admin

မြန်မာပြည်တွင်လူတိုင်းလူတိုင်းအဓိကထားပြီးစားသုံးနေရသည့်(PUFAs)ခေါ် (Polyunsaturated fatty acid)

Source from Kelvin A. Power’s Facebook on August 13, 2019 Omega3ဆိုရင်ကောင်းတယ်။Omega(3,6,9)ဆိုရင်ဂျင်းထည့်ခံရပြီ။ချွင်းချက်(GLA)Omega6မပါ။GLAကရှားတယ်။မြန်မာပြည်က(Omega6)အားလုံးမကောင်းပါ။ — မြန်မာပြည်တွင်လူတိုင်းလူတိုင်းအဓိကထားပြီးစားသုံးနေရသည့်(PUFAs)ခေါ် (Polyunsaturated fatty acid)သည်ခန္ဓာကိုယ်တွင်းတွင်ဆီးချေးအဆိပ်တက်ခြင်း(lipid peroxidation)အဖြစ်နိုင်ဆုံးဖြစ်သည့်အတွက်အန္တရာယ်အများဆုံးအဆီမျိုးဖြစ်ပါသည်။ ———– (PUFAs)ဆီများမှာ၊ပြောင်းဖူးဆီ၊နေကြာဆီ၊ပဲပုတ်စေ့ဆီ၊မြေပဲဆီ၊Vegetable oil ခေါ်ဟင်းသီးဟင်းရွက်ဆီ၊နမ်းဆီ၊မြေပဲဆီ၊တွေဖြစ်ကြပြီး။လူတိုင်းအဓိကထားနေရပါသည်။ ———– ကင်နိုလာဆီ(canola oil)သည်(MUFA=Monounsaturated fatty acid) ဖြစ်သော်လဲအဆိပ်ဖြစ်နေသောအပင်တမျိုးမှလာကာအလွန်အန္တရာယ်များသောဓါတုဗေဒဆေးများသုံးပြီးစစ်ထုတ်ထားရသဖြင့်အဆိုးဆုံးအဆီတမျိုးဖြစ်နေပါသည်။ ———— အခြားဘာမှမရောနောထားသောမြေပဲဆီစစ်စစ်သည်(GLA=GAMMA LINOLENIC ACID)အနည်းငယ်ပါရှိနေသဖြင့်အခြားသောဆီများနှင့်စာလျှင်အနည်းငယ်သက်သာရာရနိုင်ပါသေးသည်။ —— စားအုန်းဆီသည်ထုတ်လုပ်သူကသေချာကောင်းမွန်စွာသဘာဝအတိုင်းထုတ်လုပ်တတ်လျှင်စားသုံးရန်သင့်လျှော်သော်လည်းမြန်မာပြည်တွင်ရှိသောစားအုန်းဆီများသည်မည်ကဲသို့ထုတ်လုပ်ထားသည်ကိုမည်သူမှသေချာမသိနိုင်ပါ။ —— မြန်မာပြည်ကဲ့သို့ဆင်းရဲသောနိုင်ငံတွင်အထက်ပါဆိုးရွားသောဆီများကိုရှောင်ရှား၍ကောင်းမွန်၍ဈေးကြီးသောဆီများကိုလူတိုင်းဝယ်ယူစားသုံးနိုင်ရန်မှာမဖြစ်နိုင်လောက်အောင်ခက်ခဲလှပါသည်။ထို့ကြောင့်ယခုအခါတွင်မည်သည့်ဆီများကိုရှောင်၍မည်သို့သောဆီများကိုပြောင်းလဲ၍စားသုံးကြမည်ဟုအငြင်းပွားနေမည့်အစား။မိမိတို့၏ခန္ဓာကိုယ်တွင်ရှိသောတန်ပြန်အဆိပ်ဖြေမှုစနစ်(antioxidant system)ကိုအင်အားကောင်းလာအောင်(သို့မဟုတ်)ထိုဆိုးရွားသောဆီများကိုကောင်းလာအောင်မည်ကဲ့သို့ပြုပြင်စီရင်ပြောင်းလဲပြစ်ပြီးစားသောက်ရမည်ဆိုသည်မှာပို၍အရေးကြီးသောအဖြေဖြစ်နေပါသည်။ ———- ထိုနည်းလမ်းများကို(ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ) ခေါင်းစဉ်အောက်အပိုင်းဆက်များတွင်ထည့်သွင်းရေးသားပေးပါမည်။

PUFA(Polyunsaturated fatty acids)နှစ်မျိုး(OMEGA 3)နဲ့(Omega 6)

Source from Kelvin A. Power’s Facebook on August 12, 2019 PUFA(Polyunsaturated fatty acids)နှစ်မျိုးရှိတယ်။(OMEGA 3)နဲ့(Omega 6)ပါ။(OMEGA 3)ကရောဂါကာကွယ်ပေးတယ်။(Omega 6)ကတော့ရောဂါဖြစ်စေတယ်။အော်တိုအင်မြူးနဲ့ကင်ဆာရောဂါဟာကုလို့မရဘူးလို့ယုံကြည်ထားကြတယ်။ဒါပေမဲ့(Omega 3)တွေဖြစ်ကြတဲ့(EPA,DHA,ALA)သုံးမျိုးဟာ၊များများပေးရင်အော်တိုအင်မြူးနဲ့ကင်ဆာရောဂါနှစ်ခုလုံးကိုကုနိုင်တယ်။ဒါပေမဲ့ခက်တာက(PUFA)ထဲကအမျိုးအစားတခုဖြစ်နေလို့အသဲထဲမှာ (metabolize)လုပ်ရင်ဒါမှမဟုတ်ဆဲလ်တွေမှာ(metabolize)လုပ်ရင်(lipid peroxidation)ဖြစ်ပြီးပျက်စီးသွားလို့သိပ်များများပေးရင် oxidative stress)ဖြစ်ပြီး(free radicals)တွေများလာလို့အန္တရာယ်ရှိတယ်။ဒါပေမဲ့မိမိရဲ့(antioxidant system)ကိုအရမ်းကောင်းနေအောင်လုပ်ထားနိုင်မယ်ဆိုရင်တော့ဒီ(Omega 3)များများပေးပြီး၊ အော်တိုအင်မြူးနဲ့ကင်ဆာရောဂါတွေကိုအမှန်တကယ်ကယ်တင်ကုသနိုင်မှာပါ။ ——— ဒီဆက်စပ်မှုဟာသိပ်ကိုအရေးကြီးပြီးတန်ဖိုးမဖြတ်နိုင်တဲ့ထူးခြားတဲ့အချက်ပါ။ ———– (၁)(EPA,DHA,ALA)သုံးမျိုးဟာကင်ဆာပျောက်ကင်းနိုင်တယ်ဆိုတာသုသေသနရှိပါတယ်။ဒါပေမဲ့တိရိစ္ဆာန်တွေမှာပါ။ ————- (၂)(EPA,DHA,ALA) (metabolize)လုပ်ရင်(lipid peroxidation)ဖြစ်ပြီးပျက်စီးသွားလို့သိပ်များများပေးရင် (oxidative stress)ဖြစ်ပြီး(free radicals)တွေများလာလို့အန္တရာယ်ရှိတယ်ဆိုတာလူမှာသုသေသနတွေရှိတယ်။ဒါပေမဲ့တချို့တိရိစ္ဆာန်တွေမှာ(oxidative stress)မဖြစ်ဘူး။ ————— (၃)တချို့တိရိစ္ဆာန်တွေမှာ(EPA,DHA,ALA)တွေဟာ(metabolize)လုပ်ရင်(lipid peroxidation)ဖြစ်ပြီးပျက်စီးမသွားနိုင်ပဲ(oxidative stress)ဖြစ်ပြီး(free radicals)တွေများမလာနိုင်ဘူး။ဘာကြောင့်လဲဆိုတော့အဲဒီတိရိစ္ဆာန်တွေရဲ့(antioxidant system)ကအရမ်းကိုကောင်းနေလို့ပါပဲ။ဘာလို့ကောင်းနေလဲဆိုတော့ကျွန်တော်တို့လူခန္ဓာကိုယ်ကမထုတ်ပေးနိုင်တဲ့ဗီတာမင်တွေ(antioxidant)တွေကိုသူတို့ခန္ဓာကိုယ်တွေကအလိုလိုထုတ်ပေးနိုင်လို့ပါပဲ။ ————– အဲဒီဗီတာမင်တွေ(antioxidant)တွေကဘာတွေလဲဆိုတာနောက်တော့သိလာရမှာပါ။ ——— ဒီကနေရလိုက်တဲ့တန်ဖိုးမဖြတ်နိုင်တဲ့အဖြေကတော့ကျွန်တော်တို့တွေရဲ့(antioxidant system)ကိုအရမ်းကောင်းနေအောင်ပြုပြင်လိုက်ပြီး။(Omega 3)တွေများများပေးပြီး၊ရောဂါပေါင်းစုံကိုတိုက်လို့ရတယ်ဆိုတာပါပဲ။ ———– Kelvin Albert Power (Nutrition …

PUFA(Polyunsaturated fatty acids)နှစ်မျိုး(OMEGA 3)နဲ့(Omega 6) Read More »

ရေရှည်စွဲသတ်မယ့်အဆိပ်များ။(PUFAs) Omega 6

Source from Kelvin A. Power’s Facebook on August 12, 2019 ဒီခေတ်မြန်မာနိုင်ငံကြီးမှာလူတွေအားလုံးနီးပါးရောဂါတွေသိပ်ပြီးထူပြောကြတာပဲ။ဘာကြောင့်သိပ်ထူပြောတာလဲဆိုတာသေချာသုသေသနလုပ်ကြည့်တော့။ကမ္ဘာပေါ်မှာမြန်မာနိုင်ငံဟာ(PUFA)ကိုအများဆုံးစားသုံးတဲ့တိုင်းပြည်ဖြစ်နေပါတယ်။ဂလူးကိုစ်(Glucose)နဲ့ဖလူးတို့စ်(fructose)ဆိုတဲ့သကြားနှစ်မျိုးကြောင့်ရောဂါအမျိုးမျိုးဖြစ်တာလူတော်တော်များများသိနေပါပြီ။သူတို့ထက်ဆိုးတဲ့အရာကတော့ များစွာမပြည့်ဝဆီ(PUFA)ပါပဲ။ ——– ပြည့်ဝဆီ(saturated fat)ကိုအသဲထဲမှာ စွမ်းအင်ထုတ်(metabolize)လုပ်ရင်တဆင့်လောက်ပဲလုပ်ရတယ်။ တခုမပြည့်ဝဆီ(MUFA)ကိုအသဲထဲမှာစွမ်းအင်ထုတ်(metabolize)လုပ်ရင်နှစ်ဆင့်လောက်ပဲလုပ်ရတယ်။ဒီလိုစွမ်းအင်ထုတ်လုပ်တိုင်း၊အဆင့်တိုင်းမှာဆီချေးတက်၍အဆိပ်ဖြစ်ခြင်း(lipid peroxidation)ဖြစ်တယ်။အဲဒီဖြစ်စဉ်ကထွက်လာတဲ့ လွတ်လပ်တဲ့ရေဒီယိုသတ္တိကြွပစ္စည်း(free radicals)ဆိုတာခန္ဓာကိုယ်တခုလုံးကိုအကြီးအကျယ်ဒုက္ခပေးတယ်။ပြည့်ဝဆီ(saturated fat)ဟာတစ်ဆင့်ပဲစွမ်းအင်ထုတ်(metabolize)လုပ်ရလို့(lipid peroxidation)တကြိမ်သာလျှင်ဖြစ်တယ်။တခုမပြည့်ဝဆီ(MUFA)ကိုအသဲထဲမှာစွမ်းအင်ထုတ်(metabolize)လုပ်ရင်နှစ်ဆင့်လောက်ပဲလုပ်ရလို့(free radicals)ဆိုတာနှစ်ဆပဲထွက်တယ်။အဲဒီလောက်အဆိပ်သင့်မှု့ကိုခန္ဓာကိုယ်မှာရှိနေတဲ့ တန်ပြန်အဆိပ်ဖြေမှုစနစ်(antioxidant system)ကြီးကကကြိုးစားကိုင်တွယ်ဖြေရှင်းနိုင်သေးတယ်။ များစွာမပြည့်ဝဆီ(PUFA)ကိုကြတော့အသဲထဲမှာစွမ်းအင်ထုတ်(metabolize)လုပ်ရင်ရှစ်ဆင့်လောက်လုပ်ရတော့ လွတ်လပ်တဲ့ရေဒီယိုသတ္တိကြွပစ္စည်း(free radicals)အဆိပ်ရှစ်ခါ၊ရှစ်ဆထွက်လာတယ်။အဲဒီရှစ်ဆကိုတော်ရုံတန်ရုံအဆိပ်ဖြေမှုစနစ်(antioxidant system)တွေကမကိုင်တွယ်မဖြေရှင်းနိုင်တော့ဘူး။မဖြေရှင်းနိုင်တော့(free radical)များလာတယ်။များလာတော့ရောင်ကိုင်းမှု(inflammation)တွေအကြီးအကျယ်ဖြစ်တယ်။(Immune System)ဖောက်ပြန်ပျက်စီးသွားတယ်။ ကင်ဆာ၊နှလုံး၊ဆီးချို၊အသဲ၊မိမိခုခံမှုစနစ်ကမိမိအားမှားယွင်းတိုက်ခိုက်မှု့အစရှိတဲ့(Autoimmune Diseases) အစရှိတဲ့နာတာရှည်ရောဂါအားလုံးရဲ့အဓိကတရားခံဟာ(PUFAs)တွေပါပဲ။ (PUFAs)ဆိုတာရေရှည်စွဲသတ်မယ့်အဆိပ်ပါပဲ။အဲဒီ(PUFAs)တွေနဲ့လွတ်တဲ့ဆီ။လွတ်တဲ့အစားအစာမြန်မာပြည်မှာမရှိတော့ပါဘူး။လုံးဝရှောင်ဖို့ဆိုတာလဲမရနိုင်ပါဘူး။သူကလဲခန္ဓာကိုယ်အတွက်နည်းနည်းလေးတော့လိုအပ်ပါတယ်။သူ့ဆီကထွက်လာမယ့်အဆိပ်သင့်မှု(oxidative stress)ကာကွယ်နိုင်ဖို့မိမိရဲ့တန်ပြန်အဆိပ်ဖြေမှုစနစ်(antioxidant system)ကိုအင်အားကောင်းလာအောင်လုပ်ယူရတော့မယ်။အဲဒါကို***ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ***နောက်ပိုင်းအပိုင်းဆက်တွေမှာအသေးစိတ်ရေးပေးပါမယ်။အခုတော့အကြမ်းပဲမှတ်ထားလိုက်ကြပါ။ —– —–အဓိပ္ပါယ်ဖွင့်ဆိုချက်——— (PUFA)=Polyunsaturated fatty acid=များစွာမပြည့်ဝဆီ။ မပြည့်ဝတော့နေရာလွတ်နေတယ်။နေရာလွတ်နေတော့ လွတ်တဲ့နေရာ(double bond)တွေမှာ(Oxidation)တွေပိုဖြစ်တာပေါ့။ (PUFAs)တွေက၊ပြောင်းဖူးဆီ၊နေကြာဆီ၊ပဲပုတ်စေ့ဆီ၊မြေပဲဆီ၊Vegetable oil ခေါ်ဟင်းသီးဟင်းရွက်ဆီ။နမ်းဆီ။ မြေပဲဆီစစ်စစ်က(GLA)ပါနေလို့နဲနဲလေးတော်သေးတယ်။ ———- (MUFA)= Monounsaturated fatty acid=တစ်ခုမပြည့်ဝဆီ။ တခုမပြည့်ဝတော့တစ်နေရာပဲလွတ်နေတယ်။တစ်နေရာလွတ်နေတော့ …

ရေရှည်စွဲသတ်မယ့်အဆိပ်များ။(PUFAs) Omega 6 Read More »

