထုတ်တဲ့နိုင်ငံနဲ့လဲမဆိုင်ပါဘူး။ဘယ်(sources)ကရတယ်၊ဘယ်လိုမွေးမြုထားတယ်ဆိုတာကသာလျှင်အဓိကကျပါတယ်။ဥပမာပြောရရင်၊မြန်မာပြည်မှာအခုလောလောဆယ်၊ဂျပန်ကထုတ်တဲ့(Collagen)တွေအလွန်ခေတ်စားနေပြန်ပါတယ်။ — ဂျပန်ကထုတ်တဲ့(Collagen)ဆိုပြီးကောင်းမသွားပါဘူး၊ပိုတောင်ဆိုးပါသေးတယ်။သဘာဝငါးကထုတ်တယ်ဆိုရင်တော့ကောင်းချင်ကောင်းနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဂျပန်မှာနွားမွေးမြူရေးကတော်တော်လေးကိုစိတ်ပျက်စရာပိုကောင်းပါတယ်။ — နွားကလာတဲ့(Collagen)ဆိုရင်တော့ဂျပန်နွားကအဆိုးဆုံးပါပဲ။ဂျပန်မှာလဲ(95%)ကျော်ဟာ(GMO)တွေကျွေး၊ဟော်မုန်းတွေတိုက်၊(Antibiotic)ဆေးတွေပေးပြီးမွေးမြူရုံတင်ဘယ်ကမှာလဲ၊သကြားလုံးတွေ၊(HFCS)တွေ၊အရက်၊ဘီယာ၊စွန့်ပြစ်ပစ္စည်းတွေ၊ပေါက်ကရတွေအကုန်ကျွေးပြီး၊အဆီတိုး၊အသားတိုးအောင်မွေးမြူနေကြတယ်ဆိုတာကိုလေ့လာသိရှိထားပါတယ်။ — (genetically modified organisms)ခေါ်(GMO)ဆိုတာကကျွန်တော်တို့ခန္ဓာကိုယ်ကမသိကျွမ်းထားတဲ့၊အရင်းရှင်တွေဖန်တီးထားတဲ့သဘာဝလွန်ဇီဝပစ္စည်းတွေဖြစ်သလို၊သူတို့ကိုကောင်းကောင်းမွန်မွန်အန္တရာယ်မဖြစ်အောင်ကိုင်တွယ်နိုင်ဖို့လဲ(အင်ဇိုင်း)တွေကျွန်တော်တို့ခန္ဓာကိုယ်ရဲ့မျိုးရီုးဗီဇထဲမှာပါမလာခဲ့ပါဘူး။ — ဒါကြောင့်(GMO)အစာတွေကျွေးမွေးထားတဲ့တိရိစ္ဆာန်ကလာတဲ့အရိုး၊အသား၊သားရေတွေကိုကိုယ်ကစားမိရင်၊ကြိုတင်ခန့်မှန်းလို့မရနိုင်လောက်တဲ့ရောဂါဆိုးကျိုးအမျိုးမျိုးတွေကိုလဲခံစားရနိုင်ပါတယ်။ — အသားတိုးပြီး၊နို့ပိုထွက်တတ်တဲ့ဟော်မုန်းတွေကျွေးပြီးမွေးမြူရတဲ့ဆိုးကျိုးကတော့၊အဲဒီ(Collagen)တွေကိုသောက်မိတဲ့လူတွေဟာရေရှည်မှာ၊ဟော်မုန်းဓါတ်နဲ့ပါတ်သက်တဲ့ကင်ဆာရောဂါတစ်မျိုးမျိုးကိုကိုယ်ပိုင်အဖြစ်ရလာနိုင်တာပါပဲ။အထူးသဖြင့်အမျိုးသမီးတွေမှာပိုဆိုးတာပေါ့။ — ရေရှည်သောက်သုံးမိရင်၊အမျိုးသမီးတွေမှာရင်သားကင်ဆာ၊မျိုးဥအိမ်ကင်ဆာ၊သားအိမ်ကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊အစရှိတဲ့အမျိုးမျိုးသောဟော်မုန်းနဲ့ပါတ်သက်တဲ့ကင်ဆာရောဂါတွေဖြစ်လာနိုင်ပါတယ်။အမျိုးသားတွေမှာကြတော့ဆီးကျိတ်ကင်ဆာ၊ဝှေးစေ့ကင်ဆာတွေဖြစ်လာနိုင်တာပါပဲ။ — နောက်တစ်ခုက၊နွားတွေကမြက်မကျွေးပဲ(GMO)တွေကျွေးမွေးတော့မကျန်းမာတော့ဘူး။မကျန်းမာတော့(Antibiotic)အမျိုးမျိုးတွေပုံမှန်ထိုးပေးပြီးမွေးမြူကြရတယ်။ဒါကြောင့်အဲဒီ(Collagen)တွေကိုသောက်မိတဲ့လူတွေဟာ Antibiotic resistance)တွေဖြစ်လာနိုင်တာပေါ့။ …

(Japan)ကလာတဲ့(Collagen)တွေဆိုရင်တော့ကောင်းတယ်မဟုတ်လားဆရာ?။ (American Best)ကထုတ်တဲ့(Collagen)နဲ့အတူတူပဲမဟုတ်ဘူးလား?။ Read More »

ကျွန်တော့်(Family)အားလုံးမင်္ဂလာပါ။

Source from Kelvin A. Power’s Facebook on January 13, 2021 ကျွန်တော့်(Family)အားလုံးမင်္ဂလာပါ။အခုတလောကျွန်တော်အရေးကြီးတဲ့သုတေသနတွေနဲ့တော်တော်လေးကိုအလုပ်ရှုပ်နေလို့(Post)တွေမရေးဖြစ်တာပါ။ — ကမ္ဘာမှာအသေအပျောက်အများဆုံးကနှလုံးရောဂါနှင့်လေဖြတ်တဲ့ရောဂါပါပဲ။ကင်ဆာရောဂါလဲအသေအပျောက်ရှိပါတယ်။ဒါပေမယ့်အဆိုပါနှစ်ခုကိုတော့မမှီပါဘူး။ — ဒါကြောင့်အဆိုပါရောဂါနှစ်မျိုးဟာဘယ်လိုအကြောင်းတရားတွေကြောင့်ဖြစ်ရတယ်။ဘယ်လိုကာကွယ်၊ကုသရမယ်ဆိုတာကိုသေချာနားလည်သဘောပေါက်ပြီးလက်တွေ့အသုံးချနိုင်အောင်သုတေသနတွေနဲ့အလုပ်ရှုပ်နေရလို့လိုင်းပေါ်မတက်ဖြစ်တာပါ။ — အရင်တုံးကတော့လူတွေဟာနှလုံးရောဂါနှင့်လေဖြတ်တဲ့ရောဂါကို(LDL Cholesterol)ကြောင့်လို့အထင်မှားပြီး(Statin)တွေပေးပြီးကုသခဲ့ကြပါတယ်။ဒါပေမယ့်အဲဒီလိုကုလေလေ၊အသေအပျောက်တွေလျှော့နည်းမသွားပဲပိုပြီးတိုးများလာလေပါပဲ။ — အခုနောက်ဆုံးတွေ့ရှိလာတာကတော့၊ကမ္ဘာပေါ်မှာလူတွေအများဆုံးသေနေကြတဲ့နှလုံးရောဂါနှင့်လေဖြတ်တဲ့ရောဂါဟာ(LDL)ကြောက့်မဟုတ်တော့ပဲ၊အောက်ပါအချက်(၅)ချက်ကြောင့်ဖြစ်နေပါတော့တယ်။ — (1) Oxidized LDL=ox-LDL (2) Glycated LDL=gL-LDL (3) Lipoprotein(a)=Lp(a) (4) Triglyceride Rich Remnant Cholesterol (5) Homocysteine — အထက်ပါအကြောင်းတရား(၅)မျိုးကြောင့်လူတွေအများဆုံးနှလုံးရောဂါ(သို့)လေဖြတ်တဲ့ရောဂါနဲ့သေကြရတာဖြစ်နေလို့၊အဲဒီလိုမဖြစ်ရအောင်ဘယ်လိုကာကွယ်နိုင်မလဲဆိုတဲ့အဖြေကိုအထူးသိရှိဖို့လိုအပ်နေပါတယ်။ — တိုတိုနဲ့လိုရင်းပြောရရင်၊လူတိုင်းငယ်ငယ်ရွယ်ရွယ်နဲ့မသေချင်ကြဘူး။အသက်ရှည်ရှည်နေချင်တယ်ဆိုရင်အထက်ပါအကျိုးတရား(၅)ခုကိုမဖြစ်ပေါ်စေနိုင်ဖို့အတွက်၊အကျိုးတရားတွေကိုဖြစ်ပေါ်စေရတဲ့အကြောင်းတရားတွေကိုသေချာသိရှိနားလည်ပြီးတားဆီးပြစ်နိုင်ဖို့အထူးလိုအပ်လာပါတယ်။ — ဒီအချက်(၅)ချက်မဖြစ်ပေါ်အောင်ဘယ်လိုနေထိုင်စားသောက်ရမယ်။ဘယ်လိုသဘာဝဖြည့်စွက်စာ၊ဆေးတွေတီထွင်ထုတ်လုပ်ရမယ်ဆိုတာကိုသေသေချာချာ၊အသေးစိတ်သုတေသနတွေလုပ်နေရတာနဲ့ကျွန်တော်လုံးဝမအားလပ်လို့(Post)အသစ်တွေမရေးဖြစ်တာပါ။အလကားထိုင်နေတာတော့မဟုတ်ပါဘူး။အလုပ်ကျိုးစားလုပ်နေပါတယ်။ — မကြာခင်မှာအဲဒီအကြောင်းတရားတွေဘာကြောင့်ဖြစ်ရတယ်။မဖြစ်အောင်ဘယ်လိုတားဆီးလို့ရနိုင်တယ်။ဘယ်လိုသဘာဝဆေးတွေဖေါ်စပ်ထုတ်လုပ်ပေးမယ်ဆိုတာကိုအသေးစိတ်ရေးပေးပါဦးမယ်။အခုတော့သုတေသနပေါင်းများစွာနဲ့(လုံးဝ)ကိုမအားသေးလို့စာရှည်ရှည်မရေးနိုင်တာကိုနားလည်ခွင့်လွတ်ပေးကြပါ။ — အားလုံးကိုစာတိုကလေးနဲ့လာပြီးနုတ်ဆက်တာပါ။ကျွန်တော် ကျန်းကျန်းမာမာနဲ့ရှိနေပါတယ်။အလုပ်တွေအလွန်များနေလို့လိုင်းပေါ်မတက်ဖြစ်တာကိုလာပြောတာပါ။မကြာခင်မှာထူးခြားပြီးအစွမ်းအလွန်ထက်မြက်တဲ့သဘာဝဖြည့်စွတ်စာဆေးအသစ်တွေလဲထပ်ပြီးထုတ်လုပ်ပေးနိုင်မှာပါ။ — အဲဒါလာပြောတာပါ၊အားလုံးကျန်းမာ၍ဘေးရန်ကင်းရှင်းကြပါစေ။ Kelvin Albert Power

Vitamin D3 ကြောင့်ရုတ်တရက်ကြီးဘယ်သူဘယ်ဝါရဲ့သူငယ်ချင်းကျောက်ကပ်ပျက်စီးသွားပါပြီပေါက်ကရရေးထားတဲ့စာလာပြပြီဆရာဘယ်လိုမြင်ပါသလဲ။

