Source from Kelvin A. Power’s Facebook on August 13, 2019 ဆီးချိုအမျိုးအစား(၂) ရောဂါကိုဖြစ်ပေါ်စေသည့်အခြေခံအကြောင်းတရားသည်၊နှလုံး၊သွေးတိုး၊အဆုတ်၊ကျောက်ကပ်၊နှလုံးသွေးကြောကျဉ်း၊လေဖြတ်၊လေးဖက်နာ၊ကင်ဆာ၊မိမိ၏ခုခံအားစနစ်မှမိမိ၏ခန္ဓာကိုယ်အားပြန်လည်တိုက်ခိုက်သောရောဂါ(autoimmune-diseases)များ၊အစရှိသောအလုံးစုံသောနာတာရှည်ရောဂါများအားဖြစ်ပေါ်လာစေသည့်အခြေခံအကြောင်းတရားများနင့်တထပ်တည်းကျနေသဖြင့်ယခုဆောင်းပါးအားအပိုင်းများစွာခွဲခြမ်းပြီးအသေးစိတ်ရေးသားနေရခြင်းဖြစ်ပါသည်။ —- ဆီးချိုအမျိုးအစား(၂)ဆိုသည်မှာရောဂါအားလုံး၏အစပျိုးရာမိခင်ကြီးဖြစ်နေသဖြင့်၊ဤရောဂါနင့်တသက်လုံးဖက်တွယ်မထားပဲ၊မပျောက်ပျောက်အောင်သဘာဝနည်းများနှင့်ကုသရပါမည်။ဆရာဝန်ပေးသောဆေးများအားသောက်သုံးလိုက်၊အင်ဆူလင်များထိုးလိုက်နှင့်အသာလေးမှေးနေရမည့်အချိန်မဟုတ်တော့ပါ။အခုသောက်နေသောဆေးများအားရပ်တန့်ပြစ်ရန်နှင့်အင်ဆူလင်ထိုးခြင်းများအားချက်ချင်းရပ်တန့်ပြစ်ရန်ဆိုလိုချင်းလုံးဝမဟုတ်ပါ။လောလောဆယ်အသုံးပြုနေသောဆေးများအားချက်ချင်းကြီးမရပ်ပြစ်ပဲယာယီအားဖြင့်ဆက်လက်၍သုံးစွဲနေရမည်ဖြစ်သော်လည်းရေရှည်တွင်သဘာဝအတိုင်းကျန်းမာလာအောင်နေထိုင်စားသောက်ပြီးဆေးများအားတဖြည်းဖြည်းချင်းလျှော့ချပြစ်ရမည်ဖြစ်ပါသည်။နောက်ဆုံးတွင်မည်သည့်ဆေးကိုမှသုံးစွဲစရာမလိုတော့ပဲပုံမှန်အခြေအနေပြန်လည်ရရှိလာအောင်ကျိုးစားကြရမည်ဖြစ်ပါသည်။ ——— အသဲ၏ (၁)(hepatic gluconeogenesis pathways), (၂)(hepatic de novo lipogenesis pathway), (၃)(hepatic fatty acid oxidation pathway), (၄)(hepatic detoxification pathway), ဟုခေါ်ဆိုအပ်သောအဓိကလမ်းကြောင်းကြီးလေးခုသည်ပုံမှန်အလုပ်မလုပ်တော့ပဲပျက်စီးချွတ်ယွင်းသွားသည့်အတွက်ဆီးချိုအမျိုးအစား(၂)ရောဂါတခုတည်းသာမကပဲ၊ကင်ဆာမှအစပြု၍၊အခြားသောနာတာရှည်ရောဂါအားလုံးမည်သို့မည်ပုံဖြစ်လာရသည်ကိုနောက်ပိုင်းတွင်မိမိကိုယ်တိုင်အသေးစိတ်နားလည်လာပါလိမ့်မည်။သိသင့်သိထိုက်သောအရာများ၊များပြားလွန်းလှသဖြင့်ဤဆောင်းပါးအားအပိုင်းဆက်များစွာခွဲခြား၍ရေးသားနေရခြင်းဖြစ်ပါသည်။ ——- ဤအသိထူးများသည်ဤရောဂါတစ်ခုတည်းအတွက်သာမဟုတ်ပဲနောင်အနာဂါတ်တွင်လည်းမိမိအပေါ်သို့ကျရောက်ဆဲ၊ကျရောက်လတ္တံဖြစ်သောအမျိုးမျိုးအပြားပြားသောရောဂါအပေါင်းအစုများစွာကိုပါကာကွယ်နိုင်ရန်(ဝါ)ကုသနိုင်ရန်အတွက်၊ခဲတစ်လုံးတည်းနှင့်ငှက်တသောင်းအားထိမှန်အောင်ပြစ်ချရမည်ဖြစ်ပါသဖြင့်ဤဆောင်းပါးအားအပိုင်းဆက်များစွာခွဲခြားပြီးအကျယ်ချဲ့ရေးသားနေရခြင်းဖြစ်ပါသည်။ဤဆောင်းပါးပြီးဆုံးသွားပါကရောဂါအားလုံးနီးပါးဖြစ်ပွားလာရသည့်အကြောင်းတရားအားလုံးကိုသေချာနားလည်သိမြင်လာမည်ဖြစ်ပြီးမိမိကိုယ်တိုင်ရောဂါအမျိုးမျိုးဘေးရန်မှလည်းကာကွယ်နိုင်(ဝါ)ကုသနိုင်သကဲ့သို့တပါးသောသူများအားလဲကူညီကယ်တင်နိုင်မည်ဖြစ်ပါသည်။ ————– အပိုင်း(၅)တွင်အင်ဆူလင်ခုခံမှု့သည်သွေးထဲတွင်အင်ဆူလင်အလွန်များနေ၍ဖြစ်သည်ဆိုသောအကြောင်းအရင်းကိုသေချာရှင်းပြခဲ့ပြီးဖြစ်ပါသည်။အင်ဆူလင်ခုခံမှု့သည်ဤရောဂါဖြစ်ပေါ်လာရခြင်း၏အကြောင်းရင်းများစွာအတွင်းမှအဓိကျသောကြောင်းအရင်းတခုသာလျှင်ဖြစ်ပြီး၊အခြားသောအကြောင်းအရင်းများစွာလည်းရှိနေပါသေးသည်။ ——- သွေးထဲတွင်ဂလူးစ်ကို့စ်ခေါ်သကြားဓါတ်များအလွန်များပြားလာပါကမိမိအတွက်အန္တရာယ်ဖြစ်တော့မည်ကိုမိမိခန္ဓာကိုယ်မှကြိုတင်သိရှိသဖြင့်ပန်ခရိယခေါ်အစိတ်အပိုင်းတခုမှချက်ခြင်းအင်ဆူလင်ဓါတ်များထုတ်လုပ်ပေးရပါသည်။ခန္ဓာကိုယ်တွင်ရှိနေသောဆဲလ်များအားလုံးသည်အင်ဆူလင်၏ခိုင်းစေမှုကြောင့်သကြားဓါတ်ကိုဝိုင်းပြီးစုတ်ယူအသုံးပြုကြရပါသည်။ကြွက်သားများတွင်ရှိနေသောတစ်ရှုးများသည်မိမိတို့လည်းချက်ချင်းအသုံးပြုသလိုမိမိတို့တွင်ကိုယ်စီရှိနေကြသောအလွန်သေးငယ်သောသိုလောင်ခန်းလေးများတွင်(ဂလိုင်ဂိုဂျင်)အဖြစ်လည်းသိုလောင်ထားရပါသည်။ထိုသို့သိုလှောင်နိုင်သောပမာဏသည်အလွန်သေးငယ်လှသောကြောင့်မပြောပလောက်ပါ။ ——- အချိန်ကြာလာသည်နှင့်အမျှသကြားဓါတ်သည်အလွန်များပြားလာပြီး၊ဆဲလ်များအားလုံးကလည်းသုံးမကုန်ဖြုန်းမကုန်ဖြစ်လာကာ၊သိုလှောင်ထားသောနေရာများမှာလည်းအားလုံးပြည့်လာသဖြင့်နေရာမကျန်ဖြစ်လာပါတော့သည်။ဤအတိုင်းသာဆက်သွားနေမည်ဆိုပါကသွေးထဲတွင်သကြားဓါတ်အလွန်များလာပြီးအလွန်ကြီးမားသောဆိုးကျိုးအန္တရာယ်အမျိုးမျိုးလည်းမကြာခင်မှာသေချာပေါက်ဖြစ်ပေါ်လာပါတော့မည်။ ————- သွေးထဲတွင်သကြားဓါတ်များပြားလာခြင်းသည်အောက်ဆီဂျင်ကိုသယ်ဆောင်ပေးသောသွေးနီဥများကိုသကြားဓါတ်ဖုံးအုပ်ခြင်း(glycation)များဖြစ်ပေါ်လာစေသဖြင့်ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးသို့အောက်ဆီဂျင်လုံလောက်အောင်ဖြန့်ဖြူးပေးနိုင်ဖို့အလွန်ခက်ခဲလာပါမည်။ဆီးချိုသမားများအသုံးပြုနေသော(Hba1c)တိုင်းတာမှုဆိုသည်မှာတခြားမဟုတ်ပါ၊သွေးထဲတွင်အောက်ဆီဂျင်ကိုသယ်ဆောင်ပေးနေသောသွေးနီဥများကိုကောင်းကောင်းအလုပ်မလုပ်နိုင်စေရန်သကြားဓါတ်ဖုံးအုပ်နေခြင်းပမာဏကိုတိုင်းတာခြင်းသာလျှင်ဖြစ်ပါသည်။(Hba1c)အတိုင်းအတာပိုများလာလေလေအောက်ဆီဂျင်ကိုခန္ဓာကိုယ်အစိတ်အပိုင်းများသို့လုံလောက်စွာမပို့ဆောင်နိုင်လေလေဖြစ်သဖြင့်၊(Hba1c)အတိုင်းအတာသည်သကြားဓါတ်၏ပျမ်းမျှအခြေအနေကိုတိုင်းတာမှုတခုသာမကပဲခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးသို့အောက်ဆီဂျင်လုံလောက်စွာမရရှိနိုင်မှုကြောင့်ပျက်စီးဆုံးရှုံးသွားနိုင်သည့်အလားအလာကိုပါခန့်မှန်းတွက်ချက်နိုင်သည့်အတိုင်းအတာတစ်ခုဟုဆိုလျှင်လည်းမှားမည်မထင်ပါ။ ——— သကြားဓါတ်ကြောင့်သွေးများစေးထိုင်းလာပြီးသွေးကြောများလည်းကျဉ်းမြောင်း၊ပိတ်ဆို့လာပါတော့မည်။အင်္ဂါအစိတ်အပိုင်းအသီးသီးကလည်းအောက်ဆီဂျင်အားအလုံအလောက်မရရှိတော့သဖြင့်ထုံကျင်လာပြီးခြေလက်များပုပ်လာနိုင်ပါသည်။မျက်စိများလည်းကန်းသွားနိုင်ပါသည်။မိမိ၏ခန္ဓာကိုယ်တကိုယ်လုံးတွင်သကြားဓါတ်ကြောင့်မထိခိုက်ပဲလွတ်လပ်နေသောနေရာဆို၍မရှိနိုင်တော့ပဲကြီးစွာဒုက္ခပေးခြင်းခံရပါတော့မည်။ခုခံအားစနစ်ကလည်းအလုပ်မလုပ်နိုင်တော့၍၊ထိခိုက်ဒဏ်ရာရလျင်လဲကုသ၍မရ၊အနာလဲမကျက်နိုင်တော့ပေ။အဆိုးဆုံးမှာဤသကြားဓါတ်များစွာသည်ဆဲလ်များ၏အတွင်းသို့ရောက်ရှိသွားသောအခါအလွန်ကြောက်စရာကောင်းသောဖြစ်စဉ်ဆိုးကျိုးများဖြစ်ပေါ်လာစေနိုင်ပါသည်။ —- ပုံမှန်ထက်အဆမတန်များသောသကြားဓါတ်များသည်ဆဲလ်များ၏အတွင်းပိုင်းသို့ရောက်ရှိသွားသောအခါဆဲလ်များ၏အတွင်းပိုင်းတွင်ရှိသော(mitochondria)ဟုခေါ်သောစွမ်းအင်ထုတ်ပေးသောဌာနတွင်၊နံပါတ်(၁)သကြားဓါတ်အလွန်များပြားလာပြီး၊နံပါတ်(၂)အောက်ဆီဂျင်မလုံလောက်ခြင်းဖြစ်လာပါမည်။ဤအခြေအနေနှစ်ရပ်ကြုံလာပြီဆိုလျင်စွမ်းအင်ထုတ်ပေးသောဌာန(mitochondria)သည်သကြားဓါတ်များကိုအမြန်ဖြုန်းတီးပြစ်နိုင်ရန်အတွက်အခြားရွေးချယ်စရာနည်းလမ်းမရှိတော့သဖြင့်ပုံမှန်ထက်သကြားဓါတ်သုံးစွဲမှု(၉)ဆပို၍များသောကင်ဆာဆဲလ်များကဲ့သိုသကြားဓါတ်များကိုအချည်ဖေါက်သုံးစွဲခြင်း(fermentation) ခေါ်ဆိုးရွားသောလုပ်ငန်းတစ်ခုကိုမလွဲသာမရှောင်သာ၍စတင်ပြုလုပ်ရပါတော့မည်။ ——– သကြားဓါတ်ကိုအချည်ဖေါက်ခြင်းလုပ်ငန်းဆိုသည်မှာပုံမှန်ဆဲလ်များ၏ပုံမှန်လုပ်ငန်းစဉ်မဟုတ်တော့ပဲ၊ကင်ဆာဆဲလ်များ၏လုပ်ရိုးလုပ်စဉ်အလေ့အကျင့်တခုဖြစ်နေသဖြင့်၊ဤသို့အကြိမ်ကြိမ်ကျင့်သုံးပြုလုပ်မှုများပြားလာသောအခါ၊အလေ့အကျင့်တခုလိုဖြစ်သွားပြီး၊ထိုပုံမှန်ဆဲလ်များသည်(cancer gene expression)ဖြစ်စဉ်ဖြစ်ပေါ်လာကာ၊ကင်ဆာဆဲလ်များအဖြစ်သို့အလိုလိုမျိုးရိုးဗီဇပြောင်းလည်းသွားပါသဖြင့်အလွန်ဆိုးရွားသောအခြေအနေတခုသို့ရောက်ရှိသွားနိုင်ပါသည်။ —— ဆဲလ်များသည်ကင်ဆာဆဲလ်များအဖြစ်သို့အလိုလိုပြောင်းလဲသွားရခြင်းဖြစ်ပေါ်လာရုံတင်မကပဲ၊ပြောင်းလဲသွားသည်နှင့်ချက်ခြင်းပင်သကြားဓါတ်များအားအလုံအလောက်ဆက်လက်ရရှိနေသေးသဖြင့်၊(ဝါးဘတ်နိယာမ)၏အကျိုးသက်ရောက်မှု(Warburg’s effect)အရ၊ကင်ဆာဆဲလ်များသည်မည်သို့မျှထိန်းချုပ်၍မရနိုင်လောက်အောင်လျှင်မြန်စွာအကြီးအကျယ်တကိုယ်လုံးဆီသိုပြန့်ပွားသွားပါတော့မည်။နဂိုကပင်သကြားဓါတ်များပြားမှုကြောင့်ပုံမှန်အလုပ်မလုပ်နိုင်ပဲပျက်စီးနေသောမိမိ၏ခုခံအားစနစ်သည်လည်းကင်ဆာဆဲလ်များကိုလျှစ်လျူရှုုနေရုံမှလွဲ၍မည်သို့မှမတတ်နိုင်တော့ပေ။ …
အပိုင်း(၆)ဆီးချိုရောဂါ၏လူမသိသေးသောလျို့ဝှက်ချက်များ။ Read More »