Autoimmune Diseases)ခေါ်ရောဂါဆိုးများ။

Source from Kelvin A. Power’s Facebook on July 10, 2019   လာမယ့်နှစ်(၂၀)မှာလူတိုင်းနီးပါးဖြစ်လာမယ့်(Autoimmune Diseases)ခေါ်ရောဂါဆိုးများ။စာရှည်တယ်ဆိုပြီးတော့ကျော်မသွားကြပါနဲ့၊အစအဆုံးနားလည်အောင်သေချာဖတ်ပါ၊ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့ဗဟုသုတကတနေ့ခင်ဗျားတို့အသက်ကိုကယ်တင်ပေးလိမ့်မယ်။ ကျော်သွားရင်တော့တနေ့နောင်တရလိမ့်မယ်။အသိနောက်ကျသွားရင်ခင်ဗျားတို့အသက်ကိုဘယ်သူမှမကယ်နိုင်ဘူး။ကင်ဆာရောဂါအကြောင်းကိုတော့လူတိုင်းသိပြီးသား၊ကင်ဆာဖြစ်မှာလဲလူတိုင်းကြောက်ကြပြီးသားပါ။ဒါပေမဲ့ဒီနေ့ကမ္ဘာမှာကင်ဆာထက်ပိုကြောက်စရာကောင်းတဲ့အမည်ဖေါ်မပြနိုင်သေးတဲ့ရောဂါဆန်းတွေအမျိုးမျိုးဖြစ်နေတာကိုတော့လူတွေစိတ်ဝင်စားပုံမရဘူး၊လေ့လာပုံလဲမရဘူး။မျက်ကန်းတစ္ဆေမကြောက်ဆိုတဲ့စကားအတိုင်းကြောက်လဲမကြောက်တတ်ကြဘူး၊ဘယ်ကြောက်မှာလဲသိမှမသိကြတာ။ဘယ်သိမှာလဲလေ့မှမလေ့လာကြတာ။မြန်မာလူမျိုးဆိုတာကလဲသိပ်ခက်တယ်၊ရောဂါတမျိုးမျိုးဖြစ်လာရင်ဆရာဝန်တွေဆီသွားပြီးမိမိကိုယ်ကိုပုံအပ်လိုက်ရင်ကောင်းသွားမယ်လို့တထစ်ချယုံကြည်ထားကြတာ။ဒါပေမဲ့ခက်တာကယနေ့ခေတ်မှာဖြစ်နေတဲ့နာတာရှည်ရောဂါ(Chronic-Diseases)တွေဆိုတာကမြန်မာပြည်ကလိုဆရာဝန်တွေမပြောပါနဲ့ကမ္ဘာ့ဆေးပညာမှာထိပ်ဆုံးရောက်နေတဲ့အမေရိကန်ကဆရာဝန်တွေ၊ဆေးရုံတွေတောင်ကုသလို့မပျောက်ကင်းနိုင်သေးပါဘူး။အမေရိကန်ကဆရာဝန်တွေကိုယ်တိုင်သူများကိုကုပေးဖို့မပြောပါနဲ့၊သူတို့ကိုယ်တိုင်တောင်အဲဒီရောဂါဆိုးတွေနဲ့ပဲနေ့တိုင်းသေနေကြရပါတယ်။အသက်ဆိုတာဉာဏ်စောင့်ပါတယ်။မိမိမှာရောဂါဆိုးတွေမဖြစ်လာဖို့ကဆရာဝန်တွေရဲ့တာဝန်မဟုတ်ဘူး၊မိမိရဲ့တာဝန်ဆိုတာလူတိုင်းနားလည်ဖို့လိုနေပါပြီ။ဆရာဝန်တွေကိုပဲထိုင်အားကိုးနေရင်တော့ဘယ်တော့မှအသက်မရှည်နိုင်ဘူး။ရောဂါဝေဒနာဆိုးတွေနှိပ်စက်မှု့ကိုလဲမသေခင်အလူးအလဲခံစားရဦးမယ်။ခင်ဗျားတို့အသက်ရှည်ကျန်းမာဖို့အသက်ရှည်ဖို့ကဆရာဝန်တွေဆီမှာတာဝန်မရှိပါဘူး၊ခင်ဗျားတို့ကိုယ်တိုင်မှာပဲတာဝန်ရှိနေတာပါ။ဆရာဝန်အများစုကတော့ခင်ဗျားတို့ကျန်းမာဖို့ထက်သူ့မိသားစုကျန်းမာဖို့၊သူ့မိသားစုပိုက်ဆံဖေါဖေါသီသီသုံးနိုင်အောင်ငွေများများရှာပေးနိုင်ဖို့တာဝန်ကပိုပြီးအရေးကြီးနေတယ်ဗျ။ဒီလောက်ပြောရင်သဘောပေါက်ကြမှာပါ။ အခုခေတ်မှာအလွန်ကြောက်စရာကောင်းပြီးကုလို့မရတဲ့၊ရောဂါဆိုးပေါင်းရာနဲ့ချီဖြစ်နေကြပါတယ်။တချို့ကိုတော့အမည်တပ်ပြောနိုင်တယ်။တချို့ကိုတော့ဘာရောဂါမှန်းကိုမသိလို့အမည်တပ်မပြောနိုင်သေးဘူး။အားလုံးကိုခြုံပြီးပြောလိုက်ရင်(Autoimmune Diseases)ဆိုရင်မမှားပါဘူး။(Autoimmune Diseases)ဆိုတာကတမျိုးတည်းလဲမဟုတ်ပါဘူး၊အမျိုးပေါင်းရာနဲ့ချီဖြစ်နေကြတာပါ။မိမိခန္ဓာကိုယ်ရဲ့ရောဂါခုခံကာကွယ်တိုက်ခိုက်မှုစနစ်(Immune System)ကဖောက်ပြန်ပျက်စီးသွားပြီး၊ရောဂါတွေကိုခုခံတိုက်ခိုက်ရမဲ့အစားမိမိခန္ဓာကိုယ်ကအရေးကြီးတဲ့အင်္ဂါအစိတ်အပိုင်းအမျိုးမျိုးတွေကိုတမျိုးပြီးတမျိုးမရိုးရအောင်ပြန်လည်တိုက်ခိုက်လာတာပါ။ မြန်မာလိုဆိုရင်တော့(ခုခံမှုစနစ်ဖေါက်ပြန်ပျက်စီးသွား)တဲ့ရောဂါတွေပေါ့ဗျာ။ယနေ့ကမ္ဘာမှာ(Autoimmune Diseases)အမျိုးပေါင်းအမည်တပ်လို့ရတာက(၈၀)ကျော်၊အမည်တပ်လို့မရနိုင်သေးတာတွေနဲ့ပေါင်းလိုက်ရင်ရာနဲ့ချီဖြစ်နေကြပြီ။အဲဒီရောဂါတွေကိုတမျိုးစီအမည်တပ်နေတာကလဲ၊ခန္ဓာကိုယ်ကဘယ်လိုအစိတ်အပိုင်းကိုပြန်တိုက်ခိုက်ဖျက်ဆီးရင်ဘာရောဂါ၊ဘာလက္ခဏာရှိရင်ဘာရောဂါဆိုပြီးအမည်တပ်ပြောနေကြတာပါပဲ။ဦးနှောဏ်ကိုတိုက်ခိုက်ဖျက်ဆီးနေသလား၊ပန်ကရိယကိုတိုက်ခိုက်ဖျက်ဆီးနေသလား၊အဆစ်အမြစ်တွေကိုတိုက်ခိုက်ဖျက်ဆီးနေသလား၊အဆုတ်ကိုတိုက်ခိုက်ဖျက်ဆီးနေသလား၊သိုင်းရိုက်ကိုတိုက်ခိုက်ဖျက်ဆီးနေတာလား၊စသည်ဖြင့်ဘယ်အင်္ဂါအစိတ်အပိုင်းကိုတိုက်ခိုက်ဖျက်ဆီးနေတာလဲဆိုတာကိုကြည့်ပြီးအမည်အမျိုးမျိုးပေးနေရင်တော့ကုန်မှာမဟုတ်ပါဘူး။ဒီလိုရာနဲ့ချီရှိတဲ့ရောဂါတွေကိုနာမည်လိုက်ပေးနေမဲ့အစား၊ရောဂါတွေစဖြစ်ရခြင်းရဲ့အဓိကအကြောင်းတရားဇစ်မြစ်ကိုသိဖို့ကပိုပြီးအရေးကြီးပါတယ်။ဒါဆိုရင်ရောဂါတခုတည်းတင်မဟုတ်ဘူး၊ရာနဲ့ချီနေတဲ့ရောဂါအားလုံးကနေတပြိုင်တည်းကာကွယ်ပြီးသားဖြစ်မှာပေါ့။ ခင်ဗျားတို့ခန္ဓာကိုယ်ကိုပြင်ပကရောဂါပိုးအမျိုးမျိုးတွေကနေ့စဉ်နေ့တိုင်းတိုက်ခိုက်နေတယ်။ဒါပေမဲ့ခင်ဗျားတို့နေ့တိုင်းရောဂါတွေမဖြစ်ဘူး။ဘာကြောင့်လဲဆိုတော့ခင်ဗျားတို့ရဲ့ရောဂါခုခံမှုစနစ်(Immune System)ကအချိန်တိုင်း၊မိနစ်စက္ကန့်တိုင်းခင်ဗျားတို့ကိုခုခံကာကွယ်ပေးနေလို့ပါ။ရောဂါခုခံမှုစနစ်(Immune System)ကပိုးမွှားတွေသိပ်ပွားများတာမြန်လွန်းလို့မနိုင်တော့ပဲစစ်ကူတောင်းရင်ခင်ဗျားတို့က(antibiotics)လို့ခေါ်တဲ့ပိုးသတ်ဆေးတွေနဲ့(Immune System)ကိုစစ်ကူပေးလိုက်ရင်မကြာခင်ရောဂါတွေပျောက်ကင်းသွားတာပါပဲ။ခင်ဗျားတို့ခန္ဓာကိုယ်မှာနေ့စဉ်သန်းပေါင်းထောင်နဲ့ချီတဲ့ဆဲလ်အဟောင်းတွေသေဆုံးနေကြပြီးသန်းပေါင်းထောင်နဲ့ချီတဲ့ဆဲလ်အသစ်တွေမွေးဖွားပေါက်ပွားနေကြတယ်။ဒီလိုသန်းထောင်နဲ့ချီနေတဲ့ဆဲလ်အသစ်တွေထုတ်လုပ်နေတာဟာဘယ်လိုလုပ်ပြီးရာနုန်းပြည့်မှန်ကန်စွာထုတ်လုပ်နိုင်မှာလဲ။အနည်းငယ်မှားယွင်းမှု၊ပျက်စီးမှု့ရှိတယ်ဆိုတာသဘာဝတရားပဲလေ။နေ့စဉ်နေ့တိုင်းသန်းပေါင်းထောင်နဲ့ချီတဲ့ဆဲလ်အသစ်တွေထဲမှာမှထောင်ပေါင်းများစွာဟာ(DNA)လို့ခေါ်တဲ့မျိုးရိုးဗီဇမှားယွင်းပျက်စီးနေတဲ့ကင်ဆာဆဲလ်တွေမှားယွင်းပြီးပွားများထုတ်လုပ်မိနေတယ်ဗျ။ဒါမေမဲ့လူတိုင်းနေ့တိုင်းကင်ဆာလို့သတ်မှတ်နိုင်တဲ့အဖုအကြိတ်ကြီးတွေထွက်လာပြီးကင်ဆာရောဂါဖြစ်ပြီးသေမသွားကြဘူး၊ဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့ရဲ့ရောဂါခုခံမှုစနစ်(Immune System)က အချိန်တိုင်း၊မိနစ်စက္ကန့်တိုင်းစောင့်ကြည့်နေပြီးမှားယွင်းထုတ်လုပ်မိနေတဲ့ကင်ဆာဆဲလ်တွေကိုမပွားနိုင်ခင်၊ချက်ချင်းသတ်ဖြတ်ဖျက်ဆီးပြစ်နိုင်လို့ပါ။လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကတခုခုမှားယွင်းသွားပြီး၊ ရောဂါခုခံမှုစနစ်(Immune System)ကဖျက်ဆီးပြစ်နိုင်လောက်တဲ့အရေအတွက်ထက်အဆပေါင်းများစွာပိုများတဲ့ကင်ဆာဆဲလ်တွေကိုမှားပြီးထုတ်လုပ်မိမယ်ဆိုရင်တော့အဖုအကြိတ်တွေထွက်ပေါ်လာပြီးကင်ဆာရောဂါစဖြစ်လာရတော့တာပေါ့။ကင်ဆာရောဂါကိုလဲအမျိးမျိုးကုသနေကြပါတယ်။ဓါတ်ရောင်ခြည်နဲ့ကုတာ(Radiation Therapy)တို့၊ကီမိုသရဖီ(Chemotherapy)စသည်တို့ပေါ့၊တခုမှမအောင်မြင်ကြပါဘူး။နောက်ပိုင်းမှာတော့ရောဂါခုခံမှုစနစ်(Immune System)ကိုအားကောင်းအောင်လုပ်ပေးပြီးကုသတဲ့(Immunotherapy)ဆိုတာကပိုပြီးတော့ထိရောက်ပါတယ်။ဒါပေမဲ့ခက်တာကဈေးအလွန်ကြီးပါတယ်။ဒီနေရာမှာအဓိကပြောချင်တာကခုခံအားစနစ်(Immune System)ဆိုတာကပြင်ပကရောဂါတွေဝင်လာရင်လဲခုခံတိုက်ခိုက်ပေးနိုင်သလို၊သူအားကောင်းရင်လဲကောင်းသလိုကင်ဆာဆဲလ်တွေကိုလဲတိုက်ခိုက်ဖျက်ဆီးပြစ်နိုင်တယ်ဆိုတာပါပဲ။ဒါပေမဲ့အဆိုးဆုံးအခြေအနေတခုကအဲဒီပြင်ပကရောဂါတွေ၊ကင်ဆာရောဂါတွေကိုကာကွယ်တိုက်ခိုက်ပေးနေတဲ့ ခင်ဗျားတို့ရဲ့ခုခံအားစနစ်(Immune System)ကတခြားရောဂါတွေရန်က၊နေကာကွယ်ပေးနေမဲ့အစားခင်ဗျာခန္ဓာကိုယ်ကအင်္ဂါအစိတ်အပိုင်းတွေကိုပြန်ပြီးတိုက်ခိုက်ဖျက်ဆီးလာပြီဆိုရင်တော့၊ခင်ဗျာသိပ်ကံဆိုးသွားပြီ၊ဒါဘယ်လိုမှကုမရတော့ဘူး။တခြားရောဂါတွေဖြစ်ရင်၊ဒါမှမဟုတ်ကင်ဆာဖြစ်ရင်၊ခုခံအားစနစ်(Immune System)ကကာကွယ်တိုက်ခိုက်ပေးနိုင်တယ်။သူကိုယ်တိုင်ဖေါက်ပြန်ပျက်စီးသွားပြီးကိုယ့်ကိုပြန်ပြီးတိုက်ခိုက်လာရင်တော့ဘယ်သူကကာကွယ်ပေးနိုင်တော့မှာလဲ။ဒါကြောင့်ကင်ဆာထက်ပိုပြီးကြောက်စရာကောင်းတယ်လို့ပြောတာပေါ့။ဥပမာတစ်ခုပြောရရင်မိမိခုခံအားစနစ်ကမိမိရဲ့အဆုတ်ကိုမှားယွင်းပြီးတိုက်ခိုက်လို့အဆုတ်၊လေအိတ်တွေအတွင်းနံရံမှာအမာရွတ်တွေတက်လာတဲ့ရောဂါဖြစ်ပြီဆိုရင်သေတာပဲ။ဒီခေတ်ဆေးပညာနဲ့လဲဘယ်လိုမှကုလို့မရဘူး။အမေရိကန်မှာတော့အဲဒီရောဂါဖြစ်လာရင်ဆရာဝန်တွေကသားတွေသမီးတွေဆွေမျိုးတွေကိုမှာစရာရှိတာမှာကြားထားပြီးတော့၊သုသာန်မှာမိမိအတွက်မြေနေရာကြိုတင်ဝယ်ထားဖို့ပဲအကြံပေးပါတယ်။ဒါကြောင့်ကင်ဆာထက်ပိုပြီးကြောက်စရာကောင်းတယ်လို့်ပြာနေတာပေါ့။ပြင်ပကရောဂါပိုးမွှားတွေကြောင့်ဖြစ်တဲ့ရောဂါတွေဆိုရင်ပိုးသတ်ဆေး(Antibiotics)တွေနဲ့ကုသလို့ပျောက်ကင်းနိုင်ပါတယ်။မိမိရဲ့ရောဂါခုခံမှုစနစ်ကမိမိကိုပြန်ပြီးတိုက်ခိုက်ဖျက်ဆီးနေပြီဆိုရင်တော့ဘယ်ရောဂါပိုးသတ်ဆေး(Antibiotic )တွေနဲ့မှလဲကုသလို့မရပါဘူး။ကုရာနတ္တိဆေးမရှိပါ။အဆိုးဆုံးကခုခံမှုစနစ်ရဲ့ဆဲလ်တစ်ခုစီတွေထဲမှာမှတ်ဉာဏ်စနစ်(Memory)ပါနေတာပါပဲ။မိမိရဲ့အင်္ဂါအစိတ်အပိုင်းတွေကိုတခါတလေလောက်မှားယွင်းတိုက်ခိုက်ခဲ့ဖူးရင်မှတ်ဉာဏ်တွေမှာအမှားကိုအမှန်အဖြစ်အသေမှတ်ထားလိုက်တော့နောက်ပိုင်းမှာမှတ်ထားတဲ့အတိုင်းမိမိရဲ့အင်္ဂါအစိတ်အပိုင်းတွေအမျိုးမျိုးကိုဆက်ပြီးတိုက်ခိုက်နေတော့တာပါပဲ။ဒီလိုဆိုတော့ဒီရောဂါမျိုးဖြစ်လာပြီဆိုရင်ဘယ်လိုကုမှာလဲ?ခုခံမှုဆဲလ်တလုံးခြင်းဆီကမှတ်ဉာဏ်အမှားကြီးတွေကိုဘယ်လိုလိုက်ပြီးဖျက်ပြစ်လို့ရနိုင်မှာလဲ?ဒီဆဲလ်တွေသက်တန်းစေ့လို့သေသွားရင်လဲနောက်မျိုးဆက်သစ်ဆဲလ်အသစ်တွေကိုထပ်ပြီးမှတ်ဉာဏ်အမှားကြီးတွေလက်ဆင့်ကမ်းခဲ့ကြသေးတယ်။မိမိခုခံမှုဆဲလ်တွေကိုပိုးသတ်ဆေးတွေနဲ့အကုန်သတ်ပြစ်လို့ကောရနိုင်မှာတဲ့လား?အဲဒါဆိုရင်တော့မိမိကခုခံမှုစနစ်မရှိတော့ပဲ(AIDS)သို့(HIV)ရောဂါသယ်တွေထက်ပိုဆိုးသွားလိမ့်မယ်၊ဘာရောဂါဝင်လာဝင်လာမကာကွယ်နိုင်တော့ဘူး၊သေမှာပဲ။(Autoimmune Diseases)ဆိုတာကကုရာနတ္တိဆေးမရှိပါ။အမေရိကန်မှာလဲမရှိပါဘူး၊ကမ္ဘာပေါ်မှာလဲမရှိပါဘူးနောက်လဲဘယ်တော့မှရှိလာမယ်မထင်ပါဘူး။အကောင်းဆုံးနည်းကတော့ကြိုတင်ကာကွယ်ဖို့ပဲရှိပါတယ်။ဘယ်လိုကာကွယ်ရမှာလဲ?ဒီအဖြေကသိရင်လွယ်လွယ်လေးပါ၊ဒါဟာလူတိုင်းအတွက်တကယ့်ကိုတန်ဖိုးမဖြတ်နိုင်တဲ့အသိထူးပါ။ အရင်ဦးဆုံးဘာကြောင့်မိမိကိုယ်ကိုယ်ပြန်တိုက်ခိုက်တဲ့ရောဂါ(Autoimmune Diseases)ဖြစ်ရတယ်ဆိုတဲ့အကြောင်းတရားအစစ်အမှန်ကိုသိဖို့တော့လိုအပ်ပါတယ်။ဒါမှကာကွယ်နိုင်မှာလေ။ ဘာကြောင့်ဒီလိုမိမိရဲ့ခုခံမှုစနစ်ကဖောက်ပြန်သွားပြီးမိမိကိုလွဲမှားတိုက်ခိုက်မှု(Immune system malfunction)ဖြစ်ရသလဲလို့မေးရင်အကြောင်းရင်းအမှန်ကတော့(Inflammation)လို့ခေါ်တဲ့ကိုယ်အတွင်းပိုင်းရောင်ရမ်းမှုကြောင့်ပါပဲ။ဒီနေရာမှာရောင်ရမ်းတယ်ဆိုတာခြေတွေလက်တွေတုတ်ခိုင်ပြီးဖေါသွပ်ယောင်ကိုင်းလာတာကိုဆိုလိုချင်တာမဟုတ်ပါဘူး။ယောင်ရမ်းတယ်ဆိုတာဆံခြည်မျှင်သွေးကြောနံရံမှာရှိတဲ့သေးငယ်တဲ့ဆဲလ်လေးတွေ၊ပြီးတော့ခန္ဒာကိုယ်အစိတ်အပိုင်းအသီးသီးမှာရှိနေကြတဲ့အသေးငယ်ဆုံးဆဲလ်တွေထဲမှာရောင်ရမ်းတာ(Cellular level inflammation)ကိုဆိုလိုတာပါ။ဒီနေရာမှာမိမိခြေတွေလက်တွေဖေါသွတ်ယောင်ကိုင်းမှုမရှိတာကိုကြည့်ပြီးတော့ကိုယ်ကတော့(Inflammation)မဖြစ်ဘူးလို့မှားယွင်းပြီးမယူဆလိုက်မိဖို့အလွန်အရေးကြီးပါတယ်။ဒီခေတ်မှာဆရာဝန်တွေအပါအဝင်လူတိုင်းအကုန်လုံးယောင်ရမ်းမှု(Inflamation)ဖြစ်နေကြတာကြီးပါပဲ။မဖြစ်တဲ့လူဆိုတာတစ်ယောက်မှကိုမရှိပါဘူး။သိတာနဲ့မသိတာပဲကွာတာပါ။လူတိုင်း၊လူတိုင်းမှာရောင်ရမ်းမှု(Inflammation)တွေဆက်တိုက်၊ဆက်တိုက်နေ့စဉ်ဖြစ်နေတာပါပဲ။ဘာကြောင့်လဲဆိုတော့(Inflammation)ဆိုတာက(Immune system)ရဲ့အလုပ်လုပ်ပုံအစိတ်အပိုင်းတခုပဲလေ။ပြင်ပကရောဂါပိုးမွားတွေမိမိခန္ဓာကိုယ်ကိုဝင်ရောက်တိုက်ခိုက်ရင်မိမိခန္ဓာကိုယ်ကပထမဆုံးတုန်ြ့ပန်တာကယောင်ရမ်းမှုပါပဲ။ယောင်ရမ်းပြီဆိုတော့မှမိမိရဲ့ခုခံအားစနစ်(Immune System)ကရောဂါပိုးတွေကိုစတင်တိုက်ခိုက်ဖို့အသက်ဝင်လာရတာပါ။ဒီလိုသဘာဝအတိုင်းရောဂါခုခံကာကွယ်ဖို့ယောင်ရမ်းတာကိုယာယီယောင်ရမ်းမှု(Acute Inflammation)လို့ခေါ်ပါတယ်။အန္တရာယ်မရှိတဲ့သဘာဝရောဂါခုခံမှုစနစ်ပါ။ဒီလိုယာယီယောင်ရမ်းမှုမရှိရင်ရောဂါတွေကိုလဲမခုခံမကာကွယ်နိုင်ပါဘူး။ဒါပေမဲ့ဆိုးတာကတစ်ပါတ်၊နှစ်ပါတ်လောက်ကြာရင်အဲဒီယောင်ရမ်းမှုတွေကပပျောက်သွားရမှာမပျောက်သွားပဲဆက်ကျန်ရှိနေတာကအဆိုးဆုံးပါပဲ။အဲဒါကိုအလွန်ကြောက်စရာကောင်းတဲ့ရေရှည်ယောင်ရမ်းးမှု(Chronic Inflammation)လို့ခေါ်ပါတယ်။ရောဂါပိုးတွေကုန်သွားပြီးတဲ့အချိန်မှာအရောင်ကျသွားရမှာမကျပဲဆက်ယောင်နေတော့(Immune System)ကရောဂါပိုးတွေတိုက်စရာမရှိတော့လို့မိမိကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုရန်သူထင်ပြီးဆက်ပြီးတိုက်ခိုက်ဖျက်ဆီးပြစ်နေတော့တာပေါ့။မိမိ၏ခုခံမှုစနစ်ကမိမိအင်္ဂါအစိတ်အပိုင်းတွေကိုဆက်ပြီးတိုက်ခိုက်ဖျက်ဆီးပြစ်တာကြိမ်ဖန်များလာတော့ခုခံမှုစနစ်ရဲ့မှတ်ဉာဏ်စနစ်တွေထဲမှာမိမိကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုရန်သူတွေလို့မှားယွင်းပြီးအသေမြုတ်နှံမှတ်သားထားလိုက်ကြပါတယ်။နောင်အခါမှာမိမိအင်္ဂါအစိတ်အပိုင်းလား၊ပြင်ပကဝင်လာတဲ့ပိုးမွှားလားဆိုတာကောင်းကောင်းမခွဲခြားတတ်တော့ဘူးပေါ့။နောက်ပိုင်းမှာရေရှည်ရောင်ကိုင်းမှု(Chronic Inflammation)ကြောင့်ခုခံမှုစနစ်(Immuse System)ဟာဖေါက်ပြန်ပျက်စီးးသွားပြီး၊ရောဂါပိုးမွှားတွေကိုတိုက်ခိုက်ရမဲ့အစားမိမိကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုတမျိုးပြီးတမျိုးမရိုးရအောင်လိုက်ပြီးတိုက်ခိုက်၊ဒုက္ခပေးနေတော့တာပါပဲ။အဲဒီလိုဆိုတော့မိမိမှာအမည်မဖေါ်နိုင်တဲ့ရောဂါဆန်းတွေတခုပြီးတခုအဆက်မပြတ်ဖြစ်နေတော့တာပေါ့။ ခက်တာကဒီလိုအလွန်ကြောက်စရာကောင်းပြီးကုသလို့မရနိုင်တဲ့အမျိုးပေါင်းရာနဲ့ချီတဲ့(Autoimmune Diseases)ကဒီ(၂၁)ရာစုခေတ်မှာကြိုတင်မကာကွယ်ထားတဲ့လူတိုင်းမှာတနေ့ဖြစ်ကိုဖြစ်လာရမှာရာနုန်းပြည့်နီးပါးကိုသေချာနေပါတယ်။ခြိမ်းခြောက်နေတာလုံးဝမဟုတ်ပါဘူး၊အမှန်တရားပါ။ကြိုတင်ကာကွယ်ထားတဲ့လူအနည်းစုလေးကလွဲရင်လူတိုင်းလူတိုင်းမှာရောဂါရဲ့ရှေ့ပြေးလက္ခဏာဖြစ်တဲ့ကိုယ်တွင်းယောင်ရမ်းမှုလက္ခဏာ(inflammation marker)ကလူတွေအားလုံးနီးပါးမှာတွေ့နေရပါပြီ။ခင်ဗျားတို့မယုံရင်(hs-CRP-blood-test)လုပ်ကြည့်နိုင်ပါတယ်။တကယ်လို့(hs-CRP)တန်ဖိုး(1.0)အောက်ရောက်နေရင်တော့ခင်ဗျားတို့ကိုယ်မှာ(Inflammation)မဖြစ်ပါဘူးလို့ဆိုချင်ဆိုနိုင်ပါတယ်။ဒါပေမဲ့(hs-CRP)တန်ဖိုးဆိုတာကတမင်ကြိုတင်မကာကွယ်၊မလုပ်ယူထားပဲနဲ့(1.0)အောက်ရောက်နေတဲ့ပုဂ္ဂိုလ်ဆိုတာအလွန်ကိုရှားပါးလှပါတယ်။လူတိုင်းလူတိုင်းက(1.0)ထက်များနေကြတာပါပဲ။တချို့(Inflammation)အမျိုးအစားတွေက(hs-CRP-marker)မှာမပေါ်လို့တိုင်းတာလို့မရသေးပါဘူး။အကောင်းဆုံးတိုင်းတာနည်းကတော့အိုမီဂါ(၆)နဲ့အိုမီဂါ(၃)အချိုးအစား(Omega6 to Omega3 …

Autoimmune Diseases)ခေါ်ရောဂါဆိုးများ။ Read More »

(A type)(Flu strains) (H1N1,H3N2နှင့်H5N1)

Source from Kelvin A. Power’s Facebook on August 11, 2019 အရေးပေါ်အခြေအနေသတိပေးခြင်း။ အလွန်ကြောက်စရာကောင်းသောအသက်အန္တရာယ်ရှိသည့်တုတ်ကွေးအမျိုးအစား(A type)(Flu strains) (H1N1,H3N2နှင့်H5N1),သုံးမျိုးစလုံးမြန်မာပြည်မှာတွေ့နေရပါပြီ။အဲဒီသုံးမျိုးပေါင်းသွားရင်(genetic mutation)တွေဖြစ်ပြီးအသစ်တစ်မျိုး၊ဒါမှမဟုတ်နှစ်မျိုး၊သုံးမျိုးလောက်ဖြစ်လာနိုင်ပါတယ်။အဲဒီဖြစ်လာမယ့်အလွန်ကူးစက်ပြန့်ပွားလွယ်တဲ့တုတ်ကွေးအတွက်၊ကာကွယ်ဆေးကမ္ဘာပေါ်မှာမရှိသေးမပေါ်သေးပါ။ကုသသည့်ဆေးလဲမရှိသေးမပေါ်သေးပါ။ဒီတုတ်ကွေးတွေဟာအလွန်အသက်အန္တရာယ်ကြီးမားပါသည်။ဒီတုတ်ကွေးပိုးတွေကြောင့်အဆုတ်ယောင်(lung inflammation)ဖြစ်လာနိုင်ပြီး၊(pneumonia)အဆုတ်ယောင်ရောဂါရလာကာအဆုတ်ယောင်ရောဂါကြောင့်အသက်ဆုံးရံှုးနိုင်ပါသည်။မြန်မာပြည်ကြီးလဲကပ်ဆိုက်နေသလားလို့ထင်ရလောက်အောင်သဘာဝဘေးအန္တရာယ်ဆိုးများကြုံနေရပါသည်။ယခုတဖန်ကူးစက်ရောဂါဆိုးများဝင်လာလျှင်တော့မလွယ်လှပါ။တခြားနိုင်ငံများကဲ့သို့မိမိတို့၏အစိုးရကိုထိုင်ပြီးအားကိုးနေလျှင်မိမိသာဒုက္ခရောက်ပါမည်။ဒီအချိန်မှာအစိုးရအနေနှင့်လဲဘာမှလုပ်ပေးနိုင်လိမ့်မည်မထင်ပါ။ ——- အသက်ရှုလမ်းကြောင်းမှကူးစက်ခြင်းဖြစ်သဖြင့်အပြင်သွားသူတိုင်းမျက်နာတွင်(Mask)များအုပ်ထားကြရန်အရေးတကြီးလိုအပ်နေသလို။မိမိ၏ခုခံအားစနစ်အားကောင်းနေစေရန်ပြင်ဆင်ထားဖို့လဲလိုအပ်နေပါသည်။ကာကွယ်ဆေးထိုးထားလဲကာကွယ်မည်မဟုတ်ပါ။ကုသရမည့်ဆေးလဲမရှိသေးပါ။ဖြစ်လာမှတော့ဘာမှလုပ်မပေးနိုင်ပါ။အကောင်းဆုံးကြိုတင်ကာကွယ်နည်းမှာ ——— တုတ်ကွေးမိမိပါတ်ဝန်းကျင်သို့မလာမီကြိုတင်၍ (1)Vitamin D3,5000 IU နေ့စဉ်သောက်ပေးပါ။ (2) Bioflavonoids 100mg နေ့စဉ်သောက်ပေးပါ။ (3) Zinc, 10mg နေ့စဉ်သောက်ပေးပါ။ (4) Rose Hips (fruit Extract) 10mg နေ့စဉ်သောက်ပေးပါ။ (5) Ascorbic acid (Vit C ) 2000 mg နေ့စဉ်သောက်ပေးပါ။ (6)Omega-3, Fish oil=2000mg နေ့စဉ်သောက်ပေးပါ။ ———— ကလေးတွေအတွက် …

(A type)(Flu strains) (H1N1,H3N2နှင့်H5N1) Read More »