Source from Kelvin A. Power’s Facebook on December 30, 2020 Vitamin D3 ကြောင့်ရုတ်တရက်ကြီးဘယ်သူဘယ်ဝါရဲ့သူငယ်ချင်းကျောက်ကပ်ပျက်စီးသွားပါပြီစသည်ဖြင့်လမ်းဘေးဆေးရောင်းတဲ့လူတစ်ယောက်ထင်ရာပေါက်ကရရေးထားတဲ့စာလာပြပြီးဆရာဘယ်လိုမြင်ပါသလဲ၊ဘာညာဆိုပြီးတော့လာမလုပ်ကြပါနှင့်။ — ကျွန်တော်အဲဒီလိုသုတေသနအထောက်အထားမရှိတဲ့လမ်းဘေးဈေးသည်တွေရေးတဲ့စာတွေကိုလိုက်ဖြေရှင်းပေးနေဖို့အချိန်မပေးနိုင်သလို၊သူတို့စာတွေကိုဖတ်စရာလဲမလိုအပ်ပါဘူး။သုတေသနအထောက်အထားခိုင်ခိုင်မာမာမရှိပဲရေးထားတဲ့စာတွေကိုကျွန်တော်အချိန်ကုန်ခံပြီးမဖတ်ပါ။ — ရေးတဲ့လူတွေကတော့ပေါက်ကရရေးမှာပါပဲ။ခွေးဟောင်တိုင်းသာထကြည့်နေရမယ်ဆိုရင်၊အိပ်ရေးပျက်တာပဲအဖတ်တင်တော့မှာပေါ့။လူဆိုတာအသိဉာဏ်ရှိရတယ်၊အသက်ကိုဉာဏ်စောင့်တာပဲ။အထောက်အထားတိတိကျကျနဲ့ပြပြီးရေးတဲ့လူကိုမယုံပဲ၊စိတ်ထင်ရာပေါက်ကရရေးတဲ့လူကိုယုံကြည်ကြတယ်ဆိုရင်လဲ၊ကိုယ်ဖြစ်ကိုယ်ခံပဲလေ။ဉာဏ်ရှိရင်ပညာတတ်ရင်ဘယ်ဟာမဆိုအမှား၊အမှန်ဆိုတာဆုံးဖြတ်လို့ရပါတယ်။ — အောက်ပါသုတေသနကိုဖတ်ကြည့်ရင်၊ သွေးထဲမှာ(Vitamin D 100 ng/ml)အထိအမြဲရှိနေပါစေ၊ကျောက်ကပ်(လုံးဝ၊လုံးဝ)ကျောက်မတည်ဘူးဆိုတာသုတေသနတိတိကျကျရှိနေပါတယ်။ — Reference; 25-Hydroxyvitamin D in the range of 20 to 100 ng/mL and Incidence of Kidney Stones https://www.ncbi.nlm.nih.gov/pmc/articles/PMC4151925/ Conclusions. We concluded that a serum 25-hydroxyvitamin D level of 20 to 100 nanograms …

Vitamin D3 ကြောင့်ရုတ်တရက်ကြီးဘယ်သူဘယ်ဝါရဲ့သူငယ်ချင်းကျောက်ကပ်ပျက်စီးသွားပါပြီပေါက်ကရရေးထားတဲ့စာလာပြပြီဆရာဘယ်လိုမြင်ပါသလဲ။ Read More »

မြန်မာလူမျိုးအများစုရဲ့အဆိုးဆုံးအကျင့်စရိုက်တစ်ခုကတော့စာဖတ်ပျင်းကြတာပါပဲ။

Source from Kelvin A. Power’s Facebook on December 26, 2020 မြန်မာလူမျိုးအများစုရဲ့အဆိုးဆုံးအကျင့်စရိုက်တစ်ခုကတော့စာဖတ်ပျင်းကြတာပါပဲ။အထူးသဖြင့်ကျန်းမာရေးပညာပေးတွေနဲ့ပါတ်သက်တဲ့စာတွေ၊အနှစ်သာရတွေပါပြီးနည်းနည်းလေးရှည်ပြီဆိုရင်မဖတ်ချင်ကြတော့ဘူး။စာရဲ့တန်ဖိုးဆိုတာရှည်တာ၊တိုတာနဲ့မဆိုင်ဘူးဗျ။အနှစ်သာရဘယ်လောက်ပါသလဲဆိုတာကပိုပြီးတော့အရေးကြီးပါတယ်။ — စာတိုတိုနဲ့အနှစ်သာရများများပါအောင်တော့ရေးချင်တာပေါ့ဗျာ။ဒါပေမယ့်ခက်ခဲနက်နဲတဲ့ဆေးပညာနဲ့(Biochemistry)တွေကိုစာလေးနှစ်ကြောင်း၊သုံးကြောင်းလောက်နဲ့နားလည်အောင်ဘယ်လိုမှရေးလို့မရဘူးဗျ။တစ်ခါတစ်လေကြတော့လဲတစ်ခေါက်တည်းနဲ့နားမလည်နိုင်ပဲအခေါက်ခေါက်ပြန်ပြန်ပြီးဖတ်သင့်ရင်ဖတ်ရပါတယ်။တစ်ခေါက်ဖတ်ပြီးနားမလည်လို့ပြစ်ထားလိုက်တဲ့လူဟာဘယ်တော့မှဉာဏ်ပညာတိုးတက်မလာတော့ဘူး။ဗမာတွေအတွက်ဗမာလိုရေးထားတာ၊နားမလည်၊လည်အောင်အကြိမ်ကြိမ်ကြိုးစားဖတ်ရတာလဲမခဲယှဉ်းလှပါဘူး။ — လူရယ်လို့ဖြစ်လာပြီဆိုရင်တိရိစ္ဆာန်နဲ့မတူတော့ပါဘူး၊နိုင်းယှဉ်လို့မရလောက်အောင်ကိုသာသွားပါပြီ။ဘာတွေသာသွားတာလဲဆိုတော့လူတွေဟာကိုယ့်ထက်အဆမတန်အင်အားကြီးမားတဲ့ကျွဲ၊နွား၊ဆင်၊မြင်းတွေကိုနှာဖါးကျိုးထိုး၊ချွန်းအုပ်ပြီးကျွန်တွေလိုခိုင်းစေနေကြတာ၊ဘာကြောင့်ခိုင်းလို့ရတာလဲ။ဉာဏ်ပညာသာလို့ခိုင်းလို့ရတာပေါ့။ဉာဏ်မရှိဘူးဆိုရင်လူနဲ့တိရိစ္ဆာန်ဘာမှမကွာတော့ဘူး။လူကတောင်အင်အားနည်းနေသေးတယ်။ — တိရိစ္ဆာန်ကိုလူကခိုင်းစားတယ်ဆိုတာဉာဏ်ပညာရှိသူကဉာဏ်ပညာမဲ့သူတွေကိုခိုင်းစားတာပဲလို့ဆိုရင်လုံးဝမမှားပါဘူး။ဒီအတိုင်းဆိုရင်၊လောကမှာဉာဏ်ပညာရှိသူတွေကသာသခင်နေရာရကြပြီး၊ဉာဏ်ပညာမဲ့သူတွေကတော့အမြဲတန်းကျွန်ခံနေကြရတာမဟုတ်ဘူးလား။ — ဉာဏ်ပညာဗဟုသုတဆိုတာကလဲမွေးကတည်းကပါလာတဲ့အရာတော့မဟုတ်ဘူးဗျ။လူတိုင်းဟာဒီလိုပဲတစ်သက်လုံးလေ့လာသင်ယူခဲ့ရတာမဟုတ်ဘူးလား။ဒီလိုလေ့လာသင်ယူဖို့ဆိုတာ၊စာဖတ်ပျင်းတဲ့လူတွေအတွက်ဖြစ်နိုင်ပါ့မလား?။လောကမှာဉာဏ်ပညာရှိသူတွေကသာသခင်ဖြစ်ပြီး၊ဉာဏ်ပညာမဲ့တဲ့လူတွေကကျွန်ဖြစ်ရတယ်ဆိုတော့၊ရေရှည်မှာစာဖတ်တဲ့လူကသူများကိုဦးဆောင်ရတဲ့သခင်နေရာကိုရမယ်။စာမဖတ်တဲ့သူကတော့သူများခိုင်းစေတာကိုခံရမယ့်ကျွန်နေရာကိုရောက်ရမယ်ဆိုတာဟာအကျိုးအကြောင်းညီညွတ်နေလို့အလွန်သဘာဝကြပါတယ်။ — ကိုယ်ကကျွန်ဘဝမှာပျော်တယ်။ကျွန်ဘဝကိုနှစ်သက်တယ်။ကျွန်ခံရတာကိုကောင်းတယ်လို့ထင်နေတယ်ဆိုရင်တော့စာမဖတ်ကြနဲ့ပေါ့ဗျာ။သူများရဲ့အရှင်သခင်ဖြစ်ချင်ရင်တော့စာဖတ်မှရနိုင်ပါတယ်။စာရှည်ပြီးအနှစ်သာရပါလေလေပိုပြီးအကျိုးရှိလေပဲမဟုတ်ဘူးလား။အဲဒီလိုအနှစ်သာရပါတဲ့စာတွေကိုမှသခင်စာလို့ခေါ်တာ။ — အနှစ်သာရမပါတဲ့(ဟာသတွေ၊ကပျက်ကချော်ရေးထားတာတွေ၊သူများကိုပုတ်ခတ်စော်ကားတာတွေ၊ဆဲရေးတိုင်းထွာတာတွေကို)အစရှိတဲ့စာတိုလေးတွေကိုပဲရွေးဖတ်နေတဲ့လူတွေကိုတော့စာဖတ်တယ်လို့မခေါ်ဘူးဗျ။အဲဒါတွေကကျွန်စာတွေ၊သူများကျွန်ဖြစ်မယ့်စာတွေ။ — ကျွန်တော်မြန်မာပြည်အလည်ပြန်တုံးကမိဘမဲ့၊တစ်ကောင်ကြွက်ခလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ဖူးပါတယ်။ဒီခလေးဆယ်တန်းနှစ်မှာဘယ်သူမှအားပေးပြီးအထောက်အကူပြုမယ့်သူမရှိတော့အားငယ်နေရှာတယ်။ဆယ်တန်းဖြေရမှာတောင်မဝံ့မရဲဖြစ်နေရှာတယ်။ — အဲဒီကလေးကျွန်တော်နဲ့တွေ့တော့ကျွန်တော်ကသား၊မင်းနာမည်ဘယ်လိုခေါ်လဲလို့မေးတော့၊သူ့နာမည်က(မောင်သုည)ပါတဲ့။ဒါပေမယ့်သူများပေးထားတာမဟုတ်ဘူးတဲ့။သူ့ကိုသူ၊ဘာမှတန်ဖိုးမရှိတဲ့သူတစ်ယောက်လို့ယူဆပြီးတော့မောင်သုညလို့ပေးလိုက်တာတဲ့၊သုညဆိုတာဘာမှတန်ဖိုးမရှိဘူးမဟုတ်လားလို့သူကပြန်ရှင်းပြတယ်။ — ကျွန်တော်ကမေးတယ်။မင်းမှာပိုက်ဆံဘယ်လောက်ရှိလဲလို့။သူကပြောတယ်ကျွန်တော်ကဆင်းရဲလို့ဆယ်တန်းကိုကျူရှင်တောင်မတက်နိုင်ဘူး။မောင်သုညပါဆို၊ပိုက်ဆံဘယ်လိုလုပ်ပြီးသွားရှိမှာလဲ။တစ်ပြားမှကိုမရှိဘူး(သုည)ပဲလို့ပြန်ဖြေခဲ့ပါတယ်။ — ဒါဆိုဦးလေးထပ်မေးဦးမယ်။သားမင်းမှာတစ်ပြားမှမရှိတဲ့သုညကိုငွေတစ်သန်းဖြစ်သွားဖို့ဆိုရင်လွယ်မလားလို့မေးတော့သူက၊သုညကနေတစ်သန်းဖြစ်ဖို့ဆိုတာနောက်ထပ်တစ်သန်းတောင်ထပ်ရှာရဦးမယ်။ကျွန်တော့်ဘဝနဲ့ကဘယ်လိုမှမဖြစ်နိုင်ပါဘူးဗျာလို့ဖြေပြန်တယ်။ — ကျွန်တော်ကသူ့ကို၊မဟုတ်သေးဘူးကွလို့၊သုညသမားဟာတစ်သန်းဖြစ်ချင်တယ်ဆိုရင်၊တစ်သန်းရှာစရာမလိုဘူးကွလို့၊(တစ်)ပဲရှာဖို့လိုတယ်လို့ပြောလိုက်တယ်။ဘာလို့လဲဆိုတော့မင်းမှာမွေးကတည်းကအလိုလို(၉၉၉၉၉၉)ရှိနေပြီးသားဖြစ်နေလို့ပဲလို့ပြန်ပြောလိုက်တော့။ — သူကအသံတိတ်သွားတယ်၊မျက်စိလည်သွားတယ်။ပြီးတော့မှ၊ဟာဦးလေးကလဲဗျာမနောက်ပါနဲ့တဲ့အဲဒီ(ကိုးသိန်း၊ကိုးသောင်း)ကျော်ကျွန့်တော့်မှာဘယ်လိုလို့မွေးကတည်းကရှိနေနိုင်မှာလဲတဲ့။မိဘမဲ့ပါဆိုဘယ်သူကအဲဒီပိုက်ဆံအမွေလာပေးမှာလဲတဲ့။ — ကျွန်တော်ကဆက်မေးတေယ်၊သား၊ဒါဆိုမင်းတစ်သန်းဆိုတဲ့ဂဏန်းကိုမှန်အောင်ရေးတတ်ရဲ့လားဆိုတော့၊ဟာကျွန်တော့်ကိုအဲဒီလောက်အထင်တော့မသေးပါနဲ့ဗျာတဲ့။ဒါလောက်တော့ကျွန်တော်ရေးတတ်ပါတယ်ဗျဆိုပြီးတော့စာရွက်တရွက်ပေါ်မှာ(၁၀၀၀၀၀၀)ဆိုပြီး၊(၁)နောက်ကနေ(သုည)ခြောက်လုံးတတ်ပြီးသူရေးပြခဲ့ပါတယ်။ — ကျွန်တော်ကထပ်မေးတယ်။အဲဒီ(၁)နောက်မှာရှိတဲ့၊မင်းပြောတဲ့ဘာမှတန်ဖိုးမရှိတဲ့(သုည)တွေအားလုံးကိုဖျက်ပြစ်လိုက်ကွာဆိုပြီးတော့ဖျက်ခိုင်းလိုက်တယ်။ပြီးတော့အဲဒီတစ်သန်းဘာဖြစ်သွားသလဲလို့ပြန်မေးတော့။သူက၊ဘာမှတန်ဖိုးမရှိတော့ဘူး(၁)တစ်လုံးပဲကျန်တော့တယ်လို့ပြန်ဖြေတယ်။ — ဒါဆိုကောင်းပြီငါ့တူ၊မင်းအစကပြောတော့(သုည)ဆိုတာဟာဘာမှတန်ဖိုးမရှိဘူးဆို။အခုတန်ဖိုးမရှိတဲ့သုညလေးတွေကြီးပဲရွေးပြီးဖျက်ပစ်လိုက်တာဟာ၊ဘာကြောင့်တစ်သန်းတန်တဲ့တန်ဖိုးတစ်ခုကနေ၊တန်ဖိုးအလွန်နည်းတဲ့(၁)ဖြစ်သွားရတာလဲဆိုပြီးထပ်မေးလိုက်တော့။ — ဒီခလေးကခဏလေးငြိမ်ကျသွားပြီးစဉ်းစားနေတယ်။ပြီးတော့မှဘာပြန်ပြောသလဲဆိုတော့၊သားဖြုတ်လိုက်တာဘာမှတန်ကြေးမရှိတဲ့သုညတွေကြီးကြီးပဲဆိုတာတော့မှန်ပါတယ်တဲ့။ဒါပေမယ့်ဒီတန်ဖိုးလုံးဝမရှိတဲ့သုညတွေဖြုတတ်နုတ်တ်လိုက်တာဟာ၊မူလဂဏန်းမှာတန်ဖိုး(၉၉၉၉၉၉)ကြီးများတောင်လျှော့နည်းသွားပါလား၊ကျွန်တော်အလွန်အံ့သြမိတယ်လို့ပြန်ပြောပါတယ်။ — နောက်ပြီးတော့သူကအသံထွက်ပြီးကောက်ချက်ချ၊ရေရွတ်လိုက်တာကတော့(တစ်ကယ်တော့သုညဆိုတာဟာတ်ဖို့းမဲ့မဟုတ်ပဲ၊မမြင်နိုင်တဲ့တန်ဖိုး(၉၉၉၉၉၉)တောင်ရှိနေပါလား)တဲ့။အဲဒါအမှန်ပဲဗျ။သဘောတရားအစစ်ကိုဒီခလေးသေသေချာချာသဘောပေါက်သွားပုံရတယ်ဗျ။အဲဒီနေ့ဟာသူ့ဘဝတိုးတက်ဖို့အတွက်အဖိုးမဖြတ်နိုင်တဲ့ပထမဆုံးသောနေ့သစ်တစ်နေ့ဖြစ်သွားခဲ့ရပါပြီ။ — ခင်ဗျားမယုံရင်(Equation)ချကြည့်လိုက်လေ။တစ်သန်းထဲကတစ်စုံတစ်ခုကိုနုတ်ပါယ်ပြစ်လိုက်တယ်ဆိုကြပါစို့။ဒီလိုနုတ်လိုက်လို့ကျန်နေတဲ့တန်ဖိုးဟာ(၁)ဖြစ်သွားခဲ့မယ်ဆိုရင်၊အဲဒီတစ်စုံတစ်ခုဆိုတာကြီးက(၉၉၉၉၉၉)ဖြစ်မနေဘူးလား?။Equation အရဆိုရင်(1000000-x=1)ဖြစ်ခဲ့မယ်ဆိုရင်၊(x=999999)ပဲလေ။ — နောက်ပြီးသူကသေချာထပ်ပြောသေးတယ်။သားမှာရှိတဲ့သုညတွေဟာတစ်ကယ်တော့တန်ဖိုးမရှိတဲ့သုညတွေမဟုတ်ဘူးတဲ့ဗျ၊တန်ဖိုးဖြတ်လို့မရတဲ့သုညတွေဖြစ်နေပါတယ်တဲ့။ပြီးတော့သူကထပ်မေးပြန်တယ်၊သားမှာ(သုည) တွေတော့အများကြီးရှိနေပါတယ်ဆိုပါစို့၊ဒါပေမယ့်(၁)တစ်လုံး၊လုံးဝမရှိဘူးဆိုရင်ကောဘာများအသုံးဝင်မှာလဲတဲ့?။ — သူကဆက်ပြီး၊သားမှာရှိနေတဲ့သုညတွေအများကြီးကိုအသက်သွင်းနိုင်ဖို့သား(၁)တစ်လုံးမရရအောင်ရှာချင်ပါတယ်တဲ့။အဲဒီ(၁)ကိုသားဘယ်မှာသွားရှာလို့ရနိုင်မလဲလို့သူကစိတ်အားထက်သန်စွာနဲ့ပြန်မေးလာပါတယ်။ကျွန်တော်ကပြန်ဖြေလိုက်တယ်။လွယ်လွယ်လေးပါကွာလို့၊အဲဒီမင်းလိုချင်တဲ့(၁)ဆိုတာဟာစာအုပ်ထဲမှာပဲရှိတယ်ကွလို့။စာအုပ်ထဲမှာသွားရှာပါလို့ပြောလိုက်ပါတယ်။ — ဒီခလေးဟာအကင်းအလွန်ပါးတယ်ဗျ။သူ့ကိုစာဖတ်ခိုင်းလိုက်တယ်ဆိုတာကိုကောင်းကောင်းနားလည်သဘောပေါက်သွားပါတယ်။စာဖတ်တယ်ဆိုတာ(သုည)ကနေအလိုလိုနေရင်းနဲ့တစ်သိန်း၊တစ်သန်းဖြစ်စေနိုင်တယ်ဆိုတာဒီခလေးတောင်နားလည်သေးတာဒီစာကိုဖတ်နေသူအားလုံးလဲနားလည်သဘောပေါက်လောက်ပါပြီ။ …