အပိုင်း(၅)။ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ။

Source from Kelvin A. Power’s Facebook on August 10, 2019 လောကမှာလူရယ်လို့ဖြစ်လာရင်၊မိမိရဲ့တာဝန်ကမိမိရဲ့အစွမ်းအစကြောင့်မိမိနဲ့နီးစပ်ရာပါတ်ဝန်းကျင်အသိုင်းအဝိုင်းတွေကိုကောင်းကျိုးပြုနိုင်အောင်လုပ်ဆောင်ရပါတယ်။ရှင်းရှင်းပြောရရင်ခွေးလေးတွေ၊ကြောင်လေးတွေတောင်မှသူ့ပါတ်ဝန်းကျင်သူ့အသိုင်းအဝိုင်းအတွက်တာဝန်ကျေပြွန်ရသေးတယ်။ခွေးလေးတွေကကိုယ့်ပါတ်ဝန်းကျင်၊ကိုယ့်အသိုင်းအဝိုင်းကိုလူဆိုးသူခိုးတွေမဝင်အောင်ကာကွယ်စောင့်ရှောက်ပေးရတယ်။ကြောင်လေးတွေကကိုယ့်သခင်ရဲ့ပစ္စည်းတွေကိုကြွက်တွေမဖျက်စီးနိုင်အောင်တာဝန်ယူရတယ်။နွားတွေကလယ်ထွန်ပေးရတယ်။နွားနို့ချပေးရတယ်။ဝက်တွေကတော့သူစားထားတဲ့အစာကိုအသားနဲ့ပြန်ပေးဆပ်ရတယ်။အသိဉာဏ်မရှိတဲ့တိရိစ္ဆာန်တွေတောင်ကိုယ့်ပါတ်ဝန်းကျင်ကိုယ့်အသိုင်းအဝိုင်းကိုအကျိုးပြုရသေးတယ်ဆိုရင်၊ကျွန်တော်တို့တွေလိုအသိဉာဏ်ရင့်ကျက်နေတဲ့လူတွေကြတော့ပြောနေဖို့လိုမယ်မထင်ပါဘူး။လောဘ၊ဒေါသ၊မောဟ၊တွေဖုံးလွမ်းပြီးတော့အရင်းရှင်ဆန်ဆန်၊တကိုယ်ကောင်းဆန်ပြီး၊ဘယ်သူသေသေ၊ငါမသေရင်ပြီးရောဆိုတဲ့စိတ်ထားနဲ့မတရားစီးပွားရှာနေကြမယ်ဆိုရင်တော့အသိဉာဏ်မဲ့တဲ့တိရိစ္ဆာန်တွေလောက်တောင်မှကြည်ညိုလေးစားစရာမကောင်းတဲ့လူ့တိရိစ္ဆာန်တွေဖြစ်သွားမယ်ဆိုတာတော့လူတိုင်းသတိထားမိဖို့လိုပါတယ်။ ——– ဒီနေရာမှာအထူးပြောချင်တာကဒီစာကိုဖတ်နေတဲ့လူတွေဟာမိမိကိုမိမိအပေါ်ယံသဘောနဲ့စာဖတ်နေတာမဟုတ်ပဲ၊အများအကျိုးပြုနိုင်မယ့်ပညာရပ်တစ်ခုကိုလေ့လာသင်ကြားနေသကဲ့သို့သဘောထားပြီးသေသေချာချာနားလည်အောင်ဖတ်သင့်ပါတယ်။မိမိရဲ့ပရဟိတစိတ်ဓါတ်ကိုရှေ့တန်းတင်ထားပြီးသေချာဂရုစိုက်လေ့လာသင်ကြားမယ်ဆိုရင်အမှန်တကယ်နားလည်တတ်ကျွမ်းလာပြီးမိမိသိလာတဲ့အတတ်ပညာနဲ့မိမိပါတ်ဝန်းကျင်ကိုမျှဝေပေးနိုင်မှာ၊တကယ်ဒုက္ခရောက်နေတဲ့လူတွေရဲ့အသက်ကိုကယ်တင်အကျိုးပြုနိုင်မှာဖြစ်ပါတယ်။ဒီလိုအသိပညာတွေကိုပြန့်ပွားစေချင်တဲ့ရည်ရွယ်ချက်နဲ့အပင်ပန်းခံ၊အချိန်ကုန်ခံပြီးအသေးစိတ်ရေးပေးနေရတာပါ။ ——- နောက်ပိုင်းတွေမှာပညာရှင်ဆန်ဆန်ရေးရင်ဘယ်သူမှနားမလည်ပဲရှုပ်ထွေးသွားမှာစိုးလို့ကျွန်တော(Biochemistry terms)တွေသိပ်မသုံးပဲ၊လူတိုင်းနားလည်အောင်ရေးပေးချင်ပါတယ်။ဆိုလိုတာက(Biochemists) ပညာရှင်တွေအတွက်ရေးနေတာမဟုတ်ပဲသာမာန်ရိုးရိုးလူတွေနားလည်အောင်ရေးပေးနေရတာဖြစ်လို့မြန်မာလူမျိုးတိုင်းရိုးရိုးရှင်းရှင်းလေးနားလည်အောင်ရေးပေးပါရစေ။တကယ်လို့မိမိကပညာရှင်တစ်ယောက်ဖြစ်လို့အသေးစိတ်ဖတ်ရှုလေ့လာချင်ပါတယ်ဆိုရင်တော့ကျွန်တော်အင်္ဂလိပ်လို(References)တွေပေးထားပါမယ်။(Google Scholar)တွေမှာရှာဖတ်ကြပါ။ ———-ကဲအားလုံးကျွန်တော်နဲ့အတူအသဲအကြောင်းကိုဆက်ပြီးလေ့လာကြမယ်ဗျာ။အပိုင်း(၄)အရတော့အသဲကိုအဓိကထားပြီးကုသရတော့မယ်ဆိုတာသေချာသွားပြီး။အင်ဆူလင်ဆိုတာဘာလဲ။အင်ဆူလင်ခုခံမှု့ဆိုတာကရောဘာလဲဆိုတာဆက်လေ့လာကြရအောင်ဗျာ။ ——————— လူ့ခန္ဒာကိုယ်မှာဆဲလ်တွေတစ်ရှုးတွေအမျိုးအစားပေါင်းထောင်နဲ့ချီရှိနေကြတယ်။အဲဒီဆဲလ်တွေတစ်ရှုးတွေအဓိကထားသုံးနိုင်တဲ့စွမ်းအင်တွေကအဓိကအားဖြင့်၊အဆီ(fatty acid)၊သကြားဓာတ်(Glucose) နဲ့ကီတုံးဘာ်ဒီစ်(Ketone bodies)လို့ခေါ်တဲ့ထူးခြားတဲ့စွမ်းအင်ဆိုပြီးသုံးမျိုးရှိကြပါတယ်။ဦးနှောက်နဲ့၊သွေးနီဥဆဲလ်(Cell)တွေကလွဲလို့တခြားခန္ဒာကိုယ်ကအစိတ်အပိုင်းတွေကဆဲလ်တွေဟာစွမ်းအင်သုံးမျိုးစလုံးကိုသုံးစွဲနိုင်ကြပါတယ်။ဦးနှောက်နဲ့၊သွေးနီဥတို့ရဲ့ဆဲလ်တွေဟာအဆီကိုမသုံးစွဲနိုင်ကြပါဘူး။အဆီတွေဟာဦးနှောက်နဲ့သွေးကြောကြားမှာဇကာလိုခံထားတဲ့ကြားခံနယ်(Blood brain barrier)ကိုကျော်ဖြတ်မသွားနိုင်လို့ဦးနှောက်ဟာအဆီတွေကိုမသုံးနိုင်ဘူးလို့ပညာရှင်တွေကဆိုပါတယ်။ဦးနှောက်ဟာသကြားဓာတ်(Glucose)ရယ်၊ကီတုံး(Ketone)ရယ်နှစ်မျိုးပဲသုံးလို့ရပါတယ်။သွေးနီဥဆဲလ်တွေကြတော့အဆီနဲ့ကီတုံးကိုစွမ်းအင်(ATP)ပြောင်းပေးတဲ့စွမ်းအင်ထုတ်စက်(mitochondria)မရှိကြဘူး။မရှိတော့တခြားစွမ်းအင်လုံးဝမသုံးနိုင်ပဲသကြားဓာတ်(Glucose)တမျိုးတည်းကိုပဲသုံးစွဲနေရပါတယ်။ ————— ဦးနှောက်ကသုံးနိုင်တဲ့ကီတုံးဆိုတာကလဲအင်ဆူလင်သွေးထဲမှာနည်းနည်းလေးရှိနေရင်တောင်အသဲကထုတ်လုပ်မပေးနိုင်ပါဘူးဆိုတော့သွေးထဲမှာကီတုံးမရှိနေတဲ့အချိန်တွေပဲများပါတယ်။ဆိုလိုတာကသွေးထဲမှာမတော်တဆသကြားဓါတ်အလွန်နိမ့်ကျသွားရင်ဦးနှောက်နဲ့သွေးနီဥတွေအကုန်လုံးဒုက္ခရောက်သွားနိုင်တယ်။ဦးနှောက်နဲ့သွေးနီဥဟာသကြားဓါတ်ကိုအဓိကအားထားနေရလို့သူတို့ကိုဦးစားပေးရတော့မယ်ဆိုတော့ခန္ဓာကိုယ်ရဲ့တခြားသောအင်္ဂါအစိတ်အပိုင်းတွေကိုသကြားဓါတ်နည်းနေတဲ့အချိန်အခါမှာအင်ဆူလင်ရဲ့ခွင့်ပြုချက်မရပဲသုံးစွဲခွင့်မရအောင်ကန့်သတ်ထားခံရပါတယ်။ဦးနှောက်နဲ့သွေးနီဥတွေအတွက်ဦးစားပေးပြီးချန်ထားပေးရတဲ့သဘောပါ။ဒါပေမဲ့အဆီဓါတ်ကိုတော့ခွင့်ပြုချက်မလိုပဲအချိန်မရွေးသုံးစွဲနေလို့ရပါတယ်။ ————- မိမိကသကြားဓါတ်ခေါ်ကာဗိုဟိုက်ဒရိတ်ကိုစားလို့ပဲဖြစ်ဖြစ်၊အသဲကသကြားဓါတ်ထုတ်လုပ်ပေးလို့ပဲဖြစ်ဖြစ်၊သွေးထဲမှာသကြားဓါတ်တွေတက်လာရင်ပန်ခရိယရဲ့တာဝန်က၊သကြားဓါတ်ရဲ့ပမာဏအနဲအများကိုချင့်ချိန်ပြီးအင်ဆူလင်ဟော်မုန်းကိုအနည်းအများလိုသလောက်တိတိကျကျလေးသွေးထဲကိုထုတ်လွတ်ပေးရပါတယ်။အင်ဆူလင်ရဲ့အလုပ်ကဂလူးကို့စ်ကိုဆဲလ်တွေထဲရောက်အောင်တွန်းပို့ပေးရပါတယ်။အဲဒီလိုသွေးထဲမှာသကြားဓါတ်တက်လာပြီဆိုရင်ပုံမှန်ပြန်ကျသွားသည်အထိအင်ဆူလင်ရဲ့ခိုင်းစေမှုနဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံးကဝိုင်းပြီးသကြားဓါတ်သုံးပေးကြရသလို၊သုံးပြီးမကုန်တဲ့၊သကြားဓါတ်တွေကိုတော့အသဲကတာဝန်ယူပြီးအသဲမှာဂလိုက်ကိုဂျင်အဖြစ်သိုလှောင်ပေးထားရပါတယ်။ပိုနေသေးရင်လဲအဆီအဖြစ်ပြောင်းလဲပေးရပါတယ်။ ————– အသဲကဘာလို့အင်ဆူလင်ခိုင်းတာကိုမလုပ်၊မလိုက်နာတော့ပဲဆန့်ကျင်နေရတာလဲ။ဘာကြောင့်အင်ဆူလင်ကိုခုခံမှု (Insulin resistant)ဖြစ်နေရတာလဲဆိုရင်၊အရင်ဆုံးခုခံမှု(resistant)ဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်သဘောတရားကိုသေချာနားလည်ဖို့လိုအပ်ပါတယ်။ဘာကြောင့်အသဲအပါအဝင်မိမိရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကအင်ဆူလင်ကိုခုခံမှု့ဖြစ်နေရသလဲလို့မေးရင်ဆေးပညာရှင်တွေအကြီးအကျယ်အငြင်းပွားနေကြပါတယ်။တချို့ကအဆီတွေကအင်ဆူလင်ကိုလက်ခံတဲ့လမ်းကြောင်းမှာပိတ်လို့တဲ့တချို့ကသွေးထဲမှာသကြားဓါတ်များလို့တဲ့။ဒီနေရာမှာလောကကြီးရဲ့သဘောတရားနိယာမတစ်ခုကိုသေချာမသိလို့သာအငြင်းပွားနေကြရတာပါ။ဒီနေရာမှာဆေးပညာနဲ့ရှင်းပြဖို့သိပ်ခက်ပါတယ်။မြင်လွယ်အောင်အင်ဂျင်နီယာပညာရပ်နဲ့ရှင်းပြပါရစေ။ ——- လျှပ်စစ်အင်ဂျင်နီယာပညာရပ်မှာအုန်း(စ်)လော(Ohm’s law)ဆိုတာရှိပါတယ်။(E=IR)ပေါ့။ ခက်လာပြီဆိုတော့သေချာလေးအာရုံစိုက်ဖတ်ကြပါ။အုန်း(စ်)လောကဘာကိုဆိုလိုချင်တာလဲဆိုတော့၊*****(ပုံမှန်စီးဆင်းနေတဲ့လျှပ်စစ်စီးဆင်းမှု့တခုကိုလိုချင်ရင်၊ဗို့အားလို့ခေါ်တဲ့လျှပ်စစ်ဖိအားများလာတိုင်းခုခံမှုကိုတိုးတိုးပေးရမယ်တဲ့)*****ဒီသီအိုရိကသိပ်အဓိပ္ပါယ်ရှိပါတယ်။ဆိုလိုတာကလျှပ်စစ်အင်ဂျင်နီယာပညာရပ်မှာမိမိရဲ့အဖိုးတန်စက်ပစ္စည်းတစ်ခုကိုမပျက်စီးမလောင်ကျွမ်းပဲအလုပ်လုပ်နိုင်ဖို့ပုံမှန်လျှပ်စစ်စီးဆင်းမှု့တခုကိုအမြဲလိုချင်နေတယ်ဆိုရင်လျှပ်စစ်ဖိအားဆိုတဲ့(ဗို့အား)များလာတိုင်းခုခံမှု့ကိုတိုးတိုးပေးရတယ်လေ။တစ်ကယ်တော့အုန်း(စ်)လောဆိုတာလျှပ်စစ်အင်ဂျင်နီယာတွေအတွက်ဘောင်ခတ်ထားပြီးတခုတည်းသုံးလို့ရတဲ့လောမဟုတ်ပါဘူး၊စင်္ကြာဝဠာကြီးနဲ့ဆိုင်နေတဲ့(universal law)တစ်ခုပါ။အုန်း(စ်)လောဆိုတာကလောကရဲ့အရာရာတိုင်းမှာသဘာဝအလျှောက်ဖြစ်ပေါ်နေတဲ့ခုခံမှု့လို့ခေါ်တဲ့(resistant)သဘာဝတရားတစ်ခုကိုတိတိကျကျဖေါ်ပြနေတာပါ။ ————– ခန္ဓာဗေဒနဲ့ဆေးပညာရပ်မှာ(Insulin Resistant)ကိုအဓိပ္ပါယ်ဖွင့်နိုင်ဖို့်အတွက်ကျွန်တော်လျှပ်စစ်အင်ဂျင်နီယာတွေဆီကအုန်း(စ်)လောကိုခဏလေးငှားသုံးပါရစေ။*****(မိမိခန္ဓာကိုယ်ရဲ့ဆဲလ်တွေတစ်ရှုးတွေမှာမပျက်စီးပဲအမြဲအလုပ်လုပ်နိုင်ဖို့မတိုးမလျှော့တဲ့ပုံမှန်စွမ်းအင်တခုလိုအပ်နေပါတယ်။ဒါကြောင့်လိုအပ်တဲ့ဂလူးကို့စ်စွမ်းအင်ကိုမတိုးမလျှော့ပဲပုံမှန်အမြဲရနေစေဖို့ဂလူးကို့စ်ကိုဆဲတွေထဲရောက်အောင်တွန်းပို့ပေးတဲ့အင်ဆူလင်ရဲ့ဖိအားများလာတိုင်း၊ဆဲလ်တွေမှာအဲဒီအင်ဆူလင်ကိုပြန်လည်ခုခံဖို့အင်ဆူလင်ခုခံအားဟာအလိုလိုကိုသဘာဝအလျှောက်ဖြစ်ပေါ်လာရတယ်ဆိုတာပါပဲ)*****အင်ဆူလင်ခုခံမှုဘာကြောင့်ဖြစ်ရလဲဆိုတာအုန်းစ်လောနဲ့ဖြေပေးတော့ပိုရှင်းသွားပါပြီ။ဆေးပညာမှာသိပ်အရေးကြီးတဲ့ခန္ဓာကိုယ်ရဲ့ဟိုမီအိုစတတ်တစ်(homeostatic)သဘောဆိုတာကလဲတခုခုကိုပုံမှန်အခြေအနေတခုကနေမပြောင်းသွားအောင်ထိန်းသိမ်းခုခံပေးနေတဲ့သဘာဝသဘောတရားပါပဲ။ ——————- အုန်း(စ်)လောအရဆိုရင်ခုခံမှု(Resistant)ဆိုတာ၊မိမိအပေါ်မှာတစ်စုံတစ်ခုကဖိအားများများလာတိုင်းများလာသည့်အလျောက်မိမိကလဲတစုံတစ်ခုကိုပြန်လည်ခုခံတဲ့ခုခံအားဟာသဘာဝအရအလိုလိုတိုးတိုးပြီးဖြစ်ပေါ်လာတာကိုဆိုလိုတာပါ။ကျောက်ခဲလေးတလုံးကိုမျက်နာပြင်အမာလေးပေါ်တင်ပြီးလက်နဲ့အသာလေးဖိကြည့်ပါသူကလဲအသာလေးလက်ကိုခုခံပြီးပြန်တွန်းတော့လက်နဲနဲလေးပဲနာပါမယ်။အားစိုက်ပြီးဖိချလိုက်ရင်သူကလဲအားပြင်းပြင်းနဲ့ပြန်ခုခံပြီးတွန်းတော့သူ့ရဲ့ခုခံအားကြောင့်လက်ကအရမ်းနာလာမှာပေါ့။အသံအမြဲကျယ်လောင်နေတဲ့အခန်းမှာအမြဲအလုပ်လုပ်နေတဲ့လူဟာနားကအသံကိုအလိုလိုခုခံလာလို့တဖြေးဖြေးနားလေးလေးလာတယ်။အရက်မူးချင်လို့တစ်နေ့တစ်ခွက်ပုံမှန်သောက်နေတဲ့လူဟာ၊ကြာရင်ခန္ဓာကိုယ်ကအရက်ကိုခုခံလာလို့တစ်ခွက်နဲ့မမူးတော့ဘူးနှစ်ခွက်တိုးသောက်ရတယ်။ဆားအငံဓာတ်အမြဲစားနေတဲ့လူဟာ၊လျှာကဆားဓါတ်ကိုခုခံလာလို့ကြာရင်ပုံမှန်ချက်တဲ့ဟင်းတွေကိုစားလိုက်ရင်အရသာမရှိတော့ဘူး၊ဆားပေါ့နေတယ်လို့ထင်ရတယ်။ဒါလောကကြီးရဲ့သဘာဝနိယာမသဘောတရားတခုပါပဲ။ ————– ဒီလောက်တောင်ရှည်ရှည်ဝေးဝေးဥပမာတွေအကျိုးအကြောင်းတွေနဲ့ရှင်းပြနေတာဟာသိပ်အရေးကြီးတဲ့စကားလေးတစ်ခွန်းကိုပြောချင်လို့ပါ။အဲဒါကဘာလဲဆိုတော့*****(အင်ဆူလင်ကိုခုခံမှု့ဖြစ်လာတာဟာအင်ဆူလင်တွေသွေးထဲမှာသိပ်များနေလို့ပါပဲ)*****။ဆိုလိုချင်တာကဆီးချို(Type-2)ဆိုတာတခြားမဟုတ်ပါဘူးအင်ဆူလင်တွေသွေးထဲမှာအရမ်းများနေလို့ဖြစ်တဲ့ရောဂါပါပဲ။သွေးထဲမှာအင်ဆူလင်များလေလေရောဂါပိုဆိုးလာလေလေ၊အဆိုးဖက်သွားလေလေ၊သွေးထဲမှာအင်ဆူလင်နည်းအောင်လုပ်နိုင်လေလေရောဂါပိုသက်သာလာလေလေ၊အကောင်းဖက်ကိုသွားလေလေပါပဲ။သင်္ချာနည်းနဲ့ဆိုရင်အင်ဆူလင်နဲ့ရောဂါဆိုးရွားလာမှု့ဟာတိုက်ရိုက်အချိုးကျနေတယ်လို့ဆိုရမှာပေါ့ဗျာ။ ——— ဝမ်းနည်းစရာကောင်းတာကအခုခေတ်ဆေးပညာက(Type-2)ဆီးချိုသမားတွေကိုအင်ဆူလင်နည်းအောင်လုပ်ပေးနေတာမဟုတ်ပါဘူး။ပိုပိုများလာအောင်လုပ်ပေးနေတာပါ။သောက်နေတဲ့ဆေးတွေကပန်ခရိယကိုအတင်းဖိအားတွေပေးပြီးမပျက်စီးပျက်စီးသွားအောင်၊မပျက်စီးသွားမချင်းအင်ဆူလင်တွေများများထုတ်ခိုင်းနေတဲ့ဆေးတွေပါ။တဖြေးဖြေးနဲ့ပန်ခရိယကြွအောင်တမင်ထုတ်ထားတဲ့ဆေးတွေဆိုတော့မနိုင်ဝန်ထမ်းခိုင်းတာကြာတော့ပန်ခရိယကြွပါလေရော။ပန်ခရိယကြွတော့မှအင်ဆူလင်လုံးဝမထုတ်နိုင်တော့ဘူးဆိုတော့မှအင်ဆူလင်ကောင်းကောင်းရောင်းလို့ရမယ်လေ။အင်ဆူလင်ကိုအပ်နဲ့နေ့တိုင်းထိုးထည့်ရတော့မယ်လေ။တစ်နေ့ထက်တစ်နေ့ပမာဏပိုပိုတိုးတိုးပြီးထိုးထည့်ရတော့မယ်လေ။အင်ဆူလင်သွေးထဲမှာပိုပိုများများလာမယ်ဆိုတော့ရောဂါကလဲပိုပိုပြီးဆိုးဆိုးလာမယ်လေ။ဆေး၊အင်ဆူလင်တွေလဲအများကြီးရောင်းရတော့မယ်လေ။လူနာဆီကမသေမချင်းပိုက်ဆံရတော့မယ်လေ။မပိုင်ဘူးလား။နှဖါးကြိုးအထို့းခံရတာကမှာရုန်းတတ်ရင်ကြိုးပြတ်ဦးမယ်၊အခုဟာကနွံနစ်နေပြီ။လှုပ်လေနစ်လေ။သဘာဝနဲ့ကုတဲ့နည်းတွေအများကြီးရှိရဲ့သားနဲ့ကျန်းမာရေးဗဟုသုတပညာတွေ၊အဟာရပညာတွေမလေ့လာမသင်ယူချင်အုံး။ဆေးရုံဆေးခန်းနဲ့အရင်းရှင်တွေရဲ့ဆေးဝါးတွေအားကိုးချင်အုံး၊ကြိုတင်မကာကွယ်ထားပဲနဲ့ဖြစ်တော့မှဆေးရုံဆေးခန်းပြေးချင်ကြအုံး။အခုတော့ဒုက္ခဖြစ်ကုန်ပြီ။ ———— နားထိုင်းနေတဲ့လူကိုနားမှာလော်စပီကာတပ်ပြီးနေ့စဉ်အသံကိုချဲ့ချဲ့ပေးကြတယ်။အရက်နာကျနေတဲ့လူကိုဖြေဆေးဆိုပြီးတော့အရက်နေ့စဉ်တိုးတိုးပြီးတိုက်ကြတယ်။ရေနှစ်နေတဲ့လူကိုဝါးလုံးနဲ့ကူပြီးထိုးပေးကြတယ်။ကုန်းဆင်းကြီးမှာအရိုန်မထိမ်းနိုင်တဲ့သူကိုဘီးပါတပ်ပေးလိုက်ကြတယ်။အင်ဆူလင်များလို့ဖြစ်တဲ့ရောဂါကိုအင်ဆူလင်တွေတိုးတိုးပြီးထိုးပေးလိုက်ကြတယ်။နောက်ဆုံးလူနာဘာဖြစ်မလဲ?။ကျွန်တော်ကစေတနာနဲ့ပညာပေးနေတာသေချာစဉ်းစားကြည့်ကြပါ။နောက်ဆုံးလူနာဘဝပျက်မယ်။အရင်းရှင်ဆေးကုမ္မဏီတွေသူဌေးဖြစ်မယ်။ကိုယ်ကတော့မသိဘူးလေအင်ဆူလင်လေးထိုးလိုက်လို့သွေးထဲကသကြားဓါတ်လေးကျကျသွားပြီဆိုရင်ထိုင်ပြီးပျော်လို့။ဘယ်လောက်သနားစရာကောင်းသလဲ။ကိုယ့်ကိုယ်ကိုသနားကြပါ။တစ်နေ့ထက်တနေ့အဆိုးဆုံးအစွန်းတဖက်ကိုတိုးတိုးသွားနေတာကိုယ်ကမသိဘူး။ဘာလုပ်ကြမလဲ?။ဒီအတိုင်းဆက်သွားပြီးဝေဒနာတွေ၊ဒုက္ခတွေခံစားပြီးဘဝအဆုံးခံမလား။ရုန်းထွက်လွတ်မြောင်ဖို့ကျိုးစားမလား။သေချာစဉ်းစားပါ။ဒီနေရာမှာ(Type-1)ဆီးချိုသမားတွေကိုမပြောဘူးနော်၊(Type-2)ကိုပဲပြောနေတာ။(Type-1)ကအင်ဆူလင်မထိုးလို့ကိုမရဘူး၊ထိုးကိုထိုးရမယ်။(Type-1)လား(Type-2)လားသေချာမသိရင်(Fasting Insulin)တိုင်းကြည့်ပါ။ပုံမှန်(Fasting insulin reference range)က(3uIU/mL—-ကနေ—8uIU/mL)ပါ။ခဏနားပါဦးမည်။ Kelvin …

အပိုင်း(၅)။ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ။ Read More »

မြန်မာပြည်က Fasting Insulin reference range

Insulin Resistance/T2 Diabetes: Map Your Test Results Source from Kelvin A. Power’s Facebook on August 9, 2019 မြန်မာပြည်က Fasting Insulin reference range ကမှားနေပါသည်။(3- to-17)ကပုံမှန်မဟုတ်ပါ။ပုံမှန်(3-to-8)သာရှိရပါမည်။တိုင်းတာတော့တိုင်းကြည့်ကြပါ။reference range(3-to-8)အတွင်းဆိုရင်ပုံမှန်ပါ။ ———- You show no insulin resistance if your Blood Code reveals: Fasting glucose is between 75–95 mg/dL (4.2–5.3 mmol/L). TG:HDL ratio is near 1.0, +/- 0.5. Fasting insulin is between …

မြန်မာပြည်က Fasting Insulin reference range Read More »

အပိုင်း(၄)။ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ။

Source from Kelvin A. Power’s Facebook on August 8, 2019 ကျွန်တော်တို့တွေဟာဒီခေတ်ဆေးပညာကိုအလွန်အားကိုးယုံကြည်ခဲ့ကြသလိုတိုင်းပြည်အသီးသီးကလဲဆရာဝန်တွေ၊အသိပညာရှင်အတတ်ပညာရှင်တွေ၊ပေါ်ထွက်လာနိုင်ဖို့ငွေကြေးတွေအမြောက်အများသုံးစွဲခဲ့ကြပါတယ်။အနောက်နိုင်ငံတွေမှာလဲဒေါ်လာဘီလျှံနဲ့ချီကိုလူသားတွေမှာဖြစ်ပွားနေတဲ့နှလုံးရောဂါ၊ဆီးချိုရောဂါ၊ကင်ဆာရောဂါအစရှိတဲ့ရောဂါဆိုးတွေကိုကုသနိုင်ဖို့်အတွက်သုသေသနလုပ်ငန်းတွေမှာသုံးစွဲခဲ့ကြပါတယ်။(၂၀)ရာစုနစ်ကတည်းပရဟိတစိတ်ဓါတ်ရှိတဲ့လူတွေဟာရည်ရွယ်ချက်ကြီးကြီးမားမားနဲ့လာမယ့်(၂၁)ရာစုနစ်မျိုးဆက်သစ်တွေမှာသူတို့လက်ထက်ကခံစားခဲ့ရတဲ့ရောဂါဆိုးတွေထပ်ပြီးမခံစားရအောင်(လူတိုင်းကျန်းမာသက္ကရာဇ်နှစ်ထောင်မှာ)ဆိုတဲ့ဆောင်ပုဒ်တခုကိုအောင်လံလို့သတ်မှတ်လွှင့်ထူထားကြပြီးတော့သုတေသနလုပ်ငန်းတွေမှာငွေတွေပုံပြီးလှူဒါန်းခဲ့ကြပါတယ်။ဒါပေမဲ့၊အခုတော့အရင်းရှင်စနစ်ဆိုးရဲ့အောက်မှာကျွန်တော်တို့လူသားတွေအားကိုးတကြီးနဲ့ရင်းနီးမြုပ်နံှစိုက်ပျိုးခဲ့ရတဲ့ခေတ်ပေါ်ဆေးပညာဟာလုံးဝကျဆုံးသွားခဲ့ရပါပြီ။ကျွန်တော်တို့ရဲ့(လူတိုင်းကျန်းမာသက္ကရာဇ်နစ်ထောင်မှာ)ဆိုတဲ့အောင်လံလဲလဲှခဲ့ရပါပြီ။တကယ့်လက်တွေ့မှာတော့ကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေပျောက်ဆုံးပျက်စီးသွားခဲ့ရလို့အင်မတန်မှဝမ်းနည်းစရာကောင်းပါတယ်။အခုတော့တိုင်ထိပ်မှာ(လူတိုင်းရောဂါ၊သက္ကရာဇ်နစ်ထောင်မှာ)ဆိုတဲ့အရင်းရှင်တို့ရဲ့အောင်လံလွှင့်ထူနိုင်ခဲ့ပါပြီ။ ———————- ကျွန်တော်တို့ရဲ့သူငယ်ချင်းမိတ်ဆွေတွေ၊ကျွန်တော်တို့ရဲ့မိဘဆွေမျိုးမောင်နှမတွေဟာနေ့စဉ်နေ့တိုင်းတစ်ယောက်ပြီးတစ်ယောက်ရောဂါဆိုးတွေအောက်မှာအသက်ပေးပြီးသေဆုံးနေကြရပါပြီ။ကျွန်တော်တို့တွေသူတို့အတွက်ဘာတွေလုပ်ပေးနိုင်ကြမလဲ?။သူတို့တွေဖြစ်နေတာကိုငါနဲ့မဆိုင်သေးဘူး၊ငါ့အလှည့်လဲမကျသေးဘူး၊အေးဆေးပဲဆိုပြီးကိုယ့်အလှည့်ရောက်အောင်လက်ကလေးပိုက်ပြီးထိုင်စောင့်နေကြတော့မှာလား?။ကျွန်တေ်တို့အောင်လံသစ်ပြန်ထူချင်တယ်။(လူတိုင်းကျန်းမာ၊သက္ကရာဇ်နှစ်ထောင့်တစ်ရာမှာ)ဆိုတဲ့အောင်လံသစ်ကိုအားလုံးဝိုင်းပြီးစိုက်ထူကြရမယ်။ဒီအတွက်ဆရာဝန်တွေကစပြီးလူတန်းစားအားလုံးပါဝင်ဖို့လိုအပ်တယ်။အရင်းရှင်တွေသိမ်းပိုက်ထားတဲ့ကျွန်တော်တို့ရဲ့ကျန်းမာစွာနေထိုင်ခွင့်ကိုကျွန်တော်တို့ပြန်ရယူချင်တယ်။ ——— ကျွန်တော်ဒီခေတ်အရင်းရှင်ဆေးပညာကိုဝေဖန်ရေးသားနေတာဟာပုဂ္ဂိုလ်စွဲမဟုတ်သလို၊ဆရာဝန်တွေကိုလဲဝေဖန်ပုတ်ခတ်နေတာမဟုတ်ဘူးဆိုတာကိုတော့ပြတ်ပြတ်သားသားလေးသိစေချင်ပါတယ်။၊ဒီခေတ်ဆေးပညာဟာလူသားတွေအတွက်ကောင်းကျိုးလုံးဝဖြစ်မလာပဲ၊အရင်းရှင်ဆေးကုမ္မဏီကြီးတွေ၊အရင်းရှင်ဆေးရုံဆေးခန်းကြီးတွေကောင်းစားဖို့အတွက်ဖြစ်သွားရတာပါ။အရင်းရှင်စနစ်ဆိုးကြီးဟာအမေရိကန်နိုင်ငံကအစပြုပြီးတကမ္ဘာလုံးမှာကြီးစိုးနေပါပြီ။အခုခေတ်မှာဖြစ်ပွားနေတဲ့ကင်ဆာ၊ဆီးချို၊နှလုံးအစရှိတဲ့ရောဂါတွေကိုအလွယ်ဆုံးနည်းနဲ့ကုန်ကျစရိတ်မရှိပဲကုသလို့ရတဲ့သဘာဝနည်းလမ်းတွေအများကြီးရှိနေပါတယ်။သုသေသနအထောက်အထားတွေလဲအခိုင်အမာရှိနေပါတယ်။ဒါပေမဲ့မိခင်သဘာဝကပေးတဲ့သဘာဝဆေးဝါးတွေကိုဘယ်သူကမှတစ်ဦးတစ်ယောက်တည်းမူပိုင်ခွင့်(Patent)လုပ်ထားလို့မရသလို၊ရောဂါကိုလဲအရှင်းအပြတ်ပျောက်ကင်းသွားစေနိုင်တဲ့အတွက်လူနာကိုလဲရေရှည်နဖားကြိုးတပ်ထားလို့မရနိုင်ပါဘူး။ဒီအကြောင်းနှစ်ချက်ကြောင့်အရင်းရှင်ဆေးကုမ္မဏီကြီးတွေ၊ဆေးရုံဆေးခန်းကြီးတွေကတကယ်ပျောက်ပေမဲ့ပိုက်ဆံကိုရေရှည်ဆွဲပြီးတောင်းလို့မရနိုင်တဲ့သဘာဝနည်းလမ်းတွေကိုလုံးဝစိတ်မဝင်စားကြပါဘူး။ ———- စိတ်မဝင်စားကြတဲ့အပြင်ဒီနည်းလမ်းတွေကိုလူတွေသိကုန်မှာစိုးလို့မီဒီယာတွေကိုသုံး၊ငွေကြေးတွေအကုန်အကျခံပြီးသတင်းမှားတွေဖြန့်လွှင့်၊သုသေသနအလိမ်အညာတွေလုပ်ပြပြီးတော့အကြီးအကျယ်ကိုဖျက်ဆီးတိုက်ခိုက်နေကြပါတယ်။တလောကတောင်(Green Tea)တွေသောက်လို့လူတွေဒုက္ခရောက်ပါတယ်ဆိုပြီးနာမည်ကြီးမီဒီညာတခုကထလုပ်လိုက်သေးတယ်။တစ်ကယ်တန်းလက်တွေ့မှာ(Green Tea)သောက်လို့သေကြေးဆိုရင်ဂျပန်တွေတယောက်မှကိုမကျန်တော့ဘူး။နောက်ပြီး(Vitamin D)သောက်ရင်အကြောတွေခိုင်သွားတဲ့ရောဂါရတတ်တယ်လို့နာမည်ကြီးမီဒီညာတခုကဂျင်းထည့်ပြန်တယ်။(Vitamin D)ကြောင့်အကြောတွေခိုင်ကြေးဆိုရင်၊နေပူထဲမှာအလုပ်လုပ်နေရတဲ့လူတွေပိုလီယိုရောဂါသည်တွေလိုအကြောဆွဲနေတာကြာလှပြီ။မီဒီညာပြောတိုင်းတော့မယုံကြပါနဲ့မိမိအသိဉာဏ်နဲ့အကျိုးအကြောင်းညီညွတ်သလားမညီညွတ်သလားစဉ်းစားကြပေါ့။ ———————– ခေတ်သစ်ဆေးပညာနဲ့ဆရာဝန်တွေကပြောသေးတယ်၊တိရိစ္ဆာန်အဆီတွေ၊ထောပါတ်တွေ၊အုန်းဆီတွေမစားကြနဲ့တဲ့၊အဲဒါတွေကပြည့်ဝဆီတွေတဲ့၊ပြည့်ဝဆီတွေစားလို့(LDL)ကော်လက်စထရောတွေတက်လာပြီးလူတွေနှလုံးရောဂါဖြစ်ကြတာတဲ့။ပြည့်ဝဆီကလာတဲ့(LDL)ကော်လက်စထရောကသိပ်ဆိုးတယ်တဲ့။သူကနှလုံးသွေးကြောတွေမှာပိတ်ပြီးလူတွေနှလုံးရပ်သေကြတာတဲ့။နှလုံးရောဂါဟာကမ္ဘာပေါ်မှာ(၁၉၇၀)နောက်ပိုင်းကစပြီလူတွေအသေအပျောက်တဖြေးဖြေးများလာလို့အခုဆိုရင်နှလုံးရောဂါဟာကမ္ဘာပေါ်မှာအသေအပျောက်အများဆုံးရောဂါတခုဖြစ်လာနေပြီတဲ့။ကော်လက်စထောဟာနှလုံးအတွက်သိပ်ဆိုးစေတယ်ဆိုတဲ့အကြောင်းကိုလဲကော်လက်စထရောကျဆေးထုတ်ရောင်းတဲ့ကုမ္မဏီကြီးတွေကသေသေချာချာသုသေသနတွေလုပ်ပေးထားတဲ့အထောက်အထားတွေအများကြီးရှိနေတယ်တဲ့။မယုံမရှိကြနဲ့တဲ့။ခင်ဗျားတို့ယုံကြလား?ဖြစ်နိုင်လား? ——— ခေါင်းထဲမှာဦးနှောက်ပါတာပဲ၊မိမိအသိဉာဏ်နဲ့အကျိုးအကြောင်းညီညွတ်သလားမညီညွတ်ဘူးလားစဉ်းစားရမှာပေါ့။ကျွန်တော်ပြန်မေးမယ်။ကမ္ဘာဦးတုံးကလူတွေဘာအဆီစားခဲ့ကြလဲ?။အဲဒီလူတွေဟာ(supermarket)တွေမှာဆီကိုပုလင်းတွေနဲ့ဝယ်စားကြတာလား?။အမဲလိုက်လို့ရတဲ့တိရိစ္ဆာန်အဆီ၊နို့ကရတဲ့ထောပါတ်၊အုန်းပင်ကရတဲ့အုန်းဆီစတဲ့ပြည့်ဝဆီတွေပဲစားခဲ့ကြတာမဟုတ်ဘူးလား။ကမ္ဘာဦးကတည်းကပြည့်ဝဆီကလွဲလို့ဘာဆီများတခြားစားစရာရှိလဲ၊အဲဒီရှေးတုံးကလူတွေတယောက်တလေလောက်နှလုံးရောဂါရတယ်။(heart attack)ဖြစ်ပြီးသေကြတယ်ဆိုတာရာဇဝင်တွေထဲဖတ်ဖူးကြားဖူးကြလား။မဟာဇာနကမင်းသားဟာ၊သင်္ဘောပေါ်မှာရသမျှထောပါတ်တွေပြည့်ဝဆီတွေသောက်ပြီးတော့ရွက်တိုင်ထိပ်တက်၊ခုန်ချပြီးတော့သမုဒ္ဒရာထဲမှာ(၇)ရက်ကူးဖြတ်တာကူးနေရင်းနဲ့ပြည့်ဝဆီတွေကြောင့်(Heart attack)ရတယ်ဆိုတာရောကြားဖူးကြလား?။ ——– အမေရိကန်ရဲ့နှလုံးရောဂါကာကွယ်ရေးအဖွဲ့(American Heart association)ကဒီလိုစကားမျိုးကို(၁၉၇၀)နောက်ပိုင်းမှာထုတ်ပြန်ကြေငြာပြီးဂျင်းထည့်လိုက်လို့၊လူတိုင်းတကမ္ဘာလုံးပြည့်ဝဆီကိုကြောက်ပြီးရှောင်လိုက်ကြတယ်။ပြည့်ဝဆီနေရာမှာသကြားကိုပိုစားလာကြတယ်။အဲဒီပြည့်ဝဆီကိုဖြတ်လိုက်တဲ့အချိန်ကစပြီးအခုအချိန်အထိကမ္ဘာပေါ်မှာ(Heart attack)ကြောင့်သေကြရတာသောက်သောက်လဲပါပဲ။အခုတော့နှလုံးရောဂါဟာအသေအပျောက်အများဆုံးရောဂါဖြစ်သွားပြီ။ပြည့်ဝဆီတွေစားလို့သေတာလား။ပြည့်ဝဆီတွေဖြတ်လိုက်လို့သေတာလား။အခုမနေ့တနေ့ကမှစဖြစ်လာတဲ့နှလုံးရောဂါရဲ့တရားခံကိုကမ္ဘာဦးကတည်းကနှစ်ပေါင်းသန်းနဲ့ချီပြီးစားလာတဲ့ဆီကြောင့်ဆိုပြီးတော့စွဲချက်တင်တယ်ဆိုတော့တရားသလား?။အမေရိကန်ရဲ့နှလုံးရောဂါကာကွယ်ရေးအဖွဲ့(American Heart association)ကဒီလိုစကားမျိုးပြောလိုက်တာနှလုံးရောဂါဆေးတွေ၊ကော်လက်စထရောကျဆေးတွေရောင်းတဲ့ဆေးကုမ္မဏီတွေဆီကငွေဘယ်လောက်ရလိုက်သလဲ?။စဉ်းစားစရာပါ။ဒီခေတ်ဆေးပညာဟာယခုအချိန်အထိအဲဒီအဖွဲ့ကြီးရဲ့လမ်းညွန်မှုအတိုင်းဆက်သွားနေတုန်းပါပဲ။ ——————- ပြန်ဆက်မယ်ဗျာ။သဘာဝဆေးဝါးတွေဆိုတာကဘယ်သူမှတစ်ဦးတည်းကိုယ်ပိုင်လုပ်ပြီးလက်ဝါးကြီးအုပ်ထားလို့မရပါဘူး။ဥပမာတခုပေးရရင်မြင်းခွာရွက်ကဘာရောဂါ၊ညာရောဂါတွေပျောက်ပါတယ်လို့ပြောလို့အရင်းရှင်ဆေးကုမ္မဏီကြီးတွေပိုက်ဆံတပြားမှမရနိုင်ဘူး။မြင်းခွာရွက်ကိုလဲငါ့ကုမ္မဏီမူပိုင်လို့လုပ်ထားပြီးတကမ္ဘာလုံးကလူတွေငါ့ကုမ္မဏီရဲ့ခွင့်ပြုချက်မရပဲ၊ငါ့ဆီကမဝယ်ပဲနဲ့ဘယ်သူမှမြင်းခွာရွက်သုံးခွင့်မရှိဘူး၊သုံးရင်တရားစွဲမယ်လို့လုပ်ထားလို့လဲမရဘူး။အရင်းရှင်ဆေးပညာစနစ်ဟာရောဂါအရင်းအမြစ်ကိုပျောက်အောင်မကုပဲရောဂါကနေဖြစ်လာတဲ့အပေါ်ယံလက္ခဏာလေးကိုမှေးပြီးတော့ယာယီကလေးသက်သာနေအောင်လုပ်ထားပြီးမှအောက်ခံရောဂါအစစ်ကိုပိုပိုပြီးဆိုးလာအောင်လောင်စာတွေမီးထိုးပေးထားတော့မှရေရှည်စားရမှာလေ။ဒီတော့အဲဒီလိုဆေးတွေကိုသာတမင်ထွင်လိုက်တယ်။ပြီးရင်တစ်ဦးတည်းမူပိုင်ခွင့်တင်လိုက်တယ်။လူနာတွေကိုရောင်းတယ်။ဆေးကလဲရည်ရွယ်ထားတဲ့အတိုင်းရောဂါရဲ့အပေါ်ယံလက္ခဏာကိုသက်သာစေတယ်။အောက်ခံတကယ့်ရောဂါပိုပိုဆိုးလာတယ်ဆိုတာလူမသိဘူး။အပေါ်ယံလက္ခဏာလေးသက်သာတော့နံမည်လေးရလာတယ်။ဆရာဝန်တွေကိုကော်မရှင်စားပေးထားရင်တော့၊ဆရာဝန်တွေကညွှန်ပေးတော့လက်မလည်အောင်ပိုရောင်းရတယ်။တစ်ယောက်ထဲမူပိုင်ခွင့်လုပ်ထားတော့ပိုက်ဆံအကုန်ကိုပဲရတယ်။ဘယ်ဆေးကုမ္မဏီမှဆေးတလုံးထဲသောက်လိုက်ရုံနဲ့ရောဂါအရှင်းပျောက်တဲ့ဆေးမတီထွင်ဘူး။ခင်ဗျားတို့တီထွင်ပြီးသွားရောင်းရင်လဲသူတို့စိတ်မဝင်စားဘူး။သူတို့စိတ်ဝင်စားတာကရောဂါသက်သာသလိုလိုနဲ့ပိုပြီးရင့်ရင့်၊ဆိုးဆိုးလာတဲ့ဆေး၊တဖြေးဖြေးတိုးတိုးပြီးပိုပိုသောက်လာရမဲ့ဆေး၊ရောဂါမပျောက်ပဲလက္ခဏာလေးပျောက်အောင်ခဏလေးဖုန်းဖိထားပေးမဲ့ဆေး၊မသေမချင်းတသက်လုံးစွဲသောက်ရမယ့်ဆေးကိုပဲစိတ်ဝင်စားကြတာပါ။ —————- မြဲမြဲမှတ်ထားရမှာကဆေးတခုကိုတိုးတိုးပြီးသောက်နေရတယ်ဆိုကတည်းကအဲဒီဆေးဟာဒီရောဂါကိုပျောက်အောင်ကုပေးမဲ့ဆေးမဟုတ်ဘူးဆိုတာသေချာတယ်။ရောဂါကအရင်ကထက်ပိုပြီးဆိုးဆိုးလာလို့သာဆေးကိုတိုးတိုးသောက်နေရတာပါ၊ရောဂါသာသက်သာသွားမယ်ဆိုရင်တဖြေးဖြေးလျော့လျော့ပြီးသောက်ရမှာပေါ့။နောက်ဆုံးရောဂါပျောက်သွားလို့သောက်စရာတောင်မလိုတော့ဘူးပေါ့။ဆီးချိုဆေးတွေမှာတစ်နေ့ထက်တနေ့လျော့လျော့ပြီးသောက်ရတဲ့ဆေး၊နောက်ဆုံးရောဂါပျောက်သွားလို့၊သောက်စရာမလိုတော့ပဲဖြတ်လိုက်ရတဲ့ဆေးမျိုးရှိလား?။ရှိရင်ညွန်ပေးကြပါဗျာ၊ကျွန်တော်လဲဝယ်ထားချင်လို့ပါ။အခုခေတ်မှာကျန်းမာရေးအတွက်ဆေးပညာဆိုတာမရှိတော့ပါဘူး၊စီးပွါးရေးအတွက်ဆေးပညာဖြစ်သွားပါပြီ။လူတိုင်းလူတိုင်းကျန်းမာရေးဗဟုသုတရှိမှသာအသက်ရှည်ကျန်းမာနိုင်ပါမယ်။ဒီစကားတွေကိုမယုံရင်တော့နောင်တကောင်းကောင်းရပါလိမ့်မယ်။ဒါပေမဲ့ဒီဘဝမှာတော့ရမှာမဟုတ်ဘူး၊နောင်ဘဝကြမှနောင်တရပါလိမ့်မယ်။ ———————— Type-2 Diabetes)အကြောင်းဆက်ပါဦးမယ်။အပိုင်း(၃)မှာတုံးကပြောထားတဲ့အတိုင်းဒီရောဂါနဲ့ဆက်စပ်နေတဲ့အသဲရဲ့ပင်မလမ်းကြောင်းကြီးလေးခုထဲက၊နံပါတ်(၁)ဖြစ်တဲ့(hepatic gluconeogenesis pathways)လို့ခေါ်တဲ့အသဲကနေသကြားဓါတ်ဂလူးကို့စ်(Glucose)ထုတ်ပေးနေတဲ့လမ်းကြောင်းအကြောင်းကိုဆက်ပြီးလေ့လာကြည့်ကြပါစို့။(Type-2 Diabetes)သမားတစ်ယောက်ဟာအိပ်ခါနီးသွေးဖေါက်တိုင်းကြည့်တော့သွေးထဲမှာလဲသကြားဓါတ်ကသိပ်အမြင့်ကြီးတက်မနေဘူး။အိပ်ရာမဝင်ခင်မှာလဲဘာမှမစားပဲနဲ့အိပ်ရာဝင်လိုက်တယ်။နောက်နေ့မနက်အိပ်ရာကနိုးတော့လဲဘာမှမစားခင်(Fasting)အချိန်မှာသွေးဖေါက်ပြီးဂလူးကို့စ်တိုင်းကြည့်တော့ အရမ်းမြင့်တက်နေတယ်ဆိုရင်မဖြစ်မနေလုပ်ရမှာကအစာမစားခင်မနက်စောစောဓါတ်ခွဲခန်းတခုသွားပြီး(fasting Insulin)ကိုတိုင်းတာရပါမယ်။မြန်မာပြည်မှာ(fasting Insulin)တိုင်းပေးတဲ့(lab)တွေအများကြီးရှိနေပါပြီ။ ————— (၁)မိမိကိုယ်တိုင်သေချာတိုင်းကြည့်ထားတာဂလူးကိုယ့်စ်ဟာမိမိဘာမှထပ်မစားပဲညကထက်မနက်ပိုင်းမှာပိုပြီးမြင့်တက်နေတယ်။အပြင်ကသကြားဓါတ်လာတာမဟုတ်ပဲနဲ့မိမိအသဲကသာသကြားထုတ်လုပ်ပေးနေပြီး၊ထုတ်လုပ်မှုကိုရပ်တန့်သင့်တဲ့အချိန်မှာမရပ်တန့်နိုင်လို့သာမနက်ပိုင်းသွေးထဲမှာသကြားဓါတ်တွေတက်နေတာပါလား။ (၂)ဘာမှမစားခင်အင်ဆူလင်တိုင်းကြည့်တော့လဲမိမိသွေးထဲမှာလဲအင်ဆူလင်ကလဲမြင့်တက်နေပြန်တယ်။ဒီလိုဆိုတော့ပန်ကရိယကပျက်စီးနေတာမဟုတ်လို့သာအင်ဆူလင်ကိုလုံလောက်စွာထုတ်ပေးနေနိုင်တာကတော့သေချာနေပြီ။သို့သော်ထုတ်ထားပေးတဲ့အင်ဆူလင်တွေကသွေးထဲမှာအများကြီးရှိနေရက်သားနဲ့၊အသဲကအင်ဆူလင်ရဲ့စကားကိုနားမထောင်ပဲသကြားထုတ်လုပ်မှု့ကိုမရပ်တန့်နိုင်ပဲဆက်လုပ်နေတာဟာငါ့အသဲမှာအင်ဆူလင်ခုခံမှု(hepatic insulin resistant)ဆိုတဲ့ရောဂါဖြစ်နေတယ်ဆိုတာသေချာနေပါလား။ —————- တကယ်တော့ဆီးချိုရောဂါဆိုတာမရှိပါလား။သွေးထဲမှာသကြားဓါတ်များနေတဲ့လက္ခဏာဆိုတာကလဲငါ့အသဲမကောင်းလို့အသဲကပုံမှန်အလုပ်မလုပ်နိုင်လို့သာသကြားဓါတ်ထုတ်လုပ်မှု့ကိုမရပ်တန့်ပြစ်နိုင်လို့ဖြစ်လာရတဲ့ရောဂါရဲ့လက္ခဏာပါလားဆိုပြီးအကြောင်းတရားကြောင့်ဖြစ်လာရတဲ့အကျိုးတရားဆိုတာကိုတိတိကျကျသိရပါတော့မယ်။သိတယ်ဆိုတာကလဲသူများကလာပြောပြလို့သိရတာလဲမဟုတ်ဘူး။ဆရာဝန်ပြောလို့သိရတာလဲမဟုတ်ဘူး၊စာအုပ်ထဲမှာရေးထားလို့သိရတာလဲမဟုတ်ဘူး။အပြင်မှာလက်တွေ့မိမိကိုယ်တိုင်တိုင်းကြည့်လို့သိလိုက်ရတာ။ဒီထက်ခိုင်မာတဲ့အရာဆိုတာမရှိနိုင်တော့ပါဘူး။အကျိုးအကြောင်းတွေအားလုံးညီညွတ်နေပြီဆိုတော့ဒီနေရာမှာဆုံးဖြတ်ချက်ပြုတ်ပြုတ်သားသားချနိုင်ဖို့ပဲလိုအပ်ပါတော့တယ်။ဘယ်လိုဆုံးဖြတ်ရမလဲဆိုတော့၊ငါဖြစ်နေတာကအသဲရောဂါ၊ငါကုနေတာကသွေးထဲကသကြားဓါတ်၊ငါ့ဆရာဝန်ပေးနေတဲ့ဆေးတွေကလဲအသဲကျန်းမာလာအောင်ကုတဲ့ဆေးတခုမှမပါဘူး။ငါနဲ့ငါ့ဆရာဝန်နဲ့ငါအတူတကွကြိုးစားနေတာကသွေးထဲမှာရှိတဲ့သကြားဓါတ်ကျဆင်းရေး၊ဒါဟာရောဂါကိုမကုပဲရောဂါကဖြစ်ပေါ်လာတဲ့လက္ခဏာသက်သက်ကိုထိုင်ကုနေကြပါလားဆိုတာသေချာသိကိုသိရတော့မယ်။ ————————– …

အပိုင်း(၄)။ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ။ Read More »