မြန်မာလူမျိုးအများစုရဲ့အဆိုးဆုံးအကျင့်စရိုက်တစ်ခုကတော့စာဖတ်ပျင်းကြတာပါပဲ။ Read More »

(COVID) ကိုဗစ်ကြောင့်သွေးပြစ်စေတာဘယ်အကြောင်းကြောင့်လဲ?။

Source from Kelvin A. Power’s Facebook on December 24, 2020 (COVID) ကိုဗစ်ကြောင့်သွေးပြစ်စေတာဘယ်အကြောင်းကြောင့်လဲ?။ ကိုချမ်းမြေ့၊ခင်ဗျားတင်ထားတဲ့ပို့စ်ကိုသေချာပြန်ဖတ်ကြည့်ရင်တိုက်ခိုက်ရေးသမား(Angiotensin 2)ဆိုတာခင်ဗျားတွေ့ပါလိမ့်မယ်။(Virus)ဝင်ပြီး(Angiotensin 2)တွေကြောင့်သွေးကြောနံရံတွေပေါက်ပြဲပျက်စီးကုန်ကြတယ်။ — နောက်အရေးကြီးတာတစ်ခုက(Angiotensin 2)ဟာရောင်ရမ်းမှု့(Inflammation)ကိုဖြစ်ပေါ်စေတဲ့အပြင်၊သွေးဖိအားကိုပါအလွန်အမင်းတိုးမြှင့်စေနိုင်တယ်။သွေးကြောနံရံတွေပေါက်ပြဲပျက်စီးနေတဲ့အချိန်မှာသွေးဖိအားကိုတိုးမြှင့်လိုက်တာဟာခန္ဓာကိုယ်အနှံ့သွေးယိုစီးစေတာမဟုတ်ဘူးလား?။ — ဒါကြောင့်ခန္ဓာကိုယ်ကသွေးယိုစီးမှု့ကိုပြန်ပြီးပိတ်ဆို့ထိန်းသိမ်းနိုင်ဖို့၊အဲဒီပေါက်ပြဲပျက်စီးတဲ့သွေးကြောနံရံတွေကိုပြန်ပြီးဖာထေးပိတ်ဆို့ဖို့၊(Thrombosis)ဆိုတဲ့သွေးခဲပြီးပိတ်ဆို့စေတဲ့စနစ်တစ်ခုဖြစ်ပေါ်လာပါတော့တယ်။ — ဆိုလိုတာကခန္ဓာကိုယ်ကသွေးယိုစီးမှု့ကိုကမန်းကတန်းထိန်းသိမ်းလိုက်ရတာဖြစ်တယ်။ (D- Dimer)မြှင့်တက်နေတာကိုကြည့်ပြီး၊သွေးခဲမှု့နဲ့သွေးကြောပိတ်ဆို့မှု့တွေဖြစ်ပြီးခဲ့ပြီဆိုတာသေချာပြောနိုင်တယ်။ဒါပေမယ့်သွေးကြောပိတ်ခဲ့ဲတဲ့နေရာကိုတော့တိတိကျကျမပြောနိုင်ပါဘူး။ — အစောကစကားကိုပြန်ဆက်ရရင်၊ဒီပြဿနာကိုဖြစ်စေတာ(SARS COV-2)ကြောင့်ဆိုပေမယ့်၊သူ့ကို(Immune System)ကအတိုက်အခိုက်လွန်ပြီးဖြစ်သွားတာတစ်ခုတည်းမဟုတ်ပြန်ဘူး။ — (SARS COV-2 Virus)ဟာ(Angiotensin 2 peptide )ဟော်မုန်းတွေကိုလက်ခံပြီးပြောင်းလဲဖျက်ဆီးပေးတဲ့(ACE-2 Receptors)တွေကိုသွားပြီး(Bind)ပြစ်လိုက်တယ်။(Virus bind)လိုက်တဲ့(Receptors)တွေကနောက်တစ်ကြိမ်အလုပ်မလုပ်နိုင်တော့ပဲသုံးပြီးသားဖြစ်သွားလို့ပျက်စီးသွားတယ်။ — သာမာန်အားဖြင့်(ACE-2 Receptors)တွေဟာ(Angiotensin 2 peptide )ဟော်မုန်းတွေသိပ်များလာရင်လက်ခံပြီး၊(Angiotensin 1-7)အဖြစ်ပြောင်းလဲဖျက်ဆီးပြစ်ရတယ်။အမှန်တစ်ကယ်ကတော့ဖျက်ဆီးပြစ်တာမဟုတ်ပပါဘူး၊ဆန့်ကျင်ဖက်သဘောကိုပြောင်းပေးလိုက်တာကိုဆိုလိုတာပါပဲ။ — ဆိုလိုတာက၊(Angiotensin 2)ဟာအလွန်ရန်လိုပြီးဖျက်ဆီးတတ်တယ်။တိုက်ပွဲအပြီးမှာဆက်ပြီးရန်လိုနေလို့မဖြစ်ဘူး။ဆိုလိုတာက(Angiotensin 2)က(Inflammation)ကိုအားပေးတဲ့သဘောပါပဲ။ — (Angiotensin 1-7)ကြတော့ဆန့်ကျင်ဖက်ပေါ့။သူကကြတော့ရန်မလိုဘူး။ပြန်ပြီးတော့ပြုပြင်ထိန်းသိမ်းတတ်တဲ့သဘောပေါ့ဗျာ။ ဆန့်ကျင်ဖက်အားဖြင့်(Angiotensin 1-7)ဟာ(Inflammation)ကိုလျော့နည်းစေတယ်။ — နောက်တစ်ခုက့(Angiotensin …

(COVID) ကိုဗစ်ကြောင့်သွေးပြစ်စေတာဘယ်အကြောင်းကြောင့်လဲ?။ Read More »