အပိုင်း(၃)။ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ။

Source from Kelvin A. Power’s Facebook on August 6, 2019 အရေးအကြီးဆုံးအချက်ကဆီးချိုရော(Type-2 Diabetes)အကြောင်းရေးနေတာပဲလေငါနဲ့မဆိုင်ပါဘူးဆိုပြီးတော့ကျော်မသွားမိပါစေနဲ့။မိမိမှာဆီးချိုရောဂါရှိရှိ၊မရှိရှိ၊လူ့ခန္ဓာကိုယ်ရှိနေသရွေ့၊ဒီဆောင်းပါးဟာလူတိုင်းနဲ့ဆိုင်သလို၊လူတိုင်းအတွက်တန်ဖိုးလဲရှိပါတယ်။ကျွန်တော်ကဆီးချိုရောဂါ(Type-2 Diabetes)လို့သာခေါင်းစဉ်တပ်ထားတာပါတကယ်တော့ဆီးချိုရောဂါအကြောင်းရေးနေတာတော့မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ဆီးချိုတယ်၊သွေးချိုတယ်ဆိုတာကရောဂါမှမဟုတ်တာ။နောက်ကွယ်မှာဖြစ်နေတဲ့ရောဂါတစ်ခုကြောင့်ဆီးချိုတယ်၊သွေးချိုတယ်ဆိုတဲ့မြင်သာထင်ရှားတဲ့လက္ခဏာဖြစ်ပေါ်လာရတယ်တိုတာကိုအပိုင်း(၁)မှာလဲသေချာရှင်းပြပြီးသွားပါပြီ။ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့ဆီးချိုအမျိုးအစား(၂)၊(Type-2 Diabetes)ကိုဖြစ်ပေါ်စေတဲ့မူရင်းအကြောင်းတရားဟာကမ္ဘာပေါ်မှာဖြစ်နေတဲ့နာတာရှည်ရောဂါအားလုံးနဲ့ဆက်စပ်တူညီနေလို့ပါပဲ။ ——- ဆီးချိုအမျိုးအစား(၂)ဆိုတာဟာနှလုံးရောဂါ၊အဆုတ်ရောဂါ၊ကျောက်ကပ်ရောဂါ၊နှလုံးသွေးကြောကျဉ်းရောဂါ၊လေဖြတ်ရောဂါ၊နာတာရှည်ရောဂါ၊(autoimmune)ရောဂါ၊ကင်ဆာရောဂါအစရှိတဲ့ရောဂါတွေနဲ့တိုက်ရိုက်ဆက်စပ်နေပြီးတော့ရောဂါအားလုံးရဲ့အစပျိုးရာမိခင်ကြီးဖြစ်နေလို့ပါပဲ။ဆီးချိုအမျိုးအစား(၂)ဖြစ်ပြီဆိုရင်ဒီမှာတင်ရပ်မနေပါဘူး။အနှေးတဲ့အမြန်ရှုပ်ထွေးမှု(Complication)ဆိုတာဖြစ်လာပြီးတော့တခြားရောဂါအမျိုးမျိုးတွေပါအလွယ်တကူဖြစ်လာတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီရောဂါဖြစ်စေတဲ့အခြေခံအကြောင်းတရားကတခြားရောဂါတွေအားလုံးကိုဖြစ်စေတဲ့အခြေခံအကြောင်းတရားနဲ့တထပ်တည်းကျနေလို့ပါပဲ။ ———— ကျွမ်းကျင်လိမ္မာသောလယ်သမားတစ်ယောက်ဟာကောက်ပင်တွေကိုရိတ်သိမ်းမယ်ဆိုရင်တပင်ချင်းလိုက်ပြီးမရိတ်သိမ်းနေပါဘူး။လက်တဖက်ကကောက်ပင်တွေအားလုံးကိုစုပြီးကျစ်ကျစ်ဆုတ်ကိုင်လိုက်ပြီးတော့ကျန်တဲ့လက်တဖက်ကတံစဉ်ကိုကိုင်ပြီးအကုန်လုံးကိုတစ်ချက်တည်းနဲ့ဖြတ်ချလိုက်တာပါ။ဆိုလိုတာကခင်ဗျားတို့မှာအသိပညာတွေကြွယ်ဝလာပြီး၊ဒီရောဂါတခုလောက်ကိုမိမိမှာမဖြစ်အောင်ကာကွယ်ထားနိုင်ရင်၊ဒါမှမဟုတ်မိမိမှာဖြစ်နေတာကိုပျောက်အောင်ကုသလိုက်နိုင်ရင်တခြားရောဂါတွေအားလုံးကိုလဲအလိုလိုကာကွယ်ပြီးသားကုပြီးသားဖြစ်သွားမယ်ဆိုတာကိုဆိုလိုချင်တာပါ။ခုတ်တတ်ရင်၊တစ်ချက်ခုတ်လိုက်တာနဲ့ဆယ်ချက်လောက်ပြတ်ပါတယ်။ ———— ဒီလောက်ရှည်ရှည်ရေးနေတာစကားရှည်ရှည်ပြောချင်လို့မဟုတ်ပါဘူး။ခင်ဗျားတို့မှာဖြစ်နေတဲ့(သို့) ဖြစ်လာနိုင်တဲ့နာတာရှည်ရောဂါအမျိုးမျိုးကိုဆရာဝန်တွေကုလို့မပျောက်သလိုကျွန်တေ်ာ်လဲကုပေးလို့မရပါဘူး။တကယ်ခင်ဗျားတို့ကိုကုပေးနိုင်တာကခင်ဗျားတို့ကိုယ်တိုင်သာလျှင်ဖြစ်ပြီးတော့ပျောက်မပျောက်ကတော့ခင်ဗျားတို့ရဲ့ကိုယ်ပိုင်အသိပညာ၊အတတ်ပညာနဲ့ကျန်းမာရေးဗဟုသုတတွေအပေါ်မှာပဲမူတည်နေပါတယ်။ကျွန်တော်ကဒါတွေတော့မစားကြပါနဲ့။ဒါတွေတော့ရှောင်ကြပါ။ဟိုဟာတွေကိုတော့စားကြပါ၊ဟိုဆေးတွေတော့သောက်ပါ၊ဒီဆေးတွေတော့မသောက်ပါနဲ့လို့လိုက်ပြောနေရင်ဘာနဲ့တူမလဲဆိုတော့နွားကိုပလာတာကျွေးတာနဲ့သွားတူနေပါလိမ့်မယ်၊လာကျွေးလို့တာဝါးစားနေရတာပါပျော့စိစိနဲ့ဘာစားလို့စားနေရမှန်းလဲမသိဘူးကောက်ရိုးမဟုတ်တာတော့သေချာတယ်ဆိုပြီးတော့ထိုင်ဝါးနေလို့ကတော့ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ———– လောကမှာလူမိုက်တစ်မျိုးနဲ့ပညာရှိသုံးမျိုးရှိပါတယ်။ဘာကွာလဲဆိုတော့လူမိုက်ကသူများပါးစပ်ဖျားလမ်းဆုံးပြီးသူများပြောတဲ့အတိုင်းမဆင်မချင်လိုက်လုပ်တယ်။စာလဲမဖတ်ဘူး၊ဗဟုသုတလဲမရှာဘူး။အကျိုးအကြောင်းဘာမှလဲမသိဘူး။အကျိုးအကြောင်းရှာဖို့လဲစိတ်မဝင်စားဘူး။ကျန်းမာရေးဗဟုသုတမရှာဘူး။မိမိရဲ့အသက်ကိုဆရာဝန်တွေဆေးရံကြီးုတွေအရင်းရှင်ဆေးကုမ္မဏီကြီးတွေရဲ့လက်ထဲကိုပုံအပ်ပေးထားလိုက်တယ်။ပညာနဲနဲရှိတဲ့လူကြတော့နဲနဲပါးပါးစာဖတ်တယ်။ကိုယ်တိုင်ကျန်းမာရေးဗဟုသုတရှာဖွေတယ်။ဗဟုသုတတွေကိုအခြေခံပြီးတော့လုပ်တယ်။ဒီထက်ပိုပြီးပညာရှိလာတဲ့လူကြတော့စာဖတ်တယ်၊ဗဟုသုတရှာဖွေတယ်။ရလာတဲ့ဗဟုသုတကိုဟုတ်မဟုတ်ကိုယ်တိုင်သုသေသနတွေလက်တွေ့စမ်းသပ်လုပ်ကြည့်တယ်။လုပ်ကြည့်တော့လုပ်တဲ့အတိုင်းဖြစ်လာတယ်။ဒါပေမဲ့ဘာဖြစ်လို့ဒီလိုဖြစ်လာရတယ်ဆိုတာကိုတော့အကျိုးအကြောင်းဆက်စပ်ပြီးရှင်းမပြနိင်ဘူး။သေချာလဲမသိဘူး။ပညာအရှိဆုံးလူကတော့ဖြစ်စဉ်တစ်ခုကိုအကျိုးနဲ့အကြောင်းနဲ့ဆက်စပ်ပြီးသေချာသိတယ်၊ဘာအကြောင်းကြောင့်ဘာအကျိုးဖြစ်ရတယ်။ဘာအကြောင်းကိုပါယ်လိုက်ရင်ဘာအကျိုးပျက်စီးသွားမယ်ဆိုတာကောင်းကောင်းသိသလိုသူများကိုလဲနားလည်အောင်ပြန်လည်ရှင်းပြနိုင်တယ်၊ပြန်လဲသင်ကြားပေးနိုင်တယ်။ဒီလေးယောက်မှာခင်ဗျားတို့တွေကိုနောက်ဆုံးအမျိုးအစားပညာအရှိဆုံးလူမျိုးတွေအဖြစ်ပဲဖြစ်စေချင်လို့တမင်အချိန်ကုန်ခံပြီးသဘောတရားအသေးစိတ်တွေကိုရေးပေးနေတာ။ဒီရောဂါမဖြစ်အောင်ဒါတွေရှောင်ကွာ၊ဒါတွေမစားနဲ့ကွာဘာဖြစ်လို့လဲဆိုတာလာမမေးနဲ့ပြောတဲ့အတိုင်းသာလုပ်ပါလို့ကျွန်တော်မပြောလိုဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော့်စာဖတ်မယ့်လူမျိုးတွေကငပိန်းတွေ၊ငတုံးတွေမှမဟုတ်တာ။ငပိန်းတွေငတုံးတွေကလဲဒီလိုစာမျိုးကိုဘယ်တော့မှအချိန်ကုန်ခံပြီးမဖတ်ဘူးဆိုတာသေချာပါတယ်။ ———- ဆိုလိုတာကကျွန်တော်ကခင်ဗျားတို့ကိုရောဂါပျောက်အောင်ကုပေးမှာမဟုတ်ပါဘူး။ခင်ဗျားတို့ကိုယ့်ကိုယ်ကိုပျောက်အောင်ကုနိုင်ဖို့အကျိုးအကြောင်းသဘောတရားတွေကိုသိအောင်သင်ပေးနေရတာဖြစ်လို့ကျွန်တော်ရေးတဲ့စာတွေကရှည်တော့ရှည်ပါတယ်။ကျန်းမာရေးပညာဆိုတာသက်စောင့်ပညာဖြစ်နေလို့ရှည်သလောက်လဲဘဝအတွက်အလွန်အသုံးဝင်ပြီ်းအကျိုးရှိနိုင်ပါတယ်။ရေးရတာရှည်လဲရှည်အပိုင်းဆက်တွေလဲများလို့တချို့ကကုလားကားရိုက်နေတာလားလို့ထင်ချင်ထင်မယ်။ကျွန်တော်ကုလားကားရိုက်နေတာမဟုတ်ပါဘူး။ကျန်းမာရေးပညာဟာအလွန်နုးညံ့သိမ်မွေ့လွန်းလို့အခြေခံသဘောတရားကအစသေချာတဖက်ကမ်းခတ်သိရှိနားလည်စေဖို့စေတနာထားအချိန်ကုန်ခံပြီးတင်ပေးနေတာပါ။ကျွန်တော့်စာဖတ်တဲ့လူတွေအကုန်လုံးသဘောတရားကိုကျမ်းလျောက်နေတာမဟုတ်ပဲကျမ်းပေါက်အောင်သေချာနားလည်တော့မှကိုယ်သိတဲ့အသိပညာအတတ်ပညာနဲ့ကိုယ်တယောက်ထဲအတွက်အကျိုးရှိရုံတင်မကပဲ၊ကိုယ့်မိသားစု၊ကိုယ့်ပါတ်ဝန်းကျင်၊ကိုယ့်အသိုင်းအဝိုင်း၊ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုးအတွက်လဲအကျိုးရှိဖို့လိုအပ်ပါသေးတယ်။အဲဒီလိုအများအကျိုးအတွက်ခင်ဗျားတို့ဆီကနေတဆင့်ပြန့်ပွားစေချင်တဲ့ရည်ရွယ်ချက်ရှိလို့ကိုသေချာအသေးစိတ်စေတနာထားပြီးရေးပေးနေရတာပါ။ ————— ဆီးချိုအမျိုးအစား(၂)၊(Type-2 Diabetes)အကြောင်းပြန်ဆက်ကြရအောင်၊အပိုင်း(၂)မှာတုံးကဒီရောဂါဟာအသဲကြောင့်ဖြစ်တာပါ၊အသဲရောဂါလို့ကျွန်တော်သေသေချာချာရှင်းပြထားပြီးပါပြီ။မသိသေးတဲ့လူတွေရှိရင်အပိုင်း(၁)နဲ့အပိုင်း(၂)ကိုအရှင်ရှာပြီးဖတ်ကြပါ။ဒါကအပိုင်း(၃)ပါ။ဒီရောဂါဟာအသဲကြောင့်ဖြစ်တယ်ဆိုတော့အသဲကဘာတွေချွတ်ယွင်းပျက်စီးသွားလို့လဲဆိုတာကိုသေချာသဘောပေါက်အောင်အသေးစိတ်ရှင်းပြပါမယ်။အသဲဆိုတာလူ့ခန္ဓာကိုယ်တခုလုံးမှာအလွန်အဓိကကျပြီးအလုပ်လဲအများဆုံးအင်္ဂါတွေထဲကတစ်ခုဖြစ်ပါတယ်။အသဲမှာလုပ်ငန်းဆောင်တာပေါင်း(၅၀၀)လောက်နေ့စဉ်လုပ်ဆောင်နေရပါတယ်။အဲဒီလုပ်ငန်းတွေထဲကအဓိကကျပြီးဒီရောဂါနဲ့ဆက်စပ်နေတဲ့လုပ်ငန်းလမ်းကြောင်းကြီး(၄)ခုကိုဦးစားပေးပြီးဆွေးနွေးသွားပါမယ်။သေသေချာချာတော့နားလည်အောင်ဖတ်ပါ။နားမလည်ရင်လဲနှစ်ခေါက်သုံးခေါက်ပြန်ဖတ်ပေးပါ။ခင်ဗျားတို့သေချာနားလည်တော့မှသူများတွေကိုပြန်ရှင်းပြနိုင်မှာမို့လို့ပါ။ —————- နံပါတ်(၁)ကတော့(hepatic gluconeogenesis pathways)လို့ခေါ်တဲ့အသဲကနေသကြားဓါတ်ဂလူးကို့စ်(Glucose)ထုတ်ပေးနေတဲ့လမ်းကြောင်းပါ။ —— နံပါတ်(၂)ကတော့ (hepatic de novo lipogenesis pathway)လို့ခေါ်တဲ့အသဲကအဆီမဟုတ်တဲ့ဂလူးကို့စ်တွေကိုအဆီအဖြစ်ပြောင်းလဲပြစ်ကာအသဲကနေသယ်ဆောင်ထုတ်သွားပြီးခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာသိမ်းဆည်းတဲ့လမ်းကြောင်းပါ။ ———— နံပါတ်(၃)ကတော့(hepatic fatty acid oxidation pathway)စားသုံးလိုက်တဲ့အဆီတွေကိုအသဲကစွမ်းအင်အဖြစ်ပြောင်းလဲပြီးသုံးစွဲပြစ်တဲ့(သို့မဟုတ်)တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကအဆီကိုစွမ်းအင်အဖြစ်ကောင်းကောင်းအသုံးပြုလို့ရအောင်ပြင်ဆင်စီမံပေးတဲ့လမ်းကြောင်းပါ။ ———— နံပါတ်(၄)ကတော့(hepatic detoxification pathway)လို့ခေါ်တဲ့အသဲကခန္ဓာကိုယ်အတွက်အန္တရာယ်ဖြစ်စေမယ့်အဆိပ်အတောက်တွေကိုစစ်ထုတ်ရှင်းလင်းဖယ်ရှားပြစ်တဲ့လမ်းကြောင်းပါ။ စာဖတ်သူခင်ဗျားတို့နဲ့စာရေးသူကျွန်တော်ရဲ့အလုပ်ကတော့ဒီလမ်းကြောင်းကြီးလေးခုမှာ၊ဘယ်လမ်းကြောင်းတွေမှာထိခိုက်ပျက်စီးနေတာလဲဆိုတာကိုအတူတူအဖြေရှာကြဖို့ပါပဲ။ဒီလိုအဖြေရရင်ရောဂါအမျိုးမျိုးဖြစ်နေတဲ့လူတွေကိုလဲမျှဝေပေးပြီးကုသပေးနိုင်မှာ၊အသက်ကယ်တင်နိုင်မှာဖြစ်ပါတယ်။ ——– နံပါတ်(၁)။ကတော့(hepatic gluconeogenesis pathways)လို့ခေါ်တဲ့အသဲကနေသကြားဓါတ်ဂလူးကို့စ်(Glucose)ထုတ်ပေးတဲ့လမ်းကြောင်းကသိပ်အရေးကြီးပါတယ်။ဒီလမ်းကြောင်းကိုကျွန်တော်တို့စပြီးစစ်ဆေးကြည့်ကြရအောင်။တချို့ဆီးချိုအမှတ်(၂)ရောဂါသမားတွေမှာ၊ညတုံးကကာဗိုဟိုက်ဒရိတ်လဲသိပ်မစားထားဘူး။အစာစားထားပြီးတော်တော်လေးကြာတော့မှညအိပ်ခါနီးသွေးဖေါက်တိုင်းကြည့်ရင်လဲညတုံးကသွေးထဲမှာလဲသကြားဓါတ်ကသိပ်အမြင့်ကြီးတက်မနေဘူး။ဒီကြားထဲအိပ်ရာမဝင်ခင်မှာလဲဘာမှမစားပဲနဲ့အိပ်ရာဝင်လိုက်တယ်။နောက်နေ့မနက်အိပ်ရာကနိုးတော့လဲဘာမှမစားခင်(Fasting)အချိန်မှာသွေးဖေါက်ပြီးဂလူးကို့စ်တိုင်းကြည့်တော့နေရင်းထိုင်ရင်းနဲ့(Glucose)ကအရမ်းကိုမြင့်တက်နေတယ်။ဒီလိုဖြစ်လာပြီဆိုရင်သေချာမိမိဉာဏ်ပညာသုံးပြီးစဉ်းစားဖို့လိုတယ်။ညတုံးကအစာစားထားပြီးတော်တော်ကြာကြာတေ့ာမှတိုင်းကြည့်တော့၊အစာထဲကဂလူးကို့စ်ကလဲကုန်နေပြီ။ညအိပ်ရာမဝင်ခင်ကလဲဘာမှထပ်မစားတော့၊ပြင်ပကလဲဂလူးကို့စ်ကထပ်ဝင်လာစရာအကြောင်းမရှိဘူး။တကယ်ဆိုရင်သကြားဓါတ်ကပြင်ပကဝင်မလာရင်မနက်အစာမစားခင်တိုင်းကြည့်တော့ညကထက်ပိုပြီးလျော့နဲနေရမှာ၊ဘာဖြစ်လို့မလျော့ပဲနဲ့တိုးနေရတာလဲ။သေချာစဉ်းစားကြည့်တော့ပြင်ပက(Glucose)ဝင်မလာဘူးဆိုတော့မိမိခန္ဒာကိုယ်ထဲမှာရှိတဲ့အင်္ဂါအစိတ်အပိုင်းတခုကမလိုအပ်ပဲနဲ့(Glucose)တွေထုတ်ပေးနေတာကတော့သေချာနေပါပြီ။ဘယ်အင်္ဂါဖြစ်မလဲဆိုတော့တခြားအင်္ဂါမရှိပါဘူး၊အသဲကလာတာပါပဲ။တကယ်လို့အသဲကခန္ဓာကိုယ်အတွက်အလွန်လိုအပ်နေလို့ိုထုတ်ပေးတယ်ဆိုရင်တောင်အလွန်ဆုံး(110mg/dl)ကနေ(115mg/dl)လောက်အထိပဲတက်ရမယ်။အဲဒီထက်ပိုပြီးတော့တက်လာစရာအကြောင်းမရှိပါဘူး။သာမှန်အားဖြင့်တော့၊(ketogenic)သမား ကလွဲပြီးသာမန်လူတစ်ယောက်ဟာ(110mg/dl)အောက်မှာပဲရှိရမှာပါ။ …

အပိုင်း(၃)။ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ။ Read More »

အပိုင်း(၂)။လာမယ့်ဆယ်စုနှစ်တွေမှာလူတိုင်းနီးပါးဖြစ်လာနိုင်တဲ့၊ဟော်မုန်းနဲ့ပါတ်သက်တဲ့ကင်ဆာအမျိုးမျိုးအကြောင်း။

Source from Kelvin A. Power’s Facebook on August 5, 2019 အရွယ်ရောက်ပြီးအမျိုးသမီးတွေအားလုံးနီးပါးမှာမကြာခင်ဖြစ်လာနိုင်တဲ့၊သားဥအိမ်ကင်ဆာ၊ရင်သားကင်ဆာ၊သားအိမ်နံရံကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊သားအိမ်ဝကင်ဆာနဲ့မွေးလမ်းကြောင်းကင်ဆာတွေနဲ့အတူအမျိုးသားတွေမှာဖြစ်လာမဲ့ဆီးကြိတ်ကင်ဆာ၊ဝေးစေ့ကင်ဆာတွေဟာဘာကြောင့်မကြာခင်လူတိုင်းနီးပါးမှာဖြစ်လာနိုင်တယ်လို့ပြောနိုင်တာလဲ၊ဒီရောဂါတွေဘာကြောင့်အစပြုဖြစ်လာရသလဲ၊ဆိုတဲ့အကြောင်းတရားတွေကိုရေးပေးပါမယ်။အမျိုးသမီးတွေမှာရောအမျိုးသားတွေမှာရောမျိုးပွားအင်္ဂါအစိတ်အပိုင်းမှာရှိနေတဲ့ဆဲလ်တွေအားလုံးရဲ့မျက်နာပြင်အပေါ်ဖက်မှာ(Estrogen)လို့ခေါ်တဲ့အမျိုးသမီးမဟော်မုန်းဓါတ်ကိုလက်ခံပေးနိုင်စွမ်းရှိတဲ့လက်တံ(Receptors)တွေပါရှိနေတတ်ကြပါတယ်။ဆိုလိုတာကသဘာဝအားဖြင့်အမျိုးသမီးငယ်လေးတစ်ယောက်ဟာ(၁၃)နှစ်(၁၄)နှစ်လောက်မှာအပျိုဖေါ်ဝင်လာပြီဆိုရင်၊အဲဒီအမျိုးသမီးလေးရဲ့မျိုးဥအိမ်က(Estrogen)လို့ခေါ်တဲ့အမျိုးသမီးမဟော်မုန်းဓါတ်ကိုစတင်ပြီးထုတ်လုပ်ပေးပါတယ်။ဒီလိုမျိုးဥအိမ်ကထုတ်ပေးလိုက်တဲ့မဟော်မုန်းဓါတ်ဟာအမျိုးသမီးလေးရဲ့မျိုးပွားအင်္ဂါတွေကဆဲလ်တွေရဲ့ဟော်မုန်းလက်ခံပေးတဲ့လက်တံ(Estrogen receptors)တွေမှာသွားပေါင်းစီးမိပြီး၊ဒီဟော်မုန်းဓါတ်ရဲ့ပြုပြင်မှုကြောင့်မျိုးပွားအင်္ဂါတွေဖွံ့ဖြိုးကြီးထွားလာပြီးတော့၊ကလေးဘဝကနေ၊အိမ်ထောင်သားမွေးနိုင်တဲ့လူကြီးဘဝကိုတဖြေးဖြေးပြောင်းလဲလာပါတယ်။ဒီအက်စထိုဂျင်ဟော်မုန်းဓါတ်ကိုအမျိုးသမီးတွေအသက်(၅၀)ပါတ်ဝန်းကျင်လောက်အထိသွေးမဆုံးမချင်းသားဥအိမ်ကနေလစဉ်အမြဲထုတ်ပေးနေပါတယ်။ဒီဟော်မုန်းဓါတ်ကြောင့်မိန်းကလေးတွေရဲ့အသွင်အပြင်တွေ၊အသံတွေကယောင်္ကျားလေးတွေနှင့်မတူညီပဲမိန်းမဆန်ပြီးကွဲပြားခြားနားနေရခြင်းဖြစ်ပါတယ်။မိန်းကလေးဆန်ဆန်ကိုယ်လုံးကိုယ်ပေါက်တွေရှိလာပြီးလှပနေဖို့အတွက်ကလဲဒီဟော်မုန်းကပဲအဓိကလုပ်ဆောင်ပေးပါတယ်။လင်ယူသားမွေး၊ကလေးမွေးအစရှိတဲ့မျိုးပွားမှုကိစ္စတွေမှာလဲဒီဟော်မုန်းဓါတ်ကအဓိကကျနေပါတယ်။ကျန်းမာတဲ့အမျိုးသမီးအဖြစ်ရပ်တည်ဖို့၊အမျိုးသမီးအင်္ဂါအစိတ်အပိုင်းတွေကျန်းမာသန်စွမ်းဖို့ကဒီအက်စထရိုဂျင်ဟော်မုန်းကမရှိမဖြစ်လိုအပ်လှပါတယ်။ ———- သို့သော်အခုခေတ်မှာပြဿနာအကြီးအကျယ်တက်လာတာကဒီလိုမဟော်မုန်းနဲ့အလားသဏ္ဍန်တူပြီးအကြီးအကျယ်ဒုက္ခပေးနိုင်တဲ့မသန့်ရှင်းတဲ့ပါတ်ဝန်းကျင်ပြင်ပလူလုပ်တဲ့ဓါတုပစ္စည်းတွေကလာတဲ့ဆင်တက်တစ်ဇီနိုအက်စထိုဂျင်(synthetic xenoestrogens)လို့ခေါ်တဲ့ဓါတုဗေဒပစ္စည်းတွေကြောင့်ဖြစ်လာတဲ့မဟော်မုန်းဓါတ်အတုတစ်မျိုးဟာခန္ဒာကိုယ်ထဲကိုဝင်ရောက်လာပြီး၊မဟော်မုန်းကဲ့သို့မျိုးပွါးအင်္ဂါတွေရဲ့ဟော်မုန်းလက်ခံပေးတဲ့လက်တံတွေမှာဝင်ရောက်ပေါင်းဖက်ပြီးတော့အကြီးအကျယ်ဒုက္ခပေးတော့တာပါပဲ။ဒီပြင်ပဓါတုဗေဓပစ္စည်းတွေကလာတဲ့ဇီနိုအက်စထိုဂျင်(အက်စထိုဂျင်အတု)ဟော်မုန်းတွေဟာအမျိုးသမီးတွေရဲ့မျိုးပွားအင်္ဂါအစိတ်အပိုင်းတွေကဆဲလ်တွေကိုပေါင်းစပ်လိုက်ပြီးတော့၊ကောင်းနေတဲ့ဆဲလ်တွေကနေကင်ဆာဆဲလ်တွေဖြစ်အောင်၊ကင်ဆာဆဲလ်တခုကနေရာချီထောင်ချီတဲ့ကင်ဆာဆဲလ်တွေအဖြစ်ပွားများလာအောင်ဝင်ရောက်စီးနင်းပြီးဒုက္ခအကြီးအကျယ်ပေးတော့တာပါပဲ။ဒီဟော်မုန်းအတုကြောင့်ကင်ဆာအဖြစ်ပြောင်းလဲသွားတဲ့ဆဲလ်တွေအားလုံးရဲ့ထူးခြားချက်ကတော့၊ကင်ဆာဆဲလ်တွေရဲ့မျက်နာပြင်အပေါ်ဖက်မှာ(Estrogen)လို့ခေါ်တဲ့မဟော်မုန်းဓါတ်ကိုလက်ခံနိုင်တဲ့လက်တံ(Receptors)တွေဟာသာမန်နဂိုတုံးကကျန်းမာနေတဲ့ဆဲလ်တွေထက်အဆပေါင်းရာနဲ့ချီပြီးတိုးပွားဖြစ်ပေါ်လာတာကိုတွေ့ရှိရပါတယ်။ဆိုလိုတာကထပ်ပြီးပြင်ပကမဟော်မုန်းအတုဇီနိုအက်စထိုဂျင်တွေဝင်လာတိုင်းကင်ဆာဆဲရဲ့လက်တံတခုအပေါ်မှာသွားပြီးပေါင်းစပ်လိုက်မိတာနဲ့၊အဲဒီကင်ဆာဆဲလ်ဟာတခဏအတွင်းရာနဲ့ထောင်နဲ့ချီပြီးပွားများလာမယ်၊ကြီးထွားလာတော့မယ်လို့ဆိုလိုပါတယ်။အဲဒီကစပြီးတော့မျိုးပွားအင်္ဂါတွေမှာကင်ဆာရောဂါတွေစပြီးဖြစ်တော့တာပါပဲ။နောက်ပိုင်းမှာကင်ဆာဆဲလ်တွေဟာအမျိုးသမီးတွေရဲ့မျိုးဥအိမ်ကထုတ်တဲ့ဟော်မုန်းအစစ်တွေနဲ့ပေါင်းစပ်မိရင်တောင်ဆဲလ်တွေကပွားများလာတော့တာပါပဲ။ဒီပြင်ပကလာတဲ့ဟော်မုန်းအတုဇီနိုအက်စထိုဂျင်တွေဟာမိန်းကလေးတွေရဲ့မျိုးပွားအင်္ဂါတွေကိုတင်မကပါဘူးယောင်္ကျားလေးတွေရဲ့မျိုးပွားအင်္ဂါတွေမှာရှိတဲ့ဆဲလ်တွေနဲ့ပေါင်းစပ်မိရင်လဲအလားတူကင်ဆာရောဂါတွေကိုစတင်ပြီးဖြစ်ပေါ်စေပါတယ်။ ——————– ဒီလိုမျိုးပွားအင်္ဂါမှာဖြစ်ပေါ်နေတဲ့ကင်ဆာတွေဟာတခြားကင်ဆာတွေနဲ့မတူပဲအီစထိုဂျင်ဟော်မုန်းကိုလက်ခံပေးပြီးတော့မှပွားများနိုင်တဲ့လက်တံတွေကပုံမှန်ကျန်းမာနေတဲ့ဆဲလ်တွေထက်အဆတစ်ရာလောက်များပြားလာပါတယ်။ဒီတော့ပုံမှန်ဆဲလ်တွေထက်ဟော်မုန်းဓါတ်အက်စထိုဂျင်ကိုပိုပြီးတော့အပြိုင်အဆိုင်သာလွန်စွာလုယူပေါင်းစည်းနိုင်ပါတေ့ာတယ်။အက်စထိုဂျင်ဟော်မုန်းဓါတ်နဲ့ပေါင်းစည်းလိုက်တာနဲ့နောက်ထပ်ကင်ဆာဆဲလ်အသစ်အသစ်တွေအဆပေါင်းများစွာပွားများလာတော့တာပါပဲ။ဒီလိုအက်စထရိုဂျင်ဟော်မုန်းဓါတ်ကိုလက်ခံနိုင်တဲ့လက်တံပါရှိပြီးဟော်မုန်းဓါတ်ရတော့မှပွားများနိုင်တဲ့ကင်ဆာဆဲလ်တွေကို(Estrogen receptors positive=ER positive)ဆဲလ်တွေလို့ခေါ်ပါတယ်။အများအားဖြင့်ရင်သားကင်ဆာ၊သားအိမ်ကင်ဆာ၊မျိုးဥကင်ဆာ၊ဆီးကြိတ်ကင်ဆာ၊ဝေးစေ့ကင်ဆာ၊အစရှိတဲ့မျိုးပွားအင်္ဂါတွေနားမှာဖြစ်ပေါ်လာတဲ့ကင်ဆာရောဂါတွေရဲ့(80%)ကျော်ဟာဒီလို(ER Positive)ကင်ဆာဆဲလ်အမျိုးအစားတွေဖြစ်ပြီး၊အခြားသောအက်စထဂိုဂျင်မလိုပဲနဲ့လဲပွားများနိုင်တဲ့(ER negative)ကင်ဆာဆဲလ်တွေကတော့(၂၀%)လောက်ပဲဖြစ်လေ့ဖြစ်ထရှိပါတယ်။ ————————- ဒီလိုဟော်မုန်းဓါတ်နဲ့ဆက်စပ်နေတဲ့မျိုးပွားအင်္ဂါတွေမှာဖြစ်ပေါ်လာတဲ့ကင်ဆာရောဂါတွေဟာ့မမျိုးဥအိမ်ကလစဉ်သဘာဝအားဖြင်ထုတ်လုပ်ပေးနေတဲ့အက်စထိုဂျင်ဟော်မုန်းတွေကနေစပြီးဖြစ်လာတာတော့မဟုတ်ပါဘူး။ဒါပေမဲ့ပြင်ပကလာတဲ့ဆင်တက်တစ်ဇီနိုအက်စထိုဂျင်(synthetic xenoestrogens) လို့ခေါ်တဲ့ဓါတုဗေဓဓါတ်ပေါင်းအက်စထရိုဂျင်အတုတွေကြောင့်စပြီးတော့ကင်ဆာတွေဖြစ်ပေါ်လာပါတယ်။ ပိုပြီးဆိုးတာကဆေးရုံဆေးခန်းတွေမှာဆရာဝန်တွေကသွေးဆုံးနေတဲ့အမျိုးသမီးတွေကိုသွေးဆုံးတဲ့ရောဂါဝေဒနာမျိုးမခံရအောင်ကုသပေးတဲ့(Hormone replacement Therapy =HRT)ဆေးဝါးတွေမှာပါတဲ့လူလုပ်တဲ့ဆင်တက်တစ်အက်စထရိုဂျင်(synthetic estrogens)ပါပဲ။ဆရာဝန်တွေဆေးရုံဆေးခန်းတွေမှာသုံးတဲ့သဘာဝမဟုတ်ပဲဓါတ်ခွဲခန်းမှာဓါတုဗေဒပစ္စည်းတွေသုံးပြီးအရင်းရှင်ဆေးကုမ္မဏီကြီးတွေကဖန်တီးထားတဲ့ဆေးဝါးတွေမှာပါတဲ့အက်စထရိုဂျင်ကတော့အပြင်းထန်ဆုံးနဲ့အဆိုးဆုံးဖြစ်လို့ရေရှည်သုံးရင်သေချာပေါက်ကင်ဆာရောဂါအစပြုဖြစ်ပွားစေနိုင်သလိုဖြစ်ပြီးသားကင်ဆာရောဂါတွေကိုလဲအကြီးအကျယ်ပွားများပြန့်ပွားစေနိုင်ပါတယ်။နောက်ဆိုးတာတစ်ခုကကင်ဆာဆဲလ်တွေဖြစ်သွားပြီဆိုရင်တော့မျိုးရိုးဗီဇပြောင်းလဲသွားပြီးမမျိုးဥအိမ်ကနေလစဉ်သဘာဝအားဖြင်ထုတ်လုပ်ပေးနေတဲ့သဘာဝအက်စထိုဂျင်ဟော်မုန်းတွေနဲ့တွေ့ရင်တောင်ထိုကင်ဆာဆဲလ်တွေဟာဆတိုးပြီးအကြီးအကျယ်ပွားများတော့တာပါပဲ။ ———————- ဆေးရုံဆေးခန်းတွေမှာဆရာဝန်တွေကသွေးဆုံးနေတဲ့သဘာဝမဟုတ်ပဲလူလုပ်ထားတဲ့ဆင်တက်တစ်အက်စထရိုဂျင်(synthetic estrogens)တွေကကိုယ်ကနားလည်လို့မသုံးဘူးဆိုရင်ရှောင်လို့ရပါသေးတယ်။ပြင်ပပါတ်ဝန်းကျင်ကလာတဲ့ဇီနိုအက်စထရိုဂျင်ကြတော့ဘယ်မှာတွေရှိနေသလဲဆိုတာကိုယ်ကသေသေချာချာသိမှကိုဖြစ်မှာဘာကြောင့်လဲဆိုတော့အဲဒီဇီနိုအက်စထိုဂျင်ဓါတ်တွေနဲ့များများထိတွေ့လေလေကင်ဆာဖြစ်နိုင်ခြေပိုများလေလေဖြစ်နေလို့ပါပဲ။ဇီနိုအက်စထိုဂျင်ဓါတ်တွေနဲ့များများထိတွေ့ဖန်များလာရင်အနေးနဲ့အမြန်သာကွာမယ်၊ကင်ဆာရောဂါတခုခုကတော့မကြာခင်ဖြစ်လာဖို့အတော်လေးကိုသေချာနေပါတယ်။ဒီလိုဇီနိုအက်စထိုဂျင်ဓါတ်တွေနဲ့မထိမိအောင်၊မိမိကိုယ်တွင်းကိုဒီဓါတ်တွေဝင်ရောက်မလာနိုင်အောင်ကာကွယ်ဖို့ကအရေးတကြီးလိုနေပြီဆိုတော့ဘယ်ပစ္စည်းတွေမှာဒီဇီနိုအက်စထိုဂျင်ဓါတ်တွေပါဝင်နေတယ်ဆိုတာကိုအဓိကလေ့လာဖို့လိုအပ်နေပါပြီ။ဒါမှသူတို့နဲ့မထိတွေ့မိအောင်ရှောင်နိုင်မှာမဟုတ်လား။ ———— မနက်မိုးလင်းအိပ်ရာကထလိုက်ပြီဆိုတာနဲ့သွားတိုက်ဖို့သွားတိုက်တံနဲ့သွားတိုက်ဆေးလေးကိုစပြီးဆွဲယူလိုက်တာနဲ့၊အဲဒီမောင်မင်းကြီးသားဇီနိုအက်စထိုဂျင်နဲ့စတွေ့တော့တာပါပဲ။သွားတိုက်တံကကော်၊ပလတ်စတစ်နဲ့လုပ်ထားတော့ဇီနိုအက်စထိုဂျင်ပါနေတယ်။သွားတိုက်ဆေးကလဲဓါတုဗေဓပစ္စည်းတွေပါတော့ဇီနိုအက်စထိုဂျင်ကမလွတ်ပြန်ဘူး။မျက်နာသစ်မယ်လုပ်တော့လဲဆပ်ပြာမှာကဇီနိုအက်စထိုဂျင်၊ရေသုံးမယ်လုပ်တော့လဲရေပိုက်ခေါင်းကလာတဲ့ရေကလဲပလတ်စတစ်ပိုက်၊ကော်ပိုက်တွေသုံးထားလို့ဇီနိုအက်စထိုဂျင်ပါနေပြန်တယ်။စည်ပင်ရေသန့််စင်ရေးဌာနကလဲခြင်တွေပိုးလောက်လှမ်းတွေမဖြစ်ရအောင်ရေဖြန့်ဝေတဲ့ရေကန်မှာပိုးသတ်ဆေး(DDT)တွေဖြန်းထားတော့ဇီနိုအက်စထိုဂျင်ကပါနေပြန်ပါလေရော။မထူးပါဘူးမျက်နာလဲမသစ်တော့ဘူးရေခဲသေတ္တာထဲမှာပဲတခုခုသွားစားတော့မယ်ဆိုပြီးရေခဲသေတ္တာလက်ကိုင်ကိုကိုင်ဖွင့်လိုက်တော့အဲဒီပလတ်စတစ်လက်ကိုင်ကလဲဇီနိုမလွတ်ပြန်ဘူး။ရေခဲသေတ္တာမှာသုတ်ထားတဲ့ဆေးကလဲဓါတုပေဒဆေးတွေဖြစ်လို့ဇီနိုနဲ့မလွတ်ပြန်ဘူး။ရေခဲသေတ္တာထဲမှာအသီးအနှံတွေယူစားမယ်လုပ်တော့လဲစိုက်ပျိုးတုန်းကဓါတ်မြေသြဇာတွေပိုးသတ်ဆေးတွေသုံးထားတော့ကိုဇီနိုကမလွတ်ပြန်ဘူး။မထူးပါဘူးသောက်ရေသန့်ပဲသောက်တော့မယ်ဆိုပြီးတော့ပုလင်းလေးဆွဲထုတ်လိုက်တော့ပလတ်စတစ်ပုလင်းဖြစ်နေပြန်တယ်ဆိုတော့သူလဲမလွတ်ပြန်ဘူး။ဖန်ပုလင်းနဲ့လာတဲ့အချိုရေပဲသောက်တော့မယ်ဆိုပြီးဖန်ပုလင်းဆွဲထုတ်လိုက်တော့ဓါတုဗေဒဆိုးဆေးတွေဆိုးထားတော့မလွတ်ပြန်ဘူး။မထူးပါဘူးရေနွေးပဲတည်သောက်တော့မယ်ဆိုပြီးတော့လျှပ်စစ်ရေနွေးခရားကိုကောက်ကိုင်လိုက်တော့သူကလဲပလပ်စတစ်ဖြစ်နေပြန်တယ်။ရေနွေးခရားကစတီးဆိုရင်တောင်အဖုံးကပလပ်စတစ်ဖြစ်နေတယ်ဆိုတော့ဇီနိုကမလွတ်ပြန်ဘူး။ဘာမှလဲစားမနေသောက်မနေတော့ပါဘူး၊လေကောင်းလေသန့်လေးပဲရှုတော့မယ်ဆိုပြီးပြတင်းပေါက်ဖွင့်လိုက်တော့လေနဲ့အတူအရင်ဝင်လာတာကတော့လဲဇီနို၊မြို့ထဲမှာကားတွေမောင်းသွားတော့ကားအင်ဂျင်အိတ်ဇောကထွက်တဲ့ဇီနိုတွေလေထဲမှာလဲပြည့်နေပါလေ။အိမ်ထဲမှာလဲနံရံတွေမှာသုတ်ထားတဲ့ဆေးတွေကဇီနိုမလွတ်ပြန်ဘူး။ကားထဲမှာပဲသွားနေတော့မယ်ဆိုပြီးကားတံကားဖွင့်ဝင်လိုက်တော့ကားထဲကဒက်စ်ဘုတ်ကလဲဇီနိုမလွတ်ပြန်ဘူး။မထူးပါဘူးအိပ်ရာထဲဝင်ပြီးပြန်အိပ်တော့မယ်လုပ်တော့လဲ၊ခေါင်းဦးတွေစောင်တွေ၊ခြင်ထောင်တွေကဆပ်ပြာသုံးပြီးလျှော်ထားရလို့ဆပ်ပြာတွေအမွေးအကြိုင်တွေကနေလာတဲ့ဇီနိုတွေကကျန်နေပြန်ရော။အလှပဲပြင်တော့မယ်ဆိုပြီးကော်စမက်တစ်တွေမိတ်ကပ်တွေရေမွေးတွေလိမ်းမယ်ကြံလိုက်ရင်လဲအားလုံးမှာဇီနိုကပါနေပြန်ရော။မထူးပါဘူးဘုရားစင်ရှေ့သွားပြီးပုတီးပဲစိတ်တော့မယ်ဆိုပြီးတော့ပုတီးကောက်ကိုင်လိုက်တော့လဲပုတီးမှာအရောင်တင်ထားတဲ့ပေါလစ်ဆေးတွေကဇီနိုမလွတ်ပြန်ပါဘူး။ ————– ရှင်းရှင်းပြောရရင်တော့ခေါင်းပေါ်မှာလိမ်းထားတဲ့ခေါင်းလိမ်းဆီကနေပြီးတော့ခြေဖဝါးမှာစီးတဲ့ဖိနပ်အထိဆံပင်ဖျားကနေခြေဖျားအဆုံးသုံးလို့ရတဲ့ပစ္စည်းတွေထဲမှာဇီနိုအက်စထိုဂျင်နဲ့လွတ်တာဆိုလို့တခုမှကိုမရှိပါဘူး။အိမ်မှာဆိုရင်လဲကြမ်းမှာခင်းထားတဲ့ကြမ်းခင်းကအစပြုလို့ခေါင်မိုးမျက်နာကျက်မှာသုတ်ထားတဲ့သုတ်ဆေးအထိဆောက်လုပ်ရေးပစ္စည်းတွေအားလုံးမှာဇီနိုအက်စထရိုဂျင်(xenoestrogens)နဲ့လွတ်တာဘာမှကိုမရှိပါဘူး။ဇီနိုအက်စထရိုဂျင်နဲ့လွတ်ချင်ရင်တော့တနည်းပဲရှိတယ်၊လူမနှီးသူမနှီးဟိမဝန္တာတောတောင်တွေထဲသွားပြီးသစ်ရွက်မိုးကျောင်းလေးဆောက်ပြီးတယောက်ထဲနေမှပဲရတော့မယ်။ဒီခေတ်မှာဇီနိုအက်စထိုဂျင်နဲ့လွတ်တာဆိုလို့ဘာမှကိုမရှိတော့တာ။ကြာလေပိုဆိုးလေပိုမလွတ်လေပါပဲ။ပါတ်ဝန်းကျင်လေထုကလဲကြာလေညစ်ညမ်းလေ၊ဇီနိုပါဝင်မှုပိုများလာလေ။အမေရိကန်မှာဆိုရင်ဒီဇီနိုအက်စထိုဂျင်ကြောင့်အရွယ်မရောက်သေးတဲ့ခြောက်နှစ်လောက်ပဲရှိတဲ့ကလေးမလေးအချို့တွေတောင်မိန်းမအင်္ဂါအစိတ်အပိုင်းတွေကြီးထွားဖွံ့ဖြိုးလာပြီးငယ်ငယ်ရွယ်ရွယ်နဲ့ဓမ္မတာတွေစပြီးလာတဲ့ရောဂါတွေဖြစ်နေကြပြီ။စက်ရုံအလုပ်ရုံတွေနဲ့နီးတဲ့မြစ်တွေချောင်းတွေမှာငါးတွေပုဇွန်တွေဆိုရင်ဇီနိုအသ်စထရိုဂျင်ကြောင့်အထီးတွေပျောက်ပြီးအမတွေအဖြစ်ဘဝပြောင်းလဲသွားကြပါပြီ။ဒီခေတ်ကြီးမှာအဲဒီကင်ဆာဖြစ်စေတဲ့ဇီနိုအက်စထိုဂျင်ကိုရှောင်ဖို့ဆိုတာကတော့လုံးဝကိုမဖြစ်နိုင်တော့တာပါ။ဒါကြောင့်ဒီဟော်မုန်းနဲ့ပါတ်သက်တဲ့ကင်ဆာရောဂါတွေဟာလာမယ့်ဆယ်စုနှစ်တွေမှာလူတိုင်းနီးပါးဖြစ်လာလိမ့်မယ်လို့ကြိုတင်ပြီးအတိအကျသေချာပြောလို့ရတာပေါ့။တချို့ကဇီနိုကိုကြောက်လို့ရိုးရိုးပလတ်စတစ်ကိုမသုံးတော့ပဲ(BPA Free)ပလတ်စတစ်ဆိုပြီးဝယ်သုံးကြတယ်။ဒါပေမဲ့သိပ်တောမထူးပါဘူး(BPA Free)ခွက်နဲ့ရေထည့်သောက်လဲတခြားနေရာတွေကနေဇီနိုနဲ့တွေ့နေရဦးမှာပါပဲ၊အရှင်းကြီးတော့ဘယ်လိုမှမလွတ်နိုင်ပါဘူး။ဒီတော့ဒီကင်ဆာရောဂါတွေမဖြစ်ရအောင်ဘယ်လိုရှောင်ရမှာလဲ။ဒီဇီနိုကိုအလုပ်မလုပ်နိုင်အောင်ဘာလုပ်ရမလဲဆိုတာကိုသုသေသနတွေလုပ်ဖို့လိုလာပါပြီ။ဘာလုပ်ရမယ်ဆိုတာကိုတတိယပိုင်းတွင်ဆက်ရေးပေးပါမည်။အခုတော့နားပါဦးမည်။ ——- မှတ်ချက်။ဒီပို့စ်မှာရေးထားတဲ့အလွန်ဆိုးရွားတဲ့မဟော်မုန်းနဲ့အလားသဏ္ဍန်တူပြီးအကြီးအကျယ်ဒုက္ခပေးနိုင်တဲ့ပါတ်ဝန်းကျင်ပြင်ပကလာတဲ့ဇီနိုအက်စထရိုဂျင်ဆိုတာလူလုပ်တဲ့ဓါတုပစ္စည်းတွေကလာတဲ့ဆင်တက်တစ်ဇီနိုအက်စထိုဂျင်(synthetic xenoestrogens)ကိုသာဆိုလိုခြင်းဖြစ်ပြီး၊မိခင်သဘာဝကလာတဲ့(Natural Xenoestrogen)ဖြစ်တဲ့လူ့ကောင်းကျိုးပြု(Phytoestrogens)တွေကိုဆိုလိုထားခြင်းမဟုတ်ပါ။ Kelvin Albert Power ———————– WHERE ARE XENOESTROGENS FOUND? Hold on to …

အပိုင်း(၂)။လာမယ့်ဆယ်စုနှစ်တွေမှာလူတိုင်းနီးပါးဖြစ်လာနိုင်တဲ့၊ဟော်မုန်းနဲ့ပါတ်သက်တဲ့ကင်ဆာအမျိုးမျိုးအကြောင်း။ Read More »

အပိုင်း(၁)။လာမယ့်ဆယ်စုနှစ်တွေမှာလူတိုင်းနီးပါးဖြစ်လာနိုင်တဲ့၊ဟော်မုန်းနဲ့ပါတ်သက်တဲ့ကင်ဆာအမျိုးမျိုးအကြောင်း။