ဘာကာကွယ်ဆေးပဲပေါ်ပေါ်၊ဘာ(Mutation)တွေပဲဖြစ်ဖြစ်(Vitamin D)လောက်(COVID-19)အပေါ်အကျိုးသက်ရောက်မှု့ရှိတဲ့ပစ္စည်းကမ္ဘာပေါ်မှာမရှိသေးပါဘူး။

Source from Kelvin A. Power’s Facebook on December 23, 2020 Covid 19 Vaccines အရင်ဆုံးထွက်လာတဲ့(Moderna)နဲ့(Pfizer)ဆိုတဲ့(COVID-19 Vaccines)နှစ်ခုရှိနေပေမယ့်၊မြန်မာပြည်အတွက်တော့(Pfizer)အကြောင်းမဆွေးနွေးပဲ(Moderna)အကြောင်းပဲဆွေးနွေးလိုပါတယ်။ — နှစ်ခုစလုံးကတော့(Virus)ပိုးရဲ့အပေါ်ယံမျက်နှာပြင်ပေါ်မှာရှိတဲ့(Spike Protein)နဲုပုံစံတူတဲ့(Protein)တွေကိုထုတ်လုပ်နိုင်တဲ့(mRNA Vaccines)တွေဖြစ်ပြီးထူးမခြားနားပါပဲ။နှစ်ခုလုံးက(95%)ရာခိုင်နှုန်းနီးပါးအကျိုးသက်ရောက်မှု့ရှိတယ်ဆိုတော့ဒါဟာလဲသိပ်မကွာခြားပါဘူး။။ — (Pfizer)အကြောင်းမဆွေးနွေးဘူးဆိုတာက၊ရေခဲမှတ်အောက်အလွန်နိမ့်တဲ့အပူချိန်မှာထားသိုရမှာဖြစ်လို့မြန်မာပြည်အနေနဲ့အဲဒီဆေးကိုစနစ်တကျထားသိုသိမ်းဆည်းနိုင်တဲ့အခြေအနေမရှိသေးပါဘူး။ဒါကြောင့်(Pfizer)ကိုမေ့ထားလိုက်တာပဲကောင်းပါတယ်။ — (Moderna)ကတော့မြန်မာပြည်ကိုတစ်နေ့တော့ရောက်လာမှာပါ။ဒါပေမယ့်ဘယ်လောက်ကြာမလဲဆိုတာတော့ဘယ်သူမှအတိအကျမပြောနိုင်ပါဘူး။ကျွန်တော့်အထင်တော့(2021)နှစ်အကုန်လောက်ဆိုရင်တော့ရောက်လာနိုင်ပါတယ်။ — (Moderna)ဟာပထမတစ်ကြိမ်နှင့်ဒုတိယအကြိမ်(၂၈)ရက်ခြားပြီးနှစ်ကြိမ်ထိုးရမှာဖြစ်ပြီး၊(94%-95%)ရာခိုင်နှုန်းနီးပါးအကျိုးသက်ရောက်မှု့ရှိတယ်လို့ဆိုပါတယ်။(95%)အကျိုးသက်ရောက်မှု့ရှိတယ်ဆိုတာကတော့ကာကွယ်ဆေးထိုးထားတဲ့လူတွေမှာ(90%)ရာခိုင်နှုန်းကျော်လောက်ကလုံးဝရောဂါမကူးစက်နိုင်ဘူးလို့မဆိုလိုသလို၊သေပျောက်နှုန်းမရှိနိုင်ဘူးလို့လဲအဓိပ္ပါယ်မရပါဘူး။ — နားလည်အောင်ဥပမာပေးရှင်းပြရရင်၊လူ(30,000)လောက်ကို(randomized double-blind study)လုပ်တယ်ဆိုပါစို့၊အဲဒီအထဲကရောဂါအပြင်းထန်ဆုံးလူ(196)ယောက်ကိုရွေးထုတ်လိုက်တယ်ဆိုပါစို့၊အဲဒီ(196)ယောက်ထဲက(185)ယောက်ဟာကာကွယ်ဆေးမထိုးထားတဲ့သူတွေဖြစ်ပြီး၊ကာကွယ်ဆေးထိုးထားတဲ့သူကတော့(11)ယောက်ပဲပါနေတယ်ဆိုကြပါစို့။ — (185)ကို(196)နဲ့စားပြီးရာခိုင်နှုန်းဖွဲ့လိုက်ရင်(94%)နဲ့(95%)ကြားလောက်အဖြေထွက်မလာဘူးလား။(94%-95%)လောက်အကျိုးသက်ရောက်မှု့ရှိတယ်ဆိုတာဟာဒီသဘောကိုပြောတာပါ။အဓိကဆိုလိုချင်တာကကာကွယ်ဆေးထိုးထားရင်(COVID-19)ကူးစက်မှု့နှုန်း(95%)လောက်ကျဆင်းသွားတယ်လို့မပြောထားဘူး။သေပျောက်နှုန်းလုံးဝမရှိနိုင်ဘူးလို့လဲအာမခံချက်မပေးနိုင်သေးဘူး။ — လူတိုင်းအလွယ်မှတ်သားလို့ရအောင်၊ကျွန်တော့်အနေနဲ့(vaccine efficacy=94%-95%)လောက်ဆိုတဲ့သဘောကိုအနီးစပ်ဆုံးအဓိပ္ပါယ်ဖွင့်ပြရမယ်ဆိုရင်ဘာကိုဆိုလိုသလဲဆိုတော့(ဒီကာကွယ်ဆေးဟာရောဂါပြင်းထန်မှု့နှုန်း(94%-95%)ကျော်လောက်ကျဆင်းသွားမယ်ဆို)တဲ့သဘောသာသက်ရောက်နေပါတယ်။ — ရောဂါပြင်းထန်မှု့နှုန်း(94%-95%)ကျော်လောက်ကျဆင်းသွားမယ်ဆိုတာဟာလဲမနည်းလှပါဘူး။ဒါဟာကောင်းမွန်တဲ့အောင်မြင်မှု့တစ်ခုပါပဲ။ဒါပေမယ့်ဘေးထွက်ဆိုးကျိုးတွေက၊ဘာတွေရှိလာမလဲဆိုတာကိုလည်းထည့်စဉ်းစားဖို့လိုနေပါသေးတယ်။ — ဘေးထွက်ဆိုးကျိုးဆိုတာ၊ကာကွယ်ဆေးထိုးလိုက်လို့နာတာ၊ကျင်တာ၊ဖျားနာတာ၊ရောဂါလက္ခဏာတစ်ခုခုယာယီအားဖြင့်ခံစားရတာကိုမဆိုလိုပါဘူး။အဲဒါကတော့ကာကွယ်ဆေးတိုင်းဖြစ်တတ်ပါတယ်။(Immune System)အလုပ်လုပ်ပြီဆိုရင်အဆိုပါရောဂါလက္ခဏာတစ်ခုခုကတော့ပြမှာဖြစ်ပါတယ်။အဲဒါကိုရောဂါရဲ့ဆိုးကျိုးလို့ယူဆလို့မရနိုင်ပါဘူး။ — ကျွန်တော်ဆိုလိုတဲ့ဘေးထွက်ဆိုးကျိုးဆိုတာ၊ရေရှည်ခံစားရမယ့်ဆိုးကျိုးတွေကိုပြောတာပါ။လောလောဆယ်တော့(Moderna)ဟာယာယီလက္ခဏာလေးတွေကလွဲလို့ဘေးထွက်ဆိုးကျိုးကြီးကြီးမားမားမတွေ့ရသေးဘူးလို့ဆိုပါတယ်။ဒါပေမယ့်ရေရှည်ဆိုးကျိုးဆိုတာချက်ခြင်းပြောလို့မရလို့တစ်နှစ်တန်သည်၊နှစ်နှစ်တန်သည်တော့စောင့်ကြည့်ဖို့လိုဦးမယ်လို့ထင်ပါတယ်။လောလောဆယ်တော့(OK)နေပါသေးတယ်။ — ဒါပေမယ့်တစ်ခုပြောချင်တာကတော့ကာကွယ်ဆေးနဲ့ပါတ်သက်လို့(mRNA Vaccines)ဆိုတာ၊ဒါပထမဦးဆုံးနည်းပညာအသစ်တစ်ခုဖြစ်တဲ့အပြင်၊အချိန်တိုအတွင်းအောင်မြင်စွာပေါ်ထွက်လာတာဟာလဲဂုဏ်ယူစရာပါပဲ။ဈေးနှုန်းကလဲသင့်ပါတယ်။ရိုက်စားကုမ္မဏီ(Gilead)ကထုတ်ပြီးအလွန်ဘေးထွက်ဆိုးကျိုးများတဲ့(Remdesivir)လို့ခေါ်တဲ့(ဂျင်း)လိုလဲဈေးမကြီးလှပါဘူး။(Remdesivir)ကတော့(Gilead)ရဲ့ရိုက်စားဂျင်းပါပဲ။ — ဒါပေမယ့်ဒီကာကွယ်ဆေးရဲ့အားနဲချက်တွေလဲအများကြီးရှိနေပါသေးတယ်။ပထမတစ်ချက်ကဒီကာကွယ်ဆေးနှစ်လုံးကိုဆက်တိုက်ထိုးပြီးရင်ဘယ်လောက်ကြာကြာတာရှည်ခံမယ်ဆိုတာကိုတော့ဘယ်သူမှတိတိကျကျမပြောနိုင်သေးပါဘူး။တစ်နှစ်တစ်ခါလောက်ထပ်ထိုးဖို့လိုသလားခြောက်လတစ်ခါလောက်အကြိမ်ကြိမ်ထိုးဖို့လိုမလားဆိုတာသေချာဘာမှကိုမပြောနိုင်သေးပါဘူး။ — နောက်တစ်ခုက(SARS-COV-2)ဟာ(mutation)ထပ်ဖြစ်နေဦးမယ်ဆိုရင်၊အထူးသဖြင့်(Spike Protein)နေရာတွေမှာ(mutation)တွေဖြစ်သွားမယ်ဆိုရင်တော့လက်ရှိကာကွယ်ဆေးတွေအလုပ်ဆက်လုပ်မယ်၊မလုပ်ဘူးဆိုတာကိုတော့ဘယ်သူမှအတိအကျမသိနိုင်သေးဘူး။အခုတောင်(UK)မှာ(mutation)တွေထပ်ဖြစ်နေပြီ။ကာကွယ်ဆေးသက်ရောက်မှု့ရှိမယ်မရှိဘူးဆိုတာဘယ်သူမှတိတိကျကျမပြောနိုင်သေးပါ။ — သတင်းဆိုးတစ်ခုကအဲဒီကာကွယ်ဆေးဟာမြန်မာပြည်ကိုရောက်လာဖို့ဆိုရင်အနည်းဆုံးနောက်ထပ်တစ်နစ်ကျော်လောက်ကြာနိုင်ပါတယ်။ဆိုလိုတာကကာကွယ်ဆေးမြန်မာပြည်ကိုရောက်လို့လူတိုင်းကိုထိုးပေးနိုင်တဲ့အချိန်မှာ၊သေတဲ့လူတွေလဲသေပြီးကုန်ကြပြီ၊(COVID-19)ဖြစ်ပြီးလို့သဘာဝခုခံမှု့(Antibody)တွေရပြီး(COVID)ပြီးသွားတဲ့လူတွေလဲပြီးနေကြပြီ။ — ဆိုလိုတာကကာကွယ်ဆေးရတဲ့အချိန်ဟာသိပ်ကိုနောက်ကျသွားနိုင်ပါတယ်။ဒါပေမယ့်ကောင်းတာတစ်ခုကတော့ကာကွယ်ဆေးထိုးလို့ရေရှည်ဘေးထွက်ဆိုးကျိုးဖြစ်မယ်ဆိုရင်မြန်မာပြည်ကလူတွေအတွက်တော့လွတ်ကင်းနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့၊ကာကွယ်ဆေးတစ်ခုကိုတစ်နှစ်ကျော်၊နှစ်နှစ်လောက်စောင့်ကြည့်ပြီးမှသုံးကြရတယ်ဆိုတော့ဘေးထွက်ဆိုးကျိုးရှိမရှိကောင်းကောင်းသိနေပြီဆိုတော့အန္တရာယ်တော့ကင်းနိုင်ပါတယ်။ — ဒါပေမယ့်ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်မိခင်သဘာဝကပေးထားတဲ့အကောင်းဆုံးအားကိုးရာတစ်ခုကတော့ရှိနေဆဲပါ။။ကျွန်တော်တို့ရဲ့(Fighter)ကြီးဖြစ်တဲ့(Vitamin …