Source from Kelvin A. Power’s Facebook on August 4, 2019 ဒီကင်ဆာရောဂါမျိုးတွေဟာယောင်္ကျားမိန်းမ၊မခွဲခြားပဲလူတိုင်းနဲ့သက်ဆိုင်နေတဲ့အတွက်ဒီစာကိုမဖတ်ပဲနဲ့ကျော်သွားရင်တော့တနေ့နောင်တရကြပါလိမ့်မည်။ဟော်မုန်းနဲ့ပါတ်သက်တဲ့ကင်ဆာဆိုတာကအထူးသဖြင့်အမျိုးသမီးတွေမှာပိုပြီးအဖြစ်များပါတယ်။အမှန်အတိုင်းပြောရရင်လာမယ့်ဆယ်စုနှစ်တစ်ခု၊နှစ်ခုလောက်အတွင်းမှာအရွယ်ရောက်ပြီးအမျိုးသမီးတိုင်းနီးပါးလောက်ဟာသားဥအိမ်ကင်ဆာခေါ်(Ovarian Cancer)၊ရင်သားကင်ဆာခေါ်(Breast Cancer)နှင့်သားအိမ်နံရံ၊သားအိမ်ခေါင်း၊သားအိမ်ဝနဲ့မွေးလမ်းကြောင်းတွေမှာဖြစ်တတ်တဲ့(Endometrial Cancers)ခေါ်ကင်ဆာအမျိုးမျိူးထဲကတခုခုဖြစ်ဖြစ်လာဖို့(၉၀%)ကျော်လောက်ကိုသေချာနေပါတယ်။အမှန်ပါချိန်းခြောက်နေတာမဟုတ်ပါဘူး။ဘာကြောင့်ဒီလိုအတိအကျပြောနိုင်လဲဆိုတာကိုနောက်ပိုင်းမှာသေချာရေးပေးပါမယ်။အမျိုးသမီးတွေမှာအဖြစ်များမယ်ဆိုတော့အမျိုးသားတွေကတော်သေးတာပေါ့ဆိုပြီးတော့သက်ပြင်းမချလိုက်ပါနဲ့အုံး၊အမျိုးသားတွေလဲမလွတ်ပါဘူး။ဆီးကြိတ်ကင်ဆာခေါ်(prostate cancer )ဝှေးစေ့ကင်ဆာခေါ်(testicular cancer)တွေလဲအမျိုးသားတွေအတော်များများမှာဖြစ်လာဖို့ရှိနေပါတယ်။ ———– ကင်ဆာဆိုတဲ့ရောဂါဟာဖြစ်လာတော့မှကုလို့လွယ်လွယ်နဲ့ပျောက်နိုင်တဲ့ရောဂါမျိုးမဟုတ်ပါဘူး။ကြိုတင်ကာကွယ်ထားဖို့ကသိပ်ကိုအရေးကြီးနေပါတယ်။ကင်ဆာဆိုတာကဒီခေတ်ဆေးပညာနဲ့ကုသလို့လဲပျောက်ကင်းနိုင်တဲ့ရောဂါမျိုးလုံးဝမဟုတ်ပါဘူး။ဒီခေတ်ဆေးပညာဟာကင်ဆာဖြစ်လာရင်ခွဲစိတ်ကုသမယ်။(Radiation Therapy)လို့ခေါ်တဲ့အလွန်ပြင်းထန်တဲ့ဓါတ်ရောင်ခြည်တွေနဲ့ကင်ပြီးကုသမယ်၊ကီမိုသရဖီ(Chemotherapy)လို့ခေါ်တဲ့အလွန်ကြောက်စရာကောင်းပြီးခန္ဒာကိုယ်ကိုလဲအဆိပ်သင့်စေ၊မိမိရဲ့ခုခံအားစနစ်တစ်ခုလုံးကိုလဲပျက်စီးစေတဲ့အဆိပ်ကျွေးပြီးကုသနည်းနဲ့ကုသမယ်။ဒါပေမဲ့ပျောက်လားဆိုတော့မပျောက်ပါဘူး။ပိုပြီးဆိုးသွားတာပဲရှိတာပါ။ခိုင်မာတဲ့သုသေသနအထောက်အထားတွေအရဆိုရင်ကင်ဆာရောဂါကိုမကုပဲဒီတိုင်းထားတာနဲ့စာရင်ဒီခေတ်ဆေးပညာနဲ့ကုသတဲ့သူတွေကပိုပြီးတော့သက်တန်းတိုရတဲ့အပြင်၊ဓါတ်ရောင်ခြည်နဲ့ကီမိုသရဖီတွေကရတဲ့အဆိပ်အတောက်တွေကြောင့်မသေခင်လဲအလူးအလဲ၊အဝီစိငရဲမှာခံစားရသလိုမျိုးအလွန်ပြင်းထန်တဲ့ဝေဒနာတွေလဲခံစားသွားရရှာတယ်လို့သိရှိရပါတယ်။ရှင်းရှင်းပြောရရင်တော့ဒီကုထုံးတွေရဲ့ဘေးထွက်ဆိုးကျိုးကြောင့်အလွန်ပြင်းထန်တဲ့ဝေဒနာတွေခံစားကြရပြီးအသေလဲမလှကြရဘူးပေါ့။အသေမလှတော့ဘဝကူးလဲမကောင်းဘူးပေါ့ဗျာ။သိပ်သနားစရာကောင်းပါတယ်။ ———————— ကင်ဆာရောဂါကိုခွဲစိတ်ကုသတာတို့၊ဓါတ်ရောင်ခြည်တွေနဲ့ကင်ပြီးကုသတာတို့၊ကီမိုသရဖီလို့ခေါ်တဲ့အလွန်ပြင်းထန်တဲ့အဆိပ်တွေနဲ့ကုတာတို့ဆိုတာကရောဂါတာမပျောက်ကင်းတာပါလူနာတွေအတွက်မှာတော့အလွန်ကုန်ကျစရိတ်များပြီးအရင်းရှင်ဆေးကုမ္မဏီကြီးတွေ၊ဆေးရုံကြီးတွေအတွက်ကတော့စီးပွားရေးအရဆိုရင်တော်တော်လေးကိုတွက်ချေကိုက်ကြတယ်ဗျ။ကင်ဆာဖြစ်တဲ့လူတစ်ယောက်တွေ့ပြီဆိုရင်နွားတကောင်လိုနဖားကျိုးလေးထိုးလိုက်ပြီးတော့ဝိုင်းပြီးဂုတ်သွေးစုတ်ကြပါလေရော။ဆေးကုမ္မဏီကြီးတွေဟာဒီလိုအလုပ်မဖြစ်တဲ့ကုသနည်းတွေနဲ့ကုသဖို့အမေရိကန်ဒေါ်လာကိုသန်းထောင်နဲ့ချီရင်းနီးမြုတ်နှံထားပြီးတော့စက်ကရိယာတွေဝယ်ယူထုတ်လုပ်ထားပြီးသားဆိုတော့ကင်ဆာကိုတကယ်ပျောက်တဲ့တခြားနည်းတွေရှိရင်တောင်သူတို့ရဲ့ရင်းနီးမြုတ်နှံထားတဲ့ငွေတွေအရံှုးခံပြီးတခြားနည်းကိုပြောင်းလဲပြီးတော့ဘယ်တော့မှကုမှာမဟုတ်ပါဘူး။မကုတဲ့အပြင်တကယ်ပျောက်တဲ့နည်းစနစ်တွေကိုဖေါ်ထုတ်ပေးနိုင်တဲ့သူတွေကိုပါလိုက်ရန်ပြုပြီးတိုက်ခိုက်နေကြပါတယ်။အမှန်အတိုင်းထပ်ပြောရရင်၊ဒီခေတ်ဆေးပညာဟာ၊နာတာရှည်ရောဂါတွေကိုပျောက်အောင်ကုသဖို့ဒီဇိုင်းလုပ်ထားတာမဟုတ်ပါဘူး။လူနာတွေဆီကပိုက်ဆံကိုမသေမချင်းညှင်းဆဲပြီးရေရှည်များများရအောင်၊ရောဂါမပျောက်ကင်းအောင်တမင်ရေရှည်ဆွဲကုဖို့လူနာကိုနွားတစ်ကောင်လိုနှဖားကြိုးထိုးနိုင်ဖို့အတွက်အရှင်းရှင်ဆေးကုမ္မဏီကြီးတွေကိုယ်တိုင်သေသေချာချာအကွက်ချပြီးဒီဇိုင်းဆွဲထားတာပါ။အခုခေတ်မှာကျန်းမာရေးအတွက်ဆေးပညာဆိုတာမရှိတော့ပါဘူး။စီးပွါးရေးအတွက်ဆေးပညာဖြစ်သွားပါပြီ။ကိုယ်ကအဲဒီအရင်းရှင်ဆေးပညာရဲ့ဓါးစာခံသားကောင်မဖြစ်အောင်ဒီလိုအဖိုးတန်တဲ့အသိပညာပေးစာတွေကိုများများဖတ်ဖို့လိုပါတယ်။ဒီနေရာမှာဒီအရင်းရှင်ဆေးပညာစနစ်ဆိုးအောက်မှာအလုပ်လုပ်နေကြတဲ့ဆရာဝန်တွေကိုပုတ်ခတ်ပြီးပြောနေတာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့အဲဒီဆရာဝန်တွေကိုယ်တိုင်ကကျွန်တော်တို့တွေလိုပဲဒီအရင်းရှင်ဆေးပညာစနစ်ရဲ့ဓါးစာခံသားကောင်လက်ကိုင်တုတ်တွေဖြစ်နေလို့ပါပဲ။ ————— ဒီလိုအမျိုးသမီးတွေအားလုံးနီးပါးမှာမကြာခင်ဖြစ်လာနိုင်တဲ့၊သားဥအိမ်ကင်ဆာ၊ရင်သားကင်ဆာ၊သားအိမ်နံရံကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊သားအိမ်ဝကင်ဆာနဲ့မွေးလမ်းကြောင်းကင်ဆာတွေနဲ့အတူအမျိုးသားတွေမှာဖြစ်လာမဲ့ဆီးကြိတ်ကင်ဆာ၊ဝေးစေ့ကင်ဆာတွေဟာလယ်လောက်အထိတောင်ဆိုးတယ်၊ဘယ်လောက်အထိတောင်ကြောက်စရာကောင်းတယ်။ဘယ်လိုပြန့်ပွားတယ်။ဘယ်လိုအသက်အန္တရာယ်ထိခိုက်ပြီးသေဆုံးရတယ်ဆိုတာတွေကတော့လူတိုင်းသိပြီးသားတွေဖြစ်လို့ကျွန်တော်အချိန်အကုန်ခံအကျယ်ချဲ့ပြီးတော့မရေးချင်တော့ပါဘူး။ဒီရောဂါလက္ခဏာတွေအကြောင်းရေးထားတဲ့ပို့စ်တွေအများကြီးလိုင်းပေါ်မှာတွေ့တွေ့နေရပါတယ်။သိချင်ရင်ကိုယ့်ဟာကိုယ်ရှာပြီးဖတ်ကြပါ။ကျွန်တော်ကတော့အချိန်သိပ်မရလို့ဒီရောဂါတွေနဲ့ပါတ်သက်ပြီးတန်ဖိုးမဖြတ်နိုင်တဲ့အချက်သုံးချက်ကိုပဲအကျယ်ချဲ့ပြီးရေးပေးပါမယ်။နံပါတ်(၁)အချက်ကဒီရောဂါတွေဘာကြောင့်အစပြုဖြစ်လာရတာလဲ၊ဘာကြေင့်မကြာခင်လူတိုင်းနီးပါးမှာဖြစ်လာနိုင်တယ်လို့ပြောနိုင်တာလဲ?။နံပါတ်(၂)အချက်ကဒီရောဂါတွေကိုမိမိမှာလုံးဝမဖြစ်အောင်ဘယ်လိုနည်းနဲ့ကာကွယ်ရမလဲ?။နံပါတ်(၃)အချက်ကတော့ဒီရောဂါတွေဖြစ်နေတဲ့လူနာတွေအတွက်ရောအမှန်တကယ်ပျောက်အောင်ဘယ်လိုကုပြီးသူတို့တွေရဲ့အသက်ကိုဘယ်လိုကယ်တင်နိုင်မလဲဆိုတဲ့အချက်သုံးချက်ကိုပဲအဓိကထားပြီးအကျယ်ချဲ့ရေးပေးထားဖို့ရည်ရွယ်ထားပါတယ်။ ——————— အခုတော့နားပါဦးမည်။ ———- Kelvin Albert Power (Nutrition Specialist, Florida, USA) ————–References——————- 1. Diamanti-Kandarakis E, Bourguignon JP, Giudice LC, et al. Endocrine-disrupting chemicals: an Endocrine Society Scientific Statement. Endocr Rev. 2009;30:293–342. [PMC …

အပိုင်း(၁)။လာမယ့်ဆယ်စုနှစ်တွေမှာလူတိုင်းနီးပါးဖြစ်လာနိုင်တဲ့၊ဟော်မုန်းနဲ့ပါတ်သက်တဲ့ကင်ဆာအမျိုးမျိုးအကြောင်း။ Read More »

အပိုင်း(၂)ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ။

Source from Kelvin A. Power’s Facebook on August 3, 2019 အရင်အပိုင်း(၁)မှာတုံးကကျွန်တော်က(Type-2 Diabetes)ဟာအသဲရောဂါ(Liver Disease) ပါလို့တစ်ခြားလူတွေတခါမှမပြောဖူးတဲ့ထူးဆန်းတဲ့စကားကိုပြောလိုက်တော့၊ဒီခေတ်ခပ်ညံ့ညံ့အရင်းရှင်ဆေးပညာမှာလမ်းဆုံးနေကြတဲ့ပုဂ္ဂိုလ်တွေလက်မခံချင်ကြဘူး။ကျွန်တော်ဘယ်လိုသိလဲဆိုတော့ကျွန်တော့်(Friend)တစ်ယောက်ကအပိုင်း(၁)ပို့စ်ကို(ဆီးချိုဝေဒနာသည်များအတွေ့အကြုံဖလှယ်ရာGroup)မှာသွားပြီးတင်တော့(admin)ကဖြုတ်ချပြစ်လိုက်တယ်လို့ပြန်ပြောပြတယ်။ကျွန်တော်စိတ်မကောင်းဖြစ်မိတာကအဲဒီလိုဉာဏ်မမှီအသိဉာဏ်နည်းတဲ့ခပ်တုံးတုံး(admin)တယောက်အတွက်နဲ့အဲဒီ(group)မှာရှိနေတဲ့ဆီးချိုဝေဒနာသည်တွေအတွက်အသက်လောက်အရေးကြီးတဲ့အသိထူးဗဟုသုတတွေမသိလိုက်မဖတ်လိုက်ရတာကိုပဲသနားနေမိတာပါ။သာမာန်အသိပညာအတတ်ပညာလောက်ကတော့လူတိုင်းနားလည်လွယ်ပါတယ်။ဒါပေမဲ့ထူးခြားနေတဲ့အသိထူးတခုကြတော့သာမန်လောက်သိတဲ့လူတွေကသူတို့ဉာဏ်နဲ့မမှီတော့လက်မခံချင်ကြတော့ဘူး။တကယ်တော့လောကမှာသိခဲမှသာပညာခေါ်တာပါ။သူများသိသလောက်ပဲသိနေရင်ပညာမခေါ်သလိုဘာမှလဲအသုံးမဝင်လှပါဘူး။သူများထက်ထူးပြီးသိမှသာတန်ဖိုးရှိပြီးလူ့အကျိုးပြုနိုင်တာပါ။(Type-2 Diabetes)ဟာအသဲရောဂါ(Liver Disease)ဆိုတာကိုသိရင်ဒီရောဂါကိုအမြစ်ပြတ်အောင်ကုရတာလွယ်လွယ်လေးပါ။အနာသိရင်ဆေးရှိပါတယ်။အနာမသိရင်ဒါမှမဟုတ်တလွဲသိနေရင်သာဒုက္ခရောက်ကြရတာပါ။ ————– (Type-2 Diabetes)ဟာအသဲရောဂါ(Liver Disease) ဆိုတာကိုလက်မခံတဲ့လူတွေရှိရင်ကျွန်တော်မေးတာလေးကိုဖြေကြည့်စေချင်ပါတယ်။ကျွန်တော်တို့ဘာကြောင့်ဆီးချိုဖြစ်ရတာလဲ?။အဲဒီလိုမေးရင်လူတွေကဘယ်လိုဖြေမလဲဆိုတော့(Glucose, Carbohydrate)ပါတဲ့အချိုတွေသိပ်စားလို့ဖြစ်တယ်လို့ပြန်ဖြေကြလိမ့်မယ်။ဒီလိုကတော့(၅)နှစ်ကလေးတွေတောင်ဖြေတတ်ပါတယ်။အဲဒါဆိုရင်ထပ်မေးချင်တာကအချိုမကြိုက်တဲ့၊မစားတဲ့လူဆိုရင်ကောဆီးချိုမဖြစ်နိုင်တော့ဘူးလား?အချိုကြိုက်တဲ့လူတိုင်းရောဆီးချိုဖြစ်သလား?လို့ထပ်မေးရင်ဘယ်လိုဖြေမလဲ?ရှင်းရှင်းပြောရရင်ဆီးချိုရောဂါရတယ်ဆိုတာကအချို(Glucose) စားတာမစားတာနဲ့လဲမဆိုင်ဘူး။ကစီဓါတ်(Carbohydrate)စားတာမစားတာနဲ့လဲမဆိုင်ဘူး။အဆီ(fat)စားတာမစားတာနဲ့လဲမဆိုင်ဘူး။အချိုမစားလဲဆီးချိုဖြစ်ချင်ဖြစ်မယ်အချိုတွေကြိုက်သလောက်စားလဲဆီးချိုမဖြစ်ချင်ရင်မဖြစ်ဘူး။အဲဒါတွေအားလုံးကအသဲနဲ့ပဲဆိုင်တယ်။အသဲကအဆိပ်သင့်နေရင်ဘာစားစားမစားစားဆီးချိုဖြစ်မယ်။အသဲကိုသာကောင်းအောင်၊ကျန်းမာအောင်ထားနိုင်ရင်ဘာစားစား(Type-2 Diabetes)ဖြစ်မလာနိုင်ပါဘူး။ဒီလောက်ဆိုရှင်းပါတယ်နော်။ —————— ကမ္ဘာပေါ်မှာလူသားရယ်လို့ဖြစ်တည်လာခဲ့တာကမ္ဘာဦးကျောက်ခေတ်ကတည်းကနှစ်ပေါင်းသန်းနဲ့ချီရှိနေပါပြီ။(Type-2 Diabetes)ဆီးချိုရောဂါစဖြစ်တယ်ဆိုတာကနှစ်(၂၀၀)တောင်မပြည့်သေးပါဘူး။ဟိုးအရင်တုံးနှစ်ပေါင်းများစွာတုံးကကဘာလို့ဒီရောဂါမဖြစ်ပဲအခုမှဘာလို့ထဖြစ်ရတာလဲ?။ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာဒီရောဂါမဖြစ်အောင်ကာကွယ်ပေးဖို့သဘာဝကပေးထားတဲ့ကာကွယ်ရေးစနစ်တခုခုပါမလာဘူးလား?။ဒီရောဂါဖြစ်လာတာဟာဘယ်သူ့မှာတာဝန်ရှိသလဲ?ဘယ်စနစ်ချွတ်ယွင်းသွားလို့လဲလို့မေးရင်ဒီခေတ်ဆေးပညာရှင်တွေဘယ်လိုဖြေကြမလဲ?။အဖြေကတော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာဆီးချိုရောဂါမဖြစ်အောင်မိခင်သဘာဝကပေးထားတဲ့အင်္ဂါအစိတ်အပိုင်းနဲ့ကာကွယ်ရေးစနစ်တွေပါကိုပါလာပါတယ်။အဲဒါကိုကျွန်တော်တို့တွေမသိလို့နားမလည်လို့၊အဲဒီစနစ်ကြီးမပျက်စီးသွားအောင်မထိန်းသိမ်းတတ်ကြလို့သာဒုက္ခဖြစ်ကြရတာပါ။အဲဒါကတော့တစ်ခြားမဟုတ်ပါဘူး(Liver)လို့ခေါ်တဲ့အသဲပါပဲ။အသဲကောင်းနေရင်၊ကျန်းမာနေရင်အချိုမကလို့ဘာကြီးပဲစားစားဆီးချိုရောဂါဆိုတာမဖြစ်ပါဘူး။မိခင်သဘာဝကဒီရောဂါကိုကာကွယ်ဖို့လုပ်ငန်းဆောင်တာတွေအသဲထဲမှာထည့်ထားပေးပြီးသားပါ။ဒီအသဲကကောင်းကောင်းအလုပ်မလုပ်နိုင်တော့လို့၊သူပျက်စီးချွတ်ယွင်းနေလို့ဆီးချိုရောဂါဆိုတာဖြစ်လာရတာပါ။သူ့ကိုကျန်းမာသွားအောင်၊ပုံမှန်အလုပ်လုပ်နိုင်အောင်ပြုပြင်ကုသပေးလိုက်ရင်ဆီးချိုရောဂါဆိုတာမရှိတော့ပါဘူး။(Type-2 Diabetes)ဟာအသဲရောဂါ(Liver Disease)ပါလို့ပြောတာကိုလက်မခံချင်တဲ့လူတွေနောက်ပိုင်းမှာငြင်းမရတော့လိုလက်ခံလာရမှာပါ။အမှန်တရားဆိုတာလက်မခံလို့ကိုမရပါဘူး။ ———————- ကမ္ဘာပေါ်မှာ(Type-2 Diabetes)ရောဂါသည်တွေအားလုံးနီးပါးမှာအရက်မသောက်ပဲအသဲကိုအဆီဖုံးနေတဲ့ရောဂါ(Non Alcoholic Fatty Liver Disease, NAFLD)ရှိနေကြတယ်ဆိုတာ၊သုသေသနတွေတော်တော်များများကပြောနေကြပါပြီ။ဆီးချိုရောဂါသည်တွေအားလုံးပိန်ပိန်ဝဝ၊အသဲမှာအဆီကတော့အနဲနဲ့အများသာကွာတာပါလူတိုင်းရှိနေတတ်ကြပါတယ်။အဲဒီပြဿနာကစပြီးရောဂါတွေအမျိုးမျိုးဖြစ်ပေါ်လာရတာပါ။အသဲအဆီဖုံးတယ်ဆိုတာသာမညပြဿနာအသေးလေးမဟုတ်ပါဘူး။ဒါကို(Metabolic syndrome)လို့ခေါ်ပါတယ်။(Metabolic syndrome) ကြောင့်ဆီးချိုလောက်နဲ့ရပ်မသွားပဲအဆိုးဆုံးရောဂါဆိုးတွေအမျိုးမျိုးအဖုံဖုံမရေမတွက်နိုင်အောင်ဖြစ်လာနိုင်ပါတယ်။ ———————————– ပုံမှန်အားဖြင့်အသဲရဲ့လုပ်ဆောင်မှု့တွေအများကြီးထဲကအဓိကကျလှတဲ့လုပ်ဆောင်မှုစနစ်(၂)ခုအကြောင်းကိုအရင်ပြောပြချင်ပါတယ်။အဲဒါတွေကတော့သိုလောင်ထားတာတွေကိုလိုအပ်တဲ့အချိန်မှာပြန်လည်ဖြိုချထုတ်ယူအသုံးပြုနိုင်တဲ့ဖြိုချသုံးစွဲမှု့စနစ်(Catabolic)နဲ့ပိုနေတာတွေကိုပြန်ပြီးသိုလှောင်သိမ်းဆည်းရတဲ့သိုလှောင်သိမ်းဆည်းှမှုစနစ်(Anabolic)ပါ။သူတို့နှစ်ခုဟာတစ်ခုနဲ့တစ်ခုတိုက်ရိုက်ကြီးဆန့်ကျင်နေတဲ့သဘောသဘာဝတွေဖြစ်နေလို့ဘယ်တော့မှနှစ်ခုတပြိုင်တည်းမဖြစ်နိုင်သလိုအချိန်တိုင်းမှာလဲတခုမဟုတ်တခုကတော့ဖြစ်နေရပါတယ်။ဘယ်အချိန်မှာဘယ်သဘောဖြစ်နေရမလဲလို့ထိန်းချုပ်ခိုင်းစေနေတဲ့ဟော်မုန်းဓါတ်တွေကတော့အဓိကအားဖြင့်နစ်မျိုးရှိပါတယ်။အင်ဆူလင်(Insulin=I)နဲ့ဂလူဂိုဂွန်(glucagon=G) ဟော်မုန်းတွေပါ။ဒီနေရာမှာ၊အင်ဆူလင်(I)ဟော်မုန်းကသာဂလူဂိုဂွန်(G)ဟော်မုန်းကိုပြန်ပြီးထိန်းချုပ်ထားနိုင်တဲ့အတွက်၊အင်ဆူလင်(I)ဟော်မုန်းကသာပိုပြီးအဓိကကျနေလို့သူ့ကိုပဲအဓိကထားပြီးဆွေးနွေးသွားပါမယ်။ ———————————- လူတစ်ယောက်ဟာမနက်အိပ်ရာကထထခြင်းညကအိပ်ပျော်နေတဲ့အချိန်မှာအစားစားနေတာမဟုတ်လို့အစာမစားထားတဲ့အချိန်မှာအားအင်မပြတ်သွားအောင်အသဲကသကြားဓါတ်တွေကိုထုတ်ပေးထားနေရပါတယ်။၊ဖြိုချသုံးစွဲမှု့စနစ်(Catabolic)ဆိုတာအစာစားထားခဲ့တုံးကအသဲကစွမ်းအင်အဖြစ်သိုလောင်ထားတဲ့(liver glycogen)ကနေအစာမစားထားတဲ့အချိန်မှာစွမ်းအင်မပြတ်သွားရအောင်သကြားဓါတ်ထုတ်လုပ်ပေးသလိုခန္ဓာကိုယ်မှာရှိနေတဲ့အဆီ(adipose tissue)တွေကနေလဲအဆီတွေကိုဖျော်ချပြစ်ပြီးသုံးစွဲလို့ရမယ့်စွမ်းအင်စနစ်(Fat Catabolism)ကိုပြုလုပ်ပေးနေပါတယ်။ —————————- ပုံမှန်အားဖြင့်လူတစ်ယောက်ဟာမနက်မိုးလင်းလာလို့အိပ်ရာကထပြီးဗိုက်ထဲမှာအစာမရှိသေးတဲ့(fasting)အချိန်မှာတစ်နေ့တာအတွက်ပထမဦးဆုံးသောနံနက်စာကိုကစီဓါတ်(Carbohydrate)ပါဝင်မှုများတဲ့အစားအသောက်တခုခုကိုစားလိုက်တယ်ဆိုကြပါစို့၊ကစီဓါတ်(Carbohydrate) များတဲ့အစားအသောက်တစ်ခုစားလိုက်တာနဲ့သွေးထဲမှာသကြားဓါတ်(Glucose)တက်လာပြီးခန္ဓာကိုယ်ကသကြားဓါတ်ကြောင့်အန္တရာယ်ဖြစ်တော့မယ်ဆိုတာကိုကြိုသိတော့သွေးထဲမှာသကြားဓါတ်(Glucose)ကိုပုံမှန်ထက်ပိုပြီးမရှိနေစေဖို့ပိုလျံနေတဲ့သကြားဓါတ်တွေကိုသွေးထဲကနေဖယ်ရှားပြစ်နိုင်ဖို့(Insulin)လို့ခေါ်တဲ့(Hormone)ဓါတ်ကို၊(Pancreases)ကနေထုတ်လုပ်ပေးရပါတယ်။(Insulin)လို့ခေါ်တဲ့ဟော်မုန်းဓါတ်ကခန္ဒာကိုယ်အစိတ်အပိုင်းအမျိုးမျိုးကိုရောက်ရှိသွားပြီးအင်္ဂါအစိတ်အပိုင်းအားလုံးကိုသွေးထဲကသကြားဓါတ်တွေကိုအမြန်ဆုံးစုပ်ယူအသုံးပြုဖို့တွန်းအားပေးလှုပ်ဆော်လိုက်သလိုတဖက်ကလဲအသဲဆီကိုရောက်ရှိသွားပါတယ်။အသဲဆီကိုအင်ဆူလင်ဟော်မုန်းရောက်သွားတာနဲ့ချက်ချင်းပဲအင်ဆူလင်ရဲ့ခိုင်းစေမှုကြောင့်အသဲရဲ့မနေ့ညကတည်းကတညလုံးလုပ်နေခဲ့တဲ့ဖြိုချသုံးစွဲမှု့စနစ်(Catabolic)စနစ်ကိုချက်ချင်းရပ်ပြစ်လိုက်ရပြီးတော့သကြားဓါတ်ကိုပြန်လည်သိမ်းဆည်းသိုလောင်တဲ့(Anabolic)စနစ်သို့ပြောင်းပြန်ပြောင်းလဲပြစ်ရပါတယ်။ဆိုလိုတာကအသဲရဲ့သကြားဓါတ်ထုတ်လုပ်မှုစနစ်(gluconeogenesis)ဆိုတဲ့ပုံမှန်လုပ်ငန်းစဉ်တွေကိုချက်ခြင်းရပ်လိုက်ပြီးတော့သကြားဓါတ်ကိုပြန်လည်သိမ်းဆည်းသိုလှောင်မှုစနစ်(Anabolic)ကိုချက်ခြင်းပြောင်းပြစ်လိုက်ရတော့တာပဲ။ ——————— အသဲမှာသိမ်းဆည်းသိုလှောင်မှု့စနစ်(Anabolic)အသက်ဝင်လာတော့ဆီးချိုမဖြစ်ရအောင်သွေးထဲမှာရှိနေတဲ့(Glucose)သကြားဓါတ်တွေကိုအသဲရဲ့(Liver Glycogen)အဖြစ်သိမ်းဆည်းမှု(Glycogenesis)နှင့်အတူထိုသကြားဓါတ်ကိုအဆီအဖြစ်ပြောင်းလဲပြစ်ပြီးခန္ဓာကိုယ်တွင်းအဆီအဖြစ်သိမ်းဆည်းသိုလှောင်မှုစနစ်(Fat Anabolism)ကိုချက်ခြင်းပြောင်းလဲသွားရတာပါပဲ။အသဲကသွေးထဲမှာဝင်လာတဲ့သကြားဓါတ်အားလုံးကိုအဆီတွေအဖြစ်ပြောင်းလဲဖို့(lipogenesis)လုပ်တယ်။အဲဒီအဆီတွေကိုခန္ဒာကိုယ်အနှံ့အပြားမှာသိုလောင်သိမ်းဆည်းထားနိုင်ဖို့ခန္ဓာကိုယ်အနှံ့အပြားသို့သယ်ယူပို့ဆောင်ပေးဖို့(Taxi)နဲ့တူတဲ့သယ်ဆောင်ပေးမဲ့ပရိုတိန်းဖြစ်တဲ့(VLDL)လို့ခေါ်တဲ့ကော်လက်စထရော(Cholesterol)တွေကိုပါအသဲကတခါတည်းထုတ်လုပ်ပေးတော့တယ်။ပုံမှန်အားဖြင့်ဒီ(VLDL)ကော်လက်စထရောတွေကအသဲဆီကအဆီတွေကိုခန္ဒာကိုယ်အနှံ့အပြားအစိတ်အပိုင်းအသီးသီးကိုသယ်ဆောင်သွားပြီးသိုလှောင်သိမ်းဆည်းထားလိုက်ကြတယ်။ …