ဘာကာကွယ်ဆေးပဲပေါ်ပေါ်၊ဘာ(Mutation)တွေပဲဖြစ်ဖြစ်(Vitamin D)လောက်(COVID-19)အပေါ်အကျိုးသက်ရောက်မှု့ရှိတဲ့ပစ္စည်းကမ္ဘာပေါ်မှာမရှိသေးပါဘူး။ Read More »

ဆေးတွေ၊ဖြည့်စွက်စာတွေရဲ့သက်တမ်းကုန်ဆုံးပျက်စီးနိုင်မှု့နဲ့ပါတ်သက်ပြီးအရေးကြီးတာတစ်ခုပြောချင်ပါတယ်။

Source from Kelvin A. Power’s Facebook on December 18, 2020 ဆေးတွေ၊ဖြည့်စွက်စာတွေရဲ့သက်တမ်းကုန်ဆုံးပျက်စီးနိုင်မှု့နဲ့ပါတ်သက်ပြီးအရေးကြီးတာတစ်ခုပြောချင်ပါတယ်။ — ဘယ်ကုမ္မဏီကထုတ်တဲ့ဘာဆေး၊ဘာဖြည့်စွက်စာတွေပဲဖြစ်ဖြစ်၊(Exp Date)တွေအမြဲပါနေသော်လည်း၊တခါတရံမှာ(Date)တွေကုန်ဆုံးသွားပေမယ့်အန္တရာယ်မရှိပဲ(၆)လ၊တစ်နှစ်လောက်အထိဆက်သောက်လို့ရတဲ့အခြေအနေမျိုးရှိနိုင်သလို၊တစ်ခါတစ်ရံမှာ(Date Exp)မဖြစ်သေးပဲနဲ့လဲပျက်စီးသွားပြီးအန္တရာယ်ရှိနိုင်တဲ့အခြေအနေတစ်ရပ်လဲဖြစ်နိုင်ပါတယ်။ — ဆိုလိုချင်တာကကိုယ့်ရဲ့ဆေးဘယ်လောက်အထိကြာကြာခံမယ်၊(Exp: Date)မတိုင်ခင်ပျက်စီးသွားနိုင်သလား၊(Exp: Date)ကုန်ဆုံးသွားပြီးနောက်ဆက်ပြီးကောင်းချင်ကောင်းနေနိုင်သလား၊ဆိုတာဟာဆေးပုလင်းမှာရိုက်ထားတဲ့(Exp Date)တစ်ခုတည်းအပေါ်မှာမူတည်နေတာမဟုတ်ပဲကိုယ့်ရဲ့ဂရုတစိုက်သိမ်းဆည်းသိုလှောင်မှု့အပေါ်မှာပါမူတည်နေပါတယ်။ — လူတိုင်းနားလည်အောင်ဥပမာတစ်ခုပေးရမယ်ဆိုရင်အခုခေတ်ဟာလူ့သက်တန်း(၈၀)တန်းပဲရှိတဲ့ခေတ်ဆိုပါစို့၊သို့သော်လူ့သက်တန်း(၈၀)ခေတ်မှာလူလာဖြစ်တာခြင်းတူပေမယ့်၊တချိုု့လူတွေဟာ၊အသက်(၉၀)ကျော်(၁၀၀) အထိနေသွားတာရှိသလို၊တစ်ချို့လူတွေဟာအသက်(၃၀)မပြည့်ခင်မှာပဲဆုံးပါးသွားကြတာတွေနေ့စဉ်မြင်တွေ့နေကြရမှာပါ။ — ဆိုလိုတာကလူ့သက်တန်း(၈၀)တန်းမှာလူရယ်လို့ဖြစ်လာပြီဆိုတာနဲ့လူတိုင်းလူတိုင်းအလိုလိုနေရင်းနဲ့အသက်(၈၀)နေရမယ်လို့တော့အာမခံချက်မရှိပါဘူး။မိမိရဲ့ကျန်းမာရေး၊မိမိရဲ့အသက်အန္တရာယ်တွေကိုဉာဏ်ပညာနဲ့ဂရုတစိုက်စောင့်ရှောက်တတ်ရင်အသက်(၉၀)ကျော်(၁၀၀)အထိအသက်ရှည်နေနိုင်သလို၊ကိုယ့်ကိုကိုယ်သေချာမစောင့်ရှောက်တတ်ရင်အသက်(၃၀)အောက်မှာလဲသေချင်သေနိုင်ပါတယ်။ဒါကြောင့်ရှေးလူကြီးတွေက(အသက်ကိုဉာဏ်စောင့်တယ်)လို့ပြောကြတာမဟုတ်ဘူးလား?။ — လူတစ်ယောက်ဟာအသက်(၃၀)အောက်မှာငယ်ငယ်ရွယ်ရွယ်သေသွားမလား။အသက်(၁၀၀)ကျော်အထိနေမလားဆိုတာကတော့လူ့သက်တမ်းနဲ့(လုံးဝ)ကိုမဆိုင်ပါဘူး။ကိုယ့်ရဲ့ဉာဏ်ရှိမှု့၊ဂရုတစိုက်စောင့်ရှောက်တတ်မှု့အပေါ်မှာပဲမူတည်နေပါတယ်။ကိုယ်အသက်ရှည်ကျန်းမာဖို့ကကိုယ့်မှာပဲတာဝန်(အပြည့်)ရှိနေပါတယ်။ဘယ်ဆရာဝန်တွေ၊ဘယ်ဆေးရုံ၊ဘယ်ဆေးခန်းတွေရဲ့တာဝန်မဟုတ်ဘူးဆိုတာကိုတော့လူတိုင်းကိုကောင်းကောင်းနားလည်ထားစေချင်ပါတယ်။ — အလားတူဥပမာတစ်ခုက၊ပုံမှန်အားဖြင့်(၁၀)နှစ်သက်တမ်းရှိတဲ့ကားအသစ်တစ်စီးကိုဝယ်စီးမယ်ဆိုရင်တောင်၊တစ်ယောက်နဲ့တစ်ယောက်ဝယ်စီးတဲ့ကားအမျိုးအစားခြင်းတူနေပေမယ့်တာရှည်ခံတဲ့သက်တမ်းခြင်း(လုံးဝ)ကိုမတူညီနိုင်ပါဘူး။ကိုယ်ကဂရုတစိုက်၊အင်ဂျင်ကိုထိန်းသိမ်းစောင့်ရှောက်မယ်။အင်ဂျင်ဝိုင်၊ဆီ၊ဆီစစ်၊ရေ၊ရေစစ်၊လေ၊လေစစ်တွေကိုအချိန်မှန်လဲပေးမယ်။လမ်းကောင်းမှာညင်ညင်သာသာစည်းကမ်းရှိရှိမောင်းနှင်မယ်ဆိုရင်(၁၀)နှစ်သက်တန်းပဲရှိတဲ့ကားဟာနှစ်(၂၀)အထိလဲကောင်းချင်ကောင်းနေနိုင်တာပါပဲ။ — ကိုယ်ကမပြုမပြင်ပဲ၊ပစ်စလက်ခပြစ်ထားမယ်၊ကြမ်းကြမ်းတမ်းတမ်းသုံးမယ်၊စည်းကမ်းမဲ့မဆင်မခြင်လမ်းကြမ်းမှာချိုင့်ခွက်တွေကိုမရှောင်တန်းမောင်းမယ်ဆိုရင်တော့(၁၀)နှစ်သက်တမ်းရှိတဲ့ကားဟာ(၅)နှစ်နဲ့လဲစုတ်ပြတ်သွားနိုင်တာပါပဲ။ကိုယ်ကမဆင်မခြင်မောင်းမယ်ဆိုရင်စဝယ်ဝယ်ခြင်းပထမနေ့တင်မှာပဲလမ်းဘေးကဓါတ်တိုင်ကိုဝင်တိုက်မိပြီးစုတ်ပြတ်ပျက်စီးစွားနိုင်တာပါပဲ။အဲဒါတွေအားလုံးဟာကားထုတ်လုပ်လိုက်တဲ့ကုမ္မဏီနဲ့တော့မဆိုင်ပါဘူး။ကိုယ်နဲ့ပဲသက်ဆိုင်ပါတယ်။ — ဥပမာပြောရရင်ဆေးပုလင်းတစ်ခုကို(Seal)မဖေါက်၊မဖွင့်ပဲ၊အသစ်အတိုင်းရေခဲသေတ္တာအအေးခန်းမှာသိမ်းထားတယ်ဆိုကြပါစို့။(ရေခဲခန်းကိုမပြောပါ။အအေးခန်းကိုပြောတာပါ။)အဲဒီရေခဲသေတ္တာထဲကဆေးကို(Exp:)ဖြစ်နေတဲ့နေ့မှာမှစပြီးတွေ့လို့ဗူးအသစ်စပြီးဖေါက်လိုက်တယ်ဆိုကြပါစို့။အထဲကဆေးဟာ၊အရောင်၊အနံ့၊အရသာမပြောင်းလဲသေးဘူးဆိုရင်၊ကျွန်တော်ကိုယ်တိုင်နောက်ထပ်ခြောက်လ၊တစ်နှစ်လောက်အထိဆက်သောက်ချင်သောက်ရဲပါတယ်။ဒါပေမယ့်သောက်ပြီးတိုင်းအဖုံးကိုသေချာလေလုံအောင်ပြန်ပိတ်ပြီးအဆိုပါရေခဲသေတ္တာရဲ့ခြောက်သွေ့သောနေရာမှာပဲပြန်ပြန်ပြီးသိမ်းဆည်းထားဖို့တော့အထူးလိုအပ်ပါတယ်။ — ဆေးတစ်မျိုးကိုဝယ်လိုက်ပြီဆိုတာနဲ့၊မြန်မာလို(သုံးစွဲပြီးတိုင်းအဖုံးအား၊လေလုံအောင်ပြန်ပိတ်ပါ။လက်ရေစိုဖြင့်မ ကိုင်၊မဖွင့်ပါနှင့်။အေး၍ခြောက်သွေ့သောနေရာတွင်ထားပါ။ရေခဲသေတ္တာရှိပါကအောက်ထပ်တွင်သိမ်းထားနိုင်ပါသည်)ဆိုပြီးတော့မြန်မာလိုရေးထားတာရှိသလို၊အင်္ဂလိပ်လိုလဲ(WARNING: Store in a cool, dry place.)ဆိုပြီးသတိပေးချက်တွေရေးထားတာဟာအလကားအပျင်းပြေဖတ်ဖို့ရေးပေးထားတာတွေမဟုတ်ပါဘူး။ — မြန်မာလူမျိုးတွေဟာဒီလမ်းညွန်ချက်တွေကိုမလိုက်နာပဲ၊(Exp Date)တစ်ခုတည်းကိုသာအလေးထားပြီးဆေးသုံးစွဲတတ်ကြပါတယ်။တစ်ကယ်ဆိုရင်ဒီလမ်းညွန်ချက်တွေဆိုတာ(Exp Date)ကဲ့သို့အလွန်အရေးကြီးပြီးလိုက်နာရမယ့်အချက်အလက်တွေပါပဲ။ — ဖြည့်စွက်စာဆေးတွေရဲ့၊အဓိကအပျက်စီးမှု့အများဆုံးအချက်တွေကတော့၊နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှု့၊ရေစိုထိုင်းမှု့၊ရေခိုးရေငွေ့ထိတွေ့ွ့မှု့၊အပူချိန်နဲ့ရေငွေ့ဓါတ်များနေသောလေနှင့်ထိတွေ့ွ့မှု့ပါပဲ။ဒီနေရာမှာဆိုချင်တာကအပူဒဏ်မခံနိုင်ဘူးလို့မဆိုလိုပါဘူး။(original sealed)ပိတ်ထားရင်၊တနည်းအားဖြင့်ပုလင်းအသစ်မဖေါက်ရသေးဘူးဆိုရင်တော်ရုံတန်ရုံအပူဒဏ်လောက်တော့ကောင်းကောင်းခံနိုင်ကြပါတယ်။ — ဒါပေမယ့်(အပူချိန်နှင့်အတူစိုထိုင်းမှု့၊ရေခိုးရေငွေ့ရောနှောနေပြီဆိုရင်တော့)ဘယ်ဆေးမှမခံနိုင်တော့ဘဲပျက်စီးသွားစေနိုင်ပါတယ်။ဆိုလိုတာက(sealed)အလုံပိတ်ထားရင်တော်ရုံတန်ရုံအပူချိန်ကိုမကြောက်ပေမယ့်၊(Sealed)ပွင့်နေရင်တော့ရေခိုးရေငွေ့ပါနေတဲ့လေကိုကြောက်ရပါတယ်။ဒါကြောင့်ဆေးပုလင်းအသစ်တွေ(sealed)မဖေါက်ရသေးခင်မှာသာမာန်အခန်းအပူချိန်မှာသိမ်းဆည်းထားလို့ရနိုင်ပေမယ့်။(sealed)ဖေါက်ပြီးသွားပြီဆိုရင်တော့ရေခဲသေတ္တာရဲ့ခြောက်သွေ့သောနေရာတစ်ခုမှာသိမ်းထားပေးစေချင်ပါတယ်။ — အမေရိကန်ကလုပ်တဲ့ဆေးတွေဟာမြန်မာပြည်ကလုပ်တဲ့ဆေးတွေလိုတစ်လုံးခြင်းဆေးကပ်ကလေးတွေနဲ့လာကြတာနည်းပြီး။အလုံးပေါင်းရာနဲ့ချီဆေးပုလင်းတစ်ခုတည်းမှာပေါင်းထည့်ထားတတ်ကြတာများပါတယ်။ဘာကြောင့်လဲဆိုတော့အမေရိကန်လိုနိုင်ငံပြည်နယ်အများစုတွေမှာရာသီဥတုဟာအလွန်အေးမြပါတယ်။အေးမြတဲ့ရာသီဥတုဟာခြောက်သွေ့စေပါတယ်။ — အမေရိကန်မှာပူတဲ့ပြည်နယ်တွေအနည်းငယ်တော့ရှိပါတယ်။ဒါပေမယ့်အဲဒီပူတဲ့ပြည်နယ်ကအိမ်တိုင်းဟာ(air …

ဆေးတွေ၊ဖြည့်စွက်စာတွေရဲ့သက်တမ်းကုန်ဆုံးပျက်စီးနိုင်မှု့နဲ့ပါတ်သက်ပြီးအရေးကြီးတာတစ်ခုပြောချင်ပါတယ်။ Read More »

Source from Kelvin A. Power’s Facebook on December 12, 2020 ဒီခေတ်လူတွေမှာအမည်မဖေါ်နိုင်တဲ့ရောဂါအမျိုးမျိုးတွေဖြစ်နေကြရပြီး၊အရေးကြီးတဲ့အချက်တစ်ခုကိုမသိထားရင်၊ထပ်ပြီးလူအများဒုက္ခရောက်စေနိုင်လို့၊လူတိုင်းသေချာသိရှိနားလည်ထားကြရအောင်၊နွားနဲ့ပါတ်သက်တဲ့၊အမဲသား၊နွားနို့၊ထောပါတ်၊ဒိန်ချဉ်၊ဒိန်ခဲ၊နို့မှုန့်၊(Protein)၊(Collagen)အစရှိတဲ့ပစ္စည်းတွေအကြောင်းကိုအထူးသတိပေးရေးသားချင်ပါတယ်။ — နွားနဲ့ပါတ်သက်တဲ့ပစ္စည်းတွေကိုကိုယ်ကစားသုံးတော့မယ်ဆိုရင်မြက်စားနွား(Grass Fed Cows)တွေဖြစ်ဖို့လိုအပ်ပါတယ်။ဒီလိုပြောလိုက်တာကိုနားမလည်သူလူတစ်ချို့ကဆရာကယ်လ်ဗင်ဘာတွေလျှောက်ရေးနေတာလဲ၊နွားပါဆိုမှမြက်မစားရင်ဘာသွားစားမှာလဲလို့ဝေဖန်နေမယ်ဆိုရင်အဲဒီလူဟာအလွန်ဗဟုသုတနည်းလို့ပါပဲ။ — နွားတွေဟာသဘာဝကိုကမြက်ကိုပဲအဓိကစားတယ်ဆိုတာကျွန်တော်တို့ဘိုးစဉ်ဘောင်ဆက်သိခဲ့ရပြီး၊အခုထက်ထိတိုင်ခလေးကအစသိထားတဲ့အရာတစ်ခုပါ။နွားတွေမြက်စားတယ်ဆိုတာအထူးအဆန်းမဟုတ်ခဲ့ပါဘူး။နွားလို့ပြောလိုက်ရင်လူတိုင်းမျက်စိထဲမှာစိမ်းလမ်းစိုပြေနေတဲ့မြက်ခင်းပြင်ကြီးတွေရဲ့အလည်မှာလွတ်ကြောင်းထားပြီးမြက်စားနေကြတဲ့နွားတွေကိုသွားမြင်မိပါလိမ့်မယ်။အဲဒါအရင်တုံးကရှိခဲ့တဲ့ကောင်းမွန်တဲ့သဘာဝကလေးတစ်ခုပါ။အခုရှားသွားပါပြီ။အထူးသဖြင့်(USA)မှာအလွန်ကိုရှားသွားပါပြီ။ — လောဘအလွန်ကြီးလာတဲ့အရင်းရှင်ကြီးတွေကြီးစိုးလာတဲ့ခေတ်ကြီးမှာ၊ဝမ်းနည်းစရာအလွန်ကောင်းတာကအမေရိကန်လိုခေတ်မှီတိုးတက်တဲ့ကမ္ဘာနိုင်ငံတော်တော်များများမှာ၊နွားတွေကိုမြက်လုံးဝမကျွေးကြတော့ပါဘူး။နွားတွေရဲ့(95%)ကျော်ဟာမျိုးရိုးဗီဇပြောင်းလဲထားတဲ့(GMO)လို့ခေါ်တဲ့အသီးအနှံတွေ၊ကြက်ခြံကရတဲ့စွန့်ပြစ်ပစ္စည်းတွေ၊ကြက်ချေးတွေ၊အသားပုတ်တွေ၊အစရှိသဖြင့်မသင့်လျှော်တဲ့အရာတွေကျွေးပြီးမွေးမြူကြတော့တာပါပဲ။ — နွားတွေကိုမြက်ခင်းမှာကျောင်းပြီးမွေးမြူရင်နို့အထွက်နည်းမယ်၊အသားအထွက်နည်းမယ်၊အသားရဖို့အကြာကြီးစောင့်ရမယ်။နွားတွေကိုလွတ်ကျောင်းလို့(ကယ်လိုရီတွေ)ဖြုန်းတီးသလိုဖြစ်ပြီး၊အဆီတွေကျသွားမယ်။ဒါကြောင့်လောဘကြီးတဲ့အရင်းရှင်တွေဟာအမြတ်တွေပိုရအောင်တိုးပွားဟော်မုန်းဓါတ်တွေနဲ့(Antibiotics)တွေရောနှောထားပြီးမျိုးရိုးဗီဇပြောင်းလဲထားတဲ့(GMO Carbohydrate)တွေကိုပဲအလေးထားကျွေးမွေးကြပါတော့တယ်။ — (GMO)တွေဆိုတာအလွန်ဆိုးပါတယ်။သဘာဝသီးနှံမဟုတ်ပဲ၊လူလုပ်ထားတဲ့သီးနှံတွေဖြစ်နေလို့၊လူ့ခန္ဓာကိုယ်ကဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာဘယ်လိုမှမသိနိုင်သလို၊ကမ္ဘာဦးကတည်းကလူ့ခန္ဓာမှာရှိနေတဲ့အင်ဇိုင်းတွေကလဲဒီပစ္စည်းတွေကိုဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာမသိနိုင်ပါဘူး။နောက်ဆုံးရလဒ်ကအမည်ဖေါ်ပြလို့မဆုံးနိုင်တဲ့ရောဂါအမျိုးမျိုးနဲ့ကင်ဆာအမျိုးမျိုးဖြစ်ရတော့တာပါပဲ။ — (GMO)ဆိုတာ(Genetically modified organism)တွေပါပဲ။ဥပမာပြောရရင်၊နဂိုကဆီကြိတ်လို့မလွယ်တဲ့ပြောင်းဖူးကိုဆီတွေအများကြီးထွက်အောင်မျိုးရိုဗီဇပြောင်းပြစ်လိုက်မယ်။တစ်ပင်မှာငါးဖူးထက်ပိုပြီးမသီးတဲ့ပြောင်းဖူးကို၊အဖူး(၁၀၀)ထွက်အောင်လုပ်မယ်။ပိုးကိုက်လို့သေသွားမဲ့အပင်ကို၊ပိုးကိုက်ရင်အပင်မသေပဲပိုးတွေပဲသေသွားအောင်မျိုးရိုးဗီဇမှာပိုးသတ်ဆေးထည့်သွင်းပေးထားလိုက်မယ်။သြဇာဓါတ်လုံးဝမရှိတဲ့မြေရိုင်းမှာရှင်သန်နိုင်အောင်ဓါတုဗေဒဓါတ်မြေသြဇာတွေမျိုးရိုးဗီဇမှာထည့်သွင်းထားလိုက်မယ်။ဒီသဘောတွေကိုပြောတာပါ။ — ဒါတွေဟာအရင်းရှင်တွေလောဘတကြီးနဲ့သဘာဝကိုဆန့်ကျင်ဖျက်ဆီးပြစ်တဲ့နည်းတွေပါပဲ။အန္တရာယ်ကတော့ကြိုတင်တွက်ဆထားလို့မရနိုင်အောင်များပါတယ်။ဒီအသီးနှံတွေဟာမျိုးရိုဗီဇမှာကိုကပိုးသတ်ဆေးပါပြီးသားဖြစ်နေလို့ပိုးမဖျက်ဆီးနိုင်သလို၊ဓါတုဗေဒဆေးတွေပါပြီးသားဖြစ်နေလို့မြေသြဇာလဲမလိုပဲကောင်းကောင်းအထွက်တိုးပါတော့တယ်။ဘယ်လိုစိုက်စိုက်အထွက်တိုးတော့ဈေးလဲအလွန်ပေါတာပေါ့။ဥပမာ(GMO)ပြောင်းဖူးဆိုတာမြက်ထက်အလွန်ဈေးပေါလို့နွားတွေကိုမြက်မကျွေးတော့ပဲ(GMO)ပြောင်းဖူးတွေကျွေးတာပေါ့ဗျာ။ — နွားကလဲအကြီးမြန်တယ်။သဘာဝမြက်စားနွားကတစ်ခါပေါ်ဖို့(၂)နှစ်လောက်စောင့်ရမယ်ဆိုရင်၊(GMO)နွားတွေကလပိုင်းနဲ့ပေါ်လို့ရတယ်ပေါ့။သဘာဝနွားကတစ်ရက်ကိုနို့(၁)ဂါလံထွက်ရင်၊(GMO)နွားက(၁၀)ဂါလံထွက်အောင်ညှစ်ယူလို့ရတယ်ဆိုတော့၊လောဘသမားတွေတွက်ခြေကိုက်ပြီပေါ့ဗျာ။ — အဆိုးဆုံးကတော့နွားတွေကိုအသားတိုးတဲ့ဟော်မုန်း၊နို့ထွက်ကောင်းတဲ့ဟော်မုန်းဓါတ်တွေထိုးကြတယ်ကျွေးကြပြန်တယ်။နွားဆိုတာကမြက်ခင်းပြင်ပေါ်မှာနေရောင်ခြည်ရရှိပြီးသဘာဝကပေးတဲ့မြက်ကိုစားရမှကျန်းမာကြတာဗျ။မြက်မကျွေး၊နေရောင်မရတော့ရောဂါအမျိုးမျိုးဖြစ်တော့တာပေါ့၊ဒါကြောင့်ရောဂါကာကွယ်နိုင်အောင်(Antibiotic)ဆေးအမျိုးမျိုးတွေနေ့တိုင်းထိုးပေးရ၊ကျွေးကြရတော့တာပေါ့။ရှင်းရှင်းပြောရရင်နွားတွေတစ်ကောင်မှမကျန်းမာကြတော့ဘူး။ရောဂါသယ်နွားတွေဖြစ်နေကြပြီး(Antibiotics)တွေ၊ဟော်မုန်းတွေနဲ့အသက်ဆက်ထားရတာပေါ့ဗျာ။ — ဝက်တွေလိုသဘာဝအားဖြင့်(Carbohydrate)စားတတ်တဲ့သတ္တဝါကို(Carbohydrate)ကျွေးတာသိပ်ပြဿနာမရှိပေမယ့်၊သဘာဝအားဖြင့်အရွက်စိမ်းပဲစားတတ်တဲ့သတ္တဝါကို(Carbohydrate)ကျွေးရင်ကျန်းမာရေးချို့တဲ့တတ်တာဟာလဲအဆန်းမဟုတ်ပါဘူး။ဒီလို(Antibiotics)တွေနဲ့အသက်ဆက်ထားရတဲ့၊ကြီးထွားဟော်မုန်းတွေအလွန်အကျွံသုံးထားတဲ့နွားထွက်ပစ္စည်းတွေကိုစားသုံးမိတဲ့လူတွေဟာပထမဦးဆုံးအစာအိမ်နဲ့အူလမ်းကြောင်းမှာရှိတဲ့အကျိုးပြုပိုးမွှားလေးတွေကိုပျက်စီးဆုံးရံှုးစေပါတယ်။နောက်တော့(Autoimmune Diseases)တွေ၊ကင်ဆာရောဂါအမျိုးမျိုးတွေနဲ့အမည်မသိရောဂါဆန်းတွေဖြစ်လာကြတော့တာပါပဲ။ — ဒါကြောင့်နွားထွက်ပစ္စည်းအမဲသား၊နွားနို့၊ထောပါတ်၊ဒိန်ချည်၊ဒိန်ခဲ၊နို့မှုန့်၊(Protein)၊(Collagen)အစရှိတဲ့ပစ္စည်းတွေကိုစားသုံးမယ်ဆိုရင်မြက်ကြွေးနွား(Grass Fed Cows)တွေဖြစ်ဖို့၊ကိုယ်ကဗဟုသူတရှိပြီး(Grass Fed)ပစ္စည်းတွေကိုရွေးချယ်တတ်ဖို့အထူးလိုအပ်လှပါတယ်။ — ဥပမာပြောရရင်(Grass Fed)နို့ထွက်ပစ္စည်းတွေနဲ့(Grass Fed)ထောပါတ်တွေဟာလူ့ခန္ဓာကျန်းမာရေးအတွက်ကောင်းကျိုးအလွန်များပါတယ်။ဒါပေမယ့်(GMO Fed) နို့ထွက်ပစ္စည်းတွေနဲ့(GMO)ကျွေးနွားထောပါတ်တွေဟာအလွန်ဆိုးကျိုးများပါတယ်။မြန်မာပြည်မှာတော့ကံကောင်းစွာနဲ့မြက်စားနွားတွေတော်တော်များများရှိနေသေးပေမယ့်။အမေရိကန်လိုနိုင်ငံမျိုးတွေမှာတော့(95%)ကျော်ဟာမြက်မကျွေးပဲ(GMO)တွေပဲကျွေးနေပါပြီ။ — အမေရိကန်နိုင်ငံကလာတဲ့နွားထွက်ပစ္စည်းတွေဆိုရင်သတိထားကြပါ။အထူးသတိထားရမဲ့အမေရိကန်ကလာတဲ(GMO)ကျွေးနွားထွက်ပစ္စည်းကတော့(Ensure)နို့မှုန့်ပါပဲ။(Ensure)ဟာ(Grass Fed)လုံးဝမဟုတ်ပါ။(GMO)တွေ၊ဟော်မုန်းတွေ၊(Antiobiotic)တွေကျွေးပြီးထုတ်တဲ့နွားတွေကရတာပါပဲ။မယုံကြည်လို့စားမယ်ဆိုရင်လဲ၊နောက်တချိန်ရောဂါဖြစ်လာရင်ကိုယ်ဖြစ်ကိုယ်ခံပါပဲ။(Ensure)သောက်မယ့်အတူတူကိုယ့်ရွာထဲနွားခြံတစ်ခုခုကနေရတဲ့ပြည်တွင်းဖြစ်နွားနို့ဆိုရင်တောင်ပိုအန္တရာယ်ကင်းပြီးအကျိုးရှိနိုင်ပါလိမ့်မယ်။ — အမေရိကန်မှာတစ်ခုကောင်းတာကကြက်တွေကိုဟော်မုန်းဓါတ်တွေမကျွေးရတော့ဘူး။ကြက်တွေကိုကျန်းမာနေရက်နဲ့(Antibiotic)မကျွေးရဘူးဆိုတဲ့ဥပဒေရှိပေမယ့်နွားတွေမှာတော့မရှိသေးပါဘူး။ကြက်တွေကိုမကျန်းမာရင်တော့ဆေးကုသတဲ့အနေနဲ့(Antibiotic)တွေပေးလို့ရပါတယ်။ပုံမှန်ပေးတာမျိုးမဟုတ်လို့အန္တရာယ်မရှိလှပါဘူး။နွားတွေကိုတော့ပုံမှန်အမြဲဟော်မုန်းနဲ့(Antibiotic)တွေပေးပြီးမွေးကြရပါတယ်။ — ကြက်တွေကိုဟော်မုန်းနဲ့(Antibiotic)တွေပုံမှန်ကျွေးလို့မရပေမယ့်(GMO)သီးနှံတွေတော့ကျွေးလို့ရပါတယ်။ဒါပေမယ့်(Organic)လို့စကားလုံးပါနေရင်တော့(GMO)လုံးဝကျွေးလို့မရပါဘူး။(Organic)ဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်ဟာ(GMO …