အပိုင်း(၂)ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ။ Read More »

အပိုင်း(၁)ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ။

Source from Kelvin A. Power’s Facebook on July 31, 2019 အမှန်တရားကိုပြောရရင်တကယ်တော့ဒီကမ္ဘာပေါ်မှာဆီးချိုသွေးချိုရောဂါဆိုတာလုံးဝကိုမရှိပါဘူး။ဒီလိုမရှိတဲ့ရောဂါတွေကိုရှိတယ်ထင်ပြီးထိုင်ကုနေရင်တော့တသက်လုံးမပျောက်ပါဘူး။ပိုမိုရှုပ်ထွေးလာပြီးအသက်ဆုံးရှုံးကြရတာပါပဲ။ ——— ဒီခေတ်ဆေးပညာရှင်တွေ၊ဆရာဝန်တွေကမရှိတဲ့ဆီးချိုရောဂါဆိုတာကြီးကိုရှိတယ်ထင်ပြီးတော့(၃)မျိုးလောက်ခွဲခြားသတ်မှတ်ပေးထားပါတယ်။အဲဒါတွေကတော့Type-1, Type-2, Type-3 ပါ။ ဒီရောဂါတွေအားလုံးမှာတူညီနေတဲ့သွေးထဲမှာသကြားဓါတ်များတဲ့လက္ခဏာလေးတခုကိုကြည့်ပြီးတော့ဆီးချိုသွေးချိုရောဂါ(Diabetes)လို့အတူတူခေါ်ဆိုလိုက်ကြတာပါ။တကယ်တော့ဒီကမ္ဘာပေါ်မှာဆီးချိုသွေးချိုရောဂါဆိုတာရှိကိုမရှိပါဘူး။ဆီးချိုသွေးချိုတယ်ဆိုတာကရောဂါမဟုတ်ပါဘူး၊အောက်ခံဖြစ်နေတဲ့ရောဂါတခုခုကပြနေတဲ့လက္ခဏာသက်သက်ပါ။ဒီရောဂါတွေကိုဆီးချိုရောဂါလို့ထင်ပြီးကုသနေရင်တသက်လုံးမပျောက်ပါဘူး။ဒီရောဂါတွေမဖြစ်အောင်လဲမကာကွယ်နိုင်ပါဘူး။ဒီနေရာမှာသေချာပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်းသိဖို့လိုအပ်နေပါပြီ။ဆီးချိုတယ်သွေးချိုတယ်ဆိုတာကအောက်ခံရောဂါတခုခုရှိလို့ဖြစ်လာတယ့်လက္ခဏာ(symptoms)တွေပါ။ခန္ဒာကိုယ်ဆိုတာအောက်ခံရောဂါတခုခုဖြစ်နေရင်လက္ခဏာပြတာသဘာဝပါပဲ။လက္ခဏာ(symptoms)ဆိုတာနောက်ခံအကြောင်းတရား(cause)အစစ်မဟုတ်ပါဘူး၊တခြားအကြောင်းတရားတွေကြောင့်ဖြစ်လာရတဲ့အကျိုးတရားသက်သက်ပါ။ဒီနေရာမှာသိပ်အဓိပ္ပါယ်လေးနက်တဲ့စကားနဲ့ပြောနေတာပါ။သဘောမပေါက်ရင်နစ်ခေါက်သုံးခေါက်လောက်သေချာပြန်ဖတ်ပါ။ ———- ရှင်းသွားအောင်ထပ်ပြောပါဦးမယ်။ဖြစ်နေတဲ့ရောဂါနဲ့၊ရောဂါကပြတဲ့လက္ခဏာဆိုတာလုံးဝကိုမတူပါဘူး၊တခြားစီပါ။ရောဂါနဲ့၊လက္ခဏာကိုကွဲကွဲပြားပြားအရင်သိဖို့လိုအပ်ပါတယ်။ကျွန်တော်ကရောဂါကြောင့်ဖြစ်လာတဲ့လက္ခဏာကိုကုတဲ့နည်းအပင်ပန်းခံပြီးမရေးပါဘူး။အောက်ခံမူရင်းဇစ်မြစ်ဖြစ်နေတဲ့ရောဂါကုသနည်းကိုပဲရေးပေးမှာပါ။ဆီးချိုတယ်ဆိုတဲ့လက္ခဏာကိုကျွန်တော်မကုပါဘူး။ကုလဲမပျောက်နိုင်ပါဘူး၊ဘာကြောင့်မပျောက်နိုင်လဲဆိုတော့လောကမှာအကျိုးတရားကိုဘယ်တော့မှပြုပြင်ပြောင်းလဲလို့မရနိုင်ပါဘူး။အကျိုးတရားဆိုတာကိုဆရာဝန်တွေမဆိုထားနဲ့မြတ်စွာဘုရားတောင်ပြုပြင်လို့မရပါဘူး။အကျိုးတရားကိုပြုပြင်ဖို့ကျိုးစားတဲ့သူဟာလူမိုက်ပါပဲ။အကျိုးတရားကိုပြောင်းလဲစေချင်ရင်အကြောင်းတရားကိုရှာပြီးပြုပြင်ပေးရပါတယ်။လောကမှာဘယ်အကြောင်းတရားကြောင့်ဘယ်အကျိုးတရားဖြစ်တယ်ဆိုတာကိုသိတဲ့သူဟာပညာရှိအစစ်ပါပဲ။ဒီနေရာမှာအားမနာတန်းပြောရရင်မိမိရောဂါဖြစ်တော့မှာဆရာဝန်တွေဆီကိုပြေးသွားပြီးကယ်ကြပါယူကြပါလုပ်နေတဲ့လူတွေဟာအကျိုးတရားကိုပြုပြင်ဖို့ကျိုးစားနေကြတဲ့လူမိုက်တွေပါ။ရောဂါတွေအကြောင်း၊အဟာရတွေအကြောင်း၊ဖြည့်စွတ်စာတွေအကြောင်း၊ရောဂါဖြစ်ပွားရတဲ့အကြာင်းတရားတွေ၊ဗဟုသုတတွေကိုသေချာလေ့လာဖတ်ရှုထားပြီး၊အဲဒီရောဂါတွေဖြစ်စေတဲ့အကြောင်းတရားတွေကိုကြိုတင်ပြီးပါယ်ဖျက်ထားတဲ့၊အဟာရပညာနဲ့ဖြည့်စွတ်စာကိုယုံကြည်ကြတဲ့လူတွေကတော့တကယ့်ပညာရှိတွေပါ။အကြောင်းတရားကိုကြိုတင်မပါယ်ဖျက်ထားပဲနဲ့အကျိုးတရားဖြစ်လာတော့ာမှဆရာဝန်တွေဆီသွားပြီးကယ်ပါယူပါသွားလုပ်မယ်ဆိုရင်တော့ဆရာဝန်မပြောပါနဲ့မြတ်စွာဘုရားတောင်မကယ်နိုင်ပါဘူး။ဒီလောက်ဆိုရှင်းပါတယ်နော်။ ——— ခက်တာကဒီခေတ်ဆေးရုံဆေးခန်းတွေ၊ဆရာဝန်တွေဟာရောဂါတွေကိုကုသတဲ့အခါမှာအခြေခံအကြောင်းတရားကိုစိတ်မဝင်စားကြပါဘူး။သိလဲမသိပါဘူး။သိအောင်လဲမကျိုးစားကြပါဘူး။ဘာကြောင့်လဲဆိုတော့ဒီခေတ်ဆေးပညာဟာအကြောင်းတရားကိုရှာပြီးကုသပေးဖို့ဒီဇိုင်းလုပ်ထားတဲ့ဆေးပညာလဲမဟုတ်ပါဘူး။ဒီခေတ်ဆေးပညာကဆီးချိုရောဂါကိုဆေးတွေဘဲတိုက်တိုက်၊ဆေးဘဲထိုးထိုး၊အင်ဆူလင်ပဲထိုးထိုး၊ဘယ်လိုကွဲကွဲပြားပြားပဲကုကု၊ရည်ရွယ်ချက်ကတစ်ခုတည်းအတူတူပါပဲ။အဲဒီရည်ရွယ်ချက်ကဘာလဲဆိုတော့သွေးထဲမှာချိုနေတဲ့သကြားဓါတ်ကိုကျသွားအောင်အမျိုးမျိုးအဖုန်ဖုန်လုပ်ယူဖို့ကျိုးစားနေကြတာပါပဲ။ဆီးချိုရောဂါရဲ့လက္ခဏာဖြစ်တဲ့ဆီးချိုတယ်သွေးချိုတယ်ဆိုတဲ့လက္ခဏာ(symptoms)လေးတွေပျောက်သွားအောင်အမျိုးမျိူးလုပ်နေကြတာဟာမှန်ကန်တဲ့ကုသနည်းမဟုတ်ပါဘူး။ဆီးချိုတယ်သွေးချိုတယ်ဆိုတာအကြောင်းတရားမဟုတ်ပါဘူး။အခြားအကြောင်းတွေကြောင့်ဖြစ်နေရတဲ့အကျိုးတရားလက္ခဏာပါ။ ——– ဥပမာကောင်းကောင်းလေးတခုပေးရရင်၊ဉာဏ်ပညာနည်းတဲ့ထင်းခုတ်သမားတစ်ယောက်ဟာထင်းကိုအလိုရှိလို့တောထဲကိုဝင်သွားပြီးတော့ထင်းရှာပါတယ်။ဒီလိုနဲ့သစ်ပင်တပင်ကိုတွေ့တော့သစ်ပင်ရဲ့ပင်စည်ကိုမခုတ်လှဲပဲ၊နေရောင်ကြောင့်မြေကြီးပေါ်မှာကျနေတဲ့အဲဒီအပင်ရဲ့အရိပ်ကိုတနေကုန်ထိုင်ခုတ်နေတာနဲ့တူနေပါတယ်။ဘယ်လောက်မိုက်မဲတဲ့ထင်းခုတ်သမားလဲဆိုတာစဉ်းစားကြည့်ကြပေါ့ဗျာ။ဒီခေါတ်ဆေးပညာနဲ့ကုရင်ဆီးချိုရောဂါဘယ်တော့မှမပျောက်ပါဘူး။ကုလေပိုဆိုးလေ၊ပိုပြီးရှုပ်ထွေးလာလေ။ငွေလဲကုန်၊လူလဲဝေဒနာဆိုးအမျိုးမျိုးခံရနဲ့၊နောက်ဆုံးတော့လဲအသက်ဆုံးရှုံးကြရရှာတာပါပဲ။အမှန်အတိုင်းတည့်ပြောရရင်၊ဒီခေတ်ဆေးပညာဟာ၊နာတာရှည်ရောဂါတွေကိုပျောက်အောင်ကုသဖို့ဒီဇိုင်းလုပ်ထားတာမဟုတ်ပါဘူး။လူနာတွေဆီကပိုက်ဆံကိုမသေမချင်းညှင်းဆဲပြီးရေရှည်များများရအောင်၊ရောဂါမပျောက်ကင်းအောင်တမင်ရေရှည်ဆွဲကုဖို့အရှင်းရှင်ဆေးကုမ္မဏီကြီးတွေကိုယ်တိုင်ဒီဇိုင်းဆွဲချမှတ်ထားပေးတာပါ။အခုခေတ်မှာကျန်းမာရေးအတွက်ဆေးပညာဆိုတာမရှိတော့ပါဘူး။စီးပွါးရေးအတွက်ဆေးပညာဖြစ်သွားပါပြီ။ကိုယ်ကအဲဒီအရင်းရှင်ဆေးပညာရဲ့ဓါးစာခံသားကောင်မဖြစ်အောင်ဒီစာရေးပေးနေရတာပါ။ဒီနေရာမှာဆရာဝန်တွေကိုပုတ်ခတ်ပြီးပြောနေတာလုံးဝမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့အဲဒီဆရာဝန်တွေကိုယ်တိုင်ကကျွန်တော်တို့တွေလိုပဲတလှေထဲစီးတခရီးတည်းသွားနေရရှာတဲ့ဒီအရင်းရှင်ဆေးပညာစနစ်ရဲ့ဓါးစာခံသားကောင်တွေဖြစ်နေလို့ပါပဲ။ —————– ဆီးချိုရောဂါအကြောင်းပြန်ဆက်ပါမယ်၊ဆီးချိုရောဂါအားလုံးဟာသွေးထဲမှာသကြားဓါတ်များနေတဲ့လက္ခဏာချင်းကတော့အတူတူပါပဲ။ဒါပေမဲ့ဘာကြောင့်သွေးထဲမှာသကြားဓတ်များတယ်ဆိုတဲ့အောက်ခံအကြောင်းတရားတွေကတော့တခြားစီပါ။Type-1 Diabetes ဆိုတာမရှိပါဘူး။Type-1 Diabetes ဆိုတာ(Autoimmune Disease)သက်သက်ကြီးပါ။မိမိခန္ဓာကိုယ်ကမိမိပန်ခရိယထဲမှာရှိနေတဲ့အင်ဆူလင်ဟော်မုန်းထုတ်ပေးတဲ့ဗေဒါဆဲလ်(Beta Cells)တွေကိုတိုက်ခိုက်ဖျက်ဆီးခံရလို့ဖြစ်လာရတာပါ။သွေးထဲမှာသကြားဓါတ်နည်းအောင်ကုပေးနေရုံနဲ့တော့ဒီရောဂါဘယ်တော့မှမပျောက်ကင်းနိုင်ပါဘူး။(Autoimmune Disease)ကုသနည်းကိုရေးတော့မှဒီ(Type-1 Diabetes)လဲအလိုလိုပါသွားမှာပါ။အခုတော့သူ့အကြောင်းအသေးစိတ်မရေးသေးပါဘူး။ —————– Type-3 Diabetes ဆိုတာက Alzheimer’s Disease လို့လဲခေါ်ပါတယ်။(Metabolic Disease)ပါ။ခန္ဓာကိုယ်ရဲ့ဇီဝစမ်းအင်ထုတ်လုပ်ဖြန့်ဖြူးသိုလောင်မှုစနစ်မမှန်ကန်လို့ဖြစ်လာရတာပါ။သူကတော့ဦးနှောက်ထဲမှာဖြစ်တာပါ။(protein glycation)ကြောင့်(beta-amyloid formation)ဦးနောက်ထဲမှာဖြစ်လာရတာပါ။သူ့အကြောင်းလဲနောက်မှအသေးစိတ်ရေးပေးပါမယ်။ ———————- ဒီပို့စ်မှာတော့(Type-2 Diabetes)အကြောင်းကိုပဲအဓိကထားပြီးအကျယ်ရေးပေးပါမယ်လို့ရည်ရွယ်ထားပါတယ်။ Type-2 Diabetes ဆိုတာကတော့ Metabolic Disease ပါပဲ။ခန္ဒာကိုယ်ရဲ့ဇီဝစွမ်းအင်ထုတ်လုပ်ဖြန့်ဖြူးသိုလောင်မှု့စနစ်မမှန်ကန်လို့ဖြစ်လာရတာပါ။ ဒီရောဂါနဲ့ပါတ်သက်လို့လူတွေလုံးဝမသိသေးတဲ့အချက်ကတော့ဒီType-2 Diabetes ဆိုတာဆီးချိုရောဂါလုံးဝမဟုတ်ပါဘူး၊အသဲရောဂါ(Liver …

အပိုင်း(၁)ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ။ Read More »

ကင်ဆာဆိုတာ Metabolic Disease ပဲ၊အဲဒါတွေကိုလူတွေမသိကြသေးဘူး

Source from Kelvin A. Power’s Facebook on July 24, 2019 အချိန်ရရင်ကင်ဆာရောဂါနဲ့ပါတ်သက်ပြီးလူတွေမသိသေးတဲ့အချက်တွေကိုသေချာရေးပေးဦးမယ်။သိရင်ကာကွယ်ရတာလွယ်လွယ်လေးပါ။(Medical industry)တွေကသိရက်နဲ့ကင်ဆာကုသမှုကနေပိုက်ဆံတွေမရမှာစိုးလို့လူတွေကိုမပြောပဲလှို့ဝှက်ထားတာအများကြီးရှိနေတယ်။ကင်ဆာကိုအကင်းပျောက်အောင်ပြန်မဖြစ်အောင်ကုနိုင်တဲ့ဆေးရုံဆေးခန်းကမ္ဘာပေါ်မှာရှိကိုမရှိသေးတာ။ (၁)ကင်ဆာဆိုတာ Metabolic Disease ပဲ၊အဲဒါတွေကိုလူတွေမသိကြသေးဘူး။မသိအောင်လဲလျို့ဝှက်ထားကြတယ်။သိရင်ဘယ်သူမှကင်ဆာဖြစ်မှာမဟုတ်တော့ဘူး။အဲဒါဆိုအရင်းရှင်တွေ၊ဆေးကုပဏ္ဏီကြီးတွေ၊ဆေးရုံကြီးတွေပိုက်ဆံမရကြတော့ဘူး။လူတွေသေတာသူတို့ဂရုမစိုက်ဘူး။သူတို့ပိုက်ဆံရဖို့ကအဓိကပဲ။ (၂) အခုခောတ်ဆေးပညာကလူတွေကိုလိမ်ညာထားသေးတယ်။ဆရာဝန်လောင်းတွေကိုလဲတလွဲအမှားတွေသင်ပေးထားတယ်။ကင်ဆာဆိုတာ cell nucleus အတွင်းမှာရှိတဲ့ DNA ထဲကနေ mutation ဖြစ်လာတာလို့လိမ်ညာပြီးဆေးပညာမှာဆိုထားတယ်။တကယ်တော့ကင်ဆာက(cell nucleus)ကဖြစ်လာတာမဟုတ်ပါဘူး။(Neclues)အပြင်ဖက်က (cytoplasmic elements)တခုကနေဖြစ်လာတာပါ။အဲဒါလဲလျို့ဝှက်ထားတာပါပဲ။အရင်းရှင်တွေ၊ဆေးကုပဏ္ဏီကြီးတွေ၊ဆေးရုံကြီးတွေကမပြောဘူး။ပြောရင်လူတိုင်းကင်ဆာမဖြစ်အောင်နေလို့ရတယ်။ (၃)ကင်ဆာဆိုတာရှင်းရှင်းပြောရရင်(Mitochondrial defects)ဖြစ်တာပါ။အဲဒါကိုသိရင် cancer မဖြစ်အောင်ကာကွယ်ရတာလွယ်လွယ်လေး။ဒါကိုလဲဆေးရုံဆေးခန်းတွေဆေးကုမဏ္ဏီတွေမပြောဘူး။ပြောရင်ကင်ဆာရောဂါကင်းသွားရင်သူတိုစီးပွားပျက်မယ်။ကျွန်တော်ကတော့အဲဒီအကြောင်းကိုမကြာခင်အချိန်ရရင်ရေးဦးမှာပါ။နားလည်သွားရင်ဘာကင်ဆာမှမဖြစ်အောင်ရှောင်လို့ရပါတယ်။ အချိန်ရမှရေးပေးပါအုံးမယ်သိချင်ရင်Follow လုပ်ထားကြပါ။ Kelvin Albert Power (Nutrition Specialist, Florida, USA) —————- ******References******* Abstract Emerging evidence indicates that cancer is primarily a metabolic disease involving …

ကင်ဆာဆိုတာ Metabolic Disease ပဲ၊အဲဒါတွေကိုလူတွေမသိကြသေးဘူး Read More »

အသက်အန္တရာယ်အလွန်ကြီးတဲ့တုတ်ကွေးနဲ့တုတ်ကွေးကာကွယ်ဆေး။

Source from Kelvin A. Power’s Facebook on July 27, 2019 (H1N1)အပါအဝင်ကူးစက်လာတော့မယ့်တုတ်ကွေးအမျိုးမျိုးတွေနဲ့ပါတ် သက်ပြီးအရေးတကြီးမေးစရာရှိတာက၊သင်ဟာကြိုတင်ကာကွယ်ထားပြီး ပြီလား။?ဒီလိုမေးလိုက်ရင်တုတ်ကွေးကာကွယ်ဆေး(Flu Shoot)ထိုးထား ပြီးသားလူတွေကပြုံးနေပြီးမထိုးရသေးတဲ့လူတွေကအားငယ်နေလိမ့်မယ်။ ဒီထက်ပိုအရေးကြီးတဲ့မေးခွန်းကခင်ဗျားတို့ထိုးတဲ့တုတ်ကွေးကာကွယ်ဆေး (Flu Shoot)ကခင်ဗျားတို့ကိုတစ်ကယ်ကောကာကွယ်ပေးနိုင်မှာတဲ့လား။ အန္တရာယ်ရောကင်းလို့လား။? ——– တုတ်ကွေးကာကွယ်ဆေးဆိုတာတကယ်တော့ခင်ဗျားတို့ထင်သလိုတုတ် ကွေးပိုးတွေဝင်လာရင်လိုက်သတ်ပေးမဲ့ဆေးမဟုတ်ပါဘူး။တုတ်ကွေးကာ ကွယ်ဆေးဆိုတာ(H1N1)အစရှိတဲ့တုတ်ကွေးကိုဖြစ်စေတဲ့ပိုးမွားတွေပါ။အဲဒီ ပိုးမွားတွေကိုစလင်းအပ်နဲ့စုတ်ယူပြီးခင်ဗျားတို့ခန္ဓာကိုယ်ထဲကိုအရှင်လတ် လတ်ထိုးထည့်လိုက်တာပါပဲ။ဒီလိုအမှန်အတိုင်းပြောလိုက်လို့်ခင်ဗျားတို့လန့် မသွားကြပါနဲ့။တုတ်ကွေးပိုးတွေဟာအသေတွေတော့မဟုတ်ပေမဲ့အဲဒီပိုး တွေကိုမသန်မစွမ်းတော့အောင်၊ချိနဲ့ပြီးအချိန်တိုအတွင်းအများကြီးမပွားနိုင် အောင်မာကြူရီဓါတ်(Mercury)၊အလူမီနီယမ်ဓါတ်(Aluminum)အစရှိတဲ့ လေးလံသတ္တုဓါတ်(Heavy Metal)တွေနဲ့အဆိပ်သင့်အောင်ပြုလုပ်ထားပြီး သားပါ။ပိုးအရှင်တွေဆိုပေမဲ့အို၊နာ၊ကျိုး၊ကန်း၊မသန်မစွမ်းဖြစ်အောင်လေးလံ သတ္တုအဆိပ်(Heavy metal Toxic)တွေကျွေးထားပြီးသားပါ။ ————— နောက်တခုကတုတ်ကွေးပိုးသတ်ဆေးဆိုတာမရှိပါဘူး။ဘယ်သူကမှလဲတီ ထွင်မထားပါဘူး။ဘာလို့လဲဆိုတော့တုတ်ကွေးပိုးဆိုတာကရာသီအလိုက်၊ တနစ်နဲ့တနစ်၊တစ်လနဲ့တစ်လမျိုးရိုးဗီဇမတူပဲအမြဲပြောင်းလဲနေသလိုနေရာ ဒေသကိုလိုက်ပြီးတော့လဲမျိုးရိုးဗီဇမတူပဲအမျိုးမျိုးအဆက်မပြုတ်ကွဲပြား ပြောင်းလဲနေလို့ပါပဲ။တကယ်တော့တုတ်ကွေးပိုးတွေကိုသတ်ပြစ်နိုင်တာက တော့ဆေးတွေမဟုတ်ပါဘူးခင်ဗျားခန္ဓာကိုယ်မှာရှိနေတဲ့ခုခံမှုစနစ်(Immune System)ပါ။အဆိပ်သင့်ပြီးမသန်မစွမ်းဖြစ်အာင်ပြုလုပ်ထားတဲ့ပိုးအရှင်တွေ ကိုကာကွယ်ဆေးအနေနဲ့ခင်ဗျားတို့ကိုယ်ထဲထိုးထည့်လိုက်တော့ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ခုခံအားစနစ်ကပိုးတွေကိုတွေ့သွားပြီးတိုက်ခိုက်သတ် ဖြတ်ဖို့ကြိုးစားတာပေါ့။ဒီနေရာမှာကာကွယ်ဆေးကပါလာတဲ့တိကျတဲ့မျိုးရိုးဗီ ဇရှိတဲ့ပိုးတစ်မျိုးတည်းအတွက်အဆိပ်ဖြစ်သေကြေစေဖို့ဓါတ်ပေါင်းတခုကိုခု ခံအားစနစ်ကအမြန်ဆုံးထုတ်လုပ်ပေးရပါမယ်။ဒီပိုးတမျိုးချင်းကိုဘယ်လို ဓါတ်ပေါင်းနဲ့အဆိပ်ဖြစ်ပြီးသေစေမယ်ဆိုတာကြိုတင်မသိနိုင်ဘူးဆိုတော့ ချက်ခြင်းတော့မရနိုင်ပါဘူး။ခုခံအားစနစ်ကဒီပိုးတွေကိုအဆိပ်ဖြစ်ပြီးသေစေ နိုင်တဲ့ဓါတ်ပေါင်းအမျိုးမျိုးကိုတမျိုးပြီးတမျိုးအဆက်မပြတ်ထုတ်လုတ်ပြီး ဆက်တိုက်စမ်းသပ်သတ်ဖြတ်ကြည့်တယ်။အချိန်ပေးရတယ်။ဒီနေရာမှာကံ ကောင်းတာကကာကွယ်ဆေးအနေနဲ့ထိုးထည့်လိုက်တဲ့ပိုးတွေကမသန်မစွမ်း နဲ့၊ချိနဲ့နေတဲ့အိုနာကျိုးကန်းဖြစ်နေတဲ့ပိုးတွေဆိုတော့ဒုက္ခလဲမပေးနိုင်၊ပွားလဲ မပွားများနိုင်ဆိုတော့ခုခံမှုစနစ်အတွက်ပိုးသတ်ဆေးရှာဖွေဖေါ်စပ်ဖို့အချိန် ကောင်းကောင်းရပါတယ်။ …

အသက်အန္တရာယ်အလွန်ကြီးတဲ့တုတ်ကွေးနဲ့တုတ်ကွေးကာကွယ်ဆေး။ Read More »

Shopping Cart