Read More »

(Zinc)နဲ့(Copper)ကို(Corona Virus)တိုက်ဖျက်ရေးအတွက်ဘယ်လိုအသုံးချလို့ရတယ်ဆိုတာလူတိုင်းနားလည်နိုင်စေဖို့

Source from Kelvin A. Power’s Facebook on November 22, 2020 (Zinc Ionophore & Zinc Finger Motif Antiviral Protein) ဒီ(Post)ကိုဖတ်သူတိုင်း(Zinc)နဲ့(Copper)ကို(Corona Virus)တိုက်ဖျက်ရေးအတွက်ဘယ်လိုအသုံးချလို့ရတယ်ဆိုတာလူတိုင်းနားလည်နိုင်စေဖို့ဥပမာတွေပေးပြီးသေချာရေးပေးပါမယ်။(Zinc)နဲ့(Copper)ဆိုတာခန္ဓာကိုယ်ရဲ့(Virus)ခုခံမှု့စနစ်အတွက်မရှိမဖြစ်အလွန်ရေးကြီးပါတဲ့သဘာဝကပေးထားတဲ့ဓါတ်တွေဖြစ်ပါတယ်။ — ခန္ဓာကိုယ်အတွင်းမှာမပြောပါနှင့်အပြင်မှာတောင်ဘယ်(Virus)ပိုးမျိုးကိုမဆို(Zinc, Copper)တွေနဲ့လုပ်ထားတဲ့သတ္တုမျက်နာပြင်ပစ္စည်းတစ်ခုခုပေါ်မှာတင်ထားလိုက်ရင်ကြာကြာမရှင်သန်နိုင်ပါဘူး။(Zinc)နဲ့(Copper)ကလဲခုခံအားစနစ်အတွက်အလုပ်လုပ်ပုံခြင်းဆင်တူနေလို့?ဒီ(Post)မှာ(Copper)အတွက်သီးသန့်မရေးပေးတော့ပဲ(Zinc)အကြောင်းကိုပဲအလေးထားရေးပေးပါမယ်။ — ပထမဆုံးအနေနဲ့(Zinc)အကြောင်းရေးပြီဆိုရင်(Ionophore)ဆိုတဲ့စကားလုံးကိုလဲအဓိပ္ပါယ်ဖွင့်ဖို့လိုအပ်ပါတယ်။(Ionophore)ဓါတ်ပေါင်းတွေဆိုတာ၊(Virus)ပိုးတွေကိုတိုက်ခိုက်ဖျက်ဆီးဖို့(Zinc)လိုအပ်နေတဲ့ဆဲလ်တွေရဲ့အတွင်းပိုင်းကို(Zinc ion)တွေဝင်ရောက်သွားနိုင်အောင်သယ်ဆောင်ပေးနိုင်တဲ့ပို့ဆောင်ရေးယာဉ်တွေသဘောမျိုးပါပဲ။ — (Virus)ကာကွယ်ရေးစနစ်အတွက်၊(Ionophore)တခုခုရဲ့အကူအညီမပါပဲ၊(Zinc)တစ်ခုတည်းပေးမယ်ဆိုရင်၊(Zinc)ဟာ(Positive ion)ဖြစ်နေတဲ့အတွက်၊ဆဲလ်တွေရဲ့(lipid membrane)ကိုဖေါက်ထွင်းဖြတ်ကျော်ပြီး၊တစ်ကယ်လိုအပ်နေတဲ့(cytoplasm)ထဲကိုဝင်ရောက်နိုင်ဖို့အလွန်ခက်ခဲတဲ့အတွက်အကျိုးကျေးဇူးအလွန်နည်းပါတယ်။ — နောက်တစ်ခုက(Zinc)ဟာခန္ဓာကိုယ်ထဲမှာ(Virus)တွေကိုဘယ်လိုဖျက်ဆီးပြီးတားဆီးပေးနိုင်သလဲဆိုတာကိုတိတိကျကျသိဖို့လိုအပ်နေလို့(Zinc finger motif)အကြောင်းကိုအကြမ်းရေးပေးပါမယ်။ – (Zinc finger motif)ဆိုတာ(Zinc)အပေါ်မှာမူတည်နေတဲ့(Protein)တမျိုးပါပဲ။သူ့ကို(Zinc Antiviral Protein)သို့မဟုတ်၊အတိုကောက်(ZAP)လို့လဲခေါ်ပါတယ်။ဒီ(Zinc)ပါတဲ့(ZAP)ဟာ(Virus)ပိုးတွေရဲ့(RNA)တွေကိုအလုပ်မလုပ်နိုင်အောင်တွယ်ကပ်ပြီး၊(RNA)အသစ်တွေထပ်ပြီးပုံတူမျိုးပွားတဲ့အဆင့်(RDRP)လို့ခေါ်တဲ့ (Protein)တွေကိုစတင်ထုတ်လုပ်ကြရတဲ့အချိန်မှာ၊ပွားများလို့မရနိုင်အောင်ဖြတ်တောက်ဖျက်ဆီးပြစ်နိုင်ပါတယ်။ — ဆိုလိုတာက(RNA Sequence)တွေကိုဖြတ်တောက်ပြုပြင်အစားထိုးချင်တယ်ဆိုရင်(zinc finger proteins)နဲ့ဖြတ်တောက်ပြီးပြန်ပြုပြင်ယူလို့ရတယ်ဆိုတဲ့သဘောမျိုးပါပဲ။ဥပမာပေးရရင်၊ရောင်စုံပုလဲပုတီးကုံးလေးတစ်ကုံးမှာ၊တစ်နေရာရာမှာပုတီးတစ်လုံးရဲ့အရောင်ကိုကိုယ်ကမကြိုက်ဘူးဆိုရင်ဖြတ်ထုတ်ပြစ်ပြီး၊အစားထိုးပြုပြင်ပေးလို့ရတဲ့သဘောမျိုးပါပဲ။အဲဒီပုတီးကုံးလေးကိုဖြတ်ထုတ်ပြစ်ဖို့ကတ်ကြေးတစ်လက်လိုအပ်သလို၊(RNA)တွေကိုဖြတ်ထုတ်နိုင်ဖို့(zinc finger proteins)ကို့အသုံးပြုလို့ရပါတယ်။အဲဒီနည်းပညာကို(zinc finger gene editing (OR) Zinc finger nucleases …

(Zinc)နဲ့(Copper)ကို(Corona Virus)တိုက်ဖျက်ရေးအတွက်ဘယ်လိုအသုံးချလို့ရတယ်ဆိုတာလူတိုင်းနားလည်နိုင်စေဖို့ Read More »

(COVID-19)ကိုဖြစ်ပေါ်စေတဲ့(SARS COV-1, COV-2, MERS Virus)တွေနဲ့(အစာအိမ်အက်ဆစ်ဓါတ်)အနည်းအများဆက်သွယ်ပါတ်သက်တဲ့သုတေသန

Source from Kelvin A. Power’s Facebook on November 18, 2020 လူအများစုသိထားတာက(COVID-19)ရောဂါကိုဖြစ်ပေါ်စေတဲ့(SARS COV-2 Virus)ဆိုတာအဆုတ်တစ်ခုတည်းကိုပဲတိုက်ခိုက်တယ်။အဆုတ်ထဲမှာပဲအများဆုံးပွားများနိုင်တယ်လို့ထင်ထားကြတာဟာတစ်ကယ်တော့မမှန်ကန်ပါဘူး။ဘာကြောင့်လဲဆိုတော့၊ဒီပိုးတွယ်ကပ်နိုင်တဲ့(ACE2 Receptor)တွေဆိုတာ့အဆုတ်တစ်ခုတည်းမှာပဲရှိနေတာတော့မဟုတ်ပါဘူး၊တခြားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေမှာလဲရှိနေပြန်ပါတယ်။ — အဆုတ်ကိုတိုက်ခိုက်နိုင်သလို၊တခြားအင်္ဂါအစိတ်အပိုင်းတွေကိုလဲတိုက်ခိုက်ခံရပါတယ်။အဆုတ်ထဲမှာပွားများနိုင်သလို၊တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာလဲပွားများနိုင်တာပါပဲ။ဒီ(Virus)ပိုးဟာအဆုတ်အပြင်အစာအိမ်နဲ့အူလမ်းကြောင်းမှာလဲအခြေပြုပြီးအဓိကပွားများနိုင်တယ်ဆိုတဲ့အချက်ဟာမေ့ထားလို့မရပဲထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ခုပါပဲ။ — သဘာဝအားဖြင့်လူ့ခန္ဓာကိုယ်မှာအဆုတ်ဆိုတာ၊ရောဂါပိုးအနည်းငယ်လောက်လွယ်လွယ်နဲ့ဝင်လာပြီးဒုက္ခအလွယ်တကူပေးနိုင်တဲ့အင်္ဂါတစ်ခုတော့မဟုတ်ပါဘူး။ကြီးရာကနေသေးသွားတဲ့အဆင့်ဆင့်သောအဆုတ်လေပြွန်နံရံတွေမှာရှိတဲ့ချွဲသလိပ်တွေဆိုတာကလဲပြင်ပကဝင်လာတဲ့ရောဂါပိုးတွေကိုဖမ်းပြီးစစ်ထုတ်ပေးနိုင်တဲ့သဘောရှိပါတယ်။ချောင်းဆိုး၊နှာချေတယ်ဆိုတာကလဲပြင်ပကဝင်လာတဲ့ရောဂါပိုးတွေနဲ့ဖုန်မှုန့်တွေကိုလေအားပြင်းနဲ့မှုတ်ထုတ်ပြစ်တဲ့သဘာဝကာကွယ်ရေးစနစ်ပါပဲ။အဆုတ်ထဲမှာရှိတဲ့လေအိပ်ငယ်လေးတွေတစ်ခုခြင်းစီအတွင်းမှာလဲ၊အသက်ရူရင်ပါလာတဲ့ရောဂါပိုးတွေကိုတိုက်ခိုက်ဖျက်ဆီးပြစ်နိုင်ဖို့(Immune Cells)အမျိုးမျိုးတွေအများကြီးစနစ်တကျရှိနေပါတယ်။ — အဆုတ်ဟာရောဂါမကူးစက်နိုင်ဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။အဆုတ်ထဲကိုဝင်လာတဲ့ရောဂါပိုးဟာအင်အားနည်းရင်၊(Viral Load)နည်းရင်အဆုတ်အတွင်းမှာစနစ်တကျရှိတဲ့ခုခံမှု့စနစ်ကခုခံတွန်းလှန်ပြစ်နိုင်တယ်လို့ဆိုလိုချင်တာပါ။ဝင်လာတဲ့ရောဂါပိုးဟာအင်အားအလွန်များတယ်၊(Viral Load)များတယ်ဆိုရင်တော့ဒုက္ခပေးနိုင်ပါတယ်။ — ကိုယ်က(COVID)ရောဂါကိုဖြစ်စေတဲ့(Virus)ပါတဲ့လေကိုရူသွင်းမိသည်ပဲထားဦးတော့၊များသောအားဖြင့်(Viral Load)များတာကိုမရူသွင်းမိတတ်ပါဘူး။ဒါကြောင့်(COVID-19)ရောဂါကိုဖြစ်ပေါ်စေတဲ့(SARS COV-2 Virus)ပိုးအကူးစက်ခံရပြီဆိုရင်၊ချက်ခြင်းရုတ်တရက်ကြီးမဖျားတတ်ကြပါဘူး။ရက်အနည်းငယ်ကြာအောင်အရှိန်ယူရပါတယ်။အဲဒါဟာ(Viral Load)နည်းလို့ဖြစ်ရတာပါ။ — လူတစ်ယောက်ဟာဒီ(Virus)ပါတဲ့လေကိုရူရှိက်မိပြီဆိုတာနဲ့လေထဲမှာပါလာတဲ့(Virus)ပိုးအကောင်ရေတွေရဲ့ရာခိုင်နုန်းအနည်းငယ်လေးသာလျှင်အဆုတ်အတွင်းပိုင်းအထိတိုက်ရိုက်ဝင်ရောက်လာနိုင်ပါတယ်။(Immune System)ရဲ့ခုခံမှု့တွေကြောင့်အဆုတ်ထဲကနေသွေးကြောတွေထဲကိုချက်ခြင်းကြီးဝင်ရောက်နိုင်ဖို့ဆိုတာမလွယ်ကူပါဘူး။တစ်ကယ်လို့သာပထမတစ်ကြိမ်ရူရှိုက်လိုက်တာနဲ့သွေးကြောထဲချက်ခြင်းရောက်သွားမယ်ဆိုရင်လူနာဟာပထမရက်မှာတင်ချက်ခြင်းလက္ခဏာတွေပြပြီး၊အဖျားဝင်ရမှာဖြစ်ပါတယ်။လက်တွေ့မှာဘာလက္ခဏာမှချက်ခြင်းမပြပါဘူး။ချက်ခြင်းမဖျားသေးပါဘူး။ — ဒီရောဂါကူးစက်ခံရတဲ့လူကို၊ကူးစက်ခံရရချင်းသွေးစစ်ကြည့်လို့သွေးထဲမှာ(Virus)ပိုးစတွေ့ဖို့မသေချာပါဘူး။ဒီ(Virus)ပိုးဟာခန္ဓာကိုယ်ကိုဝင်ရောက်လာပြီဆိုတာနဲ့ပိုးကောင်ရေအများစုဟာအဆုတ်ထဲကိုတိုက်ရိုက်မဝင်ရောက်နိုင်သေးပဲ၊နှာခေါင်းအတွင်းပိုင်း၊အာခေါင်အနောက်ဖက်၊ပါးစပ်အပေါ်ဖက်၊အဆုတ်ကိုသွားတဲ့လေပြွန်နဲ့အစာအိမ်ကိုသွားတဲ့အစာပြွန်ဆုံမှတ်ရဲ့အပေါ်နားလေး(Swab နမူနာယူရတဲ့)နေရာမှာယာယီစခန်းချပြီးတွယ်ကပ်နေတတ်ပါတယ်။အဲဒီနေရာကို(Swab)ယူပြီးစမ်းသပ်မှသာလျှင်တိတိကျကျအဖြေသိနိုင်ပါတယ်။နေရာလွဲရင်လဲ(False Negative)ပြနိုင်ပါတယ်။ — ဆိုလိုတာကဒီ(Virus)ပိုးဟာ(Swab နမူနာယူရတဲ့)နေရာမှာယာယီစခန်းချပြီးတွယ်ကပ်နေတတ်ပြီးအကြီးအကျယ်အကောင်ရေတွေပွားများနေပါတော့တယ်။လည်ချောင်းပြွန်၊လေပြွန်ဆုံမှတ်အပေါ်ဒေသတဝိုက်မှာရှိနေတဲ့(Cells)တွေကို(host cells)တွေအဖြစ်အသုံးပြုပြီးအကောင်ရေသန်းပေါင်းများစွာအရင်အင်အားတိုးချဲ့ပွားများရပါတယ်။ဒီနေရာမှာယာယီစခန်းချပြီးအင်အားတိုးချဲ့ပွားများပြီး၊လိုအပ်တဲ့(Viral Load)တွေရရှိလာပြီဆိုတော့မှခန္ဓာကိုယ်ကိုကောင်းကောင်းဒုက္ခပေးတော့တာပါပဲ။အဲဒီလိုအင်နဲ့အားနဲ့ဝင်တိုက်ခိုက်တော့မှသာရောဂါလက္ခဏာတွေပေါ်လာပြီးဖျားနာလာရတာပါပဲ။ — (Swab) နမူနာယူရတဲ့နေရာမှာအင်အားတိုးချဲ့ပွားများပြီးအင်အားပြည့်လာရင်၊ခန္ဓာကိုယ်ကိုလမ်းကြောင်းနှစ်ခုခွဲပြီးတိုက်ခိုက်တော့တာပါပဲ။သာမှန်ကျန်းမာနေသူတစ်ယောက်ရဲ့အဆုတ်လမ်းကြောင်းဖက်ကိုဝင်ပြီးတိုက်ခိုက်မယ်ဆိုရင်တော့၊အဆုတ်ကိုစောင့်ကြပ်နေတဲ့အင်အားကြီးတဲ့(Immune System)ဆဲလ်တွေနဲ့ထိပ်တိုက်ရင်ဆိုင်ရပါလိမ့်မယ်။အစာအိမ်ကိုဖက်ကိုသွားမယ်ဆိုရင်တော့၊ (Immune System)ဆဲလ်တွေစောင့်ကြပ်မှု့နည်းပေမယ့်အလွန်ပြင်းထန်တဲ့အက်ဆစ်ဓါတ်ကိုရင်ဆိုင်ရပါလိမ့်မယ်။ — အဆုတ်ထဲကိုဝင်တိုက်ရိုက်ရောက်တိုက်ခိုက်တဲ့လမ်းကြောင်းကိုတော့လူတိုင်းနားလည်ပြီးသားဖြစ်နေလို့ဒီ(Post)မှာထပ်ပြီးမဆွေးနွေးလိုတော့ပါဘူး။အစာအိမ်ထဲကိုဝင်ရောက်လာမယ့်ပိုးတစ်ဝက်လောက်အကြောင်းကိုပဲအဓိကထားပြီးဆွေးနွေးရေးသားပေးပါမယ်။ — အစာအိမ်အတွင်းမှာခုခံမှု့ဆဲလ်တွေမရှိသလို၊အဆုတ်လိုမျိုးရောဂါပိုးတွေဖုန်မုန့်တွေကိုလေအားပြင်းပြင်းနဲ့မှုတ်ထုတ်ပြစ်နိုင်တဲ့ချောင်းဆိုးခြင်း၊နှာချေခြင်းဆိုတဲ့ရောဂါကာကွယ်မှု့စနစ်မျိုးလဲမရှိပါဘူး။သို့သော်ကမ္ဘာဦးကတည်းကအစပြုလို့လူသားတွေရဲ့အစာအိမ်ထဲမှာရောဂါပိုးအမျိုးမျိုးကိုကာကွယ်နိုင်ဖို့မိခင်သဘာဝတရားကြီးကပေးထားတဲ့ပြင်းထန်တဲ့အက်ဆစ်ဓါတ်တွေအလိုလိုပါလာပြီးသားဖြစ်ပါတယ်။ — ကမ္ဘာဦးကာလ၊မီးကိုရှာဖွေမတွေ့ရှိခင်အချိန်တုံးကလူသားတွေရဲ့အစာအိမ်ဟာအက်ဆစ်ဓါတ်အလွန်ပြင်းပါတယ်။ဘယ်လောက်တောင်ပြင်းသလဲဆိုရင်ကျားတွေ၊ခြင်္သေ့တွေလိုအသားစိမ်းတွေစားရင်တောင်ကောင်းကောင်းအစာကြေနိုင်ပါတယ်။စားသောက်ရင်းမတော်တဆတော်ရုံတန်ရုံငါးရိုး၊ကြက်ရိုးမျိုချမိရင်လဲအဲဒီအရိုးတွေကြေနိုင်ပါတယ်။အဲဒါကအရင်တုံးကပါ၊အခုမဟုတ်တော့ပါဘူး။ — အခုခေတ်လူတွေဟာအသားစိမ်းတွေကိုစား၊အရိုးသေးလေးတွေကိုမျိုချဖို့မပြောပါနှင့်၊ထမင်းပျော့ပျော့လေးနဲ့၊ဟင်းသီးဟင်းရွက်နုနုကလေးတွေအစိမ်းစားမိရင်တောင်အစာမကျေပဲလေထနေတဲ့လူတွေအများကြီးရှိနေပါတယ်။အခုခေတ်လူတွေစားနေကြတဲ့အစားအသောက်နဲ့ဆေးဝါးတွေတော်တော်များများမှာအစာအိမ်ရဲ့အက်ဆစ်ထုတ်လုပ်မှု့စနစ်ကိုဖျက်ဆီးပြစ်နိုင်တဲ့ဓါတ်ပေါင်းတွေအများကြီးပါဝင်နေပါတယ်။ဒါကြောင့်အခုခေတ်လူအများစုဟာအစာအိမ်အက်ဆစ်ဓါတ်မကောင်းတော့ပါဘူး။ …

(COVID-19)ကိုဖြစ်ပေါ်စေတဲ့(SARS COV-1, COV-2, MERS Virus)တွေနဲ့(အစာအိမ်အက်ဆစ်ဓါတ်)အနည်းအများဆက်သွယ်ပါတ်သက်တဲ့သုတေသန Read More »

Shopping Cart